အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၂၃

1.7K 155 8
By Chamomile_2

[Zawgyi]

အေပၚထပ္သို႔တတ္လာစဥ္ ခပ္ဟဟပြင့္ေနသည့္ အခန္းတံခါးကို လွမ္းျမင္မိေတာ့ စိတ္ထဲတစ္မ်ိဳး ခံစားလိုက္ရသည္။ ထိုတံခါးခ်ပ္ေလးသည္ သူ(တစ္ေယာက္တည္း)ဝင္လာရန္အတြက္ ရည္ရြယ္ၿပီး ေလာ့ခ္ခ်ထားေလ့မ႐ွိေသာ္လည္း အခုလို တံခါးပြင့္ေနမွန္း သိသာေလာက္ေအာင္ေတာ့ အနည္းငယ္ေသာ္မ်ွ ပြင့္ေနခဲ့ျခင္းမ႐ွိခဲ့ဖူးေပ။

စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားရေသာ္လည္း စိုးရိမ္စရာ
ဘာ႐ွိလဲဟု ကိုယ့္ကိုယ္ကို အားေပးရင္း အခန္းတံခါးအား တြန္းဖြင့္မိေတာ့......

!!!!!!!!!

အခ်ိန္ခဏေလာက္ အသက္ရႈဖို႔ပင္ ေမ့ေလ်ာ့သြားရ၏။

လုပ္ရက္တယ္ဗ်ာ၊
ဒီလိုအလုပ္မ်ိဳးကိုမွ...

ယူႀကဳံးမရသည့္စိတ္မ်ားႏွင့္အတူ ေဒါသစိတ္မ်ားလည္း ဝင္လာသည္။ ဆိုးတာသိေပမယ့္ ယုတ္မာတတ္လိမ့္မည္ဟု ဘယ္တုန္းကမွ မေတြးဖူး၊မေတြးရက္ခဲ့။ pornကားေတြၾကည့္ေနကတည္းက၊ ကြန္ဒုံးေတြဝယ္ထားကတည္းက သူရိပ္မိခဲ့သင့္သည္။ ဘယ္ေလာက္ပဲ အရက္မူးေနသည္ဆိုပါေစဦး။
အခုလိုမ်ိဳးေတာ့ ကိုယ့္အိမ္မွာ မွီခိုေနရတဲ့ကေလးတစ္ေယာက္ကို ခုလိုမ်ိဳး......

သည္းမခံႏိုင္စရာ လုပ္ရပ္မ်ားကိုလုပ္ထားသည္ ဆိုေသာ္ျငား အၿမဲတမ္းခ်စ္ခဲ့ရသည့္သူအတြက္ တတ္ႏိုင္သမွ် အစြမ္းကုန္ ကာကြယ္ေပးခ်င္သည့္စိတ္က ရွိေနေသးျပန္သည္။ ထိုျမင္ကြင္းအား ဘယ္သူမွထပ္ၿပီးမျမင္ေစရန္ အခန္းထဲသို႔အေရာက္ တံခါးအားေလာ့ခ္ခ်ပစ္လိုက္၏။

ျပတင္းတံခါးမွလိုက္ကာစမ်ားကို မင္းခ ဆြဲဖြင့္ပစ္လိုက္ေတာ့ စူး႐ွ႐ွေနေရာင္က မ်က္ႏွာေပၚက်ေရာက္လာသည္မို႔ မ်က္လံုးမ်ားအား ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္ရင္း
သြန္းအုပ္ အိပ္ရာမွႏိုးလာသည္။

အိပ္ရာထစမို႔ ၾကည္ၾကည္လင္လင္ မျမင္ရေသး။ မ်က္စိေရွ႕တည့္တည့္ကိုလွမ္းၾကည့္ေတာ့ လူတစ္ေယာက္ ခါးေထာက္လ်က္ သူ႔ကို ၾကည့္ေနသည္။ ထိုသူက ေနမင္းခမွန္း အတပ္သိလိုက္၏။

ဘာလဲ။
မိန္းမအိုႀကီးလို ပြစိပြစိနဲ႔ အရက္မေသာက္ဖို႔ နားခ်ဦးမွာပဲမလား။
အမူးေျပတဲ့ အခ်ိန္ကိုေစာင့္ၿပီးေတာ့ေလ...

ကိုယ့္အေတြးႏွင့္ကိုယ္ ၿပဳံးမိသြားေသးလား မေျပာတတ္။ ကိုယ္က သူမႀကိဳက္သည့္အရာမ်ားအား လုပ္ထားသည့္သူမို႔ စိတ္ဆိုးေနမည္ကို သိေသာ္လည္း အဆူခံရန္အသင့္မျဖစ္ ေသး။ မ်က္လံုးအသာျပန္မွိတ္၍ အိပ္ခ်င္ေယာင္
​ေဆာင္ေနရန္သာ ျပင္လိုက္သည္။

စိတ္ထဲမွာေတာ့ သူဘယ္ေလာက္ေျပာေျပာဆိုဆို ေန႔စဥ္ဝတၱရားမျပတ္ေစရဘဲ အိမ္ရွင္မေကာင္းတစ္ေယာက္လို ျပဳစုေစာင့္ေရွာက္ေပးေနသည့္ ထိုကေလးအား အားနာေနၿပီမို႔ ဘယ္ေလာက္စိတ္ညစ္ညစ္ အရက္ဆက္မေသာက္ရန္ ဆုံးျဖတ္ၿပီးၿပီ။ မင္းခသာ အနားမွာအၿမဲရွိေနပါလွ်င္ သူဘယ္လိုအရာမ်ိဳးကိုမွမေၾကာက္ဟု အားတင္းမိျပန္သည္။

"ခင္ဗ်ား ႏိုးေနၿပီဆိုတာ သိတယ္!"

"••••"

ခင္ဗ်ားး?
ဒီလိုေခၚရတဲ့အထိ ဘယ္ေလာက္ေတာင္ စိတ္ဆိုးေနလို႔လဲ?

ရင့္ရင့္သီးသီး သုံးႏႈန္းလိုက္ပုံက သူစိမ္းတစ္ေယာက္ႏွယ္။

မေက်နပ္၍ မႈန္ကုပ္ကုပ္မ်က္ႏွာျဖင့္ ျပန္ရန္ေတြ႕ရန္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ေဒါသႀကီးေနသည့္ ထိုကေလးက သူ႔အား အေရခြံဆုတ္ပစ္ေတာ့မည့္ မ်က္ႏွာထားမ်ိဳးျဖင့္ ၾကည့္ေနတာကိုေတြ႔ရ၏။
တစ္ခါမွ သူ႔အေပၚတြင္ အခုလိုပုံစံ၊အခုလိုေလသံႏွင့္ မဆက္ဆံဖူးတာေၾကာင့္ အံ့အားသင့္သြားရသည္။

ထူးထူးဆန္းဆန္း ေဒါသေတြႀကီးေနသည့္သူကို
မ်က္ႏွာခ်င္းဆိုင္ကာ ၾကည့္မေနခ်င္၍ တစ္ဖက္သို႔ မ်က္ႏွာလႊဲမိေတာ့...

ဖ႐ိုဖရဲ အဝတ္အစားမ်ားႏွင့္ ကိုယ့္ကုတင္ေပၚတြင္ အိပ္ေပ်ာ္ ေနသည့္ ခင္ေထြးး

ဒါဘယ္လိုအေျခအေနမ်ိဳးႀကီးလဲ!
မင္းခကလြဲၿပီး ဘယ္သူ႔ကိုမွ ဒီအခန္းထဲကို သူ အဝင္မခံခဲ့ဖူးဘူးေလ။
ဒါကို ဘယ္လိုလုပ္ၿပီး....

ျပတင္းေပါက္မွတဆင့္ဝင္လာသည့္ ေလထု၏အထိအေတြ႕က ခႏၶာကိုယ္ကို တိုက္႐ိုက္ထိေတြ႕ေနတာမို႔ ကိုယ့္ကိုယ္ကိုလည္း
ျပန္ၾကည့္မိသည္။

ညက အက်ႌခြၽတ္လ်က္သား အိပ္ေပ်ာ္သြားခဲ့တာပဲ။

အထင္လြဲစရာေတြ ျဖစ္ကုန္ၿပီလား။
ျမင္ေနရသမွ်ကို မယုံႏိုင္စြာ အားကိုးတႀကီးႏွင့္ အံ့ၾသထိတ္လန႔္စြာျဖင့္ မင္းခအား ေမာ့ၾကည့္မိလိုက္ေတာ့ မင္းခရဲ႕မ်က္ဝန္းထဲမွာ ႐ြံရွာမႈေတြ၊ နာၾကည္းစက္ဆုပ္မႈေတြ။
သြန္းအုပ္ ေသြးပ်က္လာ၏။ မဟုတ္ေသးဘူးေလ။ သူက ဒီလိုမ်ိဳးနဲ႔ မင္းခဆီကအမုန္းကို ခံလိုက္ရေတာ့မွာက မတရားဘူးမလား။

"ခင္ဗ်ားဗ်ာ...!"

ယူႀကဳံးမရသည့္ေလသံမ်ိဳးျဖင့္ မင္းခက စကားဆက္မေျပာႏိုင္ပုံပင္မရ။ မ်က္ႏွာကိုပင္ မၾကည့္ခ်င္ေလာက္ေအာင္ ႐ြံသြားခဲ့ၿပီလား။
တစ္ဖက္သို႔ မ်က္ႏွာလႊဲလိုက္ေသာ္လည္း
အံတင္းတင္းႀကိတ္ထား၍ အထင္းသားေပၚေနသည့္ ေမး႐ိုးအား ေဘးတိုက္ျမင္ေနရသည္။ ခင္ေထြးကေရာ ဘာလာလုပ္ေနတာလဲ။

ျမင္ေန၊ေတြ႕ေနရသမွ်က ဘယ္လို လက္ခံခ်င္စရာမရွိ။

မဟုတ္ဘူး!
ငါ..ငါ..အိပ္မက္မက္ေနတာ။
အခု ျမင္ေနရတာ အမွန္မဟုတ္ဘူး။

အခုရက္ပိုင္း စိတ္ဖိစီးမႈမ်ားၿပီး ဂေယာင္ေျခာက္ျခားျဖစ္ကာ
မမက္သင့္သည့္ အိပ္မက္မ်ားကိုပင္ မက္ေနေလၿပီ။မ်က္စိေရွ႕႐ွိျမင္ကြင္းအား ေပ်ာက္သြားလိုသြားျငား မ်က္လံုးမ်ားကို အၾကမ္းပတမ္းပြတ္သပ္လိုက္၏။
သို႔တိုင္ ထိုအိပ္မက္ဆိုးႀကီးထဲက သူရုန္းထြက္လို႔မရေသး။

ေက်းဇူးျပဳၿပီး လာႏႈိးေပးၾကပါ။
ဒီလိုအိပ္မက္မ်ိဳး မမက္ခ်င္လို႔ပါ။

အမွားႀကီးတစ္ခုကို က်ဴးလြန္ထားၿပီးမွ
အသက္မရွိသူတစ္ေယာက္လို ျပဳမူေနသည့္သူကိုၾကည့္ရင္း
မင္းခရင္ထဲတြင္ေတာ့ ေျဗာင္းဆန္ေနၿပီ။

ေက်ာက္႐ုပ္ခ်ထားသလို ၿငိမ္သက္ေနသည့္သူ၏
ပုခုံးႏွစ္ဖက္အား ဆြဲကိုင္လႈပ္ရမ္းလိုက္ရင္း...

"ခင္ဗ်ား အခုကိစၥအတြက္ ဘာမွေျပာဖို႔မရွိဘူးလား။
ခင္ဗ်ား ဘာေတြလုပ္လိုက္တယ္ဆိုတာကိုေရာ
သိရဲ႕လား ဟမ္"

တျခားအိမ္သားမ်ား ၾကားသြားမွာစိုး၍ အသံက်ယ္က်ယ္ျဖင့္ မဆူရဲ။ ဝုန္းဒိုင္းႀကဲ ေပါက္ကြဲပစ္ခ်င္ေသာ္ျငား အသံကိုထိန္း၍ ေျပာေနရသည္။

"ငါ ဘာမွမသိဘူး"

"ဘာ!!"

အသက္ရႈသံမ်ားပင္ ပ်က္ယြင္းျမန္ဆန္ေနေလာက္ေအာင္
ေဒါသႀကီးေနသူကိုၾကည့္ရင္း သြန္းအုပ္ ေျပာစရာစကားမ်ား ေပ်ာက္ဆုံးလာသည္။ လတ္တေလာအျဖစ္အပ်က္အား သူကိုယ္တိုင္ေတာင္ အိပ္မက္လား၊ တကယ္လား မေဝခြဲနို္င္ေသး။ အၿငိဳးတႀကီးႏွင့္ စြပ္စြဲေနသူ၏ အထင္လြဲမွားမႈက ကိုယ့္ကိုအင္အားမဲ့လာေစသည္။

"ခင္ဗ်ား အခုလုပ္လိုက္တဲ့လုပ္ရပ္က ခင္ဗ်ားတန္ဖိုးကို ဘယ္ေလာက္မဲ့သြားေစလဲဆိုတာ မသိဘူးလားဖ။ ခင္ဗ်ား ဘဝတစ္ေလွ်ာက္လုံး အမဲစက္ႀကီးတစ္ခုအျဖစ္ ရွိေနမွာ...
ခင္ဗ်ားဗ်ာ..."

"....."

"ေနာက္ၿပီး ခင္ဗ်ားအရမ္းထန္ေနရင္ တျခားမိန္းမေတြနဲ႔ ေပ်ာ္ပါးလို႔လည္းရတယ္။ အသက္ေတာင္မျပည့္ေသးတဲ့ ကိုယ့္အိမ္က ကေလးမေလးကို"

"ငါ မဟုတ္ဘူး!!!
ငါ ဘာမွမလုပ္လို႔ ဘာမွလည္း မသိဘူး!!
ငါ့ သိကၡာကို မေစာ္ကားနဲ႔!"

အျမင္တစ္ခုနဲ႔ ထင္ခ်င္ရာထင္ၿပီး စြပ္စြဲေျပာဆိုေနသည့္ စကားလံုးမ်ားကို သည္းမခံႏိုင္သည့္အဆုံး ပုခုံးေပၚကလက္မ်ားကို ရိုက္ဖယ္ခ်လိုက္ရင္း ေဒါသတႀကီးေအာ္ဟစ္မိလိုက္၏။

သူဘာမွမလုပ္ခဲ့သလို ဘာကိုမွလည္းမသိ။
အခုလိုအေျခအေနမ်ိဳးမွာ ကိုယ့္ကို တပ္အပ္စြပ္စြဲေနသည့္ သူကလည္း ကိုယ္ခ်စ္ရသည့္သူျဖစ္ေနတာေၾကာင့္
ပိုခံျပင္းမိကာ ရင္နာရသည္။

မင္းခ၏ အက်ႌေကာ္လံစအား ေဆာင့္ဆြဲလိုက္ရင္း
ေသခ်ာေအာင္ ထပ္ေမးၾကည့္သည္။

"မင္းက ငါ့ကိုမယုံတာလား။ မင္းမ်က္လုံးထဲမွာ၊ ေခါင္းထဲမွာ အေတြးထဲမွာ ငါ့ကိုမုဒိန္းေကာင္လို႔ ျမင္ေနတာလား ဟမ္!"

"......"

စကားတစ္လံုးမွမဆိုဘဲ တစ္ဖက္သို႔မ်က္ႏွာလႊဲလိုက္သည့္
သူက ဆိတ္ဆိတ္ေနျခင္းျဖင့္ ဝန္ခံလိုက္သလို။

"အဟင့္!"

ရႈိက္သံသဲ့သဲ့ၾကားရ၍ ခင္ေထြးအား လွည့္ၾကည့္လိုက္သည္။
ညကတည္းက သတိေမ့သြားသည့္ ခင္ေထြးလည္း
သတိရရျခင္းမို႔ ျဖစ္ပ်က္သြားသည့္အရာမ်ားအား လက္မခံႏိုင္ေသး။ ထို႔အျပင္ သူမအား ဖ်က္ဆီးေစာ္ကားခဲ့သူက ကိုယ့္အလုပ္ရွင္ျဖစ္ေနသည္တဲ့။ သူမႏွင့္ စကားေလးလုံးကြဲေအာင္ပင္
ေျပာေလ့ေျပာထမရွိသူက သူမအား အခုလိုမ်ိဳး....။

တဆက္ဆက္တုန္ယင္ေနသည့္ ႏႈတ္ခမ္းပါးမ်ား၊  အတားအဆီးမရွိၿပိဳဆင္းက်ေနးသည့္ မ်က္ရည္မ်ားႏွင့္ သြန္းအုပ္အား အၾကည့္စူးစူးျဖင့္ စိုက္ၾကည့္လာသည့္ ခင္ေထြးကိုၾကည့္ရင္း မင္းခ သြန္းအုပ္အစား မ်က္ႏွာပင္မျပရဲေတာ့။

"ခင္ေထြးကို ေတာင္းပန္ပါ အကိုေလး"

ခင္ေထြးလည္း ႏိုးလာၿပီမို႔ ခင္ဗ်ားဟူေသာစကားလုံးကို မသုံးေတာ့ဘဲ ေခၚေနက်အတိုင္း ျပန္ေခၚလိုက္သည္။
မေလးစားဖြယ္ရာ လုပ္ရပ္မ်ားကို ဆက္တိုက္လုပ္ေနသည့္သူကို တျခားသူမ်ား၏အေ႐ွ႕၌ မေလးစားသလို အျပဳအမူ၊ အေျပာအဆိုမ်ားျဖင့္ မဆက္ဆံမိေစရန္ ဆင္ျခင္ေနမိေသးျခင္းမွာ ဒီလူအား စိတ္မကုန္ႏိုင္ေသး၍။

သြန္းအုပ္က မင္းခ၏မ်က္ႏွာကိုသာ စိုက္ေငးျကည့္ေနလ်က္
ဘာမွမေျပာ။ ခင္ေထြး၏ ႐ြံရွာစက္ဆုပ္စြာ ၾကည့္ေနသည့္ အၾကည့္ကိုလည္း အေရးမစိုက္စြာျဖင့္ ဥေပကၡာျပဳထားသည္။

"အကိုေလး ခင္ေထြးကို ေတာင္းပန္လိုက္ပါ။ က်န္တဲ့ကိစၥမွန္သမ်ွကို ကြၽန္ေတာ္တာဝန္ယူပါ့မယ္။"

"ငါက ဘာလို႔ေတာင္းပန္ရမွာလဲ"

"အကိုေလး!!!"

လူတကာဝိုင္းၿပီး အထင္ေသးျခင္းခံရမွာစိုး၍၊ ဘဝ တစ္ေလွ်ာက္လုံး ဒီကိစၥႀကီးက အရိပ္မည္းတစ္ခုလို
လိုက္ေနမွာစိုး၍၊ ေနာက္ၿပီး အေမြဆက္ခံရမည္ကိုပင္ အေႏွာင့္အယွက္ျဖစ္လာမွာစိုး၍ သူလုပ္ထားသမ်ွကို ကိုယ္က တာဝန္ယူပါ့မည္ဟု ေျပာေနေသာ္လည္း သူကေတာ့ ေတာင္းပန္စကားတစ္ခြန္းတစ္ေလ ဆိုဖို႔အတြက္ကိုေတာင္ ဝန္ေလးေနသည္။

သြန္းအုပ္က ခင္ေထြးအားၾကည့္လိုက္ရင္း...

"နင့္ကို ဘယ္သူဒီလိုလုပ္ခိုင္းတာလဲ။ နင္ေရာ ငါေရာ အမွန္တရားကိုသိတယ္။ က်န္တဲ့သူေတြကိုပဲ နင့္ရဲ႕ ျဖဳတ္ဦးေႏွာက္ေလာက္နဲ႔ လွည့္စားလို႔ရမယ္။
ငါ့ကိုေတာ့ ဒါမ်ိဳး လာမလုပ္နဲ႔!"

"....."

ခင္ေထြးက ႐ြံရွာစြာျဖင့္သာ စိုက္ၾကည့္ေနဆဲ..

"နင့္ကို ဟိုအဘြားႀကီး ခိုင္းတာမလား။ ေဒၚလြန္းသီရိျမတ္ ဆိုတဲ့ မိန္းမယုတ္ႀကီးေလ။ နင္တို႔ရည္႐ြယ္ခ်က္က ဘာလဲ။
လူ​ေတြ ငါ့ကိုအထင္​ေသး​ေအာင္လား။ ဒါမွမဟုတ္ နင့္လို အေစခံမနဲ႔ငါ့ကို ယူေစခ်င္တာလား!"

ေျပာရင္း ေဒါသမထိန္းႏိုင္​ေတာ့ဘဲ ခင္ေထြးအား လက္႐ြယ္မိေတာ့ ကိုယ့္ထက္ပိုသန္မာသည့္ လက္တစ္ခုက လာေရာက္ဖမ္းဆုပ္သည္။

"ေတာ္ေလာက္ၿပီ အကိုေလး! ပတ္ရမ္းမ​ေနနဲ႔။ နစ္နာတဲ့သူက အကိုေလးမဟုတ္ဘူး"

သြန္းအုပ္က မင္းခ၏လက္ကို ျပန္ဆြဲယူကာ အားကိုးတႀကီး
ဆုပ္ကိုင္လိုက္ၿပီး...

"ငါ့ကို မယုံဘူးလား။ ငါ ဘာမွမလုပ္ဘူး။ ဒီကိစၥႀကီးက ငါ့ကိုဝိုင္းၿပီး လုပ္ႀကံၾကတာ။ မင္းခ မင္းကမွမယုံရင္ ငါ့ကို ဘယ္သူယုံမွာလဲ။ ငါ... ငါက..အဲ့ေလာက္ အသိစိတ္ ေခါင္ပါးေနတဲ့သူ မဟုတ္ဘူး။"

ေျပာရင္းႏွင့္ မ်က္ရည္မ်ားဝိုင္းလာသည့္ မ်က္ဝန္းတို႔အား ၾကည့္ႏိုင္စြမ္းမရွိ၍ မ်က္ႏွာလႊဲမိသည္။

တကယ္ကို မမွတ္မိတာလား။
ျဖစ္ႏိုင္ပါတယ္။ အရက္မူးၿပီး ျပန္ႏိုးလာတဲ့အခ်ိန္
မူးတုန္းကကိစၥ​ေတြ ဘာမွမသိေတာ့တဲ့လူမ်ိဳးဆိုေတာ့လည္း။

"ကြၽန္ေတာ္ နားလည္ပါတယ္။ အရက္မူးေနတဲ့ အခ်ိန္ဆို ေတာ့"

"မ...မဟုတ္ဘူး!"

စိုးရိမ္တႀကီး ရွင္းျပမိေသာ္လည္း မင္းခက
နားေထာင္လိုသည့္ဟန္မရွိ။ နာက်ည္းရိပ္မ်ားသန္းေနသည့္ မ်က္ဝန္းတို႔မွ မ်က္ရည္မ်ားစီးက်ေနသည္ကလြဲ အသက္ရႈသံပင္ မၾကားရေလာက္ေအာင္ တိတ္ဆိတ္ေနသည့္ ခင္ေထြးေရွ႕တြင္ မင္းခ ဒူးေထာက္ခ်လိုက္ရင္း...

"ကိုႀကီး ညီမ​ေလးကို ေတာင္းပန္ပါတယ္။
ကိုႀကီး ဘယ္သူ႔ကိုမွ မေစာင့္ေရွာက္ေပးႏိုင္ခဲ့လို႔ အခုလိုျဖစ္တာပါ။ ကိုႀကီး တာဝန္ယူမယ္ေနာ္။ ခင္ေထြးရဲ႕တစ္ဘဝလုံးကို ကိုႀကီး ျပန္ၿပီးေစာင့္ေရွာက္ေပးမယ္။"

ခင္ေထြးက မင္းခအား မယုံႏိုင္စြာၾကည့္လာသည္။

"ေနမင္းခ! မင္း႐ူးေနၿပီလား! ငါလည္း သူ႔ကို
ဘာမွမွားမထားဘူး။ မင္းကလည္း ဘာမွ သူရဲေကာင္းဝင္လုပ္စရာမလိုဘူး။ မင္းအခုေျပာေနတာ​ေတြက ဘယ္သူ႔အတြက္မွ အက်ိဳးမရွိဘူး ေ-ာက္႐ူးရဲ႕! ႐ူးေနၿပီလား!"

ေဒါသတႀကီးႏွင့္ ေအာ္ဟစ္ေနသည့္ သြန္းအုပ္၏
စကားမ်ားကို မင္းခက ဂ႐ုမစိုက္။

"ဒီကိစၥကို ဘယ္သူ႔မွ မေျပာနဲ႔ေနာ္ ခင္ေထြးေလး။ အကိုေလးအစား ကိုႀကီးကတာဝန္ယူေပးမယ္ေလ။ ဘယ္သူေမးေမး ကိုႀကီးမင္းခ​​ လုပ္တာလို႔ပဲ ေျဖရမယ္ေနာ္။ ကိုႀကီးေျပာတာ နားေထာင္ေနာ္ ညီမ​ေလး။"

"......"

သြန္းအုပ္အတြက္ မ်က္ႏွာငယ္ငယ္ျဖင့္ အႏူးအၫြတ္ ဒူးေထာက္ေတာင္းပန္ေပးေနသည့္ မင္းခကို
ခင္ေထြး ဘာစကားမွျပန္မေျပာႏိုင္ေသးဘဲ  အံ့ၾသလြန္းစြာျဖင့္ၾကည့္ေနမိဆဲ။

"ေနမင္းခ!! မင္းငါ့စကားေတြကို ေသာက္ေရးမစိုက္တာလား!မင္းအခုလို လုပ္ေနစရာ ဘာအေၾကာင္းမွမ႐ွိတာ နားလည္ရဲ႕လား မင္း!"

"ေတာ္ေတာ့ အကိုေလး! ကြၽန္ေတာ္ ေလာေလာဆယ္
စကားအေျခအတင္ျဖစ္ဖို႔ထိ အင္အားရွိမေနဘူး"

သြန္းအုပ္က မင္းခေဘးမွာပင္ ထိုင္ခ်လိုက္ရင္း
မင္းခ၏လက္မ်ားအား သူ႔၏ ေအးစက္စက္လက္မ်ားျဖင့္ တင္းက်ပ္စြာဆုပ္ကိုင္လိုက္သည္။ ထို႔ေနာက္ အသနားခံသလိုမ်က္ႏွာငယ္ေလးႏွင့္ ေလသံေပ်ာ့ေပ်ာ့ေလး သုံးကာ...

"ေနမင္းခ ငါ့ကိုမယုံဘူးလား။ ငါဘာမွမလုပ္ဘူး။
မင္းလည္း ခုလို စိတ္လိုက္မာန္ပါ ဆုံးျဖတ္ဖို႔မလိုဘူးေလ။ မင္းက ေက်ာင္းလည္း ဆက္တတ္ရဦးမွာေလ။ အခုလိုေတြ ေလွ်ာက္မေျပာရဘူးေလ ေနာ္။ ငါေျပာတာကိုယုံ..ငါဘာမွ မလုပ္ထားဘူး။"

တတြတ္တြတ္ႏွင့္ ေတာင္းပန္ေနသူက
တကယ္ပဲ သူဘာအမွားမွမလုပ္ထားသည့္ပုံ။

မင္းခ စိတ္ပင္ပန္းလြန္း၍ သက္မတစ္ခ်က္အားခ်လိုက္ၿပီး..

"အရက္ေတြ မေသာက္ပါနဲေတာ့ အကိုေလး။
စိတ္ညစ္တိုင္း အရက္ေသာက္ရေၾကးဆိုရင္ တေလာကလုံး အရက္သမားေတြခ်ည္း ျဖစ္ကုန္လိမ့္မယ္။ ကြၽန္ေတာ္ နားလည္ပါတယ္။ မူးေနတဲ့အခ်ိန္ ဘာမွမမွတ္မိဘဲ ေလွ်ာက္လုပ္မိတယ္ဆိုတာ"

"မ...မဟုတ္"

"ခင္ေထြးး အကိုေလးအစား ကိုႀကီးေတာင္းပန္တယ္ေနာ္။ ကိုႀကီးက ခင္ေထြးကိုတစ္သက္လုံး
စိတ္ခ်မ္းသာေအာင္ထားၿပီး တာဝန္ယူမယ္ေလ။ အသိစိတ္မရွိခင္ မွားမိတာမလို႔ အကိုေလးကိုလည္း မမုန္းနဲ႔ေနာ္။ ကိုႀကီးသာ အကိုေလး အနားမွာ အခ်ိန္ျပည့္ရွိေနေပးရင္ အခုလိုေတြ ျဖစ္မွာမဟုတ္ဘူး။ ကိုႀကီးက အဓိကအျပစ္ရွိတဲ့သူမလို႔ ဘယ္သူေမးေမး ကိုႀကီးလုပ္တာပါလို႔ပဲ ေျပာရမယ္ေနာ္"

"••••"

ကိုယ့္အတြက္ႏွင့္ မိန္းကေလးတစ္ေယာက္ကို
ဒူးေထာက္ၿပီး ေတာင္းပန္ေပးေနရသည္တဲ့။
ဘာမွပင္ ဆက္မေျပာႏိုင္ေလာက္ေအာင္
ရင္နာလာရသည္မို႔ ကိုယ့္ကိုမယုံၾကည္သည့္သူကို ဒီအတိုင္းပင္ၾကည့္ေနမိေတာ့သည္။

ခင္ေထြးက မင္းခအား အံ့ၾသတႀကီးစိုက္ၾကည့္ေနရင္းမွ မ်က္ႏွာလႊဲသြားၿပီး...

"ကိုႀကီးမင္းခက သမီးအတြက္ စဥ္းစားေပးေနတာမွ မဟုတ္ပဲ။ သမီးထက္ အကိုေလးသိကၡာက်မွာကို ပိုစိုးရိမ္ေနတာေလ။ ရတယ္ သမီးကို ေဘာလီေဘာပုတ္သလို ဟိုပုတ္ထုတ္၊ဒီပုတ္ထုတ္ လုပ္ေနၾကစရာ မလိုဘူး။ ဒီကိစၥကို ဘာမွမျဖစ္ခဲ့သလို"

"ခင္ေထြး!"

"....."

"အဓိပါၸယ္မရွိတာေတြ ေလွ်ာက္ေျပာမေနနဲ႔ေတာ့။
နင့္အသက္ ငယ္ငယ္ေလးပဲ ရွိေသးတယ္။ အဲ့လို လက္လြတ္စပယ္စကားေတြ ​ေလ်ွာက္မေျပာနဲ႔!
ငါအခု တာဝန္ယူမယ္ေျပာတာကိုပဲ လက္ခံလိုက္။ ဘယ္သူေမးေမး ငါမွားတာလို႔ပဲေျဖ။ နင့္အေတြးထဲမွာလည္း နင့္ကိုေစာ္ကားခဲ့တာငါလို႔ပဲေတြးၿပီး အသာတၾကည္နဲ႔ ငါ့ကို တာဝန္ေပးလိုက္။"

ခင္ေထြးဝတ္ထားသည့္ အက်ႌမွ ၾကယ္သီးအခ်ိဳ႕က
ျပဳတ္ထြက္ေနတာေၾကာင့္ မင္းခက သူ႔အေပၚအက်ႌ ရွပ္လက္ရွည္ေလးအား ခြၽတ္ေပးလိုက္ၿပီး...

"ေရာ့! ဒါကို ဝတ္"

"......"

မင္းခက ခင္ေထြးအား ကုတင္ေပၚမွဆင္းႏိုင္ေစရန္
လက္ကိုကမ္းေပးေသာ္လည္း ထိုလက္အား ခင္ေထြးကမယူ။ ကိုယ္တိုင္ အားယူ၍ ကုတင္ေပၚမွဆင္းကာ မတ္တပ္ရပ္လိုက္စဥ္ အ႐ြယ္ႏွင့္မမွ်စြာ အၾကမ္းပတမ္းဆက္ဆံခံထားရသည့္ ခႏၶာကိုယ္က
ခ်ိနဲ႔စြာျဖင့္ ေျခေထာက္မခိုင္ဘဲ ျပန္လဲခ်င္သလိုျဖစ္သည္။ မ်က္ရည္မ်ား ဆက္မက်မိေစရန္ အံကိုတင္းတင္း ႀကိတ္ထားလိုက္သည္။

ဆယ္ငါးႏွစ္!
အသက္ဆယ့္ငါးႏွစ္မွာ ဒီေလာက္ျပင္းတဲ့႐ိုက္ခ်က္ေၾကာင့္နဲ႔ သူမရဲ႕ဘဝကၿပိဳလဲရေတာ့မွာတဲ့လား။

ႏွလံုးေၾကကြဲကာ စိတ္ဓာတ္က်ေနလို႔လည္း သူမက အပ်ိဳစင္ျပန္ျဖစ္လာေတာ့မည္မဟုတ္ပဲေလ။

ေနာက္ၿပီး ကိုယ့္အျပစ္ကိုယ္ ဝန္မခံရဲသည့္သူႏွင့္ အျပစ္ရွိသူအား ကာကြယ္ေပးခ်င္ေနသည့္သူ။
ထိုလူႏွစ္ေယာက္စလုံးအား စိတ္နာသည္။
ကိုယ့္အတြက္ေတြးေပး၍ ေျပာသည့္စကား
တစ္ခြန္းမွမၾကားရ။ တစ္ေယာက္ႏွင့္တစ္ေယာက္ ခ်စ္လြန္း၍ျဖစ္ေနသည့္ ပဋိပကၡထဲတြင္ ကိုယ္ကေဘးကေန ထိုင္ၾကည့္ေနရသည့္ အနစ္နာဆုံး အရံလူသက္သက္သာ။

ခင္ေထြးကေလ
သူမ်ားကို ေနာက္ေက်ာကေန
ဓားနဲ႔ထိုးတဲ့လုပ္ရပ္မ်ိဳး
ဘယ္ေတာ့မွမလုပ္ဘူး။
ဒါေပမယ့္ ငါ့ကိုသတ္ပါဆိုၿပီး ဓားကမ္းလာရင္ေတာ့
မ်က္ႏွာကို တည့္တည့္ၾကည့္ၿပီး
အဲ့လူရဲ႕ ရင္ဝကိုဓားနဲ႔ထိုးပစ္ဖို႔လည္း
အားမနာတတ္ဘူး။
ခင္ေထြး အလြန္လို႔မသတ္မွတ္ပါနဲ႔။
ရွိသမွ်စည္းစိမ္ အကုန္ပုံေပးရင္ေတာင္
ျပန္မရႏိုင္တဲ့ အပ်ိဳစင္ဘဝကို
ဖ်က္ဆီးခံခဲ့ရတာမလို႔
အကိုေလးခ်စ္တဲ့သူကို
ေလ်ာ္ေၾကးအျဖစ္ လက္ခံတာ
တရားပါတယ္။

------------------

ခြပ္!

ခြပ္!

ဦးသက္လြင္၏ အရွိန္ျပင္းျပင္း လက္သီးခ်က္မ်ားက မင္းခ၏ မ်က္ႏွာေပၚသို႔ တစ္ခ်က္ၿပီးတစ္ခ်က္။

"ေနမင္းခ မင္းကိုငါ ဆုံးမထားတာေတြက မင္းေခါင္းထဲကို မေရာက္တာလား ဟမ္! ကိုယ့္ဆႏၵကိုယ္ မထိန္းခ်ဳပ္ႏိုင္ဘဲ မိန္းကေလးတစ္ေယာက္ရဲ႕ဘဝကို
ဖ်က္ဆီးပစ္ရေလာက္ေအာင္အထိ မင္းတဏွာစိတ္ေတြက ငယ္ထိပ္ကိုေရာက္ေနၿပီလား! ေျပာေလ မင္းခ! ငါ့ကို"

"....."

ဘာေျဖရွင္းခ်က္မွမေပးဘဲ ေခါင္းငုံ႔၍ၿငိမ္ခံေနသည့္
မင္းခကိုၾကည့္ရင္း ဦးသက္လြင္အလြန္အရွက္ရမိသည္။
မမေလးႏွင့္ခင္ေထြး၏အဖြားျဖစ္သူတို႔ကို မ်က္ႏွာေတာင္မၾကည့္ရဲေတာ့။

ထုံေပေပႏွင့္ ေခါင္းငိုက္စိုက္ခ်ထားပုံက ေသေအာင္သတ္လွ်င္ေတာင္ ၿငိမ္ခံေနမည့္ပုံ။
သြန္းအုပ္လက္သီးႏွင့္ထိုးသမွ် ၿငိမ္ခံေနက်ျဖစ္ေန၍ အသားမနာတတ္ေတာ့တာပဲလား။ လူတကာက လိမၼာသည္ဟု ခ်ီးက်ဴးခဲ့တာေတြကို ဒီလိုလုပ္ရပ္မ်ိဳးျဖင့္ ဖ်က္ဆီးပစ္လိုက္သည္။

စိတ္ရွိလက္ရွိလုပ္လွ်င္လည္း ေသ႐ုံသာရွိမည္မို႔
မင္းခအား နံရံဘက္သို႔ေဆာင့္တြန္းလိုက္ရင္း...

"ကိုယ့္အမွားကိုယ္ တာဝန္ယူမယ္ေျပာလို႔ မင္းသက္သာတယ္မွတ္! ေအး ခင္ေထြးတို႔က မေက်နပ္လို႔ ရဲတိုင္ရင္လည္း မင္း ေထာင္ထဲကိုသာဝင္လိုက္! ငါကေတာ့ ဘာမွလိုက္လုပ္ေပးမယ္မထင္နဲ႔!"

"......"

"ထြီ! ေလာကႀကီးမွာ မင္းလိုေကာင္မ်ိဳးေတြကို ငါအ႐ြံဆုံးပဲ"

"....."

ေဒၚသီရိတို႔ကေတာ့ မ်က္စိမ်က္ႏွာပ်က္ေနၾကသည္။
အိမ္ကအလုပ္သမားမ်ား၏ ကေလးခ်င္းျဖစ္သည့္ျပႆနာမို႔ ဘယ္သူ႔ဘက္ကမွ ဝင္မေျပာခ်င္ေသာ္ျငား
စီစဥ္ေပးစရာရွိလွ်င္ စီစဥ္ေပးဖို႔ ဝတၱရားကရွိေသး၏။ မင္းခကိုေတာ့ အခုလိုမ်ိဳး လုပ္လိမ့္မည္ဟု ဘယ္တုန္းကမွ ​မထင္မိခဲ့။ အလြန္ပင္ အံ့ၾသရသည္။ လူဆိုတာမ်ိဳးကလည္း အျပင္ပန္းၾကည့္ရံုနဲ႔ ခန္႔မွန္းရခက္သား။

ခင္ေထြး၏အဘြားေဒၚလွေငြက နဂိုကတည္းက
စိတ္ေပ်ာ့သည့္သူမို႔ တရႈံရႈံသာ ငိုေနေတာ့သည္။ ခင္ေထြးကေတာ့ ျဖစ္ေနသမွ်ကို သူမႏွင့္မဆိုင္သလို တစ္ဖက္သို႔မ်က္ႏွာလႊဲရင္း မ်က္ရည္တစ္စက္မွမက်၊ စကားတစ္ခြန္းမွမဆိုဘဲ ၿငိမ္၍သာထိုင္ေနေလသည္။

မလႈပ္မယွက္ မင္းခကိုၾကည့္ရင္း ဦးသက္လြင္ အသည္းယား
လာျပန္သည္။ စိတ္မထိန္းႏိုင္စြာ ထပ္ၿပီးထိုးႀကိတ္ရန္ ဟန္ျပင္ေတာ့...

မင္းခမ်က္လုံးမ်ားအား စုံမွိတ္ထားလိုက္သည္။

ေတာင္းပန္ပါတယ္ ေလးသက္။
သားက မဆိုးခဲ့ေပမယ့္ လိမၼာတဲ့သူလည္း မဟုတ္ခဲ့လို႔။

အားႏွင့္မာန္ႏွင့္ဝင္လာမည့္ လက္သီးခ်က္အတြက္ စိတ္ေလွ်ာ့ခ်ကာ မ်က္လုံးမ်ားမွိတ္ထားေသာ္လည္း
အခ်ိန္တစ္ခုၾကာသည္အထိ ကိုယ့္အသား မနာေသးေသာေၾကာင့္ မ်က္လံုးဖြင့္ၾကည့္မိသည္။

အံႀကိတ္ကာ ေလးသက္၏လက္အား ဖမ္းခ်ဳပ္ထားသည့္ သူ...။

"သြန္းေလး! မင္းနဲ႔မဆိုင္တဲ့ ကိစၥမွာ ဝင္မပါစမ္းနဲ႔"

ေဒၚသီရိ၏စကားအား မၾကားသလို လ်စ္လ်ဴရႈကာျဖင့္ ဦးသက္လြင္ကိုသာ စူးရဲစြာစိုက္ၾကည့္ရင္း
အက်ႌေကာ္လံကိုဆြဲေဆာင့္ၿပီး ထိုးမည္အျပဳ...

"ကြၽန္ေတာ့္ဦးေလးတစ္ေယာက္လုံးကို ကြၽန္ေတာ့္ေရွ႕မွာ ထိုးႀကိတ္ဖို႔လုပ္ေနတာ ကြၽန္ေတာ့္ကို လူလို႔ကို
မသတ္မွတ္ေတာ့တာေၾကာင့္လား အကိုေလး"

ေအးတိေအးစက္ႏွင့္ ေျပာလာသည့္စကားေၾကာင့္
သြန္းအုပ္ မင္းခအား လွည့္ၾကည့္လိုက္သည္။ ကိုယ့္မ်က္ႏွာကို တည့္တည့္ၾကည့္ရင္း ေအးစက္စက္စကားမ်ားကို ဆိုလာသူက သူစိမ္းတစ္ေယာက္လို။ ၿငိဳျငင္ခံရမွာစိုးသည့္အေတြးက ေခါင္းထဲသို႔ဝင္လာတာေၾကာင့္ စိတ္ေလွ်ာ့ကာ ဦးသက္လြင္ကို လႊတ္လိုက္သည္။

"မင္းကို အႏိုင္က်င့္ေနတာ မၾကည့္ရက္.."

"ေလးသက္က ကြၽန္ေတာ့္အမွားရွိလို႔ ဆုံးမေနတာပါ။ အကိုေလးကမဆိုင္ဘဲ ဘာလို႔ ၾကားဝင္ရႈပ္ေနတာလဲ။"

"မဆိုင္လို႔ရမလား။ အခုက"

"ခင္ေထြးလက္ခံမယ္ဆိုရင္ ကြၽန္ေတာ္ဒီေန႔ပဲ တရား႐ုံးမွာ လက္ထပ္ခ်င္ပါတယ္"

မင္းခက သြန္းအုပ္ေျပာမည့္စကားကို ဆုံးေအာင္ေျပာခြင့္မျပဳဘဲ ၾကားျဖတ္ကာ လူႀကီးမ်ားဘက္လွည့္၍ေျပာလိုက္သည္။ ဘယ္သူမွ ဘာမွမတံု႔ျပန္ႏိုင္ေသးခင္မွာပင္ ခင္ေထြးကပါ...

"သမီး လက္ခံတယ္!"

************tbc

29.5.22

[Unicode]

အပေါ်ထပ်သို့တတ်လာစဉ် ခပ်ဟဟပွင့်နေသည့် အခန်းတံခါးကို လှမ်းမြင်မိတော့ စိတ်ထဲတစ်မျိုး ခံစားလိုက်ရသည်။ ထိုတံခါးချပ်လေးသည် သူ(တစ်ယောက်တည်း)ဝင်လာရန်အတွက် ရည်ရွယ်ပြီး လော့ခ်ချထားလေ့မရှိသော်လည်း အခုလို တံခါးပွင့်နေမှန်း သိသာလောက်အောင်တော့ အနည်းငယ်သော်မျှ ပွင့်နေခဲ့ခြင်းမရှိခဲ့ဖူးပေ။

စိတ်ထဲ စနိုးစနောင့်ဖြစ်သွားရသော်လည်း စိုးရိမ္စရာ
ဘာရှိလဲဟု ကိုယ့်ကိုယ်ကို အားပေးရင်း အခန်းတံခါးအား တွန်းဖွင့်မိတော့......

!!!!!!!!!

အချိန်ခဏလောက် အသက်ရှုဖို့ပင် မေ့လျော့သွားရ၏။

လုပ်ရက်တယ်ဗျာ၊
ဒီလိုအလုပ်မျိုးကိုမှ...

ယူကြုံးမရသည့်စိတ်များနှင့်အတူ ဒေါသစိတ်များလည်း ဝင်လာသည်။ ဆိုးတာသိပေမယ့် ယုတ်မာတတ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးဖူး၊မတွေးရက်ခဲ့။ pornကားတွေကြည့်နေကတည်းက၊ ကွန်ဒုံးတွေဝယ်ထားကတည်းက သူရိပ်မိခဲ့သင့်သည်။ ဘယ်လောက်ပဲ အရက်မူးနေသည်ဆိုပါစေဦး။
အခုလိုမျိုးတော့ ကိုယ့်အိမ်မှာ မှီခိုနေရတဲ့ကလေးတစ်ယောက်ကို ခုလိုမျိုး......

သည်းမခံနိုင်စရာ လုပ်ရပ်များကိုလုပ်ထားသည် ဆိုသော်ငြား အမြဲတမ်းချစ်ခဲ့ရသည့်သူအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကာကွယ်ပေးချင်သည့်စိတ်က ရှိနေသေးပြန်သည်။ ထိုမြင်ကွင်းအား ဘယ်သူမှထပ်ပြီးမမြင်စေရန် အခန်းထဲသို့အရောက် တံခါးအားလော့ခ်ချပစ်လိုက်၏။

ပြတင်းတံခါးမှလိုက်ကာစများကို မင်းခ ဆွဲဖွင့်ပစ်လိုက်တော့ စူးရှရှနေရောင်က မျက်နှာပေါ်ကျရောက်လာသည်မို့ မျက်လုံးများအား ဖြည်းဖြည်းချင်းဖွင့်ကြည့်ရင်း
သွန်းအုပ် အိပ်ရာမှနိုးလာသည်။

အိပ်ရာထစမို့ ကြည်ကြည်လင်လင် မမြင်ရသေး။ မျက်စိရှေ့တည့်တည့်ကိုလှမ်းကြည့်တော့ လူတစ်ယောက် ခါးထောက်လျက် သူ့ကို ကြည့်နေသည်။ ထိုသူက နေမင်းခမှန်း အတပ်သိလိုက်၏။

ဘာလဲ။
မိန်းမအိုကြီးလို ပွစိပွစိနဲ့ အရက်မသောက်ဖို့ နားချဦးမှာပဲမလား။
အမူးပြေတဲ့ အချိန်ကိုစောင့်ပြီးတော့လေ...

ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိသွားသေးလား မပြောတတ်။ ကိုယ်က သူမကြိုက်သည့်အရာများအား လုပ်ထားသည့်သူမို့ စိတ်ဆိုးနေမည်ကို သိသော်လည်း အဆူခံရန်အသင့်မဖြစ် သေး။ မျက်လုံးအသာပြန်မှိတ်၍ အိပ်ချင်ယောင်
ဆောင်နေရန်သာ ပြင်လိုက်သည်။

စိတ်ထဲမှာတော့ သူဘယ်လောက်ပြောပြောဆိုဆို နေ့စဉ်ဝတ္တရားမပြတ်စေရဘဲ အိမ်ရှင်မကောင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးနေသည့် ထိုကလေးအား အားနာနေပြီမို့ ဘယ်လောက်စိတ်ညစ်ညစ် အရက်ဆက်မသောက်ရန် ဆုံးဖြတ်ပြီးပြီ။ မင်းခသာ အနားမှာအမြဲရှိနေပါလျှင် သူဘယ်လိုအရာမျိုးကိုမှမကြောက်ဟု အားတင်းမိပြန်သည်။

"ခင်ဗျား နိုးနေပြီဆိုတာ သိတယ်!"

"••••"

ခင်ဗျားး?
ဒီလိုခေါ်ရတဲ့အထိ ဘယ်လောက်တောင် စိတ်ဆိုးနေလို့လဲ?

ရင့်ရင့်သီးသီး သုံးနှုန်းလိုက်ပုံက သူစိမ်းတစ်ယောက်နှယ်။

မကျေနပ်၍ မှုန်ကုပ်ကုပ်မျက်နှာဖြင့် ပြန်ရန်တွေ့ရန် မျက်လုံးဖွင့်ကြည့်လိုက်တော့ ဒေါသကြီးနေသည့် ထိုကလေးက သူ့အား အရေခွံဆုတ်ပစ်တော့မည့် မျက်နှာထားမျိုးဖြင့် ကြည့်နေတာကိုတွေ့ရ၏။
တစ်ခါမှ သူ့အပေါ်တွင် အခုလိုပုံစံ၊အခုလိုလေသံနှင့် မဆက်ဆံဖူးတာကြောင့် အံ့အားသင့်သွားရသည်။

ထူးထူးဆန်းဆန်း ဒေါသတွေကြီးနေသည့်သူကို
မျက်နှာချင်းဆိုင်ကာ ကြည့်မနေချင်၍ တစ်ဖက်သို့ မျက်နှာလွှဲမိတော့...

ဖရိုဖရဲ အဝတ်အစားများနှင့် ကိုယ့်ကုတင်ပေါ်တွင် အိပ်ပျော် နေသည့် ခင်ထွေးး

ဒါဘယ်လိုအခြေအနေမျိုးကြီးလဲ!
မင်းခကလွဲပြီး ဘယ်သူ့ကိုမှ ဒီအခန်းထဲကို သူ အဝင်မခံခဲ့ဖူးဘူးလေ။
ဒါကို ဘယ်လိုလုပ်ပြီး....

ပြတင်းပေါက်မှတဆင့်ဝင်လာသည့် လေထု၏အထိအတွေ့က ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့နေတာမို့ ကိုယ့်ကိုယ်ကိုလည်း
ပြန်ကြည့်မိသည်။

ညက အင်္ကျီချွတ်လျက်သား အိပ်ပျော်သွားခဲ့တာပဲ။

အထင်လွဲစရာတွေ ဖြစ်ကုန်ပြီလား။
မြင်နေရသမျှကို မယုံနိုင်စွာ အားကိုးတကြီးနှင့် အံ့သြထိတ်လန့်စွာဖြင့် မင်းခအား မော့ကြည့်မိလိုက်တော့ မင်းခရဲ့မျက်ဝန်းထဲမှာ ရွံရှာမှုတွေ၊ နာကြည်းစက်ဆုပ်မှုတွေ။
သွန်းအုပ် သွေးပျက်လာ၏။ မဟုတ်သေးဘူးလေ။ သူက ဒီလိုမျိုးနဲ့ မင်းခဆီကအမုန်းကို ခံလိုက်ရတော့မှာက မတရားဘူးမလား။

"ခင်ဗျားဗျာ...!"

ယူကြုံးမရသည့်လေသံမျိုးဖြင့် မင်းခက စကားဆက်မပြောနိုင်ပုံပင်မရ။ မျက်နှာကိုပင် မကြည့်ချင်လောက်အောင် ရွံသွားခဲ့ပြီလား။
တစ်ဖက်သို့ မျက်နှာလွှဲလိုက်သော်လည်း
အံတင်းတင်းကြိတ်ထား၍ အထင်းသားပေါ်နေသည့် မေးရိုးအား ဘေးတိုက်မြင်နေရသည်။ ခင်ထွေးကရော ဘာလာလုပ်နေတာလဲ။

မြင်နေ၊တွေ့နေရသမျှက ဘယ်လို လက်ခံချင်စရာမရှိ။

မဟုတ်ဘူး!
ငါ..ငါ..အိပ်မက်မက်နေတာ။
အခု မြင်နေရတာ အမှန်မဟုတ်ဘူး။

အခုရက်ပိုင်း စိတ်ဖိစီးမှုများပြီး ဂယောင်ခြောက်ခြားဖြစ်ကာ
မမက်သင့်သည့် အိပ်မက်များကိုပင် မက်နေလေပြီ။မျက်စိရှေ့ရှိမြင်ကွင်းအား ပျောက်သွားလိုသွားငြား မျက်လုံးများကို အကြမ်းပတမ်းပွတ်သပ်လိုက်၏။
သို့တိုင် ထိုအိပ်မက်ဆိုးကြီးထဲက သူရုန်းထွက်လို့မရသေး။

ကျေးဇူးပြုပြီး လာနှိုးပေးကြပါ။
ဒီလိုအိပ်မက်မျိုး မမက်ချင်လို့ပါ။

အမှားကြီးတစ်ခုကို ကျူးလွန်ထားပြီးမှ
အသက်မရှိသူတစ်ယောက်လို ပြုမူနေသည့်သူကိုကြည့်ရင်း
မင်းခရင်ထဲတွင်တော့ ဗြောင်းဆန်နေပြီ။

ကျောက်ရုပ်ချထားသလို ငြိမ်သက်နေသည့်သူ၏
ပုခုံးနှစ်ဖက်အား ဆွဲကိုင်လှုပ်ရမ်းလိုက်ရင်း...

"ခင်ဗျား အခုကိစ္စအတွက် ဘာမှပြောဖို့မရှိဘူးလား။
ခင်ဗျား ဘာတွေလုပ်လိုက်တယ်ဆိုတာကိုရော
သိရဲ့လား ဟမ်"

တခြားအိမ်သားများ ကြားသွားမှာစိုး၍ အသံကျယ်ကျယ်ဖြင့် မဆူရဲ။ ဝုန်းဒိုင်းကြဲ ပေါက်ကွဲပစ်ချင်သော်ငြား အသံကိုထိန်း၍ ပြောနေရသည်။

"ငါ ဘာမှမသိဘူး"

"ဘာ!!"

အသက်ရှုသံများပင် ပျက်ယွင်းမြန်ဆန်နေလောက်အောင်
ဒေါသကြီးနေသူကိုကြည့်ရင်း သွန်းအုပ် ပြောစရာစကားများ ပျောက်ဆုံးလာသည်။ လတ်တလောအဖြစ်အပျက်အား သူကိုယ်တိုင်တောင် အိပ်မက်လား၊ တကယ်လား မဝေခွဲနိုင်သေး။ အငြိုးတကြီးနှင့် စွပ်စွဲနေသူ၏ အထင်လွဲမှားမှုက ကိုယ့်ကိုအင်အားမဲ့လာစေသည်။

"ခင်ဗျား အခုလုပ်လိုက်တဲ့လုပ်ရပ်က ခင်ဗျားတန်ဖိုးကို ဘယ်လောက်မဲ့သွားစေလဲဆိုတာ မသိဘူးလားဖ။ ခင်ဗျား ဘဝတစ်လျှောက်လုံး အမဲစက်ကြီးတစ်ခုအဖြစ် ရှိနေမှာ...
ခင်ဗျားဗျာ..."

"....."

"နောက်ပြီး ခင်ဗျားအရမ်းထန်နေရင် တခြားမိန်းမတွေနဲ့ ပျော်ပါးလို့လည်းရတယ်။ အသက်တောင်မပြည့်သေးတဲ့ ကိုယ့်အိမ်က ကလေးမလေးကို"

"ငါ မဟုတ်ဘူး!!!
ငါ ဘာမှမလုပ်လို့ ဘာမှလည်း မသိဘူး!!
ငါ့ သိက္ခာကို မစော်ကားနဲ့!"

အမြင်တစ်ခုနဲ့ ထင်ချင်ရာထင်ပြီး စွပ်စွဲပြောဆိုနေသည့် စကားလုံးများကို သည်းမခံနိုင်သည့်အဆုံး ပုခုံးပေါ်ကလက်များကို ရိုက်ဖယ်ချလိုက်ရင်း ဒေါသတကြီးအော်ဟစ်မိလိုက်၏။

သူဘာမှမလုပ်ခဲ့သလို ဘာကိုမှလည်းမသိ။
အခုလိုအခြေအနေမျိုးမှာ ကိုယ့်ကို တပ်အပ်စွပ်စွဲနေသည့် သူကလည်း ကိုယ်ချစ်ရသည့်သူဖြစ်နေတာကြောင့်
ပိုခံပြင်းမိကာ ရင်နာရသည်။

မင်းခ၏ အင်္ကျီကော်လံစအား ဆောင့်ဆွဲလိုက်ရင်း
သေချာအောင် ထပ်မေးကြည့်သည်။

"မင်းက ငါ့ကိုမယုံတာလား။ မင်းမျက်လုံးထဲမှာ၊ ခေါင်းထဲမှာ အတွေးထဲမှာ ငါ့ကိုမုဒိန်းကောင်လို့ မြင်နေတာလား ဟမ်!"

"......"

စကားတစ်လုံးမှမဆိုဘဲ တစ်ဖက်သို့မျက်နှာလွှဲလိုက်သည့်
သူက ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်သလို။

"အဟင့်!"

ရှိုက်သံသဲ့သဲ့ကြားရ၍ ခင်ထွေးအား လှည့်ကြည့်လိုက်သည်။
ညကတည်းက သတိမေ့သွားသည့် ခင်ထွေးလည်း
သတိရရခြင်းမို့ ဖြစ်ပျက်သွားသည့်အရာများအား လက်မခံနိုင်သေး။ ထို့အပြင် သူမအား ဖျက်ဆီးစော်ကားခဲ့သူက ကိုယ့်အလုပ်ရှင်ဖြစ်နေသည်တဲ့။ သူမနှင့် စကားလေးလုံးကွဲအောင်ပင်
ပြောလေ့ပြောထမရှိသူက သူမအား အခုလိုမျိုး....။

တဆက်ဆက်တုန်ယင်နေသည့် နှုတ်ခမ်းပါးများ၊  အတားအဆီးမရှိပြိုဆင်းကျနေးသည့် မျက်ရည်များနှင့် သွန်းအုပ်အား အကြည့်စူးစူးဖြင့် စိုက်ကြည့်လာသည့် ခင်ထွေးကိုကြည့်ရင်း မင်းခ သွန်းအုပ်အစား မျက်နှာပင်မပြရဲတော့။

"ခင်ထွေးကို တောင်းပန်ပါ အကိုလေး"

ခင်ထွေးလည်း နိုးလာပြီမို့ ခင်ဗျားဟူသောစကားလုံးကို မသုံးတော့ဘဲ ခေါ်နေကျအတိုင်း ပြန်ခေါ်လိုက်သည်။
မလေးစားဖွယ်ရာ လုပ်ရပ်များကို ဆက်တိုက်လုပ်နေသည့်သူကို တခြားသူများ၏အရှေ့၌ မလေးစားသလို အပြုအမူ၊ အပြောအဆိုများဖြင့် မဆက်ဆံမိစေရန် ဆင်ခြင်နေမိသေးခြင်းမှာ ဒီလူအား စိတ်မကုန်နိုင်သေး၍။

သွန်းအုပ်က မင်းခ၏မျက်နှာကိုသာ စိုက်ငေးကြည့်နေလျက်
ဘာမှမပြော။ ခင်ထွေး၏ ရွံရှာစက်ဆုပ်စွာ ကြည့်နေသည့် အကြည့်ကိုလည်း အရေးမစိုက်စွာဖြင့် ဥပေက္ခာပြုထားသည်။

"အကိုလေး ခင်ထွေးကို တောင်းပန်လိုက်ပါ။ ကျန်တဲ့ကိစ္စမှန်သမျှကို ကျွန်တော်တာဝန်ယူပါ့မယ်။"

"ငါက ဘာလို့တောင်းပန်ရမှာလဲ"

"အကိုလေး!!!"

လူတကာဝိုင်းပြီး အထင်သေးခြင်းခံရမှာစိုး၍၊ ဘဝ တစ်လျှောက်လုံး ဒီကိစ္စကြီးက အရိပ်မည်းတစ်ခုလို
လိုက်နေမှာစိုး၍၊ နောက်ပြီး အမွေဆက်ခံရမည်ကိုပင် အနှောင့်အယှက်ဖြစ်လာမှာစိုး၍ သူလုပ်ထားသမျှကို ကိုယ်က တာဝန်ယူပါ့မည်ဟု ပြောနေသော်လည်း သူကတော့ တောင်းပန်စကားတစ်ခွန်းတစ်လေ ဆိုဖို့အတွက်ကိုတောင် ဝန်လေးနေသည်။

သွန်းအုပ်က ခင်ထွေးအားကြည့်လိုက်ရင်း...

"နင့်ကို ဘယ်သူဒီလိုလုပ်ခိုင်းတာလဲ။ နင်ရော ငါရော အမှန်တရားကိုသိတယ်။ ကျန်တဲ့သူတွေကိုပဲ နင့်ရဲ့ ဖြုတ်ဦးနှောက်လောက်နဲ့ လှည့်စားလို့ရမယ်။
ငါ့ကိုတော့ ဒါမျိုး လာမလုပ်နဲ့!"

"....."

ခင်ထွေးက ရွံရှာစွာဖြင့်သာ စိုက်ကြည့်နေဆဲ..

"နင့်ကို ဟိုအဘွားကြီး ခိုင်းတာမလား။ ဒေါ်လွန်းသီရိမြတ် ဆိုတဲ့ မိန်းမယုတ်ကြီးလေ။ နင်တို့ရည်ရွယ်ချက်က ဘာလဲ။
လူတွေ ငါ့ကိုအထင်သေးအောင်လား။ ဒါမှမဟုတ် နင့်လို အစေခံမနဲ့ငါ့ကို ယူစေချင်တာလား!"

ပြောရင်း ဒေါသမထိန်းနိုင်တော့ဘဲ ခင်ထွေးအား လက်ရွယ်မိတော့ ကိုယ့်ထက်ပိုသန်မာသည့် လက်တစ်ခုက လာရောက်ဖမ်းဆုပ်သည်။

"တော်လောက်ပြီ အကိုလေး! ပတ်ရမ်းမနေနဲ့။ နစ်နာတဲ့သူက အကိုလေးမဟုတ်ဘူး"

သွန်းအုပ်က မင်းခ၏လက်ကို ပြန်ဆွဲယူကာ အားကိုးတကြီး
ဆုပ်ကိုင်လိုက်ပြီး...

"ငါ့ကို မယုံဘူးလား။ ငါ ဘာမှမလုပ်ဘူး။ ဒီကိစ္စကြီးက ငါ့ကိုဝိုင်းပြီး လုပ်ကြံကြတာ။ မင်းခ မင်းကမှမယုံရင် ငါ့ကို ဘယ်သူယုံမှာလဲ။ ငါ... ငါက..အဲ့လောက် အသိစိတ် ခေါင်ပါးနေတဲ့သူ မဟုတ်ဘူး။"

ပြောရင်းနှင့် မျက်ရည်များဝိုင်းလာသည့် မျက်ဝန်းတို့အား ကြည့်နိုင်စွမ်းမရှိ၍ မျက်နှာလွှဲမိသည်။

တကယ်ကို မမှတ်မိတာလား။
ဖြစ်နိုင်ပါတယ်။ အရက်မူးပြီး ပြန်နိုးလာတဲ့အချိန်
မူးတုန်းကကိစ္စတွေ ဘာမှမသိတော့တဲ့လူမျိုးဆိုတော့လည်း။

"ကျွန်တော် နားလည်ပါတယ်။ အရက်မူးနေတဲ့ အချိန်ဆို တော့"

"မ...မဟုတ်ဘူး!"

စိုးရိမ်တကြီး ရှင်းပြမိသော်လည်း မင်းခက
နားထောင်လိုသည့်ဟန်မရှိ။ နာကျည်းရိပ်များသန်းနေသည့် မျက်ဝန်းတို့မှ မျက်ရည်များစီးကျနေသည်ကလွဲ အသက်ရှုသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေသည့် ခင်ထွေးရှေ့တွင် မင်းခ ဒူးထောက်ချလိုက်ရင်း...

"ကိုကြီး ညီမလေးကို တောင်းပန်ပါတယ်။
ကိုကြီး ဘယ်သူ့ကိုမှ မစောင့်ရှောက်ပေးနိုင်ခဲ့လို့ အခုလိုဖြစ်တာပါ။ ကိုကြီး တာဝန်ယူမယ်နော်။ ခင်ထွေးရဲ့တစ်ဘဝလုံးကို ကိုကြီး ပြန်ပြီးစောင့်ရှောက်ပေးမယ်။"

ခင်ထွေးက မင်းခအား မယုံနိုင်စွာကြည့်လာသည်။

"နေမင်းခ! မင်းရူးနေပြီလား! ငါလည်း သူ့ကို
ဘာမှမှားမထားဘူး။ မင်းကလည်း ဘာမှ သူရဲကောင်းဝင်လုပ်စရာမလိုဘူး။ မင်းအခုပြောနေတာတွေက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ေ-ာက်ရူးရဲ့! ရူးနေပြီလား!"

ဒေါသတကြီးနှင့် အော်ဟစ်နေသည့် သွန်းအုပ်၏
စကားများကို မင်းခက ဂရုမစိုက်။

"ဒီကိစ္စကို ဘယ်သူ့မှ မပြောနဲ့နော် ခင်ထွေးလေး။ အကိုလေးအစား ကိုကြီးကတာဝန်ယူပေးမယ်လေ။ ဘယ်သူမေးမေး ကိုကြီးမင်းခ လုပ်တာလို့ပဲ ဖြေရမယ်နော်။ ကိုကြီးပြောတာ နားထောင်နော် ညီမလေး။"

"......"

သွန်းအုပ်အတွက် မျက်နှာငယ်ငယ်ဖြင့် အနူးအညွတ် ဒူးထောက်တောင်းပန်ပေးနေသည့် မင်းခကို
ခင်ထွေး ဘာစကားမှပြန်မပြောနိုင်သေးဘဲ  အံ့သြလွန်းစွာဖြင့်ကြည့်နေမိဆဲ။

"နေမင်းခ!! မင်းငါ့စကားတွေကို သောက်ရေးမစိုက်တာလား!မင်းအခုလို လုပ်နေစရာ ဘာအကြောင်းမှမရှိတာ နားလည်ရဲ့လား မင်း!"

"တော်တော့ အကိုလေး! ကျွန်တော် လောလောဆယ်
စကားအခြေအတင်ဖြစ်ဖို့ထိ အင်အားရှိမနေဘူး"

သွန်းအုပ်က မင်းခဘေးမှာပင် ထိုင်ချလိုက်ရင်း
မင်းခ၏လက်များအား သူ့၏ အေးစက်စက်လက်များဖြင့် တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။ ထို့နောက် အသနားခံသလိုမျက်နှာငယ်လေးနှင့် လေသံပျော့ပျော့လေး သုံးကာ...

"နေမင်းခ ငါ့ကိုမယုံဘူးလား။ ငါဘာမှမလုပ်ဘူး။
မင်းလည်း ခုလို စိတ်လိုက်မာန်ပါ ဆုံးဖြတ်ဖို့မလိုဘူးလေ။ မင်းက ကျောင်းလည်း ဆက်တတ်ရဦးမှာလေ။ အခုလိုတွေ လျှောက်မပြောရဘူးလေ နော်။ ငါပြောတာကိုယုံ..ငါဘာမှ မလုပ်ထားဘူး။"

တတွတ်တွတ်နှင့် တောင်းပန်နေသူက
တကယ်ပဲ သူဘာအမှားမှမလုပ်ထားသည့်ပုံ။

မင်းခ စိတ်ပင်ပန်းလွန်း၍ သက်မတစ်ချက်အားချလိုက်ပြီး..

"အရက်တွေ မသောက်ပါနဲတော့ အကိုလေး။
စိတ်ညစ်တိုင်း အရက်သောက်ရကြေးဆိုရင် တလောကလုံး အရက်သမားတွေချည်း ဖြစ်ကုန်လိမ့်မယ်။ ကျွန်တော် နားလည်ပါတယ်။ မူးနေတဲ့အချိန် ဘာမှမမှတ်မိဘဲ လျှောက်လုပ်မိတယ်ဆိုတာ"

"မ...မဟုတ်"

"ခင်ထွေးး အကိုလေးအစား ကိုကြီးတောင်းပန်တယ်နော်။ ကိုကြီးက ခင်ထွေးကိုတစ်သက်လုံး
စိတ်ချမ်းသာအောင်ထားပြီး တာဝန်ယူမယ်လေ။ အသိစိတ်မရှိခင် မှားမိတာမလို့ အကိုလေးကိုလည်း မမုန်းနဲ့နော်။ ကိုကြီးသာ အကိုလေး အနားမှာ အချိန်ပြည့်ရှိနေပေးရင် အခုလိုတွေ ဖြစ်မှာမဟုတ်ဘူး။ ကိုကြီးက အဓိကအပြစ်ရှိတဲ့သူမလို့ ဘယ်သူမေးမေး ကိုကြီးလုပ်တာပါလို့ပဲ ပြောရမယ်နော်"

"••••"

ကိုယ့်အတွက်နှင့် မိန်းကလေးတစ်ယောက်ကို
ဒူးထောက်ပြီး တောင်းပန်ပေးနေရသည်တဲ့။
ဘာမှပင် ဆက်မပြောနိုင်လောက်အောင်
ရင်နာလာရသည်မို့ ကိုယ့်ကိုမယုံကြည်သည့်သူကို ဒီအတိုင်းပင်ကြည့်နေမိတော့သည်။

ခင်ထွေးက မင်းခအား အံ့သြတကြီးစိုက်ကြည့်နေရင်းမှ မျက်နှာလွှဲသွားပြီး...

"ကိုကြီးမင်းခက သမီးအတွက် စဉ်းစားပေးနေတာမှ မဟုတ်ပဲ။ သမီးထက် အကိုလေးသိက္ခာကျမှာကို ပိုစိုးရိမ်နေတာလေ။ ရတယ် သမီးကို ဘောလီဘောပုတ်သလို ဟိုပုတ်ထုတ်၊ဒီပုတ်ထုတ် လုပ်နေကြစရာ မလိုဘူး။ ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလို"

"ခင်ထွေး!"

"....."

"အဓိပါ္ပယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့။
နင့်အသက် ငယ်ငယ်လေးပဲ ရှိသေးတယ်။ အဲ့လို လက်လွတ်စပယ်စကားတွေ လျှောက်မပြောနဲ့!
ငါအခု တာဝန်ယူမယ်ပြောတာကိုပဲ လက်ခံလိုက်။ ဘယ်သူမေးမေး ငါမှားတာလို့ပဲဖြေ။ နင့်အတွေးထဲမှာလည်း နင့်ကိုစော်ကားခဲ့တာငါလို့ပဲတွေးပြီး အသာတကြည်နဲ့ ငါ့ကို တာဝန်ပေးလိုက်။"

ခင်ထွေးဝတ်ထားသည့် အင်္ကျီမှ ကြယ်သီးအချို့က
ပြုတ်ထွက်နေတာကြောင့် မင်းခက သူ့အပေါ်အင်္ကျီ ရှပ်လက်ရှည်လေးအား ချွတ်ပေးလိုက်ပြီး...

"ရော့! ဒါကို ဝတ်"

"......"

မင်းခက ခင်ထွေးအား ကုတင်ပေါ်မှဆင်းနိုင်စေရန်
လက်ကိုကမ်းပေးသော်လည်း ထိုလက်အား ခင်ထွေးကမယူ။ ကိုယ်တိုင် အားယူ၍ ကုတင်ပေါ်မှဆင်းကာ မတ်တပ်ရပ်လိုက်စဉ် အရွယ်နှင့်မမျှစွာ အကြမ်းပတမ်းဆက်ဆံခံထားရသည့် ခန္ဓာကိုယ်က
ချိနဲ့စွာဖြင့် ခြေထောက်မခိုင်ဘဲ ပြန်လဲချင်သလိုဖြစ်သည်။ မျက်ရည်များ ဆက်မကျမိစေရန် အံကိုတင်းတင်း ကြိတ်ထားလိုက်သည်။

ဆယ်ငါးနှစ်!
အသက်ဆယ့်ငါးနှစ်မှာ ဒီလောက်ပြင်းတဲ့ရိုက်ချက်ကြောင့်နဲ့ သူမရဲ့ဘဝကပြိုလဲရတော့မှာတဲ့လား။

နှလုံးကြေကွဲကာ စိတ်ဓာတ်ကျနေလို့လည်း သူမက အပျိုစင်ပြန်ဖြစ်လာတော့မည်မဟုတ်ပဲလေ။

နောက်ပြီး ကိုယ့်အပြစ်ကိုယ် ဝန်မခံရဲသည့်သူနှင့် အပြစ်ရှိသူအား ကာကွယ်ပေးချင်နေသည့်သူ။
ထိုလူနှစ်ယောက်စလုံးအား စိတ်နာသည်။
ကိုယ့်အတွက်တွေးပေး၍ ပြောသည့်စကား
တစ်ခွန်းမှမကြားရ။ တစ်ယောက်နှင့်တစ်ယောက် ချစ်လွန်း၍ဖြစ်နေသည့် ပဋိပက္ခထဲတွင် ကိုယ်ကဘေးကနေ ထိုင်ကြည့်နေရသည့် အနစ်နာဆုံး အရံလူသက်သက်သာ။

ခင်ထွေးကလေ
သူများကို နောက်ကျောကနေ
ဓားနဲ့ထိုးတဲ့လုပ်ရပ်မျိုး
ဘယ်တော့မှမလုပ်ဘူး။
ဒါပေမယ့် ငါ့ကိုသတ်ပါဆိုပြီး ဓားကမ်းလာရင်တော့
မျက်နှာကို တည့်တည့်ကြည့်ပြီး
အဲ့လူရဲ့ ရင်ဝကိုဓားနဲ့ထိုးပစ်ဖို့လည်း
အားမနာတတ်ဘူး။
ခင်ထွေး အလွန်လို့မသတ်မှတ်ပါနဲ့။
ရှိသမျှစည်းစိမ် အကုန်ပုံပေးရင်တောင်
ပြန်မရနိုင်တဲ့ အပျိုစင်ဘဝကို
ဖျက်ဆီးခံခဲ့ရတာမလို့
အကိုလေးချစ်တဲ့သူကို
လျော်ကြေးအဖြစ် လက်ခံတာ
တရားပါတယ်။

------------------

ခွပ်!

ခွပ်!

ဦးသက်လွင်၏ အရှိန်ပြင်းပြင်း လက်သီးချက်များက မင်းခ၏ မျက်နှာပေါ်သို့ တစ်ချက်ပြီးတစ်ချက်။

"နေမင်းခ မင်းကိုငါ ဆုံးမထားတာတွေက မင်းခေါင်းထဲကို မရောက်တာလား ဟမ်! ကိုယ့်ဆန္ဒကိုယ် မထိန်းချုပ်နိုင်ဘဲ မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
ဖျက်ဆီးပစ်ရလောက်အောင်အထိ မင်းတဏှာစိတ်တွေက ငယ်ထိပ်ကိုရောက်နေပြီလား! ပြောလေ မင်းခ! ငါ့ကို"

"....."

ဘာဖြေရှင်းချက်မှမပေးဘဲ ခေါင်းငုံ့၍ငြိမ်ခံနေသည့်
မင်းခကိုကြည့်ရင်း ဦးသက်လွင်အလွန်အရှက်ရမိသည်။
မမလေးနှင့်ခင်ထွေး၏အဖွားဖြစ်သူတို့ကို မျက်နှာတောင်မကြည့်ရဲတော့။

ထုံပေပေနှင့် ခေါင်းငိုက်စိုက်ချထားပုံက သေအောင်သတ်လျှင်တောင် ငြိမ်ခံနေမည့်ပုံ။
သွန်းအုပ်လက်သီးနှင့်ထိုးသမျှ ငြိမ်ခံနေကျဖြစ်နေ၍ အသားမနာတတ်တော့တာပဲလား။ လူတကာက လိမ္မာသည်ဟု ချီးကျူးခဲ့တာတွေကို ဒီလိုလုပ်ရပ်မျိုးဖြင့် ဖျက်ဆီးပစ်လိုက်သည်။

စိတ်ရှိလက်ရှိလုပ်လျှင်လည်း သေရုံသာရှိမည်မို့
မင်းခအား နံရံဘက်သို့ဆောင့်တွန်းလိုက်ရင်း...

"ကိုယ့်အမှားကိုယ် တာဝန်ယူမယ်ပြောလို့ မင်းသက်သာတယ်မှတ်! အေး ခင်ထွေးတို့က မကျေနပ်လို့ ရဲတိုင်ရင်လည်း မင်း ထောင်ထဲကိုသာဝင်လိုက်! ငါကတော့ ဘာမှလိုက်လုပ်ပေးမယ်မထင်နဲ့!"

"......"

"ထွီ! လောကကြီးမှာ မင်းလိုကောင်မျိုးတွေကို ငါအရွံဆုံးပဲ"

"....."

ဒေါ်သီရိတို့ကတော့ မျက်စိမျက်နှာပျက်နေကြသည်။
အိမ်ကအလုပ်သမားများ၏ ကလေးချင်းဖြစ်သည့်ပြဿနာမို့ ဘယ်သူ့ဘက်ကမှ ဝင်မပြောချင်သော်ငြား
စီစဉ်ပေးစရာရှိလျှင် စီစဉ်ပေးဖို့ ဝတ္တရားကရှိသေး၏။ မင်းခကိုတော့ အခုလိုမျိုး လုပ်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မိခဲ့။ အလွန်ပင် အံ့သြရသည်။ လူဆိုတာမျိုးကလည်း အပြင်ပန်းကြည့်ရုံနဲ့ ခန့်မှန်းရခက်သား။

ခင်ထွေး၏အဘွားဒေါ်လှငွေက နဂိုကတည်းက
စိတ်ပျော့သည့်သူမို့ တရှုံရှုံသာ ငိုနေတော့သည်။ ခင်ထွေးကတော့ ဖြစ်နေသမျှကို သူမနှင့်မဆိုင်သလို တစ်ဖက်သို့မျက်နှာလွှဲရင်း မျက်ရည်တစ်စက်မှမကျ၊ စကားတစ်ခွန်းမှမဆိုဘဲ ငြိမ်၍သာထိုင်နေလေသည်။

မလှုပ်မယှက် မင်းခကိုကြည့်ရင်း ဦးသက်လွင် အသည်းယား
လာပြန်သည်။ စိတ်မထိန်းနိုင်စွာ ထပ်ပြီးထိုးကြိတ်ရန် ဟန်ပြင်တော့...

မင်းခမျက်လုံးများအား စုံမှိတ်ထားလိုက်သည်။

တောင်းပန်ပါတယ် လေးသက်။
သားက မဆိုးခဲ့ပေမယ့် လိမ္မာတဲ့သူလည်း မဟုတ်ခဲ့လို့။

အားနှင့်မာန်နှင့်ဝင်လာမည့် လက်သီးချက်အတွက် စိတ်လျှော့ချကာ မျက်လုံးများမှိတ်ထားသော်လည်း
အချိန်တစ်ခုကြာသည်အထိ ကိုယ့်အသား မနာသေးသောကြောင့် မျက်လုံးဖွင့်ကြည့်မိသည်။

အံကြိတ်ကာ လေးသက်၏လက်အား ဖမ်းချုပ်ထားသည့် သူ...။

"သွန်းလေး! မင်းနဲ့မဆိုင်တဲ့ ကိစ္စမှာ ဝင်မပါစမ်းနဲ့"

ဒေါ်သီရိ၏စကားအား မကြားသလို လျစ်လျူရှုကာဖြင့် ဦးသက်လွင်ကိုသာ စူးရဲစွာစိုက်ကြည့်ရင်း
အင်္ကျီကော်လံကိုဆွဲဆောင့်ပြီး ထိုးမည်အပြု...

"ကျွန်တော့်ဦးလေးတစ်ယောက်လုံးကို ကျွန်တော့်ရှေ့မှာ ထိုးကြိတ်ဖို့လုပ်နေတာ ကျွန်တော့်ကို လူလို့ကို
မသတ်မှတ်တော့တာကြောင့်လား အကိုလေး"

အေးတိအေးစက်နှင့် ပြောလာသည့်စကားကြောင့်
သွန်းအုပ် မင်းခအား လှည့်ကြည့်လိုက်သည်။ ကိုယ့်မျက်နှာကို တည့်တည့်ကြည့်ရင်း အေးစက်စက်စကားများကို ဆိုလာသူက သူစိမ်းတစ်ယောက်လို။ ငြိုငြင်ခံရမှာစိုးသည့်အတွေးက ခေါင်းထဲသို့ဝင်လာတာကြောင့် စိတ်လျှော့ကာ ဦးသက်လွင်ကို လွှတ်လိုက်သည်။

"မင်းကို အနိုင်ကျင့်နေတာ မကြည့်ရက်.."

"လေးသက်က ကျွန်တော့်အမှားရှိလို့ ဆုံးမနေတာပါ။ အကိုလေးကမဆိုင်ဘဲ ဘာလို့ ကြားဝင်ရှုပ်နေတာလဲ။"

"မဆိုင်လို့ရမလား။ အခုက"

"ခင်ထွေးလက်ခံမယ်ဆိုရင် ကျွန်တော်ဒီနေ့ပဲ တရားရုံးမှာ လက်ထပ်ချင်ပါတယ်"

မင်းခက သွန်းအုပ်ပြောမည့်စကားကို ဆုံးအောင်ပြောခွင့်မပြုဘဲ ကြားဖြတ်ကာ လူကြီးများဘက်လှည့်၍ပြောလိုက်သည်။ ဘယ်သူမှ ဘာမှမတုံ့ပြန်နိုင်သေးခင်မှာပင် ခင်ထွေးကပါ...

"သမီး လက်ခံတယ်!"

************tbc

29.5.22

Continue Reading

You'll Also Like

4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
60.3K 2.4K 33
ရှိုင်းစက်နေ "ငါ့မှာစည်းစိမ်တွေ ပိုင်ဆိုင်မှုတွေဘာတစ်ခုမှမရှိတော့ရင်ရော မင်းငါ့ကိုလက်ထပ်မှာလား" လင်းညို့ "ရှိုင်းစက် မင်းဘာစကားပြောတာလဲ ငါကမင်းကိုလေ ...
80.3K 6.1K 29
အတိတ်ဘဝကိုမှတ်မိနေစရာမလိုပါဘူးကွာ အဓိက က ကိုယ်တို့၂ယောက် ရင်ခုန်သံတွေ အမြဲတမ်း ဘယ်ဘဝရောက်ရောက် တူညီစြာ ရင်ခုန်နေဖိို့သာ~~~ KrisYeol{Yaoi}
1.4K 102 13
Zawgyi ေက်းဇူးျပဳ၍ ထပ္ဆံုးအပိုင္းက 'ဖတ္ျဖစ္ေအာင္ဖတ္ေပးပါ'ဆိုတဲ့ စာကို ဖတ္ေပးပါရွင္...❤️ Startdate_6.11.2021 __________________________________ Unicod...