နွေအပူကို သင်္ကြန်ရေအေးတို့ကဖြောခနဲသဲ့ယူသွား၏။ beat သံပြင်းပြင်းနဲ့ သင်္ကြန်သီချင်းတို့က သွေးကြောထဲထိတိုးဝင်ရိုက်ခတ်နေကြသည်။ ပျော်ရွှင်ခြင်းများက ရေမှုန်စက်တွေခင်းတဲ့လေထုထဲမှာ နေရောင်ခြည်နဲ့ရောနှောပြန့်ကျဲကျနေသည်။ လမ်းမထက်ရှိလူတွေဆီက ပျော်ရွှင်ခြင်းရနံ့နဲ့ စိမ်းဖြာဝေပိတောက်ပင်ဖျားတို့ထက်က ပိတောက်ပွင့်ရနံ့တို့ သင်္ကြန်ရေကြောင့် အေးစက်နေတဲ့ကျွန်တော့်ဝိဥာဥ်ဆီပျံ့လွင့်လာတတ်၏။ ရေပက်ခံကားက ပြည်လမ်း၊ မြေနီကုန်းတောက်လျှောက် ဖြတ်သန်းခဲ့ပြီးတဲ့နောက်တော့ မျက်နှာပေါ်က ရေတွေကိုသပ်ချပြီး ရွှဲနစ်နေတဲ့ဆံပင်တွေကို ပင့်သပ်လှန်တင်လိုက်ရသည်။ ရေနစ်နေတဲ့ဂျာကင်အထူနဲ့ညီမလေးလက်ကောက်ဝတ်ကိုလှမ်းဆွဲပြီး အိမ်ကယူလာတဲ့ မျက်နှာသုတ်ပဝါအကြီးပတ်ပေးထားရသည်။
"ကန်တော်ကြီးပတ်လမ်းမှာ စတုဒိသာပေါတယ်။ နေ့လယ်စာကို အဲ့မှာစား ခဏနားပြီးမှ လမ်းမတော်ဘက်ကပြန်ထွက်ရင်ကောင်းမလား အစ်ကို"
ဇော်ထက်က အဓိပ္ပါယ်ပါတဲ့မျက်လုံးတွေနဲ့ ကျွန်တော့်နားတိုးလျှောက်လာရင်းမေး၏။
"အင်း မဆိုးပါဘူး။ ကန်တော်ကြီးထဲဝင်နားလို့ရတာပေါ့"
ရေနစ်ထားတဲ့ကျွန်တော့်အပြုံးတွေက အသက်ဝင်နေလိမ့်မည်မထင်။ ကန်တော်ကြီးကိုရောက်တော့ မွန်းလွဲနေက ကျွန်တော်တို့ကိုယ်ပေါ်မှာ စီးဖြာကျနေ၏။ အပူဓါတ်ကဲကဲနွေထဲ ရေစိုစိုအင်္ကျီအပေါ်လွှာတို့က ခြောက်သွေ့လာနေသည်။ လူရှင်းနေတဲ့ မဏ္ဍပ်တစ်ခုထဲဝင်ထိုင်လိုက်ကြတော့ စားမြိန်စရာက သင်္ကြန်ထမင်းဟင်း။ ဟာနေတဲ့ဗိုက်က သင်္ကြန်ထမင်းအေးအေးနဲ့ ငါးခြောက်မွှကြော်ကြောင့် ပြည့်တင်းနွေးထွေးသွားသည်။
"ဇော်ထက်တို့ မရှိတော့ဘူး ဘရဏီ"
ညီမလေးသူငယ်ချင်းအဂီက တိုးတိုးကြိတ်ပြော၏။
"ခွက်ပုန်းခုတ်တော့မှာနေမှာပေါ့။ သူသောက်ချင်လို့ ကန်တော်ကြီးထဲဝင်ချင်တာ တစ်ပိုင်းသေနေတာပဲလေ"
ပြည်လမ်းပေါ် ကားဘီးနင်းလိုက်တည်းက ဇော်ထက်တို့ သောက်ချင်နေကြတာကို ကျွန်တော်သိသည်။ ပေါ်ပေါ်တင်တင် ညီမလေးတို့ပါလို့ မသောက်ဘူးငြင်းထားတဲ့ ကျွန်တော့်ကြောင့် တစ်မနက်ခင်းလုံးထိန်းသိမ်းပေးနေကြ၏။ စတုဒိသာကိုတောင် ဝင်စားကြသလား၊ ဘာလား ကျွန်တော်မသိ။ ကျောခိုင်းမျက်နှာလွှဲထားပစ်လိုက်တာကို အငယ်တွေနဲ့မရောချင်ဘူး ထင်ချင်လည်းထင်လိမ့်မည်။ ညီမလေးကိုစောင့်ရှောက်ဖို့လိုတာမို့ ကင်းရှင်းပြနေတာက တစ်ဝက်၊ မွန်းကြပ်မှုကို မေ့ဖျောက်ထားတာကတစ်ဝက်ဆိုရလျှင်ပိုမှန်မည်။
"ရောက်လက်စနဲ့ ငါတို့လည်း တစ်ဘူးလောက်တော့..."
"မိန်းကလေးတွေအတွက်မကောင်းဘူး"
ကျွန်တော့်ကိုခိုးကြည့်နေတတ်တဲ့ ဆံနွယ်ရှည်ယဥ်တစ်ကိုယ်မယ်ရဲ့စကားကို ကျွန်တော်ပယ်ချပစ်လိုက်သည်။ စိတ်ဆိုးခြင်းမရှိဘဲ နာခံစွာ နူးညံ့သွားတဲ့မျက်ဝန်းတို့နဲ့လှမ်းကြည့်၏။
"ရေပက်ခံရတဲ့အရှိန်နဲ့ဆို အရမ်းထွေလိမ့်မယ်။ ညီမလေးတွေက နောက်မှ သီးသန့်သောက်ပါ။ ကိုယ် treat မယ်"
"ကိုကိုတော့ အိတ်ပါးတော့မယ်"
"အိတ်ပါပေါင်ရ ပေါင်ရ"
ရေခိုနေတဲ့ ညီမလေးကျစ်ဆံမြီးနှစ်ဖက်ပေါ် ပုဝါနဲ့လှမ်းအုပ်လိုက်တော့ ရယ်သံလေးတွေစီသွားပြန်သည်။ ဦးညီထွဋ်ရဲ့ Emperor မဏ္ဍပ်ကသီချင်းသံတို့က ကန်တော်ကြီးတစ်ခုလုံးကိုလွှမ်းခြုံထားသည်။ ရာသီစာမုန့်လုံးရေပေါ်က အချိုဓါတ်ကဲကဲနဲ့စီးထွေးနေသည်။
"ကိုကို ညီမလေးတို့ ကန်တော်ကြီးကိုပတ်လိုက်ဦးမယ်"
"ကိုကိုလိုက်ပို့မယ်လေ"
"အမ်း...ကိုကိုနေခဲ့လေနော်။ ညီမလေးတို့ချည်းပဲ သွားချင်တယ်"
"တစ်ခုခုဆို ဖုန်းဆက်။ ကိုကို ဒီမှာပဲရှိနေမယ်"
"ဟုတ်... ဇော်ထက်ကိုတောင်ဖုန်းဆက်ထားတယ်။ ကိုကိုတစ်ယောက်တည်းဖြစ်နေမှာဆိုးလို့"
"အာ...ကိုကိုကရတယ်"
"မရပါဘူး။ ကိုကိုတစ်ယောက်တည်းပျင်းနေမှာဆိုးလို့။ ညီမလေးတို့သွားပြီနော်"
ကျဲနေအောင်ပူတဲ့နွေနေကို အံတုဖို့ ဘီယာတစ်ဘူးလောက်သောက်လိုက်ချင်ပေမယ့် ရေခဲများများပါတဲ့မန်ကျည်းရည်တစ်ခွက်နဲ့သာ တင်းတိမ်လိုက်ရသည်။ စတုဒိသာမဏ္ဍပ်ထဲဝင်လာတဲ့ဇော်ထက်က ရယ်စစနဲ့ အနားကပ်လာတော့ အနံ့စူးစူးပါတွဲပါလာသည်။
"အစ်ကို တစ်ယောက်တည်းဆို။ ကျွန်တော်တို့နဲ့လာဝိုင်းပါဗျာ"
"ကိုယ် မသောက်ချင်ဘူး ဇော်ထက်"
"အချိုရည်ဘာညာပါတယ်လေ။ အချိုရည်သောက် အစ်ကိုရာ"
"ဇော်ထက်တို့က ဘယ်မှာထိုင်နေတာလဲ"
"ကားရပ်ထားတဲ့နားမှာပဲ။ ဟိုမှာအခင်းနဲ့အပင်ရိပ်နဲ့ဆိုတော့ အေးတယ်"
"ကိုယ် ကားပေါ်မှာပဲထိုင်နေပါ့မယ်။ နေပြင်းတော့ နည်းနည်းအိပ်ငိုက်လို့"
"ဒါဆို ကျွန်တော် အချိုရည်လာပေးမယ်။ Cola ရတယ်မလား"
"ဘာဖြစ်ဖြစ် အိုကေတယ်"
ဇော်ထက်တို့နေရာယူထားတဲ့အပင်က ကားရပ်ထားရာအနားမှာဖြစ်ပေမယ့် စကားသံတွေကြားရလောက်အောင် နီးကပ်မနေ။ ဇော်ထက်ကို လက်ပြခဲ့ပြီး ကားရှေ့ခန်းမှာပဲဝင်ထိုင်လိုက်၏။ သစ်ရွက်တွေက စစ်ထုတ်ပေးထားတဲ့အအေးဓါတ်ကြောင့် အေးအေးချမ်းချမ်းရှိနေသည်။ နွေက သဘာဝကြောင့်နေပျော်ချင်စရာ။ ရှေ့ခန်းမှာထိုင်နေပေမယ့် ကားတံခါးကိုပိတ်မထားဖြစ်တော့။ မြက်ခင်းစိုစိုတွေကို ဖိနင်းလာတဲ့ခြေသံကို မျက်ဝန်းတွေမှိတ်ရင်းပဲ နားစွင့်ထားဖြစ်လိုက်သည်။
"အချိုရည်"
"Thank...Yo.."
လမ်းတစ်ဝက်မှာရပ်တန့်သွားတဲ့ ကျွန်တော့်လက်ထဲရောက်လာတာက အေးမြနေတဲ့ Pocari Sweat တစ်ဘူး။
ကျေးဇူးတင်စကားကလည်း တစ်ဝက်တစ်ပျက်နဲ့အဆုံးသတ်သွား၏။ အချိုရည်ဘူးကို deshboard ပေါ် လှမ်းတင်ပြီးသည်အထိ ဘေးမှာရပ်နေသူက ထွက်မသွားသေး။
"အစ်ကို..."
ရေစိုခံထားရတဲ့လေထုမှာ အသက်ရှုသံတစ်ခုထပ်တိုးလာတော့ ရုတ်ချည်းပူနွေးလာသလိုပင်။ light truck ရဲ့အမိုးစွန်းနဲ့ထိလုမတက်အရပ်ကြောင့် ကျွန်တော်က ထိုင်နေရင်းပြေးပေါက်ပိတ်သလိုအနေအထားဖြစ်နေရသည်။ မျက်နှာလွှဲထားပေမယ့် သူ စူးစူးစိုက်စိုက်ကြည့်နေတာကို ကျွန်တော်သိသည်။
"အစ်ကို ကျွန်တော့်ကို block တယ်"
သူ့ထံမှ စူးရှရှယမကာနံ့မျိုးမရ။ လေသံကအတက်အကျမရှိ သူ့မူပိုင်အတိုင်းသာဖြစ်သည်။ ရင်မဆိုင်ချင်ပေမယ့် ခပ်စောင်းစောင်းအနေအထားနဲ့ပဲ မျက်ခုံးတစ်ဖက်ပင့်တင်မော့ကြည့်လိုက်မိ၏။
"ဘာလို့လဲ အစ်ကို"
"မင်းကို မမြင်ချင်လို့"
"မမြင်ချင်တာ ဘာလို့လဲ"
"ဇာမဏိ!"
မြင်နေရတဲ့အပြာရင့်ရောင်ရှပ်အင်္ကျီကော်လံစွန်းကနေ ကိုင်ပေါက်ပစ်လိုက်ချင်တဲ့စိတ်ကို အလျင်အမြန်ထိန်းလိုက်ရသည်။
"မင်း မှတ်ဥာဏ်မကောင်းဘူးလား။ အဲ့နေ့တည်းက မင်းကိုမမြင်ချင်တော့ဘူးလို့ ငါပြောခဲ့တယ်လေ!"
နေ့လယ်စာချိန်ပြီးလို့ မဏ္ဍပ်များဆီက သီချင်းသံသဲ့သဲ့ လေထုထဲပြန်ဝင်ရောက်လာသည်။ ဟိုနေရာဒီနေရာထွက်လာတဲ့ ဂီတသံတွေက ကျွန်တော့်ကိုယ်ထဲက ပွက်ပွက်ဆူလာနေတဲ့သွေးတွေလို အရှိန်အဟုန်နဲ့ဖြစ်၏။ ကျွန်တော့်အသံကျယ်သွားပေမယ့် ဂီတသံတွေရဲ့ဝါးမြိုမှုကြောင့် ဒီနေရာဒီရပ်ဝန်းမှာတင်ရပ်တန့်ပျောက်ကွယ်သွားသည်။ သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုတွေဖြစ်ပျက်ပြောင်းလဲနေတာ သိသာနေလိမ့်မည်။
"ကျွန်တော် အဲ့ဒါကိုမြင်ခဲ့လို့ပေါ့ ဟုတ်လား"
"အဲ့နေ့ကအကြောင်း စကားထဲတောင် ထည့်မပြောနဲ့"
"ဒါဆို အစ်ကိုလည်း block မလုပ်နဲ့"
"ဇာမဏိ!"
စကားလုံးတွေရှားပါးရတာကလည်း သူနဲ့မှအခါခါ။
"မင်းလာခဲ့!"
ရင်ဘတ်ကိုတွန်းထုတ်လိုက်ပြီးမှ ကားပေါ်ကခုန်ဆင်းလိုက်သည်။ ဆွဲဆုပ်ကိုင်လိုက်တဲ့ ရှပ်အင်္ကျီကော်လံက စိုဖန့်ဖန့်။ ဇော်ထက်တို့ဘက် ဝေ့ကြည့်လိုက်တော့ သူတို့အရှိန်နဲ့သူတို့ ဘေးပတ်ဝန်းကျင်ရဲ့ဖြစ်ပျက်ပြောင်းလဲခြင်းများကို ဂရုစိုက်ကြဟန်မရှိ။ စိုတစ်ဝက်ခြောက်တစ်ဝက်အဝတ်တွေက နွေကြောင့်ပူငွေ့ငွေ့ဖြစ်နေတဲ့ခန္ဓာကိုယ်ပေါ်မှာ ရေခဲဖတ်လိုအေးစက်စက်ခံစားချက်မျိုးပေး၏။ ရင်ဆိုင်နေရခြင်းက နွေရဲ့အပူတစ်ခုတည်းမဟုတ်။ ကျောခိုင်းထားပေမယ့် မလွတ်မြောက်နိုင်တဲ့နယ်မြေထဲ ကျွန်တော် ခြေစုံရပ်နေရသည်။
"အစ်ကို ဘာကိုဒေါသဖြစ်တာလဲ ကျွန်တော် တကယ်မသိဘူး"
လွန်ခဲ့တဲ့ရက်သတ္တပတ်မှာပြောခဲ့တဲ့စကားကိုပဲ သူကအစဆွဲထုတ်သည်။
"မင်းတစ်ယောက်ယောက်ကို တိတ်တိတ်လေးသဘောကျနေတဲ့အကြောင်း အခြားတစ်ယောက်သိသွားရင် ဘယ်လိုနေမလဲ"
"တစ်ယောက်ယောက်ကို သဘောကျတာက အားနည်းချက်မှမဟုတ်တာ အစ်ကို"
"သဘာဝကိုဆန့်ကျင်နေတဲ့အရာလေ။ မင်းအကြောင်းမဟုတ်တဲ့ သူများအကြောင်းမို့လို့ မင်းကတော့ လွယ်လွယ်ပြောထွက်မှာပေါ့"
လေပြည်တွေ တိုးတိုက်ချော့မြှူလိုက်လို့လား ကျွန်တော့်ဒေါသတွေရဲ့ဒီဂရီက သုညမှတ်နားပြန်ကျသွားသည်။ လှည့်မကြည့်ပေမယ့် ဇာမဏိမျက်နှာ တည်တင်းမှုန်သုန်နေမယ့်ပုံကိုလည်း ကျွန်တော့်စိတ်မှာမြင်နေရ၏။
"သူများအကြောင်းဆို ပိုတောင်စိတ်မဝင်စားဘူး အစ်ကို။ မလွယ်တဲ့အရာမို့လို့ ကျွန်တော် အစ်ကို့ကိုမေးနေရတာလေ"
"ငါ့အားနည်းချက်နဲ့ တစ်ချိန်ချိန်မှာ မာမီနဲ့ညီမလေးကိုပါထိခိုက်အောင်မလုပ်ဘူးလို့ မင်းကတိပေးနိုင်လို့လား"
"အစ်ကို ဘာတွေပြောနေတာလဲဟင်"
ကျွန်တော့် ပုခုံးတစ်ဖက်ကနေဆွဲလှည့်ခံလိုက်ရပြီး သူ့လက်တစ်ဖက်နဲ့ ဖိဆုပ်ခံထားရတာမို့ အသွေးအသားတွေစုတ်ပြဲလာနေသလို ပူစပ်ရှိန်းမြလာ၏။ အကြည့်နှစ်ခုစုံရာ လေဟာနယ်ရဲ့မော်လီကျူးတွေ အပူကြောင့် လောင်ကျွမ်းပျက်စီးနေကြမလား။
"ငါ့ကြောင့် မာမီနဲ့ညီမလေး အရှက်ရသိမ်ငယ်ရမှာမျိုး ငါမလိုချင်ဘူး ဇာမဏိ!"
သွေ့ခြောက်နေတဲ့ အောက်နှုတ်ခမ်းအတွင်းသားကို ဖိကြိတ်ကိုက်ရင်း အကြည့်တွေလွှဲလိုက်ရသည်။ အားနည်းချက်ဆိုတာမျိုးက တစ်ခါပြိုကျပြီးရင် အခါခါပြိုလဲလွယ်တဲ့အရာမျိုး။ ထိရှမလွယ်တတ်ပေမယ့် ကျွန်တော့်အတွင်းဆုံးအပိုင်းက အထိခိုက်မခံဆုံးအရာကိုမှ သိထားသူရှေ့ ကျွန်တော်တည်ဆောက်ထားတဲ့အပေါ်ယံလွှာတွေအကုန် သူ့လက်ဖဝါးနဲ့ဖြဲဆုတ်ခံနေသလို ခံစားရ၏။
"ဘယ်လောက်တောင် insecure ဖြစ်နေတာလဲ အစ်ကိုရာ ဟင်။ အစ်ကိုပြောတဲ့အားနည်းချက်တွေ၊ အားသာချက်တွေ ကျွန်တော် မသိဘူး။ ကျွန်တော့်ကြောင့် အစ်ကို စိတ်ဆိုးဒေါသဖြစ်နေရတာတွေပဲ ကျွန်တော်မလိုချင်တာ။ ကျွန်တော်သိတာ အဲ့တစ်ခုတည်း"
မချင့်မရဲနိုင်တဲ့အသံလို့ ကျွန်တော်သုံးနှုန်းချင်သည်။ ပုခုံးပေါ်ကလက်ကို ရုတ်သိမ်းလိုက်ခြင်းနဲ့အတူ နေမင်းက တိမ်စိုင်တွေအောက် ပြေးဝင်ခိုသွား၏။ နေမင်းက အလင်းပေးဖို့ ငြူစူစွာနဲ့ မိုးသားတိမ်လိပ်တွေကြားက ပြန်ထွက်မလာတော့ဘဲ ညနေခင်းမှာ သင်္ကြန်မိုးစွေသည်။ ညနေခင်းက သင်္ကြန်မိုးရဲ့ဖေးမမှုအောက်မှာ ချမ်းစိမ့်အေးချမ်းနေသည်။ ပြည်လမ်းမကြီးက ပြည့်ကျပ်နေတဲ့ကားတန်းအရှည်ကြီးကို မငြိုမငြင်လက်ခံပေးထား၏။ ပါလာသမျှ မျက်နှာသုတ်ပဝါတွေကို ညီမလေးကိုယ်ပေါ်လွှားခြုံပေးထားရသည်။ မိုးစက်တွေက အပေါ်ထပ်အင်္ကျီဂျာကင်ကိုဖြတ်ပြီး ကျွန်တော့်အသွေးအသားထဲထိ ပတ်ဖြန်းနေ၏။
"အေးလာပြီနော်..."
ပုခုံးကပါ်ရောက်လာတဲ့ ရေစိုစိုပဝါတစ်ထည်။ နီးကပ်လာတဲ့လူဆီကကိုယ်ငွေ့နဲ့ကျွန်တော့်ကျောပြင် နွေးသွား၏။ ပဝါတစ်ထည်အောက်မှာ ခိုလှုံနေမိကြတဲ့ ကိုယ်နှစ်ခု။
"ကိုယ် မအေးဘူး။ ရတယ်။ မင်းပဲခြုံ"
"အစ်ကို့ နှုတ်ခမ်းတွေပြာနေပြီ"
"ဟုတ်တယ် ကိုကို ဇာမဏိနဲ့အတူတူခြုံထား။ သူ့ပဝါက အကြီးကြီး။ မဟုတ်ရင် ကိုကိုဖျားလိမ့်မယ်"
ကားခေါင်းခန်းနားကပ်နေတဲ့ညီမလေးက ခေါင်းထောင်ပြီး လှမ်းအော်သည်။ လက်ပိုက်ထားတဲ့လက်မောင်းက လက်တစ်ဖက်ရဲ့သိုင်းဖက်ခြင်းခံလိုက်ရတာကို ပုခုံးပေါ်ကပဝါကြောင့် ဘယ်သူမှမမြင်။ ကျွန်တော် လှည့်ကြည့်တော့ ကျွန်တော့်ကိုကြည့်မနေတဲ့ မျက်နှာက အင်းလျားကန်ဘက်ကို မျက်နှာမူလို့ငေးမောနေသည်။ အနံ့အသက်မရှိတဲ့ သူ့ကိုယ်ငွေ့က အေးစက်မှုထဲက တစ်ခုတည်းသောရရှိနေတဲ့ အနွေးဓါတ်။
ဇော်ထက်ကတော့ ပြင်ပရေရော၊ မြိုချခဲ့တဲ့အရည်တို့ကြောင့်ရော မူးပြဲလဲနေလေပြီ။ မလုံခြုံရခြင်းများက အခုအချိန်ခဏ မိုးရေစက်တွေထဲပျော်ဝင်စီးဆင်းနေကြသလိုလို။ အခုချိန် တစ်ခဏ အနွေးဓါတ်နောက် ကောက်ကောက်ပါအောင်လိုက်နေတဲ့ ကျွန်တော့်စိတ်တွေက ဘာကိုမှမတွေးဖြစ်။
***********************************************
"အစ်ကို တိုက်အောက် ခဏလောက် ဆင်းခဲ့ပါလား" တဲ့။
နာရီကြည့်တော့ ၁၁ နာရီ ၁၀မိနစ်။ မဖျက်သိမ်းရသေးတဲ့နံပါတ်ကဝင်လာတဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့ ကျွန်တော်တွေဝေနေခဲ့မိသည်။ လေလှိုင်းရဲ့ frequency တွေက အသံကိုပိုသြစေတတ်သလား။ တိုက်အောက်ရောက်ဖို့နီးလာလေ နှာဖျားကိုတိုးဝင်နေတဲ့ မွှေးရနံ့တစ်ခုက ပိုမိုစူးရှလာလေ။ လှေကားထစ်အထပ်တွေကို ကျော်နင်းရင်း ကျွန်တော့်နှုတ်ခမ်းစွန်းတွေ လှုပ်ရှားချင်မှုကို ထိန်းသိမ်းမထားနိုင်တော့။
ပိတောက်တွေ...။ အရွက်စိမ်းစိမ်းဖားဖားတွေကြားက ဝါဝင်းမွှေးနေတဲ့ပိတောက်ပန်းတို့က တိုက်အောက်တစ်ထပ်လုံးကို လွှမ်းခြုံထား၏။
"အစ်ကို ကြိုက်တယ်မလား"
ကျွန်တော့်နှုတ်ခမ်းတွေကိုကြည့်ပြီး သူရယ်သည်။ သွားစွယ်ချွန်ချွန်နှစ်ဖက် ညမီးရောင်အောက် လင်းလက်သွားတာမြင်မှ ကျွန်တော့်အပြုံးတွေကို အလျင်အမြန်ထိန်းသိမ်းရတော့သည်။ သူ့လက်ထဲက ကျွန်တော့်လက်ထဲလွှဲပြောင်းခံရတဲ့ ပိတောက်ပွင့်ရနံ့တို့က ကျွန်တော့်တစ်ကိုယ်လုံးကို ရစ်ပတ်နှောင်ဖွဲ့သွားသည်။
"ဘယ်ကဝယ်လာတာလဲ။ ဒီအချိန်ကြီး"
"အာ... မဝယ်ပါဘူး။ အိမ်ရာဝင်းရှေ့က အပင်ကနေခူးလာတာ"
"ဘယ်သူခူးတာ?"
"ကျွန်တော်လေ"
ညနေခင်း အိမ်အပြန်လမ်းတုန်းကလို ရေစိုနေတဲ့မျက်နှာတည်နဲ့မဟုတ်တော့ဘဲ အခုတော့ သူနဲ့ကျွန်တော်ကြား ဘာမှမရှိခဲ့သလိုမျိုး။ ညလေတွေသယ်လာတဲ့ ပိတောက်ပန်းရနံ့က မိုးရေတွေတင်ကျန်ခဲ့တဲ့မြေသားနံ့နဲ့ ရောပေါင်းသင်းပျံ့နေသည်။ အိမ်ရာဝင်းထိပ်နားက အုတ်ခုံပေါ်ထိုင်ရင်း လက်ထဲမှာ ပိတောက်ခက်တွေကိုင်ထားရင်းပဲ ပိတောက်ပင်ကိုလည်း လှမ်းကြည့်မိလိုက်သည်။
"ညဘက်ကြီး အပင်ပေါ်တက်တာ ပြုတ်ကျမယ်။ နောက်မတက်နဲ့"
"မနက်က ကားပေါ်တက်တည်းက အစ်ကိုမော့ကြည့်နေတာမြင်လို့ အဲ့အချိန်တည်းက ခူးပေးချင်တာ။ ပိတောက်က ဒီလိုညပိုင်းခူးပြီး ရေစိမ်ထား။ မနက်ကျ ဘုရားပန်းကပ်ရင် သိပ်လှတယ်။ ကျွန်တော်ခူးတော့ လုံခြုံရေးကျတဲ့ အဘကလည်းလိုချင်တယ်ဆိုတာနဲ့ပေးလိုက်သေးတယ်"
လမင်းကလည်း ပိတောက်ကိုနှစ်သက်ပုံနဲ့ မိုးတိမ်ကင်းစင်တဲ့ကောင်းကင်ယံကနေ မြေပြင်ကို လှမ်းမျှော်ကြည့်နေ၏။ သစ်ရွက်တွေကြား တိုးတိုက်သွားရုံလေပြည်ထဲ လက်ကျန်မိုးစက်မှုန်အကြွင်းအကျန်တို့ကြောင့် အအေးဓါတ်ပါးပါးလွှမ်းခြုံထားသေးသည်။ ကျွန်တော့်လက်ထဲက ပိတောက်ကိုင်းဖျားတစ်ခက်ကိုချိုးယူပြီး တီရှပ်အိတ်ကပ်ထဲ ထိုးပေးလာတာ ရုတ်တရတ်။
"အဲ့လိုအိတ်ကပ်ထဲထည့်ရင် ကြည့်ကောင်းတယ်"
ကျွန်တော့်ဘက်လှည့်ပြုံးပြပြီး ငေးကြည့်နေတာကို ကျွန်တော်လည်းမျက်နှာမလွှဲမိ။
"ကတိပေးတယ်။ ကတိပေးမှ အစ်ကို့စိတ်လုံခြုံရမယ်ဆိုရင် ကျွန်တော် အဲ့နေ့ကကိစ္စကို ဘယ်တုန်းကမှ မသိခဲ့သလို၊ မရှိခဲ့သလိုပဲ မေ့ပစ်လိုက်မယ်။ အစ်ကို စိတ်ဆိုးပြေမလား"
"မင်း ကိုယ့်ကိုမရွံဘူးလား၊ စိတ်မပျက်ဘူးလား ဇာမဏိ"
ဆင်ကြယ်ကြက်ပေါင်စိမ်းဖိနပ်ထိပ်ဦးကိုငေးရင်း ကျွန်တော်မေးမိသည်။
"ကျွန်တော် ဥာဏ်မကောင်းဘူး အစ်ကို။ အဲ့လောက်တွေထိ ကျွန်တော် မတွေးနိုင်ဘူး။ ကျွန်တော်သိတာ အစ်ကိုက ဒီအတိုင်း Dental က ရပ်ဝန်းနေသော်။ ညီမလေး ဘရဏီနေသော်ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ အစ်ကို။ မိသားစုတစ်စုက သားအကြီးဆုံးအစ်ကို၊ ကျွန်တော်က ရန်ကုန်ကို အစ်ကို့ကြောင့် နေသားအကျမြန်တာ။ အစ်ကိုစိတ်ဆိုးနေတော့ ရန်ကုန်က ကျွန်တော့်ကိုနှင်ထုတ်နေသလိုပဲ။ အိပ်မပျော်ဘူး"
ကျွန်တော့်အိပ်ပျက်ညတွေက သူ့အိပ်ပျက်ညတွေလည်း ဖြစ်ခဲ့တာပေါ့။ လကိုငေးရင်း ပိတောက်ကိုငေးရင်း ဘေးချင်းယှဥ်လို့ထိုင်နေဖြစ်တဲ့ သူ့ဆီက သက်ပြင်းချသံကိုလည်း ကြားရသည်။
"ကိုယ် မင်းကိုယုံလို့ရမယ်မလား ဇာမဏိ"
အထူးတလည်ကြည်လင်နေတဲ့ခံစားချက်နဲ့ ကျွန်တော် သူ့ကိုငေးကြည့်မိသည်။ သူ့ပုခုံးတွေက ဝန်ထုပ်ဝန်ပိုးကို လွှတ်ချလိုက်သူလို ပေါ့ပါးလွတ်လပ်နေ၏။ အုတ်ခုံပေါ် ထိုင်နေရာမှ ဆင်းရင်း သူရောကျွန်တော်ပါ မျက်နှာချင်းဆိုင် ခြေစုံရပ်မိကြသည်။
"အမြဲတမ်းပေါ့ အစ်ကို"
လမင်းကိုတိုင်တည်တဲ့ ကတိစကားတွေက သံသရာဆုံးသည်အထိ တည်တတ်ကြောင်း...
######################################
June 28.2021.(Monday)
**********************************************
ေႏြအပူကို သၾကၤန္ေရေအးတို႔ကေျဖာခနဲသဲ့ယူသြား၏။ beat သံျပင္းျပင္းနဲ႔ သၾကၤန္သီခ်င္းတို႔က ေသြးေၾကာထဲထိတိုးဝင္႐ိုက္ခတ္ေနၾကသည္။ ေပ်ာ္႐ႊင္ျခင္းမ်ားက ေရမႈန္စက္ေတြခင္းတဲ့ေလထုထဲမွာ ေနေရာင္ျခည္နဲ႔ေရာေႏွာျပန္႔က်ဲက်ေနသည္။ လမ္းမထက္ရွိလူေတြဆီက ေပ်ာ္႐ႊင္ျခင္းရနံ႔နဲ႔ စိမ္းျဖာေဝပိေတာက္ပင္ဖ်ားတို႔ထက္က ပိေတာက္ပြင့္ရနံ႔တို႔ သၾကၤန္ေရေၾကာင့္ ေအးစက္ေနတဲ့ကြၽန္ေတာ့္ဝိဥာဥ္ဆီပ်ံ႕လြင့္လာတတ္၏။ ေရပက္ခံကားက ျပည္လမ္း၊ ေျမနီကုန္းေတာက္ေလွ်ာက္ ျဖတ္သန္းခဲ့ၿပီးတဲ့ေနာက္ေတာ့ မ်က္ႏွာေပၚက ေရေတြကိုသပ္ခ်ၿပီး ႐ႊဲနစ္ေနတဲ့ဆံပင္ေတြကို ပင့္သပ္လွန္တင္လိုက္ရသည္။ ေရနစ္ေနတဲ့ဂ်ာကင္အထူနဲ႔ညီမေလးလက္ေကာက္ဝတ္ကိုလွမ္းဆြဲၿပီး အိမ္ကယူလာတဲ့ မ်က္ႏွာသုတ္ပဝါအႀကီးပတ္ေပးထားရသည္။
"ကန္ေတာ္ႀကီးပတ္လမ္းမွာ စတုဒိသာေပါတယ္။ ေန႔လယ္စာကို အဲ့မွာစား ခဏနားၿပီးမွ လမ္းမေတာ္ဘက္ကျပန္ထြက္ရင္ေကာင္းမလား အစ္ကို"
ေဇာ္ထက္က အဓိပၸါယ္ပါတဲ့မ်က္လုံးေတြနဲ႔ ကြၽန္ေတာ့္နားတိုးေလွ်ာက္လာရင္းေမး၏။
"အင္း မဆိုးပါဘူး။ ကန္ေတာ္ႀကီးထဲဝင္နားလို႔ရတာေပါ့"
ေရနစ္ထားတဲ့ကြၽန္ေတာ့္အၿပဳံးေတြက အသက္ဝင္ေနလိမ့္မည္မထင္။ ကန္ေတာ္ႀကီးကိုေရာက္ေတာ့ မြန္းလြဲေနက ကြၽန္ေတာ္တို႔ကိုယ္ေပၚမွာ စီးျဖာက်ေန၏။ အပူဓါတ္ကဲကဲေႏြထဲ ေရစိုစိုအက်ႌအေပၚလႊာတို႔က ေျခာက္ေသြ႕လာေနသည္။ လူရွင္းေနတဲ့ မ႑ပ္တစ္ခုထဲဝင္ထိုင္လိုက္ၾကေတာ့ စားၿမိန္စရာက သၾကၤန္ထမင္းဟင္း။ ဟာေနတဲ့ဗိုက္က သၾကၤန္ထမင္းေအးေအးနဲ႔ ငါးေျခာက္မႊေၾကာ္ေၾကာင့္ ျပည့္တင္းေႏြးေထြးသြားသည္။
"ေဇာ္ထက္တို႔ မရွိေတာ့ဘူး ဘရဏီ"
ညီမေလးသူငယ္ခ်င္းအဂီက တိုးတိုးႀကိတ္ေျပာ၏။
"ခြက္ပုန္းခုတ္ေတာ့မွာေနမွာေပါ့။ သူေသာက္ခ်င္လို႔ ကန္ေတာ္ႀကီးထဲဝင္ခ်င္တာ တစ္ပိုင္းေသေနတာပဲေလ"
ျပည္လမ္းေပၚ ကားဘီးနင္းလိုက္တည္းက ေဇာ္ထက္တို႔ ေသာက္ခ်င္ေနၾကတာကို ကြၽန္ေတာ္သိသည္။ ေပၚေပၚတင္တင္ ညီမေလးတို႔ပါလို႔ မေသာက္ဘူးျငင္းထားတဲ့ ကြၽန္ေတာ့္ေၾကာင့္ တစ္မနက္ခင္းလုံးထိန္းသိမ္းေပးေနၾက၏။ စတုဒိသာကိုေတာင္ ဝင္စားၾကသလား၊ ဘာလား ကြၽန္ေတာ္မသိ။ ေက်ာခိုင္းမ်က္ႏွာလႊဲထားပစ္လိုက္တာကို အငယ္ေတြနဲ႔မေရာခ်င္ဘူး ထင္ခ်င္လည္းထင္လိမ့္မည္။ ညီမေလးကိုေစာင့္ေရွာက္ဖို႔လိုတာမို႔ ကင္းရွင္းျပေနတာက တစ္ဝက္၊ မြန္းၾကပ္မႈကို ေမ့ေဖ်ာက္ထားတာကတစ္ဝက္ဆိုရလွ်င္ပိုမွန္မည္။
"ေရာက္လက္စနဲ႔ ငါတို႔လည္း တစ္ဘူးေလာက္ေတာ့..."
"မိန္းကေလးေတြအတြက္မေကာင္းဘူး"
ကြၽန္ေတာ့္ကိုခိုးၾကည့္ေနတတ္တဲ့ ဆံႏြယ္ရွည္ယဥ္တစ္ကိုယ္မယ္ရဲ႕စကားကို ကြၽန္ေတာ္ပယ္ခ်ပစ္လိုက္သည္။ စိတ္ဆိုးျခင္းမရွိဘဲ နာခံစြာ ႏူးညံ့သြားတဲ့မ်က္ဝန္းတို႔နဲ႔လွမ္းၾကည့္၏။
"ေရပက္ခံရတဲ့အရွိန္နဲ႔ဆို အရမ္းေထြလိမ့္မယ္။ ညီမေလးေတြက ေနာက္မွ သီးသန္႔ေသာက္ပါ။ ကိုယ္ treat မယ္"
"ကိုကိုေတာ့ အိတ္ပါးေတာ့မယ္"
"အိတ္ပါေပါင္ရ ေပါင္ရ"
ေရခိုေနတဲ့ ညီမေလးက်စ္ဆံၿမီးႏွစ္ဖက္ေပၚ ပုဝါနဲ႔လွမ္းအုပ္လိုက္ေတာ့ ရယ္သံေလးေတြစီသြားျပန္သည္။ ဦးညီထြဋ္ရဲ႕ Emperor မ႑ပ္ကသီခ်င္းသံတို႔က ကန္ေတာ္ႀကီးတစ္ခုလုံးကိုလႊမ္းၿခဳံထားသည္။ ရာသီစာမုန္႔လုံးေရေပၚက အခ်ိဳဓါတ္ကဲကဲနဲ႔စီးေထြးေနသည္။
"ကိုကို ညီမေလးတို႔ ကန္ေတာ္ႀကီးကိုပတ္လိုက္ဦးမယ္"
"ကိုကိုလိုက္ပို႔မယ္ေလ"
"အမ္း...ကိုကိုေနခဲ့ေလေနာ္။ ညီမေလးတို႔ခ်ည္းပဲ သြားခ်င္တယ္"
"တစ္ခုခုဆို ဖုန္းဆက္။ ကိုကို ဒီမွာပဲရွိေနမယ္"
"ဟုတ္... ေဇာ္ထက္ကိုေတာင္ဖုန္းဆက္ထားတယ္။ ကိုကိုတစ္ေယာက္တည္းျဖစ္ေနမွာဆိုးလို႔"
"အာ...ကိုကိုကရတယ္"
"မရပါဘူး။ ကိုကိုတစ္ေယာက္တည္းပ်င္းေနမွာဆိုးလို႔။ ညီမေလးတို႔သြားၿပီေနာ္"
က်ဲေနေအာင္ပူတဲ့ေႏြေနကို အံတုဖို႔ ဘီယာတစ္ဘူးေလာက္ေသာက္လိုက္ခ်င္ေပမယ့္ ေရခဲမ်ားမ်ားပါတဲ့မန္က်ည္းရည္တစ္ခြက္နဲ႔သာ တင္းတိမ္လိုက္ရသည္။ စတုဒိသာမ႑ပ္ထဲဝင္လာတဲ့ေဇာ္ထက္က ရယ္စစနဲ႔ အနားကပ္လာေတာ့ အနံ႔စူးစူးပါတြဲပါလာသည္။
"အစ္ကို တစ္ေယာက္တည္းဆို။ ကြၽန္ေတာ္တို႔နဲ႔လာဝိုင္းပါဗ်ာ"
"ကိုယ္ မေသာက္ခ်င္ဘူး ေဇာ္ထက္"
"အခ်ိဳရည္ဘာညာပါတယ္ေလ။ အခ်ိဳရည္ေသာက္ အစ္ကိုရာ"
"ေဇာ္ထက္တို႔က ဘယ္မွာထိုင္ေနတာလဲ"
"ကားရပ္ထားတဲ့နားမွာပဲ။ ဟိုမွာအခင္းနဲ႔အပင္ရိပ္နဲ႔ဆိုေတာ့ ေအးတယ္"
"ကိုယ္ ကားေပၚမွာပဲထိုင္ေနပါ့မယ္။ ေနျပင္းေတာ့ နည္းနည္းအိပ္ငိုက္လို႔"
"ဒါဆို ကြၽန္ေတာ္ အခ်ိဳရည္လာေပးမယ္။ Cola ရတယ္မလား"
"ဘာျဖစ္ျဖစ္ အိုေကတယ္"
ေဇာ္ထက္တို႔ေနရာယူထားတဲ့အပင္က ကားရပ္ထားရာအနားမွာျဖစ္ေပမယ့္ စကားသံေတြၾကားရေလာက္ေအာင္ နီးကပ္မေန။ ေဇာ္ထက္ကို လက္ျပခဲ့ၿပီး ကားေရွ႕ခန္းမွာပဲဝင္ထိုင္လိုက္၏။ သစ္႐ြက္ေတြက စစ္ထုတ္ေပးထားတဲ့အေအးဓါတ္ေၾကာင့္ ေအးေအးခ်မ္းခ်မ္းရွိေနသည္။ ေႏြက သဘာဝေၾကာင့္ေနေပ်ာ္ခ်င္စရာ။ ေရွ႕ခန္းမွာထိုင္ေနေပမယ့္ ကားတံခါးကိုပိတ္မထားျဖစ္ေတာ့။ ျမက္ခင္းစိုစိုေတြကို ဖိနင္းလာတဲ့ေျခသံကို မ်က္ဝန္းေတြမွိတ္ရင္းပဲ နားစြင့္ထားျဖစ္လိုက္သည္။
"အခ်ိဳရည္"
"Thank...Yo.."
လမ္းတစ္ဝက္မွာရပ္တန္႔သြားတဲ့ ကြၽန္ေတာ့္လက္ထဲေရာက္လာတာက ေအးျမေနတဲ့ Pocari Sweat တစ္ဘူး။
ေက်းဇူးတင္စကားကလည္း တစ္ဝက္တစ္ပ်က္နဲ႔အဆုံးသတ္သြား၏။ အခ်ိဳရည္ဘူးကို deshboard ေပၚ လွမ္းတင္ၿပီးသည္အထိ ေဘးမွာရပ္ေနသူက ထြက္မသြားေသး။
"အစ္ကို..."
ေရစိုခံထားရတဲ့ေလထုမွာ အသက္ရႈသံတစ္ခုထပ္တိုးလာေတာ့ ႐ုတ္ခ်ည္းပူေႏြးလာသလိုပင္။ light truck ရဲ႕အမိုးစြန္းနဲ႔ထိလုမတက္အရပ္ေၾကာင့္ ကြၽန္ေတာ္က ထိုင္ေနရင္းေျပးေပါက္ပိတ္သလိုအေနအထားျဖစ္ေနရသည္။ မ်က္ႏွာလႊဲထားေပမယ့္ သူ စူးစူးစိုက္စိုက္ၾကည့္ေနတာကို ကြၽန္ေတာ္သိသည္။
"အစ္ကို ကြၽန္ေတာ့္ကို block တယ္"
သူ႔ထံမွ စူးရွရွယမကာနံ႔မ်ိဳးမရ။ ေလသံကအတက္အက်မရွိ သူ႔မူပိုင္အတိုင္းသာျဖစ္သည္။ ရင္မဆိုင္ခ်င္ေပမယ့္ ခပ္ေစာင္းေစာင္းအေနအထားနဲ႔ပဲ မ်က္ခုံးတစ္ဖက္ပင့္တင္ေမာ့ၾကည့္လိုက္မိ၏။
"ဘာလို႔လဲ အစ္ကို"
"မင္းကို မျမင္ခ်င္လို႔"
"မျမင္ခ်င္တာ ဘာလို႔လဲ"
"ဇာမဏိ!"
ျမင္ေနရတဲ့အျပာရင့္ေရာင္ရွပ္အက်ႌေကာ္လံစြန္းကေန ကိုင္ေပါက္ပစ္လိုက္ခ်င္တဲ့စိတ္ကို အလ်င္အျမန္ထိန္းလိုက္ရသည္။
"မင္း မွတ္ဥာဏ္မေကာင္းဘူးလား။ အဲ့ေန႔တည္းက မင္းကိုမျမင္ခ်င္ေတာ့ဘူးလို႔ ငါေျပာခဲ့တယ္ေလ!"
ေန႔လယ္စာခ်ိန္ၿပီးလို႔ မ႑ပ္မ်ားဆီက သီခ်င္းသံသဲ့သဲ့ ေလထုထဲျပန္ဝင္ေရာက္လာသည္။ ဟိုေနရာဒီေနရာထြက္လာတဲ့ ဂီတသံေတြက ကြၽန္ေတာ့္ကိုယ္ထဲက ပြက္ပြက္ဆူလာေနတဲ့ေသြးေတြလို အရွိန္အဟုန္နဲ႔ျဖစ္၏။ ကြၽန္ေတာ့္အသံက်ယ္သြားေပမယ့္ ဂီတသံေတြရဲ႕ဝါးၿမိဳမႈေၾကာင့္ ဒီေနရာဒီရပ္ဝန္းမွာတင္ရပ္တန္႔ေပ်ာက္ကြယ္သြားသည္။ သူ႔မ်က္ႏွာေပၚမွာ စိတ္ရႈပ္ေထြးမႈေတြျဖစ္ပ်က္ေျပာင္းလဲေနတာ သိသာေနလိမ့္မည္။
"ကြၽန္ေတာ္ အဲ့ဒါကိုျမင္ခဲ့လို႔ေပါ့ ဟုတ္လား"
"အဲ့ေန႔ကအေၾကာင္း စကားထဲေတာင္ ထည့္မေျပာနဲ႔"
"ဒါဆို အစ္ကိုလည္း block မလုပ္နဲ႔"
"ဇာမဏိ!"
စကားလုံးေတြရွားပါးရတာကလည္း သူနဲ႔မွအခါခါ။
"မင္းလာခဲ့!"
ရင္ဘတ္ကိုတြန္းထုတ္လိုက္ၿပီးမွ ကားေပၚကခုန္ဆင္းလိုက္သည္။ ဆြဲဆုပ္ကိုင္လိုက္တဲ့ ရွပ္အက်ႌေကာ္လံက စိုဖန္႔ဖန္႔။ ေဇာ္ထက္တို႔ဘက္ ေဝ့ၾကည့္လိုက္ေတာ့ သူတို႔အရွိန္နဲ႔သူတို႔ ေဘးပတ္ဝန္းက်င္ရဲ႕ျဖစ္ပ်က္ေျပာင္းလဲျခင္းမ်ားကို ဂ႐ုစိုက္ၾကဟန္မရွိ။ စိုတစ္ဝက္ေျခာက္တစ္ဝက္အဝတ္ေတြက ေႏြေၾကာင့္ပူေငြ႕ေငြ႕ျဖစ္ေနတဲ့ခႏၶာကိုယ္ေပၚမွာ ေရခဲဖတ္လိုေအးစက္စက္ခံစားခ်က္မ်ိဳးေပး၏။ ရင္ဆိုင္ေနရျခင္းက ေႏြရဲ႕အပူတစ္ခုတည္းမဟုတ္။ ေက်ာခိုင္းထားေပမယ့္ မလြတ္ေျမာက္ႏိုင္တဲ့နယ္ေျမထဲ ကြၽန္ေတာ္ ေျခစုံရပ္ေနရသည္။
"အစ္ကို ဘာကိုေဒါသျဖစ္တာလဲ ကြၽန္ေတာ္ တကယ္မသိဘူး"
လြန္ခဲ့တဲ့ရက္သတၱပတ္မွာေျပာခဲ့တဲ့စကားကိုပဲ သူကအစဆြဲထုတ္သည္။
"မင္းတစ္ေယာက္ေယာက္ကို တိတ္တိတ္ေလးသေဘာက်ေနတဲ့အေၾကာင္း အျခားတစ္ေယာက္သိသြားရင္ ဘယ္လိုေနမလဲ"
"တစ္ေယာက္ေယာက္ကို သေဘာက်တာက အားနည္းခ်က္မွမဟုတ္တာ အစ္ကို"
"သဘာဝကိုဆန္႔က်င္ေနတဲ့အရာေလ။ မင္းအေၾကာင္းမဟုတ္တဲ့ သူမ်ားအေၾကာင္းမို႔လို႔ မင္းကေတာ့ လြယ္လြယ္ေျပာထြက္မွာေပါ့"
ေလျပည္ေတြ တိုးတိုက္ေခ်ာ့ျမႇဴလိုက္လို႔လား ကြၽန္ေတာ့္ေဒါသေတြရဲ႕ဒီဂရီက သုညမွတ္နားျပန္က်သြားသည္။ လွည့္မၾကည့္ေပမယ့္ ဇာမဏိမ်က္ႏွာ တည္တင္းမႈန္သုန္ေနမယ့္ပုံကိုလည္း ကြၽန္ေတာ့္စိတ္မွာျမင္ေနရ၏။
"သူမ်ားအေၾကာင္းဆို ပိုေတာင္စိတ္မဝင္စားဘူး အစ္ကို။ မလြယ္တဲ့အရာမို႔လို႔ ကြၽန္ေတာ္ အစ္ကို႔ကိုေမးေနရတာေလ"
"ငါ့အားနည္းခ်က္နဲ႔ တစ္ခ်ိန္ခ်ိန္မွာ မာမီနဲ႔ညီမေလးကိုပါထိခိုက္ေအာင္မလုပ္ဘူးလို႔ မင္းကတိေပးႏိုင္လို႔လား"
"အစ္ကို ဘာေတြေျပာေနတာလဲဟင္"
ကြၽန္ေတာ့္ ပုခုံးတစ္ဖက္ကေနဆြဲလွည့္ခံလိုက္ရၿပီး သူ႔လက္တစ္ဖက္နဲ႔ ဖိဆုပ္ခံထားရတာမို႔ အေသြးအသားေတြစုတ္ၿပဲလာေနသလို ပူစပ္ရွိန္းျမလာ၏။ အၾကည့္ႏွစ္ခုစုံရာ ေလဟာနယ္ရဲ႕ေမာ္လီက်ဴးေတြ အပူေၾကာင့္ ေလာင္ကြၽမ္းပ်က္စီးေနၾကမလား။
"ငါ့ေၾကာင့္ မာမီနဲ႔ညီမေလး အရွက္ရသိမ္ငယ္ရမွာမ်ိဳး ငါမလိုခ်င္ဘူး ဇာမဏိ!"
ေသြ႕ေျခာက္ေနတဲ့ ေအာက္ႏႈတ္ခမ္းအတြင္းသားကို ဖိႀကိတ္ကိုက္ရင္း အၾကည့္ေတြလႊဲလိုက္ရသည္။ အားနည္းခ်က္ဆိုတာမ်ိဳးက တစ္ခါၿပိဳက်ၿပီးရင္ အခါခါၿပိဳလဲလြယ္တဲ့အရာမ်ိဳး။ ထိရွမလြယ္တတ္ေပမယ့္ ကြၽန္ေတာ့္အတြင္းဆုံးအပိုင္းက အထိခိုက္မခံဆုံးအရာကိုမွ သိထားသူေရွ႕ ကြၽန္ေတာ္တည္ေဆာက္ထားတဲ့အေပၚယံလႊာေတြအကုန္ သူ႔လက္ဖဝါးနဲ႔ၿဖဲဆုတ္ခံေနသလို ခံစားရ၏။
"ဘယ္ေလာက္ေတာင္ insecure ျဖစ္ေနတာလဲ အစ္ကိုရာ ဟင္။ အစ္ကိုေျပာတဲ့အားနည္းခ်က္ေတြ၊ အားသာခ်က္ေတြ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ့္ေၾကာင့္ အစ္ကို စိတ္ဆိုးေဒါသျဖစ္ေနရတာေတြပဲ ကြၽန္ေတာ္မလိုခ်င္တာ။ ကြၽန္ေတာ္သိတာ အဲ့တစ္ခုတည္း"
မခ်င့္မရဲႏိုင္တဲ့အသံလို႔ ကြၽန္ေတာ္သုံးႏႈန္းခ်င္သည္။ ပုခုံးေပၚကလက္ကို ႐ုတ္သိမ္းလိုက္ျခင္းနဲ႔အတူ ေနမင္းက တိမ္စိုင္ေတြေအာက္ ေျပးဝင္ခိုသြား၏။ ေနမင္းက အလင္းေပးဖို႔ ျငဴစူစြာနဲ႔ မိုးသားတိမ္လိပ္ေတြၾကားက ျပန္ထြက္မလာေတာ့ဘဲ ညေနခင္းမွာ သၾကၤန္မိုးေစြသည္။ ညေနခင္းက သၾကၤန္မိုးရဲ႕ေဖးမမႈေအာက္မွာ ခ်မ္းစိမ့္ေအးခ်မ္းေနသည္။ ျပည္လမ္းမႀကီးက ျပည့္က်ပ္ေနတဲ့ကားတန္းအရွည္ႀကီးကို မၿငိဳမျငင္လက္ခံေပးထား၏။ ပါလာသမွ် မ်က္ႏွာသုတ္ပဝါေတြကို ညီမေလးကိုယ္ေပၚလႊားၿခဳံေပးထားရသည္။ မိုးစက္ေတြက အေပၚထပ္အက်ႌဂ်ာကင္ကိုျဖတ္ၿပီး ကြၽန္ေတာ့္အေသြးအသားထဲထိ ပတ္ျဖန္းေန၏။
"ေအးလာၿပီေနာ္..."
ပုခုံးကပၚေရာက္လာတဲ့ ေရစိုစိုပဝါတစ္ထည္။ နီးကပ္လာတဲ့လူဆီကကိုယ္ေငြ႕နဲ႔ကြၽန္ေတာ့္ေက်ာျပင္ ေႏြးသြား၏။ ပဝါတစ္ထည္ေအာက္မွာ ခိုလႈံေနမိၾကတဲ့ ကိုယ္ႏွစ္ခု။
"ကိုယ္ မေအးဘူး။ ရတယ္။ မင္းပဲၿခဳံ"
"အစ္ကို႔ ႏႈတ္ခမ္းေတြျပာေနၿပီ"
"ဟုတ္တယ္ ကိုကို ဇာမဏိနဲ႔အတူတူၿခဳံထား။ သူ႔ပဝါက အႀကီးႀကီး။ မဟုတ္ရင္ ကိုကိုဖ်ားလိမ့္မယ္"
ကားေခါင္းခန္းနားကပ္ေနတဲ့ညီမေလးက ေခါင္းေထာင္ၿပီး လွမ္းေအာ္သည္။ လက္ပိုက္ထားတဲ့လက္ေမာင္းက လက္တစ္ဖက္ရဲ႕သိုင္းဖက္ျခင္းခံလိုက္ရတာကို ပုခုံးေပၚကပဝါေၾကာင့္ ဘယ္သူမွမျမင္။ ကြၽန္ေတာ္ လွည့္ၾကည့္ေတာ့ ကြၽန္ေတာ့္ကိုၾကည့္မေနတဲ့ မ်က္ႏွာက အင္းလ်ားကန္ဘက္ကို မ်က္ႏွာမူလို႔ေငးေမာေနသည္။ အနံ႔အသက္မရွိတဲ့ သူ႔ကိုယ္ေငြ႕က ေအးစက္မႈထဲက တစ္ခုတည္းေသာရရွိေနတဲ့ အေႏြးဓါတ္။
ေဇာ္ထက္ကေတာ့ ျပင္ပေရေရာ၊ ၿမိဳခ်ခဲ့တဲ့အရည္တို႔ေၾကာင့္ေရာ မူးၿပဲလဲေနေလၿပီ။ မလုံၿခဳံရျခင္းမ်ားက အခုအခ်ိန္ခဏ မိုးေရစက္ေတြထဲေပ်ာ္ဝင္စီးဆင္းေနၾကသလိုလို။ အခုခ်ိန္ တစ္ခဏ အေႏြးဓါတ္ေနာက္ ေကာက္ေကာက္ပါေအာင္လိုက္ေနတဲ့ ကြၽန္ေတာ့္စိတ္ေတြက ဘာကိုမွမေတြးျဖစ္။
***********************************************
"အစ္ကို တိုက္ေအာက္ ခဏေလာက္ ဆင္းခဲ့ပါလား" တဲ့။
နာရီၾကည့္ေတာ့ ၁၁ နာရီ ၁၀မိနစ္။ မဖ်က္သိမ္းရေသးတဲ့နံပါတ္ကဝင္လာတဲ့ဖုန္းေခၚဆိုမႈကို လက္ခံဖို႔ ကြၽန္ေတာ္ေတြေဝေနခဲ့မိသည္။ ေလလႈိင္းရဲ႕ frequency ေတြက အသံကိုပိုၾသေစတတ္သလား။ တိုက္ေအာက္ေရာက္ဖို႔နီးလာေလ ႏွာဖ်ားကိုတိုးဝင္ေနတဲ့ ေမႊးရနံ႔တစ္ခုက ပိုမိုစူးရွလာေလ။ ေလွကားထစ္အထပ္ေတြကို ေက်ာ္နင္းရင္း ကြၽန္ေတာ့္ႏႈတ္ခမ္းစြန္းေတြ လႈပ္ရွားခ်င္မႈကို ထိန္းသိမ္းမထားႏိုင္ေတာ့။
ပိေတာက္ေတြ...။ အ႐ြက္စိမ္းစိမ္းဖားဖားေတြၾကားက ဝါဝင္းေမႊးေနတဲ့ပိေတာက္ပန္းတို႔က တိုက္ေအာက္တစ္ထပ္လုံးကို လႊမ္းၿခဳံထား၏။
"အစ္ကို ႀကိဳက္တယ္မလား"
ကြၽန္ေတာ့္ႏႈတ္ခမ္းေတြကိုၾကည့္ၿပီး သူရယ္သည္။ သြားစြယ္ခြၽန္ခြၽန္ႏွစ္ဖက္ ညမီးေရာင္ေအာက္ လင္းလက္သြားတာျမင္မွ ကြၽန္ေတာ့္အၿပဳံးေတြကို အလ်င္အျမန္ထိန္းသိမ္းရေတာ့သည္။ သူ႔လက္ထဲက ကြၽန္ေတာ့္လက္ထဲလႊဲေျပာင္းခံရတဲ့ ပိေတာက္ပြင့္ရနံ႔တို႔က ကြၽန္ေတာ့္တစ္ကိုယ္လုံးကို ရစ္ပတ္ေႏွာင္ဖြဲ႕သြားသည္။
"ဘယ္ကဝယ္လာတာလဲ။ ဒီအခ်ိန္ႀကီး"
"အာ... မဝယ္ပါဘူး။ အိမ္ရာဝင္းေရွ႕က အပင္ကေနခူးလာတာ"
"ဘယ္သူခူးတာ?"
"ကြၽန္ေတာ္ေလ"
ညေနခင္း အိမ္အျပန္လမ္းတုန္းကလို ေရစိုေနတဲ့မ်က္ႏွာတည္နဲ႔မဟုတ္ေတာ့ဘဲ အခုေတာ့ သူနဲ႔ကြၽန္ေတာ္ၾကား ဘာမွမရွိခဲ့သလိုမ်ိဳး။ ညေလေတြသယ္လာတဲ့ ပိေတာက္ပန္းရနံ႔က မိုးေရေတြတင္က်န္ခဲ့တဲ့ေျမသားနံ႔နဲ႔ ေရာေပါင္းသင္းပ်ံ႕ေနသည္။ အိမ္ရာဝင္းထိပ္နားက အုတ္ခုံေပၚထိုင္ရင္း လက္ထဲမွာ ပိေတာက္ခက္ေတြကိုင္ထားရင္းပဲ ပိေတာက္ပင္ကိုလည္း လွမ္းၾကည့္မိလိုက္သည္။
"ညဘက္ႀကီး အပင္ေပၚတက္တာ ျပဳတ္က်မယ္။ ေနာက္မတက္နဲ႔"
"မနက္က ကားေပၚတက္တည္းက အစ္ကိုေမာ့ၾကည့္ေနတာျမင္လို႔ အဲ့အခ်ိန္တည္းက ခူးေပးခ်င္တာ။ ပိေတာက္က ဒီလိုညပိုင္းခူးၿပီး ေရစိမ္ထား။ မနက္က် ဘုရားပန္းကပ္ရင္ သိပ္လွတယ္။ ကြၽန္ေတာ္ခူးေတာ့ လုံၿခဳံေရးက်တဲ့ အဘကလည္းလိုခ်င္တယ္ဆိုတာနဲ႔ေပးလိုက္ေသးတယ္"
လမင္းကလည္း ပိေတာက္ကိုႏွစ္သက္ပုံနဲ႔ မိုးတိမ္ကင္းစင္တဲ့ေကာင္းကင္ယံကေန ေျမျပင္ကို လွမ္းေမွ်ာ္ၾကည့္ေန၏။ သစ္႐ြက္ေတြၾကား တိုးတိုက္သြား႐ုံေလျပည္ထဲ လက္က်န္မိုးစက္မႈန္အႂကြင္းအက်န္တို႔ေၾကာင့္ အေအးဓါတ္ပါးပါးလႊမ္းၿခဳံထားေသးသည္။ ကြၽန္ေတာ့္လက္ထဲက ပိေတာက္ကိုင္းဖ်ားတစ္ခက္ကိုခ်ိဳးယူၿပီး တီရွပ္အိတ္ကပ္ထဲ ထိုးေပးလာတာ ႐ုတ္တရတ္။
"အဲ့လိုအိတ္ကပ္ထဲထည့္ရင္ ၾကည့္ေကာင္းတယ္"
ကြၽန္ေတာ့္ဘက္လွည့္ၿပဳံးျပၿပီး ေငးၾကည့္ေနတာကို ကြၽန္ေတာ္လည္းမ်က္ႏွာမလႊဲမိ။
"ကတိေပးတယ္။ ကတိေပးမွ အစ္ကို႔စိတ္လုံၿခဳံရမယ္ဆိုရင္ ကြၽန္ေတာ္ အဲ့ေန႔ကကိစၥကို ဘယ္တုန္းကမွ မသိခဲ့သလို၊ မရွိခဲ့သလိုပဲ ေမ့ပစ္လိုက္မယ္။ အစ္ကို စိတ္ဆိုးေျပမလား"
"မင္း ကိုယ့္ကိုမ႐ြံဘူးလား၊ စိတ္မပ်က္ဘူးလား ဇာမဏိ"
ဆင္ၾကယ္ၾကက္ေပါင္စိမ္းဖိနပ္ထိပ္ဦးကိုေငးရင္း ကြၽန္ေတာ္ေမးမိသည္။
"ကြၽန္ေတာ္ ဥာဏ္မေကာင္းဘူး အစ္ကို။ အဲ့ေလာက္ေတြထိ ကြၽန္ေတာ္ မေတြးႏိုင္ဘူး။ ကြၽန္ေတာ္သိတာ အစ္ကိုက ဒီအတိုင္း Dental က ရပ္ဝန္းေနေသာ္။ ညီမေလး ဘရဏီေနေသာ္ကို အရမ္းခ်စ္ၿပီး ဂ႐ုစိုက္တဲ့ အစ္ကို။ မိသားစုတစ္စုက သားအႀကီးဆုံးအစ္ကို၊ ကြၽန္ေတာ္က ရန္ကုန္ကို အစ္ကို႔ေၾကာင့္ ေနသားအက်ျမန္တာ။ အစ္ကိုစိတ္ဆိုးေနေတာ့ ရန္ကုန္က ကြၽန္ေတာ့္ကိုႏွင္ထုတ္ေနသလိုပဲ။ အိပ္မေပ်ာ္ဘူး"
ကြၽန္ေတာ့္အိပ္ပ်က္ညေတြက သူ႔အိပ္ပ်က္ညေတြလည္း ျဖစ္ခဲ့တာေပါ့။ လကိုေငးရင္း ပိေတာက္ကိုေငးရင္း ေဘးခ်င္းယွဥ္လို႔ထိုင္ေနျဖစ္တဲ့ သူ႔ဆီက သက္ျပင္းခ်သံကိုလည္း ၾကားရသည္။
"ကိုယ္ မင္းကိုယုံလို႔ရမယ္မလား ဇာမဏိ"
အထူးတလည္ၾကည္လင္ေနတဲ့ခံစားခ်က္နဲ႔ ကြၽန္ေတာ္ သူ႔ကိုေငးၾကည့္မိသည္။ သူ႔ပုခုံးေတြက ဝန္ထုပ္ဝန္ပိုးကို လႊတ္ခ်လိုက္သူလို ေပါ့ပါးလြတ္လပ္ေန၏။ အုတ္ခုံေပၚ ထိုင္ေနရာမွ ဆင္းရင္း သူေရာကြၽန္ေတာ္ပါ မ်က္ႏွာခ်င္းဆိုင္ ေျခစုံရပ္မိၾကသည္။
"အၿမဲတမ္းေပါ့ အစ္ကို"
လမင္းကိုတိုင္တည္တဲ့ ကတိစကားေတြက သံသရာဆုံးသည္အထိ တည္တတ္ေၾကာင္း...
######################################
June 28.2021.(Monday)
**********************************************