အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၁၉
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၂၂

1.6K 147 5
By Chamomile_2

[Zawgyi]

သန္းေခါင္ေက်ာ္ ညဥ့္နက္သည္အထိ မင္းခအိပ္ရာထဲသို႔
မဝင္ျဖစ္ေသး။ ဒီေန႔တစ္ေန႔လံုး ၾကားခဲ့ရသမ်ွ စကားလံုးတိုင္းက စိတ္ခ်မ္းသာစရာတစ္ခုမွမ႐ွိေသာေၾကာင့္ စိတ္ပင္ပန္းလြန္း၍ အိပ္လို႔လည္းမေပ်ာ္ေတာ့။

သြန္းအုပ္အား ကုတင္ေပၚတင္လိုက္၊
ဆိုဖာေပၚျပန္ခ်ေပးလိုက္ႏွင့္ အခ်ီအခ်လုပ္ထားရတာေၾကာင့္ ခါးလည္းနာေနသည္။ ေလ်ွာ္လိုက္ဖြပ္လိုက္၊ သန္႔႐ွင္းေရးလုပ္လိုက္ႏွင့္ အလုပ္ရွွွႈပ္ေန၍ ဘာမွမစားရေသးေသာေၾကာင့္ ဗိုက္ကလည္းဆာေန၏။ သို႔ေသာ္လည္း စိတ္မပါ၍ ဘာမွထမလုပ္ဘဲ ဒီတိုင္းသာထိုင္ေနမိသည္။

"မင္းခ..မအိပ္ေသးဘူးလား။ ေနာက္က်ေနၿပီေလ"

ျခင္ေထာင္ထဲမွ ဦးသက္လြင္က တစ္ေရးႏိုးလာသည္ထင္။ ငူငူငိုင္ငိုင္ျဖင့္ ထိုင္ေနသည့္မင္းခအား လွမ္း၍သတိေပးသည္။

"အိပ္ေတာ့မွာ ေလးသက္"

"ေအးေအးး အိပ္ဖို႔လုပ္။ အခ်ိန္မ႐ွိေတာ့ဘူး။"

"ဟုတ္"

မီးပိတ္ၿပီး ျခင္ေထာင္ထဲဝင္ အိပ္ေပ်ာ္ရန္ႀကိဳးစားေသာ္လည္း မရ။

ကိုေက်ာ္စြာေျပာျပသည့္ ပံုရိပ္၏အေၾကာင္း။
သြန္းအုပ္ျပင္ဆင္ထားသည့္ အိမ္အျပန္ဆီးႀကိဳမႈျမင္ကြင္း။
ဘာမွန္းမသိသည့္ ေဒၚသီရိႏွင့္သြန္းအုပ္တို႔၏ ျပႆနာ။
သြန္းအုပ္ အမူးမေျပတေျပအခ်ိန္၌ ေျပာလိုက္သည့္ စကားမ်ား။

အားလံုးကို တစ္ခုခ်င္းျပန္စဥ္းစားေနမိသည့္
ကိုယ့္ဦးေႏွာက္ကိုသာ ေဖာက္ထုတ္ပစ္ခ်င္ေတာ့သည္။ စိတ္႐ႈပ္ေထြးစရာမ်ားအား မေတြးခ်င္ေတာ့သည့္အဆံုး ျခင္ေထာင္ျပင္ျပန္ထြက္ကာ အိပ္ေဆးယူေသာက္လိုက္သည္။ ထို႔ေနာက္ မ်က္လံုးကို ဇြတ္အတင္းမွိတ္၍ အျမန္ဆံုးအိပ္ေပ်ာ္ေစရန္သာ ႀကိဳးစားလိုက္ေတာ့သည္။

-

-

ေန႔ခင္းက ဝယ္ထားသည့္ဘီယာဗူးႏွင့္တကြ က်န္သည့္ပစၥည္းမ်ားကိုပါ မင္းခကျပန္ေပးမသြား။
ထို႔ေၾကာင့္ ညႀကီးမိုးခ်ဳပ္မွ ကိုေအးထြန္းအား ေနာက္တစ္ႀကိမ္အဝယ္လႊတ္လိုက္ရသည္။

မင္းခမႀကိဳက္မွန္းသိေသာ္လည္း စိတ္႐ႈပ္လြန္းေနသည္မို႔ နည္းနည္းျဖစ္ျဖစ္ေမ့သြားႏိုင္ေအာင္ ေလာေလာဆယ္ မူးေနမွျဖစ္မည္။ ခုရက္ပိုင္းအတြင္း မိုးသားဆိုသည့္ေကာင္က ေႏွာင့္ယွက္လိုက္၊ ဦးသက္လြင္က အလုပ္ထြက္ရန္
ေျပာလိုက္ႏွင့္ စိတ္ညစ္ေနရသည့္ၾကားထဲ မနက္ကမွသိလိုက္ရသည့္ မိုးသားက သူ႔ညီဟူေသာ ​ေမလြန္း၏စကားေၾကာင့္ သူ႐ူးသြားနိုင္၏။

နာမည္မ်ားကိုပင္ မၾကားခ်င္ေလာက္ေအာင္မုန္းသည့္ မိသားစုမွေကာင္က ဘာရည္ရြယ္ခ်က္ႏွင့္
သူ႔အားစိတ္ေျခာက္ုျခားလာေစရန္ လုပ္ေနခဲ့လဲဆိုတာကို ျပန္စဥ္းစားၾကည့္ေသာ္လည္း အေျဖမထြက္။ ထို႔အျပင္ မင္းခႏွင့္ပတ္သက္သည့္ သူ႔ခံစားခ်က္ကိုသိေနေသးသည္။ ဘာလိုခ်င္ေနတာလဲ။ ဒါမွ မဟုတ္ ဘာျဖစ္ခ်င္ေနတာလဲ။

မင္းခကို ေျပာတာေတြေရာ လြန္သြားၿပီလားလို႔
စဥ္းစားမိေသာ္လည္း သိပ္ၿပီး ဂ႐ုမစိုက္ႏိုင္ေတာ့။
ကိုယ့္အခ်ိဳး ကိုယ္ မေျပမွန္းသိ၍ ျပင္မည္ဟု အႀကိမ္ႀကိမ္ေတြးမိေသာ္လည္း စိတ္တိုေနသည့္အခ်ိန္၊ စိ္တ္႐ႈပ္ေထြးေနသည့္အခ်ိန္မ်ိဳးတြင္ ဘာကိုမွ သတိမထားမိေတာ့ေပ။

ေျပာခ်င္တိုင္းေျပာဆိုခဲ့ၿပီးမွ စိတ္နာသြားၿပီလားဟူသည့္ အေတြးက ပံုစံတစ္မ်ိဳးျဖင့္ေျခာက္လွန္႔ျပန္သည္။ စိတ္ဆိုးသြားရံုတင္ဆိုလ်ွင္ ကိစၥမ႐ွိ။ စိတ္နာသြားလ်ွင္ေတာ့ ဦးေလးျဖစ္သူေခၚရာေနာက္ ေကာက္ေကာက္ပါေအာင္ လိုက္သြားၿပီး သူ႔အားထားခဲ့ေတာ့မည္မွာ အေသအခ်ာ။

ဟူးးးး
သက္ျပင္းတစ္ခ်က္အား မႈတ္ထုတ္လိုက္ၿပီး
ဝီစကီတစ္က်ိဳက္ကို ေမာ့ေသာက္လိုက္သည္။ေရမေရာထားသည့္ ခါးသက္သက္ ဝီစကီအရည္တို႔က လည္ေခ်ာင္းထဲအေရာက္ ပူူခနဲျဖစ္သြား၍ ျပန္ေထြးထုတ္မိေသး၏။ သို႔ေသာ္ မူးေနမွျဖစ္မည္ဟူသည့္ အေတြးေၾကာင့္ ေရခဲအနည္းငယ္ထည့္ၿပီး ေသာက္ၾကည့္လိုက္သည္။

ဝီစကီတစ္ခြက္အား အတင္းႀကိတ္မွိတ္ကာ
ၿမိဳခ်ၿပီးသည့္ေနာက္ လည္ေခ်ာင္းထဲ၌ ခုနကအတိုင္း ပူခနဲျဖစ္သြားသည္။ ထို႔ေနာက္ တစ္ကိုယ္လံုးပူေႏြးလာၿပီး ဘာကိုမွ မေၾကာက္ေတာ့သလို ရဲတင္းသည့္စိတ္တို႔ ဝင္လာ၏။

တစ္ခြက္ၿပီးတစ္ခြက္ငွဲ႔ကာ တစ္က်ိဳက္ၿပီးတစ္က်ိဳက္ ေသာက္ရင္း...

အဟက္!
ဘယ္သူမွ အနားမွာ မ႐ွိေတာ့လည္း ဘာအေရးလဲ။
ေကာင္းတယ္၊ ေကာင္းတယ္၊
ေမလြန္းလည္း ထြက္သြား...
ေနမင္းခလည္း ထြက္သြား...
ငါတစ္ေယာက္ထဲ ေနက်န္ခဲ့မယ္။

ဟားးဟားးဟားးးးး

သန္းေခါင္ေက်ာ္ ႏွစ္နာရီအခ်ိန္တြင္ အရက္မူးေနသူတစ္ဦး၏ ခပ္က်ယ္က်ယ္ရယ္ေမာသံ၌ စိုးရိမ္ထိတ္လန္႔မႈမ်ား
ပါဝင္ေနခဲ့သေယာင္။

-----------------

စာၾကည့္စားပြဲတြင္အတူထိုင္၍ chemistryတြက္စာမ်ားကို ႐ွင္းျပေနေသာ္လည္း မင္းခ၏မ်က္ႏွာႏွင့္အမူအရာမ်ား အားလံုးက ပံုမွန္လို ရႊင္လန္းတက္ႂကြမေန။ ပံုရိပ္က မင္းခအား အခ်ိန္ျပည့္ အရိပ္တၾကည့္ၾကည့္ ​ေနတတ္သည္႔သူမို႔ မင္းခမ်က္ႏွာမေကာင္းသည့္ ရက္အတိအက်ကိုပင္ မွတ္မိေနသည္။

ေျခာက္ရက္။
ဒီေန႔နဲ႔ဆိုရင္ ကိုခ စိတ္ညစ္ေနတာ ေျခာက္ရက္႐ွိေနၿပီ။

"ကိုခ မ်က္ႏွာမေကာင္းတာ ၾကာၿပီေနာ္။ စိတ္ညစ္စရာေတြ ႐ွိေနတယ္မလား။ ကြၽန္ေတာ့္ကို ေျပာျပေလ။"

မေနႏိုင္ေတာ့၍ စာ႐ွင္းျပၿပီးသည့္ အခ်ိန္ကိုပင္
မေစာင့္ေတာ့ဘဲ ၾကားျဖတ္၍ေမးလိုက္သည္။

မင္းခက သက္ျပင္းတစ္ခ်က္ခ်ကာ ပံုရိပ္ေဖ်ာ္ေပးထားသည့္ ​ေကာ္ဖီခြက္အား ယူေသာက္လိုက္ရင္း...

"ဒီလိုပါပဲ။ ျပႆနာႀကီးႀကီးမားမားေတာ့လည္း
မဟုတ္ပါဘူး။"

"ကိုခမွာ ျပႆနာတစ္ခုခု႐ွိေနရင္ ကြၽန္ေတာ့္ကိုေျပာျပေနာ္။
တစ္ေယာက္တည္း စိတ္ညစ္မခံနဲ႔။ ကြၽန္ေတာ္ တတ္ႏိုင္တာ ကူညီေပးမယ္ေလ။"

မင္းခမွာ ထိုအေျပာႏွင့္ပင္ ေက်နပ္ရသည္။
စိတ္ညစ္ေနရသည့္ အေၾကာင္းတရားေတြထဲက
တစ္ခုက သူ႔ေၾကာင့္ဆိုတာကိုေတာ့ မေျပာျဖစ္ေတာ့။

"အရိပ္က ကိုယ့္ကိုသာ စိတ္ညစ္စရာရွိရင္ ​ေျပာျပဖို႔လာေျပာ ေနတာ။ အရိပ္ကေရာ ဘာလို႔ ကိုယ့္ကို တစ္ခါမွ ရင္မဖြင့္ တာလဲ"

"ဟင္?"

မင္းခ၏စကားေၾကာင့္ ပံုရိပ္အနည္းငယ္
ေၾကာင္အမ္းသြားရသည္။

ရင္မဖြင့္တာ??
သူ ဘာေၾကာင့္ ရင္မဖြင့္ျဖစ္တာလဲ။
တစ္စံုတစ္ေယာက္ေ႐ွ႕ ရင္ဖြင့္ဖို႔၊မဖြင့္ဖို႔ကိုေတာင္ သူတစ္ခါမွမေတြးဖူးမိ။

အခုမွ စဥ္းစားၾကည့္မိေတာ့ သူက ကိုယ့္စိတ္ခံစားခ်က္ေတြကို တမင္လ်ိဳ႕ဝွက္ထားျခင္းမ်ိဳးမဟုတ္ဘဲ နားေထာင္ေပးမည့္ တစ္ဖက္လူကို အားနာ၍ ရင္မဖြင့္ျဖစ္ျခင္းရယ္သာ။

ဝမ္းနည္းစရာ၊ ရင္နာစရာမ်ား မ်ားလြန္း၍လားမသိ။ အထူးတလည္ ပိုဝမ္းနည္းရသည့္ေန႔နွင္႔ အျဖစ္အပ်က္ရယ္လို႔ သူ႔မွာမ႐ွိတာ ၾကာခဲ့ၿပီ။ ထို႔ေၾကာင့္လည္း ဘယ္သူ႔ဆီမွာမွ ထူးထူးဆန္းဆန္းႀကီး ရင္ဖြင့္ေနစရာမလိုခဲ့။

သို႔ေသာ္ အခုရက္မ်ားမွာေတာ့ ေပ်ာ္တာႏွင့္ဝမ္းနည္းတာကို လူတစ္ေယာက္ကို ဗဟိုျပဳ၍ သတ္မွတ္ျဖစ္သည္။
ကိုခႏွင့္ေတြ႔ေနရလ်ွင္ေပ်ာ္ၿပီး သူ႔အနားတြင္ ကိုခမ႐ွိခ်ိန္မ်ားမွာေတာ့ သူ႔ရင္ထဲမွာေရာ၊ ဦးေႏွာက္ထဲမွာပါ ဟာလာဟင္းလင္းျဖစ္ေနတတ္သည္။ ဘာေတြစဥ္းစား၍ ဘာေတြကိုလုပ္ေနမိသည္ဆိုတာကိုပင္မသိ။

"အရိပ္ ေျဖဦးေလ။ အရိပ္ကက် ဘာလို႔ရင္မဖြင့္တာလဲ တစ္ေယာက္တည္းခံစားေနမယ့္အစား
တျခားကိုယ္ယံုၾကည္ရတဲ့ လူတစ္ေယာက္ကို
ရင္ဖြင့္လိုက္ရင္ နည္းနည္းျဖစ္ျဖစ္ စိတ္ေပါ့သြားမယ္လို႔ အရိပ္လည္းယံုတယ္မလား"

"......"

"ေနာက္ဆို ဘာျပႆနာပဲ႐ွိ႐ွိ ကိုယ့္ကုိေျပာျပရမယ္ေနာ္"

"ဟို..ကြၽန္..ကြၽန္ေတာ့္မွာ ဘာစိတ္ညစ္စရာမွ မ႐ွိပါဘူး။ ကြၽန္ေတာ္က အဆင္ေျပပါတယ္။"

မင္းခ ျပံဳးလိုက္မိသည္။ သို႔ေသာ္ ေပ်ာ္၍ျပံဳးသည့္ ပီတိျပံဳးမ်ိဳး မဟုတ္။ ရင္ဖြင့္ဖို႔ရန္ပင္မလြယ္သည့္
ကိစၥမ်ားကို ၾကံဳေတြ႔ခဲ့ရသည့္ ထိုေကာင္ေလးအား ဘယ္လိုအားေပးႏွစ္သိမ့္ရမည္ကိုလည္း မစဥ္းစားတတ္ေတာ့၍ မခ်ိျပံဳး,ျပံဳးလိုက္ျခင္းသာ။

နာက်င္ေအာင္လုပ္မယ့္သူလည္း
အရိပ္အနားမ႐ွိေတာ့တာမို႔
တကယ္အဆင္ေျပေနတယ္လို႔ပဲ ကိုယ္ယံုခ်င္ပါတယ္....

-

-

ပံုရိပ္ကိုစာျပၿပီး အိမ္ျပန္ေရာက္ခ်ိန္က
ပံုမွန္ထက္ေစာေနေသးသည္။ သို႔ေသာ္ အိမ္ကိုေစာ၍ပဲျပန္လာလာ၊ ေနာက္က်၍ပဲျပန္လာလာ ခင္ေထြးကေတာ့ 'အကိုေလး မူးေနတယ္' ဆိုသည့္ စကားႏွင့္သာ ဆီးႀကိဳ၏။

အမူးေျပေနသည့္အခ်ိန္ႏွင့္ မမူးတမူးအခ်ိန္မ်ားတြင္
ကိုကိုက သူ႔အား အနားသို႔ပင္ လံုးဝအကပ္မခံ။
ထို႔ေၾကာင့္ လံုးဝမူးသြားၿပီး အိပ္ေပ်ာ္သြားၿပီဆိုသည့္ အခ်ိန္က်မွ အခန္းထဲဝင္၊ သန္႔႐ွင္းေရးလုပ္၊ အဝတ္လဲ၊ထမင္းစားရန္အဆင္သင့္သြားပို႔ေပး စသည့္အလုပ္မ်ားကို လုပ္ေပးရသည္။

တာဝန္အရမဟုတ္ဘဲ ေစတနာဗရပြနဲ႔ လုပ္ေပးေနသည္ကို ထိုအရက္သမားက သိပံုမရ။ စိတ္ညစ္တာအေၾကာင္းျပ၍ မိုးလင္းကမိုးခ်ဳပ္ အရက္ခြက္ထဲေခါင္းစိုက္ေနသည့္
ထိုလူက သူအိပ္ရာကႏိုး၍ သူ႔အခန္းကို သန္႔႐ွင္းေရးလာလုပ္ေပးေနသည့္ ကိုယ့္ကိုျမင္ေတာ့ 'အေစခံေကာင္း ပီသသည္'ဟူ၍ပင္ ရင့္သီးသည့္ စကားလံုးမ်ိဳးကိုသံုး၍ စိတ္ထဲကပါပံုမရဘဲ ခ်ီးက်ဴးလိုက္ေသးသည္။

စိတ္ပ်က္လြန္း၍ ဘာစကားမွ ျပန္မေျပာျဖစ္။  လ်စ္လ်ဴမ႐ႈရက္၍သာ လာလုပ္ေပးေနမိေသာ္လည္း ကိုယ္ကဂ႐ုစိုက္ေန၍ ပိုဆိုးလို႔ရေနသည္ဟူ၍ပင္ တစ္ခါတစ္ရံ ေတြးမိလာသည္။ ဟုတ္သည္။ အေဒၚျဖစ္သူကိုယ္တိုင္ကလည္း စိတ္ႏွင့္လူ ကပ္ပံုမရ။ ထို႔ေၾကာင့္ တူျဖစ္သူ ​ေသာက္စားမူးယစ္ေနသည္ကိုပင္ တစ္ခြန္းမွဟန္႔တားမည္မ႐ွိ။ ေလးသက္အပါအဝင္
အိမ္မွာအလုပ္လုပ္ေနသည့္သူ အကုန္လံုးကလည္း
ေၾကာက္တာေရာ၊ ေစတနာမပါတာေရာေပါင္း၍ ထမင္းပံုမွန္စား၊မစားကိုပင္ သတိမထားမိသလို အေရးလည္းမစိုက္။

ကိုယ္တစ္ေယာက္တည္းကသာ ဂ႐ုစိုက္ေပးေန၍
အသက္႐ွည္ကာ ဆိုးခ်င္တိုင္းဆိုး၍ ရေနျခင္းပင္။သူသာဂ႐ုတစိုက္ႏွင့္ ျပဳစုမေနလ်ွင္ အရက္ေသာက္ေလ့ေသာက္ထမ႐ွိသည့္သူက တစ္ပတ္လံုးလံုး မိုးလင္းကမိုးခ်ဳပ္ေသာက္စားေနပံုႏွင့္ အခုခ်ိန္ ေဆးရံုကအခန္းတစ္ခုထဲ ေရာက္ေနမည္မွာမလြဲ။

ငမူးကလည္းပါးနပ္သည္။ ေက်းဇူးတင္စကားတစ္ခြန္းမွမဆို၊ ေျပာသမ်ွစကား နားမေထာင္ေသာ္လည္း ပို႔သမ်ွထမင္းေတာ့ အကုန္စားသည္။ ကိုယ္တိုင္က် အခန္းထဲကအခန္းျပင္ မထြက္ဘဲ သူလာပို႔မည္မွန္းသိ၍ တမင္ေစာင့္ေနသည္ပင္ ထင္ရ၏။

တစ္ေန႔ တစ္ေန႔ အရက္ေသာက္သည္။ မူးသည္။ အိပ္သည္။ guideျပရမည့္အိမ္သို႔မသြားခင္ အခန္းထဲသို႔ မင္းခ လာပို႔ခဲ့သည့္ ထမင္းအား ထစားသည္။ အရက္
ျပန္ေသာက္သည္။ ​ေဆးလိပ္လည္း ပါေသးသည္။
မူးသည္။ ေတြ႔သမ်ွ ပစၥည္းမ်ားအားဖ်က္လိုဖ်က္ဆီးလုပ္ၿပီး ေမာသြားလ်ွင္ ျပန္အိပ္သည္။

ညေနေစာင္း မင္းချပန္လာခ်ိန္တြင္ မ်ားေသာအားျဖင့္ အိပ္ေပ်ာ္ေနတတ္သည္။ တစ္ခါတေလ အိပ္ေပ်ာ္ေနသည့္ အခ်ိန္မ်ားတြင္ ေတြ႔ရတတ္ေသာ ေၾကာက္ရြံ႔ေနပံုရသည့္ မ်က္ႏွာေလးႏွင့္ အားငယ္ေနသည့္အသံေလးကို ၾကားရ၊ျမင္ရခ်ိန္မ်ားတြင္ေတာ့ ဆိုးလြန္းေနသည့္သူအား
မျငိဳျငင္ရက္စြာျဖင့္ မင္းခမွာ အသနားပိုရျပန္သည္။

ေဒါက္! ေဒါက္!

ျပန္ထူးမွာမဟုတ္မွန္းသိေသာ္လည္း အခန္းထဲသို႔မဝင္မီ အခန္းတံခါးအား ေခါက္လိုက္သည္။ ေလာခ့္ခ်ေလ့မ႐ွိေသာ တံခါးအား အလြယ္တကူတြန္းဖြင့္လိုက္ေတာ့
ၾကမ္းျပင္ေပၚတြင္ ကို႔႐ို႔ကားယား အိပ္ေပ်ာ္ေနျပန္သည့္သူအား ေတြ႔ရျပန္၏။

ကုတင္ေပၚသ႔ုိ ခ်ီေပြ႔ပို႔လိုက္ၿပီး လုပ္စရာရွိသည္မ်ားကို
အစဥ္လိုက္ ဆက္တိုက္လုပ္လိုက္သည္။ အရက္သမားကို ျပဳစုေနရသည္မွာ တစ္ပတ္ပင္႐ွိၿပီမို႔ ေရပတ္တိုက္၊ အဝတ္အစားလဲ၊ အိပ္ရာႏွင့္ အခန္းတစ္ခုလံုး သန္႔႐ွင္းေရးလုပ္ဟူသည့္ ကိစၥမ်ားက မင္းခအတြက္
ထမင္းစား၊ေရေသာက္လိုေတာင္ျဖစ္ေနၿပီ။

အခန္းထဲကအလုပ္မ်ားၿပီးေတာ့ ထမင္း၊ဟင္းခူးရန္
ေအာက္သို႔ျပန္ဆင္းလာလိုက္သည္။ ခ်က္ထားသည့္ ဟင္းမ်ားကို ရွာၾကည့္လိုက္ေတာ့ ငါးဟင္းႏွင့္ အရြက္ေၾကာ္တစ္မ်ိဳးတည္းသာ က်န္ေတာ့၏။
မနက္ကျမင္ခဲ့သည့္ ဘုန္းႀကီးပြဲတည္လို႔ရ​ေလာက္ေသာ ဟင္းအမယ္စံုမ်ားကမ႐ွိေတာ့ေပ။ ထားေတာ့။ အိမ္သို႔ ဧည့္သည္လာသြားျခင္း ျဖစ္ပါလိမ့္မည္။

ငါးအ႐ိုးႏႊင္မစားတတ္သူအတြက္ အ႐ိုးစူးမွာစိုး၍
ငါးအ႐ိုးေသးေသးေလးမ်ားအား တစ္ေခ်ာင္းမွ ဖက်န္ေစရေအာင္ႏႊင္ေပးရင္း ေတြးမိသည္က...

အရင္က ကိုကို႔ကို တစ္အိမ္လံုးက
ဖူးဖူးမႈတ္အလိုလိုက္တာ ခံထားရတဲ့
သူေဌးေလးလို႔ ထင္ေနခဲ့တာ။
အခုေနာက္ပိုင္း ကြၽန္ေတာ္သံသယတစ္ခုဝင္လာတယ္၊
ကြၽန္ေတာ့္ကိုကိုက အလိုလိုက္ခံထားရတာမဟုတ္ဘဲ
ဥေပကၡာ အျပဳခံထားရတာမ်ားလားလို႔ေလ။

----------------------

မနက္သံုးနာရီ....

အိပ္လို႔ေကာင္းေနသည့္အခ်ိန္က်မွ ဗိုက္ကနာလာ၍
အိမ္သာတက္ရန္ အိမ္သာသို႔ ခင္ေထြးတစ္ေယာက္တည္း ထြက္လာခဲ့သည္။ အိမ္သားမ်ားအားလံုး အိပ္ေပ်ာ္ေနၾကမည့္အခ်ိန္မို႔ ကိုယ့္ေၾကာင့္ အေႏွာင့္အယွက္ျဖစ္မွာစိုးသည့္ အသိစိတ္ကေလးေၾကာင့္ အသံမထြက္ေစရန္ ေျခလွမ္းအား ခပ္ဖြဖြလွမ္းကာ အိမ္သာဘက္သို႔ သြားလိုက္သည္။

အေမ့!!!!

အေနာက္ဘက္မွ ႐ုတ္တရက္ အတင္းအၾကပ္
ဆြဲဖက္လာသည့္ လက္တစ္စံု။ လန္႔သြားသည္မို႔ ေယာင္ရမ္းကာ အာေမဋိတ္သံျပဳမိေတာ့ အသံမထြက္ႏိုင္ေအာင္ ပါးစပ္ကိုအတင္းဖိပိတ္ထားသည္။

အလန္႔တၾကား ျဖစ္သြား၍ လက္ထဲ႐ွိ ဓာတ္မီးေလးကလည္း
ေအာက္သို႔ျပဳတ္က်သြားသည္။ မည္သူမည္ဝါမွန္း
ေသခ်ာမသိေပမယ့္ ကိုယ့္အပ်ိဳစင္ဘဝအား ဖ်က္ဆီးပစ္ေတာ့မည့္လူဆိုတာကို အတပ္ခံစားမိေနတာေၾကာင့္ အားကုန္သံုး၍ ႐ုန္းကန္ၾကည့္ေသာ္လည္းမရ။

အသက္႐ႈသံခပ္ျပင္းျပင္းႏွင့္အတူ ညႇာတာမႈမ႐ွိစြာ
မိမိခႏၶာကိုယ္အားထိေတြ႔လာသည့္ အထိအေတြ႔မ်ားက ရြံ႐ွာစက္ဆုပ္ဖြယ္ အတိ။ အရက္နံ႔မ်ားမႊန္ထူေနလ်က္ အသိစိတ္ကပ္ပံုမရသည့္ ထိုလူက ရမၼက္ဆႏၵမ်ား အလြန္ျပင္းပ်ေနသည္ထင္၏။ အသက္ပင္မျပည့္ေသးသည့္ မိန္းမပ်ိဳႏုႏုထြတ္ထြတ္ေလးအား
ကေလးတစ္ေယာက္ဟူ၍ပင္ မျမင္ႏိုင္ေတာ့ေပ။

အေၾကာက္လြန္၍ ႐ုန္းကန္ေနေသာ္လည္း အရြယ္ေရာက္ျပီး ေယာက်္ားသားတစ္ဦး၏အားကို မယွဥ္ႏိုင္၍
စိတ္လႊတ္ခ်မိသည္။ သတိလစ္ေမ့ေမ်ာသြားသည့္ မိန္းကေလးငယ္သည္ ပန္းေကာင္းအၫြန္႔ ခ်ိဳးခံရျခင္းမဟုတ္ဘဲ လွပစြာ မပြင္႔လန္းရေသးသည့္ ပန္းဖူးပန္းဦးေလးအား တစ္စဆီ ဖ်က္ဆီးခံလိုက္ရေသာ အျဖစ္ႏွင့္ အလားတူစြာ....။

-

-

ring! ring!

ညလံုးေပါက္နီးပါး အိပ္ေလ့႐ွိသူမဟုတ္၍ မနက္ေလးနာရီတြင္ ဝင္လာသည့္ ဖုန္းအား ခ်က္ခ်င္းပင္သိႏိုင္သည္။ ဖုန္းcontactကိုၾကည့္လိုက္ေတာ့ ထင္သည့္အတိုင္း ဦးေက်ာ္။

"ေျပာပါဦး။ ဒီအခ်ိန္ႀကီး အေရးတႀကီး ဖုန္းေခၚရတဲ့အေၾကာင္း"

"..................."

!!!!!

တစ္ဖက္မွ ေျပာျပလာသည့္ ကိစၥမ်ားကိုၾကားေတာ့
အသက္႐ႈဖို႔ပင္ ေမ့ေလ်ာ့ေနမိသည္။

ထို႔ေနာက္မွာေတာ့ ႏႈတ္ခမ္းရဲရဲတစ္စံုက အ႐ူးတစ္ေယာက္လိုမ်ိဳး ျပံဳးလာ၏။ ၿပီး ဟက္ဟက္ပက္ပက္  ရယ္ခ်ပစ္လိုက္ေတာ့သည္။

မိုးသား အတန္ၾကာေအာင္ရယ္ေနၿပီးမွ
ေျပာရမည့္စကားအတြက္ အသက္ဝဝ႐ႈသြင္းကာ အားယူလိုက္သည္။

"အဲ့ေကာင္မေလးကို သြန္းအုပ္စိုးပိုင္ရဲ႕အခန္းထဲပို႔ထားလိုက္။ က်န္တဲ့ကိစၥကို ဦးေက်ာ္ဘာသာ ၾကည့္ရွင္းထားလိုက္ေတာ့"

"ဟို..အဲ့...အဲ့လိုလုပ္လို႔ ျဖစ္.."

"စကားတစ္ခြန္းကို ႏွစ္ခါျပန္မေျပာခ်င္ဘူး ဦးေက်ာ္။ ကြၽန္ေတာ္ အေမာမခံႏိုင္ဘူး။ ေျသာ္ ဒါနဲ႔...
အခုလို တာဝန္ေက်မႈအတြက္ ေက်းဇူး!"

"ဟို..မင္း.."

တီ..........

တစ္ဖက္မွဖုန္းခ်သြားခ်ိန္ ဦးေက်ာ္ဦး ေငးငိုင္စြာျဖင့္
က်န္ခဲ့သည္။ အသက္ႀကီးခါမွ ဘာေတြကိုလုပ္မိၿပီး၊ ဘယ္သူ႔ေတြကို စိတ္ပူေနမိမွန္းလည္း မသိေတာ့။ ကိုယ့္သမီးေလး တစ္မ်က္ႏွာျဖင့္ အျပစ္မရွိသည့္သူတို႔၏ ဘဝမ်ားကို ဖ်က္ဆီးေႏွာင့္ယွက္ေနခဲ့မိၿပီ။ သူ ယုတ္မာလြန္းပါသည္။

-------------------

ေဒၚသီရိအား မႏ ၱ​ေလးဘက္ရွိ ပြဲရံုမ်ားသို႔ လိုက္ပို႔ေပးရန္ မနက္ငါးနာရီေလာက္ကတည္းက ဦးသက္လြင္က အိပ္ရာမွ ထသြားသည္။ ေဒၚသီရိက ေန႔ခ်င္းျပန္သြားခ်င္သည္
ဆိုေသာေၾကာင့္ မနက္ေစာေစာကတည္းက မႏၲေလးသို႔
ထြက္မွျဖစ္မည့္အတြက္ မနက္ငါးနာရီခြဲတြင္ အိမ္မွ
ထြက္ခါြသြားခဲ့၏။

ဦးသက္လြင္ အိပ္ရာမွထကတည္းက မင္းခလည္း
အိပ္ရာႏိုးသြားသည္။ အခ်ိန္ေစာေသးေသာ္လည္း ျပန္မအိပ္ျဖစ္ေတာ့။ ကိုေအးထြန္းႏွင့္ဦးေက်ာ္ဦးကလည္း သူ႔တို႔အခန္းထဲ၌ အိပ္ေမာက်ေနပံုရသည္။ ေဒၚသီရိ တံခါးေခါက္သည္ကိုပင္မႏိုး။ ထို႔ေၾကာင့္ မင္းခကိုယ္တိုင္ပင္ ေဒၚသီရိတို႔အား ျခံတံခါးလိုက္ဖြင့္ေပးလိုက္ရသည္။

ျပန္အိပ္လို႔မရမည့္အတူတူ မ်က္ႏွာသစ္၊သြားတိုက္၍
ျခံထဲဆင္း၍ တံျမက္စည္းလွဲရန္ ေတြးမိလိုက္သည္။ မနက္ခင္း၏ျပယုဂ္ျဖစ္ေသာ ငွက္ကေလးမ်ား၏ က်လိက်လိအသံမ်ားမွအပ ပတ္ဝန္းက်င္တစ္ခုလံုး တိတ္ဆိတ္ေနဆဲအခ်ိန္မို႔ ျခံထဲတြင္ တစ္ေယာက္တည္း တံျမက္စည္းလွဲေနရင္း မင္းခ၏အေတြးတို႔က ဟိုေရာက္ဒီေရာက္ ျဖစ္ေနသည္။

အရိပ္၏ အေဖအေၾကာင္း...
ေတြးလိုက္တိုင္း ေဒါသထြက္မုန္းတီးရလြန္း၍ ထိုလူသာ အသက္႐ွိေနေသးလ်ွင္ အၿငိဳးတႀကီးႏွင့္ အျမန္ဆံုးေသေစရန္ က်ိန္ဆဲေနမိမည္ထင္သည္။ ထိုရာဂဘီလူးအား ကိုယ္တိုင္သတ္ပစ္ခ်င္သည္အထိ မုန္းေသာ္လည္း ထိုလိုလူယုတ္မာမ်ားအတြက္ ေထာင္ထဲဝင္ဖို႔ကမတန္။

အဆင္ေျပသလို အျမဲတမ္းဟန္ေဆာင္ေနတတ္သည့္
အရိပ္၏စိတ္ထဲ ဘယ္ေလာက္ထိ အားငယ္ေၾကာက္ရြံ႔ေနမလဲ
​ေတြးမိေတာ့ စိတ္မေကာင္းျဖစ္ရျပန္သည္။

ကိုကိုေရာ?
ကိုကိုလည္း တစ္ခုခုကို ေၾကာက္ေနတဲ့ပံုပါပဲ။
ကြၽန္ေတာ္နဲ႔မေတြ႔ခင္တုန္းက
​ကိုကိုတို႔မိသားစုမွာ ဘာေတြမ်ား ျဖစ္ခဲ့ပါလိမ့္။

တစ္စံုတစ္ေယာက္ဆီ အေတြးေရာက္ေနစဥ္မွာပင္ မနက္ခင္း၏ ေအးစက္စက္ေလထုေၾကာင့္ စိမ့္ခနဲျဖစ္သြားသည္ကို ခံစားလိုက္ရသည္။ ေႏြရာသီဆိုေသာ္လည္း မနက္အေစာပိုင္းကေတာ့ အနည္းငယ္ေအးသည္သာ။

ထိုသို႔ အိမ္အျပင္ဘက္ရွိ ရာသီဥတုအေၾကာင္းေတြးမိေတာ့
တစ္စံုတစ္ေယာက္အိပ္ေနမည့္ အခန္းထဲကအပူခ်ိန္ ဘယ္ေလာက္႐ွိေနမည္ဆိုသည္ကိုပါ စိတ္ပူမိျပန္သည္။

ကိုကိုက သူစိတ္မထင္ရင္မထင္သလို ပစ္စလက္ခက္ေနတတ္သည့္သူမ်ိဳး။ ေစာင္ဆြဲျခံဳဖို႔ေဝလာေဝးး ႐ႈပ္တယ္ဆိုၿပီး အက်ႌေတြဆြဲခြၽတ္ထားရင္က အဝတ္ဗလာျဖင့္ အိပ္ေပ်ာ္ေနမွျဖင့္ အေအးမိေနဦးမည္။ စိုးရိမ္မိ၍
အေပၚထပ္သို႔ ခပ္သုတ္သုတ္ေလး တတ္လာလိုက္ေတာ့၏။

ခပ္ဟဟပြင့္ေနသည့္ အခန္းတံခါးကို လွမ္းျမင္မိေတာ့ စိတ္ထဲတစ္မ်ိဳး ခံစားလိုက္ရသည္။ ထိုတံခါးခ်ပ္ေလးသည္ သူ(တစ္ေယာက္တည္း)ဝင္လာရန္အတြက္ ရည္ရြယ္ၿပီး ေလာ့ခ္ခ်ထားေလ့မ႐ွိေသာ္လည္း အခုလို တံခါးပြင့္ေနမွန္း သိသာေလာက္ေအာင္ေတာ့ အနည္းငယ္ေသာ္မ်ွ ပြင့္ေနခဲ့ျခင္းမ႐ွိခဲ့ဖူးေပ။

စိတ္ထဲ စႏိုးစေနာင့္ျဖစ္သြားရေသာ္လည္း စိုးရိမ္စရာ
ဘာ႐ွိလဲဟု ကိုယ့္ကိုယ္ကို အား​ေပးရင္း အခန္းတံခါးအား တြန္းဖြင့္မိေတာ့.......။

---------------------

မထင္ခဲ့ဘူး။
ကံၾကမၼာက ကြၽန္ေတာ့္ကိုလည္း
မ်က္ႏွာသာေပးတဲ့ေန႔႐ွိလာလိမ့္မယ္လို႔။
ကြၽန္ေတာ္ေရးေနတဲ့ ဇာတ္လမ္းက
ဗီလိန္တစ္ခ်ိဳ႕ရဲ႕ ကူညီအားထုတ္မႈေတြေၾကာင့္
ပိုၿပီးေတာ့ အသက္ဝင္သြားတာမ်ိဳးေပါ့။

ဟက္!
ကြၽန္ေတာ္ ကံဇာတာေတြတတ္လာၿပီထင္တယ္ ေမေမ။

***************tbc

29.May.22

[Unicode]

သန်းခေါင်ကျော် ညဉ့်နက်သည်အထိ မင်းခအိပ်ရာထဲသို့
မဝင်ဖြစ်သေး။ ဒီနေ့တစ်နေ့လုံး ကြားခဲ့ရသမျှ စကားလုံးတိုင်းက စိတ်ချမ်းသာစရာတစ်ခုမှမရှိသောကြောင့် စိတ်ပင်ပန်းလွန်း၍ အိပ်လို့လည်းမပျော်တော့။

သွန်းအုပ်အား ကုတင်ပေါ်တင်လိုက်၊
ဆိုဖာပေါ်ပြန်ချပေးလိုက်နှင့် အချီအချလုပ်ထားရတာကြောင့် ခါးလည်းနာနေသည်။ လျှော်လိုက်ဖွပ်လိုက်၊ သန့်ရှင်းရေးလုပ်လိုက်နှင့် အလုပ်ရှှုပ်နေ၍ ဘာမှမစားရသေးသောကြောင့် ဗိုက်ကလည်းဆာနေ၏။ သို့သော်လည်း စိတ်မပါ၍ ဘာမှထမလုပ်ဘဲ ဒီတိုင်းသာထိုင်နေမိသည်။

"မင်းခ..မအိပ်သေးဘူးလား။ နောက်ကျနေပြီလေ"

ခြင်ထောင်ထဲမှ ဦးသက်လွင်က တစ်ရေးနိုးလာသည်ထင်။ ငူငူငိုင်ငိုင်ဖြင့် ထိုင်နေသည့်မင်းခအား လှမ်း၍သတိပေးသည်။

"အိပ်တော့မှာ လေးသက်"

"အေးအေးး အိပ်ဖို့လုပ်။ အချိန်မရှိတော့ဘူး။"

"ဟုတ်"

မီးပိတ်ပြီး ခြင်ထောင်ထဲဝင် အိပ်ပျော်ရန်ကြိုးစားသော်လည်း မရ။

ကိုကျော်စွာပြောပြသည့် ပုံရိပ်၏အကြောင်း။
သွန်းအုပ်ပြင်ဆင်ထားသည့် အိမ်အပြန်ဆီးကြိုမှုမြင်ကွင်း။
ဘာမှန်းမသိသည့် ဒေါ်သီရိနှင့်သွန်းအုပ်တို့၏ ပြဿနာ။
သွန်းအုပ် အမူးမပြေတပြေအချိန်၌ ပြောလိုက်သည့် စကားများ။

အားလုံးကို တစ်ခုချင်းပြန်စဉ်းစားနေမိသည့်
ကိုယ့်ဦးနှောက်ကိုသာ ဖောက်ထုတ်ပစ်ချင်တော့သည်။ စိတ်ရှုပ်ထွေးစရာများအား မတွေးချင်တော့သည့်အဆုံး ခြင်ထောင်ပြင်ပြန်ထွက်ကာ အိပ်ဆေးယူသောက်လိုက်သည်။ ထို့နောက် မျက်လုံးကို ဇွတ်အတင်းမှိတ်၍ အမြန်ဆုံးအိပ်ပျော်စေရန်သာ ကြိုးစားလိုက်တော့သည်။

-

-

နေ့ခင်းက ဝယ်ထားသည့်ဘီယာဗူးနှင့်တကွ ကျန်သည့်ပစ္စည်းများကိုပါ မင်းခကပြန်ပေးမသွား။
ထို့ကြောင့် ညကြီးမိုးချုပ်မှ ကိုအေးထွန်းအား နောက်တစ်ကြိမ်အဝယ်လွှတ်လိုက်ရသည်။

မင်းခမကြိုက်မှန်းသိသော်လည်း စိတ်ရှုပ်လွန်းနေသည်မို့ နည်းနည်းဖြစ်ဖြစ်မေ့သွားနိုင်အောင် လောလောဆယ် မူးနေမှဖြစ်မည်။ ခုရက်ပိုင်းအတွင်း မိုးသားဆိုသည့်ကောင်က နှောင့်ယှက်လိုက်၊ ဦးသက်လွင်က အလုပ်ထွက်ရန်
ပြောလိုက်နှင့် စိတ်ညစ်နေရသည့်ကြားထဲ မနက်ကမှသိလိုက်ရသည့် မိုးသားက သူ့ညီဟူသော မေလွန်း၏စကားကြောင့် သူရူးသွားနိုင်၏။

နာမည်များကိုပင် မကြားချင်လောက်အောင်မုန်းသည့် မိသားစုမှကောင်က ဘာရည်ရွယ်ချက်နှင့်
သူ့အားစိတ်ခြောက်ုခြားလာစေရန် လုပ်နေခဲ့လဲဆိုတာကို ပြန်စဉ်းစားကြည့်သော်လည်း အဖြေမထွက်။ ထို့အပြင် မင်းခနှင့်ပတ်သက်သည့် သူ့ခံစားချက်ကိုသိနေသေးသည်။ ဘာလိုချင်နေတာလဲ။ ဒါမှ မဟုတ် ဘာဖြစ်ချင်နေတာလဲ။

မင်းခကို ပြောတာတွေရော လွန်သွားပြီလားလို့
စဉ်းစားမိသော်လည်း သိပ်ပြီး ဂရုမစိုက်နိုင်တော့။
ကိုယ့်အချိုး ကိုယ် မပြေမှန်းသိ၍ ပြင်မည်ဟု အကြိမ်ကြိမ်တွေးမိသော်လည်း စိတ်တိုနေသည့်အချိန်၊ စိတ်ရှုပ်ထွေးနေသည့်အချိန်မျိုးတွင် ဘာကိုမှ သတိမထားမိတော့ပေ။

ပြောချင်တိုင်းပြောဆိုခဲ့ပြီးမှ စိတ်နာသွားပြီလားဟူသည့် အတွေးက ပုံစံတစ်မျိုးဖြင့်ခြောက်လှန့်ပြန်သည်။ စိတ်ဆိုးသွားရုံတင်ဆိုလျှင် ကိစ္စမရှိ။ စိတ်နာသွားလျှင်တော့ ဦးလေးဖြစ်သူခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားပြီး သူ့အားထားခဲ့တော့မည်မှာ အသေအချာ။

ဟူးးးး
သက်ပြင်းတစ်ချက်အား မှုတ်ထုတ်လိုက်ပြီး
ဝီစကီတစ်ကျိုက်ကို မော့သောက်လိုက်သည်။ရေမရောထားသည့် ခါးသက်သက် ဝီစကီအရည်တို့က လည်ချောင်းထဲအရောက် ပူူခနဲဖြစ်သွား၍ ပြန်ထွေးထုတ်မိသေး၏။ သို့သော် မူးနေမှဖြစ်မည်ဟူသည့် အတွေးကြောင့် ရေခဲအနည်းငယ်ထည့်ပြီး သောက်ကြည့်လိုက်သည်။

ဝီစကီတစ်ခွက်အား အတင်းကြိတ်မှိတ်ကာ
မြိုချပြီးသည့်နောက် လည်ချောင်းထဲ၌ ခုနကအတိုင်း ပူခနဲဖြစ်သွားသည်။ ထို့နောက် တစ်ကိုယ်လုံးပူနွေးလာပြီး ဘာကိုမှ မကြောက်တော့သလို ရဲတင်းသည့်စိတ်တို့ ဝင်လာ၏။

တစ်ခွက်ပြီးတစ်ခွက်ငှဲ့ကာ တစ်ကျိုက်ပြီးတစ်ကျိုက် သောက်ရင်း...

အဟက်!
ဘယ်သူမှ အနားမှာ မရှိတော့လည်း ဘာအရေးလဲ။
ကောင်းတယ်၊ ကောင်းတယ်၊
မေလွန်းလည်း ထွက်သွား...
နေမင်းခလည်း ထွက်သွား...
ငါတစ်ယောက်ထဲ နေကျန်ခဲ့မယ်။

ဟားးဟားးဟားးးးး

သန်းခေါင်ကျော် နှစ်နာရီအချိန်တွင် အရက်မူးနေသူတစ်ဦး၏ ခပ်ကျယ်ကျယ်ရယ်မောသံ၌ စိုးရိမ်ထိတ်လန့်မှုများ
ပါဝင်နေခဲ့သယောင်။

-----------------

စာကြည့်စားပွဲတွင်အတူထိုင်၍ chemistryတွက်စာများကို ရှင်းပြနေသော်လည်း မင်းခ၏မျက်နှာနှင့်အမူအရာများ အားလုံးက ပုံမှန်လို ရွှင်လန်းတက်ကြွမနေ။ ပုံရိပ်က မင်းခအား အချိန်ပြည့် အရိပ်တကြည့်ကြည့် နေတတ်သည့်သူမို့ မင်းခမျက်နှာမကောင်းသည့် ရက်အတိအကျကိုပင် မှတ်မိနေသည်။

ခြောက်ရက်။
ဒီနေ့နဲ့ဆိုရင် ကိုခ စိတ်ညစ်နေတာ ခြောက်ရက်ရှိနေပြီ။

"ကိုခ မျက်နှာမကောင်းတာ ကြာပြီနော်။ စိတ်ညစ်စရာတွေ ရှိနေတယ်မလား။ ကျွန်တော့်ကို ပြောပြလေ။"

မနေနိုင်တော့၍ စာရှင်းပြပြီးသည့် အချိန်ကိုပင်
မစောင့်တော့ဘဲ ကြားဖြတ်၍မေးလိုက်သည်။

မင်းခက သက်ပြင်းတစ်ချက်ချကာ ပုံရိပ်ဖျော်ပေးထားသည့် ကော်ဖီခွက်အား ယူသောက်လိုက်ရင်း...

"ဒီလိုပါပဲ။ ပြဿနာကြီးကြီးမားမားတော့လည်း
မဟုတ်ပါဘူး။"

"ကိုခမှာ ပြဿနာတစ်ခုခုရှိနေရင် ကျွန်တော့်ကိုပြောပြနော်။
တစ်ယောက်တည်း စိတ်ညစ်မခံနဲ့။ ကျွန်တော် တတ်နိုင်တာ ကူညီပေးမယ်လေ။"

မင်းခမှာ ထိုအပြောနှင့်ပင် ကျေနပ်ရသည်။
စိတ်ညစ်နေရသည့် အကြောင်းတရားတွေထဲက
တစ်ခုက သူ့ကြောင့်ဆိုတာကိုတော့ မပြောဖြစ်တော့။

"အရိပ်က ကိုယ့်ကိုသာ စိတ်ညစ်စရာရှိရင် ပြောပြဖို့လာပြော နေတာ။ အရိပ်ကရော ဘာလို့ ကိုယ့်ကို တစ်ခါမှ ရင်မဖွင့် တာလဲ"

"ဟင်?"

မင်းခ၏စကားကြောင့် ပုံရိပ်အနည်းငယ်
ကြောင်အမ်းသွားရသည်။

ရင်မဖွင့်တာ??
သူ ဘာကြောင့် ရင်မဖွင့်ဖြစ်တာလဲ။
တစ်စုံတစ်ယောက်ရှေ့ ရင်ဖွင့်ဖို့၊မဖွင့်ဖို့ကိုတောင် သူတစ်ခါမှမတွေးဖူးမိ။

အခုမှ စဉ်းစားကြည့်မိတော့ သူက ကိုယ့်စိတ်ခံစားချက်တွေကို တမင်လျို့ဝှက်ထားခြင်းမျိုးမဟုတ်ဘဲ နားထောင်ပေးမည့် တစ်ဖက်လူကို အားနာ၍ ရင်မဖွင့်ဖြစ်ခြင်းရယ်သာ။

ဝမ်းနည်းစရာ၊ ရင်နာစရာများ များလွန်း၍လားမသိ။ အထူးတလည် ပိုဝမ်းနည်းရသည့်နေ့နှင့် အဖြစ်အပျက်ရယ်လို့ သူ့မှာမရှိတာ ကြာခဲ့ပြီ။ ထို့ကြောင့်လည်း ဘယ်သူ့ဆီမှာမှ ထူးထူးဆန်းဆန်းကြီး ရင်ဖွင့်နေစရာမလိုခဲ့။

သို့သော် အခုရက်များမှာတော့ ပျော်တာနှင့်ဝမ်းနည်းတာကို လူတစ်ယောက်ကို ဗဟိုပြု၍ သတ်မှတ်ဖြစ်သည်။
ကိုခနှင့်တွေ့နေရလျှင်ပျော်ပြီး သူ့အနားတွင် ကိုခမရှိချိန်များမှာတော့ သူ့ရင်ထဲမှာရော၊ ဦးနှောက်ထဲမှာပါ ဟာလာဟင်းလင်းဖြစ်နေတတ်သည်။ ဘာတွေစဉ်းစား၍ ဘာတွေကိုလုပ်နေမိသည်ဆိုတာကိုပင်မသိ။

"အရိပ် ဖြေဦးလေ။ အရိပ်ကကျ ဘာလို့ရင်မဖွင့်တာလဲ တစ်ယောက်တည်းခံစားနေမယ့်အစား
တခြားကိုယ်ယုံကြည်ရတဲ့ လူတစ်ယောက်ကို
ရင်ဖွင့်လိုက်ရင် နည်းနည်းဖြစ်ဖြစ် စိတ်ပေါ့သွားမယ်လို့ အရိပ်လည်းယုံတယ်မလား"

"......"

"နောက်ဆို ဘာပြဿနာပဲရှိရှိ ကိုယ့်ကိုပြောပြရမယ်နော်"

"ဟို..ကျွန်..ကျွန်တော့်မှာ ဘာစိတ်ညစ်စရာမှ မရှိပါဘူး။ ကျွန်တော်က အဆင်ပြေပါတယ်။"

မင်းခ ပြုံးလိုက်မိသည်။ သို့သော် ပျော်၍ပြုံးသည့် ပီတိပြုံးမျိုး မဟုတ်။ ရင်ဖွင့်ဖို့ရန်ပင်မလွယ်သည့်
ကိစ္စများကို ကြုံတွေ့ခဲ့ရသည့် ထိုကောင်လေးအား ဘယ်လိုအားပေးနှစ်သိမ့်ရမည်ကိုလည်း မစဉ်းစားတတ်တော့၍ မချိပြုံး,ပြုံးလိုက်ခြင်းသာ။

နာကျင်အောင်လုပ်မယ့်သူလည်း
အရိပ်အနားမရှိတော့တာမို့
တကယ်အဆင်ပြေနေတယ်လို့ပဲ ကိုယ်ယုံချင်ပါတယ်....

-

-

ပုံရိပ်ကိုစာပြပြီး အိမ်ပြန်ရောက်ချိန်က
ပုံမှန်ထက်စောနေသေးသည်။ သို့သော် အိမ်ကိုစော၍ပဲပြန်လာလာ၊ နောက်ကျ၍ပဲပြန်လာလာ ခင်ထွေးကတော့ 'အကိုလေး မူးနေတယ်' ဆိုသည့် စကားနှင့်သာ ဆီးကြို၏။

အမူးပြေနေသည့်အချိန်နှင့် မမူးတမူးအချိန်များတွင်
ကိုကိုက သူ့အား အနားသို့ပင် လုံးဝအကပ်မခံ။
ထို့ကြောင့် လုံးဝမူးသွားပြီး အိပ်ပျော်သွားပြီဆိုသည့် အချိန်ကျမှ အခန်းထဲဝင်၊ သန့်ရှင်းရေးလုပ်၊ အဝတ်လဲ၊ထမင်းစားရန်အဆင်သင့်သွားပို့ပေး စသည့်အလုပ်များကို လုပ်ပေးရသည်။

တာဝန်အရမဟုတ်ဘဲ စေတနာဗရပွနဲ့ လုပ်ပေးနေသည်ကို ထိုအရက်သမားက သိပုံမရ။ စိတ်ညစ်တာအကြောင်းပြ၍ မိုးလင်းကမိုးချုပ် အရက်ခွက်ထဲခေါင်းစိုက်နေသည့်
ထိုလူက သူအိပ်ရာကနိုး၍ သူ့အခန်းကို သန့်ရှင်းရေးလာလုပ်ပေးနေသည့် ကိုယ့်ကိုမြင်တော့ 'အစေခံကောင်း ပီသသည်'ဟူ၍ပင် ရင့်သီးသည့် စကားလုံးမျိုးကိုသုံး၍ စိတ်ထဲကပါပုံမရဘဲ ချီးကျူးလိုက်သေးသည်။

စိတ်ပျက်လွန်း၍ ဘာစကားမှ ပြန်မပြောဖြစ်။  လျစ်လျူမရှုရက်၍သာ လာလုပ်ပေးနေမိသော်လည်း ကိုယ်ကဂရုစိုက်နေ၍ ပိုဆိုးလို့ရနေသည်ဟူ၍ပင် တစ်ခါတစ်ရံ တွေးမိလာသည်။ ဟုတ်သည်။ အဒေါ်ဖြစ်သူကိုယ်တိုင်ကလည်း စိတ်နှင့်လူ ကပ်ပုံမရ။ ထို့ကြောင့် တူဖြစ်သူ သောက်စားမူးယစ်နေသည်ကိုပင် တစ်ခွန်းမှဟန့်တားမည်မရှိ။ လေးသက်အပါအဝင်
အိမ်မှာအလုပ်လုပ်နေသည့်သူ အကုန်လုံးကလည်း
ကြောက်တာရော၊ စေတနာမပါတာရောပေါင်း၍ ထမင်းပုံမှန်စား၊မစားကိုပင် သတိမထားမိသလို အရေးလည်းမစိုက်။

ကိုယ်တစ်ယောက်တည်းကသာ ဂရုစိုက်ပေးနေ၍
အသက်ရှည်ကာ ဆိုးချင်တိုင်းဆိုး၍ ရနေခြင်းပင်။သူသာဂရုတစိုက်နှင့် ပြုစုမနေလျှင် အရက်သောက်လေ့သောက်ထမရှိသည့်သူက တစ်ပတ်လုံးလုံး မိုးလင်းကမိုးချုပ်သောက်စားနေပုံနှင့် အခုချိန် ဆေးရုံကအခန်းတစ်ခုထဲ ရောက်နေမည်မှာမလွဲ။

ငမူးကလည်းပါးနပ်သည်။ ကျေးဇူးတင်စကားတစ်ခွန်းမှမဆို၊ ပြောသမျှစကား နားမထောင်သော်လည်း ပို့သမျှထမင်းတော့ အကုန်စားသည်။ ကိုယ်တိုင်ကျ အခန်းထဲကအခန်းပြင် မထွက်ဘဲ သူလာပို့မည်မှန်းသိ၍ တမင်စောင့်နေသည်ပင် ထင်ရ၏။

တစ်နေ့ တစ်နေ့ အရက်သောက်သည်။ မူးသည်။ အိပ်သည်။ guideပြရမည့်အိမ်သို့မသွားခင် အခန်းထဲသို့ မင်းခ လာပို့ခဲ့သည့် ထမင်းအား ထစားသည်။ အရက်
ပြန်သောက်သည်။ ဆေးလိပ်လည်း ပါသေးသည်။
မူးသည်။ တွေ့သမျှ ပစ္စည်းများအားဖျက်လိုဖျက်ဆီးလုပ်ပြီး မောသွားလျှင် ပြန်အိပ်သည်။

ညနေစောင်း မင်းခပြန်လာချိန်တွင် များသောအားဖြင့် အိပ်ပျော်နေတတ်သည်။ တစ်ခါတလေ အိပ်ပျော်နေသည့် အချိန်များတွင် တွေ့ရတတ်သော ကြောက်ရွံ့နေပုံရသည့် မျက်နှာလေးနှင့် အားငယ်နေသည့်အသံလေးကို ကြားရ၊မြင်ရချိန်များတွင်တော့ ဆိုးလွန်းနေသည့်သူအား
မငြိုငြင်ရက်စွာဖြင့် မင်းခမှာ အသနားပိုရပြန်သည်။

ဒေါက်! ဒေါက်!

ပြန်ထူးမှာမဟုတ်မှန်းသိသော်လည်း အခန်းထဲသို့မဝင်မီ အခန်းတံခါးအား ခေါက်လိုက်သည်။ လောခ့်ချလေ့မရှိသော တံခါးအား အလွယ်တကူတွန်းဖွင့်လိုက်တော့
ကြမ်းပြင်ပေါ်တွင် ကို့ရို့ကားယား အိပ်ပျော်နေပြန်သည့်သူအား တွေ့ရပြန်၏။

ကုတင်ပေါ်သ့ို ချီပွေ့ပို့လိုက်ပြီး လုပ်စရာရှိသည်များကို
အစဉ်လိုက် ဆက်တိုက်လုပ်လိုက်သည်။ အရက်သမားကို ပြုစုနေရသည်မှာ တစ်ပတ်ပင်ရှိပြီမို့ ရေပတ်တိုက်၊ အဝတ်အစားလဲ၊ အိပ်ရာနှင့် အခန်းတစ်ခုလုံး သန့်ရှင်းရေးလုပ်ဟူသည့် ကိစ္စများက မင်းခအတွက်
ထမင်းစား၊ရေသောက်လိုတောင်ဖြစ်နေပြီ။

အခန်းထဲကအလုပ်များပြီးတော့ ထမင်း၊ဟင်းခူးရန်
အောက်သို့ပြန်ဆင်းလာလိုက်သည်။ ချက်ထားသည့် ဟင်းများကို ရှာကြည့်လိုက်တော့ ငါးဟင်းနှင့် အရွက်ကြော်တစ်မျိုးတည်းသာ ကျန်တော့၏။
မနက်ကမြင်ခဲ့သည့် ဘုန်းကြီးပွဲတည်လို့ရလောက်သော ဟင်းအမယ်စုံများကမရှိတော့ပေ။ ထားတော့။ အိမ်သို့ ဧည့်သည်လာသွားခြင်း ဖြစ်ပါလိမ့်မည်။

ငါးအရိုးနွှင်မစားတတ်သူအတွက် အရိုးစူးမှာစိုး၍
ငါးအရိုးသေးသေးလေးများအား တစ်ချောင်းမှ ဖကျန်စေရအောင်နွှင်ပေးရင်း တွေးမိသည်က...

အရင်က ကိုကို့ကို တစ်အိမ်လုံးက
ဖူးဖူးမှုတ်အလိုလိုက်တာ ခံထားရတဲ့
သူဌေးလေးလို့ ထင်နေခဲ့တာ။
အခုနောက်ပိုင်း ကျွန်တော်သံသယတစ်ခုဝင်လာတယ်၊
ကျွန်တော့်ကိုကိုက အလိုလိုက်ခံထားရတာမဟုတ်ဘဲ
ဥပေက္ခာ အပြုခံထားရတာများလားလို့လေ။

----------------------

မနက်သုံးနာရီ....

အိပ်လို့ကောင်းနေသည့်အချိန်ကျမှ ဗိုက်ကနာလာ၍
အိမ်သာတက်ရန် အိမ်သာသို့ ခင်ထွေးတစ်ယောက်တည်း ထွက်လာခဲ့သည်။ အိမ်သားများအားလုံး အိပ်ပျော်နေကြမည့်အချိန်မို့ ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးသည့် အသိစိတ်ကလေးကြောင့် အသံမထွက်စေရန် ခြေလှမ်းအား ခပ်ဖွဖွလှမ်းကာ အိမ်သာဘက်သို့ သွားလိုက်သည်။

အမေ့!!!!

အနောက်ဘက်မှ ရုတ်တရက် အတင်းအကြပ်
ဆွဲဖက်လာသည့် လက်တစ်စုံ။ လန့်သွားသည်မို့ ယောင်ရမ်းကာ အာမေဋိတ်သံပြုမိတော့ အသံမထွက်နိုင်အောင် ပါးစပ်ကိုအတင်းဖိပိတ်ထားသည်။

အလန့်တကြား ဖြစ်သွား၍ လက်ထဲရှိ ဓာတ်မီးလေးကလည်း
အောက်သို့ပြုတ်ကျသွားသည်။ မည်သူမည်ဝါမှန်း
သေချာမသိပေမယ့် ကိုယ့်အပျိုစင်ဘဝအား ဖျက်ဆီးပစ်တော့မည့်လူဆိုတာကို အတပ်ခံစားမိနေတာကြောင့် အားကုန်သုံး၍ ရုန်းကန်ကြည့်သော်လည်းမရ။

အသက်ရှုသံခပ်ပြင်းပြင်းနှင့်အတူ ညှာတာမှုမရှိစွာ
မိမိခန္ဓာကိုယ်အားထိတွေ့လာသည့် အထိအတွေ့များက ရွံရှာစက်ဆုပ်ဖွယ် အတိ။ အရက်နံ့များမွှန်ထူနေလျက် အသိစိတ်ကပ်ပုံမရသည့် ထိုလူက ရမ္မက်ဆန္ဒများ အလွန်ပြင်းပျနေသည်ထင်၏။ အသက်ပင်မပြည့်သေးသည့် မိန်းမပျိုနုနုထွတ်ထွတ်လေးအား
ကလေးတစ်ယောက်ဟူ၍ပင် မမြင်နိုင်တော့ပေ။

အကြောက်လွန်၍ ရုန်းကန်နေသော်လည်း အရွယ်ရောက်ပြီး ယောကျ်ားသားတစ်ဦး၏အားကို မယှဉ်နိုင်၍
စိတ်လွှတ်ချမိသည်။ သတိလစ်မေ့မျောသွားသည့် မိန်းကလေးငယ်သည် ပန်းကောင်းအညွန့် ချိုးခံရခြင်းမဟုတ်ဘဲ လှပစွာ မပွင့်လန်းရသေးသည့် ပန်းဖူးပန်းဦးလေးအား တစ်စဆီ ဖျက်ဆီးခံလိုက်ရသော အဖြစ်နှင့် အလားတူစွာ....။

-

-

ring! ring!

ညလုံးပေါက်နီးပါး အိပ်လေ့ရှိသူမဟုတ်၍ မနက်လေးနာရီတွင် ဝင်လာသည့် ဖုန်းအား ချက်ချင်းပင်သိနိုင်သည်။ ဖုန်းcontactကိုကြည့်လိုက်တော့ ထင်သည့်အတိုင်း ဦးကျော်။

"ပြောပါဦး။ ဒီအချိန်ကြီး အရေးတကြီး ဖုန်းခေါ်ရတဲ့အကြောင်း"

"..................."

!!!!!

တစ်ဖက်မှ ပြောပြလာသည့် ကိစ္စများကိုကြားတော့
အသက်ရှုဖို့ပင် မေ့လျော့နေမိသည်။

ထို့နောက်မှာတော့ နှုတ်ခမ်းရဲရဲတစ်စုံက အရူးတစ်ယောက်လိုမျိုး ပြုံးလာ၏။ ပြီး ဟက်ဟက်ပက်ပက်  ရယ်ချပစ်လိုက်တော့သည်။

မိုးသား အတန်ကြာအောင်ရယ်နေပြီးမှ
ပြောရမည့်စကားအတွက် အသက်ဝဝရှုသွင်းကာ အားယူလိုက်သည်။

"အဲ့ကောင်မလေးကို သွန်းအုပ်စိုးပိုင်ရဲ့အခန်းထဲပို့ထားလိုက်။ ကျန်တဲ့ကိစ္စကို ဦးကျော်ဘာသာ ကြည့်ရှင်းထားလိုက်တော့"

"ဟို..အဲ့...အဲ့လိုလုပ်လို့ ဖြစ်.."

"စကားတစ်ခွန်းကို နှစ်ခါပြန်မပြောချင်ဘူး ဦးကျော်။ ကျွန်တော် အမောမခံနိုင်ဘူး။ သြော် ဒါနဲ့...
အခုလို တာဝန်ကျေမှုအတွက် ကျေးဇူး!"

"ဟို..မင်း.."

တီ..........

တစ်ဖက်မှဖုန်းချသွားချိန် ဦးကျော်ဦး ငေးငိုင်စွာဖြင့်
ကျန်ခဲ့သည်။ အသက်ကြီးခါမှ ဘာတွေကိုလုပ်မိပြီး၊ ဘယ်သူ့တွေကို စိတ်ပူနေမိမှန်းလည်း မသိတော့။ ကိုယ့်သမီးလေး တစ်မျက်နှာဖြင့် အပြစ်မရှိသည့်သူတို့၏ ဘဝများကို ဖျက်ဆီးနှောင့်ယှက်နေခဲ့မိပြီ။ သူ ယုတ်မာလွန်းပါသည်။

-------------------

ဒေါ်သီရိအား မန ္တလေးဘက်ရှိ ပွဲရုံများသို့ လိုက်ပို့ပေးရန် မနက်ငါးနာရီလောက်ကတည်းက ဦးသက်လွင်က အိပ်ရာမှ ထသွားသည်။ ဒေါ်သီရိက နေ့ချင်းပြန်သွားချင်သည်
ဆိုသောကြောင့် မနက်စောစောကတည်းက မန္တလေးသို့
ထွက်မှဖြစ်မည့်အတွက် မနက်ငါးနာရီခွဲတွင် အိမ်မှ
ထွက်ခါွသွားခဲ့၏။

ဦးသက်လွင် အိပ်ရာမှထကတည်းက မင်းခလည်း
အိပ်ရာနိုးသွားသည်။ အချိန်စောသေးသော်လည်း ပြန်မအိပ်ဖြစ်တော့။ ကိုအေးထွန်းနှင့်ဦးကျော်ဦးကလည်း သူ့တို့အခန်းထဲ၌ အိပ်မောကျနေပုံရသည်။ ဒေါ်သီရိ တံခါးခေါက်သည်ကိုပင်မနိုး။ ထို့ကြောင့် မင်းခကိုယ်တိုင်ပင် ဒေါ်သီရိတို့အား ခြံတံခါးလိုက်ဖွင့်ပေးလိုက်ရသည်။

ပြန်အိပ်လို့မရမည့်အတူတူ မျက်နှာသစ်၊သွားတိုက်၍
ခြံထဲဆင်း၍ တံမြက်စည်းလှဲရန် တွေးမိလိုက်သည်။ မနက်ခင်း၏ပြယုဂ်ဖြစ်သော ငှက်ကလေးများ၏ ကျလိကျလိအသံများမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေဆဲအချိန်မို့ ခြံထဲတွင် တစ်ယောက်တည်း တံမြက်စည်းလှဲနေရင်း မင်းခ၏အတွေးတို့က ဟိုရောက်ဒီရောက် ဖြစ်နေသည်။

အရိပ်၏ အဖေအကြောင်း...
တွေးလိုက်တိုင်း ဒေါသထွက်မုန်းတီးရလွန်း၍ ထိုလူသာ အသက်ရှိနေသေးလျှင် အငြိုးတကြီးနှင့် အမြန်ဆုံးသေစေရန် ကျိန်ဆဲနေမိမည်ထင်သည်။ ထိုရာဂဘီလူးအား ကိုယ်တိုင်သတ်ပစ်ချင်သည်အထိ မုန်းသော်လည်း ထိုလိုလူယုတ်မာများအတွက် ထောင်ထဲဝင်ဖို့ကမတန်။

အဆင်ပြေသလို အမြဲတမ်းဟန်ဆောင်နေတတ်သည့်
အရိပ်၏စိတ်ထဲ ဘယ်လောက်ထိ အားငယ်ကြောက်ရွံ့နေမလဲ
တွေးမိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။

ကိုကိုရော?
ကိုကိုလည်း တစ်ခုခုကို ကြောက်နေတဲ့ပုံပါပဲ။
ကျွန်တော်နဲ့မတွေ့ခင်တုန်းက
ကိုကိုတို့မိသားစုမှာ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်။

တစ်စုံတစ်ယောက်ဆီ အတွေးရောက်နေစဉ်မှာပင် မနက်ခင်း၏ အေးစက်စက်လေထုကြောင့် စိမ့်ခနဲဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ နွေရာသီဆိုသော်လည်း မနက်အစောပိုင်းကတော့ အနည်းငယ်အေးသည်သာ။

ထိုသို့ အိမ်အပြင်ဘက်ရှိ ရာသီဥတုအကြောင်းတွေးမိတော့
တစ်စုံတစ်ယောက်အိပ်နေမည့် အခန်းထဲကအပူချိန် ဘယ်လောက်ရှိနေမည်ဆိုသည်ကိုပါ စိတ်ပူမိပြန်သည်။

ကိုကိုက သူစိတ်မထင်ရင်မထင်သလို ပစ်စလက်ခက်နေတတ်သည့်သူမျိုး။ စောင်ဆွဲခြုံဖို့ဝေလာဝေးး ရှုပ်တယ်ဆိုပြီး အင်္ကျီတွေဆွဲချွတ်ထားရင်က အဝတ်ဗလာဖြင့် အိပ်ပျော်နေမှဖြင့် အအေးမိနေဦးမည်။ စိုးရိမ်မိ၍
အပေါ်ထပ်သို့ ခပ်သုတ်သုတ်လေး တတ်လာလိုက်တော့၏။

ခပ်ဟဟပွင့်နေသည့် အခန်းတံခါးကို လှမ်းမြင်မိတော့ စိတ်ထဲတစ်မျိုး ခံစားလိုက်ရသည်။ ထိုတံခါးချပ်လေးသည် သူ(တစ်ယောက်တည်း)ဝင်လာရန်အတွက် ရည်ရွယ်ပြီး လော့ခ်ချထားလေ့မရှိသော်လည်း အခုလို တံခါးပွင့်နေမှန်း သိသာလောက်အောင်တော့ အနည်းငယ်သော်မျှ ပွင့်နေခဲ့ခြင်းမရှိခဲ့ဖူးပေ။

စိတ်ထဲ စနိုးစနောင့်ဖြစ်သွားရသော်လည်း စိုးရိမ်စရာ
ဘာရှိလဲဟု ကိုယ့်ကိုယ်ကို အားပေးရင်း အခန်းတံခါးအား တွန်းဖွင့်မိတော့.......။

---------------------

မထင်ခဲ့ဘူး။
ကံကြမ္မာက ကျွန်တော့်ကိုလည်း
မျက်နှာသာပေးတဲ့နေ့ရှိလာလိမ့်မယ်လို့။
ကျွန်တော်ရေးနေတဲ့ ဇာတ်လမ်းက
ဗီလိန်တစ်ချို့ရဲ့ ကူညီအားထုတ်မှုတွေကြောင့်
ပိုပြီးတော့ အသက်ဝင်သွားတာမျိုးပေါ့။

ဟက်!
ကျွန်တော် ကံဇာတာတွေတတ်လာပြီထင်တယ် မေမေ။

***************tbc

29.May.22

Continue Reading

You'll Also Like

435K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
254K 40.7K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
831 74 13
You,My Dearest ကျွန်မဘဝသာ စာအုပ်တစ်အုပ်ဆိုရင် စာမျက်နှာတိုင်းက 'မာန်'ဆိုတဲ့နာမည်နဲ့ပဲ ပြည့်နေလောက်တယ်။
65.4K 9.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...