အဝါရောင်အိပ်မက် (completed)

By Chamomile_2

181K 12.5K 899

(zawgyi & unicode) အိပ္မက္ေတြမွာ အေရာင္ေတြ႐ွိတတ္လား? ခင္ဗ်ားတို႔ျမင္မက္ေနက် အိပ္မက္ေတြဟာ အေရာင္အဆင္းမ႐ွိတာလည္... More

A/N
အခန္း-၁
အခန္း-၂
အခန္း-၃
အခန္း-၄
အခန္း-၅
အခန္း-၆
---
အခန္း-၇
အခန္း-၈
အခန္း-၉
အခန္း-၁၀
အခန္း-၁၁
အခန္း-၁၂
အခန္း-၁၃
အခန္း-၁၄
အခန္း-၁၅
အခန္း-၁၆
အခန္း-၁၇
အခန္း-၁၈
အခန္း-၂၀
အခန္း-၂၁
အခန္း-၂၂
အခန္း-၂၃
အခန္း-၂၄
အခန္း-၂၅
အခန္း-၂၆
အခန္း-၂၇
အခန္း-၂၈
အခန္း-၂၉
အခန္း-၃၀
အခန္း-၃၁
အခန္း-၃၂
အခန္း-၃၃
အခန္း-၃၄
အခန္း-၃၅
အခန္း-၃၆
အခန္း-၃၇
အခန္း-၃၈
အခန္း-၃၉
အခန္း-၄၀
အခန္း-၄၁
အခန္း-၄၂
အခန္း-၄၃
အခန္း-၄၄
အခန္း-၄၅
အခန္း-၄၆
အခန္း-၄၇
အခန္း-၄၈
အခန္း-၄၉
အခန္း-၅၀
အခန္း-၅၁
အခန္း-၅၂
အခန္း-၅၃
အခန္း-၅၄
အခန္း-၅၅
အခန္း-၅၆
အခန္း-၅၇
အခန္း-၅၈
အခန္း-၅၉
အခန္း-၆၀
အခန္း-၆၁
အခန္း-၆၂
အခန္း-၆၃
အခန္း-၆၄
အခန္း-၆၅
အခန္း-၆၆
အခန္း-၆၇
အခန္း-၆၈
အခန္း-၆၉
ဇာတ္သိမ္းခန္း/ဇာတ်သိမ်းခန်း
အဝါေရာင္အိပ္မက္/ အဝါရောင်အိပ်မက်
Art Gift

အခန္း-၁၉

1.8K 174 7
By Chamomile_2

[Zawgyi]

ညေနေစာင္းတစ္ခု၌....

ဂိုေဒါင္ေဟာင္းတစ္လံုးထဲတြင္ ဆယ္ေက်ာ္သက္အရြယ္ ေကာင္ေလးတစ္ေယာက္ႏွင့္ ႏြမ္းဖက္ေသာပံုစံ႐ွိသည့္ လူႀကီးတစ္ဦးတို႔ ႐ွိေနၾကသည္။

လူႀကီး၏မ်က္ႏွာတြင္ စိတ္လႈပ္႐ွားေၾကာက္ရြံေနမႈမ်ား အထင္းသား႐ွိေနေသာ္လည္း ထိုေကာင္ေလး၏
ႏႈတ္ခမ္းထက္တြင္ေတာ့ မထီတရီအျပံဳးတစ္ခုက တြဲလဲခိုေန၏။

"အဟက္! ခင္ဗ်ားကို အဲ့အိမ္ကို သြားေနခိုင္းတယ္ဆိုတာ ကြၽန္ေတာ့္အလုပ္ကို လုပ္ေပးဖို႔ေနာ္။ ဘာလဲ? ခင္ဗ်ားက ကြၽန္ေတာ္ေျပာထားတာေတြ ေမ့သြားၿပီလား။"

"ငါ ငါ မလုပ္ခ်င္ေတာ့ဘူး။"

မိုးသားက သေရာ္သလိုေလွာင္ရယ္လိုက္ရင္း...

"ေကာင္းၿပီေလ။ ခင္ဗ်ားသမီးအတြက္ လိုတဲ့ေငြေတြကို ခင္ဗ်ားရဲ႕ သူေဌးမႀကီးဆီကပဲ ေတာင္းလိုက္ေပါ့။ မရရင္ေတာ့လည္း..."

မိုးသားက ေအးေအးေဆးေဆးဟန္ျဖင့္ စကားလံုး
တစ္လံုးခ်င္းစီကို ျဖည္းျဖည္းခ်င္းေျပာကာ စကားအား အဆံုးမသတ္ေသးဘဲ ခဏရပ္လိုက္သည္။ ၿပီးမွ ပင့္သက္တစ္ခ်က္အား ႐ႈိက္ယူလိုက္ရင္း...

"ခင္ဗ်ားသမီးကို ဒီတိုင္းေလးပဲ အေသခံလိုက္ေပါ့။
ခင္ဗ်ားအသက္ကိုလည္း အာမမခံဘူးေနာ္။ အဟက္!ကြၽန္ေတာ္ အားမနာတတ္တာကို သိတယ္မလား"

ဦးေက်ာ္ဦး အံတင္းတင္းႀကိတ္လိုက္မိသည္။
ဘာေၾကာင့္လဲ။
ဘာေၾကာင့္ အရြယ္ေလးနဲ႔မလိုက္ေအာင္
ရက္စက္ဥာဏ္မ်ားလြန္းရတာလဲ။
ဘာလို႔ ဒီေလာက္အထိ!

႐ုတ္တရက္ စိတ္႐ူးေပါက္ၿပီး ဒီအလုပ္ကို
လက္ခံလိုက္မိျခင္းအတြက္ ေနာင္တရမိသည္။
ဒါဆို ျငင္းခဲ့ျဖစ္သည္ဆိုလ်ွင္ေရာ?
ေရာဂါသည္သမီးေလး၏ ေဆးဖိုးဝါးခမ်ား၊ ေဆးရံုေဆးခန္းစရိတ္မ်ားႏွင့္ ခြဲစိတ္ကုသရန္အတြက္ ေငြေၾကးမ်ားကို သူ အခ်ိန္မီေပးသြင္းႏိုင္ခဲ့မွာမဟုတ္သလို ေ႐ွ႕ဆက္ၿပီးလည္း ကုသစရိတ္႐ွာႏိုင္မည္မဟုတ္ေပ။

ဒီအေျခအေနထိေရာက္လာၿပီးမွေတာ့ မထူးၿပီ။
ဦးေက်ာ္ဦး ဆံုးျဖတ္ခ်က္တစ္ခုကို ခိုင္ခိုင္မာမာခ်ရင္း သက္ျပင္းတစ္ခ်က္ရွုိက္လိုက္၏။ လုပ္ရမည့္အလုပ္က သူေမ်ွာ္လင့္ထားသလို သူ႔အားေထာင္ထဲပို႔၊
သိကၡာက်ေအာင္လုပ္ၿပီး သူတို႔မိသားစုဘဝကို ပ်က္စီးေစခဲ့သည့္ ေဒၚသီရိကိုသတ္ရမည္မဟုတ္ဘဲ အျပစ္မ႐ွိသည့္တျခားတစ္ေယာက္အား သတ္ေပးရမည္မို႔ စိတ္ထဲတြင္ေတာ့ ထိုသူအတြက္စိတ္မေကာင္းမိ။

သို႔ေသာ္ျငား ေတြေဝေန၍မျဖစ္ေပ။ ေနာက္ဆုတ္၍လည္း
မျဖစ္ႏိုင္ေတာ့ၿပီမို႔ ေ႐ွ႕တိုးရန္ပင္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။ 'ကမာၻမီးေလာင္ သားေကာင္ခ်နင္း'ဆိုသည့္အတိုင္း သူ႔ကမာၻျဖစ္သည့္ သမီးေလး၏ ေသေရး႐ွင္ေရးအတြက္မို႔ ေသြးမေတာ္၊သားမစပ္သည့္ တျခားေသာ
သားေကာင္မ်ားအား သူခ်နင္းရေပေတာ့မည္။

"မင္း ဘာလို႔ အဲ့တစ္ေယာက္ကိုမွ သတ္ခ်င္ရတာလဲ"

ဒီေမးခြန္းအတြက္ အေျဖကိုေတာ့သူသိခ်င္ေသး၏။

"တစ္ခ်က္ခုတ္တာနဲ႔ သံုးခ်က္ေလာက္ျပတ္မွာမလို႔"

မိုးသား ခပ္ဖြဖြျပံဳးလိုက္ရင္း ျပန္ေျဖလာသည္။

"ဘာလို႔လဲ။ မင္း ဘာလို႔ သူတို႔ကို အဲ့ေလာက္မုန္းေနရတာလဲ။ ငါလည္း နည္းနည္းေလာက္ျဖစ္ျဖစ္ သိခြင့္ရွိတယ္မဟုတ္လား"

မိုးသားက ရယ္သည္။ ပုခံုးစြန္းနွစ္ဖက္ပင္
တသိမ့္သိမ့္လႈပ္႐ွားေလာက္ေအာင္ ဟက္ဟက္ပက္ပက္ ရယ္ေမာ၏။ သို႔ေသာ္ျငား သူ႔ရယ္သံက တိုးသဲ့သဲ့ႏွင့္ ေျခာက္ကပ္ကပ္ႏိုင္လွသည္။ ေပ်ာ္ရႊင္မႈတစ္စံုတစ္ရာ မပါဝင္သည့္ သူ႔ရယ္သံခပ္တိုးတိုးက နာက်င္မႈမ်ားႏွင့္ ျပည့္ႏွက္ေနသည္ဟု ခံစားရေစၿပီး နားေထာင္မိသည့္ လူကိုပင္ မြန္းၾကပ္လာေစသည္။ တစ္ခ်ိန္တည္းမွာပင္ ထိုရယ္သံက....။

"မမုန္းပါဘူး။ ဘယ္သူ႔ကိုမွ မမုန္းဘူး။ မမုန္းမယ့္အျပင္ အရမ္းေတာင္ခ်စ္ေသးတယ္။ ဟားးးဟားးးဟားးး"

မ်က္လံုးမ်ားအားစံုမွိတ္လ်က္ မနားတမ္းရယ္ေနေတာ့သည့္ ထိုေကာင္ေလးအား ဦးေက်ာ္ဦး နားမလည္စြာျဖင့္သာ
ေငးၾကည့္ေနလိုက္ေတာ့သည္။

----------------

ကြၽန္ေတာ့္နာမည္ လြန္းမိုးသား...
တစ္ခါတစ္ေလ
ကိုယ့္ကိုယ္ကို
နားမလည္ႏိုင္ေလာက္ေအာင္ထိ
ကြၽန္ေတာ္ဆိုတာ
အဲ့ဒီလို နားလည္ရခက္တဲ့သူ။

-------------------

"မင္းခ! မင္းမ်က္ႏွာမွာ ဘာေတြလိမ္းထားတာလဲ"

အျမင္အာရံုစူး႐ွသည့္ သြန္းအုပ္၏ေမးခြန္းေၾကာင့္ မင္းခ အနည္းငယ္ ေနရခက္သြားသည္။

"ဟီးးး sunscreenလိမ္းထားတာ။"

"အရမ္းလွခ်င္ေနရေအာင္ မင္းက မိန္းကေလးမို႔လို႔လား"

"ဟာ အကိုေလးကလည္း။ skin careတိုင္း
အရမ္းလွခ်င္ေနလို႔မွမဟုတ္တာ။ ေႏြရာသီေလ။
အျပင္မွာ ေနေရာင္ျခည္ဒဏ္က အရမ္းျပင္းထန္ေနတာ။ ေနာက္ၿပီး ကြၽန္ေတာ္က အျပင္ေတြထြက္ေနရေတာ့ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ဖို႔သံုးတာ။
လွခ်င္လို႔ မဟုတ္ပါဘူးဗ်ာ။ အေရျပားက်န္းမာေရးအတြက္ သံုးတာပါ အကိုေလးရ"

"ဗဟုသုတ ေတာ္ေတာ္ႂကြယ္တယ္ေနာ္"

"....."

သြန္းအုပ္၏ ခပ္ရြဲ႔ရြဲ႔စကားအား မင္းခ ခြန္းတံု႔မျပန္။
ျပံဳး၍သာေနလိုက္၏။ စိတ္ထဲမွာလည္း နည္းနည္းေလး ႐ွက္ကိုး႐ွက္ကန္း ႐ွိေနသည့္အတြက္ ဒီအေၾကာင္းအရာအား ဆက္မေျပာခ်င္။

သြန္းအုပ္လည္း ဘာမွဆက္မေျပာဘဲ အဂၤလိပ္စာ read the passage ေမးခြန္းမ်ား ေလ့က်င့္ေနလိုက္သည္။
ထို႔ေနာက္ စာလုပ္ေနရင္းမွ ႐ုတ္တရက္ အေတြးတစ္ခု
ရသြားၿပီး...

"Too much knowledge make up fool ဆိုတာ ဘာအဓိပါၸယ္လဲ မင္းသိလား?"

"makethပါ အကိုေလးရဲ႕။ make upမဟုတ္ပါဘူး။ အကိုေလးရဲ႕ အသံထြက္မွားေနတယ္"

"လ်ွာမ႐ွည္နဲ႔ကြာ။ ငါေမးတာကိုေျဖ"

မင္းခက အေရးမႀကီးသည့္ေမးခြန္းအား အတင္းေမးေနသည့္ သြန္းအုပ္ႏွင့္ ၿပိဳင္မျငင္းခ်င္၍...

"အတတ္က်ဴး အ႐ူးျဖစ္ တဲ့။ အကိုေလးကလည္း
သိေနရဲ႕သားနဲ႔ လာေမးေနတယ္"

မင္းခက သြန္းအုပ္တြက္ထားေသာ
သခ်ၤာဥာဏ္စမ္းပုစာၦမ်ားအား စစ္ေနရင္း ျပန္ေျဖလိုက္သည္။ မင္းခ၏ အေျဖေၾကာင့္ သြန္းအုပ္က က်စ္စ္တစ္ခ်က္ စုတ္သက္လိုက္ၿပီး...

"မင္းေျပာတာ မွားတယ္"

"ဟင္?"

သြန္းအုပ္က ခႏၶာကိုယ္အား အနည္းငယ္မတ္ကာ လည္ေခ်ာင္း႐ွင္းလိုက္ၿပီးမွ...

"အဟမ္းး မေသမခ်င္း မွတ္ထား! *ဗဟုသုတမ်ားၿပီး မိတ္ကပ္လိမ္းေလ့႐ွိသူေတြဟာ ေသာက္ရူးေတြပဲ* တဲ့"

!!!!!
အက်ိဳးနည္း ဘာသာျပန္စေကးႀကီး!
ဒါနဲ႔ ေနပါဦး...
စာလံုးေပါင္းကိုေတာင္ ျပင္ျပီးေျပာလိုက္တာ ဒါေၾကာင့္လား။

မင္းခမွာ သြန္းအုပ္ကိုယ္တိုင္ အသစ္တစ္ဖန္
ျပန္လည္ဆန္းသစ္လိုက္ေသာ အဂၤလိပ္ဘာသာရပ္မွ သင္ခန္းစာတစ္ခု၏ ေခါင္းစဥ္အားျကားၿပီး
ရယ္ရခက္၊ငိုရခက္ ျဖစ္သြားသည္။

ကိုယ့္ကိုဖဲ့ခ်င္၍ ခ်က္ခ်င္းဆိုသလို သြန္းအုပ္ကိုယ္တိုင္ ေျပာင္းလဲပစ္လိုက္သည့္ ေခါင္းစဥ္မို႔ အမွတ္တရအျဖစ္ အေရျပားေပၚသို႔ တတ္တူးပင္ ေျပးထိုးပစ္ရေတာ့မလို။

အူလွိမ့္ေနေအာင္ ထရယ္ပစ္လိုက္ခ်င္ေသာ္လည္း
သူရယ္ေန၍ မျဖစ္ေသးပါ။ ကိုကို႔ရဲ႕ စာလုပ္ခ်ိန္အတြင္း တျခားအေရးမပါသည့္ ကိစၥမ်ားေၾကာင့္ စိတ္ပ်ံ့လြင့္သြားမွာကို မလိုလားေပ။ ဒီတစ္ႏွစ္လံုးကေတာ့ က်ိန္းေသေပါက္ ကိုကို႔ကို ဂ႐ုစိုက္ေပးမွရမည္။ မည္သည့္အေၾကာင္းေၾကာင္းႏွင့္မွ စာေမးပြဲမက်ေစခ်င္။

ကိုယ္က လက္႐ွိတြင္ သင္ၾကားေပးသူ(ဆရာ)ရာထူးအား ခံယူထားတာေၾကာင့္ အိေျႏၵသိကၡာ႐ွိစြာႏွင့္ပင္...

"ေပါက္တတ္ကရေတြ ေလ်ွာက္ေျပာမေနပါနဲ႔ အကိုေလးရာ။
စာကိုသာ အာရံုစိုက္​ၿပီး လုပ္ပါဗ်"

"....."

ဆရာသမားအား မ်က္ေစာင္းတစ္ခ်က္ျဖင့္ ပူေဇာ္လိုက္ၿပီးေနာက္ သြန္းအုပ္ စာျပန္လုပ္ေနလိုက္၏။

-

-

သြန္းအုပ္၏ စာၾကည့္ခ်ိန္ၿပီးသြားေတာ့ ညေနေျခာက္နာရီ။
ထံုးစံအတိုင္း သြန္းအုပ္က ေရမခ်ိဳးခင္ ကာယဗလေလ့က်င့္ ခန္းလုပ္ရန္ အရင္ဆင္းလာခဲ့ႏွင့္သည္။ မင္းခကေတာ့ ပြစာ ၾကဲေနသည့္ သြန္းအုပ္၏စာၾကည့္စားပြဲအား ႐ွင္းလင္းေပးရင္း
အခန္းထဲ၌ ေနက်န္ခဲ့၏။

"ျဖစ္နိုင္မယ္ဆိုရင္ ကြၽန္မကေတာ့ ဦးသက္လြင္ကို
အလုပ္မထြက္ေစခ်င္ဘူး"

အႀကိမ္ႀကိမ္အဖန္ဖန္ေျပာခဲ့သည့္ စကားကိုပင္ ေဒၚသီရိ ထပ္ေျပာျဖစ္သည္။

"ကြၽန္ေတာ္လည္း ဒီအိမ္ကို သံေယာဇဥ္ျဖစ္ေနပါၿပီ
မမေလးရယ္။ ဒါေပမယ့္ ကိုယ့္အိုးကိုယ္အိမ္နဲ႔ အတည္တက်ေနရမယ့္ အရြယ္ကိုလည္း
ေရာက္ေနၿပီဆိုေတာ့ ရြာကိုျပန္ၿပီး အေျခခ်ဖို႔ပဲ ေတြးမိလို႔ပါ"

ေဒၚသီရိ သက္ျပင္းခ်လိုက္သည္။

"ဦးသက္လြင္အလုပ္ထြက္သြားရင္ ကြၽန္မ အလုပ္ကိစၥ႐ွိလို႔ တျခားၿမိဳ႕ေတြသြားဖို႔ေတာင္ အဆင္ေျပေတာ့မွာ မဟုတ္ဘူး။ လူသစ္႐ွာဖို႔ဆိုတာလည္း လြယ္တဲ့ကိစၥေတာ့ မဟုတ္ဘူးေလ။ လစာနည္းတယ္လို႔ထင္ရင္လည္း ပြင့္ပြင့္လင္းလင္းေျပာပါ။ ကြၽန္မသေဘာကေတာ့ ဦးသက္လြင္ကို အလုပ္မထြက္ေစခ်င္ ေသးဘူး။"

"ကိုေက်ာ္ဦးလည္း ေရာက္ေနၿပီပဲဗ်ာ။ ကားေမာင္းရင္
ပံုမွန္ေမာင္းဖို႔၊အရက္မေသာက္ဖို႔ေတြလည္း ကြၽန္ေတာ္သူ႔ကို ေသခ်ာမွာခဲ့ၿပီးပါၿပီ"

"ကြၽန္မက အဲ့လူမို႔လို႔ကို မယံုတာ။ သူ႔သမီးမ်က္ႏွာကို ေထာက္ၿပီး အလုပ္ေပးထားတာ။ အဲ့လူ ကလိမ္ကက်စ္မွန္း ဦးသက္လြင္လည္း သိသင့္သေလာက္ သိၿပီးသားပဲ"

"......"

"ေနာက္ၿပီး သြန္းေလးနဲ႔မင္းခေလးကလည္း ညီအကိုေတြလို ျဖစ္ေနျကၿပီေလ။ သြန္းေလးက စကားအေျပာမတတ္ေပမယ့္ သူ႔စိတ္ထဲမွာေတာ့မင္းခကို ေတာ္ေတာ္ခင္ေနတာ။"

"ဟုတ္ကဲ့။ မင္းခလည္း သြန္းေလးကို အေတာ္ေလး သံေယာဇဥ္႐ွိ႐ွာပါတယ္"

ေျပာၿပီးသား အေၾကာင္းအရာေတြ ျဖစ္ေနတာေၾကာင့္ ေဒၚသီရိ ဦးသက္လြင္အား မတားခ်င္ေတာ့။ ဦးသက္လြင္ အလုပ္ထြက္တာက အဓိကျပႆနာႀကီးမဟုတ္ေသာ္ျငား ဦးသက္လြင္သြားသည့္ေနရာတြင္ လိုက္ပါေနထိုင္ရမည့္ မင္းခက အေရးႀကီးဆံုးအရာျဖစ္ေနသည္။

သြန္းေလးအနားတြင္ မင္းခ႐ွိေနေပးရန္ လိုအပ္သည္။
မင္းခ ေရာက္လာၿပီးမွ အမ်ားႀကီးေျပာင္းလဲလာသည့္ သြန္းေလးက မင္းခမ႐ွိတာႏွင့္ အရင္လိုျပန္ျဖစ္သြားခဲ့လ်ွင္...

ကေလးမဟုတ္ေတာ့ေသာ သြန္းေလးအား
သူမထိန္းႏိုင္မည္မဟုတ္။ ျပႆနာမ်ားျဖစ္ၿပီးကတည္းက ဘယ္သူ႔ကိုမွ မခင္တြယ္ေတာ့သည့္ သြန္းေလးက မင္းခေရာက္လာၿပီးခ်ိန္မွစ၍ မင္းခတစ္ေယာက္တည္းကိုသာ ႐ွိသမ်ွ သံေယာဇဥ္အကုန္လံုးပံု၍ ခင္တြယ္ေနခဲ့သည္။

သိသာလြန္းသည္။ ဘယ္သူ႔ကိုမွ အနားကပ္မခံသည့္ သြန္းေလးက မင္းခကိုေတာ့ တစ္ရက္တာ၏သံုးပံုႏွစ္ပံုနီးပါး သူ႔အနားတြင္ အေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ေခၚထားတတ္၏။

ထိုတစ္ခ်က္ႏွင့္ပင္ သြန္းေလး မင္းခအေပၚ
အလြန္ခင္တြယ္ေနျပီျဖစ္ေျကာင္း သူမနားလည္ပါသည္။ သြန္းေလး၏ အစြဲအလမ္းႀကီးၿပီး တစ္ယူသန္သည့္စိတ္ေၾကာင့္ မင္းခမ႐ွိလ်ွင္ ေဘးလူမ်ားအေပၚ ေဒါသပံုခ်၍ စိတ္အလိုမက်တိုင္း ပို၍ျပႆနာ႐ွာလာမည္မွာ အေသအခ်ာပင္။

ဦးသက္လြင္အတြက္ လက္ခံရန္လြယ္ကူသည့္ေတာင္းဆိုမႈ မဟုတ္မွန္းသိေသာ္လည္း ေဒၚသီရိ အားနာစြာျဖင့္ပင္...

"ဦးသက္လြင္ျပန္မယ္ဆိုရင္လည္း မင္းခကိုေတာ့ ထားခဲ့ပါ။ သူ႔ရဲ႕ေက်ာင္းစရိတ္နဲ႔က်န္တဲ့ကိစၥအဝဝကို ကြၽန္မတို႔ပဲ ဆက္ၿပီး တာဝန္ယူေပးမွာပါ။ "

"မင္းခ ေလးတန္းကတည္းက ခုခ်ိန္ထိ မမေလးတို႔
တာဝန္ယူေပးလာရတာကိုေတာင္ အရမ္း ေက်းဇူးတင္ေနပါၿပီဗ်ာ။ ကြၽန္ေတာ့္တူေလးမို႔ ကြၽန္ေတာ္ဆက္ၿပီး တာဝန္ယူပါရေစ"

မမေလး ဘာေၾကာင့္ ယခုေလာက္ထိ အသည္းအသန္
တားေနရသလဲဆိုတာကိုေတာ့ သူမသိ။ မင္းခကိုလည္း အတင္းအၾကပ္သာ ေခၚထားခ်င္ေနပံုရသည္။
တကယ္ဆို ဒီအိမ္တြင္ အလုပ္ဆက္မလုပ္ခ်င္သည့္
အဓိကအေၾကာင္းရင္းက သြန္းေလးအႏိုင္က်င့္သမ်ွကို ကိုယ့္တူက ျငိမ္ခံေနရတာကို မၾကည့္ရက္ျခင္းေၾကာင့္သာ။

အားနာ၍ စကားလမ္းေၾကာင္းလႊဲကာ ျငင္းေနေသာ္လည္း အလုပ္မျဖစ္။ စိတ္ဆိုးလ်ွင္လည္း မတတ္ႏိုင္ေတာ့။ ဇြတ္တိုး၍သာ ေျပာေနသည့္ ေဒၚသီရိအား...

"မမေလးကို ကြၽန္ေတာ္ပြင့္ပြင့္လင္းလင္းပဲေျပာပါရေစ"

"ဟုတ္ ေျပာပါ"

"အဓိကက မင္းခကို ဒီမွာ မထားခ်င္တာပါ"

ေဒၚသီရိ အံ့အားသင့္သြားၿပီး...

"ဟမ္ ဘာျဖစ္လို႔မ်ားလဲ"

ဦးသက္လြင္က သက္ျပင္းတစ္ခ်က္ ခ်လိုက္ရင္း...

"ေျပာရမွာေတာ့ အားနာပါတယ္ မမေလး။
သြန္းေလးစိတ္ဆက္တာ မမေလးလည္းသိမွာပါ။
မင္းခက သည္းခံမွန္းသိေတာ့ ပိုၿပီးအႏိုင္က်င့္တယ္။
စာေမးပြဲမေျဖခင္လတုန္းကလည္း ထိုးလားႀကိတ္လားလုပ္တာ မင္းခမ်က္ႏွာမွာ ရစရာကို မ႐ွိဘူး။ ေနာက္ၿပီး ေက်ာင္းမွာ ဆိုရင္လည္း ခဏခဏရန္ျဖစ္လြန္းလို႔ မင္းခလိုက္႐ွင္းေနရတာ အႀကိမ္ႀကိမ္ပါ။"

"....."

" ေတာင္းပန္ပါတယ္ မမေလး ။ မင္းခက ကြၽန္ေတာ့္ရဲ႕
တစ္ဦးတည္းေသာတူေလးပါ။ သားဆိုလည္း ဟုတ္တယ္။ ခုလိုမ်ိဳး ဆက္မထားခ်င္လို႔ပါ။ သြန္းေလး ခင္မွန္းသိပါတယ္။ဒါေပမယ့္ ခင္တယ္ဆိုၿပီး အႏိုင္က်င့္ဗိုလ္က်ေနတာကိုေတာ့ ဘယ္လိုမွ နားလည္ေပးလို႔မရလို႔ပါ။"

"....."

ေဒၚသီရိ ေျပာစရာစကားမ်ားပင္ ဆြံ႔အသြားရသည္။

ဟိုေန႔ကေတာင္ ႏွစ္ေယာက္သား အရမ္းကို
ေပ်ာ္ေနၾကတာေလ။

သြန္းေလး ဂ်စ္ကန္ကန္ႏိုင္မွန္းသိေပမယ့္
ရန္ခဏခဏျဖစ္တာေတြ၊ မင္းခကို ကိုယ္ထိလက္ေရာက္ အႏိုင္က်င့္တာေတြကို မသိခဲ့။

"ဟို...ဦးသက္လြင္..ကြၽန္မ"

ဝုန္း!!!

ခြမ္း!!!

ဧည့္ခန္းတံခါးဝတြင္ ရပ္ေနသည့္ သြန္းအုပ္က
အနီး႐ွိအလွပန္းအိုးတစ္လံုး တင္ထားသည့္စင္ကို ေျခေထာက္ႏွင့္ကန္ပစ္လိုက္ျခင္း။

သြန္းအုပ္က မ်က္ေထာင့္နီႀကီးမ်ားျဖင့္ ဦးသက္လြင္အား စိုက္ၾကည့္လ်က္ အသားမ်ား တဆက္ဆက္တုန္ကာ အံတင္းတင္းျကိတ္ထားသည္။ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားပံုက ဦးသက္လြင္အား အမႈန္႔ေျခပစ္ခ်င္ေလာက္ေအာင္ပင္ ေဒါသထြက္ေနသည့္ပံု။

"ခင္ဗ်ား ေျပာလို႔ၿပီးၿပီလား! ဘာဆက္ေျပာခ်င္ေသးလဲ! ကြၽန္ေတာ္က လူမိုက္!လူရမ္းကား! ခင္ဗ်ားရဲ႕တူကို အႏိုင္က်င့္တဲ့ေကာင္! ေနာက္ၿပီး ဘာထပ္႐ွိေသးလဲ
ဟမ္ ေျပာေလ! ဆက္ေျပာဦးေလ!!!"

"......"

သြန္းအုပ္၏အသံက တင္းမာခက္ထန္လြန္းေနသည္။ အရင္ကတည္းက ဂ်စ္ကန္ကန္ႏိုင္သည္ဆိုေသာ္ျငား
အခုလို လူႀကီးမ်ားကိုေတာ့ ေဒါသတႀကီးႏွင့္ ေအာ္ဟစ္ဖူးတာမ်ိဳးမ႐ွိ။ ဦးသက္လြင္ႏွင့္ ေဒၚသီရိႏွစ္ေယာက္စလံုး အသက္႐ႈရန္ပင္ ေမ့ေလာက္ေစသည္အထိ သြန္းအုပ္၏ေဒါသမ်ားက
ၾကက္သီးထဖြယ္ေကာင္းေလာက္ေအာင္ အ႐ွိန္ျမင့္ေနသည္။

"ေနမင္းခကို ကြၽန္ေတာ္ ႏွိပ္စက္အႏိုင္က်င့္ေနတာ
မၾကည့္ရက္ဘူးဟုတ္လား! သေဘာက မေက်နပ္ဘူးေပါ့။ ေကာင္းၿပီေလ!"

"....."

"ေနမင္းခ!!!"

"ေနမင္းခ!!! ငါ့ဆီကို အခုခ်က္ခ်င္း လာခဲ့စမ္း!!"

သြန္းအုပ္က အေပၚထပ္႐ွိ သူ႔အခန္းထဲတြင္
႐ွင္းလင္းေရးလုပ္ေပးေနေသာ မင္းခၾကားေစရန္အထိ
ေအာ္ေခၚ၏။

"လာၿပီဗ်ိဳ႕! လာၿပီ!"

ရႊင္ပ်သည့္အသံႏွင့္အတူ လူပါလ်င္ျမန္စြာေရာက္လာသည့္ မင္းခကေတာ့ ေလွကားဝေရာက္သည္ႏွင့္ ျမင္ရသည့္
ျမင္ကြင္းေၾကာင့္ စိုးရိမ္စိတ္က ငယ္ထိပ္သို႔ပင္ တက္ေဆာင့္သည္။

ဧည့္ခန္းထိပ္ဝင္ေပါက္႐ွိ ေႂကြပန္းအိုးႏွွင့္စင္မွ အက်ိဳးအပဲ့၊ အပိုင္းအစမ်ားက ၾကမ္းျပင္ေပၚတြင္ ဖ႐ိုဖရဲျပန္႔က်ဲေနသည္။
ေလးသက္ႏွင့္ ေဒၚေလးသီရိက စိုးရိမ္ထိတ္လန္႔စြာျဖင့္
ကိုကိုနွင့္သူ႔အား ၾကည့္ေနၿပီး ကိုကိုကေတာ့...

ဒါဘယ္လိုအေျခအေနမ်ိဳးႀကီးပါလိမ့္?

လြန္ခဲ့သည့္မိနစ္ပိုင္းကအထိ သူႏွင့္အတူ
စိတ္လက္ၾကည္လင္စြာျဖင့္ စာေတြႀကိဳးစားေနသည့္ကိုကိုက ယခုမူ လူသတ္ေတာ႔မည့္ပံု။

ကိုယ့္ဦးေလးျဖစ္သူကိုလည္း အစိမ္းလိုက္စားေတာ့မလို စိုက္ၾကည့္ေနတာေၾကာင့္ မင္းခမွာ ပဲေလွာ္ၾကားဆားညပ္မည့္ ခံစားခ်က္မ်ိဳးရေန၏။

ေက်းဇူးျပဳၿပီး ေလးသက္ကိုအေၾကာင္းျပဳ စိတ္တိုေနတာလို႔ ေတာ့မေျပာပါနဲ႔။

"ေနမင္းခ!!"

"ဟုတ္ကဲ့ အကိုေလး"

"ငါမင္းကို ဘယ္ႏွခ်က္ထိုးဖူးလဲ"

"ဗ်ာ! ကြၽန္... ကြၽန္ေတာ္ မသိဘူး အကိုေလး"

သြန္းအုပ္က မင္းခ၏ အက်ႌေကာ္လံစအား ေဆာင့္ဆြဲလိုက္ၿပီး

"မမွတ္မိရေအာင္ မင္းဦးေႏွာက္ကို ေခြးခ်ီသြားတာလား ဟမ္?!"

"....."

"မင္းမမွတ္မိရင္ ငါေျပာတာ ေသခ်ာနားေထာင္!"

"....."

မင္းခ အေယာင္ေယာင္အမွားမွားႏွင့္ ေခါင္းၿငိမ့္လိုက္သည္။

"ပထမဆံုးအႀကိမ္ မင္းအိမ္ကိုေရာက္ၿပီး ႏွစ္လၾကာတုန္း
က မုန္႔ဝယ္ခိုင္းတာ ၾကာေနလို႔ တစ္ခ်က္!
ေနာက္တစ္ႀကိမ္ အဲ့ဒီႏွစ္ကပဲ ငါ့စာေမးပြဲေနာက္ဆံုးရက္မွာ
ဟိုခ်ီးထုပ္မေ႐ွ႕ ဆြဲထိုးမိတာ တစ္ခ်က္!
.
.
.
.
ေနာက္ဆံုးအႀကိမ္ မင္းေစတနာ့ဝန္ထမ္းလုပ္ၿပီး ဟိုေကာင့္ အိမ္လိုက္သြားတုန္းက ၁၁ခ်က္!
စုစုေပါင္း ၂၃ခ်က္တိတိ ငါထိုးဖူးတယ္!"

"......"

မင္းခကိုယ္တိုင္ပင္ ေသခ်ာမမွတ္မိေတာ့သည့္
ထိုကိစၥမ်ားအား အေသးစိတ္ ျပန္ေျပာျပေနသည့္ သူကိုၾကည့္ရင္း အံ့ျသလြန္း၍ မ်က္လံုးအဝိုင္းသားျဖင့္သာ ေၾကာင္ၾကည့္ေနမိသည္။

ဘာရည္ရြယ္ခ်က္ႏွင့္ ခုလိုမ်ိဳး ျပန္ေျပာျပေနျခင္းမွန္း
မသိေသာ္လည္း ေဒါသႀကီးေနသည့္ အခုလိုအခ်ိန္မ်ိဳးတြင္ ထိုကိစၥေတြကုိ ျပန္ၿပီးေျပာေနတာက
ေကာင္းသည့္လကၡဏာေတာ့မဟုတ္။ ေနာက္ၿပီး ဘာလို႔အခုေလာက္ထိ ၏/သည္မေရြး မွတ္မိေနမွန္း မင္းခနားမလည္ႏိုင္ေတာ့။

သြန္းအုပ္က ေဆာင့္ဆြဲထားေသာ မင္းခ၏
အက်ႌေကာ္လံစအား လႊတ္ေပးလိုက္သည္။

"အဲ့ဒီ အေရအတြက္အတိုင္း ငါ့ကိုျပန္ထိုး!"

?????

"ဟို...အ..အကိုေလး"

"ငါ့ကို ျပန္ထိုးလို႔ ေျပာေနတာ မၾကားဘူးလား!"

"....."

"ထိုးေလ! အဲ့ဒါမွ မင္းဦးေလးက ေက်နပ္မွာ!
ထိုးလို႔ ေျပာေနတယ္ကြာ!"

"....."

"ဟာ! ဒီေကာင္!"

မလႈပ္မယွက္ႏွင့္ မ်က္လံုးအဝိုင္းသားျဖင့္ ျပန္ၾကည့္ေနသည့္ မင္းခအား သြန္းအုပ္ ဆြဲထိုးရန္ဟန္ျပင္ေတာ့..

"သြန္းေလး! မင္းဘာလို႔ အဲ့ေလာက္ေဒါသေတြႀကီးေန ရတာလဲ။ ႐ူးေနျပီလား မင္းဘာေတြျဖစ္ခ်င္ေနမွန္း ေမလြန္း
လံုးဝ နားမလည္ေတာ့ဘူး!"

"....."

သြန္းအုပ္ ကိုယ္႐ွိန္သတ္သြား၏။

ထို႔ေနာက္ ဘယ္သူ႔ကိုမွ ဘာမွဆက္မေျပာေတာ့ဘဲ
အေပၚထပ္႐ွိ သူ႔အခန္းထဲသို႔ ျပန္ဝင္သြားသည္။

အခန္းထဲေရာက္သည္ႏွင့္ စိတ္ေလ်ွာ့ခ်လိုက္ကာ ကုတင္တိုင္ကိုမွီလ်က္ ၾကမ္းျပင္ေပၚတြင္ ေျခကုန္လက္ပန္းက်စြာျဖင့္ ထိုင္ခ်လိုက္သည္။

ေၾကာက္တယ္။
ငါ့ကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႔။

-

-

"ေလးသက္ အကိုေလး ဘာေတြျဖစ္ေနတာလဲ"

ဦးသက္လြင္ မ်က္ႏွာလႊဲကာ သက္ျပင္းတစ္ခ်က္ခ်လိုက္ရင္း

"ငါတို႔စကားေျပာေနတာ ၾကားသြားမွာေပါ့။
မင္းကို အႏိုင္က်င့္တဲ့အေၾကာင္းေတြ မမေလးကို
ေျပာျပေနတုန္း သူေရာက္လာတာေလ။"

"ဟာဗ်ာ.. ေလးသက္ကို မေျပာဖို႔ ေတာင္းပန္ထားရဲ႕နဲ႔"

မင္းခ သြန္းအုပ္​ေနာက္သို႔ အျမန္လိုက္သြားသည္။
သြန္းအုပ္၏ေဘးသို႔ တြန္႔ဆုတ္၊တြန္႔ဆုတ္ႏွင့္ ဝင္ထိုင္လိုက္ၿပီး

"အကိုေလး"

"...."

" ေလးသက္ကို စိတ္အရမ္းဆိုးေနတာလား"

"ငါက မင္းအတြက္ စိတ္ပ်က္စရာ ေကာင္းလြန္းမေနဘူးလား"

ေမးတာကို ျပန္မေျဖဘဲ ကိုယ့္အားျပန္၍
ေမးခြန္းထုတ္လာသည့္သူ။

"ဘာလို႔ စိတ္ပ်က္ရမွာလဲ"

"ငါက မင္းကို အႏိုင္က်င့္တယ္ေလ"

"ကြၽန္ေတာ္ကေတာ့ အႏိုင္က်င့္တယ္လို႔ကို မခံစားရပါဘူး"

"မင္းဦးေလးက ငါ့အနားမွာမင္းကို မေနေစခ်င္ဘူး"

"ကြၽန္ေတာ္ ေလးသက္အစား ေတာင္းပန္ပါတယ္။ သူကလည္း ကြၽန္ေတာ့္ကို အစိုးရိမ္လြန္ေနလို႔ပါ"

"....."

"ေလးသက္ကို စိတ္မဆိုးပါနဲ႔ေနာ္"

"......"

"ငါ့ကို ထားခဲ့မွာလား"

သြန္းအုပ္၏ အသံက ခပ္တိုးတိုး...

"မထားခဲ့ပါဘူး။ ဘယ္ကိုမွလည္း ထြက္မသြားဘူး။
ကတိေပးတယ္"

"မင္းဦးေလးက အတင္းေခၚသြားရင္ေရာ? မင္းဦးေလးကို စြန္႔လႊတ္ၿပီးမွ ငါ့အနားမွာေနလို႔ရမယ္ဆိုရင္ေရာ?"

"....."

မင္းခ အေျဖရက်ပ္သြားသည္။ သြန္းအုပ္၏ေမးခြန္းက ကေလးတစ္ေယာက္အား "အေဖ့ကိုပိုခ်စ္လား အေမ့ကိုပိုခ်စ္
လား"ဟုေမးၿပီး ေရြးခ်ယ္ရခက္ေစသည့္ေမးခြန္းမ်ိဳး။  အေဖ့ကို ပိုခ်စ္တယ္ေျပာလ်ွင္လည္း အေမက စိတ္မေကာင္းျဖစ္မည္။ အေမ့ကိုပိုခ်စ္တယ္ ဆိုျပန္လ်ွင္လည္း အေဖ့ကိုအားနာရဦးမည္။

အတူတူခ်စ္ပါတယ္ဟု ေျဖရေအာင္ကလည္း သြန္းအုပ္၏ ေမးခြန္းက ဘယ္သူ႔ကိုပိုခ်စ္လဲေမးေနတာမဟုတ္သလို ေမးခြန္းေရာ၊လူေတြပါ အေနအထားခ်င္းမွမတူပဲ။

"Sorry ငါမေမးသင့္တာ ေမးမိသြားတယ္။ ငါက သူစိမ္းပဲ။
အဲ့ဒါကို ေမ့သြားတယ္"

"မဟုတ္ဘူး အကိုေလး။ ကြၽန္ေတာ္"

"သြားေတာ့ ငါတစ္ေယာက္တည္း ေနခ်င္လို႔..."

"ဟုတ္"

------------------

လြန္ေလျပီးေသာ အတိတ္ကာလတစ္ခု၌....

စာေမးပြဲေျဖအၿပီး သြန္းအုပ္ အခန္းထဲမွထြက္လာသည္။ မင္းခက ေလးတန္းမို႔ မေန႔ကစ၍ ေက်ာင္းပိတ္သည္။
လာႀကိဳေနမည့္ မင္းခအား ေက်ာင္းအျပင္တြင္ အၾကာႀကီး ေစာင့္ေနရမွာစိုးတာေၾကာင့္ ခပ္သုတ္သုတ္ပင္ ေလ်ွာက္လာခဲ့သည္။

ခပ္လွမ္းလွမ္းကတည္းက ျမင္ရသည့္ျမင္ကြင္းေၾကာင့္ သြန္းအုပ္၏စိတ္ မၾကည္မလင္ျဖစ္သြားရသည္။
ေက်ာင္းလာႀကိဳတာကို မလိုအပ္သည့္အပိုလူပါ ပါလာတာမို႔ စိတ္ထဲသေဘာမက်။

သြန္းအုပ္ စာေမးပြဲခန္းထဲမွ ထြက္လာတာ မျမင္မိေသးသည့္ မင္းခကလည္း ေက်ာင္းအတြင္းထဲ႐ွိ သြန္းအုပ္၏ စာေမးပြဲခန္း ႐ွိရာသို႔ လည္ပင္းဆန္႔ကာ,ဆန္႔ကာျဖင့္ ေမ်ွာ္သည္။ ထို႔ေၾကာင့္ အနားသို႔ေရာက္ေနၿပီျဖစ္ေသာ သြန္းအုပ္အား အခ်ိန္အေတာ္ျကာသည္ထိ မျမင္ေသး။

သြန္းအုပ္က သူ႔ကိုမျမင္ေသးဘဲ ေက်ာင္းထဲသို႔ အငမ္းေကာင္းေနေသးေသာ မင္းခကို စိတ္မ႐ွည္ေတာ့။အံျကိတ္ကာ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ေနၿပီ။ စာေမးပြဲေကာင္းေကာင္း မေျဖႏိုင္၍ ထြက္လာသည့္ ​ေဒါသမ်ားအား မင္းခ၏ အူတူတူပံုစံက မီးေလာင္ရာ ေလပင့္သလို ပိုဆြေပးေနသည့္ႏွယ္ျဖစ္ေန၏။

ဒီေသာက္ကေလးက ငါ့ကိုလာႀကိဳတာလား။
ေက်ာင္းထဲက တစ္ေယာက္ေယာက္ကို လာငမ္းေနတာလား။ ဒီေကာင္ အသက္ေလးက လက္မေလာက္နဲ႔!

ႏွစ္ေယာက္စလံုး၏ အေျခအေနကို ေဘးက
အတိုင္းသားျမင္ေနရသည့္ ကဗ်ာကေတာ့ သြန္းအုပ္ပံုစံက
စိတ္တိုေနၿပီမွန္း သိသာေန၍ မင္းခ၏ လက္ကိုကုပ္ကာ သတိေပးလိုက္သည္။

????
သြန္းအုပ္၏ မ်က္ႏွာက ပို၍သုန္မႈန္သြားသည္။
မင္းခ၏ အသားအား ပိုင္စိုးပိုင္နင္းႏွင့္
ထိေတြ႔ကိုင္တြယ္လိုက္ေသာ ကဗ်ာဦးကိုေရာ၊ စိတ္ဆိုးဟန္ျပဖို႔ေဝးစြ... မထူးဆန္းသလိုပင္ လ်စ္လ်ဴ႐ႈလ်က္ ေက်ာင္းထဲသို႔ငမ္းေနသည့္
မင္းခကိုေရာ စိတ္တိုလာ၏။

မင္းခက လွည့္မၾကည့္ေသး။ သူ႔အား လက္ကုပ္ၿပီး
အခ်က္ျပေနသည့္ ကဗ်ာ့ကို လွည့္၍ပင္မၾကည့္ဘဲ လ်စ္လ်ဴ႐ႈကာ ေက်ာင္းထဲကိုပဲ သည္းႀကီးမည္းႀကီး ၾကည့္ေနသည္။

"အဟမ္းး အဟမ္းး"

လက္ကုပ္၍ အခ်က္ေပးလို႔ မရသည့္အဆံုး ကဗ်ာက ေခ်ာင္းဟန္႔ကာ သတိေပးသည္။

"အဟမ္းး အဟမ္းးး အဟမ္းး"

"ကဗ်ာဦး နင္ကဘာျဖစ္ေနတာလဲ"

ကဗ်ာဦး၏ ေခ်ာင္းဟန႔္သံေၾကာင့္ မင္းခ စိတ္႐ႈပ္လာၿပီး ေနာက္ကိုလွည့္ၾကည့္မိေတာ့မွ..

"ဟင္ အကိုေလး! အနားေရာက္ေနတာၾကာၿပီလား။
ဟီးး အထဲၾကည့္ေနေတာ့ အကိုေလးေရာက္ေနတာကို မျမင္လိုက္ဘူး။"

"....."

ခြပ္!

"ေနမင္းခ!"

သြန္းအုပ္ ေပါက္ကြဲခ်င္ေနၿပီျဖစ္သည့္ ေဒါသေတြကို မင္းခကိုဆြဲထိုးျခင္းျဖင့္ မင္းခအေပၚ ပံုခ်လိုက္သည္။

ကဗ်ာဦးကေတာ့ မ်က္ရည္မ်ားဝဲလာၿပီး..

"ေနမင္းခ.. ရလား။ အရမ္းနာေနလားဟင္"

"....."

"ဟဲ့! သြန္းအုပ္စိုးပိုင္! နင္က ေတာ္ေတာ္မိုက္႐ိုင္းတာပဲ! ၾကားဖူးထားတာေတြထက္ေတာင္ နင္ကပိုုၿပီး စိတ္ပ်က္ဖို႔ေကာင္းေသးတယ္။ နင္ေရာက္ေနရင္ နင္အသံေပးေလ! နင္က အေနလို႔လား။
မင္းခက သည္းခံေနတိုင္း နင္အႏိုင့္က်င့္ဖို႔ မႀကိဳးစားနဲ႔!
နင္ အဲ့လို အက်င့္္မေကာင္းလို႔..."

ကဗ်ာဦးက စကားကိုဆက္မေျပာဘဲ ရပ္လိုက္တာေၾကာင့္..

"ငါ အက်င႔္မေကာင္းလို႔ ဘာျဖစ္လဲ၊ ဆက္ေျပာေလ"

"....."

ကဗ်ာဦးက ႏႈတ္ခမ္းကို တင္းတင္းေစ့ပိတ္လ်က္ ဆက္မေျပာ။

ကဗ်ာဦး ဆက္ေျပာမည့္စကားကို သူသိသည္။
မိမဆံုးမ၊ဖမဆံုးမ ၊အမ်ိဳးယုတ္ အဲ့ဒီစကားလံုးေတြနဲ႔ သူတို႔မိသားစုရဲ႕ တကယ့္အမွန္တစ္ဝက္နဲ႔ ဇီဇာခ်ဲ့ကားမႈတစ္ဝက္ေရာထားတဲ့ ေကာလဟလေတြထက္ေတာ့ မဆိုးႏိုင္ဘူးမလား။ အထပ္ထပ္အလီလီ ၾကားခဲ့ၿပီးျဖစ္တာေၾကာင့္ ကဗ်ာဦးေျပာခ်င္သည့္ မိဘမဲ့ဆိုသည့္ စကားလံုးေလာက္ကိုေတာ့ ရင္မခုန္ေတာ့။

ကဗ်ာဦးကေတာ့ သြန္းအုပ္ႏွင့္ စကားဆက္မေျပာ။ မင္းခကိုသာ အေရးတယူ ေမးျမန္းေနသည္။

"မင္းခ အရမ္းနာေနလားဟင္။ ငါတို႔အိမ္ လိုက္ခဲ့ပါလား..
ငါ့အကိုႀကီးက ေဆးခန္းဖြင့္ေနၿပီဟ"

"..."

"ၾကည့္ဦး.. ဒီမွာဆို ရဲေနတာ.. ဘယ္ဘက္ပါးမွာ"

"......"

"အရမ္းနာေနတယ္မလား"

"ရပါတယ္..ငါဘာမွမျဖစ္ပါဘူး"

"ဘာလို႔ ဘာမွမျဖစ္ရမွာလဲဟ။ ဒီမွာ အမ်ားႀကီးနီရဲသြားတာကို"

"ရပါတယ္။ ခဏၾကာရင္ ေပ်ာက္သြားမွာ"

ကဗ်ာဦးက ပ်ာပ်ာသလဲ စိုးရိမ္ေနဟန္ျဖင့္ မင္းခ၏ပါးအား မထိမကိုင္ရက္ ျဖစ္ေနသည္ကိုၾကည့္ၿပီး သြန္းအုပ္
ႏွာေခါင္း႐ႈံ႕၊ႏႈတ္ခမ္းမဲ့လိုက္သည္။

"ဟိုအေစခံေကာင္! ငါက ဘယ္အခ်ိန္မွ အိမ္ျပန္ရမွာလဲ"

"......"

မင္းခက စကားျပန္မေျပာဘဲ လုပ္ေနက်အတိုင္း
သြန္းအုပ္၏လြယ္အိတ္ကို လွမ္းယူလိုက္ၿပီး ေက်ာ၌လြယ္လိုက္သည္။ စက္ဘီးေဒါက္ကိုျဖဳတ္၍ အိမ္ျပန္သည့္လမ္းဘက္သို႔ ဦးလွည့္လိုက္ၿပီးေနာက္ ကဗ္ာဦးအား ျပန္လွည့္ၾကည့္၍...

"ငါသြားၿပီ ကဗ်ာဦး။ နင္လည္း အိမ္ကိုတန္းျပန္ေတာ့ေနာ္။
ေလ်ွွာက္သြားမေနနဲ႔ေတာ့။ အိမ္ကလူႀကီးေတြ
စိတ္ပူေနမယ္"

"အင္း...နင္လည္းဂ႐ုစိုက္ဦးေနာ္"

သံေယာဇဥ္မျပတ္သလို အျပန္အလွန္
ဂ႐ုစိုက္ေနၾကတာကိုျမင္ေတာ့ သြန္းအုပ္စိတ္ထဲ ဝမ္းနည္းသလို၊အားငယ္သလို စိတ္တို႔ကဝင္သည္။ စက္ဘီးမစီးတတ္တာကို ေတြးမိၿပီးေတာ့လည္း
ကဗ်ာဦးကိုအားက်သည့္စိတ္ အနည္းငယ္ဝင္လာ၏။

စက္ဘီးစီးတတ္လို႔ မင္းခနဲ႔အတူတူ ပါလာျခင္းျဖစ္သည္။
မဟုတ္ရင္လည္း မင္းခက တင္ေခၚလာမယ္ေတာ့မထင္။

မဟုတ္ေသးပါဘူး။
ကဗ်ာဦးကို ပိုခင္ေနတာမ်ားလား။
သူ႔ကိုေရာ? စိတ္ဆိုးၿပီး မေခၚခ်င္ေတာ့ဘူးလား။

မင္းခ၏ပံုစံက တစ္မ်ိဳးျဖစ္ေနသည္။ ျမင္ေနက်အတိုင္း ရႊင္လန္းမေနသည့္ ညႇိဳးငယ္ငယ္မ်က္ႏွာေလးေၾကာင့္ သူ႔အမွားအား ေနာင္တရမိပါ၏။

တကယ္ဆို သူဒီေလာက္ထိ အူမတိုခဲ့သင့္ဘူးေလ။

------------------

"သြန္းေလး စာေမးပြဲေျဖႏိုင္လား။"

"အင္း"

"ဒီႏွစ္ေတာ့ ေအာင္မွာမလား။"

"အင္း"

"ေနာက္ႏွစ္ေတြက်ရင္လည္း မက်ေစနဲ႔ေတာ့ေနာ္
သြန္းေလး။ ငယ္ငယ္ေလးနဲ႔ တစ္ႏွစ္တစ္တန္းက်ေနရင္
သားအတန္းႀကီးလာရင္ ဘယ္လိုလုပ္မလဲ။"

"အင္း"

"ကိုယ္က ဥာဏ္မေကာင္းတာလည္း မဟုတ္ပဲနဲ႔
သြန္းေလးရယ္။ ႀကိဳးစားမွေပါ့။ က်ဴ႐ွင္လည္း မတတ္ခ်င္ရတာနဲ့၊ guideက်ေတာ့လည္း မေခၚခ်င္ရတာနဲ႔... ေနာက္ႏွစ္က်ရင္ေတာ့
အဲ့လိုဂ်စ္မတိုက္နဲ႔ေတာ့ေနာ္ သြန္းေလး"

"အင္း"

ေဒၚသီရိ ေျပာေနသည့္စကားမ်ားအား သြန္းအုပ္၏နားထဲ ၾကားတစ္ခ်က္၊မၾကားတစ္ခ်က္...

ညစာထမင္းဝိုင္းတြင္ ေဒၚသီရိေမးေနသည့္စကားတို႔အား သြန္းအုပ္စိတ္မဝင္စား။ သူေတြးေနမိသည္က မင္းခအား စိတ္ျပန္ၾကည္လာေအာင္ ဘယ္လိုလုပ္ရမလဲ ဆိုတာကိုပင္။

ေဒၚသီရိကေတာ့ ေျပာစရာ႐ွိတာကိုသာ ဆက္ေျပာေနသည္။

"ၿပီးေတာ့ သြန္းေလးကို ေမလြန္းတစ္ခုေျပာရဦးမယ္"

"အင္း"

"မင္းခကို အရမ္းအႏိုင္မက်င့္ရဘူးေနာ္ သြန္းေလး။ သူက ကိုယ့္ထက္ေတာင္ အမ်ားႀကီးငယ္ေသးတဲ့ ကေလးပဲ႐ွိေသး တာ။ၿပီးေတာ့ ကိုယ့္အိမ္က အလုပ္သမားရဲ႕ကေလးဆိုတိုင္း
ကိုယ္ အႏိုင္က်င့္ခ်င္တိုင္း က်င့္လို႔မရဘူး။ မနက္ကလို ဂိုေထာင္႐ွင္းခိုင္းတာမ်ိဳးဆိုရင္ သူ႔အရြယ္ေလးကို ခိုင္းဖို႔
ဘယ္လိုမွ အဆင္မေျပဘူးေလ။ ေနာက္ၿပီး...."

အဲ့ကေလးေလးက စက္ဘီးစီးရတာ ေပ်ာ္ပံုပဲ။
စက္ဘီးစီးသင္ေပးဖို႔ေျပာရင္ သူနဲ႔ပိုရင္းႏွီးလာမွာ။
ဟိုခ်ီးထုပ္မေတာင္ စီးတတ္ၿပီး ငါမစီးတတ္ဘူးဆိုတာက လံုးဝ မျဖစ္သင့္ဘူး။

အၾကံေပၚလာတာေၾကာင့္ သြန္းအုပ္ ထမင္းစားပြဲ၌ ေဒၚသီရီႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဆက္မထိုင္ခ်င္ေတာ့။

"ကြၽန္ေတာ္ စားလို႔ၿပီးၿပီ။ အေပၚထပ္တတ္ေတာ့မယ္။"

"သြန္းေလး!ေမလြန္းေျပာတာ မၿပီးေသးဘူး!"

"မၿပီးေသးလည္း ေနာက္မွဆက္ေျပာေတာ့ ေမလြန္း။
ကြၽန္ေတာ္ ဒီေန႔မွ စာေမးပြဲၿပီးသြားတာ။ပင္ပန္းေနၿပီ။
အိပ္ေတာ့မယ္"

"...."

ေဒၚသီရိ စိတ္ေလ်ွာ့လိုက္ကာ ဘာမွဆက္မေျပာ။

အေပၚထပ္သို႔ မတတ္ခင္ သြန္းအုပ္က ေလွကားဝတြင္
ခဏရပ္လိုက္ၿပီး

"ႀကီးေငြ!!"

ေဒၚေငြခင္ သူ႔အား သြန္းအုပ္လွမ္းေခၚလိုက္ေသာေၾကာင့္
အနားသို႔ ေရာက္လာသည္။

"ဘာလိုလို႔လဲ သြန္းေလး"

"ေနမင္းခကို သြားေျပာထားလိုက္ပါ။မနက္ျဖန္က်ရင္
လည္း စက္ဘီးယူၿပီး လာေစာင့္ေနဖို႔"

"အယ္!သြန္းေလးတို႔ ေက်ာင္းပိတ္သြားၿပီ မဟုတ္ဘူးလား?"

"...."

႐ႈတည္တည္ ျပန္ၾကည့္ေပးလိုက္တာေၾကာင့္..

"ႀကီးေငြ သြားေျပာေပးပါ့မယ္"

"...."

မွာစရာ႐ွိတာမွာၿပီးၿပီမို႔ သြန္းအုပ္လည္း အေပၚထပ္႐ွိ သူ႔အခန္းထဲသို႔ဝင္ကာ အိပ္ရန္ ႀကိဳးစားလိုက္သည္။

သို႔ေသာ္ျငား သန္းေခါင္ေလာက္ထိ အိပ္မေပ်ာ္ေသး။ အေတြးက ထိုကေလးေလးထံ၌သာ ေရာက္ေနေသာေၾကာင့္ ေနာက္ဆံုး၌ သြားၾကည့္ရန္ ဆံုးျဖတ္ၿပီး ျခံထဲသို႔
ဆင္းလာခဲ့သည္။

-

-

ျပတင္းေပါက္မွတဆင့္ ဝင္ေရာက္ေနသည့္
လေရာင္၏အလင္းက ျခင္ေထာင္ျဖဴပါးပါးေလးမွတဆင့္ အထဲ႐ွိ အိပ္ေမာက်ေနသည့္ ကေလးငယ္၏ မ်က္ႏွာေပၚသို႔
ျဖာက်ေနသည္။ ခုနစ္ႏွစ္ေက်ာ္႐ွစ္ႏွစ္အတြင္း ပထမဆံုး ၿငိတြယ္မိသည့္ သံေယာဇဥ္ႀကိဳးကေလးက
ခ်စ္စဖြယ္ေကာင္းလြန္းေန၍ ၾကည့္ရင္းႏွင့္ျပံဳးမိရ၏။

အိပ္ေပ်ာ္ေနၿပီပဲ
ကိုကို႔ရဲ႕ ကေလးေလးက...

ထိုေန႔ညက သူမအိပ္ျဖစ္ခဲ့။ အလုပ္သမားတန္းလ်ားအေ႐ွ႕႐ွိ ကြပ္ပ်စ္ေလးေပၚတြင္ထိုင္ေနရင္း ျဖစ္ခဲ့သမ်ွကိုျပန္ေတြးမိရင္း ငိုေနခဲ့မိသည္။ ေနာက္တစ္ေန႔မနက္တြင္ အိပ္ေရးပ်က္၍
ေခါင္းမ်ားမၾကည္မလင္ ျဖစ္ရသည္အထိပင္ သူငိုခဲ့သည္။

ထိုအခ်ိန္ကတည္းက ကေလးငယ္၏ စိတ္ထဲ သူ႔အား
ၿငိဳျငင္သြားၿပီး အေဝးသို႔ထြက္သြားမည့္ေန႔ကို ျကိုေတြးရင္းျဖင့္ အလြန္ပင္စိုးရိမ္ထိတ္လန္႔ခဲ့ဖူးပါသည္။

*************tbc

29.May.22

[Unicode]

ညနေစောင်းတစ်ခု၌....

ဂိုဒေါင်ဟောင်းတစ်လုံးထဲတွင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်နှင့် နွမ်းဖက်သောပုံစံရှိသည့် လူကြီးတစ်ဦးတို့ ရှိနေကြသည်။

လူကြီး၏မျက်နှာတွင် စိတ်လှုပ်ရှားကြောက်ရွံနေမှုများ အထင်းသားရှိနေသော်လည်း ထိုကောင်လေး၏
နှုတ်ခမ်းထက်တွင်တော့ မထီတရီအပြုံးတစ်ခုက တွဲလဲခိုနေ၏။

"အဟက်! ခင်ဗျားကို အဲ့အိမ်ကို သွားနေခိုင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ကို လုပ်ပေးဖို့နော်။ ဘာလဲ? ခင်ဗျားက ကျွန်တော်ပြောထားတာတွေ မေ့သွားပြီလား။"

"ငါ ငါ မလုပ်ချင်တော့ဘူး။"

မိုးသားက သရော်သလိုလှောင်ရယ်လိုက်ရင်း...

"ကောင်းပြီလေ။ ခင်ဗျားသမီးအတွက် လိုတဲ့ငွေတွေကို ခင်ဗျားရဲ့ သူဌေးမကြီးဆီကပဲ တောင်းလိုက်ပေါ့။ မရရင်တော့လည်း..."

မိုးသားက အေးအေးဆေးဆေးဟန်ဖြင့် စကားလုံး
တစ်လုံးချင်းစီကို ဖြည်းဖြည်းချင်းပြောကာ စကားအား အဆုံးမသတ်သေးဘဲ ခဏရပ်လိုက်သည်။ ပြီးမှ ပင့်သက်တစ်ချက်အား ရှိုက်ယူလိုက်ရင်း...

"ခင်ဗျားသမီးကို ဒီတိုင်းလေးပဲ အသေခံလိုက်ပေါ့။
ခင်ဗျားအသက်ကိုလည်း အာမမခံဘူးနော်။ အဟက်!ကျွန်တော် အားမနာတတ်တာကို သိတယ်မလား"

ဦးကျော်ဦး အံတင်းတင်းကြိတ်လိုက်မိသည်။
ဘာကြောင့်လဲ။
ဘာကြောင့် အရွယ်လေးနဲ့မလိုက်အောင်
ရက်စက်ဉာဏ်များလွန်းရတာလဲ။
ဘာလို့ ဒီလောက်အထိ!

ရုတ်တရက် စိတ်ရူးပေါက်ပြီး ဒီအလုပ်ကို
လက်ခံလိုက်မိခြင်းအတွက် နောင်တရမိသည်။
ဒါဆို ငြင်းခဲ့ဖြစ်သည်ဆိုလျှင်ရော?
ရောဂါသည်သမီးလေး၏ ဆေးဖိုးဝါးခများ၊ ဆေးရုံဆေးခန်းစရိတ်များနှင့် ခွဲစိတ်ကုသရန်အတွက် ငွေကြေးများကို သူ အချိန်မီပေးသွင်းနိုင်ခဲ့မှာမဟုတ်သလို ရှေ့ဆက်ပြီးလည်း ကုသစရိတ်ရှာနိုင်မည်မဟုတ်ပေ။

ဒီအခြေအနေထိရောက်လာပြီးမှတော့ မထူးပြီ။
ဦးကျော်ဦး ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချရင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ လုပ်ရမည့်အလုပ်က သူမျှော်လင့်ထားသလို သူ့အားထောင်ထဲပို့၊
သိက္ခာကျအောင်လုပ်ပြီး သူတို့မိသားစုဘဝကို ပျက်စီးစေခဲ့သည့် ဒေါ်သီရိကိုသတ်ရမည်မဟုတ်ဘဲ အပြစ်မရှိသည့်တခြားတစ်ယောက်အား သတ်ပေးရမည်မို့ စိတ်ထဲတွင်တော့ ထိုသူအတွက်စိတ်မကောင်းမိ။

သို့သော်ငြား တွေဝေနေ၍မဖြစ်ပေ။ နောက်ဆုတ်၍လည်း
မဖြစ်နိုင်တော့ပြီမို့ ရှေ့တိုးရန်ပင် ဆုံးဖြတ်ချက်ချလိုက်သည်။ 'ကမ္ဘာမီးလောင် သားကောင်ချနင်း'ဆိုသည့်အတိုင်း သူ့ကမ္ဘာဖြစ်သည့် သမီးလေး၏ သေရေးရှင်ရေးအတွက်မို့ သွေးမတော်၊သားမစပ်သည့် တခြားသော
သားကောင်များအား သူချနင်းရပေတော့မည်။

"မင်း ဘာလို့ အဲ့တစ်ယောက်ကိုမှ သတ်ချင်ရတာလဲ"

ဒီမေးခွန်းအတွက် အဖြေကိုတော့သူသိချင်သေး၏။

"တစ်ချက်ခုတ်တာနဲ့ သုံးချက်လောက်ပြတ်မှာမလို့"

မိုးသား ခပ်ဖွဖွပြုံးလိုက်ရင်း ပြန်ဖြေလာသည်။

"ဘာလို့လဲ။ မင်း ဘာလို့ သူတို့ကို အဲ့လောက်မုန်းနေရတာလဲ။ ငါလည်း နည်းနည်းလောက်ဖြစ်ဖြစ် သိခွင့်ရှိတယ်မဟုတ်လား"

မိုးသားက ရယ်သည်။ ပုခုံးစွန်းနှစ်ဖက်ပင်
တသိမ့်သိမ့်လှုပ်ရှားလောက်အောင် ဟက်ဟက်ပက်ပက် ရယ်မော၏။ သို့သော်ငြား သူ့ရယ်သံက တိုးသဲ့သဲ့နှင့် ခြောက်ကပ်ကပ်နိုင်လှသည်။ ပျော်ရွှင်မှုတစ်စုံတစ်ရာ မပါဝင်သည့် သူ့ရယ်သံခပ်တိုးတိုးက နာကျင်မှုများနှင့် ပြည့်နှက်နေသည်ဟု ခံစားရစေပြီး နားထောင်မိသည့် လူကိုပင် မွန်းကြပ်လာစေသည်။ တစ်ချိန်တည်းမှာပင် ထိုရယ်သံက....။

"မမုန်းပါဘူး။ ဘယ်သူ့ကိုမှ မမုန်းဘူး။ မမုန်းမယ့်အပြင် အရမ်းတောင်ချစ်သေးတယ်။ ဟားးးဟားးးဟားးး"

မျက်လုံးများအားစုံမှိတ်လျက် မနားတမ်းရယ်နေတော့သည့် ထိုကောင်လေးအား ဦးကျော်ဦး နားမလည်စွာဖြင့်သာ
ငေးကြည့်နေလိုက်တော့သည်။

----------------

ကျွန်တော့်နာမည် လွန်းမိုးသား...
တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကို
နားမလည်နိုင်လောက်အောင်ထိ
ကျွန်တော်ဆိုတာ
အဲ့ဒီလို နားလည်ရခက်တဲ့သူ။

-------------------

"မင်းခ! မင်းမျက်နှာမှာ ဘာတွေလိမ်းထားတာလဲ"

အမြင်အာရုံစူးရှသည့် သွန်းအုပ်၏မေးခွန်းကြောင့် မင်းခ အနည်းငယ် နေရခက်သွားသည်။

"ဟီးးး sunscreenလိမ်းထားတာ။"

"အရမ်းလှချင်နေရအောင် မင်းက မိန်းကလေးမို့လို့လား"

"ဟာ အကိုလေးကလည်း။ skin careတိုင်း
အရမ်းလှချင်နေလို့မှမဟုတ်တာ။ နွေရာသီလေ။
အပြင်မှာ နေရောင်ခြည်ဒဏ်က အရမ်းပြင်းထန်နေတာ။ နောက်ပြီး ကျွန်တော်က အပြင်တွေထွက်နေရတော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့သုံးတာ။
လှချင်လို့ မဟုတ်ပါဘူးဗျာ။ အရေပြားကျန်းမာရေးအတွက် သုံးတာပါ အကိုလေးရ"

"ဗဟုသုတ တော်တော်ကြွယ်တယ်နော်"

"....."

သွန်းအုပ်၏ ခပ်ရွဲ့ရွဲ့စကားအား မင်းခ ခွန်းတုံ့မပြန်။
ပြုံး၍သာနေလိုက်၏။ စိတ်ထဲမှာလည်း နည်းနည်းလေး ရှက်ကိုးရှက်ကန်း ရှိနေသည့်အတွက် ဒီအကြောင်းအရာအား ဆက်မပြောချင်။

သွန်းအုပ်လည်း ဘာမှဆက်မပြောဘဲ အင်္ဂလိပ်စာ read the passage မေးခွန်းများ လေ့ကျင့်နေလိုက်သည်။
ထို့နောက် စာလုပ်နေရင်းမှ ရုတ်တရက် အတွေးတစ်ခု
ရသွားပြီး...

"Too much knowledge make up fool ဆိုတာ ဘာအဓိပါ္ပယ်လဲ မင်းသိလား?"

"makethပါ အကိုလေးရဲ့။ make upမဟုတ်ပါဘူး။ အကိုလေးရဲ့ အသံထွက်မှားနေတယ်"

"လျှာမရှည်နဲ့ကွာ။ ငါမေးတာကိုဖြေ"

မင်းခက အရေးမကြီးသည့်မေးခွန်းအား အတင်းမေးနေသည့် သွန်းအုပ်နှင့် ပြိုင်မငြင်းချင်၍...

"အတတ်ကျူး အရူးဖြစ် တဲ့။ အကိုလေးကလည်း
သိနေရဲ့သားနဲ့ လာမေးနေတယ်"

မင်းခက သွန်းအုပ်တွက်ထားသော
သင်္ချာဉာဏ်စမ်းပုစ္ဆာများအား စစ်နေရင်း ပြန်ဖြေလိုက်သည်။ မင်းခ၏ အဖြေကြောင့် သွန်းအုပ်က ကျစ်စ်တစ်ချက် စုတ်သက်လိုက်ပြီး...

"မင်းပြောတာ မှားတယ်"

"ဟင်?"

သွန်းအုပ်က ခန္ဓာကိုယ်အား အနည်းငယ်မတ်ကာ လည်ချောင်းရှင်းလိုက်ပြီးမှ...

"အဟမ်းး မသေမချင်း မှတ်ထား! *ဗဟုသုတများပြီး မိတ်ကပ်လိမ်းလေ့ရှိသူတွေဟာ သောက်ရူးတွေပဲ* တဲ့"

!!!!!
အကျိုးနည်း ဘာသာပြန်စကေးကြီး!
ဒါနဲ့ နေပါဦး...
စာလုံးပေါင်းကိုတောင် ပြင်ပြီးပြောလိုက်တာ ဒါကြောင့်လား။

မင်းခမှာ သွန်းအုပ်ကိုယ်တိုင် အသစ်တစ်ဖန်
ပြန်လည်ဆန်းသစ်လိုက်သော အင်္ဂလိပ်ဘာသာရပ်မှ သင်ခန်းစာတစ်ခု၏ ခေါင်းစဉ်အားကြားပြီး
ရယ်ရခက်၊ငိုရခက် ဖြစ်သွားသည်။

ကိုယ့်ကိုဖဲ့ချင်၍ ချက်ချင်းဆိုသလို သွန်းအုပ်ကိုယ်တိုင် ပြောင်းလဲပစ်လိုက်သည့် ခေါင်းစဉ်မို့ အမှတ်တရအဖြစ် အရေပြားပေါ်သို့ တတ်တူးပင် ပြေးထိုးပစ်ရတော့မလို။

အူလှိမ့်နေအောင် ထရယ်ပစ်လိုက်ချင်သော်လည်း
သူရယ်နေ၍ မဖြစ်သေးပါ။ ကိုကို့ရဲ့ စာလုပ်ချိန်အတွင်း တခြားအရေးမပါသည့် ကိစ္စများကြောင့် စိတ်ပျံ့လွင့်သွားမှာကို မလိုလားပေ။ ဒီတစ်နှစ်လုံးကတော့ ကျိန်းသေပေါက် ကိုကို့ကို ဂရုစိုက်ပေးမှရမည်။ မည်သည့်အကြောင်းကြောင်းနှင့်မှ စာမေးပွဲမကျစေချင်။

ကိုယ်က လက်ရှိတွင် သင်ကြားပေးသူ(ဆရာ)ရာထူးအား ခံယူထားတာကြောင့် အိန္ဒြေသိက္ခာရှိစွာနှင့်ပင်...

"ပေါက်တတ်ကရတွေ လျှောက်ပြောမနေပါနဲ့ အကိုလေးရာ။
စာကိုသာ အာရုံစိုက်ပြီး လုပ်ပါဗျ"

"....."

ဆရာသမားအား မျက်စောင်းတစ်ချက်ဖြင့် ပူဇော်လိုက်ပြီးနောက် သွန်းအုပ် စာပြန်လုပ်နေလိုက်၏။

-

-

သွန်းအုပ်၏ စာကြည့်ချိန်ပြီးသွားတော့ ညနေခြောက်နာရီ။
ထုံးစံအတိုင်း သွန်းအုပ်က ရေမချိုးခင် ကာယဗလလေ့ကျင့် ခန်းလုပ်ရန် အရင်ဆင်းလာခဲ့နှင့်သည်။ မင်းခကတော့ ပွစာ ကြဲနေသည့် သွန်းအုပ်၏စာကြည့်စားပွဲအား ရှင်းလင်းပေးရင်း
အခန်းထဲ၌ နေကျန်ခဲ့၏။

"ဖြစ်နိုင်မယ်ဆိုရင် ကျွန်မကတော့ ဦးသက်လွင်ကို
အလုပ်မထွက်စေချင်ဘူး"

အကြိမ်ကြိမ်အဖန်ဖန်ပြောခဲ့သည့် စကားကိုပင် ဒေါ်သီရိ ထပ်ပြောဖြစ်သည်။

"ကျွန်တော်လည်း ဒီအိမ်ကို သံယောဇဉ်ဖြစ်နေပါပြီ
မမလေးရယ်။ ဒါပေမယ့် ကိုယ့်အိုးကိုယ်အိမ်နဲ့ အတည်တကျနေရမယ့် အရွယ်ကိုလည်း
ရောက်နေပြီဆိုတော့ ရွာကိုပြန်ပြီး အခြေချဖို့ပဲ တွေးမိလို့ပါ"

ဒေါ်သီရိ သက်ပြင်းချလိုက်သည်။

"ဦးသက်လွင်အလုပ်ထွက်သွားရင် ကျွန်မ အလုပ်ကိစ္စရှိလို့ တခြားမြို့တွေသွားဖို့တောင် အဆင်ပြေတော့မှာ မဟုတ်ဘူး။ လူသစ်ရှာဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ လစာနည်းတယ်လို့ထင်ရင်လည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ကျွန်မသဘောကတော့ ဦးသက်လွင်ကို အလုပ်မထွက်စေချင် သေးဘူး။"

"ကိုကျော်ဦးလည်း ရောက်နေပြီပဲဗျာ။ ကားမောင်းရင်
ပုံမှန်မောင်းဖို့၊အရက်မသောက်ဖို့တွေလည်း ကျွန်တော်သူ့ကို သေချာမှာခဲ့ပြီးပါပြီ"

"ကျွန်မက အဲ့လူမို့လို့ကို မယုံတာ။ သူ့သမီးမျက်နှာကို ထောက်ပြီး အလုပ်ပေးထားတာ။ အဲ့လူ ကလိမ်ကကျစ်မှန်း ဦးသက်လွင်လည်း သိသင့်သလောက် သိပြီးသားပဲ"

"......"

"နောက်ပြီး သွန်းလေးနဲ့မင်းခလေးကလည်း ညီအကိုတွေလို ဖြစ်နေကြပြီလေ။ သွန်းလေးက စကားအပြောမတတ်ပေမယ့် သူ့စိတ်ထဲမှာတော့မင်းခကို တော်တော်ခင်နေတာ။"

"ဟုတ်ကဲ့။ မင်းခလည်း သွန်းလေးကို အတော်လေး သံယောဇဉ်ရှိရှာပါတယ်"

ပြောပြီးသား အကြောင်းအရာတွေ ဖြစ်နေတာကြောင့် ဒေါ်သီရိ ဦးသက်လွင်အား မတားချင်တော့။ ဦးသက်လွင် အလုပ်ထွက်တာက အဓိကပြဿနာကြီးမဟုတ်သော်ငြား ဦးသက်လွင်သွားသည့်နေရာတွင် လိုက်ပါနေထိုင်ရမည့် မင်းခက အရေးကြီးဆုံးအရာဖြစ်နေသည်။

သွန်းလေးအနားတွင် မင်းခရှိနေပေးရန် လိုအပ်သည်။
မင်းခ ရောက်လာပြီးမှ အများကြီးပြောင်းလဲလာသည့် သွန်းလေးက မင်းခမရှိတာနှင့် အရင်လိုပြန်ဖြစ်သွားခဲ့လျှင်...

ကလေးမဟုတ်တော့သော သွန်းလေးအား
သူမထိန်းနိုင်မည်မဟုတ်။ ပြဿနာများဖြစ်ပြီးကတည်းက ဘယ်သူ့ကိုမှ မခင်တွယ်တော့သည့် သွန်းလေးက မင်းခရောက်လာပြီးချိန်မှစ၍ မင်းခတစ်ယောက်တည်းကိုသာ ရှိသမျှ သံယောဇဉ်အကုန်လုံးပုံ၍ ခင်တွယ်နေခဲ့သည်။

သိသာလွန်းသည်။ ဘယ်သူ့ကိုမှ အနားကပ်မခံသည့် သွန်းလေးက မင်းခကိုတော့ တစ်ရက်တာ၏သုံးပုံနှစ်ပုံနီးပါး သူ့အနားတွင် အကြောင်းအမျိုးမျိုးပြ၍ ခေါ်ထားတတ်၏။

ထိုတစ်ချက်နှင့်ပင် သွန်းလေး မင်းခအပေါ်
အလွန်ခင်တွယ်နေပြီဖြစ်ကြောင်း သူမနားလည်ပါသည်။ သွန်းလေး၏ အစွဲအလမ်းကြီးပြီး တစ်ယူသန်သည့်စိတ်ကြောင့် မင်းခမရှိလျှင် ဘေးလူများအပေါ် ဒေါသပုံချ၍ စိတ်အလိုမကျတိုင်း ပို၍ပြဿနာရှာလာမည်မှာ အသေအချာပင်။

ဦးသက်လွင်အတွက် လက်ခံရန်လွယ်ကူသည့်တောင်းဆိုမှု မဟုတ်မှန်းသိသော်လည်း ဒေါ်သီရိ အားနာစွာဖြင့်ပင်...

"ဦးသက်လွင်ပြန်မယ်ဆိုရင်လည်း မင်းခကိုတော့ ထားခဲ့ပါ။ သူ့ရဲ့ကျောင်းစရိတ်နဲ့ကျန်တဲ့ကိစ္စအဝဝကို ကျွန်မတို့ပဲ ဆက်ပြီး တာဝန်ယူပေးမှာပါ။ "

"မင်းခ လေးတန်းကတည်းက ခုချိန်ထိ မမလေးတို့
တာဝန်ယူပေးလာရတာကိုတောင် အရမ်း ကျေးဇူးတင်နေပါပြီဗျာ။ ကျွန်တော့်တူလေးမို့ ကျွန်တော်ဆက်ပြီး တာဝန်ယူပါရစေ"

မမလေး ဘာကြောင့် ယခုလောက်ထိ အသည်းအသန်
တားနေရသလဲဆိုတာကိုတော့ သူမသိ။ မင်းခကိုလည်း အတင်းအကြပ်သာ ခေါ်ထားချင်နေပုံရသည်။
တကယ်ဆို ဒီအိမ်တွင် အလုပ်ဆက်မလုပ်ချင်သည့်
အဓိကအကြောင်းရင်းက သွန်းလေးအနိုင်ကျင့်သမျှကို ကိုယ့်တူက ငြိမ်ခံနေရတာကို မကြည့်ရက်ခြင်းကြောင့်သာ။

အားနာ၍ စကားလမ်းကြောင်းလွှဲကာ ငြင်းနေသော်လည်း အလုပ်မဖြစ်။ စိတ်ဆိုးလျှင်လည်း မတတ်နိုင်တော့။ ဇွတ်တိုး၍သာ ပြောနေသည့် ဒေါ်သီရိအား...

"မမလေးကို ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ"

"ဟုတ် ပြောပါ"

"အဓိကက မင်းခကို ဒီမှာ မထားချင်တာပါ"

ဒေါ်သီရိ အံ့အားသင့်သွားပြီး...

"ဟမ် ဘာဖြစ်လို့များလဲ"

ဦးသက်လွင်က သက်ပြင်းတစ်ချက် ချလိုက်ရင်း...

"ပြောရမှာတော့ အားနာပါတယ် မမလေး။
သွန်းလေးစိတ်ဆက်တာ မမလေးလည်းသိမှာပါ။
မင်းခက သည်းခံမှန်းသိတော့ ပိုပြီးအနိုင်ကျင့်တယ်။
စာမေးပွဲမဖြေခင်လတုန်းကလည်း ထိုးလားကြိတ်လားလုပ်တာ မင်းခမျက်နှာမှာ ရစရာကို မရှိဘူး။ နောက်ပြီး ကျောင်းမှာ ဆိုရင်လည်း ခဏခဏရန်ဖြစ်လွန်းလို့ မင်းခလိုက်ရှင်းနေရတာ အကြိမ်ကြိမ်ပါ။"

"....."

" တောင်းပန်ပါတယ် မမလေး ။ မင်းခက ကျွန်တော့်ရဲ့
တစ်ဦးတည်းသောတူလေးပါ။ သားဆိုလည်း ဟုတ်တယ်။ ခုလိုမျိုး ဆက်မထားချင်လို့ပါ။ သွန်းလေး ခင်မှန်းသိပါတယ်။ဒါပေမယ့် ခင်တယ်ဆိုပြီး အနိုင်ကျင့်ဗိုလ်ကျနေတာကိုတော့ ဘယ်လိုမှ နားလည်ပေးလို့မရလို့ပါ။"

"....."

ဒေါ်သီရိ ပြောစရာစကားများပင် ဆွံ့အသွားရသည်။

ဟိုနေ့ကတောင် နှစ်ယောက်သား အရမ်းကို
ပျော်နေကြတာလေ။

သွန်းလေး ဂျစ်ကန်ကန်နိုင်မှန်းသိပေမယ့်
ရန်ခဏခဏဖြစ်တာတွေ၊ မင်းခကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်တာတွေကို မသိခဲ့။

"ဟို...ဦးသက်လွင်..ကျွန်မ"

ဝုန်း!!!

ခွမ်း!!!

ဧည့်ခန်းတံခါးဝတွင် ရပ်နေသည့် သွန်းအုပ်က
အနီးရှိအလှပန်းအိုးတစ်လုံး တင်ထားသည့်စင်ကို ခြေထောက်နှင့်ကန်ပစ်လိုက်ခြင်း။

သွန်းအုပ်က မျက်ထောင့်နီကြီးများဖြင့် ဦးသက်လွင်အား စိုက်ကြည့်လျက် အသားများ တဆက်ဆက်တုန်ကာ အံတင်းတင်းကြိတ်ထားသည်။ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပုံက ဦးသက်လွင်အား အမှုန့်ခြေပစ်ချင်လောက်အောင်ပင် ဒေါသထွက်နေသည့်ပုံ။

"ခင်ဗျား ပြောလို့ပြီးပြီလား! ဘာဆက်ပြောချင်သေးလဲ! ကျွန်တော်က လူမိုက်!လူရမ်းကား! ခင်ဗျားရဲ့တူကို အနိုင်ကျင့်တဲ့ကောင်! နောက်ပြီး ဘာထပ်ရှိသေးလဲ
ဟမ် ပြောလေ! ဆက်ပြောဦးလေ!!!"

"......"

သွန်းအုပ်၏အသံက တင်းမာခက်ထန်လွန်းနေသည်။ အရင်ကတည်းက ဂျစ်ကန်ကန်နိုင်သည်ဆိုသော်ငြား
အခုလို လူကြီးများကိုတော့ ဒေါသတကြီးနှင့် အော်ဟစ်ဖူးတာမျိုးမရှိ။ ဦးသက်လွင်နှင့် ဒေါ်သီရိနှစ်ယောက်စလုံး အသက်ရှုရန်ပင် မေ့လောက်စေသည်အထိ သွန်းအုပ်၏ဒေါသများက
ကြက်သီးထဖွယ်ကောင်းလောက်အောင် အရှိန်မြင့်နေသည်။

"နေမင်းခကို ကျွန်တော် နှိပ်စက်အနိုင်ကျင့်နေတာ
မကြည့်ရက်ဘူးဟုတ်လား! သဘောက မကျေနပ်ဘူးပေါ့။ ကောင်းပြီလေ!"

"....."

"နေမင်းခ!!!"

"နေမင်းခ!!! ငါ့ဆီကို အခုချက်ချင်း လာခဲ့စမ်း!!"

သွန်းအုပ်က အပေါ်ထပ်ရှိ သူ့အခန်းထဲတွင်
ရှင်းလင်းရေးလုပ်ပေးနေသော မင်းခကြားစေရန်အထိ
အော်ခေါ်၏။

"လာပြီဗျို့! လာပြီ!"

ရွှင်ပျသည့်အသံနှင့်အတူ လူပါလျင်မြန်စွာရောက်လာသည့် မင်းခကတော့ လှေကားဝရောက်သည်နှင့် မြင်ရသည့်
မြင်ကွင်းကြောင့် စိုးရိမ်စိတ်က ငယ်ထိပ်သို့ပင် တက်ဆောင့်သည်။

ဧည့်ခန်းထိပ်ဝင်ပေါက်ရှိ ကြွေပန်းအိုးနှင့်စင်မှ အကျိုးအပဲ့၊ အပိုင်းအစများက ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲပြန့်ကျဲနေသည်။
လေးသက်နှင့် ဒေါ်လေးသီရိက စိုးရိမ်ထိတ်လန့်စွာဖြင့်
ကိုကိုနှင့်သူ့အား ကြည့်နေပြီး ကိုကိုကတော့...

ဒါဘယ်လိုအခြေအနေမျိုးကြီးပါလိမ့်?

လွန်ခဲ့သည့်မိနစ်ပိုင်းကအထိ သူနှင့်အတူ
စိတ်လက်ကြည်လင်စွာဖြင့် စာတွေကြိုးစားနေသည့်ကိုကိုက ယခုမူ လူသတ်တော့မည့်ပုံ။

ကိုယ့်ဦးလေးဖြစ်သူကိုလည်း အစိမ်းလိုက်စားတော့မလို စိုက်ကြည့်နေတာကြောင့် မင်းခမှာ ပဲလှော်ကြားဆားညပ်မည့် ခံစားချက်မျိုးရနေ၏။

ကျေးဇူးပြုပြီး လေးသက်ကိုအကြောင်းပြု စိတ်တိုနေတာလို့ တော့မပြောပါနဲ့။

"နေမင်းခ!!"

"ဟုတ်ကဲ့ အကိုလေး"

"ငါမင်းကို ဘယ်နှချက်ထိုးဖူးလဲ"

"ဗျာ! ကျွန်... ကျွန်တော် မသိဘူး အကိုလေး"

သွန်းအုပ်က မင်းခ၏ အင်္ကျီကော်လံစအား ဆောင့်ဆွဲလိုက်ပြီး

"မမှတ်မိရအောင် မင်းဦးနှောက်ကို ခွေးချီသွားတာလား ဟမ်?!"

"....."

"မင်းမမှတ်မိရင် ငါပြောတာ သေချာနားထောင်!"

"....."

မင်းခ အယောင်ယောင်အမှားမှားနှင့် ခေါင်းငြိမ့်လိုက်သည်။

"ပထမဆုံးအကြိမ် မင်းအိမ်ကိုရောက်ပြီး နှစ်လကြာတုန်း
က မုန့်ဝယ်ခိုင်းတာ ကြာနေလို့ တစ်ချက်!
နောက်တစ်ကြိမ် အဲ့ဒီနှစ်ကပဲ ငါ့စာမေးပွဲနောက်ဆုံးရက်မှာ
ဟိုချီးထုပ်မရှေ့ ဆွဲထိုးမိတာ တစ်ချက်!
.
.
.
.
နောက်ဆုံးအကြိမ် မင်းစေတနာ့ဝန်ထမ်းလုပ်ပြီး ဟိုကောင့် အိမ်လိုက်သွားတုန်းက ၁၁ချက်!
စုစုပေါင်း ၂၃ချက်တိတိ ငါထိုးဖူးတယ်!"

"......"

မင်းခကိုယ်တိုင်ပင် သေချာမမှတ်မိတော့သည့်
ထိုကိစ္စများအား အသေးစိတ် ပြန်ပြောပြနေသည့် သူကိုကြည့်ရင်း အံ့သြလွန်း၍ မျက်လုံးအဝိုင်းသားဖြင့်သာ ကြောင်ကြည့်နေမိသည်။

ဘာရည်ရွယ်ချက်နှင့် ခုလိုမျိုး ပြန်ပြောပြနေခြင်းမှန်း
မသိသော်လည်း ဒေါသကြီးနေသည့် အခုလိုအချိန်မျိုးတွင် ထိုကိစ္စတွေကို ပြန်ပြီးပြောနေတာက
ကောင်းသည့်လက္ခဏာတော့မဟုတ်။ နောက်ပြီး ဘာလို့အခုလောက်ထိ ၏/သည်မရွေး မှတ်မိနေမှန်း မင်းခနားမလည်နိုင်တော့။

သွန်းအုပ်က ဆောင့်ဆွဲထားသော မင်းခ၏
အင်္ကျီကော်လံစအား လွှတ်ပေးလိုက်သည်။

"အဲ့ဒီ အရေအတွက်အတိုင်း ငါ့ကိုပြန်ထိုး!"

?????

"ဟို...အ..အကိုလေး"

"ငါ့ကို ပြန်ထိုးလို့ ပြောနေတာ မကြားဘူးလား!"

"....."

"ထိုးလေ! အဲ့ဒါမှ မင်းဦးလေးက ကျေနပ်မှာ!
ထိုးလို့ ပြောနေတယ်ကွာ!"

"....."

"ဟာ! ဒီကောင်!"

မလှုပ်မယှက်နှင့် မျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်နေသည့် မင်းခအား သွန်းအုပ် ဆွဲထိုးရန်ဟန်ပြင်တော့..

"သွန်းလေး! မင်းဘာလို့ အဲ့လောက်ဒေါသတွေကြီးနေ ရတာလဲ။ ရူးနေပြီလား မင်းဘာတွေဖြစ်ချင်နေမှန်း မေလွန်း
လုံးဝ နားမလည်တော့ဘူး!"

"....."

သွန်းအုပ် ကိုယ်ရှိန်သတ်သွား၏။

ထို့နောက် ဘယ်သူ့ကိုမှ ဘာမှဆက်မပြောတော့ဘဲ
အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။

အခန်းထဲရောက်သည်နှင့် စိတ်လျှော့ချလိုက်ကာ ကုတင်တိုင်ကိုမှီလျက် ကြမ်းပြင်ပေါ်တွင် ခြေကုန်လက်ပန်းကျစွာဖြင့် ထိုင်ချလိုက်သည်။

ကြောက်တယ်။
ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။

-

-

"လေးသက် အကိုလေး ဘာတွေဖြစ်နေတာလဲ"

ဦးသက်လွင် မျက်နှာလွှဲကာ သက်ပြင်းတစ်ချက်ချလိုက်ရင်း

"ငါတို့စကားပြောနေတာ ကြားသွားမှာပေါ့။
မင်းကို အနိုင်ကျင့်တဲ့အကြောင်းတွေ မမလေးကို
ပြောပြနေတုန်း သူရောက်လာတာလေ။"

"ဟာဗျာ.. လေးသက်ကို မပြောဖို့ တောင်းပန်ထားရဲ့နဲ့"

မင်းခ သွန်းအုပ်နောက်သို့ အမြန်လိုက်သွားသည်။
သွန်းအုပ်၏ဘေးသို့ တွန့်ဆုတ်၊တွန့်ဆုတ်နှင့် ဝင်ထိုင်လိုက်ပြီး

"အကိုလေး"

"...."

" လေးသက်ကို စိတ်အရမ်းဆိုးနေတာလား"

"ငါက မင်းအတွက် စိတ်ပျက်စရာ ကောင်းလွန်းမနေဘူးလား"

မေးတာကို ပြန်မဖြေဘဲ ကိုယ့်အားပြန်၍
မေးခွန်းထုတ်လာသည့်သူ။

"ဘာလို့ စိတ်ပျက်ရမှာလဲ"

"ငါက မင်းကို အနိုင်ကျင့်တယ်လေ"

"ကျွန်တော်ကတော့ အနိုင်ကျင့်တယ်လို့ကို မခံစားရပါဘူး"

"မင်းဦးလေးက ငါ့အနားမှာမင်းကို မနေစေချင်ဘူး"

"ကျွန်တော် လေးသက်အစား တောင်းပန်ပါတယ်။ သူကလည်း ကျွန်တော့်ကို အစိုးရိမ်လွန်နေလို့ပါ"

"....."

"လေးသက်ကို စိတ်မဆိုးပါနဲ့နော်"

"......"

"ငါ့ကို ထားခဲ့မှာလား"

သွန်းအုပ်၏ အသံက ခပ်တိုးတိုး...

"မထားခဲ့ပါဘူး။ ဘယ်ကိုမှလည်း ထွက်မသွားဘူး။
ကတိပေးတယ်"

"မင်းဦးလေးက အတင်းခေါ်သွားရင်ရော? မင်းဦးလေးကို စွန့်လွှတ်ပြီးမှ ငါ့အနားမှာနေလို့ရမယ်ဆိုရင်ရော?"

"....."

မင်းခ အဖြေရကျပ်သွားသည်။ သွန်းအုပ်၏မေးခွန်းက ကလေးတစ်ယောက်အား "အဖေ့ကိုပိုချစ်လား အမေ့ကိုပိုချစ်
လား"ဟုမေးပြီး ရွေးချယ်ရခက်စေသည့်မေးခွန်းမျိုး။  အဖေ့ကို ပိုချစ်တယ်ပြောလျှင်လည်း အမေက စိတ်မကောင်းဖြစ်မည်။ အမေ့ကိုပိုချစ်တယ် ဆိုပြန်လျှင်လည်း အဖေ့ကိုအားနာရဦးမည်။

အတူတူချစ်ပါတယ်ဟု ဖြေရအောင်ကလည်း သွန်းအုပ်၏ မေးခွန်းက ဘယ်သူ့ကိုပိုချစ်လဲမေးနေတာမဟုတ်သလို မေးခွန်းရော၊လူတွေပါ အနေအထားချင်းမှမတူပဲ။

"Sorry ငါမမေးသင့်တာ မေးမိသွားတယ်။ ငါက သူစိမ်းပဲ။
အဲ့ဒါကို မေ့သွားတယ်"

"မဟုတ်ဘူး အကိုလေး။ ကျွန်တော်"

"သွားတော့ ငါတစ်ယောက်တည်း နေချင်လို့..."

"ဟုတ်"

------------------

လွန်လေပြီးသော အတိတ်ကာလတစ်ခု၌....

စာမေးပွဲဖြေအပြီး သွန်းအုပ် အခန်းထဲမှထွက်လာသည်။ မင်းခက လေးတန်းမို့ မနေ့ကစ၍ ကျောင်းပိတ်သည်။
လာကြိုနေမည့် မင်းခအား ကျောင်းအပြင်တွင် အကြာကြီး စောင့်နေရမှာစိုးတာကြောင့် ခပ်သုတ်သုတ်ပင် လျှောက်လာခဲ့သည်။

ခပ်လှမ်းလှမ်းကတည်းက မြင်ရသည့်မြင်ကွင်းကြောင့် သွန်းအုပ်၏စိတ် မကြည်မလင်ဖြစ်သွားရသည်။
ကျောင်းလာကြိုတာကို မလိုအပ်သည့်အပိုလူပါ ပါလာတာမို့ စိတ်ထဲသဘောမကျ။

သွန်းအုပ် စာမေးပွဲခန်းထဲမှ ထွက်လာတာ မမြင်မိသေးသည့် မင်းခကလည်း ကျောင်းအတွင်းထဲရှိ သွန်းအုပ်၏ စာမေးပွဲခန်း ရှိရာသို့ လည်ပင်းဆန့်ကာ,ဆန့်ကာဖြင့် မျှော်သည်။ ထို့ကြောင့် အနားသို့ရောက်နေပြီဖြစ်သော သွန်းအုပ်အား အချိန်အတော်ကြာသည်ထိ မမြင်သေး။

သွန်းအုပ်က သူ့ကိုမမြင်သေးဘဲ ကျောင်းထဲသို့ အငမ်းကောင်းနေသေးသော မင်းခကို စိတ်မရှည်တော့။အံကြိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်နေပြီ။ စာမေးပွဲကောင်းကောင်း မဖြေနိုင်၍ ထွက်လာသည့် ဒေါသများအား မင်းခ၏ အူတူတူပုံစံက မီးလောင်ရာ လေပင့်သလို ပိုဆွပေးနေသည့်နှယ်ဖြစ်နေ၏။

ဒီသောက်ကလေးက ငါ့ကိုလာကြိုတာလား။
ကျောင်းထဲက တစ်ယောက်ယောက်ကို လာငမ်းနေတာလား။ ဒီကောင် အသက်လေးက လက်မလောက်နဲ့!

နှစ်ယောက်စလုံး၏ အခြေအနေကို ဘေးက
အတိုင်းသားမြင်နေရသည့် ကဗျာကတော့ သွန်းအုပ်ပုံစံက
စိတ်တိုနေပြီမှန်း သိသာနေ၍ မင်းခ၏ လက်ကိုကုပ်ကာ သတိပေးလိုက်သည်။

????
သွန်းအုပ်၏ မျက်နှာက ပို၍သုန်မှုန်သွားသည်။
မင်းခ၏ အသားအား ပိုင်စိုးပိုင်နင်းနှင့်
ထိတွေ့ကိုင်တွယ်လိုက်သော ကဗျာဦးကိုရော၊ စိတ်ဆိုးဟန်ပြဖို့ဝေးစွ... မထူးဆန်းသလိုပင် လျစ်လျူရှုလျက် ကျောင်းထဲသို့ငမ်းနေသည့်
မင်းခကိုရော စိတ်တိုလာ၏။

မင်းခက လှည့်မကြည့်သေး။ သူ့အား လက်ကုပ်ပြီး
အချက်ပြနေသည့် ကဗျာ့ကို လှည့်၍ပင်မကြည့်ဘဲ လျစ်လျူရှုကာ ကျောင်းထဲကိုပဲ သည်းကြီးမည်းကြီး ကြည့်နေသည်။

"အဟမ်းး အဟမ်းး"

လက်ကုပ်၍ အချက်ပေးလို့ မရသည့်အဆုံး ကဗျာက ချောင်းဟန့်ကာ သတိပေးသည်။

"အဟမ်းး အဟမ်းးး အဟမ်းး"

"ကဗျာဦး နင်ကဘာဖြစ်နေတာလဲ"

ကဗျာဦး၏ ချောင်းဟန့်သံကြောင့် မင်းခ စိတ်ရှုပ်လာပြီး နောက်ကိုလှည့်ကြည့်မိတော့မှ..

"ဟင် အကိုလေး! အနားရောက်နေတာကြာပြီလား။
ဟီးး အထဲကြည့်နေတော့ အကိုလေးရောက်နေတာကို မမြင်လိုက်ဘူး။"

"....."

ခွပ်!

"နေမင်းခ!"

သွန်းအုပ် ပေါက်ကွဲချင်နေပြီဖြစ်သည့် ဒေါသတွေကို မင်းခကိုဆွဲထိုးခြင်းဖြင့် မင်းခအပေါ် ပုံချလိုက်သည်။

ကဗျာဦးကတော့ မျက်ရည်များဝဲလာပြီး..

"နေမင်းခ.. ရလား။ အရမ်းနာနေလားဟင်"

"....."

"ဟဲ့! သွန်းအုပ်စိုးပိုင်! နင်က တော်တော်မိုက်ရိုင်းတာပဲ! ကြားဖူးထားတာတွေထက်တောင် နင်ကပိုပြီး စိတ်ပျက်ဖို့ကောင်းသေးတယ်။ နင်ရောက်နေရင် နင်အသံပေးလေ! နင်က အနေလို့လား။
မင်းခက သည်းခံနေတိုင်း နင်အနိုင့်ကျင့်ဖို့ မကြိုးစားနဲ့!
နင် အဲ့လို အကျင့်မကောင်းလို့..."

ကဗျာဦးက စကားကိုဆက်မပြောဘဲ ရပ်လိုက်တာကြောင့်..

"ငါ အကျင့်မကောင်းလို့ ဘာဖြစ်လဲ၊ ဆက်ပြောလေ"

"....."

ကဗျာဦးက နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လျက် ဆက်မပြော။

ကဗျာဦး ဆက်ပြောမည့်စကားကို သူသိသည်။
မိမဆုံးမ၊ဖမဆုံးမ ၊အမျိုးယုတ် အဲ့ဒီစကားလုံးတွေနဲ့ သူတို့မိသားစုရဲ့ တကယ့်အမှန်တစ်ဝက်နဲ့ ဇီဇာချဲ့ကားမှုတစ်ဝက်ရောထားတဲ့ ကောလဟလတွေထက်တော့ မဆိုးနိုင်ဘူးမလား။ အထပ်ထပ်အလီလီ ကြားခဲ့ပြီးဖြစ်တာကြောင့် ကဗျာဦးပြောချင်သည့် မိဘမဲ့ဆိုသည့် စကားလုံးလောက်ကိုတော့ ရင်မခုန်တော့။

ကဗျာဦးကတော့ သွန်းအုပ်နှင့် စကားဆက်မပြော။ မင်းခကိုသာ အရေးတယူ မေးမြန်းနေသည်။

"မင်းခ အရမ်းနာနေလားဟင်။ ငါတို့အိမ် လိုက်ခဲ့ပါလား..
ငါ့အကိုကြီးက ဆေးခန်းဖွင့်နေပြီဟ"

"..."

"ကြည့်ဦး.. ဒီမှာဆို ရဲနေတာ.. ဘယ်ဘက်ပါးမှာ"

"......"

"အရမ်းနာနေတယ်မလား"

"ရပါတယ်..ငါဘာမှမဖြစ်ပါဘူး"

"ဘာလို့ ဘာမှမဖြစ်ရမှာလဲဟ။ ဒီမှာ အများကြီးနီရဲသွားတာကို"

"ရပါတယ်။ ခဏကြာရင် ပျောက်သွားမှာ"

ကဗျာဦးက ပျာပျာသလဲ စိုးရိမ်နေဟန်ဖြင့် မင်းခ၏ပါးအား မထိမကိုင်ရက် ဖြစ်နေသည်ကိုကြည့်ပြီး သွန်းအုပ်
နှာခေါင်းရှုံ့၊နှုတ်ခမ်းမဲ့လိုက်သည်။

"ဟိုအစေခံကောင်! ငါက ဘယ်အချိန်မှ အိမ်ပြန်ရမှာလဲ"

"......"

မင်းခက စကားပြန်မပြောဘဲ လုပ်နေကျအတိုင်း
သွန်းအုပ်၏လွယ်အိတ်ကို လှမ်းယူလိုက်ပြီး ကျော၌လွယ်လိုက်သည်။ စက်ဘီးဒေါက်ကိုဖြုတ်၍ အိမ်ပြန်သည့်လမ်းဘက်သို့ ဦးလှည့်လိုက်ပြီးနောက် ကဗ်ာဦးအား ပြန်လှည့်ကြည့်၍...

"ငါသွားပြီ ကဗျာဦး။ နင်လည်း အိမ်ကိုတန်းပြန်တော့နော်။
လျှောက်သွားမနေနဲ့တော့။ အိမ်ကလူကြီးတွေ
စိတ်ပူနေမယ်"

"အင်း...နင်လည်းဂရုစိုက်ဦးနော်"

သံယောဇဉ်မပြတ်သလို အပြန်အလှန်
ဂရုစိုက်နေကြတာကိုမြင်တော့ သွန်းအုပ်စိတ်ထဲ ဝမ်းနည်းသလို၊အားငယ်သလို စိတ်တို့ကဝင်သည်။ စက်ဘီးမစီးတတ်တာကို တွေးမိပြီးတော့လည်း
ကဗျာဦးကိုအားကျသည့်စိတ် အနည်းငယ်ဝင်လာ၏။

စက်ဘီးစီးတတ်လို့ မင်းခနဲ့အတူတူ ပါလာခြင်းဖြစ်သည်။
မဟုတ်ရင်လည်း မင်းခက တင်ခေါ်လာမယ်တော့မထင်။

မဟုတ်သေးပါဘူး။
ကဗျာဦးကို ပိုခင်နေတာများလား။
သူ့ကိုရော? စိတ်ဆိုးပြီး မခေါ်ချင်တော့ဘူးလား။

မင်းခ၏ပုံစံက တစ်မျိုးဖြစ်နေသည်။ မြင်နေကျအတိုင်း ရွှင်လန်းမနေသည့် ညှိုးငယ်ငယ်မျက်နှာလေးကြောင့် သူ့အမှားအား နောင်တရမိပါ၏။

တကယ်ဆို သူဒီလောက်ထိ အူမတိုခဲ့သင့်ဘူးလေ။

------------------

"သွန်းလေး စာမေးပွဲဖြေနိုင်လား။"

"အင်း"

"ဒီနှစ်တော့ အောင်မှာမလား။"

"အင်း"

"နောက်နှစ်တွေကျရင်လည်း မကျစေနဲ့တော့နော်
သွန်းလေး။ ငယ်ငယ်လေးနဲ့ တစ်နှစ်တစ်တန်းကျနေရင်
သားအတန်းကြီးလာရင် ဘယ်လိုလုပ်မလဲ။"

"အင်း"

"ကိုယ်က ဉာဏ်မကောင်းတာလည်း မဟုတ်ပဲနဲ့
သွန်းလေးရယ်။ ကြိုးစားမှပေါ့။ ကျူရှင်လည်း မတတ်ချင်ရတာနဲ့၊ guideကျတော့လည်း မခေါ်ချင်ရတာနဲ့... နောက်နှစ်ကျရင်တော့
အဲ့လိုဂျစ်မတိုက်နဲ့တော့နော် သွန်းလေး"

"အင်း"

ဒေါ်သီရိ ပြောနေသည့်စကားများအား သွန်းအုပ်၏နားထဲ ကြားတစ်ချက်၊မကြားတစ်ချက်...

ညစာထမင်းဝိုင်းတွင် ဒေါ်သီရိမေးနေသည့်စကားတို့အား သွန်းအုပ်စိတ်မဝင်စား။ သူတွေးနေမိသည်က မင်းခအား စိတ်ပြန်ကြည်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပင်။

ဒေါ်သီရိကတော့ ပြောစရာရှိတာကိုသာ ဆက်ပြောနေသည်။

"ပြီးတော့ သွန်းလေးကို မေလွန်းတစ်ခုပြောရဦးမယ်"

"အင်း"

"မင်းခကို အရမ်းအနိုင်မကျင့်ရဘူးနော် သွန်းလေး။ သူက ကိုယ့်ထက်တောင် အများကြီးငယ်သေးတဲ့ ကလေးပဲရှိသေး တာ။ပြီးတော့ ကိုယ့်အိမ်က အလုပ်သမားရဲ့ကလေးဆိုတိုင်း
ကိုယ် အနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရဘူး။ မနက္ကလို ဂိုထောင်ရှင်းခိုင်းတာမျိုးဆိုရင် သူ့အရွယ်လေးကို ခိုင်းဖို့
ဘယ်လိုမှ အဆင်မပြေဘူးလေ။ နောက်ပြီး...."

အဲ့ကလေးလေးက စက်ဘီးစီးရတာ ပျော်ပုံပဲ။
စက်ဘီးစီးသင်ပေးဖို့ပြောရင် သူနဲ့ပိုရင်းနှီးလာမှာ။
ဟိုချီးထုပ်မတောင် စီးတတ်ပြီး ငါမစီးတတ်ဘူးဆိုတာက လုံးဝ မဖြစ်သင့်ဘူး။

အကြံပေါ်လာတာကြောင့် သွန်းအုပ် ထမင်းစားပွဲ၌ ဒေါ်သီရီနှင့် မျက်နှာချင်းဆိုင် ဆက်မထိုင်ချင်တော့။

"ကျွန်တော် စားလို့ပြီးပြီ။ အပေါ်ထပ်တတ်တော့မယ်။"

"သွန်းလေး!မေလွန်းပြောတာ မပြီးသေးဘူး!"

"မပြီးသေးလည်း နောက်မှဆက်ပြောတော့ မေလွန်း။
ကျွန်တော် ဒီနေ့မှ စာမေးပွဲပြီးသွားတာ။ပင်ပန်းနေပြီ။
အိပ်တော့မယ်"

"...."

ဒေါ်သီရိ စိတ်လျှော့လိုက်ကာ ဘာမှဆက်မပြော။

အပေါ်ထပ်သို့ မတတ်ခင် သွန်းအုပ်က လှေကားဝတွင်
ခဏရပ်လိုက်ပြီး

"ကြီးငွေ!!"

ဒေါ်ငွေခင် သူ့အား သွန်းအုပ်လှမ်းခေါ်လိုက်သောကြောင့်
အနားသို့ ရောက်လာသည်။

"ဘာလိုလို့လဲ သွန်းလေး"

"နေမင်းခကို သွားပြောထားလိုက်ပါ။မနက်ဖြန်ကျရင်
လည်း စက်ဘီးယူပြီး လာစောင့်နေဖို့"

"အယ်!သွန်းလေးတို့ ကျောင်းပိတ်သွားပြီ မဟုတ်ဘူးလား?"

"...."

ရှုတည်တည် ပြန်ကြည့်ပေးလိုက်တာကြောင့်..

"ကြီးငွေ သွားပြောပေးပါ့မယ်"

"...."

မှာစရာရှိတာမှာပြီးပြီမို့ သွန်းအုပ်လည်း အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ဝင်ကာ အိပ်ရေန် ကြိုးစားလိုက်သည်။

သို့သော်ငြား သန်းခေါင်လောက်ထိ အိပ်မပျော်သေး။ အတွေးက ထိုကလေးလေးထံ၌သာ ရောက်နေသောကြောင့် နောက်ဆုံး၌ သွားကြည့်ရန် ဆုံးဖြတ်ပြီး ခြံထဲသို့
ဆင်းလာခဲ့သည်။

-

-

ပြတင်းပေါက်မှတဆင့် ဝင်ရောက်နေသည့်
လရောင်၏အလင်းက ခြင်ထောင်ဖြူပါးပါးလေးမှတဆင့် အထဲရှိ အိပ်မောကျနေသည့် ကလေးငယ်၏ မျက်နှာပေါ်သို့
ဖြာကျနေသည်။ ခုနစ်နှစ်ကျော်ရှစ်နှစ်အတွင်း ပထမဆုံး ငြိတွယ်မိသည့် သံယောဇဉ်ကြိုးကလေးက
ချစ်စဖွယ်ကောင်းလွန်းနေ၍ ကြည့်ရင်းနှင့်ပြုံးမိရ၏။

အိပ်ပျော်နေပြီပဲ
ကိုကို့ရဲ့ ကလေးလေးက...

ထိုနေ့ညက သူမအိပ်ဖြစ်ခဲ့။ အလုပ်သမားတန်းလျားအရှေ့ရှိ ကွပ်ပျစ်လေးပေါ်တွင်ထိုင်နေရင်း ဖြစ်ခဲ့သမျှကိုပြန်တွေးမိရင်း ငိုနေခဲ့မိသည်။ နောက်တစ်နေ့မနက်တွင် အိပ်ရေးပျက်၍
ခေါင်းများမကြည်မလင် ဖြစ်ရသည်အထိပင် သူငိုခဲ့သည်။

ထိုအချိန်ကတည်းက ကလေးငယ်၏ စိတ်ထဲ သူ့အား
ငြိုငြင်သွားပြီး အဝေးသို့ထွက်သွားမည့်နေ့ကို ကြိုတွေးရင်းဖြင့် အလွန်ပင်စိုးရိမ်ထိတ်လန့်ခဲ့ဖူးပါသည်။

*************tbc

29.May.22

Continue Reading

You'll Also Like

1.4K 102 13
Zawgyi ေက်းဇူးျပဳ၍ ထပ္ဆံုးအပိုင္းက 'ဖတ္ျဖစ္ေအာင္ဖတ္ေပးပါ'ဆိုတဲ့ စာကို ဖတ္ေပးပါရွင္...❤️ Startdate_6.11.2021 __________________________________ Unicod...
61.7K 9.3K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
308K 17.4K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"