[Zawgyi]
"ခင္ေထြးး အကိုေလးေရာ"
"သူ႔အခန္းထဲမွာ ႐ွိမွာေပါ့"
"ငါ့ကိုေမးေသးလား"
"မေမးပါဘူး။"
နဂိုကတည္းက မျကည္လင္သည့္ မင္းခ၏မ်က္ႏွာက
ပို၍မသာမယာျဖစ္သြားသည္။ အေပၚထပ္သို႔တက္ရန္ ေျခလွမ္းျပင္ၿပီးမွ မတက္ေတာ့ဘဲ ကိုယ့္အခန္းထဲ ကိုယ္ဝင္ရန္ျပင္လိုက္သည္။ ထိုအခါက်မွ ခင္ေထြးက...
"ေဒၚေလးသီရိနဲ႔ေတာ့ စကားမ်ားၾကေသးတယ္။
ဒီတစ္ခါ ေတာ္ေတာ္အႀကီးအက်ယ္ပဲ။ မနက္က ဖုန္းတစ္လုံးဝင္ျပီးကတည္းကေန ျပႆနာစတတ္တာ။"
"......"
"ေနာက္ၿပီး အကိုေလးက ကိုႀကီးေအးထြန္းကို ဘီယာဗူးေတြေရာ၊ အရက္ပုလင္းေတြေရာ၊ ေဆးလိပ္ဗူးေတြေရာ၊ ေနာက္ၿပီးေတာ့ေလ ဟို..ဟိုဟာေတြေလ။ ပုတ္သင္ညိဳပံုနဲ႔ ဗူးေတြေရာ
သြားဝယ္ခိုင္းတာ။ ေဒၚေလးသီရိကေမးေတာ့ ဘာေျပာတယ္ထင္လဲ? မိန္းမေတြအမ်ားႀကီး ေခၚအိပ္မွာဆိုေတာ့ Aမကိုက္ေအာင္လို႔တဲ့"
"ဘာ!"
"ၾကည့္ရတာ ေဒၚေလးသီရိကို အရြဲ႔တိုက္မယ့္ပံုပဲ။
အကိုေလးက စိတ္တိုေနတဲ့အခ်ိန္ဆို တအားေၾကာက္ဖို႔ေကာင္းတာေလ၊ ကိုႀကီးလည္း သိတယ္မလား။ မနက္ကဆို အရမ္းေဒါသေတြႀကီးေနတာ။ ခဏၾကာမွၿငိမ္သြားၿပီး အဲ့ဒါေတြသြားဝယ္ခိုင္းေရာ"
မင္းခမွာ စိုးရိမ္စိတ္မ်ားႏွင့္အတူ ေဒါသစိတ္အနည္းငယ္ပါ ဝင္လာရသည္။ အခုေလးတင္ အရိပ္၏အေျကာင္းမ်ားသိၿပီး စိတ္ပင္ပန္းလာရသည့္အထဲ အိမ္ထဲဖင္ခ်မထိုင္ရေသး။ သတင္းဆိုးက အဆင္သင့္ေစာင့္ႀကိဳေနျပန္၏။
"က်စ္စ္! ေစာေစာကတည္းက မေျပာဘူး။"
မင္းခ အေပၚထပ္သို႔ ခပ္ျမန္ျမန္ပင္ တတ္လာလိုက္သည္။
မထံုတတ္ေတးႏွင့္ အရြဲ႔တိုက္ၿပီး မေကာင္းသည့္အရာမ်ားကို လုပ္မည့္အစား ကေလးတစ္ေယာက္လို မေက်နပ္သမ်ွ၊ စိတ္ထဲ႐ွိတာမွန္သမ်ွတို႔အား မ႐ွက္တမ္း ရင္ဖြင့္ေစခ်င္သည္။ အခုလိုနည္းနဲ႔ အရြဲ႔တိုက္ဆိုးသြမ္းျပမည့္္ အစီအစဥ္ကိုေတာ့ ဖ်က္ဆီးရလိမ့္မည္။
ခ်စ္ရသည့္သူအား လိမၼာေအာင္
ထိန္းသိမ္းေပးရမည့္တာဝန္ သူ႔တြင္႐ွိသည္။
ဘယ္သူ တစ္ဦးတစ္ေယာက္ဆီကမွ
အျပစ္တင္ ကဲ့ရဲ႕မႈမ်ားအား မခံရေစလို။
သြန္းအုပ္၏ အခန္းေ႐ွ႕အေရာက္ စာေမးပြဲမေျဖဘဲ အိမ္သို႔ျပန္လာသည့္ေန႔က ေဒၚသီရိႏွင့္ ျပႆနာတတ္တုန္းကလို သူ႔ကို ဖက္ထားခ်င္ေလဦးမလားဆိုသည့္ ကေလးဆန္ဆန္ ေမ်ွာ္လင့္ခ်က္က ဝင္လာသည္။
အရင္တစ္ခါကလို ငိုေနမယ္ထင္တယ္။
ေဒၚေလးနဲ႔ ျပႆနာျဖစ္လို႔ စိတ္ညစ္ေနလည္း ခင္ေထြး ေျပာသေလာက္ႀကီးေတာ့ အရြဲ႔တိုက္မွာ မဟုတ္ဘူးမလား။
ကိုကိုက အဲ့ေလာက္ဆိုးမယ့္သူ မဟုတ္ပါဘူး။
တစ္ေယာက္တည္း ဝမ္းနည္းေနမည့္သူက
ကိုယ့္ကိုလို၊မလိုမေသခ်ာေသာ္လည္း အနားတြင္႐ွိေနေပးခ်င္သည္။ ခ်စ္ရသူအား အားကိုးတႀကီးႏွင့္ ကိုယ့္ပုခံုးေပၚေခါင္းမွီရင္း
ရင္ဖြင့္ငိုေႂကြးပစ္ေစခ်င္သည္။
ကိုယ့္အေတြးႏွင့္ကိုယ္ အခန္းတံခါးမေခါက္မီ မင္းခက အက်ႌမ်ားကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္လိုက္သည္။
မ်က္ရည္ဝဲေနသည့္ မ်က္လံုးရြဲမ်ား၊ တုန္ရီေနသည့္ကိုယ္ေလးျဖင့္ ဖက္တြယ္လာမည့္သူအတြက္ ေသခ်ာမတ္မတ္ရပ္ထားမိ၏။ အားေပးရမည္အထင္နွင္႔ သူကအရင္ အားျပည့္ေနေအာင္ အသက္ဝဝ ႐ႈသြင္းထားလိုက္သည္။
တစ္ဆိတ္!
ထိုအရာမ်ားက သူျဖစ္ခ်င္ရာေတြေလ်ွာက္ေတြးၿပီး ရင္ခုန္ေန၍ စိတ္ၿငိမ္ေအာင္ ျပင္ဆင္ေနမိျခင္းလို႔ေတာ့ မသတ္မွတ္ေစခ်င္ပါ။
ေဒါက္! ေဒါက္!
"အကိုေလး ကြၽန္ေတာ္ဝင္ခဲ့လို႔ရမလား"
"......."
အခန္းထဲမွ မည္သည့္တုန္႔ျပန္သံမွ ထြက္မလာ။
ေလာခ့္ခ်မထားေသာေၾကာင့္ မင္းခ အလြယ္တကူပင္ အခန္းတံခါးအား တြန္းဖြင့္လိုက္သည္။
"အကိုေလး!"
"....."
ၾကမ္းျပင္ေပၚတြင္ ဘီယာဗူးခြံမ်ားအၾကား
ေခါင္းငိုက္စိုက္က်ေနသည့္ အမူးသမားက မင္းခ၏အသံကိုၾကားေတာ့ ေမွးစင္းေနျပီျဖစ္သည့္ မ်က္လံုးမ်ားကို အတင္းျပဴးျပဲၾကည့္သည္။ ထို႔ေနာက္ ယိုင္ထိုးယိုင္ထိုးႏွင့္ ထလာ၏။ မင္းခအနားသို႔ မေရာက္ေသးခင္ ေျခမခိုင္ဘဲ လဲဖို႔ဟန္ျပင္ေတာ့
မင္းခက ထိန္းေပးလိုက္ရေသးသည္။
ထိုင္ခံုေပၚတြင္ထိုင္ေစရန္ လိုက္ပို႔ေပးေတာ့ ထိုအမူးသမားက ထိုင္ခံုကိုေက်ာမီ၍ မထိုင္ဘဲ မင္းခကိုပါ အတင္းထိုင္ေစရန္ ဆြဲခ်ၿပီး မင္းခ၏ေပါင္ကိုေခါင္းအံုးလုပ္ကာ အမူးသမားပီပီ အာေလးလ်ွာေလးအသံႀကီးႏွင့္ ရစ္ေတာ္မူဇာတ္ထုတ္အား စခင္းေတာ့သည္။
"မင္းက ဘယ္ေတြသြားေနတာလဲ"
"....."
အမူးသမားအား စကားျပန္မေျပာခ်င္၍
မင္းခႏႈတ္ဆိတ္ေနလိုက္သည္။
"ငါ့ကိုက် အိမ္မွာ တစ္ေယာက္တည္းထားခဲ့ၿပီး မင္းကက် အျပင္မွာ အေလလိုက္ေနတာ ေပ်ာ္လား၊ ဟမ္"
"......"
"ေျဖေလ!"
"....."
စီးကရက္နံ႔၊ ဘီယာနံ႔၊ ေခြၽးနံ႔စသည့္အနံ႔ေပါင္းစံု
မႊန္ထူေနသည့္ ထိုအမူးသမားအားၾကည့္ရင္း စိတ္ပ်က္လက္ပ်က္ျဖင့္ မင္းခ သက္ျပင္းခ်လိုက္သည္။
"မင္းမ႐ွိေတာ့ အထီးက်န္ေနတာ..."
"....."
"သိမ္ငယ္မႈအမ်ားႀကီးနဲ႔..."
"....."
"မင္းမ႐ွိတဲ့ေန႔ေတြမွာ ငါတစ္ေယာက္တည္း
အားေတြငယ္ေနတာ..."
?????
ေနပါဦး။
အခုက စိုင္းစိုင္းသီခ်င္းကို ဆိုျပေနတာလား။
"ေန.မင္း.ခ!"
"....."
"ငါ့ကို ဘာလို႔မခ်စ္ၾကတာလဲ မင္းသိလား"
"....."
"ငါကperfect manႀကီးျဖစ္ေနလို႔!
ငါ့ကို မနာလိုေနၾကတာ"
"....."
"ညက ငါ့အိပ္မက္ထဲမွာ............................."
-
-
သြန္းအုပ္ ဘာေျပာေျပာ၊တံု႔ျပန္စကားတစ္ခြန္းမွမေျပာဘဲ သုန္သုန္မႈန္မႈန္မ်က္ႏွာထားျဖင့္ မင္းခက သူ႔ေပါင္ကို ေခါင္းအံုးလုပ္ေနသည့္ အမူးသမားသြန္းအုပ္ကိုသာ
စိတ္ညစ္စြာျဖင့္ ငံုၾကည့္ေနလိုက္သည္။
ပြစိပြစိႏွင့္ဘာေတြေျပာေနမွန္းမသိ၊ စကားမ်ားကလည္း အမူးသမားပီပီ ေတာင္ေရာက္ေျမာက္ေရာက္ႏွင့္ အဆက္အစပ္မ႐ွိ။
"ေန.မင္း.ခ!"
"......"
"မင္းအဖိုးႀကီးကိုေျပာလိုက္! အကိုေလးနဲ႔ေနက်န္ခဲ့မယ္လို႔။"
"......"
"အဲ့အဖိုးႀကီးက ဘာေကာင္ႀကီးမို႔လို႔ အာဏာျပေနတာလဲ၊ သတ္ပစ္မယ္ အဲ့အဖိုးႀကီးကို"
"....."
လက္သီးလက္ေမာင္းတန္း၍ ထိုစကားကိုေႂကြးေၾကာ္သည္။ ထို႔ေနာက္ အေပၚစီးမွ ငံု႔မိုး၍ ၾကည့္ေနသည့္ မင္းခ၏ မ်က္ႏွာအား လက္ႏွစ္ဖက္ျဖင့္ ဆြဲယူလိုက္ရင္း...
"စိတ္ဆိုးေနတာလား"
"....."
"တစ္ခါတစ္ေလေလး ေသာက္တာေလ။
ဆူခ်င္ေနတဲ့႐ုပ္ႀကီး မလုပ္ရဘူး။ လိမၼာတယ္"
"......"
"ငါ့ကေလးေလးက လိမၼာပါတယ္။ ေဟာ့ဒီက ကိုကိုႀကီးနဲ႔ပဲ ေနမွာမလား"
"....."
"ေနမယ္လို႔ေျပာေလ! အဲ့ဒါဆို အာဘြားေပးမယ္။ ဝူးးးး"
!!!
ကေလးေလး! ကိုကိုႀကီး!
ဒါဘယ္လို အသံုးအႏႈန္းေတြလဲ။
ေနာက္ၿပီး အာဘြားေတာင္ေပးဦးမယ္ဆိုပဲ။
ႏႈတ္ခမ္းေထာ္ကာ အာဘြားေပးမည့္ပံုလုပ္ျပေနေသာ
အရက္သမားတစ္ေယာက္၏ ျမႇဴဆြယ္မႈတြင္ မင္းခ က်႐ႈံးလုနီးနီးျဖစ္လာသည္။ ဆူဖို႔အားခဲထားသမ်ွက အရည္ေပ်ာ္က်လာ၏။ထိုအမူးပါးက ပါးနပ္လြန္းတာလားမသိ။ အဆူခံရမည္ကိုႀကိဳေတြးမိၿပီး မ်က္ႏွာခ်ိဳေသြးေနသည္ဟုပင္ မင္းခ ထင္မိသည္။
"ဘာလဲ ေသာင္းက်န္းခ်င္တိုင္းေသာင္းက်န္းၿပီး အဆူခံရမွာ စိုးေနတာလား။ ဒါမ်ိဳးလာလုပ္ျပလည္း အလကားပဲေနာ္။
ဒီလို ကူလီကူမာနည္းေတြသံုးျပလိုက္လို႔ ကြၽန္ေတာ္
စိတ္ေပ်ာ့သြားမယ္ထင္မေနနဲ႔။ စိတ္ညစ္တာအေၾကာင္းျပၿပီး ဒါမ်ိဳး လုပ္တာေတာ့ လက္မခံဘူး။"
အမူးသမားက ေသခ်ာမၾကား။ လက္ႏွစ္ဖက္ျဖင့္
ဆြဲယူထားသည့္ မင္းခ၏မ်က္ႏွာအား လႊတ္ေပးလိုက္သည္။ ထို႔ေနာက္ မင္းခ၏ေပါင္ေပၚတြင္ ေခါင္းအံုး၍ ပက္လက္လွန္ေနရာမွ ခႏၶာကိုယ္အား ေစာင္းလိုက္ေတာ့ မင္းခ၏ရင္ဘက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္သြားသည္။
လက္ကအၿငိမ္မေန။ မင္းခ၏ အက်ႌေအာက္ဘက္
ခါးေနရာမွ လက္လ်ိဳဝင္ကာ မင္းခ၏ရင္ဘက္အား ပြတ္သက္ေနျပန္သည္။ ပါးစပ္ကလည္း အၿငိမ္ေနသည္မဟုတ္။ တႁပြတ္ႁပြတ္ႏွင့္
အက်ႌစကို စုပ္ေန၏။
!!!!
မင္းခကေတာ့ စိတ္လည္းတို၊ရင္လည္းခုန္ႏွင့္
ထိုင္ငိုခ်င္စိတ္ေပါက္လာသည္။ အမူးသမားအား စိတ္႐ွိလက္႐ွိ ကိုင္ေဆာင့္ပစ္ခ်င္လာသည္။
"ငါနဲ႔ မေနခ်င္ဘူးလား"
"အခုလိုဆိုးေနရင္ မေနဘူး။"
"ဘာ!!"
ထိုအမူးသမားက အသံျပဲႀကီးႏွင့္ အာေမဋိတ္သံျပဳသည္။
"ငါကမိန္းမယူမွာ။ မင္းသြားတာနဲ႔ ငါ့ကိုျပဳစုမယ့္သူ
မ႐ွိမွာစိုးလို႔ မိန္းမ႐ွာယူေတာ့မွာ။ မင္း အဲ့ဒါနားလည္လား"
"ေလ်ွာက္ေျပာမေနနဲ႔။ အိပ္ဖို႔လုပ္ေတာ့"
"......"
"ထ! အိပ္ရာေပၚလိုက္ပို႔ေပးမယ္"
"ေမျကီး! သားသားဗိုက္ဆာတယ္"
"......."
"သားကို ေခ်ာ့သိပ္"
"......"
စကားႏွင့္ေျပာေနလ်ွင္လည္း နားမလည္မည့္ ထိုငမူးအား ဆက္မေျပာေတာ့။ ေပြ႔ခ်ီ၍ကုတင္ေပၚတင္ေပးရန္
ျပင္လိုက္သည္။
!!!!!
ဘယ္တုန္းက အဲ့ေလာက္ထြားလာတာလဲ။
လူၾကည့္ေတာ့ ဒီေလာက္အေလးခ်ိန္စီးမယ္ကို မထင္ရဘူး။
ကေလးတုန္းကလို ညႇက္စိေလးမဟုတ္ေတာ့သည့္
သြန္းအုပ္ကို ေပြ႔ခ်ီဖို႔ဆိုသည္မွာ ထင္သေလာက္ေတာ့မလြယ္။ မင္းခ အံႀကိတ္ကာ အသက္ဝဝ႐ႈလိုက္ၿပီး ပ်င္းတိပ်င္းရြဲငမူးအား မႏိုင့္တႏိုင္ျဖင့္ မခ်ီလိုက္သည္။
ကုတင္ေပၚကို ခ်ေပးလိုက္ေတာ့ ကိုယ္ပါအ႐ွိန္လြန္ၿပီး
ငမူးအေပၚတြင္ ထပ္လ်က္သားက်၏။ စိတ္တိုေနရင္းကပင္ ရင္ခုန္ႏႈန္းကလည္းျမန္ေနၿပီမို႔ ေဒါသတႀကီးႏွင့္ဆြဲမနမ္းမိခင္ ေ႐ွာင္တိမ္းရန္ ႀကိဳးစားသည္။ သို႔ေသာ္ ထိုငမူးက အလိ္ုက္ကမ္းဆိုးမသိလွစြာျဖင့္ မလႊတ္တမ္း
ဖက္တြယ္ထားျပန္သည္။
"အသဲေလးက ဘယ္ကိုသြားခ်င္ေနတာလဲ"
"......"
" ကိုႀကီးေဘးမွာ တစ္ညအေဖာ္ျပဳေပးေလ။
မုန္႔ဖိုးအမ်ားႀကီးေပးမယ္။"
"......."
"တစ္ခါတည္းပါ။ ဗိုက္မႀကီးေစရဘူး။"
wtf!!
"ဘယ္ကမိန္းမေတြနဲ႔ လာမွားေနတာလဲ။ မူးေနရင္ အိပ္ေတာ့။ ေပါက္ပန္းေလးဆယ္ေတြ ေလ်ွာက္ေျပာမေနနဲ႔!"
"အသဲေလး!"
က်စ္စ္!
ဖက္ထားသည့္ ထိုလက္မ်ားအား အတင္းဆြဲဖယ္လိုက္သည္။ ထိုငမူးက ႐ိုး႐ိုးငမူးမဟုတ္ဘဲ ႏွာဘူးငမူးျဖစ္ေန၍
ပိုၿပီး စိတ္တိုလာ၏။ ကိုယ့္ထက္အသက္ႀကီးသည့္ ကိုယ့္bossမဟုတ္ဘဲ အသက္ငယ္သည့္ သာမန္ေကာင္ေလးတစ္ေယာက္သာ ျဖစ္ေနပါလ်ွင္ ထိုငမူးအား စိတ္႐ွိသေလာက္ အျပစ္ေပးပစ္မိေနေလာက္ၿပီ ထင္သည္။
သြန္းအုပ္ကို ကုတင္ေပၚ၌သိပ္ထားခဲ့ၿပီးေတာ့ ပြစာၾကဲေနသည့္ ဗူးခြံ၊ ပုလင္းခြံအမႈိက္မ်ားအား ႐ွင္းလင္းလိုက္သည္။ ေရပတ္တိုက္ၿပီး
အက်ႌလဲေပးရန္ သြန္းအုပ္၏ခႏၶာကိုယ္အား
အနည္းငယ္မတ္ေအာင္ထူလိုက္သည္။
ေဝါ့....!
!!!!
က်စ္စ္! လုပ္ခ်လိုက္ျပန္ၿပီဗ်ာ...
ယမကာလုလင္ပီသစြာ ေသာက္စားထားသမ်ွက
အန္ဖက္ဆို႔ေလသည္။ သို႔ေသာ္ ႐ိုး႐ိုးဆို႔ျခင္းမဟုတ္။ မင္းခ၏ ကိုယ္ေပၚသို႔ အားမနာလ်ွာမက်ိဳး အန္ခ်လိုက္ျခင္းပင္။
မင္းခမွာ ေရခ်ိဳးခန္းထဲသို႔ အရင္ေျပးရျပန္သည္။
သြန္းအုပ္ေၾကာင့္ ညစ္ပတ္သြားသည့္ အက်ႌေပၚ႐ွိ အညစ္အေၾကးမ်ားအား ေရႏွင့္အၾကမ္းေဆးခ်လိုက္သည္။ ထို႔ေနာက္ အက်ႌအားခြၽတ္ကာ ေျခ၊လက္မ်ားကိုပါ ေဆးေၾကာၿပီး ေရလဲပုဆိုးတစ္ထည္အားဝတ္၍ ျပန္ထြက္လာခဲ့သည္။
ထိုငမူးက သူ႔ေၾကာင့္ ညစ္ပတ္သြားေသာ
အဝတ္အစားေတြအစား သူ႔အက်ႌတစ္စံုေလာက္ေလးေတာ့ ျပန္ေလ်ာ္ေပးရန္ ကပ္ေစးနည္းလိမ့္မည္မဟုတ္ဟုထင္သည္။ အမူးေျပခ်ိန္က်ရင္ ဆူမွာမဟုတ္ဟုေတြးကာ အဝတ္စင္ေပၚ႐ွိ သြန္းအုပ္၏ တီ႐ွပ္အေဟာင္း ခပ္ႀကီးႀကီးတစ္ထည္ႏွင့္ ပုဆိုးအေဟာင္း တစ္ထည္အား ယူဝတ္လိုက္သည္။
သြန္းအုပ္ကုိေပြ႔ခ်ီၿပီး ႏွစ္ေယာက္ထိုုင္ ဆိုဖာခံုေပၚ
ခဏခ်ေပးထားလိုက္သည္။ ထို႔ေနာက္ ညစ္ပတ္သြားၿပီျဖစ္သည့္ ကုတင္ေပၚက အိပ္ရာခင္းႏွင့္ ေစာင္၊ေခါင္းအံုးမ်ားအား ေရခ်ိဳးခန္းထဲသို႔ ေလ်ွာ္ရန္ပို႔သည္။ အိပ္ရာခင္းကအစ ေစာင္၊ ေခါင္းအံုးမ်ားပါမက်န္ အကုန္အသစ္လဲၿပီးခ်ိန္၌ သြန္းအုပ္ဆီလာရျပန္သည္။
ညစ္ပတ္နံေစာ္ေနသည့္ အက်ႌအား
အရင္ဆံုးခြၽတ္ေပးရသည္။ ေဘာင္းဘီကိုလဲဖို႔ရန္အတြက္ ပုဆိုးတစ္ထည္အား အရင္ဝတ္ေပးရသည္။ ထို႔ေနာက္ အနံ႔ေပါင္းစံုႀကိဳင္လႈိင္ေနသည့္ အမူးသမား၏ တစ္ကိုယ္လံုးအား ေရပတ္တိုက္ေပးရသည္။
အက်ႌ၊ေဘာင္းဘီ ဝတ္ေပးခ်ိန္ကေတာ့ အခက္ခဲဆံုးပင္။ ခႏၶာကိုယ္မွာ အ႐ိုးမ႐ွိသလို အပ်င္းႀကီးစြာျဖင့္
မွီတြယ္ထားရံုသာမက လက္ေျမႇာက္ရန္၊လက္လ်ိဳရန္ဟူသည့္ အလုပ္ေလးမ်ားကိုလုပ္ရန္ပင္ ေခါင္းမမတ္ႏိုင္ေတာ့သည့္ ငမူးအား စိတ္႐ွည္႐ွည္ထားကာ ဆယ္မိနစ္နီးပါးေလာက္အခ်ိန္ယူၿပီး အက်ႌေဘာင္းဘီ ဝတ္ေပးရသည္။
သန္႔ျပန္႔သြားၿပီျဖစ္ေသာ သြန္းအုပ္အား
တတိယအျကိမ္ေျမာက္ ျပန္ေပြ႔ခ်ီရင္း အိပ္ရာကုတင္ေပၚတင္ေပးကာ ေစာင္ေလးကိုပါ ဆြဲျခံဳေပးလိုက္သည္။ အခန္းျပင္သို႔ ျပန္မထြက္ခင္ ကုတင္ေပၚတြင္ တင္ပါးလႊဲထိုင္ရင္း အိပ္ေပ်ာ္ေနသည့္ အရက္သမားေလး၏မ်က္ႏွာကို တစိမ့္စိမ့္ထိုင္ၾကည့္ ေနျဖစ္သည္။
ဘာလို႔မ်ား
တစ္ေန႔တစ္ေန႔ မ႐ိုးနိုင္ေအာင္
နည္းမ်ိဳးစံုနဲ႔ ဆိုးေနရတာလဲ ကိုကို။
စိတ္ညစ္ေနတာေတြ႐ွိမွန္းသိေသာ္လည္း ရင္ဖြင့္ေလ့မ႐ွိသူမို႔
ကိုယ္ကလည္း ဘာလုပ္ေပးရမည္ကိုေသခ်ာမသိ။အိပ္ေပ်ာ္ေနသည့္သူအား ေသခ်ာျကည့္ေနမိစဥ္ မွိတ္ထားသည့္မ်က္လံုးေလးမ်ားက အနည္းငယ္ လႈပ္႐ွားလာသည္။ ႏႈတ္ကလည္း တတြတ္တြတ္ႏွင့္ ဘာေတြေရရြတ္ေနသည္မသိ။
ေသခ်ာ အာရံုစိုက္၍ နားေထာင္ၾကည့္ေတာ့...
"အဟင့္! သားကိုလာေခၚပါ။
သားေၾကာက္တယ္ ေမလြန္း။
သားကိုမထားခဲ့ပါနဲ႔ အဟင့္!"
ဗလံုးဗေထြးႏွင့္ ေယာင္ရမ္း၍ေျပာေနသည့္
စကားမ်ားျဖစ္ေသာ္ျငား မင္းခေသခ်ာနားလည္လိုက္သည္။ အိပ္မက္ထဲ၌ စိတ္လႈပ္႐ွားေျကာက္ရြံ႔ေန၍ထင္သည္။
အနီး႐ွိ ကိုယ့္အက်ႌစေလးကိုပါ ခပ္တင္းတင္း လာဆုပ္ကိုင္ရင္း ႐ႈိက္သံမ်ားပင္ပါလာသည္။
အိပ္မက္ထဲ၌ ဘာကိုေၾကာက္လန္႔ေနမွန္းမသိသည့္ ေကာင္ေလးအား စိတ္သက္သာရာရေစရန္အလို႔ငွါ နဖူးေလး ကို ခပ္ဖြဖြအနမ္းတစ္ခုေပးလိုက္ရင္း...
ကြၽန္ေတာ္တစ္ေယာက္လံုး ေဘးမွာ႐ွိေနေပးမွာမလို႔
ဘာကိုမွ မေၾကာက္ပါနဲ႔ ကိုကို။
-
-
သြန္းအုပ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခ်ိန္တြင္
ည႐ွစ္နာရီခြဲပင္႐ွိေနၿပီျဖစ္သည္။ ေအာက္သို္႔ျပန္ဆင္းကာ ထမင္းစားရန္ စဥ္းစားလိုက္မိေသာ္လည္း ညစ္ပတ္နံေစာ္ေနသည့္ သြန္းအုပ္၏ အဝတ္အစားမ်ားႏွင့္ အိပ္ရာခင္း၊ေစာင္မ်ားကို ေလ်ွာ္ဖို႔က႐ွိေနျပန္သည္။
အိမ္သန္႔႐ွင္းေရးလုပ္ရန္ႏွင့္
အဝတ္ေလ်ွာ္ရန္အတြက္ အမ်ိဳးသမီးတစ္ဦးက ေန႔တစ္ဝက္အလုပ္လာဆင္းေသာ္လည္း ကိုယ့္လူအား တျခားတစ္ေယာက္၏အျမင္တြင္ အရက္ေသစာ
ေသာက္စားမူးယစ္ေနသူဟုျမင္ကာ အထင္ေသးမည္ကို စိုးရိမ္၍ ကိုယ္တိုင္ပင္ေလ်ွာ္ေပးရန္ျပင္လိုက္သည္။
-----------------
"အလုပ္ကို ေသေသခ်ာခ်ာ မလုပ္ၾကဘူး။ အကုန္ အလုပ္ျဖဳတ္ခံခ်င္ေနတာလား ဟမ္"
"....."
"အေလအလြင့္စာရင္းေတြကလည္း
တျဖည္းျဖည္းမ်ားလာတယ္။ ငါေနရာတကာ လိုက္ေျပာေနရမွာလား"
"ကြၽန္မတို႔ ေနာက္က်ရင္ ဂ႐ုစိုက္ပါ့မယ္"
ေဒၚသီရိ စိတ္အလိုမက်စြာျဖင့္ ထိုစာရင္းကိုင္မေလးအား ၾကည့္လိုက္ၿပီး ဆက္မဆူေတာ့ဘဲ စိတ္ေလ်ွာ့ကာ
ေနရာသို႔ျပန္သြားလို႔ရၿပီျဖစ္ေၾကာင္း ေမးေငါ့ျပလိုက္သည္။
ေန႔လည္က သြန္းေလးႏွင့္ စကားမ်ားၿပီးကတည္းက
ေဒၚသီရိ ျမင္သမ်ွအရာတိုင္းအား စိတ္တိုစိတ္ဆက္ေနသည္။
ေန့လည္က ဧည့္ခန္းအတြင္း၌ရွိေနစဥ္ တယ္လီဖုန္းဝင္လာ၍ ဖုန္းထေျဖရန္ျပင္လိုက္သည္။ တစ္ဆက္တည္း ခ်ိတ္ဆက္ထားသည္႔ အေပၚထပ္႐ွိအိမ္ဖုန္းကို သြန္းေလးကိုင္ေနၿပီျဖစ္၍ ဖုန္းခ်မည္အျပဳ ဘယ္လိုမွ မထင္မွတ္ထားး 'လြန္းမိုးသား'ဟူသည့္ နာမည္ေလးအား ဖုန္းထဲမွတဆင့္ ၾကားလိုက္ရတာေၾကာင့္...
ျပႆနာမ်ားက ထိုမွစခဲ့သည္။
"မင္းက အေလ်ွာ့ေပးထားလို႔ ေရာင့္တတ္ေနတာလား သြန္းေလး။ ဘာမွ လိုေလေသးမ႐ွိ ေနေနရတာေတာင္ အရင္ကကိစၥေသးေသးကို ပံုႀကီးေတြခ်ဲ့ၿပီး မျပီးနိုင္မစီးနိုင္ ငိုခ်င္းေတြခင္းမေနစမ္းနဲ႔!"
"ဟားးးးး! ေတာ္ေတာ္ရယ္ရတဲ့ ျပက္လံုးပဲ။
ေမလြန္းေၾကာင့္ ကြၽန္ေတာ့္မိဘေတြေသတယ္!
ကြၽန္ေတာ့္ကိုေခြးတစ္ေကာင္လို ပစ္သြားတယ္!
ဘာလဲ ကြၽန္ေတာ္က ေမ့သြားၿပီထင္ေနတာလား။ မ်က္ႏွာေျပာင္တိုက္ၿပီး ေမလြန္းမလို႔ ေျပာထြက္တယ္"
"အဲ့အတြက္ ငါ့ကိုယ္ငါအျပစ္႐ွိတယ္ထင္လို႔
ငါ သူတို႔ကိုစြန္႔လႊတ္ၿပီး မင္းဒီအရြယ္ထိေရာက္ေအာင္ ေစာင့္ေ႐ွာက္လာခဲ့ၿပီးၿပီ"
"အဟက္! ေက်ၿပီထင္ေနတာလား ေမလြန္း။
ခုခ်ိန္ထိ သူ႔တို႔ကို ေမလြန္း တကယ္မစြန္႔လႊတ္ႏိုင္ေသးပါဘူး။ ကြၽန္ေတာ့္နားကေနအျမန္ဆံုးနည္းနဲ႔ ထြက္သြားခ်င္ေနတာ! ခုနကပဲၾကည့္ေလ။"
"......"
"စိတ္ခ်! ကြၽန္ေတာ္စိတ္႐ႈပ္ခံၿပီး ေမလြန္း စိတ္ညစ္ေနေအာင္
အျမဲတမ္း လုပ္ေနဦးမွာ။ ေသခ်င္စိတ္ေပါက္လာရင္ေတာင္ ကြၽန္ေတာ့္နားမွာပဲ စိတ္ညစ္ၿပီးေသလိုက္ေတာ့!"
တျဖည္းျဖည္း အသက္ႀကီးလာေလ၊ စကားလံုးမ်ားက
ရင့္သီးလာေလ။ သြန္းေလး အေတာ္အသင့္လိမၼာေနခ်ိန္က်မွ သားေလးက ဆက္သြယ္ေနျပန္သည္။
သားေလးကေရာ ဘာရည္ရြယ္ခ်က္နဲ႔ သြန္းေလးကို ဆက္သြယ္ေနတာလဲ။ ေနာက္ၿပီး ေသြးသားေတာ္စပ္တာကို ေရာ? ႏွစ္ေယာက္စလံုး မသိခဲ့ၾကေသးတာလား။
သြန္းေလးစြပ္စြဲေနသလို တမင္ေႏွာင့္ယွက္ေနတာမ်ိဳး
မဟုတ္ဘူးလို႔ ေမလြန္းကိုေျပာပါသားရယ္။
-
-
"ဟယ္လို"
"......"
"ငါ့ကို ေကာင္ေလးတစ္ေယာက္အေၾကာင္း စံုစမ္းေပးပါ။"
"......"
"နာမည္က လြန္းမိုးသား။ အသက္က သြန္းေလးထက္
ေလး၊ ငါးႏွစ္ေလာက္ငယ္မယ္။ "
"......"
"အင္း! ငါစိတ္ခ်မယ္"
-------------------
ညဆယ့္တစ္နာရီခြဲ...
အမူးသမားက အမူးမေျပေသးဘူးထင္သည္။
ည႐ွစ္နာရီေက်ာ္၊႐ွစ္နာရီခြဲကတည္းက အခ်ိန္အခါမဟုတ္ဘဲ အိပ္ေနတာမို႔ ညစာမစားရေသး။ ခင္ေထြးကို
ေသခ်ာေမးၾကည့္ေတာ့ ေန႔လည္စာမစားခင္ ျပႆနာတတ္သည္ဆိုတာေၾကာင့္ ေန႔လည္စာပါ စားရေသးမည့္ပံုမေပၚ။
သြန္းအုပ္ကုိ အိပ္ရာကႏႈိးၿပီး ထမင္းေကြၽးရန္
အေပၚထပ္သို႔ မင္းခ ျပန္တက္လာခဲ့သည္။
ထမင္း၊ဟင္းပန္းကန္မ်ားအား လင္ပန္းႏွင့္ ေသေသခ်ာခ်ာထည့္ယူလာၿပီး အမူးေျပႏိုင္သည္ဟုေတြးမိေသာ သံပုရာရည္တစ္ခြက္ကိုပါ ေဖ်ာ္လာလိုက္သည္။
"အကိုေလးး အကိုေလးး ထေတာ့။"
"......"
"ခဏထဦး။ ၿပီးမွ ျပန္အိပ္။ အစာမ႐ွိရင္
ဗိုက္ေအာင့္ေနလိမ့္မယ္"
"......"
ေျခေထာက္ေလးကို အနည္းငယ္ကိုင္လႈပ္ႏႈိးေတာ့
အိပ္ရာကႏိုးလာသည္။ သို႔ေသာ္ ႐ွင္း႐ွင္းလင္းလင္း အမူးေျပေသးသည့္ပံုမေပၚ။ အခန္းပတ္လည္ကို က်ီးၾကည့္ေၾကာင္ၾကည့္ၾကည့္ၿပီး ျပန္လွဲအိပ္ရန္ ဟန္ျပင္ေတာ့...
"ဟာ! ျပန္မအိပ္နဲ႔ေလ။ ဒီမွာ ထမင္းစားလိုက္ပါဦးဆို"
"....."
႐ႈတည္တည္ျပန္ၾကည့္ၿပီး ထမင္းထစားသည္။
ေခါင္းမၾကည္၍ထင္သည္။ သံပုရာရည္ခြက္ကိုပါ မင္းခေျပာစရာမလိုဘဲ ယူေသာက္လိုက္ေသးသည္။ ထို႔ေနာက္ ထမင္းစားေနရင္းမွ..
"အခန္းက မင္းလာ႐ွင္းသြားတာလား"
"ဟုတ္"
"ငါ့ပစၥည္းေတြေရာ"
သြန္းအုပ္ ဘာပစၥည္းေတြကို ေမးမွန္းသိေသာ္လည္း မင္းခက မသိဟန္ေဆာင္၍...
"ဘာပစၥည္းေတြလဲ အကိုေလး"
သြန္းအုပ္က မယံုသလို မ်က္ေမွာင္က်ံဳ႕သြားၿပီး...
"မင္းငါ့ကို အေၾကာင္လာမ႐ိုက္နဲ႔! သြားျပန္ယူ!"
"အကိုေလးး"
"....."
"ေဒၚေလးနဲ႔ ဘာအတြက္ျပႆနာတတ္တယ္ဆိုတာေတာ့ ကြၽန္ေတာ္မသိဘူး။ ဒါေပမယ့္ ဘာျပႆနာေျကာင့္ပဲျဖစ္ျဖစ္ အခုလို အရြဲ႔တိုက္ေနရင္ အရင္ဆံုးနစ္နာမွာ
အကိုေလးကိုယ္တိုင္ပဲ။ "
"ငါ့ေ႐ွ႕ကို ဘီယာဗူး၊ေဆးလိပ္ဗူး၊အရက္ပုလင္း၊
ကြန္ဒံုးကမက်န္ တစ္ခုမွမေလ်ာ့ဘဲျပန္ယူလာခဲ့!"
"အကိုေလး!"
ခုနကလို မူးေနတုန္းကႏွင့္ နည္းနည္းေလးမွပင္ မတူေတာ့သည့္ သြန္းအုပ္အား မင္းခစိတ္မ႐ွည္စြာျဖင့္ ေလသံခပ္တင္းတင္းျဖင့္ ေအာ္လိုက္မိသည္။ သြန္းအုပ္က မေက်နပ္သလို မ်က္လံုးလွန္ၾကည့္ရင္း...
"မင္းက ဘာေကာင္မို႔လို႔ ငါ့ကိုလာတားေနတာလဲ"
!!!!
ဒီအသံ၊ ဒီအၾကည့္၊ ဒီစကားလံုးမ်ား။
အခ်ိန္အေတာ္ၾကာ ေပ်ာက္ေနခဲ့ၿပီျဖစ္သည့္
ဗီဇစ႐ိုက္ကျပန္ေပၚလာသည္။
"အကိုေလးအျမင္မွာ ကြၽန္ေတာ္ဘာေကာင္ပဲျဖစ္ေနေန ကြၽန္ေတာ္စိတ္မဝင္စားဘူး။ အေရးႀကီးတာက အကိုေလး မေကာင္းတာေတြလုပ္ေနရင္ အကိုေလးႀကိဳက္ႀကိဳက္၊ မႀကိဳက္ႀကိဳက္ တားဖို႔ပဲ။ လမ္းမွားေရာက္မွာစိုးလို႔
တားေနတာ။ ကြၽန္ေတာ့္ေစတနာကို နားလည္ပါ အကိုေလးရာ"
"မင္းက ငါ့ကို ဘာလို႔ေစတနာလာထားေနတာလဲ"
ခ်စ္လို႔ေလ...
အရမ္းခ်စ္လြန္းလို႔....
ရင္ထဲက ထိုစကားမ်ားအား ေျပာလို႔မျဖစ္သည္မို႔..
"ကြၽန္ေတာ့္အစ္ကိုတစ္ေယာက္လို သေဘာထားလို႔။
ကြၽန္ေတာ္တို႔က ညီအကိုေတြလို ရင္းႏွီးေနၿပီပဲ။ ေစတနာနဲ႔ ေျပာေနတာမလို႔...."
ခလြမ္!
မင္းခ ေျပာလက္စ စကားမဆံုးခင္ သြန္းအုပ္၏
စားလက္စထမင္းပန္းကန္က ၾကမ္းျပင္ေပၚ၌ အစိတ္စိတ္အမႊာမႊာအျဖစ္သို႔ ခ်က္ခ်င္းေျပာင္းသြားသည္။ ေဒါသတႀကီးႏွင့္ မင္းခ၏ အက်ႌေကာ္လံစအား ေဆာင့္ဆြဲလိုက္ၿပီး..
"ငါ့မွာ ဘာညီမွမ႐ွိဘူး!! ဘယ္သူ႔အစ္ကိုမွလည္း မဟုတ္ဘူး!! ငါ့အေဖနဲ႔အေမက ငါ့တစ္ေယာက္တည္း ေမြးခဲ့တာ!! နားလည္လား ဟမ္!"
"......"
ဘာမဟုတ္သည့္စကားေလးအား ေရးႀကီးခြင္က်ယ္လုပ္၍ ေဒါသေတြစြတ္ႀကီးေနသည့္သူကိုၾကည့္ရင္း
မင္းခအံ့ျသရင္နာရသည္။ သူထင္ေနသလို ကိုကိုကသူ႔ကို မခ်စ္ဘူးထင္ပါသည္။
"သြန္းေလးရဲ႕ညီေလးကို သြားမၾကည့္ခ်င္ဘူးလား။
အသား ျဖဴျဖဴ၊ဝဝကစ္ကစ္ေလးတဲ့။ ေမလြန္းနဲ႔ သြားၾကမယ္ေနာ္"
"ကြၽန္မသားမွာ ဘာအေဖာ္မွ႐ွိစရာမလိုဘူး။
အဲ့ကေလးကို ေမြးၿပီးရင္လည္း ကြၽန္မအိမ္မွာ လံုးဝမထားႏိုင္ဘူး။ သား! သြန္းေလး ေမႀကီးေျပာတာ ေသခ်ာမွတ္ထား! သားက တစ္ဦးတည္းေသာသား။
သားမွာ ဘာညီမွမ႐ွိသလို ဘာအစ္ကိုမွလည္းမ႐ွိဘူး။ ၾကားလား သား"
ထိုစကားမ်ားကိုသာ နားထဲ၌ တဝဲလည္လည္
ျပန္ၾကားေနမိ၍ အဆင္မေျပ။
"သြား! ငါ့ဟာေတြ သြားျပန္ယူ!"
"မယူေပးႏိုင္ဘူး။ အကိုေလး စိတ္ကိုေအးေအးေဆးေဆး ထားပါ။ ေသြးပူေနတုန္း မဟုတ္တာေတြ ေလ်ွာက္လုပ္မေနနဲ႔။ ျပန္အိပ္လိုက္ေတာ့ေနာ္"
မင္းခက ေလသံေအးေအးႏွင့္ ေခ်ာ့ေျပာေသာ္လည္း...
"ငါ့ကို ဟိုဟာမလုပ္နဲ႔ ဒီဟာလုပ္! ငါ့ပစၥည္းေတြကို
ငါ့ခြင့္ျပဳခ်က္မ႐ွိဘဲ ယူသြားခ်င္သလိုယူသြား!
ငါ စည္းကမ္းမတင္းက်ပ္တာၾကာလို႔ ငါနဲ႔ရင္းႏွီးသြားၿပီအထင္နဲ႔ မင္းက မင္းကိုယ္မင္း အထင္ႀကီးေနပံုပဲ။ ဘဝေမ့ေနတယ္ ဆိုေတာ့လည္း ငါကပဲသတိရေအာင္ ေျပာျပေပးရေသးတာေပါ့"
"......"
မင္းခ၏ အံ့ျသတုန္လႈပ္မႈတို႔ ျပည့္လ်ွန္းေနသည့္ မ်က္လံုးမ်ားအား ေသခ်ာစိုက္ၾကည့္လိုက္ရင္း...
"ငါေပးတာယူ ေကြၽးတာစားၿပီး ငါခိုင္းတာလုပ္ေနရတဲ့
မင္းက ငါ့ကြၽန္တစ္ေယာက္ဆိုတာထက္မပိုဘူး!
အဲ့ေတာ့ ငါ့ေ႐ွ႕မွာ ေ-ာက္ဆရာႀကီးအခ်ိဳးမ်ိဳး လာမခ်ိဳးနဲ႔!"
!!!!
ရက္စက္စြာေျပာေလ့႐ွိျပီး အဆင့္အတန္းခြဲျခားလြန္းသည့္ ထိုလူ၏ဝိဥာဥ္အစစ္က အခ်ိန္တစ္ခုၾကာ
အိပ္ေပ်ာ္ေနခဲ့ရာက အခုမွျပန္နိုးလာျခင္း ျဖစ္လိမ့္မည္ထင္သည္။
ေျပာခ်င္တာေျပာၿပီး အခန္းထဲ႐ွိ ပစၥည္းမ်ားအား
ကန္ေၾကာက္႐ိုက္ခြဲကာ ဖ်က္လိုဖ်က္ဆီးလုပ္၍ ေသာင္းက်န္းေနသည့္ သူအားမတားျဖစ္။ တစ္ေနကုန္စိတ္ေရာ၊ လူေရာပင္ပန္းထားသည့္သူ႔အား ထိုစကားလံုးမ်ားက နွလံုးသားကို ဓားထက္ထက္ႏွင့္
တဆစ္ခ်င္းထိုးသြင္းကာ အညႇင္းဆဲခံလိုက္ရသည့္ႏွယ္။
-
-
အခ်ိန္အေတာ္ၾကာ လိမၼာေနခဲ့ၿပီးမွ ႐ုတ္တရက္
ဆိုးသြမ္းလြန္းေနသည့္သူအား နားလည္ေပးႏိုင္ရန္ မႀကိဳးစားဘဲ မွားယြင္းစြာ အထင္လြဲခဲ့မိသည္က
"ကိုကို ဘာမွမေျပာင္းလဲသြားခဲ့ဘူးပဲ"
****************tbc
29.May.22
[Unicode]
"ခင်ထွေးး အကိုလေးရော"
"သူ့အခန်းထဲမှာ ရှိမှာပေါ့"
"ငါ့ကိုမေးသေးလား"
"မမေးပါဘူး။"
နဂိုကတည်းက မကြည်လင်သည့် မင်းခ၏မျက်နှာက
ပို၍မသာမယာဖြစ်သွားသည်။ အပေါ်ထပ်သို့တက်ရန် ခြေလှမ်းပြင်ပြီးမှ မတက်တော့ဘဲ ကိုယ့်အခန်းထဲ ကိုယ်ဝင်ရန်ပြင်လိုက်သည်။ ထိုအခါကျမှ ခင်ထွေးက...
"ဒေါ်လေးသီရိနဲ့တော့ စကားများကြသေးတယ်။
ဒီတစ်ခါ တော်တော်အကြီးအကျယ်ပဲ။ မနက်က ဖုန်းတစ်လုံးဝင်ပြီးကတည်းကနေ ပြဿနာစတတ်တာ။"
"......"
"နောက်ပြီး အကိုလေးက ကိုကြီးအေးထွန်းကို ဘီယာဗူးတွေရော၊ အရက်ပုလင်းတွေရော၊ ဆေးလိပ်ဗူးတွေရော၊ နောက်ပြီးတော့လေ ဟို..ဟိုဟာတွေလေ။ ပုတ်သင်ညိုပုံနဲ့ ဗူးတွေရော
သွားဝယ်ခိုင်းတာ။ ဒေါ်လေးသီရိကမေးတော့ ဘာပြောတယ်ထင်လဲ? မိန်းမတွေအများကြီး ခေါ်အိပ်မှာဆိုတော့ Aမကိုက်အောင်လို့တဲ့"
"ဘာ!"
"ကြည့်ရတာ ဒေါ်လေးသီရိကို အရွဲ့တိုက်မယ့်ပုံပဲ။
အကိုလေးက စိတ်တိုနေတဲ့အချိန်ဆို တအားကြောက်ဖို့ကောင်းတာလေ၊ ကိုကြီးလည်း သိတယ်မလား။ မနက်ကဆို အရမ်းဒေါသတွေကြီးနေတာ။ ခဏကြာမှငြိမ်သွားပြီး အဲ့ဒါတွေသွားဝယ်ခိုင်းရော"
မင်းခမှာ စိုးရိမ်စိတ်များနှင့်အတူ ဒေါသစိတ်အနည်းငယ်ပါ ဝင်လာရသည်။ အခုလေးတင် အရိပ်၏အကြောင်းများသိပြီး စိတ်ပင်ပန်းလာရသည့်အထဲ အိမ်ထဲဖင်ချမထိုင်ရသေး။ သတင်းဆိုးက အဆင်သင့်စောင့်ကြိုနေပြန်၏။
"ကျစ်စ်! စောစောကတည်းက မပြောဘူး။"
မင်းခ အပေါ်ထပ်သို့ ခပ်မြန်မြန်ပင် တတ်လာလိုက်သည်။
မထုံတတ်တေးနှင့် အရွဲ့တိုက်ပြီး မကောင်းသည့်အရာများကို လုပ်မည့်အစား ကလေးတစ်ယောက်လို မကျေနပ်သမျှ၊ စိတ်ထဲရှိတာမှန်သမျှတို့အား မရှက်တမ်း ရင်ဖွင့်စေချင်သည်။ အခုလိုနည်းနဲ့ အရွဲ့တိုက်ဆိုးသွမ်းပြမည့် အစီအစဉ်ကိုတော့ ဖျက်ဆီးရလိမ့်မည်။
ချစ်ရသည့်သူအား လိမ္မာအောင်
ထိန်းသိမ်းပေးရမည့်တာဝန် သူ့တွင်ရှိသည်။
ဘယ်သူ တစ်ဦးတစ်ယောက်ဆီကမှ
အပြစ်တင် ကဲ့ရဲ့မှုများအား မခံရစေလို။
သွန်းအုပ်၏ အခန်းရှေ့အရောက် စာမေးပွဲမဖြေဘဲ အိမ်သို့ပြန်လာသည့်နေ့က ဒေါ်သီရိနှင့် ပြဿနာတတ်တုန်းကလို သူ့ကို ဖက်ထားချင်လေဦးမလားဆိုသည့် ကလေးဆန်ဆန် မျှော်လင့်ချက်က ဝင်လာသည်။
အရင်တစ်ခါကလို ငိုနေမယ်ထင်တယ်။
ဒေါ်လေးနဲ့ ပြဿနာဖြစ်လို့ စိတ်ညစ်နေလည်း ခင်ထွေး ပြောသလောက်ကြီးတော့ အရွဲ့တိုက်မှာ မဟုတ်ဘူးမလား။
ကိုကိုက အဲ့လောက်ဆိုးမယ့်သူ မဟုတ်ပါဘူး။
တစ်ယောက်တည်း ဝမ်းနည်းနေမည့်သူက
ကိုယ့်ကိုလို၊မလိုမသေချာသော်လည်း အနားတွင်ရှိနေပေးချင်သည်။ ချစ်ရသူအား အားကိုးတကြီးနှင့် ကိုယ့်ပုခုံးပေါ်ခေါင်းမှီရင်း
ရင်ဖွင့်ငိုကြွေးပစ်စေချင်သည်။
ကိုယ့်အတွေးနှင့်ကိုယ် အခန်းတံခါးမခေါက်မီ မင်းခက အင်္ကျီများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။
မျက်ရည်ဝဲနေသည့် မျက်လုံးရွဲများ၊ တုန်ရီနေသည့်ကိုယ်လေးဖြင့် ဖက်တွယ်လာမည့်သူအတွက် သေချာမတ်မတ်ရပ်ထားမိ၏။ အားပေးရမည်အထင်နှင့် သူကအရင် အားပြည့်နေအောင် အသက်ဝဝ ရှုသွင်းထားလိုက်သည်။
တစ်ဆိတ်!
ထိုအရာများက သူဖြစ်ချင်ရာတွေလျှောက်တွေးပြီး ရင်ခုန်နေ၍ စိတ်ငြိမ်အောင် ပြင်ဆင်နေမိခြင်းလို့တော့ မသတ်မှတ်စေချင်ပါ။
ဒေါက်! ဒေါက်!
"အကိုလေး ကျွန်တော်ဝင်ခဲ့လို့ရမလား"
"......."
အခန်းထဲမှ မည်သည့်တုန့်ပြန်သံမှ ထွက်မလာ။
လောခ့်ချမထားသောကြောင့် မင်းခ အလွယ်တကူပင် အခန်းတံခါးအား တွန်းဖွင့်လိုက်သည်။
"အကိုလေး!"
"....."
ကြမ်းပြင်ပေါ်တွင် ဘီယာဗူးခွံများအကြား
ခေါင်းငိုက်စိုက်ကျနေသည့် အမူးသမားက မင်းခ၏အသံကိုကြားတော့ မှေးစင်းနေပြီဖြစ်သည့် မျက်လုံးများကို အတင်းပြူးပြဲကြည့်သည်။ ထို့နောက် ယိုင်ထိုးယိုင်ထိုးနှင့် ထလာ၏။ မင်းခအနားသို့ မရောက်သေးခင် ခြေမခိုင်ဘဲ လဲဖို့ဟန်ပြင်တော့
မင်းခက ထိန်းပေးလိုက်ရသေးသည်။
ထိုင်ခုံပေါ်တွင်ထိုင်စေရန် လိုက်ပို့ပေးတော့ ထိုအမူးသမားက ထိုင်ခုံကိုကျောမီ၍ မထိုင်ဘဲ မင်းခကိုပါ အတင်းထိုင်စေရန် ဆွဲချပြီး မင်းခ၏ပေါင်ကိုခေါင်းအုံးလုပ်ကာ အမူးသမားပီပီ အာလေးလျှာလေးအသံကြီးနှင့် ရစ်တော်မူဇာတ်ထုတ်အား စခင်းတော့သည်။
"မင်းက ဘယ်တွေသွားနေတာလဲ"
"....."
အမူးသမားအား စကားပြန်မပြောချင်၍
မင်းခနှုတ်ဆိတ်နေလိုက်သည်။
"ငါ့ကိုကျ အိမ်မှာ တစ်ယောက်တည်းထားခဲ့ပြီး မင်းကကျ အပြင်မှာ အလေလိုက်နေတာ ပျော်လား၊ ဟမ်"
"......"
"ဖြေလေ!"
"....."
စီးကရက်နံ့၊ ဘီယာနံ့၊ ချွေးနံ့စသည့်အနံ့ပေါင်းစုံ
မွှန်ထူနေသည့် ထိုအမူးသမားအားကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် မင်းခ သက်ပြင်းချလိုက်သည်။
"မင်းမရှိတော့ အထီးကျန်နေတာ..."
"....."
"သိမ်ငယ်မှုအများကြီးနဲ့..."
"....."
"မင်းမရှိတဲ့နေ့တွေမှာ ငါတစ်ယောက်တည်း
အားတွေငယ်နေတာ..."
?????
နေပါဦး။
အခုက စိုင်းစိုင်းသီချင်းကို ဆိုပြနေတာလား။
"နေ.မင်း.ခ!"
"....."
"ငါ့ကို ဘာလို့မချစ်ကြတာလဲ မင်းသိလား"
"....."
"ငါကperfect manကြီးဖြစ်နေလို့!
ငါ့ကို မနာလိုနေကြတာ"
"....."
"ညက ငါ့အိပ်မက်ထဲမှာ............................."
-
-
သွန်းအုပ် ဘာပြောပြော၊တုံ့ပြန်စကားတစ်ခွန်းမှမပြောဘဲ သုန်သုန်မှုန်မှုန်မျက်နှာထားဖြင့် မင်းခက သူ့ပေါင်ကို ခေါင်းအုံးလုပ်နေသည့် အမူးသမားသွန်းအုပ်ကိုသာ
စိတ်ညစ်စွာဖြင့် ငုံကြည့်နေလိုက်သည်။
ပွစိပွစိနှင့်ဘာတွေပြောနေမှန်းမသိ၊ စကားများကလည်း အမူးသမားပီပီ တောင်ရောက်မြောက်ရောက်နှင့် အဆက်အစပ်မရှိ။
"နေ.မင်း.ခ!"
"......"
"မင်းအဖိုးကြီးကိုပြောလိုက်! အကိုလေးနဲ့နေကျန်ခဲ့မယ်လို့။"
"......"
"အဲ့အဖိုးကြီးက ဘာကောင်ကြီးမို့လို့ အာဏာပြနေတာလဲ၊ သတ်ပစ်မယ် အဲ့အဖိုးကြီးကို"
"....."
လက်သီးလက်မောင်းတန်း၍ ထိုစကားကိုကြွေးကြော်သည်။ ထို့နောက် အပေါ်စီးမှ ငုံ့မိုး၍ ကြည့်နေသည့် မင်းခ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ရင်း...
"စိတ်ဆိုးနေတာလား"
"....."
"တစ်ခါတစ်လေလေး သောက်တာလေ။
ဆူချင်နေတဲ့ရုပ်ကြီး မလုပ်ရဘူး။ လိမ္မာတယ်"
"......"
"ငါ့ကလေးလေးက လိမ္မာပါတယ်။ ဟော့ဒီက ကိုကိုကြီးနဲ့ပဲ နေမှာမလား"
"....."
"နေမယ်လို့ပြောလေ! အဲ့ဒါဆို အာဘွားပေးမယ်။ ဝူးးးး"
!!!
ကလေးလေး! ကိုကိုကြီး!
ဒါဘယ်လို အသုံးအနှုန်းတွေလဲ။
နောက်ပြီး အာဘွားတောင်ပေးဦးမယ်ဆိုပဲ။
နှုတ်ခမ်းထော်ကာ အာဘွားပေးမည့်ပုံလုပ်ပြနေသော
အရက်သမားတစ်ယောက်၏ မြှူဆွယ်မှုတွင် မင်းခ ကျရှုံးလုနီးနီးဖြစ်လာသည်။ ဆူဖို့အားခဲထားသမျှက အရည်ပျော်ကျလာ၏။ထိုအမူးပါးက ပါးနပ်လွန်းတာလားမသိ။ အဆူခံရမည်ကိုကြိုတွေးမိပြီး မျက်နှာချိုသွေးနေသည်ဟုပင် မင်းခ ထင်မိသည်။
"ဘာလဲ သောင်းကျန်းချင်တိုင်းသောင်းကျန်းပြီး အဆူခံရမှာ စိုးနေတာလား။ ဒါမျိုးလာလုပ်ပြလည်း အလကားပဲနော်။
ဒီလို ကူလီကူမာနည်းတွေသုံးပြလိုက်လို့ ကျွန်တော်
စိတ်ပျော့သွားမယ်ထင်မနေနဲ့။ စိတ်ညစ်တာအကြောင်းပြပြီး ဒါမျိုး လုပ်တာတော့ လက်မခံဘူး။"
အမူးသမားက သေချာမကြား။ လက်နှစ်ဖက်ဖြင့်
ဆွဲယူထားသည့် မင်းခ၏မျက်နှာအား လွှတ်ပေးလိုက်သည်။ ထို့နောက် မင်းခ၏ပေါင်ပေါ်တွင် ခေါင်းအုံး၍ ပက်လက်လှန်နေရာမှ ခန္ဓာကိုယ်အား စောင်းလိုက်တော့ မင်းခ၏ရင်ဘက်နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
လက်ကအငြိမ်မနေ။ မင်းခ၏ အင်္ကျီအောက်ဘက်
ခါးနေရာမှ လက်လျိုဝင်ကာ မင်းခ၏ရင်ဘက်အား ပွတ်သက်နေပြန်သည်။ ပါးစပ်ကလည်း အငြိမ်နေသည်မဟုတ်။ တပြွတ်ပြွတ်နှင့်
အင်္ကျီစကို စုပ်နေ၏။
!!!!
မင်းခကတော့ စိတ်လည်းတို၊ရင်လည်းခုန်နှင့်
ထိုင်ငိုချင်စိတ်ပေါက်လာသည်။ အမူးသမားအား စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်ချင်လာသည်။
"ငါနဲ့ မနေချင်ဘူးလား"
"အခုလိုဆိုးနေရင် မနေဘူး။"
"ဘာ!!"
ထိုအမူးသမားက အသံပြဲကြီးနှင့် အာမေဋိတ်သံပြုသည်။
"ငါကမိန်းမယူမှာ။ မင်းသွားတာနဲ့ ငါ့ကိုပြုစုမယ့်သူ
မရှိမှာစိုးလို့ မိန်းမရှာယူတော့မှာ။ မင်း အဲ့ဒါနားလည်လား"
"လျှောက်ပြောမနေနဲ့။ အိပ်ဖို့လုပ်တော့"
"......"
"ထ! အိပ်ရာပေါ်လိုက်ပို့ပေးမယ်"
"မေကြီး! သားသားဗိုက်ဆာတယ်"
"......."
"သားကို ချော့သိပ်"
"......"
စကားနှင့်ပြောနေလျှင်လည်း နားမလည်မည့် ထိုငမူးအား ဆက်မပြောတော့။ ပွေ့ချီ၍ကုတင်ပေါ်တင်ပေးရန်
ပြင်လိုက်သည်။
!!!!!
ဘယ်တုန်းက အဲ့လောက်ထွားလာတာလဲ။
လူကြည့်တော့ ဒီလောက်အလေးချိန်စီးမယ်ကို မထင်ရဘူး။
ကလေးတုန်းကလို ညှက်စိလေးမဟုတ်တော့သည့်
သွန်းအုပ်ကို ပွေ့ချီဖို့ဆိုသည်မှာ ထင်သလောက်တော့မလွယ်။ မင်းခ အံကြိတ်ကာ အသက်ဝဝရှုလိုက်ပြီး ပျင်းတိပျင်းရွဲငမူးအား မနိုင့်တနိုင်ဖြင့် မချီလိုက်သည်။
ကုတင်ပေါ်ကို ချပေးလိုက်တော့ ကိုယ်ပါအရှိန်လွန်ပြီး
ငမူးအပေါ်တွင် ထပ်လျက်သားကျ၏။ စိတ်တိုနေရင်းကပင် ရင်ခုန်နှုန်းကလည်းမြန်နေပြီမို့ ဒေါသတကြီးနှင့်ဆွဲမနမ်းမိခင် ရှောင်တိမ်းရန် ကြိုးစားသည်။ သို့သော် ထိုငမူးက အလိုက်ကမ်းဆိုးမသိလှစွာဖြင့် မလွှတ်တမ်း
ဖက်တွယ်ထားပြန်သည်။
"အသဲလေးက ဘယ်ကိုသွားချင်နေတာလဲ"
"......"
" ကိုကြီးဘေးမှာ တစ်ညအဖော်ပြုပေးလေ။
မုန့်ဖိုးအများကြီးပေးမယ်။"
"......."
"တစ်ခါတည်းပါ။ ဗိုက်မကြီးစေရဘူး။"
wtf!!
"ဘယ်ကမိန်းမတွေနဲ့ လာမှားနေတာလဲ။ မူးနေရင် အိပ်တော့။ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောမနေနဲ့!"
"အသဲလေး!"
ကျစ်စ်!
ဖက်ထားသည့် ထိုလက်များအား အတင်းဆွဲဖယ်လိုက်သည်။ ထိုငမူးက ရိုးရိုးငမူးမဟုတ်ဘဲ နှာဘူးငမူးဖြစ်နေ၍
ပိုပြီး စိတ်တိုလာ၏။ ကိုယ့်ထက်အသက်ကြီးသည့် ကိုယ့်bossမဟုတ်ဘဲ အသက်ငယ်သည့် သာမန်ကောင်လေးတစ်ယောက်သာ ဖြစ်နေပါလျှင် ထိုငမူးအား စိတ်ရှိသလောက် အပြစ်ပေးပစ်မိနေလောက်ပြီ ထင်သည်။
သွန်းအုပ်ကို ကုတင်ပေါ်၌သိပ်ထားခဲ့ပြီးတော့ ပွစာကြဲနေသည့် ဗူးခွံ၊ ပုလင်းခွံအမှိုက်များအား ရှင်းလင်းလိုက်သည်။ ရေပတ်တိုက်ပြီး
အင်္ကျီလဲပေးရန် သွန်းအုပ်၏ခန္ဓာကိုယ်အား
အနည်းငယ်မတ်အောင်ထူလိုက်သည်။
ဝေါ့....!
!!!!
ကျစ်စ်! လုပ်ချလိုက်ပြန်ပြီဗျာ...
ယမကာလုလင်ပီသစွာ သောက်စားထားသမျှက
အန်ဖက်ဆို့လေသည်။ သို့သော် ရိုးရိုးဆို့ခြင်းမဟုတ်။ မင်းခ၏ ကိုယ်ပေါ်သို့ အားမနာလျှာမကျိုး အန်ချလိုက်ခြင်းပင်။
မင်းခမှာ ရေချိုးခန်းထဲသို့ အရင်ပြေးရပြန်သည်။
သွန်းအုပ်ကြောင့် ညစ်ပတ်သွားသည့် အင်္ကျီပေါ်ရှိ အညစ်အကြေးများအား ရေနှင့်အကြမ်းဆေးချလိုက်သည်။ ထို့နောက် အင်္ကျီအားချွတ်ကာ ခြေ၊လက်များကိုပါ ဆေးကြောပြီး ရေလဲပုဆိုးတစ်ထည်အားဝတ်၍ ပြန်ထွက်လာခဲ့သည်။
ထိုငမူးက သူ့ကြောင့် ညစ်ပတ်သွားသော
အဝတ်အစားတွေအစား သူ့အင်္ကျီတစ်စုံလောက်လေးတော့ ပြန်လျော်ပေးရန် ကပ်စေးနည်းလိမ့်မည်မဟုတ်ဟုထင်သည်။ အမူးပြေချိန်ကျရင် ဆူမှာမဟုတ်ဟုတွေးကာ အဝတ်စင်ပေါ်ရှိ သွန်းအုပ်၏ တီရှပ်အဟောင်း ခပ်ကြီးကြီးတစ်ထည်နှင့် ပုဆိုးအဟောင်း တစ်ထည်အား ယူဝတ်လိုက်သည်။
သွန်းအုပ်ကိုပွေ့ချီပြီး နှစ်ယောက်ထိုင် ဆိုဖာခုံပေါ်
ခဏချပေးထားလိုက်သည်။ ထို့နောက် ညစ်ပတ်သွားပြီဖြစ်သည့် ကုတင်ပေါ်က အိပ်ရာခင်းနှင့် စောင်၊ခေါင်းအုံးများအား ရေချိုးခန်းထဲသို့ လျှော်ရန်ပို့သည်။ အိပ်ရာခင်းကအစ စောင်၊ ခေါင်းအုံးများပါမကျန် အကုန်အသစ်လဲပြီးချိန်၌ သွန်းအုပ်ဆီလာရပြန်သည်။
ညစ်ပတ်နံစော်နေသည့် အင်္ကျီအား
အရင်ဆုံးချွတ်ပေးရသည်။ ဘောင်းဘီကိုလဲဖို့ရန်အတွက် ပုဆိုးတစ်ထည်အား အရင်ဝတ်ပေးရသည်။ ထို့နောက် အနံ့ပေါင်းစုံကြိုင်လှိုင်နေသည့် အမူးသမား၏ တစ်ကိုယ်လုံးအား ရေပတ်တိုက်ပေးရသည်။
အင်္ကျီ၊ဘောင်းဘီ ဝတ်ပေးချိန်ကတော့ အခက်ခဲဆုံးပင်။ ခန္ဓာကိုယ်မှာ အရိုးမရှိသလို အပျင်းကြီးစွာဖြင့်
မှီတွယ်ထားရုံသာမက လက်မြှောက်ရန်၊လက်လျိုရန်ဟူသည့် အလုပ်လေးများကိုလုပ်ရန်ပင် ခေါင်းမမတ်နိုင်တော့သည့် ငမူးအား စိတ်ရှည်ရှည်ထားကာ ဆယ်မိနစ်နီးပါးလောက်အချိန်ယူပြီး အင်္ကျီဘောင်းဘီ ဝတ်ပေးရသည်။
သန့်ပြန့်သွားပြီဖြစ်သော သွန်းအုပ်အား
တတိယအကြိမ်မြောက် ပြန်ပွေ့ချီရင်း အိပ်ရာကုတင်ပေါ်တင်ပေးကာ စောင်လေးကိုပါ ဆွဲခြုံပေးလိုက်သည်။ အခန်းပြင်သို့ ပြန်မထွက်ခင် ကုတင်ပေါ်တွင် တင်ပါးလွှဲထိုင်ရင်း အိပ်ပျော်နေသည့် အရက်သမားလေး၏မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့် နေဖြစ်သည်။
ဘာလို့များ
တစ်နေ့တစ်နေ့ မရိုးနိုင်အောင်
နည်းမျိုးစုံနဲ့ ဆိုးနေရတာလဲ ကိုကို။
စိတ်ညစ်နေတာတွေရှိမှန်းသိသော်လည်း ရင်ဖွင့်လေ့မရှိသူမို့
ကိုယ်ကလည်း ဘာလုပ်ပေးရမည်ကိုသေချာမသိ။အိပ်ပျော်နေသည့်သူအား သေချာကြည့်နေမိစဉ် မှိတ်ထားသည့်မျက်လုံးလေးများက အနည်းငယ် လှုပ်ရှားလာသည်။ နှုတ်ကလည်း တတွတ်တွတ်နှင့် ဘာတွေရေရွတ်နေသည်မသိ။
သေချာ အာရုံစိုက်၍ နားထောင်ကြည့်တော့...
"အဟင့်! သားကိုလာခေါ်ပါ။
သားကြောက်တယ် မေလွန်း။
သားကိုမထားခဲ့ပါနဲ့ အဟင့်!"
ဗလုံးဗထွေးနှင့် ယောင်ရမ်း၍ပြောနေသည့်
စကားများဖြစ်သော်ငြား မင်းခသေချာနားလည်လိုက်သည်။ အိပ်မက်ထဲ၌ စိတ်လှုပ်ရှားကြောက်ရွံ့နေ၍ထင်သည်။
အနီးရှိ ကိုယ့်အင်္ကျီစလေးကိုပါ ခပ်တင်းတင်း လာဆုပ်ကိုင်ရင်း ရှိုက်သံများပင်ပါလာသည်။
အိပ်မက်ထဲ၌ ဘာကိုကြောက်လန့်နေမှန်းမသိသည့် ကောင်လေးအား စိတ်သက်သာရာရစေရန်အလို့ငှါ နဖူးလေး ကို ခပ်ဖွဖွအနမ်းတစ်ခုပေးလိုက်ရင်း...
ကျွန်တော်တစ်ယောက်လုံး ဘေးမှာရှိနေပေးမှာမလို့
ဘာကိုမှ မကြောက်ပါနဲ့ ကိုကို။
-
-
သွန်းအုပ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားချိန်တွင်
ညရှစ်နာရီခွဲပင်ရှိနေပြီဖြစ်သည်။ အောက်သို့်ပြန်ဆင်းကာ ထမင်းစားရန် စဉ်းစားလိုက်မိသော်လည်း ညစ်ပတ်နံစော်နေသည့် သွန်းအုပ်၏ အဝတ်အစားများနှင့် အိပ်ရာခင်း၊စောင်များကို လျှော်ဖို့ကရှိနေပြန်သည်။
အိမ်သန့်ရှင်းရေးလုပ်ရန်နှင့်
အဝတ်လျှော်ရန်အတွက် အမျိုးသမီးတစ်ဦးက နေ့တစ်ဝက်အလုပ်လာဆင်းသော်လည်း ကိုယ့်လူအား တခြားတစ်ယောက်၏အမြင်တွင် အရက်သေစာ
သောက်စားမူးယစ်နေသူဟုမြင်ကာ အထင်သေးမည်ကို စိုးရိမ်၍ ကိုယ်တိုင်ပင်လျှော်ပေးရန်ပြင်လိုက်သည်။
-----------------
"အလုပ်ကို သေသေချာချာ မလုပ်ကြဘူး။ အကုန် အလုပ်ဖြုတ်ခံချင်နေတာလား ဟမ်"
"....."
"အလေအလွင့်စာရင်းတွေကလည်း
တဖြည်းဖြည်းများလာတယ်။ ငါနေရာတကာ လိုက်ပြောနေရမှာလား"
"ကျွန်မတို့ နောက်ကျရင် ဂရုစိုက်ပါ့မယ်"
ဒေါ်သီရိ စိတ်အလိုမကျစွာဖြင့် ထိုစာရင်းကိုင်မလေးအား ကြည့်လိုက်ပြီး ဆက်မဆူတော့ဘဲ စိတ်လျှော့ကာ
နေရာသို့ပြန်သွားလို့ရပြီဖြစ်ကြောင်း မေးငေါ့ပြလိုက်သည်။
နေ့လည်က သွန်းလေးနှင့် စကားများပြီးကတည်းက
ဒေါ်သီရိ မြင်သမျှအရာတိုင်းအား စိတ်တိုစိတ်ဆက်နေသည်။
နေ့လည်က ဧည့်ခန်းအတွင်း၌ရှိနေစဉ် တယ်လီဖုန်းဝင်လာ၍ ဖုန်းထဖြေရန်ပြင်လိုက်သည်။ တစ်ဆက်တည်း ချိတ်ဆက်ထားသည့် အပေါ်ထပ်ရှိအိမ်ဖုန်းကို သွန်းလေးကိုင်နေပြီဖြစ်၍ ဖုန်းချမည်အပြု ဘယ်လိုမှ မထင်မှတ်ထားး 'လွန်းမိုးသား'ဟူသည့် နာမည်လေးအား ဖုန်းထဲမှတဆင့် ကြားလိုက်ရတာကြောင့်...
ပြဿနာများက ထိုမှစခဲ့သည်။
"မင်းက အလျှော့ပေးထားလို့ ရောင့်တတ်နေတာလား သွန်းလေး။ ဘာမှ လိုလေသေးမရှိ နေနေရတာတောင် အရင်ကကိစ္စသေးသေးကို ပုံကြီးတွေချဲ့ပြီး မပြီးနိုင်မစီးနိုင် ငိုချင်းတွေခင်းမနေစမ်းနဲ့!"
"ဟားးးးး! တော်တော်ရယ်ရတဲ့ ပြက်လုံးပဲ။
မေလွန်းကြောင့် ကျွန်တော့်မိဘတွေသေတယ်!
ကျွန်တော့်ကိုခွေးတစ်ကောင်လို ပစ်သွားတယ်!
ဘာလဲ ကျွန်တော်က မေ့သွားပြီထင်နေတာလား။ မျက်နှာပြောင်တိုက်ပြီး မေလွန်းမလို့ ပြောထွက်တယ်"
"အဲ့အတွက် ငါ့ကိုယ်ငါအပြစ်ရှိတယ်ထင်လို့
ငါ သူတို့ကိုစွန့်လွှတ်ပြီး မင်းဒီအရွယ်ထိရောက်အောင် စောင့်ရှောက်လာခဲ့ပြီးပြီ"
"အဟက်! ကျေပြီထင်နေတာလား မေလွန်း။
ခုချိန်ထိ သူ့တို့ကို မေလွန်း တကယ်မစွန့်လွှတ်နိုင်သေးပါဘူး။ ကျွန်တော့်နားကနေအမြန်ဆုံးနည်းနဲ့ ထွက်သွားချင်နေတာ! ခုနကပဲကြည့်လေ။"
"......"
"စိတ်ချ! ကျွန်တော်စိတ်ရှုပ်ခံပြီး မေလွန်း စိတ်ညစ်နေအောင်
အမြဲတမ်း လုပ်နေဦးမှာ။ သေချင်စိတ်ပေါက်လာရင်တောင် ကျွန်တော့်နားမှာပဲ စိတ်ညစ်ပြီးသေလိုက်တော့!"
တဖြည်းဖြည်း အသက်ကြီးလာလေ၊ စကားလုံးများက
ရင့်သီးလာလေ။ သွန်းလေး အတော်အသင့်လိမ္မာနေချိန်ကျမှ သားလေးက ဆက်သွယ်နေပြန်သည်။
သားလေးကရော ဘာရည်ရွယ်ချက်နဲ့ သွန်းလေးကို ဆက်သွယ်နေတာလဲ။ နောက်ပြီး သွေးသားတော်စပ်တာကို ရော? နှစ်ယောက်စလုံး မသိခဲ့ကြသေးတာလား။
သွန်းလေးစွပ်စွဲနေသလို တမင်နှောင့်ယှက်နေတာမျိုး
မဟုတ်ဘူးလို့ မေလွန်းကိုပြောပါသားရယ်။
-
-
"ဟယ်လို"
"......"
"ငါ့ကို ကောင်လေးတစ်ယောက်အကြောင်း စုံစမ်းပေးပါ။"
"......"
"နာမည်က လွန်းမိုးသား။ အသက်က သွန်းလေးထက်
လေး၊ ငါးနှစ်လောက်ငယ်မယ်။ "
"......"
"အင်း! ငါစိတ်ချမယ်"
-------------------
ညဆယ့်တစ်နာရီခွဲ...
အမူးသမားက အမူးမပြေသေးဘူးထင်သည်။
ညရှစ်နာရီကျော်၊ရှစ်နာရီခွဲကတည်းက အချိန်အခါမဟုတ်ဘဲ အိပ်နေတာမို့ ညစာမစားရသေး။ ခင်ထွေးကို
သေချာမေးကြည့်တော့ နေ့လည်စာမစားခင် ပြဿနာတတ်သည်ဆိုတာကြောင့် နေ့လည်စာပါ စားရသေးမည့်ပုံမပေါ်။
သွန်းအုပ်ကို အိပ်ရာကနှိုးပြီး ထမင်းကျွေးရန်
အပေါ်ထပ်သို့ မင်းခ ပြန်တက်လာခဲ့သည်။
ထမင်း၊ဟင်းပန်းကန်များအား လင်ပန်းနှင့် သေသေချာချာထည့်ယူလာပြီး အမူးပြေနိုင်သည်ဟုတွေးမိသော သံပုရာရည်တစ်ခွက်ကိုပါ ဖျော်လာလိုက်သည်။
"အကိုလေးး အကိုလေးး ထတော့။"
"......"
"ခဏထဦး။ ပြီးမှ ပြန်အိပ်။ အစာမရှိရင်
ဗိုက်အောင့်နေလိမ့်မယ်"
"......"
ခြေထောက်လေးကို အနည်းငယ်ကိုင်လှုပ်နှိုးတော့
အိပ်ရာကနိုးလာသည်။ သို့သော် ရှင်းရှင်းလင်းလင်း အမူးပြေသေးသည့်ပုံမပေါ်။ အခန်းပတ်လည်ကို ကျီးကြည့်ကြောင်ကြည့်ကြည့်ပြီး ပြန်လှဲအိပ်ရန် ဟန်ပြင်တော့...
"ဟာ! ပြန်မအိပ်နဲ့လေ။ ဒီမှာ ထမင်းစားလိုက်ပါဦးဆို"
"....."
ရှုတည်တည်ပြန်ကြည့်ပြီး ထမင်းထစားသည်။
ခေါင်းမကြည်၍ထင်သည်။ သံပုရာရည်ခွက်ကိုပါ မင်းခပြောစရာမလိုဘဲ ယူသောက်လိုက်သေးသည်။ ထို့နောက် ထမင်းစားနေရင်းမှ..
"အခန်းက မင်းလာရှင်းသွားတာလား"
"ဟုတ်"
"ငါ့ပစ္စည်းတွေရော"
သွန်းအုပ် ဘာပစ္စည်းတွေကို မေးမှန်းသိသော်လည်း မင်းခက မသိဟန်ဆောင်၍...
"ဘာပစ္စည်းတွေလဲ အကိုလေး"
သွန်းအုပ်က မယုံသလို မျက်မှောင်ကျုံ့သွားပြီး...
"မင်းငါ့ကို အကြောင်လာမရိုက်နဲ့! သွားပြန်ယူ!"
"အကိုလေးး"
"....."
"ဒေါ်လေးနဲ့ ဘာအတွက်ပြဿနာတတ်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် ဘာပြဿနာကြောင့်ပဲဖြစ်ဖြစ် အခုလို အရွဲ့တိုက်နေရင် အရင်ဆုံးနစ်နာမှာ
အကိုလေးကိုယ်တိုင်ပဲ။ "
"ငါ့ရှေ့ကို ဘီယာဗူး၊ဆေးလိပ်ဗူး၊အရက်ပုလင်း၊
ကွန်ဒုံးကမကျန် တစ်ခုမှမလျော့ဘဲပြန်ယူလာခဲ့!"
"အကိုလေး!"
ခုနကလို မူးနေတုန်းကနှင့် နည်းနည်းလေးမှပင် မတူတော့သည့် သွန်းအုပ်အား မင်းခစိတ်မရှည်စွာဖြင့် လေသံခပ်တင်းတင်းဖြင့် အော်လိုက်မိသည်။ သွန်းအုပ်က မကျေနပ်သလို မျက်လုံးလှန်ကြည့်ရင်း...
"မင်းက ဘာကောင်မို့လို့ ငါ့ကိုလာတားနေတာလဲ"
!!!!
ဒီအသံ၊ ဒီအကြည့်၊ ဒီစကားလုံးများ။
အချိန်အတော်ကြာ ပျောက်နေခဲ့ပြီဖြစ်သည့်
ဗီဇစရိုက်ကပြန်ပေါ်လာသည်။
"အကိုလေးအမြင်မှာ ကျွန်တော်ဘာကောင်ပဲဖြစ်နေနေ ကျွန်တော်စိတ်မဝင်စားဘူး။ အရေးကြီးတာက အကိုလေး မကောင်းတာတွေလုပ်နေရင် အကိုလေးကြိုက်ကြိုက်၊ မကြိုက်ကြိုက် တားဖို့ပဲ။ လမ်းမှားရောက်မှာစိုးလို့
တားနေတာ။ ကျွန်တော့်စေတနာကို နားလည်ပါ အကိုလေးရာ"
"မင်းက ငါ့ကို ဘာလို့စေတနာလာထားနေတာလဲ"
ချစ်လို့လေ...
အရမ်းချစ်လွန်းလို့....
ရင်ထဲက ထိုစကားများအား ပြောလို့မဖြစ်သည်မို့..
"ကျွန်တော့်အစ်ကိုတစ်ယောက်လို သဘောထားလို့။
ကျွန်တော်တို့က ညီအကိုတွေလို ရင်းနှီးနေပြီပဲ။ စေတနာနဲ့ ပြောနေတာမလို့...."
ခလွမ်!
မင်းခ ပြောလက်စ စကားမဆုံးခင် သွန်းအုပ်၏
စားလက်စထမင်းပန်းကန်က ကြမ်းပြင်ပေါ်၌ အစိတ်စိတ်အမွှာမွှာအဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။ ဒေါသတကြီးနှင့် မင်းခ၏ အင်္ကျီကော်လံစအား ဆောင့်ဆွဲလိုက်ပြီး..
"ငါ့မှာ ဘာညီမှမရှိဘူး!! ဘယ်သူ့အစ်ကိုမှလည်း မဟုတ်ဘူး!! ငါ့အဖေနဲ့အမေက ငါ့တစ်ယောက်တည်း မွေးခဲ့တာ!! နားလည်လား ဟမ်!"
"......"
ဘာမဟုတ်သည့်စကားလေးအား ရေးကြီးခွင်ကျယ်လုပ်၍ ဒေါသတွေစွတ်ကြီးနေသည့်သူကိုကြည့်ရင်း
မင်းခအံ့သြရင်နာရသည်။ သူထင်နေသလို ကိုကိုကသူ့ကို မချစ်ဘူးထင်ပါသည်။
"သွန်းလေးရဲ့ညီလေးကို သွားမကြည့်ချင်ဘူးလား။
အသား ဖြူဖြူ၊ဝဝကစ်ကစ်လေးတဲ့။ မေလွန်းနဲ့ သွားကြမယ်နော်"
"ကျွန်မသားမှာ ဘာအဖော်မှရှိစရာမလိုဘူး။
အဲ့ကလေးကို မွေးပြီးရင်လည်း ကျွန်မအိမ်မှာ လုံးဝမထားနိုင်ဘူး။ သား! သွန်းလေး မေကြီးပြောတာ သေချာမှတ်ထား! သားက တစ်ဦးတည်းသောသား။
သားမှာ ဘာညီမှမရှိသလို ဘာအစ်ကိုမှလည်းမရှိဘူး။ ကြားလား သား"
ထိုစကားများကိုသာ နားထဲ၌ တဝဲလည်လည်
ပြန်ကြားနေမိ၍ အဆင်မပြေ။
"သွား! ငါ့ဟာတွေ သွားပြန်ယူ!"
"မယူပေးနိုင်ဘူး။ အကိုလေး စိတ်ကိုအေးအေးဆေးဆေး ထားပါ။ သွေးပူနေတုန်း မဟုတ်တာတွေ လျှောက်လုပ်မနေနဲ့။ ပြန်အိပ်လိုက်တော့နော်"
မင်းခက လေသံအေးအေးနှင့် ချော့ပြောသော်လည်း...
"ငါ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်! ငါ့ပစ္စည်းတွေကို
ငါ့ခွင့်ပြုချက်မရှိဘဲ ယူသွားချင်သလိုယူသွား!
ငါ စည်းကမ်းမတင်းကျပ်တာကြာလို့ ငါနဲ့ရင်းနှီးသွားပြီအထင်နဲ့ မင်းက မင်းကိုယ်မင်း အထင်ကြီးနေပုံပဲ။ ဘဝမေ့နေတယ် ဆိုတော့လည်း ငါကပဲသတိရအောင် ပြောပြပေးရသေးတာပေါ့"
"......"
မင်းခ၏ အံ့သြတုန်လှုပ်မှုတို့ ပြည့်လျှန်းနေသည့် မျက်လုံးများအား သေချာစိုက်ကြည့်လိုက်ရင်း...
"ငါပေးတာယူ ကျွေးတာစားပြီး ငါခိုင်းတာလုပ်နေရတဲ့
မင်းက ငါ့ကျွန်တစ်ယောက်ဆိုတာထက်မပိုဘူး!
အဲ့တော့ ငါ့ရှေ့မှာ ေ-ာက်ဆရာကြီးအချိုးမျိုး လာမချိုးနဲ့!"
!!!!
ရက်စက်စွာပြောလေ့ရှိပြီး အဆင့်အတန်းခွဲခြားလွန်းသည့် ထိုလူ၏ဝိဉာဉ်အစစ်က အချိန်တစ်ခုကြာ
အိပ်ပျော်နေခဲ့ရာက အခုမှပြန်နိုးလာခြင်း ဖြစ်လိမ့်မည်ထင်သည်။
ပြောချင်တာပြောပြီး အခန်းထဲရှိ ပစ္စည်းများအား
ကန်ကြောက်ရိုက်ခွဲကာ ဖျက်လိုဖျက်ဆီးလုပ်၍ သောင်းကျန်းနေသည့် သူအားမတားဖြစ်။ တစ်နေကုန်စိတ်ရော၊ လူရောပင်ပန်းထားသည့်သူ့အား ထိုစကားလုံးများက နှလုံးသားကို ဓားထက်ထက်နှင့်
တဆစ်ချင်းထိုးသွင်းကာ အညှင်းဆဲခံလိုက်ရသည့်နှယ်။
-
-
အချိန်အတော်ကြာ လိမ္မာနေခဲ့ပြီးမှ ရုတ်တရက်
ဆိုးသွမ်းလွန်းနေသည့်သူအား နားလည်ပေးနိုင်ရန် မကြိုးစားဘဲ မှားယွင်းစွာ အထင်လွဲခဲ့မိသည်က
"ကိုကို ဘာမှမပြောင်းလဲသွားခဲ့ဘူးပဲ"
****************tbc
29.May.22