အဝါရောင်အိပ်မက် (completed)

بواسطة Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... المزيد

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၃၀

1.9K 138 19
بواسطة Chamomile_2

[Zawgyi]

မနက္ျဖန္မနက္မိုးလင္းတာနဲ႔ တူဝရီးႏွစ္ေယာက္သား ဒီအိမ္ႀကီးကေန ထြက္သြားေတာ့မွာမို႔ ဦးသက္လြင္က အထုတ္အပိုးမ်ားအား သိမ္းဆည္းေနသည္။
မင္းခကလည္း စိတ္မပါလက္မပါျဖင့္ ကူသိမ္းေပးေနရ၏။

ေခါက္ထားေသာအက်ႌမ်ားအား သံေသတၱာထဲသို႔ ထည့္လိုက္သည္။ ထိုေသတၱာေဘး႐ွိ ​ေသေသခ်ာခ်ာ ေသာ့ခတ္ထားေသာ ေသတၱာအသစ္ေလး၏ အဖံုးကိုဖြင့္ကာၾကည့္မိေတာ့ မ်က္ရည္တို႔ကက်လာျပန္၏။ အထဲ၌ ငယ္စဥ္ကတည္းကေနအခုခ်ိန္ထိ သြန္းအုပ္ေပးခဲ့သမ်ွ အဝတ္အစား၊အသံုးအေဆာင္ေလးမ်ားက စီစီရီရီ။

ေယာပုဆိုအနက္ က​ေလးဝတ္ေလးႏွင့္ စတစ္ေကာ္လံအျဖဴလက္႐ွည္ေလး။
ဂ်င္းေဘာင္းဘီဒူးက်ေလးႏွင့္ တီ႐ွပ္အစိမ္းေလး။
႐ွပ္အက်ႌလက္႐ွည္အျပာရင့္ရင့္ေလး။
အေႏြးထည္အဝါေရာင္ေလး။
စသျဖင့္ စသျဖင့္ သြန္းအုပ္ေပးခဲ့သမ်ွ အဝတ္အစားေလးမ်ားအား ကိုးတန္းႏွစ္တုန္းက
မုန္႔မစားဘဲ ရသမ်ွမုန္႔ဖိုးအကုန္စုၿပီး ေသတၱာအသစ္တစ္လံုး သက္သက္ထပ္ဝယ္ကာ တယုတယစုေဆာင္းျဖစ္ခဲ့သည္။

အခုေတာ့.....

ကိုကို႐ွိရာအရပ္သို႔ က်ိန္းေသျပန္လာမည္ဟု ေတြးထားျပီးသားျဖစ္ေသာ္လည္း ေလာေလာဆယ္မွာေတာ့ အရင္ခြဲရဦးမည္။

ျဖစ္ခဲ့သမ်ွကိစၥေတြကို ျပန္ျပင္လို႔မရႏိုင္ေတာ့ဘူးလား။
ေလးသက္ကလည္း ခင္ေထြးေလးတို႔အခုလိုျဖစ္သြားရတာကို ကိုကိုေၾကာင့္ဟုသာ တထစ္ခ်စြပ္စြဲေနေတာ့သည္။

အျပစ္လြတ္ေအာင္ မေနတတ္သည့္သူကိုပဲ အျပစ္တင္ရမလား။
ထိုသူဘာလုပ္လုပ္ အျပစ္မျမင္ႏိုင္သည့္ ကိုယ့္ကိုယ္ကိုပဲ ဒဏ္ေပးရမလား။

ကိုကိုဟာ ေတာ္ေတာ္ဆိုးပါသည္။ ဒါကို သူလည္းသိသည္။လံုးဝခြင့္လႊတ္ခ်င္စရာမေကာင္းသည့္ အမွားမ်ိဳးကိုလည္း က်ဴးလြန္ခဲ့ေသးသည္။ လူတကာကိုလည္း စိတ္ပူရေအာင္ အရမ္းလုပ္သည္။ အခုလည္း ​ေဆးလိပ္ေတြ ျပန္ေသာက္ေနတာကို ေတြ႔ေနရျပန္ၿပီ။

႐ိုး႐ိုးသာမန္ေဆးလိပ္ေတြလား။
ဒါမွမဟုတ္
အရင္တစ္ေခါက္တုန္းကလို
ဟိုတစ္စံုတစ္ေယာက္က ပို႔လိုက္တာေတြပဲလား။

မေကာင္းသည့္အရာမွန္းသိလ်က္ႏွင့္ ဇြတ္တိုး၍လုပ္ေနသူက ဆိုးမိုက္သည္ဟုဆိုပါလ်ွင္ ထိုလူမိုက္အား စိတ္မကြက္ရက္၊ မထားရက္ခဲ့ႏိုင္သည့္ကိုယ္က ႐ူးသြပ္ေနျခင္းပင္ျဖစ္လိမ့္မည္။
ေလးသက္ ဘယ္လိုပဲနားခ်နားခ် ဒီအိမ္ႀကီးဆီကေန၊ ထိုသူ႔အနားကေန တစ္ဖဝါးမွမခြာခ်င္သည့္စိတ္တို႔က မေပ်ာက္ပ်က္ႏိုင္။

ဦးသက္လြင္ မင္းခအားလွမ္းၾကည့္လိုက္သည္။ ေက်ာခိုင္းထားသည့္ မင္းခက အသက္႐ွိေသးလားဟု သံသယဝင္ရေလာက္ေအာင္ပင္ အဖံုးဖြင့္လ်က္သားေသတၱာေ႐ွ႕၌ မလႈပ္မယွက္ငူငူငိုင္ငိုင္ႀကီး ထိုင္ေန၏။

ဦးသက္လြင္ သက္ျပင္းေမာတစ္ခ်က္႐ႈိက္မိရင္း မင္းခေ႐ွ႕၌ ဝင္ထိုင္လိုက္သည္။ အနားသို႔လူရိပ္က်လာသည္ႏွင့္
မင္းခက မ်က္ရည္မ်ားအား ကမန္းကတမ္းသုတ္ဖယ္ပစ္လိုက္သည္။ သို႔ေသာ္ငိုမဲ့မဲ့မ်က္ႏွာကိုေတာ့ လ်ွပ္တျပတ္အတြင္း ဖံုးကြယ္မပစ္ႏိုင္။

မင္းခ၏ေခါင္းေလးအား ဦးသက္လြင္က ၾကင္နာစြာ လက္ျဖင့္ပြတ္သပ္ေပးရင္း...

"ကေလးေလးလား ငိုေနရေအာင္။ ေတာ္ၾကာဆို ​
ေဆးေက်ာင္းေတာင္တက္ရေတာ့မယ့္ ငါ့တူႀကီးက။ မငိုရဘူးေလကြာ။ ေယာက်္ားေလးဆိုတာ ငယ္တုန္းကေလးဘဝမွာငိုတာက အေၾကာင္းမဟုတ္ဘူး။ လူႀကီးျဖစ္လာတာေတာင္ ဝမ္းနည္းတိုင္းငိုေနရင္ မင္းကိုစိတ္ေပ်ာ့တယ္လို႔ ​ေျပာၾကမွာေပါ့။ ေနာက္ၿပီး ၾကည့္ပါဦး။ ဒီခႏၶာကိုယ္ႀကီးနဲ႔ ငိုေနတယ္တဲ့။ မ႐ွက္ဘူးလား"

ဦးသက္လြင္က ကေလးငယ္တစ္ေယာက္ကို ေခ်ာ့ျမႇဴသလို ႏူးညံ့သာယာစြာျဖင့္ မင္းခအား ​ေခ်ာ့ေမာ့ႏွစ္သိမ့္ေပးသည္။

"ေလးသက္"

"ေျပာေလ"

"သားမသြားခ်င္ဘူး။"

ေျပာရင္းႏွင့္ မင္းခက ဦးသက္လြင္၏ခါးအား သိမ္းႀကဳံးဖက္လိုက္သည္။ ဦးသက္လြင္၏ရင္ဘက္ေပၚ ေခါင္းအပ္ရင္း ကေလးတစ္ေယာက္လိုမ်ိဳး တရႈံ႕ရႈံ႕ႏွင့္ငိုျပန္ေလ၏။

ကိုယ့္တူေလး ဘယ္ေလာက္ဝမ္းနည္းေနမည္ကို ခံစားမိသည္။ ဒါေၾကာင့္လည္း ဘာမွမေျပာေတာ့ဘဲ ေက်ာျပင္ကိုသာ ခပ္ျဖည္းျဖည္းပုတ္ေပးရင္း ႏွစ္သိမ့္ေပးေနလိုက္၏။ တကယ္ဆို သူကိုယ္တိုင္ကလည္း ဒီအိမ္၊ဒီျခံႀကီးႏွင့္ ဒီကလူေတြကို သံေယာဇဥ္ရွိပါသည္။

သို႔ေသာ္ ဆက္ေနလွ်င္လည္း ကိုယ့္တူျဖစ္သူႏွင့္ သြန္းေလးတို႔က ပို၍နီးစပ္လာကာ မသင့္ေတာ္တာေတြ ျဖစ္ကုန္လိမ့္မည္။ ကိုယ့္ေသြးသားရင္း ကိုယ့္တူေလးအား လူတကာကဝိုင္းလက္ညႇိဳးထိုး ကဲ့ရဲ႕မည့္အျဖစ္သို႔ ေရာက္သြားမွာကို သူစိုးရိမ္သည္။

ပတ္ဝန္းက်င္ကို ထည့္မတြက္ၾကဘူးပဲ ထားလိုက္ပါဦးေတာ့။ သြန္းေလးကလည္း မင္းခကိုခ်စ္သည္ပဲ ဆိုေစဦး။
ထိုကေလး၏ အေျပာအဆို၊ လူမႈဆက္ဆံေရး၊ အက်င့္စ႐ိုက္တို႔က ဘာဆိုဘာမွလက္ခံေပးခ်င္စရာမရွိ။ ကိုယ့္တူေလး စိတ္မခ်မ္းသာတာမၾကည့္ရက္၍ ပတ္ဝန္းက်င္ကိုလ်စ္လ်ဴရႈၿပီး မင္းခ၏ဆႏၵ လိုက္ေလ်ာေပးရေလာက္ေအာင္အထိ သြန္းေလး၏အခ်ိဳးမ်ားက ေစတနာရွိခ်င္စရာ ျဖစ္မေနေပ။

အဆိုးဆံုးကေတာ့ လူႀကီးေတြၾကားထဲမွာပါ ျပႆနာအဖုအထစ္တို႔က ရွိသြားခဲ့ၿပီ။ အေကာင္းဆုံးကေတာ့ ဒီအိမ္ႀကီးႏွင့္ေရာ ဒီအိမ္ကလူမ်ားႏွင့္ပါလမ္းခြဲကာ  ေရစက္ျဖတ္ေတာက္ပစ္လိုက္ျခင္းသာျဖစ္၏။

ဒီလိုမွမလုပ္ရင္လည္း သြန္းေလးအတြက္ဆိုလွ်င္
နာမည္ဆိုးနာမည္ပ်က္ခံယူရန္၊ ကိုယ့္အနာဂတ္ကိုေတာင္
လ်စ္လ်ဴရႈၿပီး မိန္းမတစ္ေယာက္ေကာက္ယူပစ္ရန္အထိ ႐ူးေၾကာင္ေၾကာင္ စဥ္းစားလုပ္ကိုင္ခဲ့သည့္ မင္းခက
ေနျမင့္ေလေလ၊ အ႐ူးရင့္ေလေလျဖစ္လာမွာကို စိုးရသည္။

မင္းခ၏ ေက်ာေလးအားပုတ္ေပးေနရင္း...

"မေတြ႕တာၾကာရင္ ဒီအိမ္နဲ႔ပတ္သက္တာမွန္သမွ် ေမ့သြားပါလိမ့္မယ္ကြာ။ ငါ့တူေလးက ကေလးလည္းမဟုတ္ေတာ့ဘူး။ ထစ္ခနဲရွိ မ်က္ရည္တစမ္းစမ္း မလုပ္ရဘူး။ ဝမ္းနည္းရင္လည္း မငိုမိေအာင္ထိန္း။ ေနာက္ၿပီး လူေတြအေပၚ ကိုယ့္စိတ္ထဲ႐ွိတဲ့အတိုင္း ပြင့္လင္းျပလြန္းအားႀကီးရင္လည္း မေကာင္းဘူး။ ကိုယ့္ကိုမေကာင္း ႀကံခ်င္ရင္ေတာင္ အားနည္းခ်က္ရွာဖို႔လြယ္သြားေရာေလ"

"....."

"ကေလးမဆန္နဲ႔ေတာ့ မင္းခ။ ေလးသက္က မင္းကို
မင္းရဲ႕ခႏၶာကိုယ္ႀကီးလိုပဲ မင္းရဲ႕စိတ္ကိုပါ သန္သန္မာမာႀကီး ျဖစ္ေနေစခ်င္တာ။ လူတစ္ေယာက္ကို
သံေယာဇဥ္တြယ္လြန္းတာလည္း မေကာင္းဘူး။
လက္လႊတ္ဆုံးရႈံးရမွာကို ေၾကာက္လြန္းတာလည္း မေကာင္းဘူး။ ေလးသက္တို႔ေရွ႕မွာေနသလို မေနနဲ႔ေတာ့။ မင္းအျပင္လူေတြနဲ႔ျပာဆိုဆက္ဆံတဲ့အခါ လူႀကီးဆန္ဆန္ ေနတယ္မလား။ ေအး.. အဲ့လိုပဲအျမဲေန"

"....."

"ငါ့တူေလးက လိမၼာပါတယ္။ ေလးသက္စိတ္ခ်လို႔ရမယ္မလား"

မင္းခက ၿငိမ္၍သာနားေထာင္ေနသည္။ မ်က္ႏွာကို ဦးသက္လြင္၏ ရင္ဘက္မွာကပ္ထားဆဲ။ မ်က္ရည္မ်ားကေတာ့ မက်ေတာ့။ အငိုရပ္သြားၿပီ။

ဟုတ္သားပဲ။
ဒီေလာက္ ဝမ္းနည္းေနဖို႔မွမလိုတာ။
ေက်ာင္းအပ္တာေတြ၊ ေက်ာင္းတတ္တာေတြလုပ္ရင္ေတာင္
ကိုကို႔ကို အျပင္လာခဲ့ဖို႔ေျပာၿပီး ေတြ႕လို႔ရေသးတာပဲကို။
ေနာက္ဆိုရင္ အၿမဲတမ္းအတူေနႏိုင္ဖို႔ ႀကိဳးစားမွာပဲကို။

ခဏေလးပါ။ ခဏေလးပဲ။

------------------

"ေလးေက်ာ္ဦး"

ခလြမ္

မင္းခ၏အသံေၾကာင့္ အခန္းထဲ၌ ရဲေဆးတင္ေနသည့္ ဦးေက်ာ္ဦး ေသာက္လက္စ အရက္ခြက္ကေလးပင္ လြတ္က်သြားရသည္။ စာအိတ္တစ္ခုကိုကိုင္၍ ဦးေက်ာ္ဦး၏အခန္း (ယခင္က ကိုေအးထြန္းႏွင့္ ႏွစ္ေယာက္အတူေနရသည့္အခန္း)ထဲသို႔
မင္းခက ဝင္လာသည္။

"ေလးေက်ာ္ကို လာႏႈတ္ဆက္တာ"

ဦးေက်ာ္ဦးက မင္းမ်က္ႏွာျမင္႐ုံႏွင့္ပင္ ေဇာေခြၽးမ်ားျပန္ေနၿပီ။
သို႔ေသာ္လည္း ဟန္မပ်က္ထိန္းရင္း....

"ေအးကြာ။ ဒီအိမ္ႀကီးထဲလည္း လုံးဝကို တိတ္ဆိတ္ေျခာက္ကပ္ၿပီး က်န္ခဲ့ေတာ့မွာပဲ။ ခင္ေထြးအဘြားကလည္း အလုပ္ထြက္ၿပီး ရိပ္သာအၿပီး ဝင္ေတာ့မယ္ဆိုေတာ့ ဘယ္သူမွေတာင္မ႐ွိေတာ့ဘူး"

မင္းခ သက္ျပင္းတစ္ဖြခ်မိသည္။ အေၾကာင္းေၾကာင္းေၾကာင့္သာ သူလည္း ေလးသက္အမိန႔္ နာခံလိုက္ရသည္။ လူရင္းမရွိေတာ့သည့္ ဒီအိမ္ႀကီးထဲ၌ ကိုကို႔တစ္ေယာက္တည္း ထားခဲ့ရမွာကိုေတာ့ စိတ္သိပ္မခ်လွ။

"အကိုေလးကို ဂ႐ုစိုက္ေပးပါ ေလးေက်ာ္။
ကြၽန္ေတာ္ ေတာင္းဆိုတာပါ။ ကြၽန္ေတာ္ ဒီအိမ္ကဖုန္းကို လွမ္းလွမ္းဆက္မယ္။ အကိုေလးဘာလုပ္လုပ္ ကြၽန္ေတာ့္ကို သိသေလာက္ အကုန္ေျပာျပေပးပါဦး။ ကြၽန္ေတာ္ အခု ဖုန္း​ေလးဝယ္ထားတယ္။ ေရာ့ ဒါကြၽန္ေတာ့္ ဖုန္းနံပါတ္"

မင္းခက အိတ္ကပ္ထဲရွိ ေမာ္ဒယ္နိမ့္ဖုန္းေလးကိုျပရင္း ဖုန္းနံပါတ္ေရးထားသည့္ စာ႐ြက္ေလးကိုပါ ထုတ္ေပးလိုက္သည္။

"အခ်ိန္မွန္လုပ္စရာရွိတဲ့ အလုပ္ေတြအတြက္ အကိုေလးကို ကြၽန္ေတာ္လွမ္းၿပီးသတိေပးျဖစ္မွာပါ။ အကိုေလး ေဆးလိပ္ေတြ၊ အရက္ေတြဝယ္ခိုင္းလည္း မဝယ္ေပးနဲ႔ေနာ္"

"......"

"အကိုေလးကို အစစအရာရာ ဂ႐ုစိုက္ေပးပါ။ အျမန္ဆုံးနည္းနဲ႔ အကိုေလးအနားကို ျပန္လာႏိုင္ေအာင္ ကြၽန္ေတာ္ ႀကိဳးစားမွာမလို႔ ဒီၾကားထဲမွာ​ေတာ့ ကြၽန္ေတာ့္ကိုယ္စား ေလးေက်ာ္က တာဝန္ယူေပးပါ။ ေက်းဇူးျပဳၿပီး ေလးေက်ာ္ရဲ႕သားအရင္းေလးတစ္ေယာက္လို ဘာအႏၱရာယ္မွမျဖစ္ေအာင္ ေစာင့္ေ႐ွာက္ေပးပါဦး ေလးေက်ာ္"

ဦးေက်ာ္ဦး ကိုယ့္လိပ္ျပာကိုယ္မလံု။ တကယ္ဆို သူကမွ အႏၱရာယ္ေပးဖို႔ျပင္ဆင္ေနသူ မဟုတ္ပါလား။

မင္းခအား မ်က္လံုးခ်င္းဆံုမွာကိုစိုးရြြံ႔စြာျဖင့္ အၾကည့္တို႔ကိုလႊဲလိုက္ကာ ေခါင္းတဆက္ဆက္ၿငိမ့္ျပလိုက္ရင္း...

"ေအးပါကြာ..ငါဂ႐ုစိုက္ေပးပါ့မယ္။"

မင္းခက အသင္႔ယူလာသည့္စာတစ္ေစာင္ကို ဦးေက်ာ္ဦး၏လက္ထဲသို႔ ထည့္ေပးလိုက္ရင္း..

"မနက္က်ရင္ ကြၽန္ေတာ္တို႔သြားၿပီဆိုမွ ဒီစာအိတ္ေလးကို အကိုေလးလက္ထဲထည့္ေပးပါ ေလးေက်ာ္"

"ေအးေအး"

"ေလးေက်ာ္လည္း က်န္းမာေရးဂ႐ုစိုက္ဦး။”

"ေအးပါကြာ။"

"ဟို.. ေနာက္ၿပီး အကိုေလးရဲ႕ ဘာကိစၥပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ကို ဖုန္းဆက္ၿပီးေျပာျပေပးပါဦးေနာ္။"

"ေအး..ေအး စိတ္ခ်"

မင္းခက စိတ္မခ်ေသးဟန္ျဖင့္ ထပ္ၿပီးမွာၾကားခ်င္ေနေသးသလို
ပါးစပ္တျပင္ျပင္ျဖစ္ေနၿပီးမွ အားနာလာ၍ထင္သည္။ သက္ျပင္းတစ္ခ်က္ရႈိက္ကာ မခ်ိၿပဳံးေလးတစ္ခုျဖင့္ ႏႈတ္ဆက္ရင္း သူ႔အခန္းထဲသို႔ ျပန္ဝင္သြား၏။

မင္းခအား ဦးေက်ာ္ဦး မ်က္စိတဆံုးေငးၾကည့္ေနမိရင္း...

ေတာင္းပန္ပါတယ္ မင္းခရယ္…
ငါေလ ငါ တကယ္ကို စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။

-----------------

ring! ring!

၀ရန္တာတြင္ စီးကရက္တစ္လိပ္ထိုင္ေသာက္ရင္း
အေတြးလြန္ေနခ်ိန္ ႐ုတ္တရက္ျမည္လာသည့္ဖုန္းသံေၾကာင့္
သြန္းအုပ္ မ်က္ေမွာင္ၾကဳတ္မိသည္။ ဒီအခ်ိန္ႀကီး ဘယ္လိုလူကမ်ား ဖုန္းလာေခၚေနရတာလဲ။ စိတ္မၾကည္လင္တာမို႔ ဖုန္းကိုခ်ပစ္လိုက္သည္။

ding! !

ထိုဖုန္းနံပါတ္ႏွင့္ပင္ messsageတစ္ေစာင္က ဝင္လာျပန္သည္မို႔ သြန္းအုပ္အမွတ္တမဲ့ ဖတ္မိလိုက္သည္။

"မင္းအတြက္ စိတ္မေကာင္းဘူးကြာ"

စာကိုဖတ္အၿပီး ပထမဆုံးသတိရသြားမိသူက မိုးသား။

ေတာက္!

"ကိုယ္ခ်စ္တဲ့သူက ကိုယ့္အနားကေန ထြက္သြားေတာ့မွာကို ဘာမွမလုပ္ဘဲထိုင္ေနႏိုင္တာ ငါျဖင့္အံ့ဩလို႔မဆုံးဘူး။"

သြန္းအုပ္ စိတ္တိုတိုျဖင့္ ဖုန္းျပန္ေခၚလိုက္သည္။ မိုးသားဆိုသည့္ေကာင္ႏွင့္ ပြင့္ပြင့္လင္းလင္းေျပာမွရေတာ့မည္။ ဘာလိုခ်င္တာလဲ။ ဘာျဖစ္ခ်င္ေနတာလဲ။

ညီအစ္ကိုဆိုေသာ္လည္း တစ္ေယာက္ႏွင့္တစ္ေယာက္က မေမြးခင္ကတည္းက ရန္သူေတြျဖစ္ခဲ့ၾကတာမို႔ အခုလို ခိုးလုခုလုျဖစ္ေအာင္ လာလာလုပ္ေနျခင္းကလည္း
သူ႔ကို ဒုကၡေရာက္ဖို႔တိုက္တြန္းေနျခင္းဆိုတာ ေသခ်ာသည္။

ဖုန္းေခၚလိုက္ေတာ့ တစ္ဖက္က ဖုန္းဝင္ဝင္ခ်င္း တန္းေျဖသည္။

"မင္းဘက္ကစၿပီး ဖုန္းေခၚတာ ဒါပထမဆုံးပဲ သြန္းအုပ္စိုးပိုင္"

"စကားရွည္မေနနဲ႔၊ မင္းဘာျဖစ္ခ်င္ေနတာလဲ။
မင္းဘယ္သူလဲဆိုတာ ငါသိၿပီးေနၿပီ၊ ဘာလို႔ ငါ့ကို လာလာၿပီးေႏွာင့္ယွက္ေနရတာလဲ"

"......"

"မင္းဘဝနဲ႔မင္း ေအးေဆးေနလို႔မရဘူးလား
ဟမ္! ဘာလဲ ငါ့အေမြေတြကို လိုခ်င္လို႔ငါ့ကို ႐ူးၿပီးေသေအာင္လုပ္ေနတာလား။ ေျပာေလ..ေ-ာက္ေကာင္"

"ေဟ့ေကာင္၊ ေသေနသလို ၿငိမ္မေနနဲ႔! ေျပာေလ! ငါ့ကို
ဘာလို႔လိုက္ေႏွာင့္ယွက္ေနတာလဲ"

"ခုခ်ိန္မွာ မင္းငါ့ကိုေအာ္ေနမယ့္အစား တျခားအက်ိဳးရွိတာ တစ္ခုခုလုပ္ဖို႔မေတြးမိဘူးလား"

"ဘာ?"

"မင္းနားကန္းေနတာေတာ့ မဟုတ္ဘူးမလား။ ဟက္!
မင္းရဲ႕တစ္ဦးတည္းေသာ အခ်စ္ဆံုးပုဂၢိဳလ္ေလးက
မနက္ျဖန္ မင္းကိုထားသြားေတာ့မွာေလ"

"မင္း ေ-ာက္ပါးစပ္ကိုပိတ္!!"

သြန္းအုပ္ အသားတို႔တဆက္ဆက္တုန္လာရင္း ေအာ္မိလိုက္သည္။

"ငါ့ကို မင္းခက ဘယ္ေတာ့မွထားခဲ့မွာမဟုတ္ဘူး။ ေသခ်ာတယ္။ သူငါ့ကိုကတိေပးၿပီးသား။ ငါ..ငါ"

သြန္းအုပ္ စကားဆက္မေျပာႏိုင္ဘဲ စကားတို႔က
လည္ေခ်ာင္းဝမွာ တစ္ဆို႔ေနသည္။ အဆုံးထိ သူက
မင္းခ သူ႔ကိုထားမသြားဘူးဟူ၍ ယုံၾကည္ခ်င္ေနခဲ့တာမို႔ အခုခ်ိန္ တျခားတစ္ေယာက္က သတိေပးသလိုေျပာလာခ်ိန္၌ စိတ္တို႔ကိုမထိန္းခ်ဳပ္ႏိုင္ခဲ့။ ဖုန္းဆက္မေျပာႏိုင္... ခ်ပစ္လိုက္ရသည္။ တစ္ဖက္ကလည္း ျပန္လည္၍ ဖုန္းမေခၚဆိုခဲ့။

ေနာက္ဆံုးေတာ့လည္း သူအေၾကာက္ဆုံးအခ်ိန္တစ္ခုကို
ေရာက္လာခဲ့ၿပီလား။

တစ္ညလုံး ဝရန္တာမွာထိုင္ကာ အေတြးမ်ားေနမိသည္။ မင္းခကို သူ႕အနားကေနထြက္မသြားေအာင္
ဘယ္လိုလုပ္ရမလဲ။ တစ္ညလုံးစဥ္းစားရင္း မနက္ေဝလီေဝလင္း ငါးနာရီေလာက္ေရာက္ေတာ့
သြန္းအုပ္ ဘာလုပ္သင့္လဲဆိုတာကို ဆုံးျဖတ္ႏိုင္သြား၏။

---------------------

ေဂ်ာက္!

မင္းခတို႔အခန္းဘက္မွ တံခါးဂ်က္ဖြင့္သံၾကားသည္ႏွင့္
ဦးေက်ာ္ဦး အသင့္ျပင္ဆင္လိုက္သည္။

အခန္းတံခါးဖြင့္ကာ ထြက္သြားသူေနာက္သို႔
ေျခသံလုံလုံျဖင့္ အနီးကပ္လိုက္သြားစဥ္ ပုဆိုးၾကားတြင္ထိုးထားေသာ မင္းခေပးထားသည့္ စာအိတ္ေလးက က်က်န္ရစ္ခဲ့၏။

-

-

"ေက်းဇူးျပဳၿပီး စာကိုဆုံးေအာင္ဖတ္ေပးပါ.. ကိုကို"

ကိုကို?

မင္းခ၏ ခပ္ေသာ့ေသာ့လက္ေရးေလးျဖင့္
ေရးထားသည့္ ပထမဆုံးစာေၾကာင္းမွာတင္ သြန္းအုပ္ရင္ခုန္သံမ်ား ျမန္ဆန္လာသည္။ ဆက္မဖတ္ရဲေသး၍ စာ႐ြက္ကို ခဏျပန္ေခါက္ထားသည္။ ဗရမ္းဗတာႏွင့္ ခုန္ေပါက္ေနေသာႏွလံုးသားေလး နည္းနည္းေလာက္ အိေျႏၵရလိုရျငား ျပန္ထိန္းၾကည့္၏။

အဲ့ဒီ 'ကိုကို' ဆိုတဲ့စကားလုံးကို မင္းခေခၚလာဖို႔ ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခဲ့ရတာပါလိမ့္။

စေတြ႕ဖူးတဲ့ ကေလးဘဝကတည္းက
'ကိုကိုသြန္းေလး'ဆိုတာထက္ 'ကိုကို'ဆိုတဲ့ေခၚသံကို တိတ္တဆိတ္ပိုေမွ်ာ္လင့္ခဲ့မိတာေလ။

သြန္းအုပ္စိတ္လႈပ္ရွား၍ တုန္ရီခ်င္ေနသည့္ လက္မ်ားျဖင့္ စာ႐ြက္အား ျပန္ဖြင့္ကာဖတ္လိုက္သည္။ သူ႔ပုံစံက ႀကိတ္ခ်စ္ေနရသည့္ ေကာင္ေလးဆီမွ
ရည္စားစာေပးျခင္းခံရသည့္ ဗိုင္းေကာင္းေက်ာက္ဖိ မိန္းမပ်ိဳေလးတစ္ဦးလိုိလို...

"ကြၽန္ေတာ္ ဝန္ခံခဲ့ခ်င္တယ္။ ကြၽန္ေတာ္ ကိုကို႔ကိုခ်စ္တယ္။ အရင္က ဆုံးျဖတ္ခ်က္ကေတာ့ ေနာက္ေျခာက္ႏွစ္ေက်ာ္ ခုနစ္ႏွစ္ေလာက္က်မွ ဖြင့္ေျပာဖို႔ပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ စိတ္မခ်ဘူး။ ကြၽန္ေတာ္ ကိုကို႔အနားမွာရွိေနတဲ့အခ်ိန္
ကိုကို တျခားသူတစ္ေယာက္ကို ခ်စ္မိသြားမွာကို အရမ္းစိုးရိမ္တယ္။

ကြၽန္ေတာ္ ကိုယ္တိုင္လည္း ရိပ္မိခဲ့ေပမယ့္ မယုံတဝက္ယုံတဝက္ပဲ။ ခင္ေထြးေလးကလည္း ေျပာခဲ့တယ္ဆိုေတာ့ ယုံၾကည္သြားတယ္။ ေဘးကလူေတြေတာင္ ကိုကို႔စိတ္ကို ျမင္ေနခဲ့တယ္ေလ။ ကြၽန္ေတာ္ယုံသင့္တယ္မလား။

ကိုကိုလည္း ကြၽန္ေတာ့္ကို ခ်စ္ေနတယ္မလား"

သြန္းအုပ္ ၾကည္ႏူးစြာၿပဳံးလိုက္သည္။ ယုံသင့္တာေပါ့။
ယုံကိုယုံရမွာ။

"ထားပါ ကြၽန္ေတာ္တို႔ ခ်စ္သူေတြျဖစ္သြားၿပီပဲ။
အဲ့ဒီေတာ့ အရင္က ကိုကို ကြၽန္ေတာ့္ကို
စည္းကမ္းခ်က္ေတြထုတ္ခဲ့သလိုမ်ိဳး ကိုကို႔ကိုလည္း က်ြန္ေတာ္က ကိုကိုလိုက္နာရမယ့္ စည္းကမ္းခ်က္ေတြ​ေရးေပးခဲ့မယ္။"

ရယ္ခ်င္သြားသည္။ ဒါဘယ္လိုေကာင္ေလးလဲ?
တစ္ဖက္ကလူရဲ႕ အေျဖကိုေတာင္မေစာင့္ဘဲ ကိုယ့္ကိုယ္ကို အထင္ေတြႀကီးေနလိုက္တာ။

"No(1)
ေဆးလိပ္၊ကြမ္းယာ၊အရက္ အစရွိသည့္
မူးယစ္ေဆးဝါးမ်ားအား လုံးဝ လုံးဝအသုံးမျပဳပါႏွင့္။

No(2)
အေပ်ာ္အပါးလိုက္စားျခင္း အထူးေရွာင္ၾကဥ္ပါ။"

ဒါက ငါ့ရဲ႕ ကိုယ္က်င့္သိကၡာေတြကို အရမ္းယုံၾကည္တဲ့
သေဘာ။

"No(3)
အစာစားခ်ိန္ေရာက္လွ်င္ ပုံမွန္အစားစားပါ။

No(4)
အားရင္အားသလို ေန႕တိုင္း ဖုန္းဆက္ေနမွာမလို႔ အၿမဲတမ္း ဖုန္းႏွင့္လူမကြာရွိေနပါေစ။

No(5)
ဘယ္သူနဲ႕မွ ရန္မျဖစ္ပါႏွင့္။

No(6)
အရင္တုန္းကလိုပဲ ဘုရားေန႕တိုင္းရွိခိုးၿပီး ေလ့က်င့္ခန္း လည္း ပုံမွန္လုပ္ပါ။

No(7)
စာ ပုံမွန္က်က္ပါ။

No(8)**
ကြၽန္ေတာ့္ကို ေန႕တိုင္းသတိရၿပီး အခ်ိန္တိုင္းခ်စ္ေနေပးပါ။

No(9)
ကြၽန္ေတာ္ကလြဲၿပီး ဘယ္သူ႔ကိုမွ နည္းနည္းေလးေတာင္ မခ်စ္မိပါေစနဲ႔။

No(10)
က်ိန္းေသေပါက္ ကြၽန္ေတာ္က အျမန္ဆုံး ကိုကိုရွိတဲ့အရပ္ ျပန္လာမွာမလို႔ ဆက္ဆက္ေစာင့္ေနေပးပါ။

ကြၽန္ေတာ္ကမလာနိူင္ရင္လည္း ကိုကိုက ကြၽန္ေတာ့္ဆီ လာခဲ့ေပးမယ္မဟုတ္လား"

စာဆုံးသြားေတာ့ သြန္းအုပ္ခမ်ာ မတ္တပ္ရပ္ရင္းသားကေန မလႈပ္ႏွိုင္မ႐ွားႏိုင္။

ေျခထိုးၿပီး ငိုခ်ရေတာ့မလို၊ ကဆုန္ေပါက္ၿပီး ထခုန္ရေတာ့မလို ခံစားခ်က္က
ရည္းစားစာအေပးခံရတာေၾကာင့္လား။
ေနဦး.. ရည္းစားစာလည္း မဟုတ္ေသး။
မေမွ်ာ္လင့္ထားသည့္စကားအား မထင္မွတ္ထားသည့္ေနရာ၌ အမွတ္မထင္စာတစ္ေစာင္ျဖင့္ အေျပာခံရျခင္း။

ေ-ာက္ကေလး! ေစာေစာကတည္းက ေျပာပါေတာ့လား။  သူ႔မွာ သူမ်ားစကားကိုယုံၿပီး စိုးရိမ္စိတၱဇေတြနဲ႔ ဘယ္ေလာက္ေတာင္ ေၾကာက္ေနခဲ့ရသလဲ

သြန္းအုပ္စာအိတ္ေလးကိုယူၿပီး အေပၚထပ္ျပန္တတ္ရန္ ျပင္ၿပီးမွ...

ေနပါဦး ဒီေ-ာက္က​ေလးကေတာ့။
ပါးစပ္ကေတာင္ဖြင့္မေျပာဘဲ ဒီအတိုင္းစာေလးတစ္ေစာင္နဲ႔ ႏွစ္သိမ့္ၿပီးထားခဲ့မယ့္သေဘာလား။

မရဘူး..ငါ့ကိုအဲ့လိုလာလုပ္လို႔။
ေနာက္ၿပီး အထင္လြဲေနတာေတြကိုလည္း သူရွင္းျပတာ နားေထာင္ေပးသင့္ေသးတယ္ေလ။

သြန္းအုပ္ မေက်နပ္စြာျဖင့္ ေတြးလိုက္သည္။
မင္းခကိုအနားမွာ အၿမဲရွိေစခ်င္သည့္အတၱအျပင္ လက္မလႊတ္ခ်င္သည့္ေလာဘကပါ ပိုႀကီးသြားၿပီ။

မင္းခကိုေခၚမသြားေစရန္အတြက္ မူလကအစီအစဥ္အတိုင္းပင္ ဦးသက္လြင္အား ေတာင္းပန္ၾကည့္ရန္ ဆုံးျဖတ္လိုက္၏။

ဘယ္သူ႕ကိုပဲ ဘယ္လိုေတာင္းပန္ရ၊ေတာင္းပန္ရ..
မင္း ငါ့အနားက ထြက္မသြားေစဖို႔
မာနေတြကို လႊင့္ပစ္ရ၊ပစ္ရ။

ကိုယ့္အေတြးႏွင့္ကိုယ္ ဟုတ္ေနၿပီး မနက္ျဖန္မ်ားအတြက္ စိတ္ကူးယဥ္ကာ အရာရာကိုေမ့ၿပီး ေပ်ာ္ေနမိသည္။ သို႔ေသာ္ျငား မနက္ျဖန္ဆိုသည္က ႀကိဳေတြး၍ရသည့္အရာ မ်ိဳးေတာ့ လံုးဝမဟုတ္ခဲ့ေပ။

----------------

မနက္ငါးနာရီ၌ ဦးသက္လြင္ အိပ္ရာမွနိုးလာခဲ့သည္။ မနက္၈နာရီေလာက္ဆိုလွ်င္ ပစၥည္းပစၥယမ်ားကုိသယ္ၿပီး ကားဂိတ္သို႔လိုက္ပို႔ေပးရန္ ကားတစ္စီးလည္း ငွါးၿပီးျဖစ္တာမို႔ ကိုယ္က ထုတ္ပိုးၿပီးအထုတ္အပိုးမ်ားအား ကားေပၚသို႔တင္ရန္သာ က်န္ေတာ့၏။

လုပ္စရာသိပ္မရွိေတာ့တာမို႔ ေနာက္ဆုံးအႀကိမ္အျဖစ္ ၿခံထဲလမ္းခဏဆင္းေလွ်ာက္ရန္သာေတြးမိၿပီး
မ်က္ႏွာသစ္၊သြားတိုက္ကာ ၿခံထဲသို႔ဆင္းလာခဲ့လိုက္၏။

ၿခံထဲသို႔ေရာက္ေတာ့ စိတ္ထဲတြင္မေကာင္းလွ။ အမ်ားႀကီးေျပာင္းလဲသြားသည္။ သူတို႔ေနထိုင္ခဲ့သည့္ အလုပ္သမားတန္းလ်ားႀကီးက အရင္လိုမဟုတ္ေတာ့။

တိုက္ခန္းေလးမ်ားက အေခ်ာမကိုင္ရေသးေသာ္လည္း အခုလိုအၾကမ္းထည္ေလးကပင္ ေနခ်င္စဖြယ္။

သို႔ေသာ္ ေနထိုင္ေစရန္ရည္႐ြယ္ခဲ့သည့္သူမ်ားက
မရွိၾကေတာ့။ ဦးသက္လြင္ စိတ္မေကာင္းစြာျဖင့္ သက္ျပင္းတစ္ခ်က္ ခ်လိုက္သည္။

ဦးေလးသက္"

႐ုတ္တရက္ သြန္းအုပ္ကအေနာက္ဘက္မွ ေခၚလိုက္တာေၾကာင့္ ဦးသက္လြင္
အနည္းငယ္ေၾကာင္အသြားသည္။

သြန္းအုပ္ကိုၾကည့္လိုက္ေတာ့ စိတ္လႈပ္ရွားေနပုံရသည္။ အလင္းေရာင္သိပ္မရေသးခ်ိန္ ျဖစ္ေန၍မ်ား
သူ အျမင္မွားေနသလား။

"ကြၽန္ေတာ္ေျပာစရာရွိလို႔ ဟိုကြပ္ပ်စ္ေပၚ
သြားထိုင္ၾကရေအာင္လား ဦးေလးသက္။"

သြန္းအုပ္က အတူထိုင္ရန္ တြန႔္ဆုတ္ေနသည္။ သူ႕အား ေၾကာက္႐ြံ႕ေနပုံေတာင္ရေသး၏။

ဘာျဖစ္ေနတာလဲ။ ဒီေကာင္ေလး အူေၾကာင္ေၾကာင္နဲ႕။

သြန္းအုပ္ သက္ျပင္းမ်ားကို အႀကိမ္ႀကိမ္ခ်ေနမိသည္။
ဘယ္သူမွမျမင္ေလာက္ဘူးမလား။ ၿခံထဲမွာလည္း ဘယ္သူမွမရွိေသးတုန္း ဒူးေထာက္ၿပီးေတာင္းပန္ၾကည့္ရင္ သနားသြားေလာက္တယ္မလား။

"ဟို..မင္း.. မင္းခကို ေခၚမသြားပါနဲ႕လား ဦးေလးသက္"

ဦးသက္လြင္ စိတ္ရႈပ္စြာျဖင့္...

"မင္းခမွာ ေဆြမ်ိဳးဆိုလို႔ ငါတစ္ေယာက္ပဲရွိတာေလ။
သူ႕ဦးေလးေနာက္ သူကလိုက္မေနလို႔ ဘယ္သြားထားခဲ့ရမလဲ"

"ဒီ..ဒီမွာထားခဲ့ေလ"

ဦးသက္လြင္ မ်က္ေမွာင္ၾကဳတ္၍ သြန္းအုပ္အား ၾကည့္လိုက္သည္။ အနိုင္က်င့္တုန္းကက်င့္၊
တစ္ခ်ိန္လုံး မတူမတန္သလို ဆက္ဆံခဲ့တုန္းက ဆက္ဆံခဲ့ၿပီးေတာ့ အခုမွ မခြဲနိုင္၊မခြာရက္ျဖစ္ေနဟန္ႏွင့္။

"ဘာလို႔ထားခဲ့ရမွာလဲ။ ဒီမွာ ငါမရွိဘဲ သူက ေနစရာအေၾကာင္းမွမရွိတာ"

သြန္းအုပ္က စကားမေျပာေသးခင္ အသက္ဝဝရႈလိုက္ေသးသည္။ ပူပူေႏြးေႏြး ခ်စ္သူျဖစ္႐ုံရွိေသး... သူ႕ ဦးေလးေရွ႕ေျပာျပရမည္မို႔ နည္းနည္းေတာ့ စိတ္လႈပ္ရွားကာ ရွက္သလိုလည္းျဖစ္ေန၏။

"မင္းခနဲ႔ ကြၽန္ေတာ္ ေမတၱာမွ်ေနၾကပါၿပီ။ အဲ့ဒါေၾကာင့္..."

"ဘာကြ!!!!"

အရင္ကသာ သူ႕ကိုအဲ့လိုလာေအာ္လွ်င္ ဦးသက္လြင္ကို သူကလက္ပါၿပီးသား ျဖစ္ေနလိမ့္မည္။ သို႔ေသာ္ အခုခ်ိန္၌ မ်က္ႏွာခ်ိဳေသြးနိုင္မွ ေတာ္ကာက်မည္မို႔...

"ခဏေလးပါ။ သူ႕ကြၽန္ေတာ့္ကို ေပးဖို႔ေရးထားတဲ့စာ ရွိပါတယ္။ "

ဦးသက္လြင္က ေဒါသမ်ားထြက္ေနၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ သြန္းအုပ္အားၾကည့္ေန၏။

"ဟို..ကြၽန္ေတာ္ ဘယ္ခ်ခဲ့မိလဲမသိဘူး။
သြားရွာလိုက္ဦးမယ္။ ခဏေလးေနာ္...ဒီနားမွာပဲ ေစာင့္ေနဦးေနာ္ ဦးေလးသက္"

သြန္းအုပ္ အိမ္ထဲသို႔ျပန္ေျပးဝင္လာခဲ့သည္။ ထိုစာအား သူႏွင့္ဦးသက္လြင္တို႔ကို တိတ္တဆိတ္ေစာင့္ၾကည့္ေနသည့္
ဦးေက်ာ္ဦးက ျပန္ေကာက္ယူသိမ္းထားလိုက္သည္ကို သူမသိ။

မနက္ငါးနာရီပင္မခြဲေသးခ်ိန္မို႔ ပတ္ဝန္းက်င္၌
အလင္းပ်ပ်သာရွိေသးသည္။ သြန္းအုပ္အိမ္ထဲသို႔ ဝင္သြားခ်ိန္၌ ဦးေက်ာ္ဦးက ဦးသက္လြင္အနားသို႔ ေရာက္လာသည္။

"ေက်ာ္ဦး အေစာႀကီးပါလားကြ။ မမေလး
အလုပ္ခိုင္းထားတာ ရွိလို႔လား"

"ကြၽန္ေတာ္နဲ႕ ဂိုေဒါင္ထဲကို ခဏလိုက္ခဲ့ေပးနိုင္မလား"

ဦးေက်ာ္ဦး၏ စကားသံက ေအးစက္စက္နိုင္သည္။
သို႔ေသာ္ ထိုစကားသံက တည္ၿငိမ္ျခင္းမရွိ။ တုန္ယင္ေနသည္ကို ဖိနွိပ္ဖုံးကြယ္ထားရျခင္းမ်ိဳး။

ဦးေက်ာ္ဦး ေခါင္းၿငိမ့္ျပလိုက္သည္။

ဂိုေထာင္ထဲအေရာက္ ဦးေက်ာ္ဦး၏ အမူအရာမ်ားကပို၍ ထူးဆန္းလာသည္။ တိတ္ဆိတ္လ်က္ ေခါင္းကို စိုက္ခ်ထားသည့္ပုံစံက အျပစ္သားတစ္ဦးကဲ့သို႔။
ထို႔ေနာက္ ဦးသက္လြင္ေရွ႕ ဒူးေထာက္ခ်လိုက္၏။

ဦးသက္လြင္ မွင္သက္သြားမိသည္။

ဒီလူ ဘာေတြျဖစ္ေနတာလဲ။

အရက္နံ႕ေတြလည္းရေနတာေၾကာင့္ မူးေၾကာင္႐ူးေၾကာင္ ေလွ်ာက္လုပ္ေနသည္ဟု ေတြးလိုက္သည္။

"ထပါဗ်ာ။ ဘာေတြလုပ္ေနတာလဲ"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ က်.. ကြၽန္ေတာ္လည္း ေ႐ြးခ်ယ္စရာမရွိလို႔ပါ"

"ဘာကို အာ့..."

ဘယ္ဘက္ရင္အုံတည့္တည့္သို႔ ထိုးသြင္းလိုက္သည့္ အရာတစ္ခု...

ဒူးေထာက္ေနရင္းမွ ႐ုတ္တရက္ျပန္ထကာ
ဓားတစ္ေခ်ာင္းႏွင့္ ကိုယ့္ရင္ကို လာထိုးစိုက္လိုက္သည့္
ဦးေက်ာ္ဦးအား ဦးသက္လြင္ ေၾကာင္အစြာၾကည့္ေနမိဆဲ။

ဘာရန္ၿငိဳးေတြမ်ား ရွိခဲ့လို အခုလို...

စကားေျပာနိုင္စြမ္းပင္မရွိ၊ အသတ္ခံရသည့္ အေၾကာင္းအရင္းကိုပင္ သိခြင့္မရပါဘဲ အျမင္အာ႐ုံတို႔ ေဝဝါးလာကာ ဦးသက္လြင္၏ကမၻာက
ထာဝရေမွာင္မိုက္သြားခဲ့ရေလၿပီ။

----------------

မင္းခေပးသည့္စာကို ဘယ္နားခ်ခဲ့မိမွန္း မမွတ္မိေတာ့။

ေရးသည့္လူကလည္း စာေရးၿပီးခ်ခ်င္တဲ့ေနရာခ်ခဲ့ကာ ဖတ္သည့္လူကလည္း ဖတ္ၿပီး ဘယ္ေနရာ၌ ထိုစာကို ခ်ခဲ့မိမွန္းမသိသည့္ အျဖစ္ကိုေတြးရင္း သြန္းအုပ္မွာ ရယ္ရခက္။

စာရွာလို႔မေတြ႕သည့္အဆုံး ဦးသက္လြင္ဆီသို႔ ျပနိသြားလိုက္သည္။ ေနရာ၌ ဦးသက္လြင္ကိုမေတြ႕။ အိမ္ထဲသို႔ ျပန္လာသည္ကိုလည္းမျမင္။ မိနစ္ပိုင္းအတြင္း ေပ်ာက္သြားျခင္းမွာ သူ႕ကို စကားမေျပာခ်င္၍မ်ားလား။

ထိုစဥ္ ဂိုေထာင္ဘက္မွ တစ္ခုခုျပဳတ္က်သည့္အသံ ၾကားလိုက္ရ၍ ဂိုေထာင္ရွိရာသို႔ အျမန္ေျပးလာခဲ့သည္။

-------------

ႏိူးစက္နာရီက တတီတီအသံေပးမႈေၾကာင့္ မင္းခအိပ္ရာမွ
နိုးလာသည္။ မ်က္လုံးဖြင့္ဖြင့္ခ်င္း အထုတ္အပိုးမ်ားကို ျမင္လိုက္ရေတာ့ ဝမ္းနည္းစိတ္က ရင္ထဲလွိုက္ခနဲ
တက္လာျပန္၏။

ဟိုေတြးဒီေတြးႏွင့္ ေနာက္ဆုံးအေတြးေရာက္သြားတာက ကိုကို႔အတြက္ေရးခဲ့သည့္စာ။ ေပးရန္ ဦးေက်ာ္ဦး လက္ထဲထည့္ခဲ့ၿပီးခါမွ လန႔္သြားသည္။ ကိုကိုသာ
ဖတ္ၾကည့္ၿပီးလို႔ကေတာ့ သူ႔ကိုႏုတ္ႏုတ္စင္းၿပီးေတာ့မ်ား အေသသတ္မလားပဲ။

ထို႔ျပင္ အရမ္းေစာေနေသးသည္ဟု ျပန္စဥ္းစားမိသည္။
စာမေပးေတာ့ဟုဆုံးျဖတ္ၿပီး ဦးေက်ာ္ဦး၏အခန္းတံခါးအား သြားေခါက္လိုက္၏။

မၾကာလိုက္။ ဦးေက်ာ္ဦးက အခန္းတံခါးအား ဆြဲဖြင့္ေပးလာသည္။

"ဪ..ေနမင္းခ"

"ကြၽန္ေတာ့္ကို ဟိုစာေလးျပန္ေပးပါလား"

"ဪ ေအးေအး"

ဦးေက်ာ္ဦးေပးလိုက္သည့္ စာအိတ္ကို မင္းခေသခ်ာပင္
မၾကည့္ျဖစ္။ တစ္စုံတစ္ေယာက္က ဖြင့္ေဖာက္ကာ
ဖတ္ၿပီးသည္ကိုပင္ သတိမထားမိလိုက္။ စာအိတ္က သိသိသာသာ အဖြင့္ခံထားရသည့္ပုံ မေပၚတာေၾကာင့္လည္း ျဖစ္မည္။

ဒီစာကိုလက္စေဖ်ာက္မွျဖစ္မည္။ ဟုတ္သည္။

သြန္းအုပ္မျမင္ခင္ ဖ်က္ဆီးမွအဆင္ေျပမည္။
သြန္းအုပ္ သူ႕ကိုခ်စ္တာ၊မခ်စ္တာက 100 ရာခိုင္ႏႈန္း က်ိန္းေသေနေသးတာမဟုတ္။ ထိုစကားမ်ားေျပာရန္လည္း အခ်ိန္မက်ေသးေပ။

စာအိတ္ႏွင့္စာအား အိမ္ထဲတြင္မီး႐ိႈ့လ်ွင္ ေညွာ္နံ႕ထြက္မွာစိုး၍ အျမန္ပင္ ၿခံအေနာက္ဘက္သို႔သြားၿပီး မီးရွို႔လိုက္သည္။

အိမ္ႀကီးဆီသို႔ ျပန္မည္အျပဳ ဂိုေထာင္ရွိရာသို႔ အမွတ္တမဲ့ လွမ္းၾကည့္မိလိုက္ေတာ့ စိတ္ထဲတစ္မ်ိဳးျဖစ္သြားရ၏။ ဘာလို႔မွန္းမသိ။ မေကာင္းသည့္ အေငြ႕အသက္တစ္ခုကို ခံစားရသည္။

သံသယဆိုတာမ်ိဳးက ၾကာၾကာထား၍ မေကာင္းေသာအရာမို႔
ဂိုေထာင္ဆီကို သြားၾကည့္လိုက္ေတာ့....

!!

သူ႕အတြက္ ကမၻာပ်က္တာထက္ဆိုးတဲ့ျမင္ကြင္းမ်ိဳး။

ေသြးအိုင္ထဲလဲေနသည့္ အေလာင္းတစ္ခုႏွင့္ ဓားတစ္ေခ်ာင္းကိုင္ရင္း ထိုအေလာင္းကို အလြန္ထိတ္လန႔္စြာ ေၾကာင္ၾကည့္ေနသူတစ္ဦး။ ထိုႏွစ္ဦးက...

မင္းခ အသက္ပင္မရႈမိ။ အငိုသန္သည္ဟုပင္ဆိုရသည္အထိ မ်က္ရည္လြယ္ခဲ့သူက မ်က္ရည္မက်ေတာ့ေပ။

တကယ္ကို သူငိုလို႔မရေတာ့တာ။

ခ်လြမ္!

မတ္တပ္ရပ္လ်က္ အသိစိတ္လြတ္ေနသည္ဟုထင္ရသည့္ သြန္းအုပ္က မင္းခကိုျမင္ေတာ့ လက္ထဲက ေသြးစြန္းေနသည့္ဓားပင္ လြတ္က်သြားသည္။

ေတာင့္ေတာင့္ႀကီးရပ္ကာ မ်က္လုံးေသမ်ားႏွင့္
ဦးသက္လြင္၏ အေလာင္းကိုၾကည့္ေနသည့္ မင္းခအား ဆြဲလႈပ္လိုက္ရင္း..

"မင္းခ သတိထားဦးေလ။ တရားခံကို အျပစ္ေပးနိုင္မွာပါ။ မင္းခ ငိုခ်င္ရင္ ငိုခ်လိုက္"

သြန္းအုပ္က မင္းခ၏မ်က္ႏွာအား သူ႕ဘက္သို႔ဆြဲလွည့္ကာ စိုးရိမ္ႀကီးစြာျဖင့္ ေသခ်ာဂရုတစို္က္ၾကည့္ေပးရင္း...

"မင္းခ သတိထားဦးေလ။ တစ္ခုခုျပန္ေျပာဦး။ငါတစ္ေယာက္လုံး ရွိေသးတယ္ေလေနာ္"

"ကြၽန္ေတာ့္ကိုပါ သတ္ေပးပါလား"

အသံက အသက္မပါ။

ဟမ္ မဟုတ္ေသးဘူးေလ။
အခု ငါက ဘာလို႔?

"သြန္းေလး။  အမေလး!"

ေဒၚခင္မဟာ ထိုင္လ်က္သားပင္ ပစ္က်သြားသည္။

"အဲ့.... အဲ့ဒါေတြက?"

ေဒၚခင္မဟာကို သြန္းအုပ္ လွမ္းၾကည့္လိုက္စဥ္
သူမ၏ေနာက္၌ ရဲတပ္ဖြဲ႕ဝင္ေလး၊ငါးေယာက္ႏွင့္အတူ ေဒၚသီရိ၊ ဦးေက်ာ္ဦးကိုပါေတြ႕ရ၏။

ဦးေလးသက္ အသတ္ခံရတာ အေၾကာင္းၾကားၿပီးလို႔မ်ားလား။
ဒါေပမယ့္ ငါ အရင္ဆုံးျမင္တာမဟုတ္ဘူးလား။

ေဒၚသီရိက အက်ႌ၌ ေသြးကြက္မ်ားျဖင့္ ေပပြေနသည့္
သြန္းအုပ္ကိုၾကည့္လိုက္၊ အသိစိတ္လြတ္ေနသလို အၾကည့္မ်ားက ဦးသက္လြင္၏အေလာင္းကိုသာ
မမွိတ္မသုန္ ေၾကည့္ေနသည့္ မင္းခကိုၾကည့္လိုက္၊ ေသြးအိုင္ထဲတြင္လဲေနသည့္ ဦးသက္လြင္ကိုၾကည့္လိုက္ႏွင့္
ဘာေတြျဖစ္ကုန္ၿပီလဲဆိုတာကို မေတြးရဲေတာ့။

အခုေလးတင္ အိမ္ကိုရဲေတြေရာက္လာလို႔
အံ့ဩေန႐ုံရွိေသး... လက္ေထာက္စခန္းမႈး၏ စကားေၾကာင့္
ပို၍ေရွာ့ခ္ရသြားခဲ့ရသည္။

သြန္းေလးကို မူးယစ္ေဆးေတြသံုးေနပါသည္ဟု
သတင္းေပးအေၾကာင္းၾကားသူရွိသည္တဲ့။ ေဆးသုံးတာ ၾကာေနပုံရ၍ စိတ္က်န္းမာေရးျပႆနာမ်ား ရွိလာမည္ကို စိုးရိမ္ေသာေၾကာင့္ အေၾကာင္းၾကားရပါသည္ဟု ထိုလူက ေျပာခဲ့ေလသည္တဲ့။

သြန္းအုပ္၏အခန္းထဲသို႔ ဝင္ဝင္ခ်င္း မိနစ္ပိုင္းပင္မၾကာလိုက္။
အပင္ပန္းခံ ရွာေနစရာပင္မလိုဘဲ အခန္းထဲရွိ
စားပြဲအံဆြဲထဲ၌ အဆင္သင့္ေတြ႕လိုက္ရတာက အျဖဴအမႈန႔္ထုပ္ေလးတစ္ထုပ္။

သူမ အလြန္ပင္တုန္လႈပ္သြားရသည္။ အခုေတာ့ ပထမအမႈကို ေျဖရွင္းလို႔ရမည့္နည္းလမ္းကို စဥ္းစားလို႔မွမရေသး။ ေနာက္ထပ္အမႈက ပို၍ႀကီးသြားခဲ့ၿပီ။

သြန္းေလး မင္းတကယ္ကို...။

လက္ေထာက္စခန္းမႉးက အေျခအေနအား သုံးသပ္ၾကည့္႐ႈလိုက္ၿပီးေနာက္...

"ဒီက ေမာင္သြန္းအုပ္စိုးပိုင္ကို မူးယစ္ေဆးဝါးသုံးစြဲမႈ၊
လက္ဝယ္ထားရွိမႈနဲ႕ လူသတ္မႈသံသယရွိသူအျဖစ္ ဖမ္းလိုက္ပါၿပီ။"

??

"က်.. ကြၽန္ေတာ္ ဘာမွမလုပ္ထားဘူးေလ။ မင္းခ.."

အားကိုးႀကီးစြာျဖင့္ မင္းခ၏ လက္ေမာင္းအားဆြဲလႈပ္ရင္း သူဘာအမွားမွ မလုပ္ထားေၾကာင္းကို ကူေျပာေပးဖို႔ 
ေတာင္းဆိုခ်င္ခဲ့ေသာ္လည္း.....

သူကိုင္ထားသည့္လက္တို႔အား မင္းခက
ျဖဳတ္ခ်ပစ္လိုက္ရင္း...

"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ေလးသက္ေရွ႕က ထြက္သြားပါ၊ ခင္ဗ်ားကို သူကအရမ္းမုန္းေနမွာမလို႔"

"မင္းခ..ငါ"

"ကြၽန္ေတာ္လည္း ခင္ဗ်ားကိုမုန္းတယ္"

မ်က္ႏွာကိုပင္တစ္ခ်က္မွလွည့္မၾကည့္ဘဲ
တစ္လုံးခ်င္း ပီပီသသေျပာလိုက္သည့္ စကား။

အၾကားအာ႐ုံမ်ား မွားခဲ့ေလသလား။
လြန္ခဲ့သည့္တစ္နာရီဝန္းက်င္ေလာက္ကမွ သူ
တအားကို ေပ်ာ္ေနခဲ့ရတာေလ။ တအားကို ဝမ္းသာေနခဲ့ရတာ။

႐ုတ္တရက္ လက္ႏွစ္ဖက္ကိုဆြဲယူၿပီး ေငြေရာင္လက္ထိပ္ တစ္စုံျဖင့္ ခ်ဳပ္ေႏွာင္ျခင္းခံလိုက္ရသည္။ ျဖစ္ပ်က္သြားသမ်ွက ႐ုတ္တရက္ဆိုမွ တကယ့္ကို႐ုတ္တရက္ဆန္လြန္း၍ ေၾကာင္အစြာ ၿငိမ္သက္ေနမိ၏။

သူ႐ုန္းကန္ရန္ အင္အားမရွိ။ အျဖစ္အပ်က္မ်ားကို ဘယ္လိုမွလည္း နားမလည္ေတာ့။ ေျပာရမည့္စကားတို႔က လည္ေခ်ာင္းထဲ၌ တစ္ဆို႔ေနသည္။ မ်က္ရည္မ်ားသာ ၿဖိဳင္ၿဖိဳင္က်လ်က္ တစ္ေယာက္ေသာသူအား
ေမွ်ာ္လင့္တႀကီး ေမာ္ၾကည့္မိ၏။

ထို႔ေနာက္ က်န္ေနေသးသမွ် အားအင္တို႔ကိုသုံးကာ ေမွ်ာ္လင့္ခ်က္ အပိုင္းအစေလးတစ္ခုအား ဆုပ္ကိုင္ရင္း...

"တစ္ေလာကလုံး အထင္လြဲေနၾကရင္ေတာင္ မင္းသာ ငါ့ဘက္ကရပ္တည္ေပးမယ္ဆိုရင္ ငါ.."

"ေလးသက္ေရွ႕ကေန ထြက္သြားေပးပါ။
မဟုတ္ရင္လည္း  ကြၽန္ေတာ့္ကိုပါ သတ္သြားေပးပါ။"

"••••"

*****************TBC

31.May.22

[Unicode]

မနက်ဖြန်မနက်မိုးလင်းတာနဲ့ တူဝရီးနှစ်ယောက်သား ဒီအိမ်ကြီးကနေ ထွက်သွားတော့မှာမို့ ဦးသက်လွင်က အထုတ်အပိုးများအား သိမ်းဆည်းနေသည်။
မင်းခကလည်း စိတ်မပါလက်မပါဖြင့် ကူသိမ်းပေးနေရ၏။

ခေါက်ထားသောအင်္ကျီများအား သံသေတ္တာထဲသို့ ထည့်လိုက်သည်။ ထိုသေတ္တာဘေးရှိ သေသေချာချာ သော့ခတ်ထားသော သေတ္တာအသစ်လေး၏ အဖုံးကိုဖွင့်ကာကြည့်မိတော့ မျက်ရည်တို့ကကျလာပြန်၏။ အထဲ၌ ငယ်စဉ်ကတည်းကနေအခုချိန်ထိ သွန်းအုပ်ပေးခဲ့သမျှ အဝတ်အစား၊အသုံးအဆောင်လေးများက စီစီရီရီ။

ယောပုဆိုအနက် ကလေးဝတ်လေးနှင့် စတစ်ကော်လံအဖြူလက်ရှည်လေး။
ဂျင်းဘောင်းဘီဒူးကျလေးနှင့် တီရှပ်အစိမ်းလေး။
ရှပ်အင်္ကျီလက်ရှည်အပြာရင့်ရင့်လေး။
အနွေးထည်အဝါရောင်လေး။
စသဖြင့် စသဖြင့် သွန်းအုပ်ပေးခဲ့သမျှ အဝတ်အစားလေးများအား ကိုးတန်းနှစ်တုန်းက
မုန့်မစားဘဲ ရသမျှမုန့်ဖိုးအကုန်စုပြီး သေတ္တာအသစ်တစ်လုံး သက်သက်ထပ်ဝယ်ကာ တယုတယစုဆောင်းဖြစ်ခဲ့သည်။

အခုတော့.....

ကိုကိုရှိရာအရပ်သို့ ကျိန်းသေပြန်လာမည်ဟု တွေးထားပြီးသားဖြစ်သော်လည်း လောလောဆယ်မှာတော့ အရင်ခွဲရဦးမည်။

ဖြစ်ခဲ့သမျှကိစ္စတွေကို ပြန်ပြင်လို့မရနိုင်တော့ဘူးလား။
လေးသက်ကလည်း ခင်ထွေးလေးတို့အခုလိုဖြစ်သွားရတာကို ကိုကိုကြောင့်ဟုသာ တထစ်ချစွပ်စွဲနေတော့သည်။

အပြစ်လွတ်အောင် မနေတတ်သည့်သူကိုပဲ အပြစ်တင်ရမလား။
ထိုသူဘာလုပ်လုပ် အပြစ်မမြင်နိုင်သည့် ကိုယ့်ကိုယ်ကိုပဲ ဒဏ်ပေးရမလား။

ကိုကိုဟာ တော်တော်ဆိုးပါသည်။ ဒါကို သူလည်းသိသည်။လုံးဝခွင့်လွှတ်ချင်စရာမကောင်းသည့် အမှားမျိုးကိုလည်း ကျူးလွန်ခဲ့သေးသည်။ လူတကာကိုလည်း စိတ်ပူရအောင် အရမ်းလုပ်သည်။ အခုလည်း ဆေးလိပ်တွေ ပြန်သောက်နေတာကို တွေ့နေရပြန်ပြီ။

ရိုးရိုးသာမန်ဆေးလိပ်တွေလား။
ဒါမှမဟုတ်
အရင်တစ်ခေါက်တုန်းကလို
ဟိုတစ်စုံတစ်ယောက်က ပို့လိုက်တာတွေပဲလား။

မကောင်းသည့်အရာမှန်းသိလျက်နှင့် ဇွတ်တိုး၍လုပ်နေသူက ဆိုးမိုက်သည်ဟုဆိုပါလျှင် ထိုလူမိုက်အား စိတ်မကွက်ရက်၊ မထားရက်ခဲ့နိုင်သည့်ကိုယ်က ရူးသွပ်နေခြင်းပင်ဖြစ်လိမ့်မည်။
လေးသက် ဘယ်လိုပဲနားချနားချ ဒီအိမ်ကြီးဆီကနေ၊ ထိုသူ့အနားကနေ တစ်ဖဝါးမှမခွာချင်သည့်စိတ်တို့က မပျောက်ပျက်နိုင်။

ဦးသက်လွင် မင်းခအားလှမ်းကြည့်လိုက်သည်။ ကျောခိုင်းထားသည့် မင်းခက အသက်ရှိသေးလားဟု သံသယဝင်ရလောက်အောင်ပင် အဖုံးဖွင့်လျက်သားသေတ္တာရှေ့၌ မလှုပ်မယှက်ငူငူငိုင်ငိုင်ကြီး ထိုင်နေ၏။

ဦးသက်လွင် သက်ပြင်းမောတစ်ချက်ရှိုက်မိရင်း မင်းခရှေ့၌ ဝင်ထိုင်လိုက်သည်။ အနားသို့လူရိပ်ကျလာသည်နှင့်
မင်းခက မျက်ရည်များအား ကမန်းကတမ်းသုတ်ဖယ်ပစ်လိုက်သည်။ သို့သော်ငိုမဲ့မဲ့မျက်နှာကိုတော့ လျှပ်တပြတ်အတွင်း ဖုံးကွယ်မပစ်နိုင်။

မင်းခ၏ခေါင်းလေးအား ဦးသက်လွင်က ကြင်နာစွာ လက်ဖြင့်ပွတ်သပ်ပေးရင်း...

"ကလေးလေးလား ငိုနေရအောင်။ တော်ကြာဆို
ဆေးကျောင်းတောင်တက်ရတော့မယ့် ငါ့တူကြီးက။ မငိုရဘူးလေကွာ။ ယောကျ်ားလေးဆိုတာ ငယ်တုန်းကလေးဘဝမှာငိုတာက အကြောင်းမဟုတ်ဘူး။ လူကြီးဖြစ်လာတာတောင် ဝမ်းနည်းတိုင်းငိုနေရင် မင်းကိုစိတ်ပျော့တယ်လို့ ပြောကြမှာပေါ့။ နောက်ပြီး ကြည့်ပါဦး။ ဒီခန္ဓာကိုယ်ကြီးနဲ့ ငိုနေတယ်တဲ့။ မရှက်ဘူးလား"

ဦးသက်လွင်က ကလေးငယ်တစ်ယောက်ကို ချော့မြှူသလို နူးညံ့သာယာစွာဖြင့် မင်းခအား ချော့မော့နှစ်သိမ့်ပေးသည်။

"လေးသက်"

"ပြောလေ"

"သားမသွားချင်ဘူး။"

ပြောရင်းနှင့် မင်းခက ဦးသက်လွင်၏ခါးအား သိမ်းကြုံးဖက်လိုက်သည်။ ဦးသက်လွင်၏ရင်ဘက်ပေါ် ခေါင်းအပ်ရင်း ကလေးတစ်ယောက်လိုမျိုး တရှုံ့ရှုံ့နှင့်ငိုပြန်လေ၏။

ကိုယ့်တူလေး ဘယ်လောက်ဝမ်းနည်းနေမည်ကို ခံစားမိသည်။ ဒါကြောင့်လည်း ဘာမှမပြောတော့ဘဲ ကျောပြင်ကိုသာ ခပ်ဖြည်းဖြည်းပုတ်ပေးရင်း နှစ်သိမ့်ပေးနေလိုက်၏။ တကယ်ဆို သူကိုယ်တိုင်ကလည်း ဒီအိမ်၊ဒီခြံကြီးနှင့် ဒီကလူတွေကို သံယောဇဉ်ရှိပါသည်။

သို့သော် ဆက်နေလျှင်လည်း ကိုယ့်တူဖြစ်သူနှင့် သွန်းလေးတို့က ပို၍နီးစပ်လာကာ မသင့်တော်တာတွေ ဖြစ်ကုန်လိမ့်မည်။ ကိုယ့်သွေးသားရင်း ကိုယ့်တူလေးအား လူတကာကဝိုင်းလက်ညှိုးထိုး ကဲ့ရဲ့မည့်အဖြစ်သို့ ရောက်သွားမှာကို သူစိုးရိမ်သည်။

ပတ်ဝန်းကျင်ကို ထည့်မတွက်ကြဘူးပဲ ထားလိုက်ပါဦးတော့။ သွန်းလေးကလည်း မင်းခကိုချစ်သည်ပဲ ဆိုစေဦး။
ထိုကလေး၏ အပြောအဆို၊ လူမှုဆက်ဆံရေး၊ အကျင့်စရိုက်တို့က ဘာဆိုဘာမှလက်ခံပေးချင်စရာမရှိ။ ကိုယ့်တူလေး စိတ်မချမ်းသာတာမကြည့်ရက်၍ ပတ်ဝန်းကျင်ကိုလျစ်လျူရှုပြီး မင်းခ၏ဆန္ဒ လိုက်လျောပေးရလောက်အောင်အထိ သွန်းလေး၏အချိုးများက စေတနာရှိချင်စရာ ဖြစ်မနေပေ။

အဆိုးဆုံးကတော့ လူကြီးတွေကြားထဲမှာပါ ပြဿနာအဖုအထစ်တို့က ရှိသွားခဲ့ပြီ။ အကောင်းဆုံးကတော့ ဒီအိမ်ကြီးနှင့်ရော ဒီအိမ်ကလူများနှင့်ပါလမ်းခွဲကာ  ရေစက်ဖြတ်တောက်ပစ်လိုက်ခြင်းသာဖြစ်၏။

ဒီလိုမှမလုပ်ရင်လည်း သွန်းလေးအတွက်ဆိုလျှင်
နာမည်ဆိုးနာမည်ပျက်ခံယူရန်၊ ကိုယ့်အနာဂတ်ကိုတောင်
လျစ်လျူရှုပြီး မိန်းမတစ်ယောက်ကောက်ယူပစ်ရန်အထိ ရူးကြောင်ကြောင် စဉ်းစားလုပ်ကိုင်ခဲ့သည့် မင်းခက
နေမြင့်လေလေ၊ အရူးရင့်လေလေဖြစ်လာမှာကို စိုးရသည်။

မင်းခ၏ ကျောလေးအားပုတ်ပေးနေရင်း...

"မတွေ့တာကြာရင် ဒီအိမ်နဲ့ပတ်သက်တာမှန်သမျှ မေ့သွားပါလိမ့်မယ်ကွာ။ ငါ့တူလေးက ကလေးလည်းမဟုတ်တော့ဘူး။ ထစ်ခနဲရှိ မျက်ရည်တစမ်းစမ်း မလုပ်ရဘူး။ ဝမ်းနည်းရင်လည်း မငိုမိအောင်ထိန်း။ နောက်ပြီး လူတွေအပေါ် ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပွင့်လင်းပြလွန်းအားကြီးရင်လည်း မကောင်းဘူး။ ကိုယ့်ကိုမကောင်း ကြံချင်ရင်တောင် အားနည်းချက်ရှာဖို့လွယ်သွားရောလေ"

"....."

"ကလေးမဆန်နဲ့တော့ မင်းခ။ လေးသက်က မင်းကို
မင်းရဲ့ခန္ဓာကိုယ်ကြီးလိုပဲ မင်းရဲ့စိတ်ကိုပါ သန်သန်မာမာကြီး ဖြစ်နေစေချင်တာ။ လူတစ်ယောက်ကို
သံယောဇဉ်တွယ်လွန်းတာလည်း မကောင်းဘူး။
လက်လွှတ်ဆုံးရှုံးရမှာကို ကြောက်လွန်းတာလည်း မကောင်းဘူး။ လေးသက်တို့ရှေ့မှာနေသလို မနေနဲ့တော့။ မင်းအပြင်လူတွေနဲ့ပြာဆိုဆက်ဆံတဲ့အခါ လူကြီးဆန်ဆန် နေတယ်မလား။ အေး.. အဲ့လိုပဲအမြဲနေ"

"....."

"ငါ့တူလေးက လိမ္မာပါတယ်။ လေးသက်စိတ်ချလို့ရမယ်မလား"

မင်းခက ငြိမ်၍သာနားထောင်နေသည်။ မျက်နှာကို ဦးသက်လွင်၏ ရင်ဘက်မှာကပ်ထားဆဲ။ မျက်ရည်များကတော့ မကျတော့။ အငိုရပ်သွားပြီ။

ဟုတ်သားပဲ။
ဒီလောက် ဝမ်းနည်းနေဖို့မှမလိုတာ။
ကျောင်းအပ်တာတွေ၊ ကျောင်းတတ်တာတွေလုပ်ရင်တောင်
ကိုကို့ကို အပြင်လာခဲ့ဖို့ပြောပြီး တွေ့လို့ရသေးတာပဲကို။
နောက်ဆိုရင် အမြဲတမ်းအတူနေနိုင်ဖို့ ကြိုးစားမှာပဲကို။

ခဏလေးပါ။ ခဏလေးပဲ။

------------------

"လေးကျော်ဦး"

ခလွမ်

မင်းခ၏အသံကြောင့် အခန်းထဲ၌ ရဲဆေးတင်နေသည့် ဦးကျော်ဦး သောက်လက်စ အရက်ခွက်ကလေးပင် လွတ်ကျသွားရသည်။ စာအိတ်တစ်ခုကိုကိုင်၍ ဦးကျော်ဦး၏အခန်း (ယခင်က ကိုအေးထွန်းနှင့် နှစ်ယောက်အတူနေရသည့်အခန်း)ထဲသို့
မင်းခက ဝင်လာသည်။

"လေးကျော်ကို လာနှုတ်ဆက်တာ"

ဦးကျော်ဦးက မင်းမျက်နှာမြင်ရုံနှင့်ပင် ဇောချွေးများပြန်နေပြီ။
သို့သော်လည်း ဟန်မပျက်ထိန်းရင်း....

"အေးကွာ။ ဒီအိမ်ကြီးထဲလည်း လုံးဝကို တိတ်ဆိတ်ခြောက်ကပ်ပြီး ကျန်ခဲ့တော့မှာပဲ။ ခင်ထွေးအဘွားကလည်း အလုပ်ထွက်ပြီး ရိပ်သာအပြီး ဝင်တော့မယ်ဆိုတော့ ဘယ်သူမှတောင်မရှိတော့ဘူး"

မင်းခ သက်ပြင်းတစ်ဖွချမိသည်။ အကြောင်းကြောင်းကြောင့်သာ သူလည်း လေးသက်အမိန့် နာခံလိုက်ရသည်။ လူရင်းမရှိတော့သည့် ဒီအိမ်ကြီးထဲ၌ ကိုကို့တစ်ယောက်တည်း ထားခဲ့ရမှာကိုတော့ စိတ်သိပ်မချလှ။

"အကိုလေးကို ဂရုစိုက်ပေးပါ လေးကျော်။
ကျွန်တော် တောင်းဆိုတာပါ။ ကျွန်တော် ဒီအိမ်ကဖုန်းကို လှမ်းလှမ်းဆက်မယ်။ အကိုလေးဘာလုပ်လုပ် ကျွန်တော့်ကို သိသလောက် အကုန်ပြောပြပေးပါဦး။ ကျွန်တော် အခု ဖုန်းလေးဝယ်ထားတယ်။ ရော့ ဒါကျွန်တော့် ဖုန်းနံပါတ်"

မင်းခက အိတ်ကပ်ထဲရှိ မော်ဒယ်နိမ့်ဖုန်းလေးကိုပြရင်း ဖုန်းနံပါတ်ရေးထားသည့် စာရွက်လေးကိုပါ ထုတ်ပေးလိုက်သည်။

"အချိန်မှန်လုပ်စရာရှိတဲ့ အလုပ်တွေအတွက် အကိုလေးကို ကျွန်တော်လှမ်းပြီးသတိပေးဖြစ်မှာပါ။ အကိုလေး ဆေးလိပ်တွေ၊ အရက်တွေဝယ်ခိုင်းလည်း မဝယ်ပေးနဲ့နော်"

"......"

"အကိုလေးကို အစစအရာရာ ဂရုစိုက်ပေးပါ။ အမြန်ဆုံးနည်းနဲ့ အကိုလေးအနားကို ပြန်လာနိုင်အောင် ကျွန်တော် ကြိုးစားမှာမလို့ ဒီကြားထဲမှာတော့ ကျွန်တော့်ကိုယ်စား လေးကျော်က တာဝန်ယူပေးပါ။ ကျေးဇူးပြုပြီး လေးကျော်ရဲ့သားအရင်းလေးတစ်ယောက်လို ဘာအန္တရာယ်မှမဖြစ်အောင် စောင့်ရှောက်ပေးပါဦး လေးကျော်"

ဦးကျော်ဦး ကိုယ့်လိပ်ပြာကိုယ်မလုံ။ တကယ်ဆို သူကမှ အန္တရာယ်ပေးဖို့ပြင်ဆင်နေသူ မဟုတ်ပါလား။

မင်းခအား မျက်လုံးချင်းဆုံမှာကိုစိုးရွံ့စွာဖြင့် အကြည့်တို့ကိုလွှဲလိုက်ကာ ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်ရင်း...

"အေးပါကွာ..ငါဂရုစိုက်ပေးပါ့မယ်။"

မင်းခက အသင့်ယူလာသည့်စာတစ်စောင်ကို ဦးကျော်ဦး၏လက်ထဲသို့ ထည့်ပေးလိုက်ရင်း..

"မနက်ကျရင် ကျွန်တော်တို့သွားပြီဆိုမှ ဒီစာအိတ်လေးကို အကိုလေးလက်ထဲထည့်ပေးပါ လေးကျော်"

"အေးအေး"

"လေးကျော်လည်း ကျန်းမာရေးဂရုစိုက်ဦး။”

"အေးပါကွာ။"

"ဟို.. နောက်ပြီး အကိုလေးရဲ့ ဘာကိစ္စပဲဖြစ်ဖြစ် ကျွန်တော့်ကို ဖုန်းဆက်ပြီးပြောပြပေးပါဦးနော်။"

"အေး..အေး စိတ်ချ"

မင်းခက စိတ်မချသေးဟန်ဖြင့် ထပ်ပြီးမှာကြားချင်နေသေးသလို
ပါးစပ်တပြင်ပြင်ဖြစ်နေပြီးမှ အားနာလာ၍ထင်သည်။ သက်ပြင်းတစ်ချက်ရှိုက်ကာ မချိပြုံးလေးတစ်ခုဖြင့် နှုတ်ဆက်ရင်း သူ့အခန်းထဲသို့ ပြန်ဝင်သွား၏။

မင်းခအား ဦးကျော်ဦး မျက်စိတဆုံးငေးကြည့်နေမိရင်း...

တောင်းပန်ပါတယ် မင်းခရယ်…
ငါလေ ငါ တကယ်ကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။

-----------------

ring! ring!

ဝရန်တာတွင် စီးကရက်တစ်လိပ်ထိုင်သောက်ရင်း
အတွေးလွန်နေချိန် ရုတ်တရက်မြည်လာသည့်ဖုန်းသံကြောင့်
သွန်းအုပ် မျက်မှောင်ကြုတ်မိသည်။ ဒီအချိန်ကြီး ဘယ်လိုလူကများ ဖုန်းလာခေါ်နေရတာလဲ။ စိတ်မကြည်လင်တာမို့ ဖုန်းကိုချပစ်လိုက်သည်။

ding! !

ထိုဖုန်းနံပါတ်နှင့်ပင် messsageတစ်စောင်က ဝင်လာပြန်သည်မို့ သွန်းအုပ်အမှတ်တမဲ့ ဖတ်မိလိုက်သည်။

"မင်းအတွက် စိတ်မကောင်းဘူးကွာ"

စာကိုဖတ်အပြီး ပထမဆုံးသတိရသွားမိသူက မိုးသား။

တောက်!

"ကိုယ်ချစ်တဲ့သူက ကိုယ့်အနားကနေ ထွက်သွားတော့မှာကို ဘာမှမလုပ်ဘဲထိုင်နေနိုင်တာ ငါဖြင့်အံ့ဩလို့မဆုံးဘူး။"

သွန်းအုပ် စိတ်တိုတိုဖြင့် ဖုန်းပြန်ခေါ်လိုက်သည်။ မိုးသားဆိုသည့်ကောင်နှင့် ပွင့်ပွင့်လင်းလင်းပြောမှရတော့မည်။ ဘာလိုချင်တာလဲ။ ဘာဖြစ်ချင်နေတာလဲ။

ညီအစ်ကိုဆိုသော်လည်း တစ်ယောက်နှင့်တစ်ယောက်က မမွေးခင်ကတည်းက ရန်သူတွေဖြစ်ခဲ့ကြတာမို့ အခုလို ခိုးလုခုလုဖြစ်အောင် လာလာလုပ်နေခြင်းကလည်း
သူ့ကို ဒုက္ခရောက်ဖို့တိုက်တွန်းနေခြင်းဆိုတာ သေချာသည်။

ဖုန်းခေါ်လိုက်တော့ တစ်ဖက်က ဖုန်းဝင်ဝင်ချင်း တန်းဖြေသည်။

"မင်းဘက်ကစပြီး ဖုန်းခေါ်တာ ဒါပထမဆုံးပဲ သွန်းအုပ်စိုးပိုင်"

"စကားရှည်မနေနဲ့၊ မင်းဘာဖြစ်ချင်နေတာလဲ။
မင်းဘယ်သူလဲဆိုတာ ငါသိပြီးနေပြီ၊ ဘာလို့ ငါ့ကို လာလာပြီးနှောင့်ယှက်နေရတာလဲ"

"......"

"မင်းဘဝနဲ့မင်း အေးဆေးနေလို့မရဘူးလား
ဟမ်! ဘာလဲ ငါ့အမွေတွေကို လိုချင်လို့ငါ့ကို ရူးပြီးသေအောင်လုပ်နေတာလား။ ပြောလေ..ေ-ာက်ကောင်"

"ဟေ့ကောင်၊ သေနေသလို ငြိမ်မနေနဲ့! ပြောလေ! ငါ့ကို
ဘာလို့လိုက်နှောင့်ယှက်နေတာလဲ"

"ခုချိန်မှာ မင်းငါ့ကိုအော်နေမယ့်အစား တခြားအကျိုးရှိတာ တစ်ခုခုလုပ်ဖို့မတွေးမိဘူးလား"

"ဘာ?"

"မင်းနားကန်းနေတာတော့ မဟုတ်ဘူးမလား။ ဟက်!
မင်းရဲ့တစ်ဦးတည်းသော အချစ်ဆုံးပုဂ္ဂိုလ်လေးက
မနက်ဖြန် မင်းကိုထားသွားတော့မှာလေ"

"မင်း ေ-ာက်ပါးစပ်ကိုပိတ်!!"

သွန်းအုပ် အသားတို့တဆက်ဆက်တုန်လာရင်း အော်မိလိုက်သည်။

"ငါ့ကို မင်းခက ဘယ်တော့မှထားခဲ့မှာမဟုတ်ဘူး။ သေချာတယ်။ သူငါ့ကိုကတိပေးပြီးသား။ ငါ..ငါ"

သွန်းအုပ် စကားဆက်မပြောနိုင်ဘဲ စကားတို့က
လည်ချောင်းဝမှာ တစ်ဆို့နေသည်။ အဆုံးထိ သူက
မင်းခ သူ့ကိုထားမသွားဘူးဟူ၍ ယုံကြည်ချင်နေခဲ့တာမို့ အခုချိန် တခြားတစ်ယောက်က သတိပေးသလိုပြောလာချိန်၌ စိတ်တို့ကိုမထိန်းချုပ်နိုင်ခဲ့။ ဖုန်းဆက်မပြောနိုင်... ချပစ်လိုက်ရသည်။ တစ်ဖက်ကလည်း ပြန်လည်၍ ဖုန်းမခေါ်ဆိုခဲ့။

နောက်ဆုံးတော့လည်း သူအကြောက်ဆုံးအချိန်တစ်ခုကို
ရောက်လာခဲ့ပြီလား။

တစ်ညလုံး ဝရန်တာမှာထိုင်ကာ အတွေးများနေမိသည်။ မင်းခကို သူ့အနားကနေထွက်မသွားအောင်
ဘယ်လိုလုပ်ရမလဲ။ တစ်ညလုံးစဉ်းစားရင်း မနက်ဝေလီဝေလင်း ငါးနာရီလောက်ရောက်တော့
သွန်းအုပ် ဘာလုပ်သင့်လဲဆိုတာကို ဆုံးဖြတ်နိုင်သွား၏။

---------------------

ဂျောက်!

မင်းခတို့အခန်းဘက်မှ တံခါးဂျက်ဖွင့်သံကြားသည်နှင့်
ဦးကျော်ဦး အသင့်ပြင်ဆင်လိုက်သည်။

အခန်းတံခါးဖွင့်ကာ ထွက်သွားသူနောက်သို့
ခြေသံလုံလုံဖြင့် အနီးကပ်လိုက်သွားစဉ် ပုဆိုးကြားတွင်ထိုးထားသော မင်းခပေးထားသည့် စာအိတ်လေးက ကျကျန်ရစ်ခဲ့၏။

-

-

"ကျေးဇူးပြုပြီး စာကိုဆုံးအောင်ဖတ်ပေးပါ.. ကိုကို"

ကိုကို?

မင်းခ၏ ခပ်သော့သော့လက်ရေးလေးဖြင့်
ရေးထားသည့် ပထမဆုံးစာကြောင်းမှာတင် သွန်းအုပ်ရင်ခုန်သံများ မြန်ဆန်လာသည်။ ဆက်မဖတ်ရဲသေး၍ စာရွက်ကို ခဏပြန်ခေါက်ထားသည်။ ဗရမ်းဗတာနှင့် ခုန်ပေါက်နေသောနှလုံးသားလေး နည်းနည်းလောက် အိန္ဒြေရလိုရငြား ပြန်ထိန်းကြည့်၏။

အဲ့ဒီ 'ကိုကို' ဆိုတဲ့စကားလုံးကို မင်းခခေါ်လာဖို့ ဘယ်လောက်တောင် မျှော်လင့်ခဲ့ရတာပါလိမ့်။

စတွေ့ဖူးတဲ့ ကလေးဘဝကတည်းက
'ကိုကိုသွန်းလေး'ဆိုတာထက် 'ကိုကို'ဆိုတဲ့ခေါ်သံကို တိတ်တဆိတ်ပိုမျှော်လင့်ခဲ့မိတာလေ။

သွန်းအုပ်စိတ်လှုပ်ရှား၍ တုန်ရီချင်နေသည့် လက်များဖြင့် စာရွက်အား ပြန်ဖွင့်ကာဖတ်လိုက်သည်။ သူ့ပုံစံက ကြိတ်ချစ်နေရသည့် ကောင်လေးဆီမှ
ရည်စားစာပေးခြင်းခံရသည့် ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုလေးတစ်ဦးလိုလို...

"ကျွန်တော် ဝန်ခံခဲ့ချင်တယ်။ ကျွန်တော် ကိုကို့ကိုချစ်တယ်။ အရင်က ဆုံးဖြတ်ချက်ကတော့ နောက်ခြောက်နှစ်ကျော် ခုနစ်နှစ်လောက်ကျမှ ဖွင့်ပြောဖို့ပဲ။ ဒါပေမယ့် ကျွန်တော် စိတ်မချဘူး။ ကျွန်တော် ကိုကို့အနားမှာရှိနေတဲ့အချိန်
ကိုကို တခြားသူတစ်ယောက်ကို ချစ်မိသွားမှာကို အရမ်းစိုးရိမ်တယ်။

ကျွန်တော် ကိုယ်တိုင်လည်း ရိပ်မိခဲ့ပေမယ့် မယုံတဝက်ယုံတဝက်ပဲ။ ခင်ထွေးလေးကလည်း ပြောခဲ့တယ်ဆိုတော့ ယုံကြည်သွားတယ်။ ဘေးကလူတွေတောင် ကိုကို့စိတ်ကို မြင်နေခဲ့တယ်လေ။ ကျွန်တော်ယုံသင့်တယ်မလား။

ကိုကိုလည်း ကျွန်တော့်ကို ချစ်နေတယ်မလား"

သွန်းအုပ် ကြည်နူးစွာပြုံးလိုက်သည်။ ယုံသင့်တာပေါ့။
ယုံကိုယုံရမှာ။

"ထားပါ ကျွန်တော်တို့ ချစ်သူတွေဖြစ်သွားပြီပဲ။
အဲ့ဒီတော့ အရင်က ကိုကို ကျွန်တော့်ကို
စည်းကမ်းချက်တွေထုတ်ခဲ့သလိုမျိုး ကိုကို့ကိုလည်း ကျွန်တော်က ကိုကိုလိုက်နာရမယ့် စည်းကမ်းချက်တွေရေးပေးခဲ့မယ်။"

ရယ်ချင်သွားသည်။ ဒါဘယ်လိုကောင်လေးလဲ?
တစ်ဖက်ကလူရဲ့ အဖြေကိုတောင်မစောင့်ဘဲ ကိုယ့်ကိုယ်ကို အထင်တွေကြီးနေလိုက်တာ။

"No(1)
ဆေးလိပ်၊ကွမ်းယာ၊အရက် အစရှိသည့်
မူးယစ်ဆေးဝါးများအား လုံးဝ လုံးဝအသုံးမပြုပါနှင့်။

No(2)
အပျော်အပါးလိုက်စားခြင်း အထူးရှောင်ကြဉ်ပါ။"

ဒါက ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာတွေကို အရမ်းယုံကြည်တဲ့
သဘော။

"No(3)
အစာစားချိန်ရောက်လျှင် ပုံမှန်အစားစားပါ။

No(4)
အားရင်အားသလို နေ့တိုင်း ဖုန်းဆက်နေမှာမလို့ အမြဲတမ်း ဖုန်းနှင့်လူမကွာရှိနေပါစေ။

No(5)
ဘယ်သူနဲ့မှ ရန်မဖြစ်ပါနှင့်။

No(6)
အရင်တုန်းကလိုပဲ ဘုရားနေ့တိုင်းရှိခိုးပြီး လေ့ကျင့်ခန်း လည်း ပုံမှန်လုပ်ပါ။

No(7)
စာ ပုံမှန်ကျက်ပါ။

No(8)**
ကျွန်တော့်ကို နေ့တိုင်းသတိရပြီး အချိန်တိုင်းချစ်နေပေးပါ။

No(9)
ကျွန်တော်ကလွဲပြီး ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် မချစ်မိပါစေနဲ့။

No(10)
ကျိန်းသေပေါက် ကျွန်တော်က အမြန်ဆုံး ကိုကိုရှိတဲ့အရပ် ပြန်လာမှာမလို့ ဆက်ဆက်စောင့်နေပေးပါ။

ကျွန်တော်ကမလာနိူင်ရင်လည်း ကိုကိုက ကျွန်တော့်ဆီ လာခဲ့ပေးမယ်မဟုတ်လား"

စာဆုံးသွားတော့ သွန်းအုပ်ခမျာ မတ်တပ်ရပ်ရင်းသားကနေ မလှုပ်နှိုင်မရှားနိုင်။

ခြေထိုးပြီး ငိုချရတော့မလို၊ ကဆုန်ပေါက်ပြီး ထခုန်ရတော့မလို ခံစားချက်က
ရည်းစားစာအပေးခံရတာကြောင့်လား။
နေဦး.. ရည်းစားစာလည်း မဟုတ်သေး။
မမျှော်လင့်ထားသည့်စကားအား မထင်မှတ်ထားသည့်နေရာ၌ အမှတ်မထင်စာတစ်စောင်ဖြင့် အပြောခံရခြင်း။

ေ-ာက်ကလေး! စောစောကတည်းက ပြောပါတော့လား။  သူ့မှာ သူများစကားကိုယုံပြီး စိုးရိမ်စိတ္တဇတွေနဲ့ ဘယ်လောက်တောင် ကြောက်နေခဲ့ရသလဲ

သွန်းအုပ်စာအိတ်လေးကိုယူပြီး အပေါ်ထပ်ပြန်တတ်ရန် ပြင်ပြီးမှ...

နေပါဦး ဒီေ-ာက်ကလေးကတော့။
ပါးစပ်ကတောင်ဖွင့်မပြောဘဲ ဒီအတိုင်းစာလေးတစ်စောင်နဲ့ နှစ်သိမ့်ပြီးထားခဲ့မယ့်သဘောလား။

မရဘူး..ငါ့ကိုအဲ့လိုလာလုပ်လို့။
နောက်ပြီး အထင်လွဲနေတာတွေကိုလည်း သူရှင်းပြတာ နားထောင်ပေးသင့်သေးတယ်လေ။

သွန်းအုပ် မကျေနပ်စွာဖြင့် တွေးလိုက်သည်။
မင်းခကိုအနားမှာ အမြဲရှိစေချင်သည့်အတ္တအပြင် လက်မလွှတ်ချင်သည့်လောဘကပါ ပိုကြီးသွားပြီ။

မင်းခကိုခေါ်မသွားစေရန်အတွက် မူလကအစီအစဉ်အတိုင်းပင် ဦးသက်လွင်အား တောင်းပန်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

ဘယ်သူ့ကိုပဲ ဘယ်လိုတောင်းပန်ရ၊တောင်းပန်ရ..
မင်း ငါ့အနားက ထွက်မသွားစေဖို့
မာနတွေကို လွှင့်ပစ်ရ၊ပစ်ရ။

ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်နေပြီး မနက်ဖြန်များအတွက် စိတ်ကူးယဉ်ကာ အရာရာကိုမေ့ပြီး ပျော်နေမိသည်။ သို့သော်ငြား မနက်ဖြန်ဆိုသည်က ကြိုတွေး၍ရသည့်အရာ မျိုးတော့ လုံးဝမဟုတ်ခဲ့ပေ။

----------------

မနက်ငါးနာရီ၌ ဦးသက်လွင် အိပ်ရာမှနိုးလာခဲ့သည်။ မနက်၈နာရီလောက်ဆိုလျှင် ပစ္စည်းပစ္စယများကိုသယ်ပြီး ကားဂိတ်သို့လိုက်ပို့ပေးရန် ကားတစ်စီးလည်း ငှါးပြီးဖြစ်တာမို့ ကိုယ်က ထုတ်ပိုးပြီးအထုတ်အပိုးများအား ကားပေါ်သို့တင်ရန်သာ ကျန်တော့၏။

လုပ်စရာသိပ်မရှိတော့တာမို့ နောက်ဆုံးအကြိမ်အဖြစ် ခြံထဲလမ်းခဏဆင်းလျှောက်ရန်သာတွေးမိပြီး
မျက်နှာသစ်၊သွားတိုက်ကာ ခြံထဲသို့ဆင်းလာခဲ့လိုက်၏။

ခြံထဲသို့ရောက်တော့ စိတ်ထဲတွင်မကောင်းလှ။ အများကြီးပြောင်းလဲသွားသည်။ သူတို့နေထိုင်ခဲ့သည့် အလုပ်သမားတန်းလျားကြီးက အရင်လိုမဟုတ်တော့။

တိုက်ခန်းလေးများက အချောမကိုင်ရသေးသော်လည်း အခုလိုအကြမ်းထည်လေးကပင် နေချင်စဖွယ်။

သို့သော် နေထိုင်စေရန်ရည်ရွယ်ခဲ့သည့်သူများက
မရှိကြတော့။ ဦးသက်လွင် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ဦးလေးသက်"

ရုတ်တရက် သွန်းအုပ်ကအနောက်ဘက်မှ ခေါ်လိုက်တာကြောင့် ဦးသက်လွင်
အနည်းငယ်ကြောင်အသွားသည်။

သွန်းအုပ်ကိုကြည့်လိုက်တော့ စိတ်လှုပ်ရှားနေပုံရသည်။ အလင်းရောင်သိပ်မရသေးချိန် ဖြစ်နေ၍များ
သူ အမြင်မှားနေသလား။

"ကျွန်တော်ပြောစရာရှိလို့ ဟိုကွပ်ပျစ်ပေါ်
သွားထိုင်ကြရအောင်လား ဦးလေးသက်။"

သွန်းအုပ်က အတူထိုင်ရန် တွန့်ဆုတ်နေသည်။ သူ့အား ကြောက်ရွံ့နေပုံတောင်ရသေး၏။

ဘာဖြစ်နေတာလဲ။ ဒီကောင်လေး အူကြောင်ကြောင်နဲ့။

သွန်းအုပ် သက်ပြင်းများကို အကြိမ်ကြိမ်ချနေမိသည်။
ဘယ်သူမှမမြင်လောက်ဘူးမလား။ ခြံထဲမှာလည်း ဘယ်သူမှမရှိသေးတုန်း ဒူးထောက်ပြီးတောင်းပန်ကြည့်ရင် သနားသွားလောက်တယ်မလား။

"ဟို..မင်း.. မင်းခကို ခေါ်မသွားပါနဲ့လား ဦးလေးသက်"

ဦးသက်လွင် စိတ်ရှုပ်စွာဖြင့်...

"မင်းခမှာ ဆွေမျိုးဆိုလို့ ငါတစ်ယောက်ပဲရှိတာလေ။
သူ့ဦးလေးနောက် သူကလိုက်မနေလို့ ဘယ်သွားထားခဲ့ရမလဲ"

"ဒီ..ဒီမှာထားခဲ့လေ"

ဦးသက်လွင် မျက်မှောင်ကြုတ်၍ သွန်းအုပ်အား ကြည့်လိုက်သည်။ အနိုင်ကျင့်တုန်းကကျင့်၊
တစ်ချိန်လုံး မတူမတန်သလို ဆက်ဆံခဲ့တုန်းက ဆက်ဆံခဲ့ပြီးတော့ အခုမှ မခွဲနိုင်၊မခွာရက်ဖြစ်နေဟန်နှင့်။

"ဘာလို့ထားခဲ့ရမှာလဲ။ ဒီမှာ ငါမရှိဘဲ သူက နေစရာအကြောင်းမှမရှိတာ"

သွန်းအုပ်က စကားမပြောသေးခင် အသက်ဝဝရှုလိုက်သေးသည်။ ပူပူနွေးနွေး ချစ်သူဖြစ်ရုံရှိသေး... သူ့ ဦးလေးရှေ့ပြောပြရမည်မို့ နည်းနည်းတော့ စိတ်လှုပ်ရှားကာ ရှက်သလိုလည်းဖြစ်နေ၏။

"မင်းခနဲ့ ကျွန်တော် မေတ္တာမျှနေကြပါပြီ။ အဲ့ဒါကြောင့်..."

"ဘာကွ!!!!"

အရင်ကသာ သူ့ကိုအဲ့လိုလာအော်လျှင် ဦးသက်လွင်ကို သူကလက်ပါပြီးသား ဖြစ်နေလိမ့်မည်။ သို့သော် အခုချိန်၌ မျက်နှာချိုသွေးနိုင်မှ တော်ကာကျမည်မို့...

"ခဏလေးပါ။ သူ့ကျွန်တော့်ကို ပေးဖို့ရေးထားတဲ့စာ ရှိပါတယ်။ "

ဦးသက်လွင်က ဒေါသများထွက်နေပြီး မျက်မှောင်ကြုတ်လျက် သွန်းအုပ်အားကြည့်နေ၏။

"ဟို..ကျွန်တော် ဘယ်ချခဲ့မိလဲမသိဘူး။
သွားရှာလိုက်ဦးမယ်။ ခဏလေးနော်...ဒီနားမှာပဲ စောင့်နေဦးနော် ဦးလေးသက်"

သွန်းအုပ် အိမ်ထဲသို့ပြန်ပြေးဝင်လာခဲ့သည်။ ထိုစာအား သူနှင့်ဦးသက်လွင်တို့ကို တိတ်တဆိတ်စောင့်ကြည့်နေသည့်
ဦးကျော်ဦးက ပြန်ကောက်ယူသိမ်းထားလိုက်သည်ကို သူမသိ။

မနက်ငါးနာရီပင်မခွဲသေးချိန်မို့ ပတ်ဝန်းကျင်၌
အလင်းပျပျသာရှိသေးသည်။ သွန်းအုပ်အိမ်ထဲသို့ ဝင်သွားချိန်၌ ဦးကျော်ဦးက ဦးသက်လွင်အနားသို့ ရောက်လာသည်။

"ကျော်ဦး အစောကြီးပါလားကွ။ မမလေး
အလုပ်ခိုင်းထားတာ ရှိလို့လား"

"ကျွန်တော်နဲ့ ဂိုဒေါင်ထဲကို ခဏလိုက်ခဲ့ပေးနိုင်မလား"

ဦးကျော်ဦး၏ စကားသံက အေးစက်စက်နိုင်သည်။
သို့သော် ထိုစကားသံက တည်ငြိမ်ခြင်းမရှိ။ တုန်ယင်နေသည်ကို ဖိနှိပ်ဖုံးကွယ်ထားရခြင်းမျိုး။

ဦးကျော်ဦး ခေါင်းငြိမ့်ပြလိုက်သည်။

ဂိုထောင်ထဲအရောက် ဦးကျော်ဦး၏ အမူအရာများကပို၍ ထူးဆန်းလာသည်။ တိတ်ဆိတ်လျက် ခေါင်းကို စိုက်ချထားသည့်ပုံစံက အပြစ်သားတစ်ဦးကဲ့သို့။
ထို့နောက် ဦးသက်လွင်ရှေ့ ဒူးထောက်ချလိုက်၏။

ဦးသက်လွင် မှင်သက်သွားမိသည်။

ဒီလူ ဘာတွေဖြစ်နေတာလဲ။

အရက်နံ့တွေလည်းရနေတာကြောင့် မူးကြောင်ရူးကြောင် လျှောက်လုပ်နေသည်ဟု တွေးလိုက်သည်။

"ထပါဗျာ။ ဘာတွေလုပ်နေတာလဲ"

"ကျွန်တော်တောင်းပန်ပါတယ်။ ကျ.. ကျွန်တော်လည်း ရွေးချယ်စရာမရှိလို့ပါ"

"ဘာကို အာ့..."

ဘယ်ဘက်ရင်အုံတည့်တည့်သို့ ထိုးသွင်းလိုက်သည့် အရာတစ်ခု...

ဒူးထောက်နေရင်းမှ ရုတ်တရက်ပြန်ထကာ
ဓားတစ်ချောင်းနှင့် ကိုယ့်ရင်ကို လာထိုးစိုက်လိုက်သည့်
ဦးကျော်ဦးအား ဦးသက်လွင် ကြောင်အစွာကြည့်နေမိဆဲ။

ဘာရန်ငြိုးတွေများ ရှိခဲ့လို အခုလို...

စကားပြောနိုင်စွမ်းပင်မရှိ၊ အသတ်ခံရသည့် အကြောင်းအရင်းကိုပင် သိခွင့်မရပါဘဲ အမြင်အာရုံတို့ ဝေဝါးလာကာ ဦးသက်လွင်၏ကမ္ဘာက
ထာဝရမှောင်မိုက်သွားခဲ့ရလေပြီ။

----------------

မင်းခပေးသည့်စာကို ဘယ်နားချခဲ့မိမှန်း မမှတ်မိတော့။

ရေးသည့်လူကလည်း စာရေးပြီးချချင်တဲ့နေရာချခဲ့ကာ ဖတ်သည့်လူကလည်း ဖတ်ပြီး ဘယ်နေရာ၌ ထိုစာကို ချခဲ့မိမှန်းမသိသည့် အဖြစ်ကိုတွေးရင်း သွန်းအုပ်မှာ ရယ်ရခက်။

စာရှာလို့မတွေ့သည့်အဆုံး ဦးသက်လွင်ဆီသို့ ပြနိသွားလိုက်သည်။ နေရာ၌ ဦးသက်လွင်ကိုမတွေ့။ အိမ်ထဲသို့ ပြန်လာသည်ကိုလည်းမမြင်။ မိနစ်ပိုင်းအတွင်း ပျောက်သွားခြင်းမှာ သူ့ကို စကားမပြောချင်၍များလား။

ထိုစဉ် ဂိုထောင်ဘက်မှ တစ်ခုခုပြုတ်ကျသည့်အသံ ကြားလိုက်ရ၍ ဂိုထောင်ရှိရာသို့ အမြန်ပြေးလာခဲ့သည်။

-------------

နိူးစက်နာရီက တတီတီအသံပေးမှုကြောင့် မင်းခအိပ်ရာမှ
နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း အထုတ်အပိုးများကို မြင်လိုက်ရတော့ ဝမ်းနည်းစိတ်က ရင်ထဲလှိုက်ခနဲ
တက်လာပြန်၏။

ဟိုတွေးဒီတွေးနှင့် နောက်ဆုံးအတွေးရောက်သွားတာက ကိုကို့အတွက်ရေးခဲ့သည့်စာ။ ပေးရန် ဦးကျော်ဦး လက်ထဲထည့်ခဲ့ပြီးခါမှ လန့်သွားသည်။ ကိုကိုသာ
ဖတ်ကြည့်ပြီးလို့ကတော့ သူ့ကိုနုတ်နုတ်စင်းပြီးတော့များ အသေသတ်မလားပဲ။

ထို့ပြင် အရမ်းစောနေသေးသည်ဟု ပြန်စဉ်းစားမိသည်။
စာမပေးတော့ဟုဆုံးဖြတ်ပြီး ဦးကျော်ဦး၏အခန်းတံခါးအား သွားခေါက်လိုက်၏။

မကြာလိုက်။ ဦးကျော်ဦးက အခန်းတံခါးအား ဆွဲဖွင့်ပေးလာသည်။

"ဪ..နေမင်းခ"

"ကျွန်တော့်ကို ဟိုစာလေးပြန်ပေးပါလား"

"ဪ အေးအေး"

ဦးကျော်ဦးပေးလိုက်သည့် စာအိတ်ကို မင်းခသေချာပင်
မကြည့်ဖြစ်။ တစ်စုံတစ်ယောက်က ဖွင့်ဖောက်ကာ
ဖတ်ပြီးသည်ကိုပင် သတိမထားမိလိုက်။ စာအိတ်က သိသိသာသာ အဖွင့်ခံထားရသည့်ပုံ မပေါ်တာကြောင့်လည်း ဖြစ်မည်။

ဒီစာကိုလက်စဖျောက်မှဖြစ်မည်။ ဟုတ်သည်။

သွန်းအုပ်မမြင်ခင် ဖျက်ဆီးမှအဆင်ပြေမည်။
သွန်းအုပ် သူ့ကိုချစ်တာ၊မချစ်တာက 100 ရာခိုင်နှုန်း ကျိန်းသေနေသေးတာမဟုတ်။ ထိုစကားများပြောရန်လည်း အချိန်မကျသေးပေ။

စာအိတ်နှင့်စာအား အိမ်ထဲတွင်မီးရှို့လျှင် ညှော်နံ့ထွက်မှာစိုး၍ အမြန်ပင် ခြံအနောက်ဘက်သို့သွားပြီး မီးရှို့လိုက်သည်။

အိမ်ကြီးဆီသို့ ပြန်မည်အပြု ဂိုထောင်ရှိရာသို့ အမှတ်တမဲ့ လှမ်းကြည့်မိလိုက်တော့ စိတ်ထဲတစ်မျိုးဖြစ်သွားရ၏။ ဘာလို့မှန်းမသိ။ မကောင်းသည့် အငွေ့အသက်တစ်ခုကို ခံစားရသည်။

သံသယဆိုတာမျိုးက ကြာကြာထား၍ မကောင်းသောအရာမို့
ဂိုထောင်ဆီကို သွားကြည့်လိုက်တော့....

!!

သူ့အတွက် ကမ္ဘာပျက်တာထက်ဆိုးတဲ့မြင်ကွင်းမျိုး။

သွေးအိုင်ထဲလဲနေသည့် အလောင်းတစ်ခုနှင့် ဓားတစ်ချောင်းကိုင်ရင်း ထိုအလောင်းကို အလွန်ထိတ်လန့်စွာ ကြောင်ကြည့်နေသူတစ်ဦး။ ထိုနှစ်ဦးက...

မင်းခ အသက်ပင်မရှုမိ။ အငိုသန်သည်ဟုပင်ဆိုရသည်အထိ မျက်ရည်လွယ်ခဲ့သူက မျက်ရည်မကျတော့ပေ။

တကယ်ကို သူငိုလို့မရတော့တာ။

ချလွမ်!

မတ်တပ်ရပ်လျက် အသိစိတ်လွတ်နေသည်ဟုထင်ရသည့် သွန်းအုပ်က မင်းခကိုမြင်တော့ လက်ထဲက သွေးစွန်းနေသည့်ဓားပင် လွတ်ကျသွားသည်။

တောင့်တောင့်ကြီးရပ်ကာ မျက်လုံးသေများနှင့်
ဦးသက်လွင်၏ အလောင်းကိုကြည့်နေသည့် မင်းခအား ဆွဲလှုပ်လိုက်ရင်း..

"မင်းခ သတိထားဦးလေ။ တရားခံကို အပြစ်ပေးနိုင်မှာပါ။ မင်းခ ငိုချင်ရင် ငိုချလိုက်"

သွန်းအုပ်က မင်းခ၏မျက်နှာအား သူ့ဘက်သို့ဆွဲလှည့်ကာ စိုးရိမ်ကြီးစွာဖြင့် သေချာဂရုတစိုက်ကြည့်ပေးရင်း...

"မင်းခ သတိထားဦးလေ။ တစ်ခုခုပြန်ပြောဦး။ငါတစ်ယောက်လုံး ရှိသေးတယ်လေနော်"

"ကျွန်တော့်ကိုပါ သတ်ပေးပါလား"

အသံက အသက်မပါ။

ဟမ် မဟုတ်သေးဘူးလေ။
အခု ငါက ဘာလို့?

"သွန်းလေး။  အမလေး!"

ဒေါ်ခင်မဟာ ထိုင်လျက်သားပင် ပစ်ကျသွားသည်။

"အဲ့.... အဲ့ဒါတွေက?"

ဒေါ်ခင်မဟာကို သွန်းအုပ် လှမ်းကြည့်လိုက်စဉ်
သူမ၏နောက်၌ ရဲတပ်ဖွဲ့ဝင်လေး၊ငါးယောက်နှင့်အတူ ဒေါ်သီရိ၊ ဦးကျော်ဦးကိုပါတွေ့ရ၏။

ဦးလေးသက် အသတ်ခံရတာ အကြောင်းကြားပြီးလို့များလား။
ဒါပေမယ့် ငါ အရင်ဆုံးမြင်တာမဟုတ်ဘူးလား။

ဒေါ်သီရိက အင်္ကျီ၌ သွေးကွက်များဖြင့် ပေပွနေသည့်
သွန်းအုပ်ကိုကြည့်လိုက်၊ အသိစိတ်လွတ်နေသလို အကြည့်များက ဦးသက်လွင်၏အလောင်းကိုသာ
မမှိတ်မသုန် ကြေည့်နေသည့် မင်းခကိုကြည့်လိုက်၊ သွေးအိုင်ထဲတွင်လဲနေသည့် ဦးသက်လွင်ကိုကြည့်လိုက်နှင့်
ဘာတွေဖြစ်ကုန်ပြီလဲဆိုတာကို မတွေးရဲတော့။

အခုလေးတင် အိမ်ကိုရဲတွေရောက်လာလို့
အံ့ဩနေရုံရှိသေး... လက်ထောက်စခန်းမှုး၏ စကားကြောင့်
ပို၍ရှော့ခ်ရသွားခဲ့ရသည်။

သွန်းလေးကို မူးယစ်ဆေးတွေသုံးနေပါသည်ဟု
သတင်းပေးအကြောင်းကြားသူရှိသည်တဲ့။ ဆေးသုံးတာ ကြာနေပုံရ၍ စိတ်ကျန်းမာရေးပြဿနာများ ရှိလာမည်ကို စိုးရိမ်သောကြောင့် အကြောင်းကြားရပါသည်ဟု ထိုလူက ပြောခဲ့လေသည်တဲ့။

သွန်းအုပ်၏အခန်းထဲသို့ ဝင်ဝင်ချင်း မိနစ်ပိုင်းပင်မကြာလိုက်။
အပင်ပန်းခံ ရှာနေစရာပင်မလိုဘဲ အခန်းထဲရှိ
စားပွဲအံဆွဲထဲ၌ အဆင်သင့်တွေ့လိုက်ရတာက အဖြူအမှုန့်ထုပ်လေးတစ်ထုပ်။

သူမ အလွန်ပင်တုန်လှုပ်သွားရသည်။ အခုတော့ ပထမအမှုကို ဖြေရှင်းလို့ရမည့်နည်းလမ်းကို စဉ်းစားလို့မှမရသေး။ နောက်ထပ်အမှုက ပို၍ကြီးသွားခဲ့ပြီ။

သွန်းလေး မင်းတကယ်ကို...။

လက်ထောက်စခန်းမှူးက အခြေအနေအား သုံးသပ်ကြည့်ရှုလိုက်ပြီးနောက်...

"ဒီက မောင်သွန်းအုပ်စိုးပိုင်ကို မူးယစ်ဆေးဝါးသုံးစွဲမှု၊
လက်ဝယ်ထားရှိမှုနဲ့ လူသတ်မှုသံသယရှိသူအဖြစ် ဖမ်းလိုက်ပါပြီ။"

??

"ကျ.. ကျွန်တော် ဘာမှမလုပ်ထားဘူးလေ။ မင်းခ.."

အားကိုးကြီးစွာဖြင့် မင်းခ၏ လက်မောင်းအားဆွဲလှုပ်ရင်း သူဘာအမှားမှ မလုပ်ထားကြောင်းကို ကူပြောပေးဖို့ 
တောင်းဆိုချင်ခဲ့သော်လည်း.....

သူကိုင်ထားသည့်လက်တို့အား မင်းခက
ဖြုတ်ချပစ်လိုက်ရင်း...

"ကျေးဇူးပြုပြီး ကျွန်တော့်လေးသက်ရှေ့က ထွက်သွားပါ၊ ခင်ဗျားကို သူကအရမ်းမုန်းနေမှာမလို့"

"မင်းခ..ငါ"

"ကျွန်တော်လည်း ခင်ဗျားကိုမုန်းတယ်"

မျက်နှာကိုပင်တစ်ချက်မှလှည့်မကြည့်ဘဲ
တစ်လုံးချင်း ပီပီသသပြောလိုက်သည့် စကား။

အကြားအာရုံများ မှားခဲ့လေသလား။
လွန်ခဲ့သည့်တစ်နာရီဝန်းကျင်လောက်ကမှ သူ
တအားကို ပျော်နေခဲ့ရတာလေ။ တအားကို ဝမ်းသာနေခဲ့ရတာ။

ရုတ်တရက် လက်နှစ်ဖက်ကိုဆွဲယူပြီး ငွေရောင်လက်ထိပ် တစ်စုံဖြင့် ချုပ်နှောင်ခြင်းခံလိုက်ရသည်။ ဖြစ်ပျက်သွားသမျှက ရုတ်တရက်ဆိုမှ တကယ့်ကိုရုတ်တရက်ဆန်လွန်း၍ ကြောင်အစွာ ငြိမ်သက်နေမိ၏။

သူရုန်းကန်ရန် အင်အားမရှိ။ အဖြစ်အပျက်များကို ဘယ်လိုမှလည်း နားမလည်တော့။ ပြောရမည့်စကားတို့က လည်ချောင်းထဲ၌ တစ်ဆို့နေသည်။ မျက်ရည်များသာ ဖြိုင်ဖြိုင်ကျလျက် တစ်ယောက်သောသူအား
မျှော်လင့်တကြီး မော်ကြည့်မိ၏။

ထို့နောက် ကျန်နေသေးသမျှ အားအင်တို့ကိုသုံးကာ မျှော်လင့်ချက် အပိုင်းအစလေးတစ်ခုအား ဆုပ်ကိုင်ရင်း...

"တစ်လောကလုံး အထင်လွဲနေကြရင်တောင် မင်းသာ ငါ့ဘက်ကရပ်တည်ပေးမယ်ဆိုရင် ငါ.."

"လေးသက်ရှေ့ကနေ ထွက်သွားပေးပါ။
မဟုတ်ရင်လည်း  ကျွန်တော့်ကိုပါ သတ်သွားပေးပါ။"

"••••"

*****************TBC

31.May.22

واصل القراءة

ستعجبك أيضاً

365K 14.8K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
96K 2.9K 28
"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်...
114K 5.3K 45
"I LOVE YOU" I love you for all that you are, all that you have been and all that you will be~♥ မင်းရဲ့အရာအားလုံးကို ငါသဘောကျတယ်။ ဒါပေမယ့် ငါ့ရဲ့အရာအ...
313K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"