[Zawgyi]
မ်က္စိေ႐ွ႕တည့္တည့္မွာ ျမင္ေနရတဲ့ျမင္ကြင္းကိုၾကည့္ၿပီး ကဗ်ာဦး ထမင္းစားလို႔ေတာင္မဝင္ခ်င္ေတာ့။ သြန္းအုပ္စိုးပိုင္ဆိုတဲ့ေကာင္က သူမတို႔အခန္းထဲကို မလာစဖူးလာၿပီးေတာ့ သက္သက္ႀကီးကို သူမကို စိတ္ဒုကၡလာေပးေနသလားထင္ရသည္။
ေနမင္းခကေရာ အဲ့ဒီခ်ဥ္ဖက္ကို ဘာလို႔အဲ့ေလာက္ထိ ေအာက္ေျခသိမ္းလိုက္လုပ္ေပးေနရတာလဲ!
"ျမင္ရတာကကို စိတ္ဆင္းရဲစရာပဲေနာ္။ အဲ့ေကာင္က လက္က်ိဳးေနတာလား။"
စိတ္တိုေနသည့္ကဗ်ာဦးကို ေဘးကသူငယ္ခ်င္း
ေကဇင္က ေလာင္စာထပ္ျဖည့္ေပးေနသည္။ သူမကလည္း ကဗ်ာဦးလိုပဲ.. သြန္းအုပ္စိုးပိုင္မုန္းတီးသူမ်ားအဖြဲ႔ဝင္။
ကဗ်ာဦးတို႔ကသာ သူအႏိုင္က်င့္ခံေနရသည္ဟုေတြးၿပီး စိတ္မသာမယာျဖစ္ေနၾကေသာ္လည္း ေနမင္းခကေတာ့ သာသာယာယာပင္။ စာသင္ခ်ိန္တုန္းက မၾကည္ေနသည့္ ေခါင္းေလးကေတာင္ ေန႔လည္ထမင္းစားခ်ိန္ အခန္းေ႐ွ႕မွာ လက္နွစ္ဖက္ပိုက္ၿပီး လာရပ္ေစာင့္ေနသည့္ ကိုကို႔ကိုျမင္လိုက္ရကတည္းက ျပန္ၾကည္လင္သြားရ၏။
သူအံ့ျသသြားတာကိုျမင္၍ျဖစ္မည္။ သူဘာမွမေမးရေသးခင္မွာပင္ ကိုကိုက မ်က္ေမွာင္ႀကီးၾကဳတ္လ်က္က 'ဗိုက္ဆာလို႔'ဟု တိုတိုတုတ္တုတ္ ေျဖ႐ွင္းခ်က္ေပးလာသည္။ ထိုစကားေၾကာင့္ ထမင္းစားဆင္းခ်ိန္ထဲကေန ဆယ္မိနစ္ေလာက္ယူၿပီး စာဆက္သင္ေနသည့္ဆရာမကို မင္းခ ၿငိဳျငင္သြားမိေသး၏။
မင္းခ အေပ်ာ္လြန္ၿပီး ခြံ႔မေကြၽးရံုတမယ္ အစစလိုက္လုပ္ေပးေနမိသည္။ ခ်ိဳင့္ထဲကို အဆင္သင္႔ဇြန္းတပ္ေပးတာကအစ ပုစြန္အခြံခြာေပးတာအဆံုး သူ႔လက္နဲ႔ခ်ည္း။ လိမၼာသည့္ကိုကိုကလည္း မျငင္းပဲ ၿငိမ္ၿငိမ္ေလးထိုင္စားသည္။ ကိုကိုစားေနတာကိုၾကည့္ရင္း မင္းခရဲ႕ႏွလံုးသားေလး အာဟာရျပည့္လာရသည္။
"အကိုေလး"
"...."
"ညေနေက်ာင္းဆင္းခါက်ရင္ ဘယ္လိုက္ပို႔ေပးရမလဲ။ အကိုေလးဘာစားခ်င္လဲ"
"ဘာလဲ။ မင္းကဝယ္ေကြၽးမလို႔လား"
"အကိုေလး စားမယ္ဆိုရင္ ဝယ္ေကြၽးမွာေပါ့။ ေက်ာင္းေ႐ွ႕ကဆိုင္အသစ္မွာ အစားအေသာက္ေတြ ေကာင္းတယ္တဲ့"
"မလိုပါဘူး။ ငါက မင္းေကြၽးမွ စားနိုင္မယ့္လူမဟုတ္ဘူး။ ကိုယ့္ဝမ္းကိုယ္သာ ဝေအာင္ျဖည့္လိုက္"
သြန္းအုပ္အေျပာေၾကာင့္ ထမင္းမစားရေသးတဲ့ မင္းခ နင္သြား၏။ ေကာင္းေကာင္းမြန္မြန္ျငင္းလည္း ရတာပါပဲ။
အဲ့ဒီကိုကိုတစ္ေယာက္ဟာ စကားေျပာလိုက္တိုင္း တစ္လံုးတည္းတစ္ခဲတည္း။
ဒါေပမယ့္ အဲ့ဒီမႈန္ကုပ္ကုပ္မ်က္ႏွာနဲ႔ မၾကင္နာသည့္ အေျပာဆိုးဆိုးေတြကေတာင္ ခ်စ္ဖို႔ေကာင္းေနျပန္ေတာ့လည္း ခက္ပါသည္။
-----------------------
"ကြၽန္ေတာ္ ဒီေဘးမွာ ထိုင္လို႔ရမလားမသိဘူးခင္ဗ်ာ"
ေစတီ၏စေနၿဂိဳဟ္ေထာင့္တြင္ ဘုရား႐ွိခိုးအၿပီး
ခဏထိုင္ကာ အေတြးမ်ားေနသည့္ မင္းခတစ္ေယာက္ ယဥ္ေက်းခ်ိဳသာလွသည့္ အသံတစ္ခုေၾကာင့္ အေတြးေတြရပ္သြားၿပီး ထိုအသံပိုင္႐ွင္အား ေမာ့ၾကည့္လိုက္သည္။
ရင္ေအးေစသည့္ အသံေအးေအးေလးႏွင့္ လိုက္ဖက္လြန္းစြာပင္ မ်က္ႏွာေလးကပါ ၾကည္ၾကည္စင္စင္ျဖင့္ ေအးခ်မ္းေနသည့္
ေကာင္ေလးတစ္ေယာက္။ သူ႔ထက္ေတာ့ အနည္းငယ္ အသက္ငယ္ေလာက္မည္လား။
႐ွပ္အက်ႌၾကည္ျပာေရာင္လက္႐ွည္ေလးႏွင့္ ခ်ည္ပုဆိုး အကြက္စိပ္ နက္ျပာေရာင္ေလးကို သားနားသပ္ရပ္စြာ တြဲဖက္ဝတ္ဆင္ထားသည္။ ထိုေကာင္ေလး၏ အမူအရာ၊ ပံုစံႏွင့္ အျပံဳးေလးကအစ လူရည္မြန္ေလးတစ္ေယာက္မွန္း သိသိသာသာ။
"ဟို...ကြၽန္ေတာ္ထိုင္လို႔ရႏိုင္မလားခင္ဗ်ာ"
"ေျသာ္ ဟုတ္..ဟုတ္ကဲ့ ရပါတယ္"
အေငးလြန္သြားမိသည့္ မင္းခခမ်ာ ထိုေကာင္ေလးက ေနာက္တစ္ေခါက္ ထပ္ေမးေတာ့မွ အားနာနာႏွင့္ ျပန္ေျဖလိုက္ရသည္။ ထိုအခါ ေကာင္ေလးက မင္းခအား ႏွစ္လိုဖြယ္ေကာင္းစြာ ျပံဳးျပလာသည္။
"ေက်းဇူးပါ အစ္ကို"
"ဟုတ္...ရပါတယ္"
ထိုေကာင္ေလးက မင္းခႏွင့္မနီးမေဝး ေနရာလပ္တစ္ခုတြင္ ဝင္ထိုင္ကာ ဘုရားဝတ္ျဖည့္သည္။ မ်က္လံုးေလးစံုမွိတ္ကာ
လက္အုပ္ခ်ီ၊ ဘုရား႐ွိခိုးေနပံုကိုၾကည့္ရင္း မင္းခ၏စိတ္ထဲတြင္ ရင္းနွီးခင္မင္လိုစိတ္တို႔ ေပၚလာရသည္။ အရင္ဘဝက ညီေလးမ်ားလား။
မိတ္ဆက္ၿပီး သူငယ္ခ်င္းလုပ္ဖို႔ေျပာလိုက္ရင္ ေကာင္းမလားလို႔ စဥ္းစားမိလိုက္ေပမယ့္... မျဖစ္ေသး။ ေတာ္ၾကာ ကိုကိုကမႀကိဳက္မွျဖင့္။
"အစ္ကို႐ွိေနတုန္းပဲကိုး..."
မင္းခ အေတြးမ်ားလြန္ဆြဲေနခ်ိန္တြင္ပင္ ထိုေကာင္ေလးက ဘုရားဝတ္ျပဳၿပီးသြားသည္။ ထို႔ေနာက္ မင္းခကို စကားစေျပာလာ၏။
"ဟုတ္"
မင္းခက 'ဟုတ္' တစ္လံုးသာ ျပန္ေျဖလိုက္ေသာ္လည္း စိတ္ထဲတြင္ေတာ့ ေမးခ်င္၊ေျပာခ်င္ေနသည့္
စကားမ်ား႐ွိေနသည္။
ဘာလို႔ ညီေလးကိုျမင္ျမင္ခ်င္း ကိုယ္က ညီေလးနဲ႔ အရမ္းရင္းႏွီးခ်င္ေနရတာလဲ ဆိုတာမ်ိဳး။ ဒါမွမဟုတ္ ရြာမွာတုန္းက ရင္းႏွီးခဲ့ဖူးတဲ့သူငယ္ခ်င္းမ်ားလားလို႔ အတည္ျပဳၾကည့္ခ်င္တာမ်ိဳး။
"ဟို.. အစ္ကို႔ရဲ႕ စာရြက္ေတြလြင့္ေနတယ္"
မင္းခက အေတြးမ်ားေနသျဖင့္ ဘုရားေပၚသို႔
စာက်က္ရန္ယူလာသည့္ စာအုပ္မ်ားႏွင့္စာရြက္စာတမ္းမ်ားမွ စာရြက္မ်ား ေလႏွင့္လြင့္သြားသည္ကို မျမင္မိလိုက္။
"အာ...ဒုကၡပဲ။ ေက်းဇူးပါဗ်ာ"
မင္းခက ေဘးသို႔လြင့္က်ေနသည့္ စာရြက္မ်ားကို
ေကာက္ယူရန္ ထိုစာရြက္မ်ားအေပၚ လက္တင္မိခိုက္္... မင္းခကိုကူညီၿပီး စာရြက္မ်ားကိုလိုက္သိမ္းရန္ ျပင္လိုက္ေသာ ထိုေကာင္ေလး၏ လက္ဖဝါးေလးကို ဆုပ္ကိုင္မိသည္။
ထိုေကာင္ေလးက သူ႔လက္အား အျမန္ျပန္႐ုတ္လိုက္ၿပီး..
"ကန္ေတာ့ေနာ္.. အစ္ကို"
"အာ.. ဟုတ္.. sorry"
စာရြက္မ်ားကို ကူေကာက္ေပးသည္။ ထိုစာရြက္မ်ားအား ေလးေလးစားစားျဖင့္ လက္ေလးႏွစ္ဖက္ႏွင့္ကိုင္လ်က္ လက္ထဲသို႔ ကမ္းေပးလာတာေၾကာင့္ မင္းခလည္း
တ႐ိုတေသျဖင့္ ေသခ်ာယူလိုက္သည္။
"ေက်းဇူးပါဗ်"
ထိုစကားတစ္ခြန္းကိုေျပာၿပီး ဘာဆက္ေျပာရမည္ကိုမသိ။ တကယ္ဆို သူမိတ္ဆက္ခ်င္ေနသည္။ သို႔ေသာ္လည္း ႏႈတ္က ဘာစကားမွ ထြက္မလာေသး။
ခုမွျမင္ဖူးသည့္ သူစိမ္းတစ္ေယာက္အား ကိုယ့္ဘက္ကစ၍ ခင္မင္ေအာင္ႀကိဳးစားၾကည့္ဖို႔ ေဝလာေဝး... အရြယ္တူ အတန္းေဖာ္မ်ားႏွင့္ပင္ တရင္းတႏွီးမေပါင္းသင္းဖူးတာေၾကာင့္ ကိုယ့္ကိုယ္ကို စတင္မိတ္ဆက္ရဖို႔ကို မ်က္ႏွာပူေနမိသည္။
ထိုေကာင္ေလးက မိတ္ဆက္ဖို႔ရန္ သင့္၊မသင့္ကို
ေဝခြဲမရျဖစ္ေနသည့္ မင္းခကိုၾကည့္ၿပီး မင္းခစိတ္ထဲ ခန္႔မွန္းမိသည့္အလား သေဘာက်စြာျပံဳးသည္။
"ကြၽန္ေတာ့္နာမည္က ပံုရိပ္သြင္ပါ။ မႏွစ္ကမွ ကေလာကေန
ရန္ကုန္ကိုေျပာင္းလာတာ"
"ေျသာ္.. ဟုတ္"
"ဟို ဒါနဲ႔... အစ္ကိုက?"
"ဟို.. ကြၽန္ေတာ္က ေနမင္းခပါ။ ရန္ကုန္မွာ ေနတာေတာ့ၾကာၿပီ။ ကြၽန္ေတာ့္..."
"ေနမင္းခ!!"
တစ္ဦးႏွင့္တစ္ဦး မိတ္ဆက္ေနၾကသည့္ မင္းခႏွင့္ပံုရိပ္တို႔၏
အနီးသို႔ သြန္းအုပ္ေရာက္လာသည္။ မင္းခ၏ေဘးတြင္
ထိုင္ေနသည့္ ပံုရိပ္ကိုလည္း ေခါင္းအစေျခအဆံုးၾကည့္ၿပီး အကဲခတ္လိုက္ေသး၏။ ႏွာေခါင္းတ႐ႈံ့႐ႈံ့၊ မ်က္ေမွာင္တကုပ္ကုပ္။
မင္းခက ပံုရိပ္ႏွင့္ ေျပာေနလက္စစကားကိုပင္ ေမ့သြားၿပီး သြန္းအုပ္ အသံၾကားသည္ႏွင့္ မတ္တပ္ထရပ္လိုက္သည္။
"အကိုေလး ၾကာဦးမယ္ထင္ေနတာ"
"ဘုရား႐ွိခိုးတာ ဘယ္ေလာက္ၾကာရမွာလဲ"
"......"
ပံုရိပ္က ေနရာမွထကာ ျပန္ရန္ဟန္ျပင္လိုက္ၿပီး...
"ကြၽန္ေတာ္ျပန္လိုက္ပါဦးမယ္ ကိုခ။ ေနာက္လည္း မၾကာခဏ ဆံုခ်င္ပါေသးတယ္"
"ေျသာ္..ဟုတ္ ဂ႐ုစိုက္ျပန္ဦး အရိပ္"
ပံုရိပ္က မင္းခႏွင့္သြန္းအုပ္တို႔ ႏွစ္ဦးစလံုးအား
ျပံဳးျပႏႈတ္ဆက္ရင္း ဘုရားေပၚမွဆင္းသြားသည္။
အျပဳအမူ၊အေျပာအဆိုတင္မက သြားလာလႈပ္႐ွားမႈမ်ားကပါ ယဥ္ေက်းသိမ္ေမြ႔လွသည့္ ပံုရိပ္သြင္ဆိုသည့္
ေကာင္ေလးအား မင္းခ ၾကည့္ရင္းႏွင့္ ျပံဳးမိသည္။
စိတ္ထားေလးကလည္း ေကာင္းမည့္ပံု။
ထြက္သြားၿပီျဖစ္ေသာ ျဖဴစုတ္စုတ္ေကာင္ေလးကို လိုက္ၾကည့္ရင္း မ်က္ႏွာတြင္အျပံဳးပန္းေဝေနေသာ
မင္းခကို သြန္းအုပ္က မၾကည္ျဖဴသည့္ေလသံျဖင့္...
"မင္းကဘာေတြသာယာေနတာလဲ"
"ဗ်ာ! ဟို..ဘာမွမသာယာပါဘူး"
"....."
သြန္းအုပ္က မ်က္လံုးတစ္ခ်က္ေစြၾကည့္လိုက္ၿပီး
ဘာမွေတာ့ဆက္မေျပာ။ သို႔ေသာ္ အလိုက်ဟန္ေတာ့ သိပ္မေပၚ။
"ျပန္ေတာ့မွာမလား အကိုေလး"
"....."
ဘာမွျပန္မေျပာ၍ လက္ခံသည္ဟု မင္းခယူဆလိုက္သည္။
ဘုရားသို႔လာစဥ္က ဘုရားလည္းကန္ေတာ့ရင္း၊
စာလည္းက်က္ရင္းဟုေတြးကာ ႏွစ္ေယာက္စလံုး၏ စာအုပ္စာတမ္းမ်ား ယူလာေသးသည္။
ထိုပစၥည္းပစၥယမ်ားအား မင္းခ လက္တစ္ဖက္က ေပြ႔ကိုင္လိုက္ကာ က်န္လက္တစ္ဖက္က ဖိနပ္ႏွစ္ရံကို ေကာက္ယူလိုက္သည္။ ထို႔ေနာက္ အေ႐ွ႕မွ ေငါ့ေတာ့ေငါ့ေတာ့ႏွင့္ သြားႏွင့္ၿပီျဖစ္ေသာ သြန္းအုပ္ေနာက္ အမီလိုက္ကာ ႏွစ္ေယာက္သား အိမ္သို႔ ျပန္လာခဲ့ၾက၏။
----------------------
တင္ပ်ဥ္ေခြထိုင္ကာ သတင္းစာဖတ္ေနေသာ
ဦးသက္လြင္၏ ေပါင္ေပၚတြင္ မင္းခက မႀကီးမငယ္ႏွင့္ ကေလးေပါက္စေလးလို ေခါင္းတင္ၿပီးလွဲေနသည္။
မင္းခက သူ႔အက်င့္အတိုင္း ေတာင္ေရာက္ေျမာက္ေရာက္ စကားမ်ားကိုလည္း ပါးစပ္ကေန ေပါက္ေပါက္ေဖာက္ေနေသး၏။
"ေလးသက္"
"အင္း"
"သားကိုခ်စ္ေသးလား"
"အင္း"
"သားတစ္ခုေမးမယ္။ ေလးသက္ စိတ္ထဲကဟာကို
အမွန္အတိုင္းေျဖေနာ္"
"အင္း"
"သား ေဆးေက်ာင္းတတ္ခြင့္ရမယ္ထင္လား"
"အင္း"
မင္းခ လွဲေနရင္းကေန ဆက္ခနဲ ျပန္ထလိုက္ၿပီး
မ်က္ေမွာင္ႀကီးၾကဳတ္၍...
"ေလးသက္က တအင္းအင္းနဲ႔။ သားဘာေတြေမးေနလဲ ဆိုတာကိုေရာ ၾကားလို႔လား"
ဦးသက္လြင္က ဖတ္လက္စသတင္းစာေလးအား
ေခါက္လိုက္ၿပီး...
"ကဲ..ေနမင္းခေရ.. မင္းေမးေနတာ ငါအကုန္ၾကားတယ္။ ရစ္မေနနဲ႔ကြာ။ ကေလးလည္း မဟုတ္ေတာ႔ပဲနဲ႔"
"ဟာ...သားက ကေလးပဲ႐ွိေသးတာ"
ဦးသက္လြင္က အားရပါးရ ရယ္ခ်လိုက္ၿပီး...
"ဟားးးဟားးးးး လူႀကီးကိုမ်ား ျပန္လိမ္ေနခ်င္ေသးတယ္။ ငါ့မ်ား ဘာမွမျမင္၊မသိတာက်လို႔... ကေလး, ကေလးနဲ႔ မင္းကေလးမဟုတ္ေတာ့ပါဘူးကြာ"
"......"
ဦးသက္လြင္ ဘာကိုဆိုလိုမွန္း မင္းခသိလိုက္သည္။
လြန္ခဲ့သည့္ရက္ပိုင္းက wet dreamတစ္ခုေၾကာင့္
မနက္ေစာေစာစီးစီး ဖ႐ိုဖရဲျဖစ္ေနခ်ိန္ ေလးသက္က ျမင္သြားသည္ထင္သည္။ အခု ေလးသက္က ထိုကိစၥကို ေျပာလိုက္ျခင္းပင္။
ေယာက်္ားသားခ်င္းဆိုေသာ္ျငား တူဝရီးျဖစ္ေနတာေၾကာင့္ ႐ွက္သြားၿပီး မင္းခ ဘာစကားသံမွ ထပ္မထြက္လာရဲေတာ့။
"႐ွက္မေနပါနဲ႔ကြာ။ အရြယ္ေရာက္ေနတဲ့ ေယာက်္ားေလးပဲ"
"....."
"အဓိကမွာခ်င္တာက အဲ့ဒါေတြက ေသြးသားဆႏၵ
သက္သက္ပဲ။ ဒီလိုကိစၥေတြအတြက္နဲ႔ ဘယ္မိန္းကေလးကိုမွ
အသံုးမခ်ရဘူး။ ရည္းစားထားရင္လည္း အဆင့္မေက်ာ္နဲ႔ ။ ဆႏၵကို သိကၡာတရားနဲ႔ အျမဲထိန္း"
"ဟုတ္ပါၿပီ ေလးသက္ရာ။ သားနားလည္ပါတယ္။ စိတ္ခ်! ေလးသက္ေျပာတာေတြ သားအျမဲလိုက္နာမယ္။ သားက ကိုယ့္စိတ္ဆႏၵတစ္ခုကို ျဖည့္ဖို႔အတြက္နဲ႔ ဘယ္သူ႔ကိုမွ အသံုးမခ်ဘူး။ သားကိုယ္တိုင္လည္း အဲ့လိုလူေတြကို ရြံတယ္"
ဦးသက္လြင္ေျပာသည့္စကားကို မင္းခက
နားလည္ၿပီးႏွင့္ေနၿပီ။ တူျဖစ္သူက တစ္ခါတေလ ကေလးဆန္တာကလြဲလ်ွင္ အေကာင္းအဆိုး၊အက်ိဳးအျပစ္ကို ေသခ်ာခြဲျခားႏိုင္ေလာက္ေအာင္ အသိဥာဏ္ရင့္က်က္သည့္ ကေလးမို႔ အထူးတလည္ေတာ့ ဆံုးမသြန္သင္ေနရန္မလို။
"ေအးေအး.. နားလည္ဖို႔ပဲ လိုတယ္"
"ဟုတ္။ ေလးသက္"
ဦးသက္လြင္က သတင္းစာကိုျပန္ဖတ္ရန္ ျပင္လိုက္သည္။
"ေလးသက္ သားခုနက ေမးေနတာက
လမ္းေၾကာင္းလြဲသြားတယ္ေနာ္။ သားေမးတာ ေသခ်ာျပန္မေျဖရေသးဘူး"
"ဘာလဲ မင္းခရာ။ ေလးသက္ အကုန္ေျဖၿပီးၿပီေလ"
"မဟုတ္ပါဘူး။ ေလးသက္က ဘာေမးေမး အင္း အင္းပဲ ျပန္ေျဖေနတာ။ သားေနာက္တစ္ေခါက္ ျပန္ေမးမယ္။ ေလးသက္ထင္တဲ့အတိုင္း ေျဖေနာ္"
"ေအး ေအး"
"သား ေဆးေက်ာင္းတတ္လို႔ရမယ္ ထင္လား။ ေမးခ်င္တာက ေလးသက္ရာ..သား ေဆးမွတ္မီမယ္ထင္လား"
"...."
ဦးသက္လြင္က ခဏၿငိမ္၍ စဥ္းစားလိုက္ၿပီး...
"အဲ့ဒါ သူမ်ားကို လိုက္ေမးေနစရာမွမလိုတာ။
မင္းကိုယ္မင္း သိေနရမွာေပါ့။ ကိုယ့္ကိုယ္ကို ယံုၾကည္မႈမ႐ွိဘူးလား"
"စိတ္ပူေနလို႔။ စာေမးပြဲနီးလာေလ စိတ္ေတြပူလာေလပါပဲ ေလးသက္ရာ။ စာေတြကေတာ့ရၿပီ။ ဘာကိုစိတ္ပူေနမွန္းလဲ မသိဘူး"
"စာေမးပြဲနားနီးရင္ အဲ့လိုပါပဲကြာ။ ဆယ္တန္းက
နတ္ႀကီးတယ္။ ဘုရား၊တရားေလးလည္း ဖိလုပ္ဦး မင္းခ"
"ဟုတ္"
"အာ.. ေမ့ေနတာ။ ေလးသက္ကိုေျပာျပရဦးမယ္။ သားနဲ႔ အကိုေလးနဲ႔ ဒီေန႔ ဘုရားသြားၾကေသးတယ္။ ဘုရားမွာေလ ေကာင္ေလးတစ္ေယာက္နဲ႔ေတြ႔တာ။ အဲ့ေကာင္ေလးရဲ႕ ပံုစံကေလ အရမ္းေအးခ်မ္းတာပဲ"
"အင္း.."
"မ်က္ႏွာေလးကလည္း ခ်ိဳလို႔။ နာမည္ကလည္း ပံုရိပ္သြင္တဲ့။ ေယာက်္ားေလး နာမည္ကိုေတာင္ ႏူးႏူးညံ့ညံ့ေလး ဘယ္လို မွည့္ထားလဲမသိဘူး"
"....."
"သိလား ေလးသက္။ မိန္းကေလးေတြထဲမွာေတာင္ေလ သူ႔လို သန္႔သန္႔လွလွမ်ိဳးေလး ေတြ႔ဖို႔မလြယ္ဘူး။ သားကေတာ့ေလ သူငယ္ခ်င္းေတာင္ ျဖစ္ခ်င္သြားတာ ေလးသက္ရ။ ေနာက္ၿပီး"
"အဟမ္း!"
ပံုရိပ္အား ခ်ီးမြမ္းခန္းဖြင့္ေနသည့္ မင္းခႏွင့္ မင္းခ
ေလမ်ားေနသမ်ွ မၿငီးမျငဴ နားေထာင္ေပးေနသည့္ ဦးသက္လြင္တို႔ တူဝရီးႏွစ္ေယာက္စလံုး အသံၾကားရာသို႔ ၿပိဳင္တူၾကည့္လိုက္သည္။ သူတို႔အိမ္ေ႐ွ႕တြင္ မိန္႔မိန္႔ႀကီးရပ္ေနသူက သြန္းအုပ္ပင္။
"ဟာ..အကိုေလး။ ဘာခိုင္းစရာ႐ွိလို႔ ကိုယ္တိုင္လာတာလဲ"
"ေမ့သြားၿပီ။ မင္းေလေၾကာ႐ွည္ေနလို႔"
"သြန္းေလး အိမ္ထဲဝင္ထိုင္ပါလား။ မတ္တပ္ႀကီးနဲ႔"
"...."
ဦးသက္လြင္က သြန္းအုပ္ဝင္ထိုင္ရန္ ေနရာ႐ွင္းၿပီး
လွမ္းေခၚလိုက္သည္။ သြန္းအုပ္ကလည္း မဝင္စဖူး
မင္းခတို႔ အိမ္ထဲထိဝင္ထိုင္သည္။ မင္းခကေတာ့ အံ့ျသသြားသျဖင့္ အေၾကာင္သား ေငးၾကည့္ေနမိသည္။
မအံ့ျသပဲေနမလား။ ကိုကိုက ခုတေလာမွာ သူ႐ွိရာကို ကိုယ္တိုင္လာလာေနတာေလ။
"မင္းကိုၾကည့္ရတာ ပီကင္းဘဲကင္ေကာင္ကို ေတာ္ေတာ္ သေဘာက်သြားပံုပဲ"
"......"
သြန္းအုပ္ ေျပာလိုက္တာကို မင္းခနားမလည္၊
ဘာလဲ။ ပီကင္းဘဲကင္ေကာင္ဆိုတာ?
"မင္း ပီကင္းဘဲကင္ စားဖူးလား"
"စားဖူးတယ္ေလ ဟိုတစ္ခါ ေဒၚေလးဝယ္လာၿပီး
ကြၽန္ေတာ္တို႔ကို ေကြၽးဖူးေသးတယ္"
သြန္းအုပ္က အျမင္ကပ္စရာေကာင္းသည့္
ဆရာႀကီးစတိုင္မ်ိဳးျဖင့္ ဟန္ပါပါ ေလွာင္ျပံဳးတစ္ခ်က္ျပံဳးလိုက္ရင္း..
"အဲ့ေတာ့ စားရတာဘယ္လိုေနလဲ"
"ေကာင္းတယ္"
"မင္းကို ႏူးညံ့သလား။ မာသလား။ အဲ့ဒါေတြ ေမးတာ"
"ႏူးညံ့တယ္။ အိဖက္ေနတာပဲ"
မင္းခမွာ စကားအဆက္အစပ္မ႐ွိဘဲ ဘဲကင္အေၾကာင္းကို ထေမးေနေသာ သြန္းအုပ္၏ ေမးခြန္းမ်ားအား ငိုရခက္၊ ရယ္ရခက္ႏွင့္ ျပန္ေျဖေနရသည္။
ဘယ္အသက္အရြယ္ပဲေရာက္ေရာက္
သူ႔ထက္ငယ္ပံုသာေပါက္ေနသည့္ ေကာင္ေလးက
အခုလို ဆရာႀကီးစတိုင္ဖမ္းၿပီး ဆရာစားေနခ်ိန္ဆိုလ်ွင္လည္း ေၾကာက္စရာမေကာင္းဘဲ တစ္မ်ိဳးတစ္ဘာသာျဖင့္ ခ်စ္စရာေကာင္းေနျပန္သည္။
သြန္းအုပ္အား ခ်စ္ေသာမ်က္စိျဖင့္ၾကည့္၍ သြန္းအုပ္၏ ခ်စ္ဖို႔ေကာင္းျခင္းကို မင္းခက ခံစားေနစဥ္
အာရံုငါးပါးစလံုး ပံုမွန္အတိုင္းေကာင္းမြန္ေနသာ ဦးသက္လြင္ကေတာ့ သြန္းအုပ္၏ အူေၾကာင္ေၾကာင္
ေမးခြန္းမ်ားအား အခ်ိန္ကုန္ခံကာ ဆက္နားမေထာင္ခ်င္၍ ျခံထဲသို႔ပင္ ထြက္သြားၿပီျဖစ္သည္။
သြန္းအုပ္က သူ႔စကားသူ ဆက္ေျပာသည္။
"အဲ့ဒါပဲ ငါဆိုလိုခ်င္တာ။ မင္းရဲ႕ေကာင္က ေယာက်္ားနဲ႔ေတာင္ မတူဘူး။ ႏုဖက္အုအက္ေနလို႔ ပီကင္းဘဲကင္လို႔ေျပာတာ။ မင္းက ငဒူပဲ။ ဒါေလးေတာင္ စကားအမ်ားႀကီးေျပာၿပီး ႐ွင္းျပေနရတယ္"
"ဟားးးဟားး အကိုေလးလည္း ေနာက္တတ္တာပဲ"
မင္းခမွာ ကမာၻ့အရယ္ရဆံုး ျပတ္လံုးတစ္ခုအား
ၾကားလိုက္ရသလို တဝါးဝါးတဟားဟားႏွင့္ ရယ္ျပ၍ မၿပီးႏိုင္ေတာ့။
သြန္းအုပ္ကလည္း စိတ္ၾကည္ေန၍ထင္သည္။
ျပံဳးခ်င္သလိုလို၊မျပံဳးခ်င္သလိုလို မ်က္ႏွာျဖင့္ လိပ္ေခါင္းထြက္မတတ္ ေအာ္ရယ္ေနေသာ မင္းခကို
မဆူဘဲ ၾကည့္ေနလိုက္သည္။
အခ်ိန္ေတာ္ေတာ္ၾကာသည့္တိုင္ေအာင္ မင္းခမွာ
ရယ္ေၾကာမျပတ္ေသး။
"ေအး...အဲ့မွာ အာျပဲႀကီးနဲ႔ေအာ္ရယ္ရင္း အာသီးႀကီးလည္း ျပဳတ္ထြက္သြားဦးမယ္။ မၿပီးဘူး..ရယ္လို႔ကို။
မင္းေကာင္ရဲ႕ နာမည္ေျပာင္ေလးမလို႔ အရမ္းသေဘာက်သြားတာလား"
"ဟားးးး မဟုတ္ပါဘူး အကိုေလးရာ။ အကိုေလးက ေတာ္ရံုဆို ရယ္စရာမေျပာဘူးေလ။ သူမ်ားအေၾကာင္းလည္း ေျပာတတ္တာမွ မဟုတ္တာ။ အခုမွစေတြ႔ဖူးတဲ့သူကို အခုလို နာမည္ေျပာင္ေတြ၊ဘာေတြေပးေနေတာ့ ရယ္ခ်င္သြားလို႔ပါ"
"......"
သြန္းအုပ္က မင္းခေျပာေနသည့္ စကားကို
အာရံုသိပ္မစိုက္ပဲ သူေမးခ်င္သည့္အရာကိုသာ ေမးလိုက္သည္။
"မင္းက အဲ့ေကာင္ကို ႀကိဳက္သြားတာလား"
"ဟာ..အကိုေလးကလည္း အဓိပၸါယ္မ႐ွိတာ။
သူေရာ၊ ကြၽန္ေတာ္ေရာ ေယာက်္ားေလးေတြေလဗ်ာ။"
"....."
သြန္းအုပ္က ဘာမွဆက္မေမး။ မင္းခအား
အျကည့္လႊဲလိုက္ၿပီး ေရထေသာက္ရန္ျပင္သည္။
"အယ္...အကိုေလး။ ကြၽန္ေတာ္ ခပ္ေပးမယ္ေလ"
"ရတယ္"
ေရေသာက္ၿပီး ေနရာတြင္ျပန္ထိုင္လိုက္ကာ
လာရင္းကိစၥအား ျပန္စဥ္းစားလိုက္သည္။ သို႔ေသာ္ ဦးေႏွာက္ထဲေပၚမလာေတာ့။
မင္းခက စဥ္းစားခန္းဝင္ေနသည့္ သြန္းအုပ္အား
ေငးေနမိရင္း ကိုယ့္ရင္ခုန္သံ ကိုယ္ျပန္နားေထာင္ျဖစ္သည္။ ဝုန္းဒိုင္းၾကဲ ရင္ခုန္ေနျခင္းမဟုတ္ေသာ သူ႔ႏွလံုးသား၏ လႈပ္႐ွားမႈက စည္းခ်က္မွန္မွန္။
ခ်စ္သည္ဆိုတာထက္ ႏွလံုးသားႏွင့္အျပည့္ ျမတ္ႏိုးတြယ္တာရသည္မို႔ ဤလူသားအား
အခုလိုေလး ေငးၾကည့္ေနရသည့္ အခ်ိန္မ်ားမွာေတာင္မွ ကမာၻႀကီးတစ္ခုလံုးကို အပိုင္စားရထားသလို ခံစားရပါသည္။
----------------
ခ်စ္တယ္ ကိုကို...
တစ္ေန႔ထက္ တစ္ေန႔ပိုၿပီး
အျမဲတမ္း... ထာဝရ...
ကြၽန္ေတာ့္အခ်စ္ေတြက
ကိုကို႔တစ္ေယာက္တည္းအတြက္
သီးသန္႔ျဖစ္တည္ေနခဲ့တာမ်ိဳး ထင္ပါရဲ႕ေလ။
##################TBC
7.Jan.2022
[Unicode]
မျက်စိရှေ့တည့်တည့်မှာ မြင်နေရတဲ့မြင်ကွင်းကိုကြည့်ပြီး ကဗျာဦး ထမင်းစားလို့တောင်မဝင်ချင်တော့။ သွန်းအုပ်စိုးပိုင်ဆိုတဲ့ကောင်က သူမတို့အခန်းထဲကို မလာစဖူးလာပြီးတော့ သက်သက်ကြီးကို သူမကို စိတ်ဒုက္ခလာပေးနေသလားထင်ရသည်။
နေမင်းခကရော အဲ့ဒီချဉ်ဖက်ကို ဘာလို့အဲ့လောက်ထိ အောက်ခြေသိမ်းလိုက်လုပ်ပေးနေရတာလဲ!
"မြင်ရတာကကို စိတ်ဆင်းရဲစရာပဲနော်။ အဲ့ကောင်က လက်ကျိုးနေတာလား။"
စိတ်တိုနေသည့်ကဗျာဦးကို ဘေးကသူငယ်ချင်း
ကေဇင်က လောင်စာထပ်ဖြည့်ပေးနေသည်။ သူမကလည်း ကဗျာဦးလိုပဲ.. သွန်းအုပ်စိုးပိုင်မုန်းတီးသူများအဖွဲ့ဝင်။
ကဗျာဦးတို့ကသာ သူအနိုင်ကျင့်ခံနေရသည်ဟုတွေးပြီး စိတ်မသာမယာဖြစ်နေကြသော်လည်း နေမင်းခကတော့ သာသာယာယာပင်။ စာသင်ချိန်တုန်းက မကြည်နေသည့် ခေါင်းလေးကတောင် နေ့လည်ထမင်းစားချိန် အခန်းရှေ့မှာ လက်နှစ်ဖက်ပိုက်ပြီး လာရပ်စောင့်နေသည့် ကိုကို့ကိုမြင်လိုက်ရကတည်းက ပြန်ကြည်လင်သွားရ၏။
သူအံ့သြသွားတာကိုမြင်၍ဖြစ်မည်။ သူဘာမှမမေးရသေးခင်မှာပင် ကိုကိုက မျက်မှောင်ကြီးကြုတ်လျက်က 'ဗိုက်ဆာလို့'ဟု တိုတိုတုတ်တုတ် ဖြေရှင်းချက်ပေးလာသည်။ ထိုစကားကြောင့် ထမင်းစားဆင်းချိန်ထဲကနေ ဆယ်မိနစ်လောက်ယူပြီး စာဆက်သင်နေသည့်ဆရာမကို မင်းခ ငြိုငြင်သွားမိသေး၏။
မင်းခ အပျော်လွန်ပြီး ခွံ့မကျွေးရုံတမယ် အစစလိုက်လုပ်ပေးနေမိသည်။ ချိုင့်ထဲကို အဆင်သင့်ဇွန်းတပ်ပေးတာကအစ ပုစွန်အခွံခွာပေးတာအဆုံး သူ့လက်နဲ့ချည်း။ လိမ္မာသည့်ကိုကိုကလည်း မငြင်းပဲ ငြိမ်ငြိမ်လေးထိုင်စားသည်။ ကိုကိုစားနေတာကိုကြည့်ရင်း မင်းခရဲ့နှလုံးသားလေး အာဟာရပြည့်လာရသည်။
"အကိုလေး"
"...."
"ညနေကျောင်းဆင်းခါကျရင် ဘယ်လိုက်ပို့ပေးရမလဲ။ အကိုလေးဘာစားချင်လဲ"
"ဘာလဲ။ မင်းကဝယ်ကျွေးမလို့လား"
"အကိုလေး စားမယ်ဆိုရင် ဝယ်ကျွေးမှာပေါ့။ ကျောင်းရှေ့ကဆိုင်အသစ်မှာ အစားအသောက်တွေ ကောင်းတယ်တဲ့"
"မလိုပါဘူး။ ငါက မင်းကျွေးမှ စားနိုင်မယ့်လူမဟုတ်ဘူး။ ကိုယ့်ဝမ်းကိုယ်သာ ဝအောင်ဖြည့်လိုက်"
သွန်းအုပ်အပြောကြောင့် ထမင်းမစားရသေးတဲ့ မင်းခ နင်သွား၏။ ကောင်းကောင်းမွန်မွန်ငြင်းလည်း ရတာပါပဲ။
အဲ့ဒီကိုကိုတစ်ယောက်ဟာ စကားပြောလိုက်တိုင်း တစ်လုံးတည်းတစ်ခဲတည်း။
ဒါပေမယ့် အဲ့ဒီမှုန်ကုပ်ကုပ်မျက်နှာနဲ့ မကြင်နာသည့် အပြောဆိုးဆိုးတွေကတောင် ချစ်ဖို့ကောင်းနေပြန်တော့လည်း ခက်ပါသည်။
-----------------------
"ကျွန်တော် ဒီဘေးမှာ ထိုင်လို့ရမလားမသိဘူးခင်ဗျာ"
စေတီ၏စနေဂြိုဟ်ထောင့်တွင် ဘုရားရှိခိုးအပြီး
ခဏထိုင်ကာ အတွေးများနေသည့် မင်းခတစ်ယောက် ယဉ်ကျေးချိုသာလှသည့် အသံတစ်ခုကြောင့် အတွေးတွေရပ်သွားပြီး ထိုအသံပိုင်ရှင်အား မော့ကြည့်လိုက်သည်။
ရင်အေးစေသည့် အသံအေးအေးလေးနှင့် လိုက်ဖက်လွန်းစွာပင် မျက်နှာလေးကပါ ကြည်ကြည်စင်စင်ဖြင့် အေးချမ်းနေသည့်
ကောင်လေးတစ်ယောက်။ သူ့ထက်တော့ အနည်းငယ် အသက်ငယ်လောက်မည်လား။
ရှပ်အင်္ကျီကြည်ပြာရောင်လက်ရှည်လေးနှင့် ချည်ပုဆိုး အကွက်စိပ် နက်ပြာရောင်လေးကို သားနားသပ်ရပ်စွာ တွဲဖက်ဝတ်ဆင်ထားသည်။ ထိုကောင်လေး၏ အမူအရာ၊ ပုံစံနှင့် အပြုံးလေးကအစ လူရည်မွန်လေးတစ်ယောက်မှန်း သိသိသာသာ။
"ဟို...ကျွန်တော်ထိုင်လို့ရနိုင်မလားခင်ဗျာ"
"သြော် ဟုတ်..ဟုတ်ကဲ့ ရပါတယ်"
အငေးလွန်သွားမိသည့် မင်းခခမျာ ထိုကောင်လေးက နောက်တစ်ခေါက် ထပ်မေးတော့မှ အားနာနာနှင့် ပြန်ဖြေလိုက်ရသည်။ ထိုအခါ ကောင်လေးက မင်းခအား နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလာသည်။
"ကျေးဇူးပါ အစ်ကို"
"ဟုတ်...ရပါတယ်"
ထိုကောင်လေးက မင်းခနှင့်မနီးမဝေး နေရာလပ်တစ်ခုတွင် ဝင်ထိုင်ကာ ဘုရားဝတ်ဖြည့်သည်။ မျက်လုံးလေးစုံမှိတ်ကာ
လက်အုပ်ချီ၊ ဘုရားရှိခိုးနေပုံကိုကြည့်ရင်း မင်းခ၏စိတ်ထဲတွင် ရင်းနှီးခင်မင်လိုစိတ်တို့ ပေါ်လာရသည်။ အရင်ဘဝက ညီလေးများလား။
မိတ်ဆက်ပြီး သူငယ်ချင်းလုပ်ဖို့ပြောလိုက်ရင် ကောင်းမလားလို့ စဉ်းစားမိလိုက်ပေမယ့်... မဖြစ်သေး။ တော်ကြာ ကိုကိုကမကြိုက်မှဖြင့်။
"အစ်ကိုရှိနေတုန်းပဲကိုး..."
မင်းခ အတွေးများလွန်ဆွဲနေချိန်တွင်ပင် ထိုကောင်လေးက ဘုရားဝတ်ပြုပြီးသွားသည်။ ထို့နောက် မင်းခကို စကားစပြောလာ၏။
"ဟုတ်"
မင်းခက 'ဟုတ်' တစ်လုံးသာ ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်တော့ မေးချင်၊ပြောချင်နေသည့်
စကားများရှိနေသည်။
ဘာလို့ ညီလေးကိုမြင်မြင်ချင်း ကိုယ်က ညီလေးနဲ့ အရမ်းရင်းနှီးချင်နေရတာလဲ ဆိုတာမျိုး။ ဒါမှမဟုတ် ရွာမှာတုန်းက ရင်းနှီးခဲ့ဖူးတဲ့သူငယ်ချင်းများလားလို့ အတည်ပြုကြည့်ချင်တာမျိုး။
"ဟို.. အစ်ကို့ရဲ့ စာရွက်တွေလွင့်နေတယ်"
မင်းခက အတွေးများနေသဖြင့် ဘုရားပေါ်သို့
စာကျက်ရန်ယူလာသည့် စာအုပ်များနှင့်စာရွက်စာတမ်းများမှ စာရွက်များ လေနှင့်လွင့်သွားသည်ကို မမြင်မိလိုက်။
"အာ...ဒုက္ခပဲ။ ကျေးဇူးပါဗျာ"
မင်းခက ဘေးသို့လွင့်ကျနေသည့် စာရွက်များကို
ကောက်ယူရန် ထိုစာရွက်များအပေါ် လက်တင်မိခိုက်... မင်းခကိုကူညီပြီး စာရွက်များကိုလိုက်သိမ်းရန် ပြင်လိုက်သော ထိုကောင်လေး၏ လက်ဖဝါးလေးကို ဆုပ်ကိုင်မိသည်။
ထိုကောင်လေးက သူ့လက်အား အမြန်ပြန်ရုတ်လိုက်ပြီး..
"ကန်တော့နော်.. အစ်ကို"
"အာ.. ဟုတ်.. sorry"
စာရွက်များကို ကူကောက်ပေးသည်။ ထိုစာရွက်များအား လေးလေးစားစားဖြင့် လက်လေးနှစ်ဖက်နှင့်ကိုင်လျက် လက်ထဲသို့ ကမ်းပေးလာတာကြောင့် မင်းခလည်း
တရိုတသေဖြင့် သေချာယူလိုက်သည်။
"ကျေးဇူးပါဗျ"
ထိုစကားတစ်ခွန်းကိုပြောပြီး ဘာဆက်ပြောရမည်ကိုမသိ။ တကယ်ဆို သူမိတ်ဆက်ချင်နေသည်။ သို့သော်လည်း နှုတ်က ဘာစကားမှ ထွက်မလာသေး။
ခုမှမြင်ဖူးသည့် သူစိမ်းတစ်ယောက်အား ကိုယ့်ဘက်ကစ၍ ခင်မင်အောင်ကြိုးစားကြည့်ဖို့ ဝေလာဝေး... အရွယ်တူ အတန်းဖော်များနှင့်ပင် တရင်းတနှီးမပေါင်းသင်းဖူးတာကြောင့် ကိုယ့်ကိုယ်ကို စတင်မိတ်ဆက်ရဖို့ကို မျက်နှာပူနေမိသည်။
ထိုကောင်လေးက မိတ်ဆက်ဖို့ရန် သင့်၊မသင့်ကို
ဝေခွဲမရဖြစ်နေသည့် မင်းခကိုကြည့်ပြီး မင်းခစိတ်ထဲ ခန့်မှန်းမိသည့်အလား သဘောကျစွာပြုံးသည်။
"ကျွန်တော့်နာမည်က ပုံရိပ်သွင်ပါ။ မနှစ်ကမှ ကလောကနေ
ရန်ကုန်ကိုပြောင်းလာတာ"
"သြော်.. ဟုတ်"
"ဟို ဒါနဲ့... အစ်ကိုက?"
"ဟို.. ကျွန်တော်က နေမင်းခပါ။ ရန်ကုန်မှာ နေတာတော့ကြာပြီ။ ကျွန်တော့်..."
"နေမင်းခ!!"
တစ်ဦးနှင့်တစ်ဦး မိတ်ဆက်နေကြသည့် မင်းခနှင့်ပုံရိပ်တို့၏
အနီးသို့ သွန်းအုပ်ရောက်လာသည်။ မင်းခ၏ဘေးတွင်
ထိုင်နေသည့် ပုံရိပ်ကိုလည်း ခေါင်းအစခြေအဆုံးကြည့်ပြီး အကဲခတ်လိုက်သေး၏။ နှာခေါင်းတရှုံ့ရှုံ့၊ မျက်မှောင်တကုပ်ကုပ်။
မင်းခက ပုံရိပ်နှင့် ပြောနေလက်စစကားကိုပင် မေ့သွားပြီး သွန်းအုပ် အသံကြားသည်နှင့် မတ်တပ်ထရပ်လိုက်သည်။
"အကိုလေး ကြာဦးမယ်ထင်နေတာ"
"ဘုရားရှိခိုးတာ ဘယ်လောက်ကြာရမှာလဲ"
"......"
ပုံရိပ်က နေရာမှထကာ ပြန်ရန်ဟန်ပြင်လိုက်ပြီး...
"ကျွန်တော်ပြန်လိုက်ပါဦးမယ် ကိုခ။ နောက်လည်း မကြာခဏ ဆုံချင်ပါသေးတယ်"
"သြော်..ဟုတ် ဂရုစိုက်ပြန်ဦး အရိပ်"
ပုံရိပ်က မင်းခနှင့်သွန်းအုပ်တို့ နှစ်ဦးစလုံးအား
ပြုံးပြနှုတ်ဆက်ရင်း ဘုရားပေါ်မှဆင်းသွားသည်။
အပြုအမူ၊အပြောအဆိုတင်မက သွားလာလှုပ်ရှားမှုများကပါ ယဉ်ကျေးသိမ်မွေ့လှသည့် ပုံရိပ်သွင်ဆိုသည့်
ကောင်လေးအား မင်းခ ကြည့်ရင်းနှင့် ပြုံးမိသည်။
စိတ်ထားလေးကလည်း ကောင်းမည့်ပုံ။
ထွက်သွားပြီဖြစ်သော ဖြူစုတ်စုတ်ကောင်လေးကို လိုက်ကြည့်ရင်း မျက်နှာတွင်အပြုံးပန်းဝေနေသော
မင်းခကို သွန်းအုပ်က မကြည်ဖြူသည့်လေသံဖြင့်...
"မင်းကဘာတွေသာယာနေတာလဲ"
"ဗျာ! ဟို..ဘာမှမသာယာပါဘူး"
"....."
သွန်းအုပ်က မျက်လုံးတစ်ချက်စွေကြည့်လိုက်ပြီး
ဘာမှတော့ဆက်မပြော။ သို့သော် အလိုကျဟန်တော့ သိပ်မပေါ်။
"ပြန်တော့မှာမလား အကိုလေး"
"....."
ဘာမှပြန်မပြော၍ လက်ခံသည်ဟု မင်းခယူဆလိုက်သည်။
ဘုရားသို့လာစဉ်က ဘုရားလည်းကန်တော့ရင်း၊
စာလည်းကျက်ရင်းဟုတွေးကာ နှစ်ယောက်စလုံး၏ စာအုပ်စာတမ်းများ ယူလာသေးသည်။
ထိုပစ္စည်းပစ္စယများအား မင်းခ လက်တစ်ဖက်က ပွေ့ကိုင်လိုက်ကာ ကျန်လက်တစ်ဖက်က ဖိနပ်နှစ်ရံကို ကောက်ယူလိုက်သည်။ ထို့နောက် အရှေ့မှ ငေါ့တော့ငေါ့တော့နှင့် သွားနှင့်ပြီဖြစ်သော သွန်းအုပ်နောက် အမီလိုက်ကာ နှစ်ယောက်သား အိမ်သို့ ပြန်လာခဲ့ကြ၏။
----------------------
တင်ပျဉ်ခွေထိုင်ကာ သတင်းစာဖတ်နေသော
ဦးသက်လွင်၏ ပေါင်ပေါ်တွင် မင်းခက မကြီးမငယ်နှင့် ကလေးပေါက်စလေးလို ခေါင်းတင်ပြီးလှဲနေသည်။
မင်းခက သူ့အကျင့်အတိုင်း တောင်ရောက်မြောက်ရောက် စကားများကိုလည်း ပါးစပ်ကနေ ပေါက်ပေါက်ဖောက်နေသေး၏။
"လေးသက်"
"အင်း"
"သားကိုချစ်သေးလား"
"အင်း"
"သားတစ်ခုမေးမယ်။ လေးသက် စိတ်ထဲကဟာကို
အမှန်အတိုင်းဖြေနော်"
"အင်း"
"သား ဆေးကျောင်းတတ်ခွင့်ရမယ်ထင်လား"
"အင်း"
မင်းခ လှဲနေရင်းကနေ ဆက်ခနဲ ပြန်ထလိုက်ပြီး
မျက်မှောင်ကြီးကြုတ်၍...
"လေးသက်က တအင်းအင်းနဲ့။ သားဘာတွေမေးနေလဲ ဆိုတာကိုရော ကြားလို့လား"
ဦးသက်လွင်က ဖတ်လက်စသတင်းစာလေးအား
ခေါက်လိုက်ပြီး...
"ကဲ..နေမင်းခရေ.. မင်းမေးနေတာ ငါအကုန်ကြားတယ်။ ရစ်မနေနဲ့ကွာ။ ကလေးလည်း မဟုတ်တော့ပဲနဲ့"
"ဟာ...သားက ကလေးပဲရှိသေးတာ"
ဦးသက်လွင်က အားရပါးရ ရယ်ချလိုက်ပြီး...
"ဟားးးဟားးးးး လူကြီးကိုများ ပြန်လိမ်နေချင်သေးတယ်။ ငါ့များ ဘာမှမမြင်၊မသိတာကျလို့... ကလေး, ကလေးနဲ့ မင်းကလေးမဟုတ်တော့ပါဘူးကွာ"
"......"
ဦးသက်လွင် ဘာကိုဆိုလိုမှန်း မင်းခသိလိုက်သည်။
လွန်ခဲ့သည့်ရက်ပိုင်းက wet dreamတစ်ခုကြောင့်
မနက်စောစောစီးစီး ဖရိုဖရဲဖြစ်နေချိန် လေးသက်က မြင်သွားသည်ထင်သည်။ အခု လေးသက်က ထိုကိစ္စကို ပြောလိုက်ခြင်းပင်။
ယောကျ်ားသားချင်းဆိုသော်ငြား တူဝရီးဖြစ်နေတာကြောင့် ရှက်သွားပြီး မင်းခ ဘာစကားသံမှ ထပ်မထွက်လာရဲတော့။
"ရှက်မနေပါနဲ့ကွာ။ အရွယ်ရောက်နေတဲ့ ယောကျ်ားလေးပဲ"
"....."
"အဓိကမှာချင်တာက အဲ့ဒါတွေက သွေးသားဆန္ဒ
သက်သက်ပဲ။ ဒီလိုကိစ္စတွေအတွက်နဲ့ ဘယ်မိန်းကလေးကိုမှ
အသုံးမချရဘူး။ ရည်းစားထားရင်လည်း အဆင့်မကျော်နဲ့ ။ ဆန္ဒကို သိက္ခာတရားနဲ့ အမြဲထိန်း"
"ဟုတ်ပါပြီ လေးသက်ရာ။ သားနားလည်ပါတယ်။ စိတ်ချ! လေးသက်ပြောတာတွေ သားအမြဲလိုက်နာမယ်။ သားက ကိုယ့်စိတ်ဆန္ဒတစ်ခုကို ဖြည့်ဖို့အတွက်နဲ့ ဘယ်သူ့ကိုမှ အသုံးမချဘူး။ သားကိုယ်တိုင်လည်း အဲ့လိုလူတွေကို ရွံတယ်"
ဦးသက်လွင်ပြောသည့်စကားကို မင်းခက
နားလည်ပြီးနှင့်နေပြီ။ တူဖြစ်သူက တစ်ခါတလေ ကလေးဆန်တာကလွဲလျှင် အကောင်းအဆိုး၊အကျိုးအပြစ်ကို သေချာခွဲခြားနိုင်လောက်အောင် အသိဉာဏ်ရင့်ကျက်သည့် ကလေးမို့ အထူးတလည်တော့ ဆုံးမသွန်သင်နေရန်မလို။
"အေးအေး.. နားလည်ဖို့ပဲ လိုတယ်"
"ဟုတ်။ လေးသက်"
ဦးသက်လွင်က သတင်းစာကိုပြန်ဖတ်ရန် ပြင်လိုက်သည်။
"လေးသက် သားခုနက မေးနေတာက
လမ်းကြောင်းလွဲသွားတယ်နော်။ သားမေးတာ သေချာပြန်မဖြေရသေးဘူး"
"ဘာလဲ မင်းခရာ။ လေးသက် အကုန်ဖြေပြီးပြီလေ"
"မဟုတ်ပါဘူး။ လေးသက်က ဘာမေးမေး အင်း အင်းပဲ ပြန်ဖြေနေတာ။ သားနောက်တစ်ခေါက် ပြန်မေးမယ်။ လေးသက်ထင်တဲ့အတိုင်း ဖြေနော်"
"အေး အေး"
"သား ဆေးကျောင်းတတ်လို့ရမယ် ထင်လား။ မေးချင်တာက လေးသက်ရာ..သား ဆေးမှတ်မီမယ်ထင်လား"
"...."
ဦးသက်လွင်က ခဏငြိမ်၍ စဉ်းစားလိုက်ပြီး...
"အဲ့ဒါ သူများကို လိုက်မေးနေစရာမှမလိုတာ။
မင်းကိုယ်မင်း သိနေရမှာပေါ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလား"
"စိတ်ပူနေလို့။ စာမေးပွဲနီးလာလေ စိတ်တွေပူလာလေပါပဲ လေးသက်ရာ။ စာတွေကတော့ရပြီ။ ဘာကိုစိတ်ပူနေမှန်းလဲ မသိဘူး"
"စာမေးပွဲနားနီးရင် အဲ့လိုပါပဲကွာ။ ဆယ်တန်းက
နတ်ကြီးတယ်။ ဘုရား၊တရားလေးလည်း ဖိလုပ်ဦး မင်းခ"
"ဟုတ်"
"အာ.. မေ့နေတာ။ လေးသက်ကိုပြောပြရဦးမယ်။ သားနဲ့ အကိုလေးနဲ့ ဒီနေ့ ဘုရားသွားကြသေးတယ်။ ဘုရားမှာလေ ကောင်လေးတစ်ယောက်နဲ့တွေ့တာ။ အဲ့ကောင်လေးရဲ့ ပုံစံကလေ အရမ်းအေးချမ်းတာပဲ"
"အင်း.."
"မျက်နှာလေးကလည်း ချိုလို့။ နာမည်ကလည်း ပုံရိပ်သွင်တဲ့။ ယောကျ်ားလေး နာမည်ကိုတောင် နူးနူးညံ့ညံ့လေး ဘယ်လို မှည့်ထားလဲမသိဘူး"
"....."
"သိလား လေးသက်။ မိန်းကလေးတွေထဲမှာတောင်လေ သူ့လို သန့်သန့်လှလှမျိုးလေး တွေ့ဖို့မလွယ်ဘူး။ သားကတော့လေ သူငယ်ချင်းတောင် ဖြစ်ချင်သွားတာ လေးသက်ရ။ နောက်ပြီး"
"အဟမ်း!"
ပုံရိပ်အား ချီးမွမ်းခန်းဖွင့်နေသည့် မင်းခနှင့် မင်းခ
လေများနေသမျှ မငြီးမငြူ နားထောင်ပေးနေသည့် ဦးသက်လွင်တို့ တူဝရီးနှစ်ယောက်စလုံး အသံကြားရာသို့ ပြိုင်တူကြည့်လိုက်သည်။ သူတို့အိမ်ရှေ့တွင် မိန့်မိန့်ကြီးရပ်နေသူက သွန်းအုပ်ပင်။
"ဟာ..အကိုလေး။ ဘာခိုင်းစရာရှိလို့ ကိုယ်တိုင်လာတာလဲ"
"မေ့သွားပြီ။ မင်းလေကြောရှည်နေလို့"
"သွန်းလေး အိမ်ထဲဝင်ထိုင်ပါလား။ မတ်တပ်ကြီးနဲ့"
"...."
ဦးသက်လွင်က သွန်းအုပ်ဝင်ထိုင်ရန် နေရာရှင်းပြီး
လှမ်းခေါ်လိုက်သည်။ သွန်းအုပ်ကလည်း မဝင်စဖူး
မင်းခတို့ အိမ်ထဲထိဝင်ထိုင်သည်။ မင်းခကတော့ အံ့သြသွားသဖြင့် အကြောင်သား ငေးကြည့်နေမိသည်။
မအံ့သြပဲနေမလား။ ကိုကိုက ခုတလောမှာ သူရှိရာကို ကိုယ်တိုင်လာလာနေတာလေ။
"မင်းကိုကြည့်ရတာ ပီကင်းဘဲကင်ကောင်ကို တော်တော် သဘောကျသွားပုံပဲ"
"......"
သွန်းအုပ် ပြောလိုက်တာကို မင်းခနားမလည်၊
ဘာလဲ။ ပီကင်းဘဲကင်ကောင်ဆိုတာ?
"မင်း ပီကင်းဘဲကင် စားဖူးလား"
"စားဖူးတယ်လေ ဟိုတစ်ခါ ဒေါ်လေးဝယ်လာပြီး
ကျွန်တော်တို့ကို ကျွေးဖူးသေးတယ်"
သွန်းအုပ်က အမြင်ကပ်စရာကောင်းသည့်
ဆရာကြီးစတိုင်မျိုးဖြင့် ဟန်ပါပါ လှောင်ပြုံးတစ်ချက်ပြုံးလိုက်ရင်း..
"အဲ့တော့ စားရတာဘယ်လိုနေလဲ"
"ကောင်းတယ်"
"မင်းကို နူးညံ့သလား။ မာသလား။ အဲ့ဒါတွေ မေးတာ"
"နူးညံ့တယ်။ အိဖက်နေတာပဲ"
မင်းခမှာ စကားအဆက်အစပ်မရှိဘဲ ဘဲကင်အကြောင်းကို ထမေးနေသော သွန်းအုပ်၏ မေးခွန်းများအား ငိုရခက်၊ ရယ်ရခက်နှင့် ပြန်ဖြေနေရသည်။
ဘယ်အသက်အရွယ်ပဲရောက်ရောက်
သူ့ထက်ငယ်ပုံသာပေါက်နေသည့် ကောင်လေးက
အခုလို ဆရာကြီးစတိုင်ဖမ်းပြီး ဆရာစားနေချိန်ဆိုလျှင်လည်း ကြောက်စရာမကောင်းဘဲ တစ်မျိုးတစ်ဘာသာဖြင့် ချစ်စရာကောင်းနေပြန်သည်။
သွန်းအုပ်အား ချစ်သောမျက်စိဖြင့်ကြည့်၍ သွန်းအုပ်၏ ချစ်ဖို့ကောင်းခြင်းကို မင်းခက ခံစားနေစဉ်
အာရုံငါးပါးစလုံး ပုံမှန်အတိုင်းကောင်းမွန်နေသာ ဦးသက်လွင်ကတော့ သွန်းအုပ်၏ အူကြောင်ကြောင်
မေးခွန်းများအား အချိန်ကုန်ခံကာ ဆက်နားမထောင်ချင်၍ ခြံထဲသို့ပင် ထွက်သွားပြီဖြစ်သည်။
သွန်းအုပ်က သူ့စကားသူ ဆက်ပြောသည်။
"အဲ့ဒါပဲ ငါဆိုလိုချင်တာ။ မင်းရဲ့ကောင်က ယောကျ်ားနဲ့တောင် မတူဘူး။ နုဖက်အုအက်နေလို့ ပီကင်းဘဲကင်လို့ပြောတာ။ မင်းက ငဒူပဲ။ ဒါလေးတောင် စကားအများကြီးပြောပြီး ရှင်းပြနေရတယ်"
"ဟားးးဟားး အကိုလေးလည်း နောက်တတ်တာပဲ"
မင်းခမှာ ကမ္ဘာ့အရယ်ရဆုံး ပြတ်လုံးတစ်ခုအား
ကြားလိုက်ရသလို တဝါးဝါးတဟားဟားနှင့် ရယ်ပြ၍ မပြီးနိုင်တော့။
သွန်းအုပ်ကလည်း စိတ်ကြည်နေ၍ထင်သည်။
ပြုံးချင်သလိုလို၊မပြုံးချင်သလိုလို မျက်နှာဖြင့် လိပ်ခေါင်းထွက်မတတ် အော်ရယ်နေသော မင်းခကို
မဆူဘဲ ကြည့်နေလိုက်သည်။
အချိန်တော်တော်ကြာသည့်တိုင်အောင် မင်းခမှာ
ရယ်ကြောမပြတ်သေး။
"အေး...အဲ့မှာ အာပြဲကြီးနဲ့အော်ရယ်ရင်း အာသီးကြီးလည်း ပြုတ်ထွက်သွားဦးမယ်။ မပြီးဘူး..ရယ်လို့ကို။
မင်းကောင်ရဲ့ နာမည်ပြောင်လေးမလို့ အရမ်းသဘောကျသွားတာလား"
"ဟားးးး မဟုတ်ပါဘူး အကိုလေးရာ။ အကိုလေးက တော်ရုံဆို ရယ်စရာမပြောဘူးလေ။ သူများအကြောင်းလည်း ပြောတတ်တာမှ မဟုတ်တာ။ အခုမှစတွေ့ဖူးတဲ့သူကို အခုလို နာမည်ပြောင်တွေ၊ဘာတွေပေးနေတော့ ရယ်ချင်သွားလို့ပါ"
"......"
သွန်းအုပ်က မင်းခပြောနေသည့် စကားကို
အာရုံသိပ်မစိုက်ပဲ သူမေးချင်သည့်အရာကိုသာ မေးလိုက်သည်။
"မင်းက အဲ့ကောင်ကို ကြိုက်သွားတာလား"
"ဟာ..အကိုလေးကလည်း အဓိပ္ပါယ်မရှိတာ။
သူရော၊ ကျွန်တော်ရော ယောကျ်ားလေးတွေလေဗျာ။"
"....."
သွန်းအုပ်က ဘာမှဆက်မမေး။ မင်းခအား
အကြည့်လွှဲလိုက်ပြီး ရေထသောက်ရန်ပြင်သည်။
"အယ်...အကိုလေး။ ကျွန်တော် ခပ်ပေးမယ်လေ"
"ရတယ်"
ရေသောက်ပြီး နေရာတွင်ပြန်ထိုင်လိုက်ကာ
လာရင်းကိစ္စအား ပြန်စဉ်းစားလိုက်သည်။ သို့သော် ဦးနှောက်ထဲပေါ်မလာတော့။
မင်းခက စဉ်းစားခန်းဝင်နေသည့် သွန်းအုပ်အား
ငေးနေမိရင်း ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်နားထောင်ဖြစ်သည်။ ဝုန်းဒိုင်းကြဲ ရင်ခုန်နေခြင်းမဟုတ်သော သူ့နှလုံးသား၏ လှုပ်ရှားမှုက စည်းချက်မှန်မှန်။
ချစ်သည်ဆိုတာထက် နှလုံးသားနှင့်အပြည့် မြတ်နိုးတွယ်တာရသည်မို့ ဤလူသားအား
အခုလိုလေး ငေးကြည့်နေရသည့် အချိန်များမှာတောင်မှ ကမ္ဘာကြီးတစ်ခုလုံးကို အပိုင်စားရထားသလို ခံစားရပါသည်။
----------------
ချစ်တယ် ကိုကို...
တစ်နေ့ထက် တစ်နေ့ပိုပြီး
အမြဲတမ်း... ထာဝရ...
ကျွန်တော့်အချစ်တွေက
ကိုကို့တစ်ယောက်တည်းအတွက်
သီးသန့်ဖြစ်တည်နေခဲ့တာမျိုး ထင်ပါရဲ့လေ။
##################TBC
7.Jan.2022