Unicode
ဝက်အသည်းနဲ့တရုတ်နံနံ
_________________
အစားကောင်းတွေရဲ့သွေးဆောင်ဖျားယောင်းမှုကို ရက်အတော်ကြာအောင် တစ်ဆက်တည်းခံရပြီးနောက်မှာတော့ ရှန်ဖူ့ရဲ့အစားကောင်းကြိုက်စိတ်လေး ပလုံသွားချေပြီ။ နေ့တိုင်း အစားကောင်းတွေစားနေရတာ ကောင်းပါတယ်၊ ဒါပေမယ့် နေ့တိုင်းပြည့်အင့်နေအောင်စားရမယ်? အဲ့လောက်အများကြီး မစားနိုင်ဘူးလေ။
တော်သေးတာက လင်ရှုယီရဲ့စမ်းသပ်မှုတွေ ပြီးသွားပြီမို့ နောက်ဆုံးတော့ သူ ရပ်လိုက်လို့ရချေပြီ။ ဟင်းလျာစာရင်းက အတည်ဖြစ်တော့မည်ဖြစ်ကာ အခု သူတို့လုပ်ရမှာက ဟင်းလျာတွေကို အရသာရှိမယ့်ဟင်းပွဲပုံစံ အလှဆင်ဖို့သာဖြစ်သည်။
ဤသို့ဖြင့် ရှီချင်စားသောက်ဆိုင်ရဲ့ ဒုတိယအကြိမ်ဖွင့်ပွဲက နီးကပ်လာခဲ့၏။ ဆိုင်က အရင်ကရှီချင်စားသောက်ဆိုင်ဖြစ်နေသေးသော်လည်း အားလုံးကတော့ ပြောင်းလဲသွားပြီဖြစ်၏။ အဖိုးအိုယန်ရဲ့ရည်ရွယ်ချက်က နာမည်ထွက်အောင် ဖွင့်ပွဲအကြီးကြီးလုပ်ဖို့နဲ့ အရင်က ခေါက်ဆွဲဆိုင်သေးသေးလေး မရှိတော့ဘူးဆိုတာ လူတိုင်းသိအောင်လုပ်ဖို့ဖြစ်သည်။
ခေါက်ဆွဲဆိုင်အကြောင်းပြောကာမှ ဒီလထဲမှာ ဒါမှမဟုတ် ရှီချင်စားသောက်ဆိုင်ကို ပြန်ပြင်ဆင်နေဆဲမှာပင် ခေါက်ဆွဲစားဖို့အတွက်မျှော်လင့်လျက် ရောက်လာခဲ့ကြသည့်ဖောက်သည်များမှာ အဆုံးမရှိခဲ့ချေ။ တချို့က အရင်က ပုံမှန်ဖောက်သည်များဖြစ်လျက် တချို့ကတော့ စားသောက်ဆိုင်အကြောင်းကြားကာ ကပ်ပါလာကြခြင်းဖြစ်လေ၏။
ရှီချင်စားသောက်ဆိုင်ကို ပြန်ပြင်ဆင်နေဆဲဖြစ်တာကိုမြင်လိုက်ရတာက သူတို့အားလုံးကို စိတ်ပျက်သွားစေသည်။ သို့သော်ငြား ဟင်းလျာစာရင်းကို တိုးချဲ့ပြင်ဆင်နေပေမယ့် သူတို့ ခေါက်ဆွဲကြိုက်ရင် ခေါက်ဆွဲလည်း ဆက်ရောင်းမှာဖြစ်တဲ့အကြောင်း အဖိုးအိုယန်က သူတို့ကိုပြောခဲ့သည်။ လင်ရှုယီလည်း ထိုသို့ပင်ဆုံးဖြတ်ထား၏။
ထို့အတွက် သူတို့ထဲကအတော်များများက ဒုတိယအကြိမ်ဖွင့်ပွဲမှာ သေချာပေါက်လာခဲ့ပါမည့်အကြောင်း ပြောကြားခဲ့ကြ၏။
ဒုတိယအကြိမ်ဖွင့်ပွဲနေ့က နိုဝင်ဘာနှစ်ဆယ့်တစ်ရက်နေ့ဖြစ်ပြီး ယနေ့မှစရေလျှင် ရက်အနည်းငယ်သာလိုတော့သော်ငြား လူတိုင်းကတော့ လင်ရှုယီကို ဖြစ်နိုင်သမျှမြန်မြန် ကြေညာချက်ထုတ်သင့်ကြောင်းပြောနေကြ၏။
ဒါပေါ့၊ သတင်းပြန့်ဖို့အမြန်ဆုံးနည်းဖြစ်တဲ့ ဝေ့ပေါ်ကိုသုံးပြီးတော့လေ။
ကံမကောင်းချင်တော့...လင်ရှုယီမှာ ဝေ့ပေါ်ရှိမနေခဲ့။
လောလောဆယ်မှာ သူက သူ့ဖုန်းကို ဖုန်းခေါ်ဖို့အတွက်နဲ့ဂိမ်းဆော့ဖို့အတွက်သာ သုံးနေခြင်းဖြစ်၏။ သူ့ဂိမ်းတွေကလည်း Anipopလို အရိုးရှင်းဆုံးဂိမ်းတွေသာ။ ဝေ့ပေါ်မပြောနှင့်၊ သူ့တွင် QQပင်မရှိပါလေ။
ရှောင်ဝမ်က သူ့ကိုယ်သူစာရင်းပေးဖို့ ရဲရဲဝံ့ဝံ့ပင်လက်ထောင်၏။
"ညီမမှာ ဝေ့ပေါ်အကောင့်ရှိတယ်၊ ညီမတာဝန်ထားလိုက်။ ဒါပေမယ့် အစ်ကိုရှောင်ယီ၊ ညီမကို အစ်ကို့ဖုန်း ခဏလောက်ပေး။"
လင်ရှုယီက သူမ သူ့ဖုန်းနဲ့ဘာလုပ်ချင်နေတာလဲဆိုတာကို ရှုပ်ထွေးနေရင်း ဖုန်းကိုထုတ်၏။
ရှောင်ဝမ်က ဖုန်းကို ပျော်ပျော်ကြီးယူကာ လျှောက်ကြည့်လိုက်သည်။ ကိုယ်ရေးကိုယ်တာနဲ့ လုံခြုံရေးလိုတခြားဟာတွေမဆိုထားနှင့်၊ လင်ရှုယီက ဖုန်းကို lockပင်ချမထား။ မင်းလုပ်ချင်တာ ဘာမဆိုလုပ်နိုင်သည်။ သို့သော်ငြား သူဖုန်းက အသုံးဝင်လောက်မယ့်အချက်အလက်လေး နည်းနည်းသိမ်းထားရုံကလွဲပြီး အများစုက အလွတ်ကြီးသာ။ ရှောင်ဝမ်က အများရှေ့မှာချပြလို့ရနိုင်လောက်မည့်ဓာတ်ပုံလေးရဖို့မျှော်လင့်လျက် ဓာတ်ပုံဆိုတဲ့အထဲဝင်လိုက်သော်လည်း အထဲမှာရှိနေတဲ့ (၁၀)ပုံဆိုတာက သူမရဲ့နှလုံးသားလေးကို ချုံးချုံးကျသွားစေ၏။ သူ့ဖုန်းထဲက ဒီဓာတ်ပုံဆယ်ပုံထဲမှာ သုံးလို့ရနိုင်တဲ့ပုံတစ်ပုံမှရှိမယ့်ပုံမပေါ်ချေ။
လင်ရှုယီက ငုံ့ကြည့်လာသည်။
"ဒီဖုန်းနဲ့ ဘာလုပ်ချင်လို့လဲ?"
ရှောင်ဝမ်က သက်ပြင်းချသည်။
"အရင်တစ်ခေါက်က ဆိုင်ရှေ့ကအစ်ကို့ပုံကို တင်တဲ့ကောင်မလေးတစ်ယောက်ရှိတယ်မလား? အဲ့ပုံက တုန့်ပြန်မှုတော်တော်လေးရလိုက်တယ်လေ။ ညီမက သူ့ကိုအတုခိုးချင်တာ၊ ဒါပေမယ့် အစ်ကို့ဖုန်းထဲမှာ အစ်ကို့ပုံလည်းတစ်ပုံမှမရှိဘူး။ အစ်ကို ဆယ်လ်ဖီမရိုက်ဘူးလား?"
လင်ရှုယီက အူကြောင်ကြောင်ပြန်ကြည့်လေ၏။
သူ့ကြည့်ရတာ ဆယ်လ်ဖီဆိုတာ ဘာမှန်းတောင်သိသည့်ပုံမပေါ်ချေ။
"အခု တစ်ပုံရိုက်ရင်ရော?"
သို့သော်လည်း လင်ရှုယီက ခေါင်းခါ၏။
"ကိစ္စမရှိဘူး။"
အဲ့ဝေ့ပေါ်ပို့စ်ကို ရှောင်ဝမ် သူ့ကို အရင်ကပြဖူးတယ်၊ အဲ့ပို့စ်အောက်မှာ မှတ်ချက်တွေမျိုးစုံပဲ။ သူတို့နာမည်ထွက်လာဖို့ သူ ဒီလိုနည်းလမ်းမျိုးမသုံးချင်ပါ။ ရှီချင်စားသောက်ဆိုင်ကို ကျော်ကြားစေချင်ရင် သူတို့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ကျော်ကြားတာသာဖြစ်သင့်ပြီး မျက်နှာနဲ့ကျော်ကြားတာမဖြစ်သင့်။
ဘေးနားကရှန်ဖူကတော့ မျက်လုံးလှန်ရင်း တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားနေ၏။
"အရင်နှစ်ရက်တုန်းက ကိုယ် မင်းဖုန်းနဲ့ရိုက်ခဲ့တဲ့ပုံတွေဆိုရင်ရော?"
သူက ရှောင်ဝမ့်လက်ထဲရှိဖုန်းကို လက်ညှိုးထိုး၏။ အဲ့မှာပဲဖြစ်လိမ့်မယ်။ အဲ့ဆယ်ပုံလုံးကို ရှန်ဖူရိုက်ခဲ့တာဖြစ်သည်။ သူသာမရိုက်လျှင် တစ်ပုံမှရှိနေမည်မဟုတ်ပါချေ။
ရှန်ဖူက ဖုန်းတောင်းလာတာကိုမြင်သည်၌ ရှောင်ဝမ်က သူမကိုင်ထားတဲ့လင်ရှုယီဖုန်းကို လှမ်းပေးလိုက်၏။ ဓာတ်ပုံတွေကိုရှာလိုက်ပြီးနောက် ရှန်ဖူက ပုံတွေကို တစ်ချက်တို့ကာ ဖုန်းကို သူတို့နှစ်ယောက်ကြားချလိုက်ပြီး လင်ရှုယီနဲ့ရှောင်ဝမ့်ကိုပြ၏။
"မင်းပုံတွေအစား ဒီပုံတွေသုံးကြတာပေါ့။"
ရှောင်ဝမ်က သိချင်စိတ်ပြင်းပြစွာကြည့်လိုက်ပြီး ဟင်းပွဲတစ်ပွဲပုံဖြစ်နေတာကို တွေ့လိုက်ရ၏။ အဖျားမှာ အတွန့်အတွန့်လေးတွေနဲ့အလှဆင်ထားတဲ့ ရှေးခေတ်စတိုင်ပန်းကန်ထက်မှာ သွားရည်ယိုချင်စရာဟင်းပွဲတစ်ပွဲရှိနေသည်။
ရှောင်ဝမ့်ခမျာ မြင်ရုံနှင့်ပင်သွားရည်ယိုနေတာမရပ်နိုင်တော့။
"အစ်ကိုရှောင်ယီ၊ အစ်ကို ဒီဟင်းကို ဘယ်တုန်းကချက်တာလဲ? ဘာလို့ ညီမကို ဒီအကြောင်းမပြောတာတုန်း?!"
လင်ရှုယီက ရယ်သည်။
"ဒီဟင်းက အစ်ကိုတို့ ဇွန်းခက်ရင်းတွေသွားဝယ်တဲ့နေ့ကချက်တာ။ အဲ့နေ့တုန်းက မင်း ကျောင်းမှာမလား?"
ရှောင်ဝမ်တစ်ယောက် ကြေကွဲစွာဖြင့်ခေါင်းငိုက်စိုက်ကျသွား၏။ နှစ်စက္ကန့်အကြာတွင်တော့ သူမကို ဟင်းပွဲကိုကြည့်ကာ သွားရည်ဆက်ကျနေတော့သည်။
"အစ်ကိုချက်ထားတဲ့ဒီဟင်းကဘာလဲ?"
ဟင်းပွဲထဲမှာ အနီနဲ့အစိမ်းလေးတွေရှိနေပြီး ပုံထဲကနေတောင် အနံ့နဲ့အရသာကို ရနိုင်တော့မလိုပင်။
ရှန်ဖူက သဘောတကျပြုံးရယ်ရင်း ရှောင်ဝမ့်ကိုစ၏။
"ကြာညို့နဲ့လုပ်ထားတဲ့ဝက်အသည်းနဲ့တရုတ်နံနံလေ။ တရုတ်နံနံက ကျွတ်ပြီးလတ်ဆတ်တယ်၊ ဝက်အသည်းက နူးညံ့ပြီးမွှေးတယ်။ အဲ့နေ့တုန်းက သူ ထမင်းတောင်ပေါင်းပြီး မင်းအဖွားနဲ့အဖိုးယန်ကိုတောင် အတူတူစားဖို့ဖိတ်လိုက်သေးတယ်။ အရသာရှိတယ်ကွ။"
ရှောင်ဝမ်ကား သွားရည်တွေပိုကျလာရင်း ရှန်ဖူ့ကို ရန်လိုစွာကြည့်၏။
ရှန်ဖူက အားရပါးရရယ်လေတော့သည်။
ဓာတ်ပုံတွေကိုဆက်ကြည့်နေတာက နှိပ်စက်တာမှန်းသာသိသော်လည်း ရှောင်ဝမ်က ကျန်တဲ့ပုံတွေကိုပါ လိုက်ကြည့်ရင်း တစ်ချိန်လုံးသွားရည်ကျနေတော့၏။ ထင်တဲ့အတိုင်း ဒါတွေအားလုံးက လင်ရှုယီချက်ထားတာတွေသာ။ ဓာတ်ပုံနှစ်ပုံကတော့ အလျင်စလိုရိုက်ထားပုံရပြီး လင်ရှုယီရဲ့လက်က ပန်းကန်အစွန်းကို ကိုင်ထားဆဲဖြစ်၏။ သူ့ရဲ့ ဖြူဖျော့ပြီးနူးညံ့တဲ့လက်လေးက ဟင်းပွဲရဲ့အလှကို ထပ်ဖြည့်ပေးနေသည်။
ရှောင်ဝမ်က မျက်လုံးလေးလှန်ရင်းစဉ်းစားနေကာ အကြံတစ်ခုရသွား၏။
"ဟုတ်ပြီ၊ ဒီပုံတွေအကုန်လုံး ညီမဖုန်းထဲပို့လိုက်မယ်။"
လင်ရှုယီက စိတ်ထဲမထားဘဲခေါင်းငြိမ့်လိုက်၏။ ဘယ်လိုပို့ရတယ်ဆိုတာ သူ မသိတာမို့ ရှောင်ဝမ်မှာ သူမဘာသာပဲလုပ်ရတော့သည်။ ရှောင်ဝမ်က ပုံတွေကို သူမဖုန်းထဲပို့ရင်း တီးတိုးရေရွတ်၏။
"ညီမတို့ ဆိုင်ရှေ့ပိုင်းပုံလည်းလိုသေးတယ်။"
ထို့အတွက် သူမက ဓာတ်ပုံရိုက်ဖို့ အပြင်ကို အလောသုံးဆယ်ထွက်သွား၏။
အဲ့ညမှာ ရှောင်ဝမ်က သူမရဲ့ဝေ့ပေါ်အကောင့်ကိုသွားကာ စာတိုလေးတစ်စောင်နဲ့အတူ ပုံတွေ တစ်ပုံပြီးတစ်ပုံတင်လေ၏။
"ပုံတွေကြည့်ရုံနဲ့တင် ငါသွားရည်ယိုနေပြီ! အဲ့နေ့က ငါ ကျောင်းရောက်နေတာ ဆိုးလိုက်တာ!! ဖွင့်ပွဲက တနင်္ဂနွေဖြစ်နေလို့တော်သေးတယ်! ဟားဟားဟား! ငါ့ကို ကောင်းကင်ကြီးကိုမော့ကြည့်ပြီးပျော်ပျော်ကြီးရယ်ခွင့်ပေးစမ်းပါ။"
ထို့နောက်တွင်တော့ သူမက အရင်က ရှီချင်စားသောက်ဆိုင်ကိုရောက်ဖူးသည့် ကျောင်းကသူငယ်ချင်းတစ်ချို့ကို mentionလိုက်သည်မို့ ချက်ချင်းပင် မှတ်ချက်တချို့ရလာတော့သည်။
[နင်တို့တွေ ပြန်ပြင်ထားတာလား? အရမ်းလှတယ်ရော! ဟိုအစ်ကိုချောချောလေးနှစ်ယောက်ရောရှိသေးလား? သူက ဒီဟင်းတွေချက်တဲ့လူလို့တော့ ငါ့ကိုလာမပြောနဲ့နော်!! မေး : သူ့မှာ ကောင်မလေးရှိလား? အရမ်းစားနိုင်တဲ့ ရင်သားကြီးကြီးနဲ့လှလှပပရည်းစားလေးလိုလား?]
[အကျိုးနည်း!! လှလိုက်တဲ့လက်ဟယ်! *ဖုန်းမျက်နှာပြင်ကိုလျက်* သူက ဟိုချစ်စရာကောင်းတဲ့ကောင်လေးမလား? ငါ သူ့ကိုမှတ်မိတယ်!! နောက်တစ်ယောက်ရော? သူက ဘယ်လိုလုပ်ပုံထဲမပါရတာလဲ? ပြီးတော့ ဒီဟင်းတွေ!! ငါလေးက အခု အသင့်စားခေါက်ဆွဲစားနေရတယ်!! ဆိုးလိုက်တာ!! ရုတ်တရက်ကြီး ခေါက်ဆွဲဆက်စားဖို့ အရမ်းခက်ခဲလာတယ်!!]
[ငါသွားချင်တယ်! ဖွင့်ပွဲကဘယ်အချိန်လဲ ငါ့ကိုပြောဦး! ငါတော့ ဒီလရတဲ့မုန့်ဖိုးတွေအကုန်ပြင်ထားပြီ!]
[ချစ်စရာကောင်လေးကို ကြည့်ချင်တဲ့နောက်တစ်ယောက်၊ ဒါပေမယ့် ပုံကောင်းကောင်းလေးလည်းမရှိဘူး၊ ဝမ်းနည်းလိုက်တာ!]
[ရှီချင်စားသောက်ဆိုင်!! နောက်ဆုံးတော့ ဖွင့်တော့မှာပဲ! ငါ အကြာကြီးစောင့်နေခဲ့ရတာ!]
အဆုံးတွင်တော့ သူတို့မသိတဲ့လူတွေကတောင် မှတ်ချက်လာရေးကြလေ၏။
[ဒီဟင်းတွေက မိုက်လိုက်တာ။ အဲ့လက်ကလည်း အရမ်းလှတာပဲ။ သူက ချစ်စရာကောင်းမယ်ဆိုတာ ငါလောင်းတယ်။]
[လှလိုက်တဲ့လက်လေး၊ ပြီးတော့ ဟင်းချက်လည်းအရမ်းကောင်းသေးတယ်။ ငါ့ကိုလက်ထပ်ပါတော့!!]
[repostလုပ်ကိုလုပ်ရမယ့်ဟာပဲ။ သူ တိုးတက်အောင်မလုပ်နိုင်ရင် မကောင်းဘူးဆိုတာ ငါ့ကောင်လေးကိုပြရမယ်!]
[ကျေးဇူးပြုပြီး ငါလေးကို နေရာနဲ့အချိန်လေးပြောပြပါ၊ ချစ်စရာကောင်းတဲ့ကောင်လေးတွေကိုကြည့်ဖို့ နင်တို့ ငါ့ကိုစိတ်ချထားလို့ရတယ်! နေရာနဲ့အချိန်လေးပေးသနားပါ ဘလော့ဂ်ပိုင်ရှင်ရေ!]
[ရှီချင်စားသောက်ဆိုင်လား? ရင်းနှီးနေသလိုပဲရော်...]
...စသည်၊ စသည်ဖြင့်...။
ဒီပို့စ်မှာ တုန့်ပြန်မှုတွေအများကြီးရလိမ့်မယ်လို့ ရှောင်ဝမ်မျှော်လင့်ထားခဲ့တာဖြစ်သော်လည်း ဒီလောက်များလိမ့်မယ်လို့ မထင်ထားချေ။ repostတွေ တစ်သောင်းကျော်သွားဖို့ အချိန်သိပ်မကြာလိုက်ဘဲ လူအတော်များများကလည်း အချိန်နဲ့နေရာကိုလာမေးကြသည်။ သူတို့ထဲကအများစုက မိန်းကလေးတွေဖြစ်သော်ငြား အစားအသောက်ကိုတကယ်စိတ်ဝင်စားတဲ့လူက အတော်နည်းသည်။ ပို့စ်က ဝေ့ပေါ်မှာ အလျင်အမြန်ပင်လူကြိုက်များလာတော့သည်။
ထင်တဲ့အတိုင်း ဒီနေ့ခေတ်ကမ္ဘာကြီးြ အစားချစ်သူတွေနဲ့ အလှကြိုက်သူတွေ အုပ်စိုးခြင်းခံထားရလေ၏။
မကြာခင်မှာပဲ ချောင်ယန်လမ်းအနီးနားကလူတွေက ဆိုင်မဖွင့်သေးပေမယ့် စူးစမ်းဖို့ ရောက်လာကြတော့သည်။ လင်ရှုယီနဲ့ရှန်ဖူတို့ကိုတွေ့လိုက်ရသူမှာ မအံ့ဩဘဲမနေနိုင်တော့ဘဲ တိတ်တိတ်လေးခိုးရိုက်ထားတဲ့သူတို့ပုံကို ဝေ့ပေါ်မှာမျှဝေလိုက်တော့၏။
ပုံက စကားပြောနေပုံရတဲ့ သူတို့နှစ်ယောက်ရဲ့ ဘေးတိုက်ပုံဖြစ်သည်။ ရှန်ဖူက လက်တစ်ဖက်နဲ့ လင်ရှုယီရဲ့ဆံပင်တွေကိုဖွနေပြီး မျက်လုံးလေးများက ရွှင်မြူးမှုတို့ဖြင့်ကွေးညွတ်နေကာ ပြုံးနေခဲ့၏။ မြင်ကွင်းတစ်ခုလုံးက ခဏချင်းမှာပင် သောက်ရမ်းဂေးဆန်သွားတော့သည်။
ဤသို့ဖြင့် ပိုများတဲ့လူတွေက ရှောင်ဝမ့်ရဲ့ဝေ့ပေါ်ပို့စ်လင့်ခ်ကိုပါပေါင်းထည့်လျက် repostပြန်လုပ်ကြတော့၏။ အဆုံးတွင်တော့ ဒါက လင်ရှုယီနဲ့စိတ်ကူးနဲ့သွေဖည်နေဆဲဖြစ်လျက် ပိုပိုပြီးတော့ပင်လမ်းလွဲလာတော့သည်။
ထိုသည်မှာ လူတစ်ယောက်က ဤသို့ပြောလိုက်ခြင်းဖြင့်အဆုံးသတ်သွားတော့သည်။
[နိုဝင်ဘာနှစ်ဆယ့်တစ်ရက်နေ့မှာလုပ်မယ့်ဖွင့်ပွဲအခမ်းအနားတဲ့!! စားဖိုမှူးလေးက အရမ်းချစ်ဖို့ကောင်းတယ်!! ပြီးတော့ အရမ်းချစ်တတ်တဲ့ကုန်(攻 - gong)ကိုလည်းရထားသေးတယ်!! သွားကိုသွားရမယ်!!!]
ရှောင်ဝမ်က ဝေ့ပေါ်မှာပို့စ်တင်ပြီး ကျောင်းကိုသွားလိုက်သည်မို့ အရှိန်အဟုန်ပြင်းလာမှုကို လွဲချော်သွားလေ၏။ တစ်ဖက်က ရှန်ဖူနဲ့လင်ရှုယီမှာလည်း ဝေ့ပေါ်ကိုသွားခဲသည်ဖြစ်ရာ အကုန်လုံးဖြစ်ပျက်သွားပြီးရက်နည်းနည်းကြာတော့မှသာ ရှန်ဖူ သူ့အဖိုးဆီက ဖုန်းခေါ်ဆိုမှုကိုလက်ခံလိုက်ရပြီး ထိုသတင်းကို သိရတော့၏။
သူ ဖုန်းကိုင်လိုက်သည်နှင့် အငေါက်ခံရတော့သည်။
"ငါတို့နဲ့တွေ့ဖို့ သူ့ကိုခေါ်လာလို့ ငါ မင်းကိုမပြောခဲ့ဘူးလား? မင်းတို့နှစ်ယောက်က ပြန်မလာဘဲ ဘာတွေလုပ်နေကြတာတုန်း?! ပြီးတော့ အဲ့လိုတွေလုပ်နေလို့ အခု လူတိုင်းသိကုန်ကြပြီကွ! ကိစ္စတွေမကြီးအောင် မင်း ငြိမ်ငြိမ်လေးမနေနိုင်ဘူးလား?!"
သူတို့အတူနေလို့ရတယ်လို့ သူ သဘောတူခဲ့ပေမယ့် သူ့အတွက် ဒါက ဂုဏ်ယူစရာဟုတ်မနေဘူး။ မသိမဖြစ်တဲ့လူတွေကလွဲပြီး သိတဲ့လူနည်းလေပိုကောင်းလေပဲ။ ဒါတောင် ဒီနှစ်ယောက်က လူတိုင်းကိုသွားကြေညာလိုက်သေး၊ အခု လူတိုင်းသိကုန်ပြီ။ သူတို့ရဲ့သန့်ရှင်းရေးအလုပ်သမားရဲ့သမီးက ဒီအကြောင်းကို ဖုန်းပြောရင်းအတင်းတုပ်နေတာသာ သူမကြားလိုက်ရင် ဘယ်လောက်တောင်သတင်းပြန့်သွားမယ်ဆိုတာ ဘယ်သူသိမှာလဲ?
သခင်ကြီးရှန်မှာ ဒေါသတို့ဖြင့် ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေချေပြီ။
သို့တိုင် ရှန်ဖူသည်တော့ အင်မတန်မှပင်ရှုပ်ထွေးသွားရှာ၏။
အဖိုးရှန်က ဘာတွေစိတ်တိုနေတာလဲ?
"လူတိုင်းဘာသိသွားလို့လဲ?"
သခင်ကြီးရှန်မှာ သူတော့ ဒေါသထွက်ရလွန်းသဖြင့် အချိန်မရွေး heart attackရသွားနိုင်သည်ဟု ခံစားလိုက်မိရ၏။ ရှန်ဖူက ရူးချင်ယောင်ဆောင်နေတာလို့ သူတွေးလိုက်မိတာမို့ သူက ပိုလို့ပင်အသံကိုမြှင့်လိုက်တော့သည်။
"ရှီချင်စားသောက်ဆိုင်ဆိုတာကို သွားရှာကြည့်လိုက်! အဲ့ဒါက trendingဖြစ်နေတာကိုတောင် မင်းက ရူးချင်ယောင်လာဆောင်နေသေး..."
ရှန်ဖူက မျက်လုံးများကိုမှေးကျဉ်းလိုက်ရင်း နားထဲ လက်ညှိုးထည့်လျက် သူ့အဖိုးအော်ပြောနေတာကို ကြားဖြတ်ပြောလိုက်တော့သည်။
"ခဏနေပါဦးဗျာ၊ ကျွန်တော့်ကို တစ်ချက်လောက်သွားကြည့်ခွင့်ပေးပါဦး..."
ထို့နောက် သူ ဖုန်းချလိုက်သည်။
သခင်ကြီးရှန်မှာ စိုးရိမ်ရလွန်း၍ heart attackရပေတော့မည်။
ရှန်ဖူက သူ့ဖုန်းထဲက browserကို အလျင်အမြန်ဖွင့်ကာ ရှီချင်စားသောက်ဆိုင်ကိုရှာလိုက်၏။ အံ့ဩစရာမရှိစွာပင် သူ ထိုးနှက်ချက်ပေါင်းများစွာနှင့်ကြုံရတော့သည်။
#ချစ်စရာအကောင်းဆုံးစားဖိုမှူးနဲ့သူ့ရဲ့ကုန်
#ရှီချင်စားသောက်ဆိုင်ကဘယ်မှာလဲ
#ဒါကိုစစ်ဆေးဖို့ငါ့တာဝန်ထားလိုက်
##သိတဲ့လူများဒီနှစ်ယောက်ရဲ့နောက်ခံကိုအလင်းပြ#
တွဲပါနေသည်များက ရှောင်ဝမ်တင်ထားတဲ့ပုံတွေဖြစ်သော်ငြား အထင်ရှားဆုံးကတော့ ခိုးရိုက်ထားတဲ့လျှပ်တစ်ပြက်ဓာတ်ပုံပါပေ။
ရှန်ဖူ : ...
ဘယ်သောက်ရူးကောင်လုပ်တာလဲ?!
သိပ်မကြာခင်မှာပင် ချန်ဖန်းသည်လည်း ဖုန်းခေါ်လာ၏။
"ဒီPDAအတွက်တော့ ငါ မင်းကို အမှတ်တစ်ရာပေးတယ်ကွာ၊ ဒါပေမယ့် မင်း ဘယ်လိုလုပ်ပြီးထင်ထင်ပေါ်ပေါ်နဲ့လူသိရှင်ကြားထုတ်ပြလိုက်ရတာလဲ? မင့်အဖိုးကြီးက မင်းကိုအမဲလာဖျက်မှာမကြောက်ဘူးလား?"
[T/N : PDA : public displays of affection]
ထို့နောက်တွင်တော့ အင်မတန်စာနာစိတ်မရှိလှသည့်ရယ်သံကြီးထွက်လာတော့၏။
ရှန်ဖူ : ...သွားစမ်းပါ။
linkကိုနှိပ်ဝင်လိုက်ပြီးနောက်တွင်တော့ ချန်ဖန်းမလိမ်ဘူးဆိုတာကို ရှန်ဖူသိလိုက်ရသည်။ ဓာတ်ပုံရှိနေမှတော့ သူတို့နောက်ခံတွေက လွယ်လွယ်ကူကူပင် ထုတ်ဖော်ခြင်းခံလိုက်ရချေပြီ။ ထို့အောက်မှာတော့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်တောင်လိုက်ဖက်လဲဆိုတာကို မှတ်ချက်ပေးထောက်ခံထားတာတွေ တပြုံကြီးရှိနေ၏။ အံ့ဩစရာကောင်းတာက သူတို့ကို တိုက်ခိုက်တာတွေသိပ်မရှိ၊ အဆုံးမှာတော့ ခိုးရိုက်ထားတဲ့လျှပ်တစ်ပြက်ဓာတ်ပုံလေးတစ်ပုံက ဘာကိုမှသက်သေမပြနိုင်လေဘဲ၊ သို့သော်ငြား ဘာမှမသိတဲ့လူတွေရဲ့မျက်လုံးထဲမှာတော့ ဒါက လူသိရှင်ကြားထင်ထင်ပေါ်ပေါ်ထုတ်ပြလိုက်ခြင်းသာ။
ရှန်ဖူ : ...ဘယ်သောက်ရူးကောင်လုပ်တာလဲ?!
ဒါက အရမ်း...ကောင်းတယ်!!
ရှန်ဖူ့မျက်နှာထက်မှာ အပျော်တွေပြည့်လျှံလာတော့သည်။ အခု သူ့အဖိုးကြီးက သူ လင်ရှုယီကိုထားသွားအောင် လုပ်တာကို သေချာပေါက်လက်လျှော့လိုက်တော့မှာပဲ၊ မဟုတ်ဘူးလား? အခု သူ လင်ရှုယီကို ပွင့်ပွင့်လင်းလင်းပိုးပန်းလို့ရပြီ! သူ့အဖိုးကြီး သူ့စကားတွေပြန်ရုတ်သိမ်းသွားမှာကို သူ စိုးရိမ်စရာမလိုတော့ဘူး!
"ဘာတွေကြည့်နေလို့ အရမ်းပျော်နေရတာလဲ?"
လင်ရှုယီက တံခါးကိုတွန်းဖွင့်ကာ အခန်းထဲဝင်လာပြီး ကြောက်ဖို့ကောင်းနေတဲ့အပြုံးကြီးကြီးရှိနေတဲ့ရှန်ဖူ့မျက်နှာကို တွေ့လိုက်ရလေ၏။
ရှန်ဖူက သူ့ဖုန်းကို အိတ်ကပ်ထဲထည့်သိမ်းလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။"
ဒါက လင်ရှုယီ သူ့ဘာသာသိသွားတာ ပိုကောင်းတဲ့ကိစ္စပဲ။ နောက်ဆုံးတော့လည်း သူ ဒါကိုကြံစည်ခဲ့တာလို့ လင်ရှုယီထင်သွားရင် မကောင်းဘူးလေ။
လင်ရှုယီက တံခါးပိတ်လိုက်ပြီး အပေါ်အင်္ကျီကိုချွတ်ကာ ရှန်ဖူ့ကို တုန့်ဆိုင်းစွာပြောလာ၏။
"ခုတလော စားသောက်ဆိုင်နားမှာ ခါတိုင်းထက်လူပိုများနေသလိုပဲ။"
ရှန်ဖူ : ...
"ပြီးတော့ လူတွေအများကြီးက ကျွန်တော့်ကိုကြည့်နေတယ်လို့ခံစားနေရတယ်။"
ရှန်ဖူ : ...
လင်ရှုယီမှာ စောစောက ရှန်ဖူ့ရဲ့ကျောချမ်းစရာအပြုံးကြီးကို သတိရသွားကာ သူ့ကို သံသယအပြည့်ဖြင့်ကြည့်လာ၏။
"ခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူးနော်၊ ဟုတ်လား?"
"ကောင်းကင်ကြီးကိုသက်သေထားပြီး ကိုယ်နဲ့မဆိုင်ဘူးလို့ ကျိန်ပါတယ်!"
...
Zawgyi
ဝက္အသည္းနဲ႔တရုတ္နံနံ
_________________
အစားေကာင္းေတြရဲ့ေသြးေဆာင္ဖ်ားေယာင္းမႈကို ရက္အေတာ္ၾကာေအာင္ တစ္ဆက္တည္းခံရၿပီးေနာက္မွာေတာ့ ရွန္ဖူ႔ရဲ့အစားေကာင္းႀကိဳက္စိတ္ေလး ပလံုသြားေခ်ၿပီ။ ေန့တိုင္း အစားေကာင္းေတြစားေနရတာ ေကာင္းပါတယ္၊ ဒါေပမယ့္ ေန့တိုင္းျပၫ့္အင့္ေနေအာင္စားရမယ္? အဲ့ေလာက္အမ်ားႀကီး မစားႏိုင္ဘူးေလ။
ေတာ္ေသးတာက လင္ရႈယီရဲ့စမ္းသပ္မႈေတြ ၿပီးသြားၿပီမို႔ ေနာက္ဆံုးေတာ့ သူ ရပ္လိုက္လို႔ရေခ်ၿပီ။ ဟင္းလ်ာစာရင္းက အတည္ျဖစ္ေတာ့မည္ျဖစ္ကာ အခု သူတို႔လုပ္ရမွာက ဟင္းလ်ာေတြကို အရသာရိွမယ့္ဟင္းပြဲပံုစံ အလွဆင္ဖို႔သာျဖစ္သည္။
ဤသို႔ျဖင့္ ရွီခ်င္စားေသာက္ဆိုင္ရဲ့ ဒုတိယအႀကိမ္ဖြင့္ပြဲက နီးကပ္လာခဲ့၏။ ဆိုင္က အရင္ကရွီခ်င္စားေသာက္ဆိုင္ျဖစ္ေနေသးေသာ္လည္း အားလံုးကေတာ့ ေျပာင္းလဲသြားၿပီျဖစ္၏။ အဖိုးအိုယန္ရဲ့ရည္ရြယ္ခ်က္က နာမည္ထြက္ေအာင္ ဖြင့္ပြဲအႀကီးႀကီးလုပ္ဖို႔နဲ႔ အရင္က ေခါက္ဆြဲဆိုင္ေသးေသးေလး မရိွေတာ့ဘူးဆိုတာ လူတိုင္းသိေအာင္လုပ္ဖို႔ျဖစ္သည္။
ေခါက္ဆြဲဆိုင္အေၾကာင္းေျပာကာမွ ဒီလထဲမွာ ဒါမွမဟုတ္ ရွီခ်င္စားေသာက္ဆိုင္ကို ျပန္ျပင္ဆင္ေနဆဲမွာပင္ ေခါက္ဆြဲစားဖို႔အတြက္ေမ်ွာ္လင့္လ်က္ ေရာက္လာခဲ့ၾကသၫ့္ေဖာက္သည္မ်ားမွာ အဆံုးမရိွခဲ့ေခ်။ တခ်ိဳ႕က အရင္က ပံုမွန္ေဖာက္သည္မ်ားျဖစ္လ်က္ တခ်ိဳ႕ကေတာ့ စားေသာက္ဆိုင္အေၾကာင္းၾကားကာ ကပ္ပါလာၾကျခင္းျဖစ္ေလ၏။
ရွီခ်င္စားေသာက္ဆိုင္ကို ျပန္ျပင္ဆင္ေနဆဲျဖစ္တာကိုျမင္လိုက္ရတာက သူတို႔အားလံုးကို စိတ္ပ်က္သြားေစသည္။ သို႔ေသာ္ျငား ဟင္းလ်ာစာရင္းကို တိုးခ်ဲ့ျပင္ဆင္ေနေပမယ့္ သူတို႔ ေခါက္ဆြဲႀကိဳက္ရင္ ေခါက္ဆြဲလည္း ဆက္ေရာင္းမွာျဖစ္တဲ့အေၾကာင္း အဖိုးအိုယန္က သူတို႔ကိုေျပာခဲ့သည္။ လင္ရႈယီလည္း ထိုသို႔ပင္ဆံုးျဖတ္ထား၏။
ထို႔အတြက္ သူတို႔ထဲကအေတာ္မ်ားမ်ားက ဒုတိယအႀကိမ္ဖြင့္ပြဲမွာ ေသခ်ာေပါက္လာခဲ့ပါမၫ့္အေၾကာင္း ေျပာၾကားခဲ့ၾက၏။
ဒုတိယအႀကိမ္ဖြင့္ပြဲေန့က ႏိုဝင္ဘာႏွစ္ဆယ့္တစ္ရက္ေန့ျဖစ္ၿပီး ယေန့မွစေရလ်ွင္ ရက္အနည္းငယ္သာလိုေတာ့ေသာ္ျငား လူတိုင္းကေတာ့ လင္ရႈယီကို ျဖစ္ႏိုင္သမ်ျွမန္ျမန္ ေၾကညာခ်က္ထုတ္သင့္ေၾကာင္းေျပာေနၾက၏။
ဒါေပါ့၊ သတင္းျပန႔္ဖို႔အျမန္ဆံုးနည္းျဖစ္တဲ့ ေဝ့ေပၚကိုသံုးၿပီးေတာ့ေလ။
ကံမေကာင္းခ်င္ေတာ့...လင္ရႈယီမွာ ေဝ့ေပၚရိွမေနခဲ့။
ေလာေလာဆယ္မွာ သူက သူ႔ဖုန္းကို ဖုန္းေခၚဖို႔အတြက္နဲ႔ဂိမ္းေဆာ့ဖို႔အတြက္သာ သံုးေနျခင္းျဖစ္၏။ သူ႔ဂိမ္းေတြကလည္း Anipopလို အရိုးရွင္းဆံုးဂိမ္းေတြသာ။ ေဝ့ေပၚမေျပာႏွင့္၊ သူ႔တြင္ QQပင္မရိွပါေလ။
ေရွာင္ဝမ္က သူ႔ကိုယ္သူစာရင္းေပးဖို႔ ရဲရဲဝံ့ဝံ့ပင္လက္ေထာင္၏။
"ညီမမွာ ေဝ့ေပၚအေကာင့္ရိွတယ္၊ ညီမတာဝန္ထားလိုက္။ ဒါေပမယ့္ အစ္ကိုေရွာင္ယီ၊ ညီမကို အစ္ကို႔ဖုန္း ခဏေလာက္ေပး။"
လင္ရႈယီက သူမ သူ႔ဖုန္းနဲ႔ဘာလုပ္ခ်င္ေနတာလဲဆိုတာကို ရႈပ္ေထြးေနရင္း ဖုန္းကိုထုတ္၏။
ေရွာင္ဝမ္က ဖုန္းကို ေပ်ာ္ေပ်ာ္ႀကီးယူကာ ေလ်ွာက္ၾကၫ့္လိုက္သည္။ ကိုယ္ေရးကိုယ္တာနဲ႔ လံုၿခံဳေရးလိုတျခားဟာေတြမဆိုထားႏွင့္၊ လင္ရႈယီက ဖုန္းကို lockပင္ခ်မထား။ မင္းလုပ္ခ်င္တာ ဘာမဆိုလုပ္ႏိုင္သည္။ သို႔ေသာ္ျငား သူဖုန္းက အသံုးဝင္ေလာက္မယ့္အခ်က္အလက္ေလး နည္းနည္းသိမ္းထားရံုကလြဲၿပီး အမ်ားစုက အလြတ္ႀကီးသာ။ ေရွာင္ဝမ္က အမ်ားေရ႔ွမွာခ်ျပလို႔ရႏိုင္ေလာက္မၫ့္ဓာတ္ပံုေလးရဖို႔ေမ်ွာ္လင့္လ်က္ ဓာတ္ပံုဆိုတဲ့အထဲဝင္လိုက္ေသာ္လည္း အထဲမွာရိွေနတဲ့ (၁၀)ပံုဆိုတာက သူမရဲ့ႏွလံုးသားေလးကို ခ်ံဳးခ်ံဳးက်သြားေစ၏။ သူ႔ဖုန္းထဲက ဒီဓာတ္ပံုဆယ္ပံုထဲမွာ သံုးလို႔ရႏိုင္တဲ့ပံုတစ္ပံုမွရိွမယ့္ပံုမေပၚေခ်။
လင္ရႈယီက ငံု႔ၾကၫ့္လာသည္။
"ဒီဖုန္းနဲ႔ ဘာလုပ္ခ်င္လို႔လဲ?"
ေရွာင္ဝမ္က သက္ျပင္းခ်သည္။
"အရင္တစ္ေခါက္က ဆိုင္ေရ႔ွကအစ္ကို႔ပံုကို တင္တဲ့ေကာင္မေလးတစ္ေယာက္ရိွတယ္မလား? အဲ့ပံုက တုန႔္ျပန္မႈေတာ္ေတာ္ေလးရလိုက္တယ္ေလ။ ညီမက သူ႔ကိုအတုခိုးခ်င္တာ၊ ဒါေပမယ့္ အစ္ကို႔ဖုန္းထဲမွာ အစ္ကို႔ပံုလည္းတစ္ပံုမွမရိွဘူး။ အစ္ကို ဆယ္လ္ဖီမရိုက္ဘူးလား?"
လင္ရႈယီက အူေၾကာင္ေၾကာင္ျပန္ၾကၫ့္ေလ၏။
သူ႔ၾကၫ့္ရတာ ဆယ္လ္ဖီဆိုတာ ဘာမွန္းေတာင္သိသၫ့္ပံုမေပၚေခ်။
"အခု တစ္ပံုရိုက္ရင္ေရာ?"
သို႔ေသာ္လည္း လင္ရႈယီက ေခါင္းခါ၏။
"ကိစၥမရိွဘူး။"
အဲ့ေဝ့ေပၚပို႔စ္ကို ေရွာင္ဝမ္ သူ႔ကို အရင္ကျပဖူးတယ္၊ အဲ့ပို႔စ္ေအာက္မွာ မွတ္ခ်က္ေတြမ်ိဳးစံုပဲ။ သူတို႔နာမည္ထြက္လာဖို႔ သူ ဒီလိုနည္းလမ္းမ်ိဳးမသံုးခ်င္ပါ။ ရွီခ်င္စားေသာက္ဆိုင္ကို ေက်ာ္ၾကားေစခ်င္ရင္ သူတို႔ရဲ့အခ်က္အျပဳတ္စြမ္းရည္နဲ႔ေက်ာ္ၾကားတာသာျဖစ္သင့္ၿပီး မ်က္ႏွာနဲ႔ေက်ာ္ၾကားတာမျဖစ္သင့္။
ေဘးနားကရွန္ဖူကေတာ့ မ်က္လံုးလွန္ရင္း တစ္စံုတစ္ခုကို အေလးအနက္စဉ္းစားေန၏။
"အရင္ႏွစ္ရက္တုန္းက ကိုယ္ မင္းဖုန္းနဲ႔ရိုက္ခဲ့တဲ့ပံုေတြဆိုရင္ေရာ?"
သူက ေရွာင္ဝမ့္လက္ထဲရိွဖုန္းကို လက္ၫွိုးထိုး၏။ အဲ့မွာပဲျဖစ္လိမ့္မယ္။ အဲ့ဆယ္ပံုလံုးကို ရွန္ဖူရိုက္ခဲ့တာျဖစ္သည္။ သူသာမရိုက္လ်ွင္ တစ္ပံုမွရိွေနမည္မဟုတ္ပါေခ်။
ရွန္ဖူက ဖုန္းေတာင္းလာတာကိုျမင္သည္၌ ေရွာင္ဝမ္က သူမကိုင္ထားတဲ့လင္ရႈယီဖုန္းကို လွမ္းေပးလိုက္၏။ ဓာတ္ပံုေတြကိုရွာလိုက္ၿပီးေနာက္ ရွန္ဖူက ပံုေတြကို တစ္ခ်က္တို႔ကာ ဖုန္းကို သူတို႔ႏွစ္ေယာက္ၾကားခ်လိုက္ၿပီး လင္ရႈယီနဲ႔ေရွာင္ဝမ့္ကိုျပ၏။
"မင္းပံုေတြအစား ဒီပံုေတြသံုးၾကတာေပါ့။"
ေရွာင္ဝမ္က သိခ်င္စိတ္ျပင္းျပစြာၾကၫ့္လိုက္ၿပီး ဟင္းပြဲတစ္ပြဲပံုျဖစ္ေနတာကို ေတြ့လိုက္ရ၏။ အဖ်ားမွာ အတြန႔္အတြန႔္ေလးေတြနဲ႔အလွဆင္ထားတဲ့ ေရွးေခတ္စတိုင္ပန္းကန္ထက္မွာ သြားရည္ယိုခ်င္စရာဟင္းပြဲတစ္ပြဲရိွေနသည္။
ေရွာင္ဝမ့္ခမ်ာ ျမင္ရံုႏွင့္ပင္သြားရည္ယိုေနတာမရပ္ႏိုင္ေတာ့။
"အစ္ကိုေရွာင္ယီ၊ အစ္ကို ဒီဟင္းကို ဘယ္တုန္းကခ်က္တာလဲ? ဘာလို႔ ညီမကို ဒီအေၾကာင္းမေျပာတာတုန္း?!"
လင္ရႈယီက ရယ္သည္။
"ဒီဟင္းက အစ္ကိုတို႔ ဇြန္းခက္ရင္းေတြသြားဝယ္တဲ့ေန့ကခ်က္တာ။ အဲ့ေန့တုန္းက မင္း ေက်ာင္းမွာမလား?"
ေရွာင္ဝမ္တစ္ေယာက္ ေၾကကြဲစြာျဖင့္ေခါင္းငိုက္စိုက္က်သြား၏။ ႏွစ္စကၠန႔္အၾကာတြင္ေတာ့ သူမကို ဟင္းပြဲကိုၾကၫ့္ကာ သြားရည္ဆက္က်ေနေတာ့သည္။
"အစ္ကိုခ်က္ထားတဲ့ဒီဟင္းကဘာလဲ?"
ဟင္းပြဲထဲမွာ အနီနဲ႔အစိမ္းေလးေတြရိွေနၿပီး ပံုထဲကေနေတာင္ အနံ႔နဲ႔အရသာကို ရႏိုင္ေတာ့မလိုပင္။
ရွန္ဖူက သေဘာတက်ၿပံဳးရယ္ရင္း ေရွာင္ဝမ့္ကိုစ၏။
"ၾကာညို႔နဲ႔လုပ္ထားတဲ့ဝက္အသည္းနဲ႔တရုတ္နံနံေလ။ တရုတ္နံနံက ကြၽတ္ၿပီးလတ္ဆတ္တယ္၊ ဝက္အသည္းက ႏူးညံ့ၿပီးေမႊးတယ္။ အဲ့ေန့တုန္းက သူ ထမင္းေတာင္ေပါင္းၿပီး မင္းအဖြားနဲ႔အဖိုးယန္ကိုေတာင္ အတူတူစားဖို႔ဖိတ္လိုက္ေသးတယ္။ အရသာရိွတယ္ကြ။"
ေရွာင္ဝမ္ကား သြားရည္ေတြပိုက်လာရင္း ရွန္ဖူ႔ကို ရန္လိုစြာၾကၫ့္၏။
ရွန္ဖူက အားရပါးရရယ္ေလေတာ့သည္။
ဓာတ္ပံုေတြကိုဆက္ၾကၫ့္ေနတာက ႏိွပ္စက္တာမွန္းသာသိေသာ္လည္း ေရွာင္ဝမ္က က်န္တဲ့ပံုေတြကိုပါ လိုက္ၾကၫ့္ရင္း တစ္ခ်ိန္လံုးသြားရည္က်ေနေတာ့၏။ ထင္တဲ့အတိုင္း ဒါေတြအားလံုးက လင္ရႈယီခ်က္ထားတာေတြသာ။ ဓာတ္ပံုႏွစ္ပံုကေတာ့ အလ်င္စလိုရိုက္ထားပံုရၿပီး လင္ရႈယီရဲ့လက္က ပန္းကန္အစြန္းကို ကိုင္ထားဆဲျဖစ္၏။ သူ႔ရဲ့ ျဖဴေဖ်ာ့ၿပီးႏူးညံ့တဲ့လက္ေလးက ဟင္းပြဲရဲ့အလွကို ထပ္ျဖၫ့္ေပးေနသည္။
ေရွာင္ဝမ္က မ်က္လံုးေလးလွန္ရင္းစဉ္းစားေနကာ အႀကံတစ္ခုရသြား၏။
"ဟုတ္ၿပီ၊ ဒီပံုေတြအကုန္လံုး ညီမဖုန္းထဲပို႔လိုက္မယ္။"
လင္ရႈယီက စိတ္ထဲမထားဘဲေခါင္းၿငိမ့္လိုက္၏။ ဘယ္လိုပို႔ရတယ္ဆိုတာ သူ မသိတာမို႔ ေရွာင္ဝမ္မွာ သူမဘာသာပဲလုပ္ရေတာ့သည္။ ေရွာင္ဝမ္က ပံုေတြကို သူမဖုန္းထဲပို႔ရင္း တီးတိုးေရရြတ္၏။
"ညီမတို႔ ဆိုင္ေရ႔ွပိုင္းပံုလည္းလိုေသးတယ္။"
ထို႔အတြက္ သူမက ဓာတ္ပံုရိုက္ဖို႔ အျပင္ကို အေလာသံုးဆယ္ထြက္သြား၏။
အဲ့ညမွာ ေရွာင္ဝမ္က သူမရဲ့ေဝ့ေပၚအေကာင့္ကိုသြားကာ စာတိုေလးတစ္ေစာင္နဲ႔အတူ ပံုေတြ တစ္ပံုၿပီးတစ္ပံုတင္ေလ၏။
"ပံုေတြၾကၫ့္ရံုနဲ႔တင္ ငါသြားရည္ယိုေနၿပီ! အဲ့ေန့က ငါ ေက်ာင္းေရာက္ေနတာ ဆိုးလိုက္တာ!! ဖြင့္ပြဲက တနဂၤေနျြဖစ္ေနလို႔ေတာ္ေသးတယ္! ဟားဟားဟား! ငါ့ကို ေကာင္းကင္ႀကီးကိုေမာ့ၾကၫ့္ၿပီးေပ်ာ္ေပ်ာ္ႀကီးရယ္ခြင့္ေပးစမ္းပါ။"
ထို႔ေနာက္တြင္ေတာ့ သူမက အရင္က ရွီခ်င္စားေသာက္ဆိုင္ကိုေရာက္ဖူးသၫ့္ ေက်ာင္းကသူငယ္ခ်င္းတစ္ခ်ိဳ႕ကို mentionလိုက္သည္မို႔ ခ်က္ခ်င္းပင္ မွတ္ခ်က္တခ်ိဳ႕ရလာေတာ့သည္။
[နင္တို႔ေတြ ျပန္ျပင္ထားတာလား? အရမ္းလွတယ္ေရာ! ဟိုအစ္ကိုေခ်ာေခ်ာေလးႏွစ္ေယာက္ေရာရိွေသးလား? သူက ဒီဟင္းေတြခ်က္တဲ့လူလို႔ေတာ့ ငါ့ကိုလာမေျပာနဲ႔ေနာ္!! ေမး : သူ႔မွာ ေကာင္မေလးရိွလား? အရမ္းစားႏိုင္တဲ့ ရင္သားႀကီးႀကီးနဲ႔လွလွပပရည္းစားေလးလိုလား?]
[အက်ိဳးနည္း!! လွလိုက္တဲ့လက္ဟယ္! *ဖုန္းမ်က္ႏွာျပင္ကိုလ်က္* သူက ဟိုခ်စ္စရာေကာင္းတဲ့ေကာင္ေလးမလား? ငါ သူ႔ကိုမွတ္မိတယ္!! ေနာက္တစ္ေယာက္ေရာ? သူက ဘယ္လိုလုပ္ပံုထဲမပါရတာလဲ? ၿပီးေတာ့ ဒီဟင္းေတြ!! ငါေလးက အခု အသင့္စားေခါက္ဆြဲစားေနရတယ္!! ဆိုးလိုက္တာ!! ရုတ္တရက္ႀကီး ေခါက္ဆြဲဆက္စားဖို႔ အရမ္းခက္ခဲလာတယ္!!]
[ငါသြားခ်င္တယ္! ဖြင့္ပြဲကဘယ္အခ်ိန္လဲ ငါ့ကိုေျပာဦး! ငါေတာ့ ဒီလရတဲ့မုန႔္ဖိုးေတြအကုန္ျပင္ထားၿပီ!]
[ခ်စ္စရာေကာင္ေလးကို ၾကၫ့္ခ်င္တဲ့ေနာက္တစ္ေယာက္၊ ဒါေပမယ့္ ပံုေကာင္းေကာင္းေလးလည္းမရိွဘူး၊ ဝမ္းနည္းလိုက္တာ!]
[ရွီခ်င္စားေသာက္ဆိုင္!! ေနာက္ဆံုးေတာ့ ဖြင့္ေတာ့မွာပဲ! ငါ အၾကာႀကီးေစာင့္ေနခဲ့ရတာ!]
အဆံုးတြင္ေတာ့ သူတို႔မသိတဲ့လူေတြကေတာင္ မွတ္ခ်က္လာေရးၾကေလ၏။
[ဒီဟင္းေတြက မိုက္လိုက္တာ။ အဲ့လက္ကလည္း အရမ္းလွတာပဲ။ သူက ခ်စ္စရာေကာင္းမယ္ဆိုတာ ငါေလာင္းတယ္။]
[လွလိုက္တဲ့လက္ေလး၊ ၿပီးေတာ့ ဟင္းခ်က္လည္းအရမ္းေကာင္းေသးတယ္။ ငါ့ကိုလက္ထပ္ပါေတာ့!!]
[repostလုပ္ကိုလုပ္ရမယ့္ဟာပဲ။ သူ တိုးတက္ေအာင္မလုပ္ႏိုင္ရင္ မေကာင္းဘူးဆိုတာ ငါ့ေကာင္ေလးကိုျပရမယ္!]
[ေက်းဇူးျပဳျပီး ငါေလးကို ေနရာနဲ႔အခ်ိန္ေလးေျပာျပပါ၊ ခ်စ္စရာေကာင္းတဲ့ေကာင္ေလးေတြကိုၾကၫ့္ဖို႔ နင္တို႔ ငါ့ကိုစိတ္ခ်ထားလို႔ရတယ္! ေနရာနဲ႔အခ်ိန္ေလးေပးသနားပါ ဘေလာ့ဂ္ပိုင္ရွင္ေရ!]
[ရွီခ်င္စားေသာက္ဆိုင္လား? ရင္းႏွီးေနသလိုပဲေရာ္...]
...စသည္၊ စသည္ျဖင့္...။
ဒီပို႔စ္မွာ တုန႔္ျပန္မႈေတြအမ်ားႀကီးရလိမ့္မယ္လို႔ ေရွာင္ဝမ္ေမ်ွာ္လင့္ထားခဲ့တာျဖစ္ေသာ္လည္း ဒီေလာက္မ်ားလိမ့္မယ္လို႔ မထင္ထားေခ်။ repostေတြ တစ္ေသာင္းေက်ာ္သြားဖို႔ အခ်ိန္သိပ္မၾကာလိုက္ဘဲ လူအေတာ္မ်ားမ်ားကလည္း အခ်ိန္နဲ႔ေနရာကိုလာေမးၾကသည္။ သူတို႔ထဲကအမ်ားစုက မိန္းကေလးေတျြဖစ္ေသာ္ျငား အစားအေသာက္ကိုတကယ္စိတ္ဝင္စားတဲ့လူက အေတာ္နည္းသည္။ ပို႔စ္က ေဝ့ေပၚမွာ အလ်င္အျမန္ပင္လူႀကိဳက္မ်ားလာေတာ့သည္။
ထင္တဲ့အတိုင္း ဒီေန့ေခတ္ကမ႓ာႀကီးျ အစားခ်စ္သူေတြနဲ႔ အလွႀကိဳက္သူေတြ အုပ္စိုးျခင္းခံထားရေလ၏။
မၾကာခင္မွာပဲ ေခ်ာင္ယန္လမ္းအနီးနားကလူေတြက ဆိုင္မဖြင့္ေသးေပမယ့္ စူးစမ္းဖို႔ ေရာက္လာၾကေတာ့သည္။ လင္ရႈယီနဲ႔ရွန္ဖူတို႔ကိုေတြ့လိုက္ရသူမွာ မအံ့ဩဘဲမေနႏိုင္ေတာ့ဘဲ တိတ္တိတ္ေလးခိုးရိုက္ထားတဲ့သူတို႔ပံုကို ေဝ့ေပၚမွာမ်ွေဝလိုက္ေတာ့၏။
ပံုက စကားေျပာေနပံုရတဲ့ သူတို႔ႏွစ္ေယာက္ရဲ့ ေဘးတိုက္ပံုျဖစ္သည္။ ရွန္ဖူက လက္တစ္ဖက္နဲ႔ လင္ရႈယီရဲ့ဆံပင္ေတြကိုဖြေနၿပီး မ်က္လံုးေလးမ်ားက ရႊင္ျမဴးမႈတို႔ျဖင့္ေကြးၫြတ္ေနကာ ၿပံဳးေနခဲ့၏။ ျမင္ကြင္းတစ္ခုလံုးက ခဏခ်င္းမွာပင္ ေသာက္ရမ္းေဂးဆန္သြားေတာ့သည္။
ဤသို႔ျဖင့္ ပိုမ်ားတဲ့လူေတြက ေရွာင္ဝမ့္ရဲ့ေဝ့ေပၚပို႔စ္လင့္ခ္ကိုပါေပါင္းထၫ့္လ်က္ repostျပန္လုပ္ၾကေတာ့၏။ အဆံုးတြင္ေတာ့ ဒါက လင္ရႈယီနဲ႔စိတ္ကူးနဲ႔ေသြဖည္ေနဆဲျဖစ္လ်က္ ပိုပိုၿပီးေတာ့ပင္လမ္းလြဲလာေတာ့သည္။
ထိုသည္မွာ လူတစ္ေယာက္က ဤသို႔ေျပာလိုက္ျခင္းျဖင့္အဆံုးသတ္သြားေတာ့သည္။
[ႏိုဝင္ဘာႏွစ္ဆယ့္တစ္ရက္ေန့မွာလုပ္မယ့္ဖြင့္ပြဲအခမ္းအနားတဲ့!! စားဖိုမွဴးေလးက အရမ္းခ်စ္ဖို႔ေကာင္းတယ္!! ၿပီးေတာ့ အရမ္းခ်စ္တတ္တဲ့ကုန္(攻 - gong)ကိုလည္းရထားေသးတယ္!! သြားကိုသြားရမယ္!!!]
ေရွာင္ဝမ္က ေဝ့ေပၚမွာပို႔စ္တင္ၿပီး ေက်ာင္းကိုသြားလိုက္သည္မို႔ အရိွန္အဟုန္ျပင္းလာမႈကို လြဲေခ်ာ္သြားေလ၏။ တစ္ဖက္က ရွန္ဖူနဲ႔လင္ရႈယီမွာလည္း ေဝ့ေပၚကိုသြားခဲသည္ျဖစ္ရာ အကုန္လံုးျဖစ္ပ်က္သြားၿပီးရက္နည္းနည္းၾကာေတာ့မွသာ ရွန္ဖူ သူ႔အဖိုးဆီက ဖုန္းေခၚဆိုမႈကိုလက္ခံလိုက္ရၿပီး ထိုသတင္းကို သိရေတာ့၏။
သူ ဖုန္းကိုင္လိုက္သည္ႏွင့္ အေငါက္ခံရေတာ့သည္။
"ငါတို႔နဲ႔ေတြ့ဖို႔ သူ႔ကိုေခၚလာလို႔ ငါ မင္းကိုမေျပာခဲ့ဘူးလား? မင္းတို႔ႏွစ္ေယာက္က ျပန္မလာဘဲ ဘာေတြလုပ္ေနၾကတာတုန္း?! ၿပီးေတာ့ အဲ့လိုေတြလုပ္ေနလို႔ အခု လူတိုင္းသိကုန္ၾကၿပီကြ! ကိစၥေတြမႀကီးေအာင္ မင္း ၿငိမ္ၿငိမ္ေလးမေနႏိုင္ဘူးလား?!"
သူတို႔အတူေနလို႔ရတယ္လို႔ သူ သေဘာတူခဲ့ေပမယ့္ သူ႔အတြက္ ဒါက ဂုဏ္ယူစရာဟုတ္မေနဘူး။ မသိမျဖစ္တဲ့လူေတြကလြဲၿပီး သိတဲ့လူနည္းေလပိုေကာင္းေလပဲ။ ဒါေတာင္ ဒီႏွစ္ေယာက္က လူတိုင္းကိုသြားေၾကညာလိုက္ေသး၊ အခု လူတိုင္းသိကုန္ၿပီ။ သူတို႔ရဲ့သန႔္ရွင္းေရးအလုပ္သမားရဲ့သမီးက ဒီအေၾကာင္းကို ဖုန္းေျပာရင္းအတင္းတုပ္ေနတာသာ သူမၾကားလိုက္ရင္ ဘယ္ေလာက္ေတာင္သတင္းျပန႔္သြားမယ္ဆိုတာ ဘယ္သူသိမွာလဲ?
သခင္ႀကီးရွန္မွာ ေဒါသတို႔ျဖင့္ ေပါက္ကြဲဖို႔ အဆင္သင့္ျဖစ္ေနေခ်ၿပီ။
သို႔တိုင္ ရွန္ဖူသည္ေတာ့ အင္မတန္မွပင္ရႈပ္ေထြးသြားရွာ၏။
အဖိုးရွန္က ဘာေတြစိတ္တိုေနတာလဲ?
"လူတိုင္းဘာသိသြားလို႔လဲ?"
သခင္ႀကီးရွန္မွာ သူေတာ့ ေဒါသထြက္ရလြန္းသျဖင့္ အခ်ိန္မေရြး heart attackရသြားႏိုင္သည္ဟု ခံစားလိုက္မိရ၏။ ရွန္ဖူက ရူးခ်င္ေယာင္ေဆာင္ေနတာလို႔ သူေတြးလိုက္မိတာမို႔ သူက ပိုလို႔ပင္အသံကိုျမႇင့္လိုက္ေတာ့သည္။
"ရွီခ်င္စားေသာက္ဆိုင္ဆိုတာကို သြားရွာၾကၫ့္လိုက္! အဲ့ဒါက trendingျဖစ္ေနတာကိုေတာင္ မင္းက ရူးခ်င္ေယာင္လာေဆာင္ေနေသး..."
ရွန္ဖူက မ်က္လံုးမ်ားကိုေမွးက်ဉ္းလိုက္ရင္း နားထဲ လက္ၫွိုးထၫ့္လ်က္ သူ႔အဖိုးေအာ္ေျပာေနတာကို ၾကားျဖတ္ေျပာလိုက္ေတာ့သည္။
"ခဏေနပါဦးဗ်ာ၊ ကြၽန္ေတာ့္ကို တစ္ခ်က္ေလာက္သြားၾကၫ့္ခြင့္ေပးပါဦး..."
ထို႔ေနာက္ သူ ဖုန္းခ်လိုက္သည္။
သခင္ႀကီးရွန္မွာ စိုးရိမ္ရလြန္း၍ heart attackရေပေတာ့မည္။
ရွန္ဖူက သူ႔ဖုန္းထဲက browserကို အလ်င္အျမန္ဖြင့္ကာ ရွီခ်င္စားေသာက္ဆိုင္ကိုရွာလိုက္၏။ အံ့ဩစရာမရိွစြာပင္ သူ ထိုးႏွက္ခ်က္ေပါင္းမ်ားစြာႏွင့္ႀကံဳရေတာ့သည္။
#ခ်စ္စရာအေကာင္းဆံုးစားဖိုမွဴးနဲ႔သူ႔ရဲ့ကုန္
#ရွီခ်င္စားေသာက္ဆိုင္ကဘယ္မွာလဲ
#ဒါကိုစစ္ေဆးဖို႔ငါ့တာဝန္ထားလိုက္
##သိတဲ့လူမ်ားဒီႏွစ္ေယာက္ရဲ့ေနာက္ခံကိုအလင္းျပ#
တြဲပါေနသည္မ်ားက ေရွာင္ဝမ္တင္ထားတဲ့ပံုေတျြဖစ္ေသာ္ျငား အထင္ရွားဆံုးကေတာ့ ခိုးရိုက္ထားတဲ့လ်ွပ္တစ္ျပက္ဓာတ္ပံုပါေပ။
ရွန္ဖူ : ...
ဘယ္ေသာက္ရူးေကာင္လုပ္တာလဲ?!
သိပ္မၾကာခင္မွာပင္ ခ်န္ဖန္းသည္လည္း ဖုန္းေခၚလာ၏။
"ဒီPDAအတြက္ေတာ့ ငါ မင္းကို အမွတ္တစ္ရာေပးတယ္ကြာ၊ ဒါေပမယ့္ မင္း ဘယ္လိုလုပ္ၿပီးထင္ထင္ေပၚေပၚနဲ႔လူသိရွင္ၾကားထုတ္ျပလိုက္ရတာလဲ? မင့္အဖိုးႀကီးက မင္းကိုအမဲလာဖ်က္မွာမေၾကာက္ဘူးလား?"
[T/N : PDA : public displays of affection]
ထို႔ေနာက္တြင္ေတာ့ အင္မတန္စာနာစိတ္မရိွလွသၫ့္ရယ္သံႀကီးထြက္လာေတာ့၏။
ရွန္ဖူ : ...သြားစမ္းပါ။
linkကိုႏိွပ္ဝင္လိုက္ၿပီးေနာက္တြင္ေတာ့ ခ်န္ဖန္းမလိမ္ဘူးဆိုတာကို ရွန္ဖူသိလိုက္ရသည္။ ဓာတ္ပံုရိွေနမွေတာ့ သူတို႔ေနာက္ခံေတြက လြယ္လြယ္ကူကူပင္ ထုတ္ေဖာ္ျခင္းခံလိုက္ရေခ်ၿပီ။ ထို႔ေအာက္မွာေတာ့ သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္ေလာက္ေတာင္လိုက္ဖက္လဲဆိုတာကို မွတ္ခ်က္ေပးေထာက္ခံထားတာေတြ တၿပံဳႀကီးရိွေန၏။ အံ့ဩစရာေကာင္းတာက သူတို႔ကို တိုက္ခိုက္တာေတြသိပ္မရိွ၊ အဆံုးမွာေတာ့ ခိုးရိုက္ထားတဲ့လ်ွပ္တစ္ျပက္ဓာတ္ပံုေလးတစ္ပံုက ဘာကိုမွသက္ေသမျပႏိုင္ေလဘဲ၊ သို႔ေသာ္ျငား ဘာမွမသိတဲ့လူေတြရဲ့မ်က္လံုးထဲမွာေတာ့ ဒါက လူသိရွင္ၾကားထင္ထင္ေပၚေပၚထုတ္ျပလိုက္ျခင္းသာ။
ရွန္ဖူ : ...ဘယ္ေသာက္ရူးေကာင္လုပ္တာလဲ?!
ဒါက အရမ္း...ေကာင္းတယ္!!
ရွန္ဖူ႔မ်က္ႏွာထက္မွာ အေပ်ာ္ေတျြပၫ့္လ်ွံလာေတာ့သည္။ အခု သူ႔အဖိုးႀကီးက သူ လင္ရႈယီကိုထားသြားေအာင္ လုပ္တာကို ေသခ်ာေပါက္လက္ေလ်ွာ့လိုက္ေတာ့မွာပဲ၊ မဟုတ္ဘူးလား? အခု သူ လင္ရႈယီကို ပြင့္ပြင့္လင္းလင္းပိုးပန္းလို႔ရၿပီ! သူ႔အဖိုးႀကီး သူ႔စကားေတျြပန္ရုတ္သိမ္းသြားမွာကို သူ စိုးရိမ္စရာမလိုေတာ့ဘူး!
"ဘာေတြၾကၫ့္ေနလို႔ အရမ္းေပ်ာ္ေနရတာလဲ?"
လင္ရႈယီက တံခါးကိုတြန္းဖြင့္ကာ အခန္းထဲဝင္လာၿပီး ေၾကာက္ဖို႔ေကာင္းေနတဲ့အၿပံဳးႀကီးႀကီးရိွေနတဲ့ရွန္ဖူ႔မ်က္ႏွာကို ေတြ့လိုက္ရေလ၏။
ရွန္ဖူက သူ႔ဖုန္းကို အိတ္ကပ္ထဲထၫ့္သိမ္းလိုက္သည္။
"ဘာမွမဟုတ္ပါဘူး။"
ဒါက လင္ရႈယီ သူ႔ဘာသာသိသြားတာ ပိုေကာင္းတဲ့ကိစၥပဲ။ ေနာက္ဆံုးေတာ့လည္း သူ ဒါကိုႀကံစည္ခဲ့တာလို႔ လင္ရႈယီထင္သြားရင္ မေကာင္းဘူးေလ။
လင္ရႈယီက တံခါးပိတ္လိုက္ၿပီး အေပၚအက်ႌကိုခြၽတ္ကာ ရွန္ဖူ႔ကို တုန႔္ဆိုင္းစြာေျပာလာ၏။
"ခုတေလာ စားေသာက္ဆိုင္နားမွာ ခါတိုင္းထက္လူပိုမ်ားေနသလိုပဲ။"
ရွန္ဖူ : ...
"ၿပီးေတာ့ လူေတြအမ်ားႀကီးက ကြၽန္ေတာ့္ကိုၾကၫ့္ေနတယ္လို႔ခံစားေနရတယ္။"
ရွန္ဖူ : ...
လင္ရႈယီမွာ ေစာေစာက ရွန္ဖူ႔ရဲ့ေက်ာခ်မ္းစရာအၿပံဳးႀကီးကို သတိရသြားကာ သူ႔ကို သံသယအျပၫ့္ျဖင့္ၾကၫ့္လာ၏။
"ခင္ဗ်ားနဲ႔ဘာမွမဆိုင္ပါဘူးေနာ္၊ ဟုတ္လား?"
"ေကာင္းကင္ႀကီးကိုသက္ေသထားၿပီး ကိုယ္နဲ႔မဆိုင္ဘူးလို႔ က်ိန္ပါတယ္!"
...