အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၂၆

1.6K 135 4
By Chamomile_2

[Zawgyi]

ကြၽီ.....

ျခံထဲသို႔ ကားအေကာင္းစားတစ္စီး ဝင္ေရာက္လာသည္။ မင္းခသိလိုက္၏။ ထိုကားသည္ သံုး၊ေလးႏွစ္တစ္ႀကိမ္ အိမ္သို႔ခဏလာလည္တတ္သည့္ သြန္းအုပ္၏အဖြား ေဒၚခင္မဟာ၏ကားျဖစ္သည္။

ကားေပၚမွ ႂကြႂကြရြရြႏွင့္ဆင္းလာသည့္ ေဒၚခင္မဟာ၏ အမူအရာအားလံုးတို႔မွာ မင္းခကေလးဘဝ သူမကို စျမင္ဖူးခဲ့ကတည္းကအတိုင္း အတိအက်ပင္ တစ္ေရြးသားမွ် ေျပာင္းလဲမႈမ႐ွိေသး။ မ်က္ႏွာကိုခ်ီကာ ရင္ကိုေကာ့ ေခါင္းကိုေမာ့လ်က္ မာနတလူလူလႊင့္ေနဆဲ ေဒၚခင္မဟာသည္ တကယ္ဆိုလ်ွင္
အသက္၇၀ေက်ာ္အရြယ္ အဘြားႀကီးတစ္ေယာက္ျဖစ္ေနၿပီ။ သို႔ေသာ္ျငား အမူအရာအားလံုးက မေန႔တစ္ေန႔ကကဲ့သို႔။

ထိုအဘြားႀကီးႏွင့္ မင္းခက သိပ္ၿပီးအေစးမကပ္လွတာမို႔ မင္းခ ေ႐ွာင္ထြက္ရန္ႀကိဳးစားလိုက္သည္။ ေဒၚခင္မဟာက
ဒီအိမ္သို႔တစ္ခါလာတိုင္း သြန္းအုပ္ကို သူ႔အိမ္သို႔လိုက္ရန္ ႀကိဳးစားပမ္းစားနားခ်ေနတတ္သည့္အျပင္ မင္းခႏွင့္သြန္းအုပ္တို႔အား မ်က္ႏွာခ်င္းဆိုင္ခ်ိန္သိပ္မ႐ွိေအာင္ ဆီလိုအေပါက္႐ွာ၍ ျပႆနာအမ်ိဳးမ်ိဳးဖန္တီးေနတတ္သူမို႔ မင္းခက သူမအား သိပ္မၾကည္။

"မင္းက ပစၥည္းေတြမသယ္ဘဲ ဘယ္သြားဖို႔ျပင္ေနတာလဲ။ လာသယ္ေလ!"

ကားေပၚမွာပါလာသည့္ ဝန္စည္စလယ္မ်ားကို
ကူသယ္ေပးရန္ မစဥ္းစားဘဲ တျခားသို႔ေ႐ွာင္ထြက္ရန္ ႀကိဳးစားေနသည့္ မင္းခအား ေဒၚခင္မဟာ ျမင္ျဖစ္ေအာင္ျမင္သြားၿပီး လွမ္းေငါက္လိုက္သည္။

မင္းခ စိတ္မၾကည္လင္စြာ သက္ျပင္းတစ္ခ်က္ခ်ၿပီးေနာက္ ေဒၚခင္မဟာ၏ပစၥည္းမ်ားအား ကားထဲမွထုတ္ကာ
အိမ္ထဲသို႔ လိုက္ပို႔ေပးလိုက္သည္။ သို႔ေသာ္လည္း ေဒၚခင္မဟာက သြားခြင့္မေပးေသးဘဲ စကားစ႐ွာကာ မင္းခအား စကားလံုးမ်ားႏွင့္ထိုးႏွက္ရန္ ျပင္ဆင္ျပန္၏။

"မင္းေတာင္ အိမ္ေထာင္က်သြားၿပီဆို? အဟင္းး
တယ္လည္း လက္သြက္ေျခသြက္ႏိုင္ပါလား"

မင္းခ စကားမ်ားမ်ားမေျပာလို၍...

"ကြၽန္ေတာ္ အျပင္သြားစရာေလး႐ွိလို႔ ခြင့္ျပဳပါဦး"

"....."

ေဒၚခင္မဟာက မင္းခ စကားလမ္းေၾကာင္းလႊဲလိုက္ျခင္းကို သိပ္ၿပီးဘဝင္မက်လွေသာ္လည္း ေခါင္းၿငိမ့္ျပလိုက္ၿပီး သြားရန္ခြင့္ျပဳလိုက္သည္။

----------------

"ၾကည့္ပါဦး ေမဖြားေျမးေလးက လူပ်ိဳႀကီးျဖစ္ၿပီး
ေခ်ာလာလိုက္တာ။"

"......"

သြန္းအုပ္ စိတ္မပါသျဖင့္ စကားျပန္မေျပာျဖစ္။
ေမဖြား ရန္ကုန္သို႔လာတိုင္း အေၾကာင္းရင္းက
သူ႔ကို ကေလာသို႔လိုက္ရန္ လာေခၚျခင္း။ သို႔ျဖစ္၍ အိမ္သို႔မလာေစခ်င္ေပ။ ခုရက္ပိုင္းမ်ားတြင္
စကားေျပာခ်င္စိတ္ပင္မ႐ွိေလာက္ေအာင္ လူေရာစိတ္ပါ ႏြမ္းနယ္လြန္းေနတာမို႔ ေမဖြား၏ ပလီပလာတီတီတာတာ စကားမ်ားကိုလည္း မခံစားႏိုင္ေသး။

"ဒါေပမယ့္ မ်က္ႏွာေလးေတာ့ နည္းနည္းေခ်ာင္ေနတယ္။ အိပ္ေရးဝေအာင္ မအိပ္ဘဲ ဂိမ္းေတြေဆာ့ေနတာလား သြန္းေလး"

"......."

"ဒီေန႔ကစၿပီး အိပ္ေရးဝဝအိပ္ရမယ္ေနာ္။ ေမဖြားက သြန္းေလးကို ေသခ်ာဂ႐ုစိုက္ေပးေတာ့မယ္။ အဲ့ဒါမွ အခုထက္ပိုေခ်ာလာမွာ။ ဟင္းဟင္းး
ေကာင္မေလးေတြကေတာ့ ငါ့ေျမးေလးေဘးနားမွာ ဝိုင္းေနေတာ့မွာ ျမင္ေယာင္ေသးတယ္။"

"......."

ဘာေျပာေျပာ မလႈပ္မယွက္ႏွင့္ ျပန္ေျပာေဖာ္မရ၊
ရယ္စရာေျပာေနသည္ကိုပင္ တံု႔ျပန္ျခင္းမ႐ွိသည့္ သြန္းေလးေၾကာင့္ ေဒၚခင္မဟာ သက္ျပင္းခ်လိုက္သည္။

"သြန္းေလး ဘာေတြစိတ္ညစ္ေနလဲ။ ေမဖြားကိုေျပာျပေလ။"

သြန္းအုပ္က ေခါင္းခါျပသည္။ သို႔ေသာ္ ေဒၚခင္မဟာက လက္မေလ်ွာ့ေသးဘဲ...

"ေမဖြားကို ေျပာျပေလ သြန္းေလး။ ဘာလို႔ မႈိင္ေနတာလဲ"

"ေမဖြား"

"အင္း ေျပာေလ။ သြန္းေလး"

"ကြၽန္ေတာ့္ကို ဂ႐ုမစိုက္ဘဲ လႊတ္ထားေပးပါလား"

"ဟင္?"

"တေမ့တေမာၾကာမွတစ္ခါ ေပၚေပၚလာၿပီး အဲ့လိုႀကီးေတြ လာလုပ္ျပေနတာကို ေနသားမက်ဘူးျဖစ္ေနလို႔"

ေဒၚခင္မဟာ မ်က္ႏွာတစ္ခ်က္ပ်က္သြားသည္။
သို႔ေသာ္ သြန္းအုပ္ေျပာတာကလည္း မွန္သင့္သေလာက္မွန္ေနတာမို႔...

"ေမဖြားက သြန္းေလးကို ကေလာအိမ္ကိုလိုက္ခဲ့ဖို႔ ေခၚတာပဲကြယ္။ သြန္းေလးဘာသာ ျငင္းေနခဲ့တာပဲ။
ဟိုမွာဆိုရင္ ေမဖြားလည္း သြန္းေလးကို အနီးကပ္ေစာင့္ေ႐ွာက္ေပးႏိုင္မယ္။"

"ကြၽန္ေတာ္က ေမဖြားတို႔ေစာင့္ေ႐ွာက္မႈကို လိုအပ္ေနတဲ့ ကေလးေလးမဟုတ္ေတာ့ဘူး။"

"သြန္းေလး!"

"ကြၽန္ေတာ့္စိတ္ေတြ႐ႈပ္ေနတယ္။ ဘယ္သူနဲ႔မွ
စကားမေျပာခ်င္လို႔ အခန္းထဲက ထြက္သြားေပးပါ။"

ေဒၚခင္မဟာ စိတ္တိုသြားေသာ္လည္း ေရာက္ေရာက္ခ်င္း ျပႆနာမျဖစ္ခ်င္ေတာ့၍ အခန္းထဲမွထြက္လာလိုက္သည္။
ေနာက္ရက္ေတြက်မွ ဒီကေလးကို ဆံုးမရမည္။

-------------------

ပုဂၢလိကေဆးရံုတစ္ခု၏ အထူးၾကပ္မတ္ကုသခန္းတစ္ခု၌..

"ေဖႀကီး"

"ေျပာေလ သမီးေလး"

သမီးျဖစ္သူ၏ ရႊင္ပ်ေနသည့္ မ်က္ႏွာေလးကိုၾကည့္ရင္း
ဦးေက်ာ္ဦး စိတ္ခ်မ္းသာေနမိသည္။ ခြဲစိတ္ရမည့္ရက္လည္း နီးလာၿပီမို႔ စိတ္လႈပ္႐ွားမႈႏွင့္အတူ
ဝမ္းနည္းဝမ္းသာျဖစ္ေနသည္။

"ကိုကိုက အရမ္းသေဘာေကာင္းတာပဲေနာ္။"

မိုးသားကိုရည္ရြယ္၍ ေျပာလိုက္ျခင္း။

"သူလာရင္ ေကးေတာ့ အရမ္းေပ်ာ္တာပဲ"

"သူက သမီးဆီ ခဏခဏလာတာလား။ သမီးက သူ႔ကို မေၾကာက္ဘူးလား"

"အာ...ေဖႀကီးကလည္း။ ကိုကိုက
အဲ့ေလာက္ခ်စ္ဖို႔ေကာင္းတာ ေကးကဘာလို႔ေၾကာက္ရမွာလဲ။ ကိုကိုကေလ ေကးကို ပံုျပင္ေတြလည္းေျပာျပတယ္။ မုန္႔ေတြလည္း အမ်ားႀကီးဝယ္, ဝယ္လာတယ္။"

"......."

ဦးေက်ာ္ဦး သက္ျပင္းတစ္ခ်က္႐ႈိက္လိုက္ရင္း ၿငိမ္သက္စြာ နားေထာင္ေနမိဆဲ။

ေကးေကးက မိုးသားရဲ႕အေၾကာင္းအား
တတ္ႂကြစြာေျပာျပေနရင္းမွ ႐ုတ္တရက္ညိႇဳးငယ္သြားရင္း..

"ကိုကိုက တစ္ခါတစ္ေလဆို အရမ္းသနားဖို႔ေကာင္းတာပဲ။ သူက ေကးကိုေျပာတယ္။ ေကးက
အရမ္းကံေကာင္းတယ္တဲ့။ ေဖႀကီးက ေကးကိုအရမ္းခ်စ္တာတဲ့။ ေကးေဆးကုဖို႔အတြက္လည္း အလုပ္ေတြအမ်ားႀကီး ႀကိဳးစားေနတယ္တဲ့။ ေနာက္ၿပီးေလ ေကးကို အားက်တယ္တဲ့။ အဲ့လိုေျပာေနခ်ိန္ေတြဆိုရင္ ကိုကို႔မ်က္လံုးထဲမွာ မ်က္ရည္ေတြဝဲေနေရာပဲ"

"........"

"ေကးက ကိုကို႔ကိုေမးတာ။ ကိုကို စိတ္ညစ္ေနလို႔လား ဆိုေတာ့"

"အင္း သူကဘာေျပာလဲ"

"ေဖႀကီးအလုပ္ေကာင္းေကာင္းလုပ္ေပးမွ သူေပ်ာ္ရမွာတဲ့"

"•••"

"ကိုကိုေပ်ာ္ေအာင္လုပ္ေပးရမယ္ေနာ္ ေဖႀကီး"

"......"

ဦးသက္လြင္ သက္ျပင္းတစ္ခ်က္ကိုသာ တိုးဖြဖြခ်လိုက္သည္။
ျဖဴစင္လြန္းသည့္ သမီးငယ္ဟာ ဘာဆိုဘာမွမသိ။
ေလာကႀကီးအေၾကာင္းကိုလည္းမသိ။ မိုးသား ဘာလိုခ်င္ေနတာကိုလည္းမသိ။ အေဖျဖစ္သူက ဘာလုပ္ေပးရမည္ဆိုတာကို လည္းမသိ။

ေကးေကးက မိုးသားကို သံေယာဇဥ္တြယ္ေနသည္။ ေမြးခ်င္းေမာင္ႏွမ,မ႐ွိခဲ့သည့္အျပင္ ေမြးလာကတည္းက ေဆးရံုႏွင့္အိမ္မွာသာ အခ်ိန္ကုန္ခဲ့ရသည့္ သမီးေလးက သူငယ္ခ်င္းလည္းမ႐ွိ႐ွာေပ။

ထို႔ေၾကာင့္ သူ႔ကို မၾကာခဏလာေတြ႔ၿပီး အေဖာ္လုပ္ေပးေနသည့္ မိုးသားအား
လြယ္လြယ္ႏွင့္ ခင္တြယ္သြားျခင္းျဖစ္သည္။
မိုးသားဆိုသည့္ေကာင္ေလးကလည္း သူ႔ႏွင့္သာ ေမာက္ေမာက္မာမာ ေျပာဆိုဆက္ဆံေနေသာ္ျငား ေကးေကးအေပၚမွာေတာ့ ႏူးႏူးညံ့ညံ့ဆက္ဆံေပးသည္။

ညီမေလးသဖြယ္ ေျပာဆိုျပဳမူေနသည္တို႔က စိတ္မပါဘဲ ဟန္ေဆာင္မာယာသံုးေနျခင္းမ်ိဳးေတာ့ မျဖစ္တန္ရာ။
အျမဲလိုလို ေရာဂါဒဏ္ေၾကာင့္ေရာ၊ မိဘမ်ား၏
အဆင္မေျပမႈမ်ားေၾကာင့္ပါ မႈန္မႈိင္းအားငယ္ေနတတ္သည့္ ေကးေကးကလည္း မိုးသားႏွင့္ခင္မင္ၿပီးမွ ေပ်ာ္ရႊင္တတ္ႂကြလာသည္။

မျမင္ရတာၾကာၿပီျဖစ္သည့္ သမီးျဖစ္သူ၏အျပံဳးအေပ်ာ္မ်ားကို ျမင္ရေတာ့ မိုးသားအား ေက်းဇူးတင္ရသည္။
မိုးသား၏လုပ္ရပ္မ်ားက မွားေနေသာ္ျငား သမီးေလးအတြက္ အေဖတစ္ေယာက္ျဖစ္သည့္ သူေတာင္ မလုပ္ေပးႏိုင္၊မစြမ္းေဆာင္ႏိုင္သည့္အရာမ်ားကို  ျဖည့္ဆည္းေပးေနသည့္အတြက္ေၾကာင့္ မိုးသား၏ ဘက္ေတာ္သားလုပ္ေနမိ၏။ မိုးသား၏နာက်င္ခဲ့ရမႈမ်ားအား နားလည္ေအာင္ ႀကိဳးစားခ်င္ေနမိသည္။

ကိုယ့္လုပ္ရပ္မ်ားကိုယ္ မွားလြန္းေနၿပီဆိုတာကို သိရံုမက ရက္စက္ယုတ္မာလြန္းေနၿပီဆိုတာကိုပါ သိပါသည္။
သို႔ေသာ္ ဦးေက်ာ္ဦး ေနာက္ျပန္လွည့္ရန္မေတြးေတာ့။ ဆံုးျဖတ္ခ်က္တစ္ခုအား ပိုင္ႏိုင္စြာခ်ၿပီးကတည္းက မိုးသားေတာင္းဆိုထားသမ်ွ ေက်ပြန္စြာ လုပ္ေပးေနခဲ့တာအခုထိ။

သားသမီးခ်င္းမစာနာသည့္ လုပ္ရပ္မ်ားကိုပါ
လုပ္ၿပီးေနမွေတာ့ ေနာက္ျပန္လွည့္လ်ွင္ေတာင္ ကိုယ့္လိပ္ျပာကိုယ္လုံေတာ့မည္မဟုတ္။ ထို႔အျပင္ သူတို႔မိသားစုဘဝအား ကုန္းေကာက္စရာမ႐ွိ၊စုတ္ျပတ္သတ္သြားေအာင္ ဖ်က္ဆီးခဲ့သည့္ ေဒၚသီရိအား အႀကီးအက်ယ္စိတ္ဆင္းရဲေစရန္ လုပ္ႏိုင္မည့္ အခြင့္အေရးမ်ိဳးမို႔လည္း...။

----------------------

အဖြားျဖစ္သူ၏ ရင္ခြင္ထဲေခါင္းအပ္၍ ႐ႈိက္ႀကီးတငင္
ငိုေနပါေလသည့္ ခင္ေထြး။

"အေထြးေလးရယ္..."

ႀကီးေငြက ခင္ေထြး၏ေက်ာျပင္ေလးအား ပြတ္သပ္ေပးရင္းျဖင့္ အားေပးႏွစ္သိမ့္​ေပး႐ွာသည္။
ခင္ေထြး အမွန္တကယ္ငိုေနရျခင္း၏ အေၾကာင္းရင္းကိုမူ မသိရေပ။

-----------------

"မင္းခ"

"ဟုတ္ကဲ့ ေလးသက္"

"လကုန္တာနဲ႔ ရြာျပန္ဖို႔ စီစဥ္ၿပီးၿပီ။
မင္းေအာင္စာရင္းကလည္း ေနာက္ႏွစ္ရက္ဆိုထြက္ၿပီ။ ေက်ာင္းတတ္ခါက်မွသာ မင္းဘာသာမင္း
အေဆာင္ငွါးေနၿပီးတတ္ေတာ့"

"ေလးသက္"

"ငါ့ကို ဘာအထြန္႔တတ္ဦးမလို႔လဲ"

"ဒီမွာပဲေနလို႔ အဆင္ေျပေနတာပဲေလ။
ေနာက္ၿပီး ခင္ေထြးတို႔ ေျမးအဖြားကလည္း"

"ခင္ေထြးကိစၥကို ထည့္ေျပာမေနနဲ႔! သူမင္းကို
ကြာ႐ွင္းေပးမယ္လို႔ ငါ့ကုိလာေျပာၿပီးၿပီ။ ေနာက္ၿပီး မင္းမလုပ္ခဲ့တာကိုလည္း ငါသိၿပီးၿပီ"

"ေလးသက္.."

"အေကာင္းဆံုးကေတာ့ မင္းေရာငါေရာ ဒီအိမ္မွာ
ဆက္မေနတာပဲ။ မင္းမသိတဲ့ တျခားကိစၥေတြလည္း အမ်ားႀကီး႐ွိတယ္။ ငါတို႔ျပန္မယ္"

"ေလးသက္... အကိုေလးကို စိတ္ဆိုးေနတယ္မလား။
အဲ့ဒါေၾကာင့္ ဒီအိမ္ကေနထြက္သြားဖို႔ စီစဥ္လိုက္တာလား။
အကိုေလးက အခုလိုလုပ္ဖို႔ မေျပာဘူးေနာ္။ သားဆႏၵနဲ႔သား"

မင္းခမသိေသးသည့္အရာမ်ားအား မင္းခကို ေျပာျပရန္ ဦးသက္လြင္မွာ အစီအစဥ္လံုးဝမ႐ွိ။ ခင္ေထြးက
သူမ သိသမ်ွ အကုန္ေျပာျပၿပီးၿပီမို႔ မင္းခကို ဒီအိမ္က အျမန္ဆံုးနည္းႏွင့္ေခၚထုတ္သြားရန္သာ ဆံုးျဖတ္ၿပီးၿပီ။

သြန္းေလးႏွင့္မင္းခတို႔ တစ္ေယာက္ႏွင့္တစ္ေယာက္
အခုလိုခံစားခ်က္မ်ိဳး႐ွိေနတာကိုလည္း သူလက္မခံေပးႏိုင္။ သြန္းအုပ္တို႔မိသားစုရဲ႕ အ႐ႈပ္အ႐ွင္းေတြၾကားထဲမွာလည္း မင္းခကို အပါမခံႏိုင္။ ထို႔ေၾကာင့္ အေဝးသို႔ ခြဲထုတ္လိုက္ျခင္းကသာ အေကာင္းဆံုးျဖစ္လိမ့္မည္။

"ေလးသက္...သားဒီမွာပဲ ေနခ်င္တယ္။"

"......"

"ေလးသက္"

"......"

မ်က္ရည္အဝိုင္းသားျဖင့္ ေတာင္းပန္ေနျပန္သည့္ တူေလးသည္ လူႀကီးတစ္ေယာက္လို ျပဳမူေျပာဆိုေနထိုင္ေသာ္လည္း အမွန္တကယ္တြင္ေတာ့ မရင့္က်က္ေသးေပ။ ဆယ့္ေျခာက္ႏွစ္အရြယ္ဆိုတာမွာ အခ်စ္ႏွင့္ပတ္သက္လာလ်ွင္ ႐ူးသြပ္လြန္းသည့္ အရြယ္မို႔ အခုခ်ိန္ ခဏေလးေတာ့ မင္းခ၏မ်က္ရည္မ်ားကိုလည္း လ်စ္လ်ဴသာ႐ႈထားလိုက္သည္။ ငိုျပတိုင္း
အေလ်ာ့ေပးမည္ဟု ထင္ေနပံုရသည့္ မင္းခ၏ ကေလးသာသာအေတြးကိုလည္း သူ ေျပာင္းလဲပစ္ရမည္။ အေဝးေရာက္သြားလ်ွင္ မင္းခ၏စိတ္ ပံုမွန္ျပန္ျဖစ္သြားကာ ေယာက်္ားေလးျဖစ္သည့္ သြန္းအုပ္ကိုလည္း ေမ့သြားႏိုင္လိမ့္မည္ဟုထင္သည္။

"သားမ႐ွိရင္ အကိုေလးကို ဂ႐ုစိုက္ေပးမယ့္လူမ႐ွိဘူး။ ေလးသက္ သားလိမၼာမယ္ေလ။ ဒီကေန မသြားခ်င္ဘူး။
ေလးသက္ သားတို႔ဒီမွာပဲေနၾကမယ္ေလ"

"မင္း ဘာလို႔ ဒီအိမ္ကေနမခါြခ်င္ေနတာလဲ။ မင္းကို ဒုကၡတြင္းထဲ ဆြဲခ်ေနတဲ့သူကို"

"သား သူ႔ကိုခ်စ္လို႔"

"••••"

"သား အကိုေလးနဲ႔ မခြဲႏိုင္ဘူး။ သူလည္း
သားကိုလိုအပ္ေနမွာပဲ"

ေျပာလိုက္သည့္စကားက အထစ္အေငါ့မ႐ွိ။
ခင္ေထြး ေျပာျပစဥ္ကေတာင္ ဦးသက္လြင္မယံုႏိုင္ခဲ့။ ေျပာသည့္သူက မ႐ွက္မရြံ႔ေပမယ့္ နားေထာင္လိုက္ရသည့္ ကိုယ္ကေတာ့ ႐ွက္ရြံေဒါသစိတ္မ်ားေၾကာင့္ ေသြးေတြေဆာင့္တိုးလာသည္။

"မင္းပါးစပ္ကိုပိတ္! ႐ူးေၾကာင္ေၾကာင္စကားေတြ ေျပာမေနနဲ႔! မင္းက အေျခာက္လား ဟမ္! ေယာက်္ားေလးခ်င္း အေနၾကာလို႔ သံေယာဇဥ္႐ွိတိုင္းသာ အခ်စ္ဆိုၿပီး ေခါင္းစဥ္တပ္ရေၾကးဆိုရင္ တစ္ေလာကလံုး
ေ-ာက္က်ိဳးနည္းေလာက္ေအာင္ အေျခာက္ေတြခ်ည္းပဲ ျဖစ္ကုန္မယ္။ မင္း႐ူးေနၿပီလား ဟမ္ မင္းခ! မင္းအခုေျပာေနတာေတြကို ႐ွက္ရေကာင္းမွန္းေရာ သိေသးရဲ႕လား"

"သားကေတာ့ မ႐ွက္ဘူး ေလးသက္။ သား အကိုေလးကို ခ်စ္တယ္။ သူ႔နားမွာေနၿပီး သူ႔ကိုေစာင့္ေ႐ွာက္ေပးခ်င္တယ္။
သားခ်စ္တဲ့သူက ေယာက်္ားေလးျဖစ္ေနလို႔ ေလးသက္က
အ​ေျခာက္လို႔သက္မွတ္မယ္ဆိုရင္လည္း သားကအေျခာက္ပဲ ေပါ့။ အေျခာက္ျဖစ္ရတာက ႐ွက္ဖို႔ေကာင္းေနတယ္လို႔လည္း မထင္ပါဘူး။"

"မင္း! မင္းပါးစပ္ကိုပိတ္စမ္း! ငါ့ကို နည္းအမ်ိဳးမ်ိဳးနဲ႔ ေဒါသထြက္ၿပီး ေသေအာင္သတ္ေနတာလား။ မင္းက ငါ့ကိုဒီလိုပံုစံနဲ႔ ေက်းဇူးဆပ္ေနတာလား။ မင္းေခါင္းထဲမွာ အဲ့ေကာင္ကလြဲၿပီး ဘာမွမ႐ွိေတာ့ဘူးလား!"

ေဒါသစိတ္မ်ားမႊန္ထူလ်က္ ဦးသက္လြင္၏တစ္ကိုယ္လံုး တုန္ယင္ေနသည္။

တစ္ခါမွ ခြန္းတံု႔ျပန္မေျပာဆိုခဲ့ဖူးသည့္ တူျဖစ္သူက ေယာက်္ားေလးတစ္ေယာက္အတြက္ႏွင့္ ျပန္ခံေျပာေန၏။
ေလသံကမမာေသာ္လည္း ေျပာေနသည့္စကားမ်ားက သူ႔ေဒါသမီးေတာက္အား ဓာတ္ဆီေလာင္းေပးသလို ျဖစ္ေနသည္။

"ေအး!မင္းကသာ သူ႔အတြက္ေလ်ွာက္ေတြးေနတာ။ အဲ့ေကာင္ မင္းကို ဘယ္ေလာက္အႏိုင့္က်င့္ခဲ့လဲ မင္းအသိဆံုးပဲ! ၿပီးေတာ့ မင္းကို ဘယ္တုန္းကမ်ား လူလိုသူလို ဆက္ဆံဖူးလဲ"

"မဟုတ္ဘူး။ အကိုေလးက သားအေပၚေကာင္းပါတယ္။"

"ေအး အဲ့ဒါဆို ငါေမးမယ္။ မင္းေျပာသလို သူသာ မင္းအေပၚေကာင္းတယ္ဆိုရင္ ခင္ေထြးကို မင္းတာဝန္ဝင္ယူတဲ့ကိစၥ ဘာလို႔ ရ​ေအာင္မတားတာလဲ။ တားခဲ့တယ္လို႔ မေျပာနဲ႔။ တကယ္ဆို သူ႔ပါးစပ္ကေန  သူကိုယ္တိုင္ဝန္ခံရမွာေလ။ မင္းကို လူတကာေ႐ွ႕
အ႐ွက္ကြဲေစမယ့္ကိစၥမ်ိဳးကို သူကႏႈတ္ဆိတ္ၿပီး ၿငိမ္ေနတာ။ သူ႔အျပစ္ကို သူ ေပၚမွာေၾကာက္ေနတာ။ ေနာက္ၿပီး မင္းကို လိုအပ္ေနတယ္ဆိုတာ မင္းကိုခ်စ္လို႔မ်ားထင္ေနလား။
မင္းကဂ်ိဳေကာင္းတဲ႔ႏြားမို႔လို႔ လက္မလႊတ္ခ်င္ရံုပဲ!"

"ေလးသက္!"

မင္းခ ေဒါသစိတ္အနည္းငယ္ဝင္သြားမိေတာ့ ဦးသက္လြင္အား ေလးသံခပ္တင္းတင္းျဖင့္ ေျပာလိုက္မိသည္။

"မင္းက ငါ့ကိုေတာင္ ခုလိုေလသံနဲ႔
ျပန္ေျပာႏိုင္ေနၿပီေပါ့! ငါ့ကို မင္းရဲ႕ေကာင္ေလာက္ေတာင္
အေလးမထားေတာ့ဘူးေပါ့! ဟုတ္လား ေနမင္းခ"

စိတ္မေကာင္းျဖစ္သြားပံုရသည့္ ဦးသက္လြင္ေၾကာင့္ 
မင္းခ ေျပာခ်င္ရာေျပာထြက္သြားမိၿပီးမွ ေနာင္တရသြားသည္။

"ေတာင္းပန္ပါတယ္ ေလးသက္။ သား..သား
ေလးသက္ကိုလည္း ခ်စ္ပါတယ္။ ဒါေပမယ့္"

"မင္းလုပ္ရပ္ေတြကိုလည္း မင္းေသခ်ာျပန္စဥ္းစားပါဦး
မင္းခရယ္။ မင္းေျပာေတာ့ ေဆးေက်ာင္းတတ္ၿပီး ဆရာဝန္ေတာင္ လုပ္ဦးမလို႔ဆို။ ဒါေပမယ့္ မင္းအဲ့ဒါေတြကို ဘာမွမစဥ္းစားဘဲ မိန္းမတစ္ေယာက္ကိုေတာင္ နာမည္ပ်က္ခံၿပီး ေကာက္ယူပစ္လိုက္ေသးတယ္။ ဒါ့ထက္ ဒီအိမ္မွာေနၿပီး တစ္သက္လံုး သြန္းေလးအနားမွာပဲ ကပ္ေနလို႔ေရာ မင္းဘဝက တိုးတတ္လာမွာလား။
ငါက မင္းဦးေလးအရင္းေခါက္ေခါက္ပါကြာ။ ငါေျပာတာေလးလည္း ေခါင္းထဲထည့္ၿပီး ေသခ်ာစဥ္းစားပါဦး။"

"••••"

"ေအး ငါေျပာတာေသခ်ာစဥ္းစားသံုးသပ္။ သြန္းေလးက မင္းလိုလည္း မင္းအ​ေပၚဘာစိတ္မွမ႐ွိဘူး။ စိတ္ကူးယဥ္ၿပီး မိုက္႐ူးရဲမေနနဲ႔။ မင္းအေပၚစိတ္႐ွိရင္ေတာင္
ကိုယ့္ဦးေလးကို ထိုးဖို႔ုႀကိတ္ဖို႔အထိ ႐ိုင္းစိုင္းခဲ့တဲ့သူ၊ အရြယ္မေရာက္ေသးတဲ့ မိန္းကေလးတစ္ေယာက္ကို ေစာ္ကားဖ်က္ဆီးခဲ့တဲ့သူအတြက္နဲ႔ ငါ့ကိုစြန္႔လႊတ္ႏိုင္သလားသာ စဥ္းစား"

မင္းခကေတာ့ ျပန္ေျပာစရာစကားပင္မ႐ွိေတာ့။
မ်က္ရည္မ်ားသာ တသြင္သြင္စီးက်ရင္း ဘာကိုစဥ္းစားၿပီး ဘယ္လိုဆံုးျဖတ္ရမည္ကိုလည္း မသိေတာ့ပါေပ။

-

-

ဦးသက္လြင္က မင္းခစိတ္ေျပာင္းသြားေစရန္ ပိုပိုသာသာေျပာခဲ့ၿပီး အခန္းျပင္သို႔ ျပန္ထြက္လာလိုက္သည္။

အခန္းေ႐ွ႕တြင္ မ်က္ရည္လည္ရြဲျဖင့္ အေၾကာင္သားေငး
ၾကည့္ေနသည့္ ခင္ေထြးကိုျမင္ေတာ့ ဦးသက္လြင္
မ်က္ႏွာပူသြားမိ၏။

"ဦးေလးသက္ေျပာတာေတြက လြန္တယ္လို႔မထင္ဘူးလား။
အကိုေလးကို အဲ့ေလာက္အျပစ္ေတြဖို႔ၿပီး ေျပာလိုက္လို႔ေရာ ေနာက္က်ရင္ ကိုႀကီးမင္းခက အမွန္တရားကို မသိေတာ့ဘူးတဲ့လား။ ေနာက္ၿပီး ကိုႀကီးမင္းခ စိတ္ေျပာင္းသြားမယ္လို႔ ထင္ေနတာလား"

"ဦးေလးတူအေၾကာင္း ဦးေလးသိတယ္။ မင္းခကို
ရြာျပန္ေခၚသြားတဲ့အထိပဲ ငါ့တူမကဒီအတိုင္းဆက္ေနေပးပါ။ ဦးေလးကေတာင္းဆိုတာပါ။"

ထိုသို႔ေျပာအၿပီး ​ေက်ာခိုင္းသြားသည့္ ဦးသက္လြင္အား ခင္ေထြး နားမလည္စြာျဖင့္သာ ၾကည့္ေနမိသည္။
လူေတြကို နားမလည္ေတာ့။ အခု ဦးေလးသက္က ျဖစ္ပ်က္ေနသည့္ အထင္လြဲမွားမႈ ျပႆနာမ်ားအား မေျဖ႐ွင္းဘဲ၊ အမွန္တရားကိုထုတ္ေဖာ္ရန္ေတာ့
အဓိကထားၿပီး မစဥ္းစားဘဲ ျပႆနာေတြကုိ အခြင့္ေကာင္းယူအသံုးခ်ၿပီး ကိျုကီးမင္းခကို အကိုေလးဆီက ခြဲထုတ္သြားဖို႔ကိုပဲ အားထုတ္ႀကိဳးပမ္းေနသည္။

အရင္ကလည္း ကိုႀကီးမင္းခကို အကိုေလးအႏိုင္က်င့္ေနတာ မၾကည့္ရက္၍ အလုပ္ထြက္ရန္ ေျပာခဲ့ေသးသည္ပဲ။
သို႔ေသာ္ ကိုႀကီးမင္းခ အခ်ိန္ဆြဲတာကိုေတာ့
အခုေလာက္ႀကီး တင္းတင္းမာမာ မျငင္းဆန္ခဲ့ဖူးေပ။
အခု သူတို႔ႏွစ္ေယာက္ၾကားက သံေယာဇဥ္ကိုသိေတာ့မွ အတင္းခြဲထုတ္ရန္ျပင္ေနပံုမွာ တကယ့္ကို ယဇြဲနပဲႀကီးစြာ။

ခင္ေထြး ျမင္ေနရသေလာက္
လူႀကီးမ်ားဟာ တကယ္ကို လူႀကီးမပီသ။
လူငယ္မ်ားက အခ်စ္ေၾကာင့္
႐ူးသြပ္ၾကသည္ဆိုပါလ်ွင္
လူႀကီးမ်ားကေတာ့
အတၱႏွင့္ မာန္မာနမ်ားေၾကာင့္
႐ူးေနသည္ဟူ၍သာ ေတြးမိေတာ့သည္။

လွည့္စားႏိုင္လြန္းသည့္ ကံဇာတ္ဆရာကိုလည္း
စိတ္ထဲက က်ိန္ဆဲမိသည္။ ထိုကံဇာတ္ဆရာက အေတာ္ပင္ လွည့္စားႏိုင္လြန္းသည္။ တစ္ေန႔တစ္ေန႔ ၾကံဳေတြ႔ေနရသည့္ အေျပာင္းအလဲျမန္လြန္းသည့္ အျဖစ္အပ်က္မ်ားအား လိုက္စဥ္းစားဖို႔ ဥာဏ္မမွီေတာ့။

မၾကာေသးခင္အခ်ိ္န္အထိ သူမဘဝသည္ မျပည့္စံုေသာ္ျငား ေပ်ာ္ရႊင္ေနခဲ့ရသည္။ မုန္းတာလည္းမ႐ွိ၊
စိတ္နာသည္ဆိုတာကိုလည္း ဘာမွန္းပင္မသိ။
လြန္ခဲ့သည့္ တစ္လဝန္းက်င္ေလာက္ကစ၍ အကိုေလးအား သူမ အလြန္ပင္ စိတ္နာမုန္းတီးခဲ့ရသည္။ သူမဘဝတြင္လည္း ေပ်ာ္ရႊင္မႈဆိုသည့္အရာက
႐ုတ္ျခည္းဆိုသလို ေပ်ာက္ကြယ္သြားၿပီး အခ်ိန္ျပည့္ သူမ၏စိတ္ႏွလံုး နာက်ည္းမႈ၊အမုန္းတရားမ်ားစြာႏွင့္ လံုးေထြးသတ္ပုတ္ေနခဲ့ရသည္။

အခုေတာ့....
အျဖစ္အပ်က္တစ္ခုလံုးသာ ျပဇာတ္ဆိုပါလ်ွင္
သူမက နစ္နာသူျဖစ္ေကာင္းျဖစ္လိမ့္မည္။
သို႔ေသာ္
ဇာတ္အနာဆံုးက သူမေတာ့ မဟုတ္ခဲ့ေပ။

ူသူမအပါအဝင္ လူသံုးေယာက္၏ ဘဝႏွင့္ႏွလံုးသားမ်ားအား
အေရးမပါသည့္အတၱမ်ားေၾကာင့္ မတရား အဖ်က္ဆီးမခံႏိုုင္။

သူမအတြက္ အမွန္တရားႏွင့္ တရားမႈကိုလည္း ျပန္ယူမည္။
ကိုႀကီးမင္းခ၏ သိကၡာတရား
အကိုေလး၏ သိကၡာတရား
သူတို႔ႏွစ္ေယာက္၏ၾကားက သံေယာဇဥ္မ်ား
အရာအားလံုးက သူမရဲ႕အျပစ္မဟုတ္ေသာ္ျငား
သူမကိုအေၾကာင္းျပဳ၍ ပ်က္စီးရေတာ့မည္မို႔ အခုလိုအမွန္တရားတစ္ခုကိုသိၿပီးခ်ိန္၌ သူမက ျပန္လည္ကူညီေပးရလိမ့္မည္။

--------------------

ပံုရိပ္ဆီသို႔ ေန႔စဥ္တာဝန္မျပတ္ စာျပရန္လာေသာ္လည္း မင္းခ၏ပံုစံက စာသင္ခ်ိန္တြင္ေရာ၊စကားစျမည္ေျပာခ်ိန္၌ပါ အရင္လို ရႊင္ရႊင္ပ်ပ်မ႐ွိ။ ဝတၱရားတစ္ခုလိုသေဘာထား၍ မျဖစ္မေနလာေနသည္ဟုသာ ခံစားမိသည္။ မင္းခ၏လႈပ္႐ွားမႈတိုင္းဟာ အသက္မပါ။

ကိုယ္တိုင္ကမေပ်ာ္ေသာ္လည္း စိတ္ညစ္စရာမ်ားေနသည့္ သူေ႐ွ႕မွာေတာ့ အဆင္ေျပဟန္သာေဆာင္ေနခဲ့သည္။ သို႔ေသာ္ မႈိင္ေတြကာ စိတ္ႏွင့္လူကပ္မေနသည့္ ထိုသူကိုၾကည့္ရင္း ထိုလူနီးပါး၊ မဟုတ္ေသး* ထို႔လူထက္ပင္ နာက်င္လာရ၏။

ကိုခ စိတ္​ေပ်ာ္လာေအာင္ ဘယ္လိုလုပ္ေပးရမလဲေတြးၿပီး တစ္ေန႔တစ္မ်ိဳးမ႐ိုးေအာင္ နည္းမ်ိဳးစံုႏွင့္
ႀကိဳးစားၾကည့္ေသာ္လည္း ဘာမွထူးျခားမလာ။

မင္းခမလာခင္ တစ္ေနကုန္ တကုပ္ကုပ္ႏွင့္ မီးဖိုေဆာင္ ကိုယ္တိုင္ဝင္ကာ ခ်က္ျပဳတ္ျပင္ဆင္သည္။ လာသည့္အခ်ိန္
ဟင္းမ်ိဳးစံုႏွင့္ထမင္းဝိုင္းအား တည္ခင္းဧည့္ခံသည္။
မင္းခက ဗိုက္မဆာဟုဆိုကာ တစ္တို႔မ်ွပင္မတို႔မထိ။

စိုက္ပ်ိဳးေရးျခံတစ္ခုမွ အလွဆံုးဟူသည့္
ပန္းပင္မ်ားအားဝယ္ၿပီး ျခံဝမွအိမ္ေ႐ွ႕ထိ လမ္းတစ္ေလ်ွာက္ စီကာခ်ထားသည္။ ပန္းပင္လွလွေလးမ်ားအားျမင္လ်ွင္ စိတ္ၾကည္သြားမည္အထင္ႏွင့္။ သို႔ေသာ္ ပံုရိပ္ သတိမထားမိလိုက္သည့္အခ်က္က သူခ်စ္သည့္သူက ပန္းႀကိဳက္ေလ့႐ွိသည့္ မိန္းကေလးမဟုတ္ဘဲ ကပ္ေစးနည္းတတ္ေသာ ေယာက်္ားတစ္ဦးဆိုတာပင္။
ထိုေန႔က သူ႔အား ပိုက္ဆံျဖဳန္းသည္ဟုပင္ ဆူသြားေသးသည္။

မင္းခအတြက္ လက္ေဆာင္ပစၥည္းမ်ားစြာ တစ္ေန႔တစ္မ်ိဳး စီစဥ္ေပးသည္။ ေသာ့ခ်ိတ္ေသးေသးေလးကအစ
ကားေသာ့မ်ားအထိ ပါေသာ္လည္း မင္းခကေတာ့ ဘာကိုမွလက္မခံခဲ့။ ကားေသာ့ေပးသည့္ေနကဆိုလ်ွင္ ေဒါသတႀကီးႏွင့္ပင္ ျငင္းခဲ့သည္။ ရထားသမ်ွအေမြ မကုန္ကုန္ေအာင္ ျဖဳန္းေနသည္ဟုေျပာကာ ႐ူးေနသလားဟုပင္ ျပန္ေမးသည္အထိ။

ၾကံရာမရသည့္အဆံုး ေဒၚညိဳကိုအၾကံဥာဏ္
ေတာင္းၾကည့္သည္။ ေဒၚညိဳေပးသည့္အၾကံကို သူလည္းသေဘာက်၏။ မင္းခလည္းသေဘာက်မည္ အထင္ႏွင့္ သူေန႔တြင္းခ်င္းျပင္ဆင္ထားလိုက္သည္။

မင္းခက ႐ွင္းျပလက္စ အဂၤလိပ္စာစာအုပ္အား ပိတ္လိုက္ၿပီး...

"ဒီေန႔ေတာ့ ဒီေလာက္ပဲ အရိပ္။ ညက် Read the passageေတြ ျပန္ဖတ္ထားဦး။"

"ဟုတ္ကဲ့"

"အဲ့ဒါဆို ကိုယ္ျပန္ေတာ့မယ္ေနာ္"

"ကိုခ"

"ေျပာေလ အရိပ္"

"ဟို ကြၽန္ေတာ္သြားစရာ႐ွိလို႔ လိုက္ပို႔ေပးပါလား"

"ကိုယ္မွကားမ​ေမာင္းတတ္တာ။ ဒ႐ိုင္ဘာဦးေလးကေရာ?"

"သူ..သူလိုက္ပို႔မွာပါ။ ကိုခကို အေဖာ္လိုက္ေပးေစခ်င္လို႔။
ဟို..မၾကာေစရဘူးေလ။ ခဏေလးပဲေလေနာ္ ေနာ္ ကိုခ"

မ်က္ႏွာငယ္ေလးႏွင့္ ေတာင္းဆိုေနသည့္ ပံုရိပ္အား
သနားလည္းသနား၊ အားလည္းအားနာ၍ မင္းခ ေခါင္းၿငိမ့္ျပလိုက္သည္။ ခုရက္ပိုင္း အရိပ္ကိုလည္း ဂ႐ုတစိုက္မဆက္ဆံျဖစ္။

ကိုယ့္အရိပ္တၾကည့္ၾကည့္ႏွင့္ ေပ်ာ္လာေအာင္ လုပ္ေပးေနေသာ္လည္း ကိုယ့္အဖို႔က ဆူစရာခ်ည္း
ျဖစ္ေနသည္။ သူပိုက္ဆံေပါတိုင္း ေလ်ွာက္ဝယ္ေပးေနသည့္ ပစၥည္းမ်ားက တန္ေၾကးနည္းလွသည္မဟုတ္။
မိဘအုပ္ထိန္းသူမ႐ွိေတာ့သည့္ ကေလးမို႔ ကိုယ္က အစ္ကိုျကီးေနရာဝင္၍ ဆူစရာ႐ွိလ်ွင္ ဆူရမည္သာ။

-

-

မိဘမဲ့ေဂဟာတစ္ခုေ႐ွ႕ေရာက္ေတာ့ ပံုရိပ္ႏွင့္ မင္းခတို႔၏ ကားေလးက အ႐ွိန္သတ္သြားသည္။

ေဂဟာထဲဝင္လိုက္ေတာ့ ညစာစားရန္ တန္းစီကာ
ထိုင္ေနၾကသည့္ အသက္အရြယ္စံုမိဘမဲ့ကေလးမ်ားကို ေတြ႔ရ၏။ ထို႔ေနာက္အၾကည့္တို႔က နံရံေပၚက white board ေပၚေရာက္သြားေတာ့...

"ယေန႔ညအတြက္ ညစာအလွဴ႐ွင္
ေမာင္ေနမင္းခ" ဟူ၍....

မၾကာမီ သံၿပိဳင္ထြက္ေပၚလာသည့္ ကေလးမ်ား၏
ဆုေတာင္းေမတၱာပို႔သသံေၾကာင့္ ရင္ထဲ႐ွိအပူမ်ားက ခဏတာေျပေပ်ာက္သြားသည္။ ေက်းဇူးတင္လြန္း၍ အရိပ္ကို လွည့္ၾကည့္မိေတာ့ ေအးခ်မ္းသည့္ထိုေကာင္ေလးက အျပံဳးခ်ိဳခ်ိဳေလးျဖင့္သာ တံု႔ျပန္ေလသည္။

***************tbc

30.May.22

[Unicode]

ကျွီ.....

ခြံထဲသို့ ကားအကောင်းစားတစ်စီး ဝင်ရောက်လာသည်။ မင်းခသိလိုက်၏။ ထိုကားသည် သုံး၊လေးနှစ်တစ်ကြိမ် အိမ်သို့ခဏလာလည်တတ်သည့် သွန်းအုပ်၏အဖွား ဒေါ်ခင်မဟာ၏ကားဖြစ်သည်။

ကားပေါ်မှ ကြွကြွရွရွနှင့်ဆင်းလာသည့် ဒေါ်ခင်မဟာ၏ အမူအရာအားလုံးတို့မှာ မင်းခကလေးဘဝ သူမကို စမြင်ဖူးခဲ့ကတည်းကအတိုင်း အတိအကျပင် တစ်ရွေးသားမျှ ပြောင်းလဲမှုမရှိသေး။ မျက်နှာကိုချီကာ ရင်ကိုကော့ ခေါင်းကိုမော့လျက် မာနတလူလူလွှင့်နေဆဲ ဒေါ်ခင်မဟာသည် တကယ်ဆိုလျှင်
အသက်၇၀ကျော်အရွယ် အဘွားကြီးတစ်ယောက်ဖြစ်နေပြီ။ သို့သော်ငြား အမူအရာအားလုံးက မနေ့တစ်နေ့ကကဲ့သို့။

ထိုအဘွားကြီးနှင့် မင်းခက သိပ်ပြီးအစေးမကပ်လှတာမို့ မင်းခ ရှောင်ထွက်ရန်ကြိုးစားလိုက်သည်။ ဒေါ်ခင်မဟာက
ဒီအိမ်သို့တစ်ခါလာတိုင်း သွန်းအုပ်ကို သူ့အိမ်သို့လိုက်ရန် ကြိုးစားပမ်းစားနားချနေတတ်သည့်အပြင် မင်းခနှင့်သွန်းအုပ်တို့အား မျက်နှာချင်းဆိုင်ချိန်သိပ်မရှိအောင် ဆီလိုအပေါက်ရှာ၍ ပြဿနာအမျိုးမျိုးဖန်တီးနေတတ်သူမို့ မင်းခက သူမအား သိပ်မကြည်။

"မင်းက ပစ္စည်းတွေမသယ်ဘဲ ဘယ်သွားဖို့ပြင်နေတာလဲ။ လာသယ်လေ!"

ကားပေါ်မှာပါလာသည့် ဝန်စည်စလယ်များကို
ကူသယ်ပေးရန် မစဉ်းစားဘဲ တခြားသို့ရှောင်ထွက်ရန် ကြိုးစားနေသည့် မင်းခအား ဒေါ်ခင်မဟာ မြင်ဖြစ်အောင်မြင်သွားပြီး လှမ်းငေါက်လိုက်သည်။

မင်းခ စိတ်မကြည်လင်စွာ သက်ပြင်းတစ်ချက်ချပြီးနောက် ဒေါ်ခင်မဟာ၏ပစ္စည်းများအား ကားထဲမှထုတ်ကာ
အိမ်ထဲသို့ လိုက်ပို့ပေးလိုက်သည်။ သို့သော်လည်း ဒေါ်ခင်မဟာက သွားခွင့်မပေးသေးဘဲ စကားစရှာကာ မင်းခအား စကားလုံးများနှင့်ထိုးနှက်ရန် ပြင်ဆင်ပြန်၏။

"မင်းတောင် အိမ်ထောင်ကျသွားပြီဆို? အဟင်းး
တယ်လည်း လက်သွက်ခြေသွက်နိုင်ပါလား"

မင်းခ စကားများများမပြောလို၍...

"ကျွန်တော် အပြင်သွားစရာလေးရှိလို့ ခွင့်ပြုပါဦး"

"....."

ဒေါ်ခင်မဟာက မင်းခ စကားလမ်းကြောင်းလွှဲလိုက်ခြင်းကို သိပ်ပြီးဘဝင်မကျလှသော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သွားရန်ခွင့်ပြုလိုက်သည်။

----------------

"ကြည့်ပါဦး မေဖွားမြေးလေးက လူပျိုကြီးဖြစ်ပြီး
ချောလာလိုက်တာ။"

"......"

သွန်းအုပ် စိတ်မပါသဖြင့် စကားပြန်မပြောဖြစ်။
မေဖွား ရန်ကုန်သို့လာတိုင်း အကြောင်းရင်းက
သူ့ကို ကလောသို့လိုက်ရန် လာခေါ်ခြင်း။ သို့ဖြစ်၍ အိမ်သို့မလာစေချင်ပေ။ ခုရက်ပိုင်းများတွင်
စကားပြောချင်စိတ်ပင်မရှိလောက်အောင် လူရောစိတ်ပါ နွမ်းနယ်လွန်းနေတာမို့ မေဖွား၏ ပလီပလာတီတီတာတာ စကားများကိုလည်း မခံစားနိုင်သေး။

"ဒါပေမယ့် မျက်နှာလေးတော့ နည်းနည်းချောင်နေတယ်။ အိပ်ရေးဝအောင် မအိပ်ဘဲ ဂိမ်းတွေဆော့နေတာလား သွန်းလေး"

"......."

"ဒီနေ့ကစပြီး အိပ်ရေးဝဝအိပ်ရမယ်နော်။ မေဖွားက သွန်းလေးကို သေချာဂရုစိုက်ပေးတော့မယ်။ အဲ့ဒါမှ အခုထက်ပိုချောလာမှာ။ ဟင်းဟင်းး
ကောင်မလေးတွေကတော့ ငါ့မြေးလေးဘေးနားမှာ ဝိုင်းနေတော့မှာ မြင်ယောင်သေးတယ်။"

"......."

ဘာပြောပြော မလှုပ်မယှက်နှင့် ပြန်ပြောဖော်မရ၊
ရယ်စရာပြောနေသည်ကိုပင် တုံ့ပြန်ခြင်းမရှိသည့် သွန်းလေးကြောင့် ဒေါ်ခင်မဟာ သက်ပြင်းချလိုက်သည်။

"သွန်းလေး ဘာတွေစိတ်ညစ်နေလဲ။ မေဖွားကိုပြောပြလေ။"

သွန်းအုပ်က ခေါင်းခါပြသည်။ သို့သော် ဒေါ်ခင်မဟာက လက်မလျှော့သေးဘဲ...

"မေဖွားကို ပြောပြလေ သွန်းလေး။ ဘာလို့ မှိုင်နေတာလဲ"

"မေဖွား"

"အင်း ပြောလေ။ သွန်းလေး"

"ကျွန်တော့်ကို ဂရုမစိုက်ဘဲ လွှတ်ထားပေးပါလား"

"ဟင်?"

"တမေ့တမောကြာမှတစ်ခါ ပေါ်ပေါ်လာပြီး အဲ့လိုကြီးတွေ လာလုပ်ပြနေတာကို နေသားမကျဘူးဖြစ်နေလို့"

ဒေါ်ခင်မဟာ မျက်နှာတစ်ချက်ပျက်သွားသည်။
သို့သော် သွန်းအုပ်ပြောတာကလည်း မှန်သင့်သလောက်မှန်နေတာမို့...

"မေဖွားက သွန်းလေးကို ကလောအိမ်ကိုလိုက်ခဲ့ဖို့ ခေါ်တာပဲကွယ်။ သွန်းလေးဘာသာ ငြင်းနေခဲ့တာပဲ။
ဟိုမှာဆိုရင် မေဖွားလည်း သွန်းလေးကို အနီးကပ်စောင့်ရှောက်ပေးနိုင်မယ်။"

"ကျွန်တော်က မေဖွားတို့စောင့်ရှောက်မှုကို လိုအပ်နေတဲ့ ကလေးလေးမဟုတ်တော့ဘူး။"

"သွန်းလေး!"

"ကျွန်တော့်စိတ်တွေရှုပ်နေတယ်။ ဘယ်သူနဲ့မှ
စကားမပြောချင်လို့ အခန်းထဲက ထွက်သွားပေးပါ။"

ဒေါ်ခင်မဟာ စိတ်တိုသွားသော်လည်း ရောက်ရောက်ချင်း ပြဿနာမဖြစ်ချင်တော့၍ အခန်းထဲမှထွက်လာလိုက်သည်။
နောက်ရက်တွေကျမှ ဒီကလေးကို ဆုံးမရမည်။

-------------------

ပုဂ္ဂလိကဆေးရုံတစ်ခု၏ အထူးကြပ်မတ်ကုသခန်းတစ်ခု၌..

"ဖေကြီး"

"ပြောလေ သမီးလေး"

သမီးဖြစ်သူ၏ ရွှင်ပျနေသည့် မျက်နှာလေးကိုကြည့်ရင်း
ဦးကျော်ဦး စိတ်ချမ်းသာနေမိသည်။ ခွဲစိတ်ရမည့်ရက်လည်း နီးလာပြီမို့ စိတ်လှုပ်ရှားမှုနှင့်အတူ
ဝမ်းနည်းဝမ်းသာဖြစ်နေသည်။

"ကိုကိုက အရမ်းသဘောကောင်းတာပဲနော်။"

မိုးသားကိုရည်ရွယ်၍ ပြောလိုက်ခြင်း။

"သူလာရင် ကေးတော့ အရမ်းပျော်တာပဲ"

"သူက သမီးဆီ ခဏခဏလာတာလား။ သမီးက သူ့ကို မကြောက်ဘူးလား"

"အာ...ဖေကြီးကလည်း။ ကိုကိုက
အဲ့လောက်ချစ်ဖို့ကောင်းတာ ကေးကဘာလို့ကြောက်ရမှာလဲ။ ကိုကိုကလေ ကေးကို ပုံပြင်တွေလည်းပြောပြတယ်။ မုန့်တွေလည်း အများကြီးဝယ်, ဝယ်လာတယ်။"

"......."

ဦးကျော်ဦး သက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်း ငြိမ်သက်စွာ နားထောင်နေမိဆဲ။

ကေးကေးက မိုးသားရဲ့အကြောင်းအား
တတ်ကြွစွာပြောပြနေရင်းမှ ရုတ်တရက်ညှိုးငယ်သွားရင်း..

"ကိုကိုက တစ်ခါတစ်လေဆို အရမ်းသနားဖို့ကောင်းတာပဲ။ သူက ကေးကိုပြောတယ်။ ကေးက
အရမ်းကံကောင်းတယ်တဲ့။ ဖေကြီးက ကေးကိုအရမ်းချစ်တာတဲ့။ ကေးဆေးကုဖို့အတွက်လည်း အလုပ်တွေအများကြီး ကြိုးစားနေတယ်တဲ့။ နောက်ပြီးလေ ကေးကို အားကျတယ်တဲ့။ အဲ့လိုပြောနေချိန်တွေဆိုရင် ကိုကို့မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေရောပဲ"

"........"

"ကေးက ကိုကို့ကိုမေးတာ။ ကိုကို စိတ်ညစ်နေလို့လား ဆိုတော့"

"အင်း သူကဘာပြောလဲ"

"ဖေကြီးအလုပ်ကောင်းကောင်းလုပ်ပေးမှ သူပျော်ရမှာတဲ့"

"•••"

"ကိုကိုပျော်အောင်လုပ်ပေးရမယ်နော် ဖေကြီး"

"......"

ဦးသက်လွင် သက်ပြင်းတစ်ချက်ကိုသာ တိုးဖွဖွချလိုက်သည်။
ဖြူစင်လွန်းသည့် သမီးငယ်ဟာ ဘာဆိုဘာမှမသိ။
လောကကြီးအကြောင်းကိုလည်းမသိ။ မိုးသား ဘာလိုချင်နေတာကိုလည်းမသိ။ အဖေဖြစ်သူက ဘာလုပ်ပေးရမည်ဆိုတာကို လည်းမသိ။

ကေးကေးက မိုးသားကို သံယောဇဉ်တွယ်နေသည်။ မွေးချင်းမောင်နှမ,မရှိခဲ့သည့်အပြင် မွေးလာကတည်းက ဆေးရုံနှင့်အိမ်မှာသာ အချိန်ကုန်ခဲ့ရသည့် သမီးလေးက သူငယ်ချင်းလည်းမရှိရှာပေ။

ထို့ကြောင့် သူ့ကို မကြာခဏလာတွေ့ပြီး အဖော်လုပ်ပေးနေသည့် မိုးသားအား
လွယ်လွယ်နှင့် ခင်တွယ်သွားခြင်းဖြစ်သည်။
မိုးသားဆိုသည့်ကောင်လေးကလည်း သူ့နှင့်သာ မောက်မောက်မာမာ ပြောဆိုဆက်ဆံနေသော်ငြား ကေးကေးအပေါ်မှာတော့ နူးနူးညံ့ညံ့ဆက်ဆံပေးသည်။

ညီမလေးသဖွယ် ပြောဆိုပြုမူနေသည်တို့က စိတ်မပါဘဲ ဟန်ဆောင်မာယာသုံးနေခြင်းမျိုးတော့ မဖြစ်တန်ရာ။
အမြဲလိုလို ရောဂါဒဏ်ကြောင့်ရော၊ မိဘများ၏
အဆင်မပြေမှုများကြောင့်ပါ မှုန်မှိုင်းအားငယ်နေတတ်သည့် ကေးကေးကလည်း မိုးသားနှင့်ခင်မင်ပြီးမှ ပျော်ရွှင်တတ်ကြွလာသည်။

မမြင်ရတာကြာပြီဖြစ်သည့် သမီးဖြစ်သူ၏အပြုံးအပျော်များကို မြင်ရတော့ မိုးသားအား ကျေးဇူးတင်ရသည်။
မိုးသား၏လုပ်ရပ်များက မှားနေသော်ငြား သမီးလေးအတွက် အဖေတစ်ယောက်ဖြစ်သည့် သူတောင် မလုပ်ပေးနိုင်၊မစွမ်းဆောင်နိုင်သည့်အရာများကို  ဖြည့်ဆည်းပေးနေသည့်အတွက်ကြောင့် မိုးသား၏ ဘက်တော်သားလုပ်နေမိ၏။ မိုးသား၏နာကျင်ခဲ့ရမှုများအား နားလည်အောင် ကြိုးစားချင်နေမိသည်။

ကိုယ့်လုပ်ရပ်များကိုယ် မှားလွန်းနေပြီဆိုတာကို သိရုံမက ရက်စက်ယုတ်မာလွန်းနေပြီဆိုတာကိုပါ သိပါသည်။
သို့သော် ဦးကျော်ဦး နောက်ပြန်လှည့်ရန်မတွေးတော့။ ဆုံးဖြတ်ချက်တစ်ခုအား ပိုင်နိုင်စွာချပြီးကတည်းက မိုးသားတောင်းဆိုထားသမျှ ကျေပွန်စွာ လုပ်ပေးနေခဲ့တာအခုထိ။

သားသမီးချင်းမစာနာသည့် လုပ်ရပ်များကိုပါ
လုပ်ပြီးနေမှတော့ နောက်ပြန်လှည့်လျှင်တောင် ကိုယ့်လိပ်ပြာကိုယ်လုံတော့မည်မဟုတ်။ ထို့အပြင် သူတို့မိသားစုဘဝအား ကုန်းကောက်စရာမရှိ၊စုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးခဲ့သည့် ဒေါ်သီရိအား အကြီးအကျယ်စိတ်ဆင်းရဲစေရန် လုပ်နိုင်မည့် အခွင့်အရေးမျိုးမို့လည်း...။

----------------------

အဖွားဖြစ်သူ၏ ရင်ခွင်ထဲခေါင်းအပ်၍ ရှိုက်ကြီးတငင်
ငိုနေပါလေသည့် ခင်ထွေး။

"အထွေးလေးရယ်..."

ကြီးငွေက ခင်ထွေး၏ကျောပြင်လေးအား ပွတ်သပ်ပေးရင်းဖြင့် အားပေးနှစ်သိမ့်ပေးရှာသည်။
ခင်ထွေး အမှန်တကယ်ငိုနေရခြင်း၏ အကြောင်းရင်းကိုမူ မသိရပေ။

-----------------

"မင်းခ"

"ဟုတ်ကဲ့ လေးသက်"

"လကုန်တာနဲ့ ရွာပြန်ဖို့ စီစဉ်ပြီးပြီ။
မင်းအောင်စာရင်းကလည်း နောက်နှစ်ရက်ဆိုထွက်ပြီ။ ကျောင်းတတ်ခါကျမှသာ မင်းဘာသာမင်း
အဆောင်ငှါးနေပြီးတတ်တော့"

"လေးသက်"

"ငါ့ကို ဘာအထွန့်တတ်ဦးမလို့လဲ"

"ဒီမှာပဲနေလို့ အဆင်ပြေနေတာပဲလေ။
နောက်ပြီး ခင်ထွေးတို့ မြေးအဖွားကလည်း"

"ခင်ထွေးကိစ္စကို ထည့်ပြောမနေနဲ့! သူမင်းကို
ကွာရှင်းပေးမယ်လို့ ငါ့ကိုလာပြောပြီးပြီ။ နောက်ပြီး မင်းမလုပ်ခဲ့တာကိုလည်း ငါသိပြီးပြီ"

"လေးသက်.."

"အကောင်းဆုံးကတော့ မင်းရောငါရော ဒီအိမ်မှာ
ဆက်မနေတာပဲ။ မင်းမသိတဲ့ တခြားကိစ္စတွေလည်း အများကြီးရှိတယ်။ ငါတို့ပြန်မယ်"

"လေးသက်... အကိုလေးကို စိတ်ဆိုးနေတယ်မလား။
အဲ့ဒါကြောင့် ဒီအိမ်ကနေထွက်သွားဖို့ စီစဉ်လိုက်တာလား။
အကိုလေးက အခုလိုလုပ်ဖို့ မပြောဘူးနော်။ သားဆန္ဒနဲ့သား"

မင်းခမသိသေးသည့်အရာများအား မင်းခကို ပြောပြရန် ဦးသက်လွင်မှာ အစီအစဉ်လုံးဝမရှိ။ ခင်ထွေးက
သူမ သိသမျှ အကုန်ပြောပြပြီးပြီမို့ မင်းခကို ဒီအိမ်က အမြန်ဆုံးနည်းနှင့်ခေါ်ထုတ်သွားရန်သာ ဆုံးဖြတ်ပြီးပြီ။

သွန်းလေးနှင့်မင်းခတို့ တစ်ယောက်နှင့်တစ်ယောက်
အခုလိုခံစားချက်မျိုးရှိနေတာကိုလည်း သူလက်မခံပေးနိုင်။ သွန်းအုပ်တို့မိသားစုရဲ့ အရှုပ်အရှင်းတွေကြားထဲမှာလည်း မင်းခကို အပါမခံနိုင်။ ထို့ကြောင့် အဝေးသို့ ခွဲထုတ်လိုက်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

"လေးသက်...သားဒီမှာပဲ နေချင်တယ်။"

"......"

"လေးသက်"

"......"

မျက်ရည်အဝိုင်းသားဖြင့် တောင်းပန်နေပြန်သည့် တူလေးသည် လူကြီးတစ်ယောက်လို ပြုမူပြောဆိုနေထိုင်သော်လည်း အမှန်တကယ်တွင်တော့ မရင့်ကျက်သေးပေ။ ဆယ့်ခြောက်နှစ်အရွယ်ဆိုတာမှာ အချစ်နှင့်ပတ်သက်လာလျှင် ရူးသွပ်လွန်းသည့် အရွယ်မို့ အခုချိန် ခဏလေးတော့ မင်းခ၏မျက်ရည်များကိုလည်း လျစ်လျူသာရှုထားလိုက်သည်။ ငိုပြတိုင်း
အလျော့ပေးမည်ဟု ထင်နေပုံရသည့် မင်းခ၏ ကလေးသာသာအတွေးကိုလည်း သူ ပြောင်းလဲပစ်ရမည်။ အဝေးရောက်သွားလျှင် မင်းခ၏စိတ် ပုံမှန်ပြန်ဖြစ်သွားကာ ယောကျ်ားလေးဖြစ်သည့် သွန်းအုပ်ကိုလည်း မေ့သွားနိုင်လိမ့်မည်ဟုထင်သည်။

"သားမရှိရင် အကိုလေးကို ဂရုစိုက်ပေးမယ့်လူမရှိဘူး။ လေးသက် သားလိမ္မာမယ်လေ။ ဒီကနေ မသွားချင်ဘူး။
လေးသက် သားတို့ဒီမှာပဲနေကြမယ်လေ"

"မင်း ဘာလို့ ဒီအိမ်ကနေမခါွချင်နေတာလဲ။ မင်းကို ဒုက္ခတွင်းထဲ ဆွဲချနေတဲ့သူကို"

"သား သူ့ကိုချစ်လို့"

"••••"

"သား အကိုလေးနဲ့ မခွဲနိုင်ဘူး။ သူလည်း
သားကိုလိုအပ်နေမှာပဲ"

ပြောလိုက်သည့်စကားက အထစ်အငေါ့မရှိ။
ခင်ထွေး ပြောပြစဉ်ကတောင် ဦးသက်လွင်မယုံနိုင်ခဲ့။ ပြောသည့်သူက မရှက်မရွံ့ပေမယ့် နားထောင်လိုက်ရသည့် ကိုယ်ကတော့ ရှက်ရွံဒေါသစိတ်များကြောင့် သွေးတွေဆောင့်တိုးလာသည်။

"မင်းပါးစပ်ကိုပိတ်! ရူးကြောင်ကြောင်စကားတွေ ပြောမနေနဲ့! မင်းက အခြောက်လား ဟမ်! ယောကျ်ားလေးချင်း အနေကြာလို့ သံယောဇဉ်ရှိတိုင်းသာ အချစ်ဆိုပြီး ခေါင်းစဉ်တပ်ရကြေးဆိုရင် တစ်လောကလုံး
ေ-ာက်ကျိုးနည်းလောက်အောင် အခြောက်တွေချည်းပဲ ဖြစ်ကုန်မယ်။ မင်းရူးနေပြီလား ဟမ် မင်းခ! မင်းအခုပြောနေတာတွေကို ရှက်ရကောင်းမှန်းရော သိသေးရဲ့လား"

"သားကတော့ မရှက်ဘူး လေးသက်။ သား အကိုလေးကို ချစ်တယ်။ သူ့နားမှာနေပြီး သူ့ကိုစောင့်ရှောက်ပေးချင်တယ်။
သားချစ်တဲ့သူက ယောကျ်ားလေးဖြစ်နေလို့ လေးသက်က
အခြောက်လို့သက်မှတ်မယ်ဆိုရင်လည်း သားကအခြောက်ပဲ ပေါ့။ အခြောက်ဖြစ်ရတာက ရှက်ဖို့ကောင်းနေတယ်လို့လည်း မထင်ပါဘူး။"

"မင်း! မင်းပါးစပ်ကိုပိတ်စမ်း! ငါ့ကို နည်းအမျိုးမျိုးနဲ့ ဒေါသထွက်ပြီး သေအောင်သတ်နေတာလား။ မင်းက ငါ့ကိုဒီလိုပုံစံနဲ့ ကျေးဇူးဆပ်နေတာလား။ မင်းခေါင်းထဲမှာ အဲ့ကောင်ကလွဲပြီး ဘာမှမရှိတော့ဘူးလား!"

ဒေါသစိတ်များမွှန်ထူလျက် ဦးသက်လွင်၏တစ်ကိုယ်လုံး တုန်ယင်နေသည်။

တစ်ခါမှ ခွန်းတုံ့ပြန်မပြောဆိုခဲ့ဖူးသည့် တူဖြစ်သူက ယောကျ်ားလေးတစ်ယောက်အတွက်နှင့် ပြန်ခံပြောနေ၏။
လေသံကမမာသော်လည်း ပြောနေသည့်စကားများက သူ့ဒေါသမီးတောက်အား ဓာတ်ဆီလောင်းပေးသလို ဖြစ်နေသည်။

"အေး!မင်းကသာ သူ့အတွက်လျှောက်တွေးနေတာ။ အဲ့ကောင် မင်းကို ဘယ်လောက်အနိုင့်ကျင့်ခဲ့လဲ မင်းအသိဆုံးပဲ! ပြီးတော့ မင်းကို ဘယ်တုန်းကများ လူလိုသူလို ဆက်ဆံဖူးလဲ"

"မဟုတ်ဘူး။ အကိုလေးက သားအပေါ်ကောင်းပါတယ်။"

"အေး အဲ့ဒါဆို ငါမေးမယ်။ မင်းပြောသလို သူသာ မင်းအပေါ်ကောင်းတယ်ဆိုရင် ခင်ထွေးကို မင်းတာဝန်ဝင်ယူတဲ့ကိစ္စ ဘာလို့ ရအောင်မတားတာလဲ။ တားခဲ့တယ်လို့ မပြောနဲ့။ တကယ်ဆို သူ့ပါးစပ်ကနေ  သူကိုယ်တိုင်ဝန်ခံရမှာလေ။ မင်းကို လူတကာရှေ့
အရှက်ကွဲစေမယ့်ကိစ္စမျိုးကို သူကနှုတ်ဆိတ်ပြီး ငြိမ်နေတာ။ သူ့အပြစ်ကို သူ ပေါ်မှာကြောက်နေတာ။ နောက်ပြီး မင်းကို လိုအပ်နေတယ်ဆိုတာ မင်းကိုချစ်လို့များထင်နေလား။
မင်းကဂျိုကောင်းတဲ့နွားမို့လို့ လက်မလွှတ်ချင်ရုံပဲ!"

"လေးသက်!"

မင်းခ ဒေါသစိတ်အနည်းငယ်ဝင်သွားမိတော့ ဦးသက်လွင်အား လေးသံခပ်တင်းတင်းဖြင့် ပြောလိုက်မိသည်။

"မင်းက ငါ့ကိုတောင် ခုလိုလေသံနဲ့
ပြန်ပြောနိုင်နေပြီပေါ့! ငါ့ကို မင်းရဲ့ကောင်လောက်တောင်
အလေးမထားတော့ဘူးပေါ့! ဟုတ်လား နေမင်းခ"

စိတ်မကောင်းဖြစ်သွားပုံရသည့် ဦးသက်လွင်ကြောင့် 
မင်းခ ပြောချင်ရာပြောထွက်သွားမိပြီးမှ နောင်တရသွားသည်။

"တောင်းပန်ပါတယ် လေးသက်။ သား..သား
လေးသက်ကိုလည်း ချစ်ပါတယ်။ ဒါပေမယ့်"

"မင်းလုပ်ရပ်တွေကိုလည်း မင်းသေချာပြန်စဉ်းစားပါဦး
မင်းခရယ်။ မင်းပြောတော့ ဆေးကျောင်းတတ်ပြီး ဆရာဝန်တောင် လုပ်ဦးမလို့ဆို။ ဒါပေမယ့် မင်းအဲ့ဒါတွေကို ဘာမှမစဉ်းစားဘဲ မိန်းမတစ်ယောက်ကိုတောင် နာမည်ပျက်ခံပြီး ကောက်ယူပစ်လိုက်သေးတယ်။ ဒါ့ထက် ဒီအိမ်မှာနေပြီး တစ်သက်လုံး သွန်းလေးအနားမှာပဲ ကပ်နေလို့ရော မင်းဘဝက တိုးတတ်လာမှာလား။
ငါက မင်းဦးလေးအရင်းခေါက်ခေါက်ပါကွာ။ ငါပြောတာလေးလည်း ခေါင်းထဲထည့်ပြီး သေချာစဉ်းစားပါဦး။"

"••••"

"အေး ငါပြောတာသေချာစဉ်းစားသုံးသပ်။ သွန်းလေးက မင်းလိုလည်း မင်းအပေါ်ဘာစိတ်မှမရှိဘူး။ စိတ်ကူးယဉ်ပြီး မိုက်ရူးရဲမနေနဲ့။ မင်းအပေါ်စိတ်ရှိရင်တောင်
ကိုယ့်ဦးလေးကို ထိုးဖို့ကြိတ်ဖို့အထိ ရိုင်းစိုင်းခဲ့တဲ့သူ၊ အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ကို စော်ကားဖျက်ဆီးခဲ့တဲ့သူအတွက်နဲ့ ငါ့ကိုစွန့်လွှတ်နိုင်သလားသာ စဉ်းစား"

မင်းခကတော့ ပြန်ပြောစရာစကားပင်မရှိတော့။
မျက်ရည်များသာ တသွင်သွင်စီးကျရင်း ဘာကိုစဉ်းစားပြီး ဘယ်လိုဆုံးဖြတ်ရမည်ကိုလည်း မသိတော့ပါပေ။

-

-

ဦးသက်လွင်က မင်းခစိတ်ပြောင်းသွားစေရန် ပိုပိုသာသာပြောခဲ့ပြီး အခန်းပြင်သို့ ပြန်ထွက်လာလိုက်သည်။

အခန်းရှေ့တွင် မျက်ရည်လည်ရွဲဖြင့် အကြောင်သားငေး
ကြည့်နေသည့် ခင်ထွေးကိုမြင်တော့ ဦးသက်လွင်
မျက်နှာပူသွားမိ၏။

"ဦးလေးသက်ပြောတာတွေက လွန်တယ်လို့မထင်ဘူးလား။
အကိုလေးကို အဲ့လောက်အပြစ်တွေဖို့ပြီး ပြောလိုက်လို့ရော နောက်ကျရင် ကိုကြီးမင်းခက အမှန်တရားကို မသိတော့ဘူးတဲ့လား။ နောက်ပြီး ကိုကြီးမင်းခ စိတ်ပြောင်းသွားမယ်လို့ ထင်နေတာလား"

"ဦးလေးတူအကြောင်း ဦးလေးသိတယ်။ မင်းခကို
ရွာပြန်ခေါ်သွားတဲ့အထိပဲ ငါ့တူမကဒီအတိုင်းဆက်နေပေးပါ။ ဦးလေးကတောင်းဆိုတာပါ။"

ထိုသို့ပြောအပြီး ကျောခိုင်းသွားသည့် ဦးသက်လွင်အား ခင်ထွေး နားမလည်စွာဖြင့်သာ ကြည့်နေမိသည်။
လူတွေကို နားမလည်တော့။ အခု ဦးလေးသက်က ဖြစ်ပျက်နေသည့် အထင်လွဲမှားမှု ပြဿနာများအား မဖြေရှင်းဘဲ၊ အမှန်တရားကိုထုတ်ဖော်ရန်တော့
အဓိကထားပြီး မစဉ်းစားဘဲ ပြဿနာတွေကို အခွင့်ကောင်းယူအသုံးချပြီး ကိြုကီးမင်းခကို အကိုလေးဆီက ခွဲထုတ်သွားဖို့ကိုပဲ အားထုတ်ကြိုးပမ်းနေသည်။

အရင်ကလည်း ကိုကြီးမင်းခကို အကိုလေးအနိုင်ကျင့်နေတာ မကြည့်ရက်၍ အလုပ်ထွက်ရန် ပြောခဲ့သေးသည်ပဲ။
သို့သော် ကိုကြီးမင်းခ အချိန်ဆွဲတာကိုတော့
အခုလောက်ကြီး တင်းတင်းမာမာ မငြင်းဆန်ခဲ့ဖူးပေ။
အခု သူတို့နှစ်ယောက်ကြားက သံယောဇဉ်ကိုသိတော့မှ အတင်းခွဲထုတ်ရန်ပြင်နေပုံမှာ တကယ့်ကို ယဇွဲနပဲကြီးစွာ။

ခင်ထွေး မြင်နေရသလောက်
လူကြီးများဟာ တကယ်ကို လူကြီးမပီသ။
လူငယ်များက အချစ်ကြောင့်
ရူးသွပ်ကြသည်ဆိုပါလျှင်
လူကြီးများကတော့
အတ္တနှင့် မာန်မာနများကြောင့်
ရူးနေသည်ဟူ၍သာ တွေးမိတော့သည်။

လှည့်စားနိုင်လွန်းသည့် ကံဇာတ်ဆရာကိုလည်း
စိတ်ထဲက ကျိန်ဆဲမိသည်။ ထိုကံဇာတ်ဆရာက အတော်ပင် လှည့်စားနိုင်လွန်းသည်။ တစ်နေ့တစ်နေ့ ကြုံတွေ့နေရသည့် အပြောင်းအလဲမြန်လွန်းသည့် အဖြစ်အပျက်များအား လိုက်စဉ်းစားဖို့ ဉာဏ်မမှီတော့။

မကြာသေးခင်အချိန်အထိ သူမဘဝသည် မပြည့်စုံသော်ငြား ပျော်ရွှင်နေခဲ့ရသည်။ မုန်းတာလည်းမရှိ၊
စိတ်နာသည်ဆိုတာကိုလည်း ဘာမှန်းပင်မသိ။
လွန်ခဲ့သည့် တစ်လဝန်းကျင်လောက်ကစ၍ အကိုလေးအား သူမ အလွန်ပင် စိတ်နာမုန်းတီးခဲ့ရသည်။ သူမဘဝတွင်လည်း ပျော်ရွှင်မှုဆိုသည့်အရာက
ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားပြီး အချိန်ပြည့် သူမ၏စိတ်နှလုံး နာကျည်းမှု၊အမုန်းတရားများစွာနှင့် လုံးထွေးသတ်ပုတ်နေခဲ့ရသည်။

အခုတော့....
အဖြစ်အပျက်တစ်ခုလုံးသာ ပြဇာတ်ဆိုပါလျှင်
သူမက နစ်နာသူဖြစ်ကောင်းဖြစ်လိမ့်မည်။
သို့သော်
ဇာတ်အနာဆုံးက သူမတော့ မဟုတ်ခဲ့ပေ။

ူသူမအပါအဝင် လူသုံးယောက်၏ ဘဝနှင့်နှလုံးသားများအား
အရေးမပါသည့်အတ္တများကြောင့် မတရား အဖျက်ဆီးမခံနိုင်။

သူမအတွက် အမှန်တရားနှင့် တရားမှုကိုလည်း ပြန်ယူမည်။
ကိုကြီးမင်းခ၏ သိက္ခာတရား
အကိုလေး၏ သိက္ခာတရား
သူတို့နှစ်ယောက်၏ကြားက သံယောဇဉ်များ
အရာအားလုံးက သူမရဲ့အပြစ်မဟုတ်သော်ငြား
သူမကိုအကြောင်းပြု၍ ပျက်စီးရတော့မည်မို့ အခုလိုအမှန်တရားတစ်ခုကိုသိပြီးချိန်၌ သူမက ပြန်လည်ကူညီပေးရလိမ့်မည်။

--------------------

ပုံရိပ်ဆီသို့ နေ့စဉ်တာဝန်မပြတ် စာပြရန်လာသော်လည်း မင်းခ၏ပုံစံက စာသင်ချိန်တွင်ရော၊စကားစမြည်ပြောချိန်၌ပါ အရင်လို ရွှင်ရွှင်ပျပျမရှိ။ ဝတ္တရားတစ်ခုလိုသဘောထား၍ မဖြစ်မနေလာနေသည်ဟုသာ ခံစားမိသည်။ မင်းခ၏လှုပ်ရှားမှုတိုင်းဟာ အသက်မပါ။

ကိုယ်တိုင်ကမပျော်သော်လည်း စိတ်ညစ်စရာများနေသည့် သူရှေ့မှာတော့ အဆင်ပြေဟန်သာဆောင်နေခဲ့သည်။ သို့သော် မှိုင်တွေကာ စိတ်နှင့်လူကပ်မနေသည့် ထိုသူကိုကြည့်ရင်း ထိုလူနီးပါး၊ မဟုတ်သေး* ထို့လူထက်ပင် နာကျင်လာရ၏။

ကိုခ စိတ်ပျော်လာအောင် ဘယ်လိုလုပ်ပေးရမလဲတွေးပြီး တစ်နေ့တစ်မျိုးမရိုးအောင် နည်းမျိုးစုံနှင့်
ကြိုးစားကြည့်သော်လည်း ဘာမှထူးခြားမလာ။

မင်းခမလာခင် တစ်နေကုန် တကုပ်ကုပ်နှင့် မီးဖိုဆောင် ကိုယ်တိုင်ဝင်ကာ ချက်ပြုတ်ပြင်ဆင်သည်။ လာသည့်အချိန်
ဟင်းမျိုးစုံနှင့်ထမင်းဝိုင်းအား တည်ခင်းဧည့်ခံသည်။
မင်းခက ဗိုက်မဆာဟုဆိုကာ တစ်တို့မျှပင်မတို့မထိ။

စိုက်ပျိုးရေးခြံတစ်ခုမှ အလှဆုံးဟူသည့်
ပန်းပင်များအားဝယ်ပြီး ခြံဝမှအိမ်ရှေ့ထိ လမ်းတစ်လျှောက် စီကာချထားသည်။ ပန်းပင်လှလှလေးများအားမြင်လျှင် စိတ်ကြည်သွားမည်အထင်နှင့်။ သို့သော် ပုံရိပ် သတိမထားမိလိုက်သည့်အချက်က သူချစ်သည့်သူက ပန်းကြိုက်လေ့ရှိသည့် မိန်းကလေးမဟုတ်ဘဲ ကပ်စေးနည်းတတ်သော ယောကျ်ားတစ်ဦးဆိုတာပင်။
ထိုနေ့က သူ့အား ပိုက်ဆံဖြုန်းသည်ဟုပင် ဆူသွားသေးသည်။

မင်းခအတွက် လက်ဆောင်ပစ္စည်းများစွာ တစ်နေ့တစ်မျိုး စီစဉ်ပေးသည်။ သော့ချိတ်သေးသေးလေးကအစ
ကားသော့များအထိ ပါသော်လည်း မင်းခကတော့ ဘာကိုမှလက်မခံခဲ့။ ကားသော့ပေးသည့်နေကဆိုလျှင် ဒေါသတကြီးနှင့်ပင် ငြင်းခဲ့သည်။ ရထားသမျှအမွေ မကုန်ကုန်အောင် ဖြုန်းနေသည်ဟုပြောကာ ရူးနေသလားဟုပင် ပြန်မေးသည်အထိ။

ကြံရာမရသည့်အဆုံး ဒေါ်ညိုကိုအကြံဉာဏ်
တောင်းကြည့်သည်။ ဒေါ်ညိုပေးသည့်အကြံကို သူလည်းသဘောကျ၏။ မင်းခလည်းသဘောကျမည် အထင်နှင့် သူနေ့တွင်းချင်းပြင်ဆင်ထားလိုက်သည်။

မင်းခက ရှင်းပြလက်စ အင်္ဂလိပ်စာစာအုပ်အား ပိတ်လိုက်ပြီး...

"ဒီနေ့တော့ ဒီလောက်ပဲ အရိပ်။ ညကျ Read the passageတွေ ပြန်ဖတ်ထားဦး။"

"ဟုတ်ကဲ့"

"အဲ့ဒါဆို ကိုယ်ပြန်တော့မယ်နော်"

"ကိုခ"

"ပြောလေ အရိပ်"

"ဟို ကျွန်တော်သွားစရာရှိလို့ လိုက်ပို့ပေးပါလား"

"ကိုယ်မှကားမမောင်းတတ်တာ။ ဒရိုင်ဘာဦးလေးကရော?"

"သူ..သူလိုက်ပို့မှာပါ။ ကိုခကို အဖော်လိုက်ပေးစေချင်လို့။
ဟို..မကြာစေရဘူးလေ။ ခဏလေးပဲလေနော် နော် ကိုခ"

မျက်နှာငယ်လေးနှင့် တောင်းဆိုနေသည့် ပုံရိပ်အား
သနားလည်းသနား၊ အားလည်းအားနာ၍ မင်းခ ခေါင်းငြိမ့်ပြလိုက်သည်။ ခုရက်ပိုင်း အရိပ်ကိုလည်း ဂရုတစိုက်မဆက်ဆံဖြစ်။

ကိုယ့်အရိပ်တကြည့်ကြည့်နှင့် ပျော်လာအောင် လုပ်ပေးနေသော်လည်း ကိုယ့်အဖို့က ဆူစရာချည်း
ဖြစ်နေသည်။ သူပိုက်ဆံပေါတိုင်း လျှောက်ဝယ်ပေးနေသည့် ပစ္စည်းများက တန်ကြေးနည်းလှသည်မဟုတ်။
မိဘအုပ်ထိန်းသူမရှိတော့သည့် ကလေးမို့ ကိုယ်က အစ်ကိုကြီးနေရာဝင်၍ ဆူစရာရှိလျှင် ဆူရမည်သာ။

-

-

မိဘမဲ့ဂေဟာတစ်ခုရှေ့ရောက်တော့ ပုံရိပ်နှင့် မင်းခတို့၏ ကားလေးက အရှိန်သတ်သွားသည်။

ဂေဟာထဲဝင်လိုက်တော့ ညစာစားရန် တန်းစီကာ
ထိုင်နေကြသည့် အသက်အရွယ်စုံမိဘမဲ့ကလေးများကို တွေ့ရ၏။ ထို့နောက်အကြည့်တို့က နံရံပေါ်က white board ပေါ်ရောက်သွားတော့...

"ယနေ့ညအတွက် ညစာအလှူရှင်
မောင်နေမင်းခ" ဟူ၍....

မကြာမီ သံပြိုင်ထွက်ပေါ်လာသည့် ကလေးများ၏
ဆုတောင်းမေတ္တာပို့သသံကြောင့် ရင်ထဲရှိအပူများက ခဏတာပြေပျောက်သွားသည်။ ကျေးဇူးတင်လွန်း၍ အရိပ်ကို လှည့်ကြည့်မိတော့ အေးချမ်းသည့်ထိုကောင်လေးက အပြုံးချိုချိုလေးဖြင့်သာ တုံ့ပြန်လေသည်။

***************tbc

30.May.22

Continue Reading

You'll Also Like

466K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
365K 14.8K 90
ခဏခဏ ရည်းစားစကားအပြောခံနေရရင် အဖြေပေးဖို့ စဉ်းစားတော့လေ အကြောင်းပြချက်ပဲ မေးနေတာ မမောဘူးလား ခင်များ ဦးနှောက်သေးသေးလေးထဲ သေချာမှတ်သွား ကျုပ်''ချစ်ချ...
46.4K 3.7K 107
• တစ်နှစ်မှာ တစ်လ... တစ်လမှာ တစ်ရက်... • ပန်းပိတောက်ကို သက်သေတည်၍ ကိုယ့်အချစ်ကိုသစ္စာပြုပါမည်။ • တစ်သက်မှာ တစ်ဘဝ၊ တစ်ဘဝမှာ သည်တစ်ယောက်တည်းကိုပဲ ချစ်ခ...
3.1K 157 14
ကိုယ့္အေပၚ မသိလိုက္မသိဖာသာ တစ္ပါးသူရဲ့ ဂရုစိုက္မႈေသးေသးေလးေတြကို သေဘာတက်ရိွေနခဲ့ၿပီး တြယ္ၿငိခဲ့တဲ့သံေယာဇဉ္ေလး။ ေနာင္တစ္ခ်ိန္ျပန္ေတြ့တဲ့အခါ ပိုလို႔တင္...