အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၂၄

1.6K 127 8
By Chamomile_2

[Zawgyi]

ရပ္ကြက္လူႀကီးအနည္းငယ္ႏွင့္ အိမ္ရွိလူႀကီးမ်ားေရွ႕ေမွာက္၌
လက္ထပ္စာခ်ဳပ္ေပၚ လက္မွတ္ေရးထိုးလိုက္ျခင္းျဖင့္
မင္းခႏွင့္ခင္ေထြးတို႔ အၾကင္လင္မယားအျဖစ္သို႔ ကူးေျပာင္းသြားသည္။

သတို႔သားေရာ၊ သတို႔သမီးေရာက စိတ္ႏွင့္လူမကပ္သလို မ်က္ႏွာေသမ်ားႏွင့္ အၿပဳံးတစ္စက္မွမရွိၾက။
ႏွစ္ေယာက္စလုံးကလည္း ကေလးသာသာအ႐ြယ္မ်ား ျဖစ္ေန၍ လူႀကီးမ်ားက အတင္းအက်ပ္ေပးစားတာလားဟုပင္ ျပန္ေမးယူရသည္အထိ။

သြန္းအုပ္ကေတာ့ ျမင္ေနရသမွ်ကို မယုံၾကည္ႏိုင္ေသး။ စကားေျပာဖို႔အင္အားေတာင္ မက်န္ေတာ့တာမို႔ လက္ရွိထိုင္ေနသည့္ေနရာမွထကာ လက္ထပ္စာခ်ဳပ္ ခ်ဳပ္ဆိုေနသည့္ ေနရာသို႔သြားၿပီး ထိုပြဲကို ဖ်က္ဆီးပစ္ႏိုင္သည့္အားမ်ိဳးလည္း မရွိေတာ့။

မင္းခက ဘာလို႔ အခုလိုလုပ္ရတာလဲ။
သူ ေက်ာင္းတတ္ခါက် အခုလိုမ်ိဳး မလြတ္မလပ္နဲ႔ဆိုရင္ အခြင့္အေရးေတြအမ်ားႀကီး ဆုံးရႈံးသြားႏိုင္တာ မသိဘူးလား။
ခင္ေထြးကေရာ? ဘာလို႔ ငါ့အခန္းထဲမွာ အဲ့လိုပုံစံနဲ႔..။

စိတ္ေတြမြန္းၾကပ္လာ၍ ကိုယ့္စိတ္ကိုယ္ထြက္ေပါက္ေပးရန္ အရက္ပုလင္းထရွာရန္ ျပင္မိေတာ့..

"အရက္ေတြ မေသာက္ပါနဲေတာ့ အကိုေလး။
စိတ္ညစ္တိုင္း အရက္ေသာက္ရေၾကးဆိုရင္ တေလာကလုံး အရက္သမားေတြခ်ည္း ျဖစ္ကုန္လိမ့္မယ္။ ကြၽန္ေတာ္ နားလည္ပါတယ္။ မူးေနတဲ့အခ်ိန္ ဘာမွမမွတ္မိဘဲ ေလွ်ာက္လုပ္မိတယ္ဆိုတာ"

အရက္မူးေနလို႔ အမွားလုပ္မိခဲ့တယ္လို႔ ထင္သြားခဲ့တာလား။ ကိုယ္ကလည္း လက္ဆုပ္လက္ကိုင္ျပ၍ျငင္းရန္
သက္ေသမရွိသည့္အျပင္ စြပ္စြဲေလာက္စရာ အေၾကာင္းျပခ်က္မ်ားကပါ ခိုင္လုံေနခဲ့၏။

အမွားမက်ဴးလြန္ခဲ့ေၾကာင္း သက္ေသျပရန္
ကူညီဖို႔မစဥ္းစားဘဲ အမွားက်ဴးလြန္ထားသည္ဟု တထစ္ခ်ယုံၾကည္လိုက္သည့္အျပင္ ထိုအမွားအတြက္ပါ မိမိကိုယ္စား တာဝန္ယူေပးရန္ ဆုံးျဖတ္ခဲ့သည္သူကိုလည္း အျပစ္မဆိုရက္။

ကိစၥတစ္ခုလုံး၌ ဘယ္သူမွန္ၿပီး ဘယ္သူမွားေနသလဲ
မေဝခြဲတတ္ေတာ့ေပ။

သူတကယ္မွားခဲ့တာလား။
တစ္စုံတစ္ေယာက္က လုပ္ႀကံခဲ့တာလား။
ကိုယ္မက်ဴးလြန္ခဲ့မွန္း အသိစိတ္တြင္ေသခ်ာေနေသာ္လည္း ျဖစ္ပ်က္ေနသည့္ကိစၥမ်ားေၾကာင့္ ကိုယ့္ကိုယ္ကို သံသယဝင္လာမိသည္အထိ။

ေမာင္ႏွမေတြေတာင္ အိမ္ေထာင္ကိုယ္စီက်သြားရင္ တစ္ဦးႏွင့္တစ္ဦး စိမ္းသြားတတ္ေသးတာပဲ။ အခုလို
သူစိမ္းခ်င္းဆိုလွ်င္ ဆိုဖြယ္ရာမရွိ။ ေနာက္ၿပီး ကိုယ့္အတြက္ႏွင့္....

ခပ္စိမ္းစိမ္းအၾကည့္ႏွင့္ ေအးစက္စက္စကားသံမ်ားေၾကာင့္ မင္းခအနားသို႔သြားရန္ သြန္းအုပ္မွာ သတၱိမရွိေတာ့။
ထိုပြဲကိုဖ်က္ရန္ပင္ အင္အားလည္းမရွိၿပီမို႔ အေဝးကေနသာ ထိုလူအုပ္စု ေျပာဆိုလုပ္ကိုင္ေနသမွ်ကို ေငးၾကည့္ေနလိုက္သည္။ ၾကည့္ရင္းႏွင့္လည္း ​ေဆာက္တည္ရာမရစြာ (အက်င့္အတိုင္း) လက္ေခ်ာင္းထိပ္မ်ားကို လက္သည္းႏွင့္ ဆိတ္ဆြေနမိျပန္သည္။

သို႔ေသာ္လည္း သူမူးၿပီးအိပ္ေပ်ာ္ေနစဥ္ ဂ႐ုတစိုက္ႏွင့္ လက္သည္းညႇပ္ေပးထားသူ ရွိတာေၾကာင့္ အနာတရေတာ့ မျဖစ္ခဲ့ပါ။

---------------------

"ခုတ္ရာတျခား ရွရာတလြဲေတာ့ျဖစ္ကုန္ၿပီ မိုးသား"

"......"

"အားလုံးကလည္း မင္းခလို႔ပဲ ထင္သြားၾကၿပီ။
ဦးသက္လြင္ဆို သူ႔တူအစားရွက္ၿပီး ထိုးတာမွအခ်က္ေပါင္းမနည္းပဲ။"

"......"

ဘာေျပာေျပာ စိတ္မဝင္စားသလို ခြန္းတုံ႔ျပန္ေဖာ္မရသည့္ မိုးသားအား ဦးေက်ာ္ဦး အားမရစြာျဖင့္...

"ဘယ္လိုလုပ္ၾကမလဲ"

"ကြၽန္ေတာ္က ဘာလုပ္ရမွာလဲ? ဦးေက်ာ္ ေျပာၾကည့္ေလ။ ကြၽန္ေတာ္ ဘာလုပ္သင့္လဲဆိုတာ"

"မင္းက သြန္းအုပ္စိုးပိုင္ကို ေခ်ာက္ခ်ဖို႔ႀကံေနတာ
မဟုတ္ဘူးလား။ ဒါေပမယ့္အခု ေနမင္းခက!"

ဦးေက်ာ္ဦး၏ စကားမဆုံးခင္ မိုးသားက ပ်င္းတိပ်င္း႐ြဲ အားမပါသည့္ေလသံျဖင့္...

"ဦးေက်ာ္... ဦးေက်ာ္..."

"....."

"ခင္ဗ်ားက အသက္သာႀကီးေနတာ။ ဦးေႏွာက္က အေလးခ်ိန္စီးမလာဘူးပဲ။ ကြၽန္ေတာ္က ဘယ္သူလဲသိလား။ မိုးသားေလ။ အကုန္လံုးကို အေပၚစီးကေနၾကည့္ၿပီး ဘယ္သူမွမသိတာေတြေတာင္ ႀကိဳသိေနတာ။"

ဦးသက္လြင္ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။

"ဒီလိုမ်ိဳးျဖစ္မယ္ဆိုတာ သိေနတာလား။ ဒါနဲ႔ေတာင္ ဘာလို႔"

"တျခား ေျပာစရာဘာရွိေသးလဲ"

ဦးေက်ာ္ဦး သက္ျပင္းကိုသာခ်မိျပန္သည္။
တစ္စုံတစ္ေယာက္စကားေျပာေနခ်ိန္ ၾကားျဖတ္၍ ကိုယ္ေျပာခ်င္ရာဝင္မေျပာရန္ ဒီေကာင္ေလးဟာ ဆုံးမခံထားရပုံမေပၚ။

"မရွိေတာ့ဘူး။ ေလာေလာဆယ္ အဲ့ဒါပဲေျပာဖို႔ရွိတယ္။"

"......."

"မင္းလည္း"

တီ........

က်သြားသည့္ဖုန္းသံအား နားေထာင္ရင္း ဦးေက်ာ္ဦး သက္ျပင္းသာထပ္ခ်မိျပန္သည္။

မင္းဘာေတြေတြးၿပီး ဘာေတြလုပ္ေနမွန္း လိုက္ၿပီးမေတြးတတ္ေတာ့ဘူး မိုးသားေရ။

---------------

ring! ring!

မကဗ်ာႏွင့္ဖုန္းေျပာၿပီးကတည္းက ၾကမ္းျပင္ေပၚက်ေနသည့္ ဖုန္းေလး၏ မ်က္ႏွာျပင္ထက္တြင္ ေပၚေနေသာ
contact nameက 'ကိုခ'ဟူ၍။ မင္းခတြင္ ကိုယ္ပိုင္ဖုန္းမရွိေသာ္လည္း အိမ္ကႀကိဳးဖုန္းနံပါတ္ကိုေတာ့ ဆက္သြယ္ရန္ေပးထားသည္မို႔ ကိုခဟု မွတ္ထားခဲ့သည္။

ေသမတတ္လြမ္းေနခ်ိန္မ်ားတြင္ေတာင္၊
အသံေလးၾကားရ႐ုံႏွင့္ သက္သာမည္ကို သိေနတာေတာင္ အေႏွာင့္အယွက္ျဖစ္မွာစိုး၍ ဖုန္းမေခၚခဲ့။ သူ႔ဘက္ကစ၍လည္း ဖုန္းေခၚျခင္းမျပဳသူက ပထမဆုံးအႀကိမ္ ဖုန္းေခၚတာက သူမိန္းမရသြားသည့္ အေၾကာင္းေျပာျပရန္အတြက္ ဖုန္းေခၚျခင္း ျဖစ္ေနခဲ့သည္။

ring! ring!

ring! ring!

ဆဲြဆုပ္ခံထားရသလို တင္းၾကပ္ေနသည့္ ရင္ဘက္အား လက္ႏွင့္ဖိထားရင္း အသက္ပုံမွန္ရႈသြင္းရန္ပင္ ခဲယဥ္းေနသည့္ၾကားက ဖုန္းေခၚလာသူဟာ သူျဖစ္ေနခဲ့သည္မို႔.....

"......"

"အရိပ္လား။ အစ္ကိုပါ"

"ဟုတ္ကဲ့ "

ပုံရိပ္၏ အသံကၾကားရသည္ဆို႐ုံ။

"ကိုယ္ဒီေန႔ ကိစၥေလးနည္းနည္းရွိေနလို႔ အရိပ္ကို စာလာမသင္ျဖစ္ေတာ့ဘူး။ "

"ဟုတ္"

"......."

"......."

ဖုန္းမခ်ျဖစ္ၾကေသးေသာ္လည္း ေျပာစရာစကားမ်ား ေပ်ာက္ဆုံးေနၾကသလို ဘာစကားမွမေျပာျဖစ္ၾက။

"ကိုယ္ လက္ထပ္လိုက္ၿပီ"

"ဟုတ္ကဲ့ မကဗ်ာေျပာျပပါတယ္။"

အားနည္းေဖ်ာ့ေတာ့လြန္းေနသည့္ အရိပ္၏အသံက
တုန္ယင္ေနသလားလို႔။

"အရိပ္ေနမေကာင္းဘူးလား"

"နည္းနည္းပင္ပန္းေနလို႔ပါ။"

မင္းခ သက္ျပင္းခ်လိုက္မိသည္။ လူတကာ
႐ြံမုန္းရေလာက္သည့္ နာမည္ဆိုးတစ္ခုရသြားၿပီမလို႔ အရိပ္လည္း သူ႔ကို႐ြံသြားၿပီလား။

ျဖစ္သင့္ပါတယ္။
အရိပ္ကိုယ္တိုင္က rape victim ျဖစ္ခဲ့ဖူးသူမို႔
အခုကိစၥမ်ိဳး က်ဴးလြန္ခဲ့သည့္(ဟု နာမည္ရသြားေသာ)
ကိုယ့္အား အနည္းႏွင့္အမ်ားေတာ့ စက္ဆုပ္႐ြံရွာသြားေပလိမ့္မည္။

"အရိပ္ အေၾကာင္းစုံသိၿပီးၿပီထင္တယ္။ ကိုယ္က
အဲ့လိုကိစၥမ်ိဳး က်ဴးလြန္ထားေတာ့ ကိုယ့္ကို႐ြံသြားၿပီလား"

"......."

ျပန္မေျဖဘဲ ၿငိမ္သက္ေနသည္မို႔ မင္းခ
စိတ္မေကာင္းျဖစ္မိသည္။ ဖုန္းေျပာရန္ပင္ ဆႏၵရွိေတာ့သည့္ပုံမရတာမို႔ ဖုန္းခ်ရန္ ျပင္လိုက္စဥ္....

"ကိုခ မဟုတ္ပါဘူး။"

!!!!

"ကြၽန္ေတာ္ သိတယ္။ ကိုခ အဲ့လိုမ်ိဳးမလုပ္ဘူး။"

"....."

"ကိုခ.ကို...ကြၽန္ေတာ္ ယုံတယ္"

ပုံရိပ္၏ စကားသံက တျဖည္းျဖည္းခ်င္းတိုးလာကာ
အသက္ရႈသံပင္ မၾကားရေလာက္ေအာက္ တိုးညႇင္းလာသည္။ မင္းခ ႐ုတ္တရက္ စိုးရိမ္စိတ္က ဝင္လာသည္မို႔...

"အရိပ္ ေနမေကာင္းဘူးလား"

"......."

"အရိပ္!"

ကိုယ့္အား စိုးရိမ္တႀကီးႏွင့္ေခၚေနသည့္သူအား
ျပန္ထူးခ်င္ေသာ္လည္း.....

ရင္ဘက္တစ္ခုလုံးတင္းၾကပ္ကာ အသက္ရႈရန္ပင္
မတတ္ႏိုင္ေတာ့သည့္အဆုံး စိတ္ကုိလႊတ္ခ်လိုက္စဥ္ ေလာကႀကီးက ေမွာင္မိုက္သြားသည္။

ေတာင္းပန္ပါတယ္ ကိုခ။
ေနာက္ဆို သန္မာလာေအာင္ ႀကိဳးစားပါ့မယ္။
႐ုတ္တရက္မို႔ ခံႏိုင္ရည္မရွိခဲ့လို႔ပါ။
ေနာက္ဆိုရင္....

------------------

မိန္းကေလးတစ္ေယာက္အား မခ်စ္မႏွစ္သက္ဘဲႏွင့္ တစ္သက္လံုး ကိုယ့္ဇနီးသားမယားအျဖစ္
တာဝန္ယူရမည္ဆိုသည့္အလုပ္က ထင္သေလာက္ေတာ့မလြယ္။

မနက္ကမွ ပူပူေႏြးေႏြး လက္ထပ္စာခ်ဳပ္ေပၚလက္မွတ္ထိုး၍
ယူထားရသည့္ မိန္းကေလးႏွင့္ တစ္ခန္းတည္း
အတူအိပ္ရမည့္ကိစၥအား မင္းခ လက္မခံခ်င္ေသး။ တစ္ဖက္လူက တသက္လံုး ညီမေလးတစ္ေယာက္လိုမ်ိဳး ျဖဴစင္စြာခင္မင္လာခဲ့ရသည့္ မိန္းကေလးျဖစ္ေနတာမို႔လည္း
ပိုၿပီးမ်က္ႏွာပူမိသည္။ ထို႔အျပင္ ခင္ေထြးအေပၚ အမွားက်ဴးလြန္ခဲ့သည့္ သူ၏ကိုယ္စား ပို၍ ပို၍ အားနာရွက္႐ြံ႕ေနမိျပန္၏။

ေဒၚသီရိက ခင္ေထြးႏွင့္မင္းခအတြက္ အခန္းတစ္ခန္း
စီစဥ္ေပးသည္။ ဆႏၵရွိပါက ဘုန္းႀကီးေက်ာင္းတစ္ခု၌ မဂၤလာဆြမ္းေကြၽးပြဲပါ စီစဥ္ေပးဦးမည္ဟုေျပာေသာ္လည္း ကာယကံရွင္ႏွစ္ေယာက္စလုံးက ျငင္းခဲ့သည္။ သို႔ေသာ္ မင္းခေတာင္းဆိုခဲ့သည့္ အိပ္ခန္းတစ္ခုထဲ၌
အတူမအိပ္ရန္ဆိုသည့္ ေတာင္းဆိုခ်က္ကိုေတာ့
ခင္ေထြးက ျငင္းပယ္ျပန္သည္။

ညနက္ေနၿပီျဖစ္ေသာ္လည္း မင္းခေရာ၊ခင္ေထြးပါ
အခန္းတြင္း တစ္ေနရာစီ၌ သီျခားစီထိုင္ရင္း အေတြးမ်ားေနၾကဆဲျဖစ္၏။ ႏွစ္ဦးစလုံးက ဒီအေျခအေနႀကီးႏွင့္ ႐ုတ္တရက္ မရင္းႏွီးႏိုင္ေသးေပ။

"ကိုႀကီးမင္းခ အိပ္ရင္အိပ္ေတာ့ေလ။ သမီး ဒီခုံေပၚမွာပဲ
အိပ္လိုက္ေတာ့မယ္။"

"ခင္ေထြး"

"......"

"ဘာလို႔ ခုေလာက္ထိတည္ၿငိမ္ေနႏိုင္တာလဲ"

ခင္ေထြးက မဲ့ၿပဳံးတစ္ခ်က္ၿပဳံးရင္း...

"အဲ့ဒါဆို သမီးက အိမ္ေပၚကေနခုန္ခ်ရမွာလား။
ဒါမွမဟုတ္ ထမင္းမစား၊ေရမေသာက္နဲ႔ အစာေရစာ အငတ္ခံၿပီး စိတ္ဓာတ္က်ေနရမွာလား။ အဲ့လိုလုပ္ရင္ေရာ...သမီးက အပ်ိဳျပန္ျဖစ္လာမွာလား။"

"....."

မင္းခ မ်က္ႏွာပူစြာျဖင့္ ေခါင္းငုံ႔ထားသည္။

"သမီးကိုယ္သမီး တန္ဖိုးမထားလို႔ အခုလိုေနႏိုင္တယ္လို႔ ထင္ေနတာလား"

"......"

"ကိုႀကီးတို႔ႏွစ္ေယာက္စလုံးကို အရမ္းမုန္းတယ္။
သမီးအေပၚ မတရားၾကလို႔။ အခုလည္း ကိုႀကီးနဲ႔တစ္ခန္းတည္းေနဖို႔ လက္ခံလိုက္တာက အရမ္းလင္လိုခ်င္ေနလို႔ မဟုတ္ဘူး။ ကိုႀကီးေရာ၊အကိုေလးေရာကို စိတ္မခ်မ္းသာေအာင္ လုပ္ခ်င္လို႔။
ေသခ်ာတယ္။ အခုခ်ိန္ဆို သူလည္း ဖ်တ္ဖ်တ္လူးေနေလာက္ၿပီ"

မင္းခက ခင္ေထြး၏စကားေၾကာင့္ ေၾကာင္အမ္းသြားသည္။

ကိုကိုက ဘာေၾကာင့္ ဖ်တ္ဖ်တ္လူးရမလဲ?

"အဟင္း! မနက္ကမွ သိလိုက္ရတာ။
ကိုႀကီးတို႔ႏွစ္ေယာက္ၾကားက ျမင့္ျမတ္ႀကီးမားလြန္းတဲ့ ခ်စ္ျခင္းေမတၱာႀကီးကိုေလ။ အကိုေလးကိုလည္း ၾကည့္ပါဦး။ တစ္ေန႔လုံး အ႐ူးလိုျဖစ္ေနတာေလ။ တကယ္ေတာ့ အဲ့ထက္ပိုျဖစ္ေစခ်င္တာ။ သမီးခံစားရတာနဲ႔ယွဥ္ရင္ သူခံစားရတာ မတန္ေသးဘူး"

"ခင္ေထြး!"

မင္းခ၏အသံက အနည္းငယ္ တင္းမာသြားတာေၾကာင့္...

"သမီးကို ေလသံမာမာနဲ႔ေျပာခြင့္ ကိုႀကီးမွာမရွိဘူးဆိုတာ သိသင့္တယ္။ ေနာက္ၿပီး ခုခ်ိန္ထိ သမီးပါးစပ္ကေန
႐ိုင္း႐ိုင္းစိုင္းစိုင္း မသုံးႏႈန္းေသးဘူး။ 'ကိုႀကီး၊ သမီး'လို႔ပဲ ဆက္သုံးေနတယ္ဆိုတာ အရင္ကရွိခဲ့ဖူးတဲ့ ေမာင္ႏွမသံေယာဇဥ္ကို ေထာက္ေနလို႔။ သမီး႐ိုင္းခ်င္လာေအာင္ မဆြပါနဲ႔။"

"......"

"ေနာက္ၿပီး ကိုႀကီးလည္း သိမွာပါ။ အကိုေလးက
အသက္၂၅ႏွစ္မျပည့္ခင္ ရာဇဝတ္မႈတစ္ခုခုလုပ္တာမ်ိဳး၊ ဒါမွမဟုတ္ အိမ္ေထာင္ျပဳတာမ်ိဳးလုပ္ရင္ အေမြရဖို႔
သူ႔မွာ အခက္အခဲအမ်ားႀကီး ႐ွိသြားမယ္ဆိုတာ။ အျဖစ္မွန္ေတြေပၚသြားလည္း သမီးအဖို႔ထူးၿပီး အရွက္ကြဲဖို႔မရွိတာမလို႔ အမွန္တရားကို လူႀကီးေတြေရွ႕ ခ်ျပခ်င္လာေအာင္ မလုပ္ပါနဲ႔"

မင္းခ ခံျပင္းစိတ္မ်ားေၾကာင့္ အသားတို႔တဆက္ဆက္ တုန္ယင္လာသည္။ အၿမဲတမ္း 'အကိုေလး'ဆိုသည့္အသံကို ၾကား႐ုံႏွင့္ ေၾကာက္လန႔္ေနတတ္သည့္ ေကာင္မေလးက အခုခ်ိန္မွာ ႏိုင္ကြက္နင္း၍ပင္ ၿခိမ္းေျခာက္တတ္ေနၿပီ။ ကိုယ့္လူကမွားေနခဲ့တာမို႔ စိတ္ရွိတိုင္း ေျပာပစ္လိုက္လို႔လည္းမရ။

"နင္အရမ္းၿခိမ္းေျခာက္တတ္တယ္ ခင္ေထြး! တကယ္  အေကာင္ေသးေပမယ့္ အရမ္းအဆိပ္ျပင္းတယ္။ အရင္ကတည္းက ငါ့စိတ္ကို သိေနခဲ့တာလား။ ​ေနာက္ၿပီး"

"....."

"အကိုေလး ငါ့ကိုခ်စ္ေနတာကို ရိပ္မိရင္လည္း ေျပာျပခဲ့သင့္တာ"

ထိုေနာက္ဆုံးစကားကိုေတာ့ မင္းခ ေၾကကြဲဆို႔နစ္စြာျဖင့္ ဘာသာေရရြတ္မိျခင္း။

ကိုကို ခ်စ္ေနမွန္း ရိပ္ေတာ့ရိပ္မိခဲ့ပါရဲ႕။
ကိုယ့္အေတြးနဲ႔ကိုယ္ မေသခ်ာခဲ့လို႔ ဖြင့္မေျပာရဲခဲ့တာ။
တကယ္ဆိုရင္
ဖြင့္သာေျပာျဖစ္ခဲ့ရင္
ကိုကိုလည္း လက္ခံခဲ့ရင္
ခ်စ္သူေတြ ျဖစ္ခြင့္ရခဲ့မယ္ဆိုရင္....

ရင္ဘက္ခ်င္းပိုနီးၿပီး ကိုကိုကလည္း စိတ္ညစ္တိုင္း ယုံယုံၾကည္ၾကည္နဲ႔ ရင္ဖြင့္ရဲမွာ။ ကြၽန္ေတာ္ကလည္း
ကိုကို အမွားေတြလုပ္ဖို႔ႀကံ႐ြယ္တိုင္း ရဲရဲတင္းတင္းနဲ႔ ဆူစရာရွိရင္ဆူ၊ နားခ်စရာရွိရင္နားခ်ၿပီး တားႏိုင္ခဲ့မွာ။ အခုထက္ပိုၿပီး ေစာင့္ေရွာက္ႏိုင္ခဲ့မွာ။

ခင္ေထြးက မင္းခ၏မ်က္ႏွာအား ေစ့ေစ့ၾကည့္လိုက္ရင္း...

"ေၾသာ္..ေဟာ္..! နစ္နာတာက သမီးပါ။ သမီးတစ္ဘဝလုံး စုတ္ျပတ္သြားတာ! အခုထိ သမီးကို အာ႐ုံမစိုက္ဘဲ
သမီးေရွ႕လာၿပီး ကိုႀကီးတို႔ရဲ႕ မေဖာ္ျပလိုက္ရတဲ့ အခ်စ္ေရးကိစၥေတြကို ႏွေျမာသတျဖစ္ျပေနတာလား။ ေျပာခဲ့တယ္ေလ မနက္ကမွ သမီးလည္းေသခ်ာသြားတာ။ ကိုႀကီးတို႔ႏွစ္ေယာက္အေၾကာင္းကို အေရးတယူ စိတ္မဝင္စားခဲ့ဖူးလို႔ မသိဘူး! သိေတာ့ေရာ? ဘာလုပ္ေပးေစခ်င္ခဲ့တာလဲ။ ေအာင္သြယ္ေပးဖို႔လား။ ၾကားထဲက ဖူးစာေရးနတ္လုပ္ေပးရမွာလား။
ေယာက်္ားေလးႏွစ္ေယာက္က အခ်င္းခ်င္း ခုလိုမ်ိဳး ခ်စ္ေနၾကလိမ့္မယ္လို႔ေရာ ဘယ္သူကထင္မွာလဲ။
သမီးလည္း ေဇဝဇဝါပဲ ျဖစ္ေနခဲ့တာ!"

"....."

"မနက္ကသတိရလာလာခ်င္း သမီးစိတ္ထဲမွာ သူ႔ကို မုန္းေနတာပဲရွိခဲ့တာ။ ဘယ္လိုအျပစ္ေပးရမယ္မွန္း မသိတဲ့အျပင္ ကိုယ့္ကိုယ္ကိုႏွေျမာလြန္းလို႔ ဘာဆက္လုပ္ရမယ္ဆိုတာေတာင္ မေတြးမိဘူး!
ဒါေပမယ့္ ကိုႀကီး သမီးေရွ႕မွာ ဒူးေထာက္လိုက္တဲ့အခ်ိန္၊
သူ ကိုႀကီးကိုငိုၿပီး ေတာင္းပန္တဲ့အခ်ိန္
အဲ့အခ်ိန္က်မွ အျပစ္ရွိတဲ့သူ႔ကိုေရာ၊ လူယုတ္မာ အားေပးလုပ္ေနတဲ့ကိုႀကီးကိုပါ အျပစ္ေပးခ်င္စိတ္ေတြ ေပၚသြားတာ။ သမီးက်ိန္ေျပာရဲတယ္။ ကိုႀကီးတို႔ႏွစ္ေယာက္စလုံး သမီးအသက္ရွင္ေနသ၍ မေပ်ာ္ေစရဘူး!"

ခင္ေထြး၏ မ်က္ဝန္းအၾကည့္တို႔က ခက္ထန္လြန္းေနၿပီး စကားသံတြင္လည္း မာန္အျပည့္။

ဟုတ္ပါသည္။ ခင္ေထြးအေနႏွင့္ ဒီေလာက္ေတာ့
ေပါက္ကြဲပစ္ခြင့္႐ွိသည္။ ေမာင္ႏွမသားခ်င္းမရွိေသာ္လည္း ခင္ေထြး၏အျဖစ္အား ႏွမခ်င္းကိုယ္ခ်င္းစာကာ သနားအားနာမိသည္။ ယူႀကဳံးမရလည္း ျဖစ္မိသည္။

သို႔ေသာ္... အတၱႀကီးလြန္းသည္ပဲေျပာေျပာ။ နစ္နာသူထက္ က်ဴးလြန္သည့္သူကိုသာ စိတ္ပူေနမိတာကိုလည္း ဝန္ခံပါသည္။

အခန္းတံခါးကိုဖြင့္၍ အျပင္ထြက္မည္အျပဳ...

"ဘယ္ကိုလဲ"

"အကိုေလးဆီ"

"ေၾသာ္.. သမီးေျပာထားတာေတြ မေမ့နဲ႔ေနာ္ ကိုႀကီး။
ခုဒီအခန္းထဲကထြက္တာနဲ႔ မနက္ျဖန္ အကိုေလး
အ႐ွက္ကြဲၿပီပဲ။ သူ႔ကို အဓိက စိတ္ဆင္းရဲေစခ်င္လို႔
ကိုႀကီးနဲ႔တစ္ခန္းတည္း အတူေနဖို႔လက္ခံထားတာ။
သမီး အခ်ည္းႏွီး မျဖစ္ခ်င္ဘူး။"

မင္းခ တံခါးလက္ကိုင္ေပၚေရာက္ေနသည့္ လက္မ်ားအား ျပန္႐ုတ္လိုက္ၿပီး...

"ငါနင့္ကို တသက္လုံးတာဝန္ယူေစာင့္ေရွာက္မယ္လို႔
ေျပာၿပီးခဲ့ၿပီ ခင္ေထြး။ အကိုေလးကို ဘာအၿငိဳးေတြ၊အမုန္းေတြမွ မထားပါနဲ႔။ ေကာင္းၿပီ! နင့္စိတ္ႀကိဳက္ ငါေနေပးမယ္။"

"......"

" ဒါေပမယ့္ ငါ့ကို ကတိတစ္ခုေတာ့ေပးပါ။
အကိုေလးရဲ႕စိတ္ကိုျဖစ္ေစ၊ လူကိုျဖစ္ေစ ဒုကၡေပးဖို႔ ဘယ္ေတာ့မွမေတြးပါနဲ႔။ သူ႔အေဝးမွာေနၿပီး နင့္အနားမွာပဲ နင့္စိတ္တိုင္းက်ေနေပးရင္ လုံေလာက္ၿပီမလား။
အဲ့ထက္ပိုၿပီး သူ႔ကိုစိတ္ညစ္ေအာင္ မလုပ္ပါနဲ႔။"

"......"

ခင္ေထြးက ျပန္လည္စကားေျပာျခင္းမရွိ။ ေန႔ခ်င္းညခ်င္း ေျပာင္းလဲသြားသည့္ ခင္ေထြး၏စိတ္ႏွင့္ အမူအရာမ်ားအၾကား မင္းခ တကယ္ပင္ မြန္းၾကပ္ေနၿပီျဖစ္သည္။

–-----------------

သူ တစ္ခ်ိန္လုံး မုဒိမ္းသမားမ်ားအား မုန္းခဲ့သည္။ ကေလးမ်ားကိုဖ်က္ဆီးသည့္ မုဒိမ္းေကာင္မ်ားကိုဆိုလ်ွင္ ပို၍ပင္႐ြံရွာစက္ဆုပ္ခဲ့၏။ ထိုလူယုတ္မာမ်ားအား  တရားဥေပဒအရ ေထာင္ခ်အျပစ္ေပး႐ုံတင္မဟုတ္ဘဲ ေသဒဏ္ခ်မွတ္ေစဖို႔အထိပါ သူဆႏၵျပဳခဲ့ဖူးသည္။

သို႔ေသာ္......
ကိုယ္ခ်စ္ရသည့္သူကိုယ္တိုင္က ထိုအျပစ္မ်ိဳး က်ဴးလြန္လာသည့္အခ်ိန္မွာေတာ့ လူမဆန္စြာ
သူကိုယ္တိုင္ အျပစ္ကိုဖုံးကြယ္ေပးရင္း သူအလြန္မုန္းတီးသည့္ နာမည္ဆိုးကိုပါ
ကိုယ့္ဆႏၵႏွင့္ကိုယ္ ခံယူပစ္ခဲ့သည္။

အဲ့ေလာက္ဆို
ကြၽန္ေတာ္က ကိုကိုဘယ္ေလာက္ဆိုးဆိုး
မၿငိဳျငင္ရက္ေလာက္ေအာင္ ကို႔ကိုကိုခ်စ္တယ္ဆိုတာ ယုံဖို႔ခိုင္လုံေနၿပီမလား။

--------

တကယ္ေတာ့
ကံဇာတ္ဆရာ၏ စမ္းသပ္မႈဟာ
ထိုမွ်ႏွင့္ မရပ္တန႔္ခဲ့ေပ။

*****************tbc

29.May.22

[Unicode]

ရပ်ကွက်လူကြီးအနည်းငယ်နှင့် အိမ်ရှိလူကြီးများရှေ့မှောက်၌
လက်ထပ်စာချုပ်ပေါ် လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့်
မင်းခနှင့်ခင်ထွေးတို့ အကြင်လင်မယားအဖြစ်သို့ ကူးပြောင်းသွားသည်။

သတို့သားရော၊ သတို့သမီးရောက စိတ်နှင့်လူမကပ်သလို မျက်နှာသေများနှင့် အပြုံးတစ်စက်မှမရှိကြ။
နှစ်ယောက်စလုံးကလည်း ကလေးသာသာအရွယ်များ ဖြစ်နေ၍ လူကြီးများက အတင်းအကျပ်ပေးစားတာလားဟုပင် ပြန်မေးယူရသည်အထိ။

သွန်းအုပ်ကတော့ မြင်နေရသမျှကို မယုံကြည်နိုင်သေး။ စကားပြောဖို့အင်အားတောင် မကျန်တော့တာမို့ လက်ရှိထိုင်နေသည့်နေရာမှထကာ လက်ထပ်စာချုပ် ချုပ်ဆိုနေသည့် နေရာသို့သွားပြီး ထိုပွဲကို ဖျက်ဆီးပစ်နိုင်သည့်အားမျိုးလည်း မရှိတော့။

မင်းခက ဘာလို့ အခုလိုလုပ်ရတာလဲ။
သူ ကျောင်းတတ်ခါကျ အခုလိုမျိုး မလွတ်မလပ်နဲ့ဆိုရင် အခွင့်အရေးတွေအများကြီး ဆုံးရှုံးသွားနိုင်တာ မသိဘူးလား။
ခင်ထွေးကရော? ဘာလို့ ငါ့အခန်းထဲမှာ အဲ့လိုပုံစံနဲ့..။

စိတ်တွေမွန်းကြပ်လာ၍ ကိုယ့်စိတ်ကိုယ်ထွက်ပေါက်ပေးရန် အရက်ပုလင်းထရှာရန် ပြင်မိတော့..

"အရက်တွေ မသောက်ပါနဲတော့ အကိုလေး။
စိတ်ညစ်တိုင်း အရက်သောက်ရကြေးဆိုရင် တလောကလုံး အရက်သမားတွေချည်း ဖြစ်ကုန်လိမ့်မယ်။ ကျွန်တော် နားလည်ပါတယ်။ မူးနေတဲ့အချိန် ဘာမှမမှတ်မိဘဲ လျှောက်လုပ်မိတယ်ဆိုတာ"

အရက်မူးနေလို့ အမှားလုပ်မိခဲ့တယ်လို့ ထင်သွားခဲ့တာလား။ ကိုယ်ကလည်း လက်ဆုပ်လက်ကိုင်ပြ၍ငြင်းရန်
သက်သေမရှိသည့်အပြင် စွပ်စွဲလောက်စရာ အကြောင်းပြချက်များကပါ ခိုင်လုံနေခဲ့၏။

အမှားမကျူးလွန်ခဲ့ကြောင်း သက်သေပြရန်
ကူညီဖို့မစဉ်းစားဘဲ အမှားကျူးလွန်ထားသည်ဟု တထစ်ချယုံကြည်လိုက်သည့်အပြင် ထိုအမှားအတွက်ပါ မိမိကိုယ်စား တာဝန်ယူပေးရန် ဆုံးဖြတ်ခဲ့သည်သူကိုလည်း အပြစ်မဆိုရက်။

ကိစ္စတစ်ခုလုံး၌ ဘယ်သူမှန်ပြီး ဘယ်သူမှားနေသလဲ
မဝေခွဲတတ်တော့ပေ။

သူတကယ်မှားခဲ့တာလား။
တစ်စုံတစ်ယောက်က လုပ်ကြံခဲ့တာလား။
ကိုယ်မကျူးလွန်ခဲ့မှန်း အသိစိတ်တွင်သေချာနေသော်လည်း ဖြစ်ပျက်နေသည့်ကိစ္စများကြောင့် ကိုယ့်ကိုယ်ကို သံသယဝင်လာမိသည်အထိ။

မောင်နှမတွေတောင် အိမ်ထောင်ကိုယ်စီကျသွားရင် တစ်ဦးနှင့်တစ်ဦး စိမ်းသွားတတ်သေးတာပဲ။ အခုလို
သူစိမ်းချင်းဆိုလျှင် ဆိုဖွယ်ရာမရှိ။ နောက်ပြီး ကိုယ့်အတွက်နှင့်....

ခပ်စိမ်းစိမ်းအကြည့်နှင့် အေးစက်စက်စကားသံများကြောင့် မင်းခအနားသို့သွားရန် သွန်းအုပ်မှာ သတ္တိမရှိတော့။
ထိုပွဲကိုဖျက်ရန်ပင် အင်အားလည်းမရှိပြီမို့ အဝေးကနေသာ ထိုလူအုပ်စု ပြောဆိုလုပ်ကိုင်နေသမျှကို ငေးကြည့်နေလိုက်သည်။ ကြည့်ရင်းနှင့်လည်း ဆောက်တည်ရာမရစွာ (အကျင့်အတိုင်း) လက်ချောင်းထိပ်များကို လက်သည်းနှင့် ဆိတ်ဆွနေမိပြန်သည်။

သို့သော်လည်း သူမူးပြီးအိပ်ပျော်နေစဉ် ဂရုတစိုက်နှင့် လက်သည်းညှပ်ပေးထားသူ ရှိတာကြောင့် အနာတရတော့ မဖြစ်ခဲ့ပါ။

---------------------

"ခုတ်ရာတခြား ရှရာတလွဲတော့ဖြစ်ကုန်ပြီ မိုးသား"

"......"

"အားလုံးကလည်း မင်းခလို့ပဲ ထင်သွားကြပြီ။
ဦးသက်လွင်ဆို သူ့တူအစားရှက်ပြီး ထိုးတာမှအချက်ပေါင်းမနည်းပဲ။"

"......"

ဘာပြောပြော စိတ်မဝင်စားသလို ခွန်းတုံ့ပြန်ဖော်မရသည့် မိုးသားအား ဦးကျော်ဦး အားမရစွာဖြင့်...

"ဘယ်လိုလုပ်ကြမလဲ"

"ကျွန်တော်က ဘာလုပ်ရမှာလဲ? ဦးကျော် ပြောကြည့်လေ။ ကျွန်တော် ဘာလုပ်သင့်လဲဆိုတာ"

"မင်းက သွန်းအုပ်စိုးပိုင်ကို ချောက်ချဖို့ကြံနေတာ
မဟုတ်ဘူးလား။ ဒါပေမယ့်အခု နေမင်းခက!"

ဦးကျော်ဦး၏ စကားမဆုံးခင် မိုးသားက ပျင်းတိပျင်းရွဲ အားမပါသည့်လေသံဖြင့်...

"ဦးကျော်... ဦးကျော်..."

"....."

"ခင်ဗျားက အသက်သာကြီးနေတာ။ ဦးနှောက်က အလေးချိန်စီးမလာဘူးပဲ။ ကျွန်တော်က ဘယ်သူလဲသိလား။ မိုးသားလေ။ အကုန်လုံးကို အပေါ်စီးကနေကြည့်ပြီး ဘယ်သူမှမသိတာတွေတောင် ကြိုသိနေတာ။"

ဦးသက်လွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဒီလိုမျိုးဖြစ်မယ်ဆိုတာ သိနေတာလား။ ဒါနဲ့တောင် ဘာလို့"

"တခြား ပြောစရာဘာရှိသေးလဲ"

ဦးကျော်ဦး သက်ပြင်းကိုသာချမိပြန်သည်။
တစ်စုံတစ်ယောက်စကားပြောနေချိန် ကြားဖြတ်၍ ကိုယ်ပြောချင်ရာဝင်မပြောရန် ဒီကောင်လေးဟာ ဆုံးမခံထားရပုံမပေါ်။

"မရှိတော့ဘူး။ လောလောဆယ် အဲ့ဒါပဲပြောဖို့ရှိတယ်။"

"......."

"မင်းလည်း"

တီ........

ကျသွားသည့်ဖုန်းသံအား နားထောင်ရင်း ဦးကျော်ဦး သက်ပြင်းသာထပ်ချမိပြန်သည်။

မင်းဘာတွေတွေးပြီး ဘာတွေလုပ်နေမှန်း လိုက်ပြီးမတွေးတတ်တော့ဘူး မိုးသားရေ။

---------------

ring! ring!

မကဗျာနှင့်ဖုန်းပြောပြီးကတည်းက ကြမ်းပြင်ပေါ်ကျနေသည့် ဖုန်းလေး၏ မျက်နှာပြင်ထက်တွင် ပေါ်နေသော
contact nameက 'ကိုခ'ဟူ၍။ မင်းခတွင် ကိုယ်ပိုင်ဖုန်းမရှိသော်လည်း အိမ်ကကြိုးဖုန်းနံပါတ်ကိုတော့ ဆက်သွယ်ရန်ပေးထားသည်မို့ ကိုခဟု မှတ်ထားခဲ့သည်။

သေမတတ်လွမ်းနေချိန်များတွင်တောင်၊
အသံလေးကြားရရုံနှင့် သက်သာမည်ကို သိနေတာတောင် အနှောင့်အယှက်ဖြစ်မှာစိုး၍ ဖုန်းမခေါ်ခဲ့။ သူ့ဘက်ကစ၍လည်း ဖုန်းခေါ်ခြင်းမပြုသူက ပထမဆုံးအကြိမ် ဖုန်းခေါ်တာက သူမိန်းမရသွားသည့် အကြောင်းပြောပြရန်အတွက် ဖုန်းခေါ်ခြင်း ဖြစ်နေခဲ့သည်။

ring! ring!

ring! ring!

ဆွဲဆုပ်ခံထားရသလို တင်းကြပ်နေသည့် ရင်ဘက်အား လက်နှင့်ဖိထားရင်း အသက်ပုံမှန်ရှုသွင်းရန်ပင် ခဲယဉ်းနေသည့်ကြားက ဖုန်းခေါ်လာသူဟာ သူဖြစ်နေခဲ့သည်မို့.....

"......"

"အရိပ်လား။ အစ်ကိုပါ"

"ဟုတ်ကဲ့ "

ပုံရိပ်၏ အသံကကြားရသည်ဆိုရုံ။

"ကိုယ်ဒီနေ့ ကိစ္စလေးနည်းနည်းရှိနေလို့ အရိပ်ကို စာလာမသင်ဖြစ်တော့ဘူး။ "

"ဟုတ်"

"......."

"......."

ဖုန်းမချဖြစ်ကြသေးသော်လည်း ပြောစရာစကားများ ပျောက်ဆုံးနေကြသလို ဘာစကားမှမပြောဖြစ်ကြ။

"ကိုယ် လက်ထပ်လိုက်ပြီ"

"ဟုတ်ကဲ့ မကဗျာပြောပြပါတယ်။"

အားနည်းဖျော့တော့လွန်းနေသည့် အရိပ်၏အသံက
တုန်ယင်နေသလားလို့။

"အရိပ်နေမကောင်းဘူးလား"

"နည်းနည်းပင်ပန်းနေလို့ပါ။"

မင်းခ သက်ပြင်းချလိုက်မိသည်။ လူတကာ
ရွံမုန်းရလောက်သည့် နာမည်ဆိုးတစ်ခုရသွားပြီမလို့ အရိပ်လည်း သူ့ကိုရွံသွားပြီလား။

ဖြစ်သင့်ပါတယ်။
အရိပ်ကိုယ်တိုင်က rape victim ဖြစ်ခဲ့ဖူးသူမို့
အခုကိစ္စမျိုး ကျူးလွန်ခဲ့သည့်(ဟု နာမည်ရသွားသော)
ကိုယ့်အား အနည်းနှင့်အများတော့ စက်ဆုပ်ရွံရှာသွားပေလိမ့်မည်။

"အရိပ် အကြောင်းစုံသိပြီးပြီထင်တယ်။ ကိုယ်က
အဲ့လိုကိစ္စမျိုး ကျူးလွန်ထားတော့ ကိုယ့်ကိုရွံသွားပြီလား"

"......."

ပြန်မဖြေဘဲ ငြိမ်သက်နေသည်မို့ မင်းခ
စိတ်မကောင်းဖြစ်မိသည်။ ဖုန်းပြောရန်ပင် ဆန္ဒရှိတော့သည့်ပုံမရတာမို့ ဖုန်းချရန် ပြင်လိုက်စဉ်....

"ကိုခ မဟုတ်ပါဘူး။"

!!!!

"ကျွန်တော် သိတယ်။ ကိုခ အဲ့လိုမျိုးမလုပ်ဘူး။"

"....."

"ကိုခ.ကို...ကျွန်တော် ယုံတယ်"

ပုံရိပ်၏ စကားသံက တဖြည်းဖြည်းချင်းတိုးလာကာ
အသက်ရှုသံပင် မကြားရလောက်အောက် တိုးညှင်းလာသည်။ မင်းခ ရုတ်တရက် စိုးရိမ်စိတ်က ဝင်လာသည်မို့...

"အရိပ် နေမကောင်းဘူးလား"

"......."

"အရိပ်!"

ကိုယ့်အား စိုးရိမ်တကြီးနှင့်ခေါ်နေသည့်သူအား
ပြန်ထူးချင်သော်လည်း.....

ရင်ဘက်တစ်ခုလုံးတင်းကြပ်ကာ အသက်ရှုရန်ပင်
မတတ်နိုင်တော့သည့်အဆုံး စိတ်ကိုလွှတ်ချလိုက်စဉ် လောကကြီးက မှောင်မိုက်သွားသည်။

တောင်းပန်ပါတယ် ကိုခ။
နောက်ဆို သန်မာလာအောင် ကြိုးစားပါ့မယ်။
ရုတ်တရက်မို့ ခံနိုင်ရည်မရှိခဲ့လို့ပါ။
နောက်ဆိုရင်....

------------------

မိန်းကလေးတစ်ယောက်အား မချစ်မနှစ်သက်ဘဲနှင့် တစ်သက်လုံး ကိုယ့်ဇနီးသားမယားအဖြစ်
တာဝန်ယူရမည်ဆိုသည့်အလုပ်က ထင်သလောက်တော့မလွယ်။

မနက်ကမှ ပူပူနွေးနွေး လက်ထပ်စာချုပ်ပေါ်လက်မှတ်ထိုး၍
ယူထားရသည့် မိန်းကလေးနှင့် တစ်ခန်းတည်း
အတူအိပ်ရမည့်ကိစ္စအား မင်းခ လက်မခံချင်သေး။ တစ်ဖက်လူက တသက်လုံး ညီမလေးတစ်ယောက်လိုမျိုး ဖြူစင်စွာခင်မင်လာခဲ့ရသည့် မိန်းကလေးဖြစ်နေတာမို့လည်း
ပိုပြီးမျက်နှာပူမိသည်။ ထို့အပြင် ခင်ထွေးအပေါ် အမှားကျူးလွန်ခဲ့သည့် သူ၏ကိုယ်စား ပို၍ ပို၍ အားနာရှက်ရွံ့နေမိပြန်၏။

ဒေါ်သီရိက ခင်ထွေးနှင့်မင်းခအတွက် အခန်းတစ်ခန်း
စီစဉ်ပေးသည်။ ဆန္ဒရှိပါက ဘုန်းကြီးကျောင်းတစ်ခု၌ မင်္ဂလာဆွမ်းကျွေးပွဲပါ စီစဉ်ပေးဦးမည်ဟုပြောသော်လည်း ကာယကံရှင်နှစ်ယောက်စလုံးက ငြင်းခဲ့သည်။ သို့သော် မင်းခတောင်းဆိုခဲ့သည့် အိပ်ခန်းတစ်ခုထဲ၌
အတူမအိပ်ရန်ဆိုသည့် တောင်းဆိုချက်ကိုတော့
ခင်ထွေးက ငြင်းပယ်ပြန်သည်။

ညနက်နေပြီဖြစ်သော်လည်း မင်းခရော၊ခင်ထွေးပါ
အခန်းတွင်း တစ်နေရာစီ၌ သီခြားစီထိုင်ရင်း အတွေးများနေကြဆဲဖြစ်၏။ နှစ်ဦးစလုံးက ဒီအခြေအနေကြီးနှင့် ရုတ်တရက် မရင်းနှီးနိုင်သေးပေ။

"ကိုကြီးမင်းခ အိပ်ရင်အိပ်တော့လေ။ သမီး ဒီခုံပေါ်မှာပဲ
အိပ်လိုက်တော့မယ်။"

"ခင်ထွေး"

"......"

"ဘာလို့ ခုလောက်ထိတည်ငြိမ်နေနိုင်တာလဲ"

ခင်ထွေးက မဲ့ပြုံးတစ်ချက်ပြုံးရင်း...

"အဲ့ဒါဆို သမီးက အိမ်ပေါ်ကနေခုန်ချရမှာလား။
ဒါမှမဟုတ် ထမင်းမစား၊ရေမသောက်နဲ့ အစာရေစာ အငတ်ခံပြီး စိတ်ဓာတ်ကျနေရမှာလား။ အဲ့လိုလုပ်ရင်ရော...သမီးက အပျိုပြန်ဖြစ်လာမှာလား။"

"....."

မင်းခ မျက်နှာပူစွာဖြင့် ခေါင်းငုံ့ထားသည်။

"သမီးကိုယ်သမီး တန်ဖိုးမထားလို့ အခုလိုနေနိုင်တယ်လို့ ထင်နေတာလား"

"......"

"ကိုကြီးတို့နှစ်ယောက်စလုံးကို အရမ်းမုန်းတယ်။
သမီးအပေါ် မတရားကြလို့။ အခုလည်း ကိုကြီးနဲ့တစ်ခန်းတည်းနေဖို့ လက်ခံလိုက်တာက အရမ်းလင်လိုချင်နေလို့ မဟုတ်ဘူး။ ကိုကြီးရော၊အကိုလေးရောကို စိတ်မချမ်းသာအောင် လုပ်ချင်လို့။
သေချာတယ်။ အခုချိန်ဆို သူလည်း ဖျတ်ဖျတ်လူးနေလောက်ပြီ"

မင်းခက ခင်ထွေး၏စကားကြောင့် ကြောင်အမ်းသွားသည်။

ကိုကိုက ဘာကြောင့် ဖျတ်ဖျတ်လူးရမလဲ?

"အဟင်း! မနက်ကမှ သိလိုက်ရတာ။
ကိုကြီးတို့နှစ်ယောက်ကြားက မြင့်မြတ်ကြီးမားလွန်းတဲ့ ချစ်ခြင်းမေတ္တာကြီးကိုလေ။ အကိုလေးကိုလည်း ကြည့်ပါဦး။ တစ်နေ့လုံး အရူးလိုဖြစ်နေတာလေ။ တကယ်တော့ အဲ့ထက်ပိုဖြစ်စေချင်တာ။ သမီးခံစားရတာနဲ့ယှဉ်ရင် သူခံစားရတာ မတန်သေးဘူး"

"ခင်ထွေး!"

မင်းခ၏အသံက အနည်းငယ် တင်းမာသွားတာကြောင့်...

"သမီးကို လေသံမာမာနဲ့ပြောခွင့် ကိုကြီးမှာမရှိဘူးဆိုတာ သိသင့်တယ်။ နောက်ပြီး ခုချိန်ထိ သမီးပါးစပ်ကနေ
ရိုင်းရိုင်းစိုင်းစိုင်း မသုံးနှုန်းသေးဘူး။ 'ကိုကြီး၊ သမီး'လို့ပဲ ဆက်သုံးနေတယ်ဆိုတာ အရင်ကရှိခဲ့ဖူးတဲ့ မောင်နှမသံယောဇဉ်ကို ထောက်နေလို့။ သမီးရိုင်းချင်လာအောင် မဆွပါနဲ့။"

"......"

"နောက်ပြီး ကိုကြီးလည်း သိမှာပါ။ အကိုလေးက
အသက်၂၅နှစ်မပြည့်ခင် ရာဇဝတ်မှုတစ်ခုခုလုပ်တာမျိုး၊ ဒါမှမဟုတ် အိမ်ထောင်ပြုတာမျိုးလုပ်ရင် အမွေရဖို့
သူ့မှာ အခက်အခဲအများကြီး ရှိသွားမယ်ဆိုတာ။ အဖြစ်မှန်တွေပေါ်သွားလည်း သမီးအဖို့ထူးပြီး အရှက်ကွဲဖို့မရှိတာမလို့ အမှန်တရားကို လူကြီးတွေရှေ့ ချပြချင်လာအောင် မလုပ်ပါနဲ့"

မင်းခ ခံပြင်းစိတ်များကြောင့် အသားတို့တဆက်ဆက် တုန်ယင်လာသည်။ အမြဲတမ်း 'အကိုလေး'ဆိုသည့်အသံကို ကြားရုံနှင့် ကြောက်လန့်နေတတ်သည့် ကောင်မလေးက အခုချိန်မှာ နိုင်ကွက်နင်း၍ပင် ခြိမ်းခြောက်တတ်နေပြီ။ ကိုယ့်လူကမှားနေခဲ့တာမို့ စိတ်ရှိတိုင်း ပြောပစ်လိုက်လို့လည်းမရ။

"နင်အရမ်းခြိမ်းခြောက်တတ်တယ် ခင်ထွေး! တကယ်  အကောင်သေးပေမယ့် အရမ်းအဆိပ်ပြင်းတယ်။ အရင်ကတည်းက ငါ့စိတ်ကို သိနေခဲ့တာလား။ နောက်ပြီး"

"....."

"အကိုလေး ငါ့ကိုချစ်နေတာကို ရိပ်မိရင်လည်း ပြောပြခဲ့သင့်တာ"

ထိုနောက်ဆုံးစကားကိုတော့ မင်းခ ကြေကွဲဆို့နစ်စွာဖြင့် ဘာသာရေရွတ်မိခြင်း။

ကိုကို ချစ်နေမှန်း ရိပ်တော့ရိပ်မိခဲ့ပါရဲ့။
ကိုယ့်အတွေးနဲ့ကိုယ် မသေချာခဲ့လို့ ဖွင့်မပြောရဲခဲ့တာ။
တကယ်ဆိုရင်
ဖွင့်သာပြောဖြစ်ခဲ့ရင်
ကိုကိုလည်း လက်ခံခဲ့ရင်
ချစ်သူတွေ ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်....

ရင်ဘက်ချင်းပိုနီးပြီး ကိုကိုကလည်း စိတ်ညစ်တိုင်း ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်ရဲမှာ။ ကျွန်တော်ကလည်း
ကိုကို အမှားတွေလုပ်ဖို့ကြံရွယ်တိုင်း ရဲရဲတင်းတင်းနဲ့ ဆူစရာရှိရင်ဆူ၊ နားချစရာရှိရင်နားချပြီး တားနိုင်ခဲ့မှာ။ အခုထက်ပိုပြီး စောင့်ရှောက်နိုင်ခဲ့မှာ။

ခင်ထွေးက မင်းခ၏မျက်နှာအား စေ့စေ့ကြည့်လိုက်ရင်း...

"သြော်..ဟော်..! နစ်နာတာက သမီးပါ။ သမီးတစ်ဘဝလုံး စုတ်ပြတ်သွားတာ! အခုထိ သမီးကို အာရုံမစိုက်ဘဲ
သမီးရှေ့လာပြီး ကိုကြီးတို့ရဲ့ မဖော်ပြလိုက်ရတဲ့ အချစ်ရေးကိစ္စတွေကို နှမြောသတဖြစ်ပြနေတာလား။ ပြောခဲ့တယ်လေ မနက်ကမှ သမီးလည်းသေချာသွားတာ။ ကိုကြီးတို့နှစ်ယောက်အကြောင်းကို အရေးတယူ စိတ်မဝင်စားခဲ့ဖူးလို့ မသိဘူး! သိတော့ရော? ဘာလုပ်ပေးစေချင်ခဲ့တာလဲ။ အောင်သွယ်ပေးဖို့လား။ ကြားထဲက ဖူးစာရေးနတ်လုပ်ပေးရမှာလား။
ယောကျ်ားလေးနှစ်ယောက်က အချင်းချင်း ခုလိုမျိုး ချစ်နေကြလိမ့်မယ်လို့ရော ဘယ်သူကထင်မှာလဲ။
သမီးလည်း ဇေဝဇဝါပဲ ဖြစ်နေခဲ့တာ!"

"....."

"မနက်ကသတိရလာလာချင်း သမီးစိတ်ထဲမှာ သူ့ကို မုန်းနေတာပဲရှိခဲ့တာ။ ဘယ်လိုအပြစ်ပေးရမယ်မှန်း မသိတဲ့အပြင် ကိုယ့်ကိုယ်ကိုနှမြောလွန်းလို့ ဘာဆက်လုပ်ရမယ်ဆိုတာတောင် မတွေးမိဘူး!
ဒါပေမယ့် ကိုကြီး သမီးရှေ့မှာ ဒူးထောက်လိုက်တဲ့အချိန်၊
သူ ကိုကြီးကိုငိုပြီး တောင်းပန်တဲ့အချိန်
အဲ့အချိန်ကျမှ အပြစ်ရှိတဲ့သူ့ကိုရော၊ လူယုတ်မာ အားပေးလုပ်နေတဲ့ကိုကြီးကိုပါ အပြစ်ပေးချင်စိတ်တွေ ပေါ်သွားတာ။ သမီးကျိန်ပြောရဲတယ်။ ကိုကြီးတို့နှစ်ယောက်စလုံး သမီးအသက်ရှင်နေသ၍ မပျော်စေရဘူး!"

ခင်ထွေး၏ မျက်ဝန်းအကြည့်တို့က ခက်ထန်လွန်းနေပြီး စကားသံတွင်လည်း မာန်အပြည့်။

ဟုတ်ပါသည်။ ခင်ထွေးအနေနှင့် ဒီလောက်တော့
ပေါက်ကွဲပစ်ခွင့်ရှိသည်။ မောင်နှမသားချင်းမရှိသော်လည်း ခင်ထွေး၏အဖြစ်အား နှမချင်းကိုယ်ချင်းစာကာ သနားအားနာမိသည်။ ယူကြုံးမရလည်း ဖြစ်မိသည်။

သို့သော်... အတ္တကြီးလွန်းသည်ပဲပြောပြော။ နစ်နာသူထက် ကျူးလွန်သည့်သူကိုသာ စိတ်ပူနေမိတာကိုလည်း ဝန်ခံပါသည်။

အခန်းတံခါးကိုဖွင့်၍ အပြင်ထွက်မည်အပြု...

"ဘယ်ကိုလဲ"

"အကိုလေးဆီ"

"သြော်.. သမီးပြောထားတာတွေ မမေ့နဲ့နော် ကိုကြီး။
ခုဒီအခန်းထဲကထွက်တာနဲ့ မနက်ဖြန် အကိုလေး
အရှက်ကွဲပြီပဲ။ သူ့ကို အဓိက စိတ်ဆင်းရဲစေချင်လို့
ကိုကြီးနဲ့တစ်ခန်းတည်း အတူနေဖို့လက်ခံထားတာ။
သမီး အချည်းနှီး မဖြစ်ချင်ဘူး။"

မင်းခ တံခါးလက်ကိုင်ပေါ်ရောက်နေသည့် လက်များအား ပြန်ရုတ်လိုက်ပြီး...

"ငါနင့်ကို တသက်လုံးတာဝန်ယူစောင့်ရှောက်မယ်လို့
ပြောပြီးခဲ့ပြီ ခင်ထွေး။ အကိုလေးကို ဘာအငြိုးတွေ၊အမုန်းတွေမှ မထားပါနဲ့။ ကောင်းပြီ! နင့်စိတ်ကြိုက် ငါနေပေးမယ်။"

"......"

" ဒါပေမယ့် ငါ့ကို ကတိတစ်ခုတော့ပေးပါ။
အကိုလေးရဲ့စိတ်ကိုဖြစ်စေ၊ လူကိုဖြစ်စေ ဒုက္ခပေးဖို့ ဘယ်တော့မှမတွေးပါနဲ့။ သူ့အဝေးမှာနေပြီး နင့်အနားမှာပဲ နင့်စိတ်တိုင်းကျနေပေးရင် လုံလောက်ပြီမလား။
အဲ့ထက်ပိုပြီး သူ့ကိုစိတ်ညစ်အောင် မလုပ်ပါနဲ့။"

"......"

ခင်ထွေးက ပြန်လည်စကားပြောခြင်းမရှိ။ နေ့ချင်းညချင်း ပြောင်းလဲသွားသည့် ခင်ထွေး၏စိတ်နှင့် အမူအရာများအကြား မင်းခ တကယ်ပင် မွန်းကြပ်နေပြီဖြစ်သည်။

–-----------------

သူ တစ်ချိန်လုံး မုဒိမ်းသမားများအား မုန်းခဲ့သည်။ ကလေးများကိုဖျက်ဆီးသည့် မုဒိမ်းကောင်များကိုဆိုလျှင် ပို၍ပင်ရွံရှာစက်ဆုပ်ခဲ့၏။ ထိုလူယုတ်မာများအား  တရားဥပေဒအရ ထောင်ချအပြစ်ပေးရုံတင်မဟုတ်ဘဲ သေဒဏ်ချမှတ်စေဖို့အထိပါ သူဆန္ဒပြုခဲ့ဖူးသည်။

သို့သော်......
ကိုယ်ချစ်ရသည့်သူကိုယ်တိုင်က ထိုအပြစ်မျိုး ကျူးလွန်လာသည့်အချိန်မှာတော့ လူမဆန်စွာ
သူကိုယ်တိုင် အပြစ်ကိုဖုံးကွယ်ပေးရင်း သူအလွန်မုန်းတီးသည့် နာမည်ဆိုးကိုပါ
ကိုယ့်ဆန္ဒနှင့်ကိုယ် ခံယူပစ်ခဲ့သည်။

အဲ့လောက်ဆို
ကျွန်တော်က ကိုကိုဘယ်လောက်ဆိုးဆိုး
မငြိုငြင်ရက်လောက်အောင် ကို့ကိုကိုချစ်တယ်ဆိုတာ ယုံဖို့ခိုင်လုံနေပြီမလား။

--------

တကယ်တော့
ကံဇာတ်ဆရာ၏ စမ်းသပ်မှုဟာ
ထိုမျှနှင့် မရပ်တန့်ခဲ့ပေ။

*****************tbc

29.May.22

Continue Reading

You'll Also Like

432K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
61.1K 9.3K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
321K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...