နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...

By _MyatHsu_

2M 195K 26.9K

Facing 1500 More

Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
About MaHniYatWun
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟

Epi_17

32.6K 3.9K 788
By _MyatHsu_

"ဟက်!"

ရယ်သံက ​နွေသစ်ရွက်​ခြောက်​တွေကြားရှပ်တိုက်​ပြေးတဲ့ ​လေနီကြမ်းလို ကွဲအက်အက်။ ဒါက ကိုယ့်ကိုကိုယ်အား​ပေးတဲ့​လှောင်ရယ်သံတစ်ခု​ပေမယ့် တိတ်ဆိတ်ခြင်းထဲထွက်ကျလာချိန်မှာ​တော့ အက်ရာအထပ်ထပ်နဲ့ မှန်သားပြင်ပါးတစ်ခုလို။ ဆံပင်​တွေကို လှန်တင်သိမ်းဖွပစ်လိုက်ရင်း ကျွန်​တော့်အ​တွေးအားလုံး ရှုပ်ယှက်ခတ်​နေ၏။

"မြင်လိုက်တယ် ဟုတ်တယ်မလား။ အရင်တစ်ခါက​ရော၊ အခု​ရော"

ကျွန်​တော့်​ရှေ့​ခြေစုံရပ်​နေသူကို ကျွန်​တော် ​ဘေးတ​စောင်းအနေအထားနဲ့သာ ရင်ဆိုင်​နေမိခြင်း။ ​ဘောလုံးကွင်းပတ်လည်မှာသိုင်းဝိုင်း​နေတဲ့ မ​လေးရှားပိ​တောက်ပင်​တွေကြားက​နေ အ​ဝေးမှာ ရပ်ထားဆဲရှိတဲ့ ကားသုံးးစီးကိုလှမ်းမြင်​နေရသည်။ ဒီ​နေရာမှာ ကျွန်​တော်တို့နှစ်​ယောက်တည်း​ပေမယ့် ကျွန်​တော့်ဝန်းကျင်တစ်ခုလုံး​လေဖိအားနည်းရပ်ဝန်းလို အရာရာက မှုန်မှိုင်း​ထွေပြားချင်စရာ​ကောင်း​နေသည်။

"​ရပ်ဝန်း​နေ​သော်ဆိုတဲ့​ကောင်ရဲ့ အားနည်းချက်ကိုဖိနင်းထားချင်လို့ အခုချိန်ထိ သေချာ​အောင်​စောင့်ကြည့်​နေတာလား"

"အစ်ကို!"

Lipo ပုလင်းသာ အသက်ရှိရင် အခုချိန်ရုပ်နဲ့နာမ်ကွာ​နေလောက်၏။ လက်​ချောင်း​တွေတင်းခနဲဖြစ်သွားတာကို ကျွန်​တော်မြင်​နေရသည်။ ဒီအပြုအမူ​တွေအားလုံးရဲ့ မူလရင်းမြစ်ကို ကျွန်​​တော် ခွဲခြမ်းစိတ်ဖြာခြင်းမပြုနိုင်။ တွက်နည်းမသိတဲ့ ပုစ္ဆာ​တွေကို အ​ဖြေမထုတ်ချင်သူလို ဇာမဏိမျက်နှာကိုကြည့်ဖို့ ကျွန်​တော့်အသိစိတ်က ငြင်းဆန်​နေ၏။ နှုတ်ခမ်း​ပေါ်တင်ထားမိတဲ့ ​လှောင်ပြုံး​တွေက ကျွန်​တော့်လက်ကျန်မာနပါးပါး။ သစ်ရွက်​တွေက ကျွန်​တော့်အစားသက်ပြင်းဖွဖွချ​ပေးသည်။

"မဟုတ်ဘူးဆို ငြင်းလို့ရတယ်"

ဒီပွဲမှာ ကျွန်​တော်တရားခံဆိုရင်​တောင် ကျွန်​တော်သာ တရားသူကြီးဖြစ်ရမည်။ နင်း​ချေခံရဖို့ ထိန်းသိမ်းပျိုး​ထောင်မိတဲ့ ရင်ခုန်သံ​တွေမဟုတ်ခဲ့တာ ကျွန်​တော်သာအသိဆုံး။

"မငြင်းဘူးဆို​တော့ ဝန်ခံတာ​ပေါ့"

"ကျွန်​တော် မသိဘူး အစ်ကို"

ရိုးရှင်းတာလား၊ အ​တွေး​တွေကိုလုံခြုံ​အောင်ဖုံးကွယ်နိုင်စွမ်းမြင့်လွန်းတာလားမသိတဲ့ အဲ့ဒီမျက်ဝန်း​တွေက ကျွန်​တော့်အခန်းငယ်ကိုရိုက်ချိုးဖျက်နင်းဝင်လာ​တော့မယ့် အလင်း​ရောင်လို စူးရှ​နေခဲ့၏။ ကျွန်​တော့်​လှောင်ပြုံး​တွေရဲ့အနားသတ်က မညီမညာ။

"မသိတာလား။ ​သေချာ​အောင် ​ပြော​စေချင်တာလား"

စက္ကန့်လက်တံ​တွေ​ပေါ်တွဲခိုထားတဲ့ နှုတ်ဆိတ်ခြင်း​တွေကို ကျွန်​တော့်အသက်ရှုသံ​တွေနဲ့ခါထုတ်ပစ်လိုက်၏။

"မင်း ဘာမြင်လဲ အတိအကျ​ပြောကြည့်လိုက်"

"အစ်ကို သူ့ကို"

​စကားလုံး​တွေ​​ရွေးချယ်ဖို့ မေ့​လျော့​တာလား၊ ​ပြောမထွက်တာလား သူသာသိမည်။ အထင်လွဲချင်စရာအ​နေအထားတစ်ခုကို သူဘယ်လိုသတ်မှတ်မလဲ ကျွန်​တော့်ဘက်မှာ​တော့ အ​ဖြေထွက်ပြီးသား။ တကယ်​တော့ ကျွန်​တော် ကိုထွဋ်ကို ကိုယ်ထိလက်​ရောက် မကျူးလွန်ခဲ့။ ရှင်းရှင်း​ပြောရရင် အိပ်​ပျော်​နေတဲ့နှုတ်ခမ်း​တွေကို ကျွန်​တော် မနမ်းခဲ့။ သူလာရာဘက်ကကြည့်ရင် ကျွန်​တော့်မျက်နှာနဲ့ ကိုထွဋ်မျက်နှာနီးစပ်​နေမှုကို ဒီလိုအဓိပ္ပါယ်ဖွင့်မှာ ကျွန်​တော် သိ​နေပြီးသားဖြစ်သည်။

"အဲ့ဒါကို gay လို့​ခေါ်တယ်။ မင်းလည်း ​ခေတ်လူငယ်တစ်​ယောက်ပဲ ကြားဖူးနားဝ​တော့ရှိမှာ​​ပေါ့။ ငါက အဲ့လိုကောင်။ ရွံတယ်မလား"

"ဘာကိုလဲ"

"မင်း ငါ့​ဒေါသကိုဆွ​နေတာလား ဇာမဏိ!"

"အစ်ကိုက ဘာကို​ဒေါသဖြစ်တာလဲ"

စိတ်မရှည်ခြင်း​တွေနဲ့ သူ့မျက်နှာကိုစိုက်ကြည့်ပစ်လိုက်၏။ ရင်ထဲဗ​လောင်ဆူ​နေတာက မီး​တောင်​ချော်ရည်ပူ​တွေ​ပေါက်ကွဲထွက်လာသလို အရှိန်ပြင်းပြင်းနဲ့ အ​တွေး​တွေထိအရာအားလုံးက တ​မြေ့​မြေ့​​လောင်ကျွမ်းပျက်ဆီးလာတဲ့ မိနစ်​​တွေဖြစ်​နေခဲ့သည်။

"ငါက gay။ ငါ မိန်းက​လေး​တွေကို စိတ်မဝင်စားဘူး ဇာမဏိ။ ဒါ​ပေမယ့် ​ယောက်ျားတိုင်းကိုလည်း လိုက်ကြိုက်မ​နေဘူးဆို​တာတော့ သိထား"

"အစ်ကို နမ်း​နေတဲ့လူက​ရောသိလား"

"ငါ့သူငယ်ချင်းနှစ်​ယောက်ကလွဲရင် ဘယ်သူမှမသိဘူး။ အခု​တော့ မင်း​ရော!"

​မြားနှစ်စင်းလို ချွန်မြ​နေတဲ့ အကြည့်​တွေတိုက်ခိုက်​နေမိကြရင်း ကျွန်​တော်သူ့​ရှေ့​ခြေလှမ်းတိုးမိ၏။

"ငါ့ အားနည်းချက် လူသိရှင်ကြားဖြစ်တဲ့​နေ့ တရားခံကမင်းပဲ"

ကျွန်​တော် စတဲ့​ခြေလှမ်း​တွေကို ကျွန်​တော့်ဘက်ကပဲ စတင်ရုတ်သိမ်းခဲ့လိုက်၏။ မ​မျှော်လင့်ခဲ့သူဆီ မ​မျှော်လင့်တဲ့ဖြစ်ရပ်တစ်ခု လက်သိပ်ထိုး​ပေးခဲ့တဲ့ ကံကြမ္မာက ကျွန်​တော့်ကို ​​ဆော့ကစားချင်ပုံရသည်။ ​တင်းလွန်းတဲ့စကားလုံး​တွေက ကျွန်​တော့်တစ်သက်တာလျှို့ဝှက်​ချက်ကို ဆက်လက်လုံခြုံ​စေမယ့် လက်နက်တစ်ခုအဖြစ်အသုံးပြုခဲ့ရခြင်း။

"ငါ မင်းကို မမြင်ချင်​တော့ဘူး ဇာမဏိ"

ပြည့်စုံစွာ အရွယ်မ​ရောက်​သေးတဲ့ ​မျက်နှာတစ်ခုကို​​ရှောင်လွှဲပစ်ရချိန် မ​လေးရှားပိ​တောက်ပွင့်​တွေက ​လေအသုတ်မှာ​ဖြောခနဲ​ကြွေကျပြန်သည်။ ကြက်​ပေါင်စိမ်းဖိနပ်​သဲကြိုးပေါ် ​ဖေးတင်​နေတဲ့ ပန်းပွင့်ဝါနုပ်နုပ်တို့က ​ကျွန်​တော့်အတွက်​တော့ ​လောင်ကျွမ်း​နေတဲ့မီးစာပွင့်​တွေလို။ ကျွန်​တော့်အခန်းငယ်ကို နာကျင်မှုနဲ့ပိတ်သိမ်းခဲ့ရခြင်းမှာ ကျွန်​တော့်သံ​ယောဇဥ်ရဲ့နာဖျားမှုကနှစ်ဆ။

*********************************************************

"မင်းပဲ​မောင်းလိုက်​တော့ ရဲဘုန်း"

"ဘာဖြစ်တာလဲ ​နေ​သော်"

ရဲဘုန်းလက်ထဲ ကား​သော့ထည့်​ပေးပြီး ​ခေါင်းခါပြလိုက်ရသည်။ ငယ်တည်းက​ပေါင်းလာသူ​တွေမို့ အလိုက်တသိနဲ့ မ​မေး​တော့။ မာမီတို့ဝန်ထမ်းကား​ပေါ်ကျွန်​တော်တက်​တော့ ကိုထွဋ်ကလည်း စီနီယာ​တွေဘက်ပြန်​ရောက်သွားသည်။ မာမီက ရဲဘုန်း​မောင်းတဲ့ကား​ပေါ် ညီမ​လေးနဲ့အ​ဆောင်းတို့နားအ​ဖော်ပြု၏။ အပြန်ခရီးက တိတ်ဆိတ်မှုနှင့် ရှည်ကြာလွန်းသည်။ အ​တွေး​တွေက စိုးရိမ်ထိတ်လန့်မှု​တွေထဲ​ခြေရာထပ်ပြီး ဒဏ်ရာဖြစ်​အောင်လှိုက်စား​နေခဲ့သည်။

အိမ်ရာဝင်းထဲကားထိုးရပ်​တော့ ည ၉နာရီဝန်းကျင်။ ​ထွက်သွားတဲ့ ခြေသံ​တွေကိုနားစွင့်ရင်း ​ရှောင်လွှဲချင်တဲ့လူနဲ့မျက်နှာချင်းမဆိုင်မိ​အောင် ကျွန်​တော်ထိုင်ရာက မထရှိ​နေဆဲ။

"ဟိတ်! ​ကို​နေ​သော် ​အရမ်းကိုပင်ပန်းပြီး အိပ်​ပျော်​နေတာလား"

"ကိုထွဋ်"

"အင်း... ကိုယ်အ​ပေါ်တက်​တော့မယ်။ ​နေ​ကောင်းရဲ့လား"

နဖူး​ပေါ်​ရောက်လာ​တော့မယ့်လက်ကို ကျွန်​တော်​ခေါင်းငုံ့ငဲ့​ရှောင်လိုက်မိသည်။

"​ကောင်းတယ် ကိုထွဋ်။ ကိုထွဋ် နား​လေ။ ဒီ​နေ့​တော်​တော်ပင်ပန်းသွားတာ။ ကို​ဇေတို့​ရော ပြန်ပြီလား"

"အင်း...​နေ​သော် အိပ်​ပျော်​နေတယ်ထင်လို့ နှုတ်ဆက်မသွားကြ​တော့တာ"

"​ကျေးဇူးတင်ပါတယ် ​ဒေါ်​​လေး။ အ​ဆောင်းတို့လည်း သဘက်ခါ​တော့ မ​ကွေးပြန်မယ်"

​နွေညခင်းထဲပျံ့လွင့်လာတဲ့နှုတ်ဆက်သံ​တွေ။ လှမ်းမကြည့်​ပေမယ့် ကျွန်​တော့်မျက်ဝန်း​ထောင့်ကမြင်​နေရတဲ့ လှုပ်ရှားမှုများက ကျွန်​တော့်မြင်ကွင်းကို​ဘောင်ဘင်ခတ်​နေကြသည်။

"Good night ​နေ​သော်။ see you"

​ခေါင်းညိတ်ပြုံးပြလိုက်​ပေမယ့် ကျွန်​တော့်အာရုံက မျက်ဝန်း​ထောင့်က နှုတ်ဆက်သံ​တွေမှာသာ ခိုတွဲ​နေ၏။

"​နေ​သော် ဘာဖြစ်တာလဲ"

ကိုထွဋ်ထွက်သွားတာနဲ့ ရဲဘုန်းနဲ့ဖြိုး​လေးက မျက်ရိပ်မျက်​ခြေ​တွေပြပြီး အနား​ရောက်လာသည်။

"ငါ ကိုထွဋ်အနားရှိ​နေတာကို မြင်သွားတယ်"

"ဘယ်သူကလဲ"

"အညာသား"

"မင်း တစ်ခုခု..."

ရဲဘုန်းအသံက သက်ပြင်းတစ်ခုနဲ့အဆုံးသတ်သွားသည်။ ကျွန်​တော့်​ခေါင်းက ကမ္ဘာ​မြေဆွဲအားအတိုင်းငိုက်စိုက်ကျ​​နေ၏။

"ဒီ​နေ့အိမ်မှာ ဘယ်သူမှမရှိလို့ ​​နေ​သော့်ကို ​ခေါ်သွားလို့ရမလား အန်တီ"

"အို... သူငယ်ချင်း​တွေဆုံ​တော့ နားလို့​ရောရပါ့မလား"

"ကျွန်​တော်က သရဲ​ကြောက်တယ်​လေ အန်တီ။ တစ်​ယောက်တည်း မအိပ်ရဲတာ သိသားနဲ့ ဟီး။ သူသာလိုက်မအိပ်ရင် ကျွန်​တော် ပိုပြီးအနားမရဘူး"

ဖြိုး​လေးက မာမီ့လက်​မောင်းကိုသွားဆွဲပြီး ​ပြောဆိုလိုက်တာနဲ့ မာမီ့ဆီကအပြုံးတစ်ခုနဲ့ခွင့်ပြုချက်ရသည်။ ညငှက်​တွေက အ​မှောင်မှာအမဲလိုက်ထွက်ဖို့ သဘာဝတရားက ဖန်ဆင်း​ပေးထားသလိုမျိုး ကျွန်​တော်လည်း အ​မှောင်ထုရဲ့ မွန်းကြပ်မှု​တွေက​နေ လွတ်​မြောက်ချင်၏။

*****************************************

"မင်း​ပြောလိုက်တာက ​ကောင်းပါတယ်။ သူ့ပုံစံက နှုတ်ဖွာမယ့်ပုံ​တော့မရှိဘူး"

"လူ့အ​ရေးဆိုတာ ဘယ်လိုလုပ်​ပြောနိုင်မှာလဲ ရဲဘုန်း။ တစ်ချိန်ချိန် အဲ့အညာသားက ဘရဏီ့ကိုကြိုက်လို့ ​နေ​သော့်အားနည်းချက်နဲ့ ကိုင်​ပေါက်လာရင် ဘယ်လိုလုပ်မလဲ"

"ဖြိုး​လေး!"

"ငါက သ​ဘော​ပြောပြတာကွာ။ အဆိုးဆုံးအ​ခြေအ​နေကို​တွေးထား​တော့ တကယ်ဖြစ်လာရင် ရင်ဆိုင်နိုင်တယ်"

"မင်း ဘယ်လိုလုပ်ချင်လဲ ​နေ​သော်"

ညတာရှည်ရှည်ထဲသက်ပြင်း​တွေက မှုတ်ထုတ်လို့ပဲမကုန်နိုင်။

"ဘာမှမလုပ်ချင်ဘူး"

"​အေး​လေ ထားလိုက်ပါ။ တစ်ခုခုဆိုလည်း ငါတို့ရှိတာပဲ"

"ငါ သူ့ကိုမမြင်ချင်​တော့ဘူး ရဲဘုန်း"

"​နေ​သော်...မင်း မိန်းက​လေး​တွေကို မကြိုက်တာက အားနည်းချက်မဟုတ်ဘူး။ သူများက မင်းအားနည်းချက်ကိုနင်းပြီး မင်းအနာဂတ်ကိုဖျက်ဆီးမှာ​တွေဘာညာလည်း ​တွေး​ကြောက်​နေဖို့ မလိုဘူး။ ငါ​ပြောတာ သိလား။ မင်း ဘယ်သူ့ကိုချစ်တယ်ဆိုတာက မင်း စာရိတ္တနဲ့ အကျင့်စရိုက်ကို ဆုံးဖြတ်​ပေးတာမဟုတ်ဘူး။ မင်း ဘာလုပ်တယ်၊ ဘယ်လိုပြုမူတယ်ဆိုတာကမှ မင်း ဘယ်လိုလူဖြစ်​ကြောင်း သတ်မှတ်​ပေးတာ။ မိန်းက​လေးကိုပဲချစ်ချစ်၊ ​ယောက်ျား​လေးကိုပဲချစ်ချစ် အဲ့ဒါက ဘယ်​တော့မှ မင်းအားနည်းချက်ဖြစ်လာမှမဟုတ်ဘူး"

"ဒါ​ပေမယ့် အဲ့ဒါကပဲ မာမီနဲ့ညီမ​လေးဘဝမှာ တစ်ခုတည်း​သော အမဲစက်ဖြစ်လာမယ်ဆိုရင်...ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ရဲဘုန်း"

"မင်းက သိပ်​တွေးလွန်းတာပဲ။ မင်း အဆင်​ပြေဖို့က အရင်ပါ။ မင်းသာအဆင်​ပြေရင် အန်တီနဲ့ဘရဏီပါ အလိုလိုအဆင်​ပြေသွားလိမ့်မယ်"

ပင်ပန်း​ပေမယ့် အိပ်ပျက်ညထဲ ဒီ​နေ့တစ်ရက်ထည့်​ပေါင်းရမည်။ ရဲဘုန်းနဲ့ဖြိုး​လေးရဲ့ နှစ်သိမ့်စကား​တွေက နံရံ​တွေထဲက​နေ ကျွန်​တော့်အ​တွေး​တွေထဲ ပြန်ကန်ထွက်လာ၏။ မီးအိမ်ကအလင်းသဲ့သဲ့နဲ့ အသက်ရှုသံတိုးတိုးတို့ အပြန်အလှန်​ဖေးမ​နေတဲ့ နာရီလက်တံ​တို့က မသာတဲ့လမင်းကို ​လှောင်ရယ်​နေကြသည်။ ဖုန်းဖွင့်ပြီး ​facebook ထဲဝင်လိုက်တာနဲ့ အိပ်စက်​နေတဲ့နာမည်တစ်ခုကိုရိုက်ထည့်လိုက်သည်။ ​တွေ့စကအတိုင်း ရှင်းလင်း​နေတဲ့အ​ကောင့်ကို အချိန်ကြာ​ငေးစိုက်ရင်း ကျွန်​တော့်မနက်ဖြန်​တွေမှာ မသိကိန်း​တွေပိုလာ၏။ ကျွန်​တော့်အ​တွေးနဲ့​ရေးတဲ့ ဒိုင်ယာရီ​ထဲ မညီမျှခြင်း​တွေရှုပ်​ထွေး​နေသည်။ ဒီည​နေခင်းရဲ့​နောက်ဆုံးအချိန်​တွေမှာ လက်​ချောင်း​တွေကြားငြိမ်သက်​နေခဲ့တဲ့ Lipo ပုလင်းက ကျွန်​တော် ကြည့်မိ​နေတဲ့အ​ကောင့်လို။ မမြင်ချင်တဲ့အခန်းငယ်ထဲ ပစ်ထည့်လိုက်တဲ့နာမည်နဲ့အတူ Lipo ​တွေပါပါသွား၏။ ​ကျွန်​တော် နောက်ထပ် ဘယ်​တော့မှ Lipo သောက်ဖြစ်​တော့မည်မဟုတ်။

*********************************************************

သင်္ကြန်အကျ​နေ့

"ကိုကို ကျပ်​နေ​အောင်ကျစ်​ပေး​နော်"

"အရမ်းကျပ်​နေရင် ဦး​ရေ​တွေနာမှာဆိုးလို့။ အခုအတိုင်းအဆင်​ပြေတယ်မလား"

"​ပြေတယ်။ ​ပြေတယ်"

စိမ်းဖန့်ဖန့်အ​ရောင်​ပြောင်းထားတဲ့ ဆံနွယ်​တွေကို နှစ်ဖက်ခွဲပြီး ကျစ်ဆံမြီးကျစ်​ပေးခံ​နေရတဲ့ ညီမ​လေးက ပြုံးတုံ့တုံ့။ မှန်ကို​ထောင်ထားပြီး သူ့ခမျာ လှမလှ ကျွန်​တော့်ဘက်လှည့်ကြည့်ရ​သေးသည်။

"ညီမ​လေး ငယ်ငယ်တည်းက ကိုကိုပဲကျစ်​ပေးလာတာကို။ ကိုယ့်အစ်ကိုလက်ရာကို မယုံ​တော့တာလား ​​ကောင်မ​လေး ဟမ်!"

"ဟုတ်ပါဘူး ကိုကိုရ။ တစ်​နေကုန်လည်မှာဆိုရင် ​ပြေမှာဆိုးလို့"

"ဆိုးမ​နေနဲ့။ ဂျယ်လ်ဖြန်းပြီးလုပ်တာပဲ။ မ​ပြေပါဘူး။ ​ဇော်ထက်တို့က ဘယ်အချိန်လာမလဲ"

"ရှစ်နာရီထိုး အ​ရောက်လာမယ်တဲ့။ အလုံမှာ အဂီတို့ကိုဝင်​ခေါ်ပြီးမှ လာလိမ့်မယ်။ ဒါနဲ့ ဟိုတစ်ခါရုပ်ရှင်လိုက်ကြည့်တဲ့ ​မေပျို​ရောပါမှာ။ ကိုကို အဆင်​ပြေရဲ့လား"

"ညီမ​လေး အဆင်​ပြေရင် ကိုကိုက အားလုံးအို​ကေပဲ"

"ကိုကို့ကိုချစ်..."

"ချစ်ရင် ​ပြောစကားနား​ထောင်။ မျက်နှာသုတ်ပဝါအကြီး​ရော ယူခိုင်းထားတာ ထုတ်ပြီးပြီလား။ ဘယ်မှာလဲ"

"ထုတ်ပြီးပြီ။ အခန်းထဲကျန်ခဲ့တာ ဟီး.."

"ထုတ်ပြီးရင် ရပါတယ်။ ကိုင်တာက ကိုကိုကိုင်ခဲ့​ပေးမယ်။ ​ပြောမယ်​နော်။ အရက်၊ ဘီယာ လုံးဝပဲ။ ညီမ​လေး​သောက်ချင်ရင် ​နောက်အသက်ပြည့်ပြီးမှ ကိုကို လိုက်တိုက်မယ်"

"မ​သောက်ဘူး ကိုကို။ မိန်းက​လေး​တွေအကုန်လုံးကို​ပြောထားတယ်။ ​ဇော်ထက်တို့က​တော့ ​သောက်မယ်ထင်တယ်"

"အင်း...သူတို့က​တော့ ​​ယောက်ျား​လေး​တွေဆို​တော့ ​သောက်ကြမှာ​ပေါ့"

"မာမီ​ရော တရားစခန်းဝင်တာ အဆင်​ပြေရဲ့လား မသိဘူး​နော်"

"ဘုရားရိပ်၊ တရားရိပ်သွားတာပဲ ဘာမ​ပြေစရာရှိမလဲ"

"ကိုဘုန်းတို့ကလည်း ​ဂေါ်ရန်ဂျီကျွန်းသွားတာ သင်္ကြန်ပြီးမှသွားတာမဟုတ်ဘူး။ သင်္ကြန်ပြီးမှဆို ကိုကို​ရော လိုက်လို့ရတယ်"

"​ဂေါ်ရန်ဂျီက ဘယ်အချိန်သွားသွားပါ။ ညီမ​လေးတို့နဲ့ ​​လျှောက်လည်တာက အခုထက် အသက်ကြီးသွားရင်မ​ကောင်းဘူး။ ဟုတ်တယ်မလား"

"ဟုတ်တယ်။ ​ဟော...ဖုန်းသံကြားတယ် ကိုကို။ ​ဇော်ထက်တို့လာပြီ ထင်တယ်"

​ဇော်ထက် စီစဥ်လာတဲ့ကားက light truck ကို ​ခုံနဲ့ နောက်အမိုးဖြုတ်ပြီး ​ပြုတ်မကျ​အောင် ယာယီဘေးတန်း​တွေထည့်ထားတာမျိုးဖြစ်၏။ ​ဇော်ထက်က ကား​မောင်းသူ​ဘေးထိုင်​နေပြီး ကျွန်​တော်တို့ ဆင်းလာတာမြင်​တော့ ​ပြေးလာသည်။

"ကျွန်​တော် အခုချိန် ​ဂေါ်ရန်ဂျီ​ရောက်​နေရမှာ အစ်ကိုရာ။ ဘရဏီအဆွယ်​ကောင်းလို့ ရန်ကုန်က မခွာရ​တော့ဘူး"

"​ဂေါ်ရန်ဂျီက ​နောက်မှ​အေး​ဆေး​ပေါ့"

ညီမ​လေး ကား​ပေါ်တက်တာကို ကူ​ပေးရင်း ရင်းနှီးပြီးသား မျက်ဝန်းလှလှ​လေးတစ်စုံနဲ့ပက်ပင်းတိုးရသည်။ ​ရေစိုခံမိတ်ကပ်ဘာညာ​ကြောင့်လားမသိ နဂိုဖြူစင်တဲ့မျက်နှာက ​ပြောင်​ပြောင်တင်းတင်း​လေး။ မထူမပါးနှုတ်ခမ်းနီ​ဖျော့​ဖျော့က နှုတ်ခမ်းသားဖူးဖူး​လေး​ပေါ်မှာ အပြုံး​တွေထပ်တင်လိုက်​တော့ အ​ရောင်ပိုလှသွားတာကို ကျွန်​တော်လည်း အပြုံးနဲ့ပဲတုန့်ပြန်အသိအမှတ်ပြုလိုက်ရသည်။

"အစ်ကို​ရှေ့ခန်းထိုင်မလား"

"ရတယ်။ ​နောက်မှာ အဆင်​ပြေတယ်"

ညီမ​​လေးအပါအဝင် မိန်းက​​လေးငါး​ယောက်၊ ​ယောက်ျား​လေး​တွေဆိုတာလည်း မျက်နှာသိပြီးသားလူ​တွေပဲမို့ ကျွန်​တော့်အတွက်က အ​နှောင့်အယှက်မရှိ။

"ဒါဆို လူကြပ်​နေမလားမသိ။ မိန်းက​လေးနှစ်​ယောက် ​ရှေ့ခန်းသွားချင်လား"

"သင်္ကြန်လည်ချင်လို့ပါဆိုမှ။ ​ရှေ့ခန်းမှန်တင်ပြီးစီးရမှာလား ​ဇော်ထက်။ နင်ပဲစီး"

"မဟုတ်ပါဘူးဟာ။ ဟို​ကောင်ပါလာရင် ၁၂​ယောက်ဖြစ်ပြီ​လေ ကြပ်မှာဆိုးလို့"

"ဟဲ့ ဘယ်သူလာဦးမှာမို့လို့လဲ"

"ဟို​ကောင်​ပေါ့"

"ငါ​ရောက်ပြီ ​ဇော်ထက်"

အသံတစ်စ ကျွန်​တော့်အပါးကပ်ငြိလာတာနဲ့ မွန်းကြပ်​လှောင်ပိတ်စွာ ဖြတ်​ကျော်ခဲ့ရတဲ့ရက်​တွေက အစကပြန်အသစ်ဖြစ်လာခဲ့သည်။ Light truck ရဲ့ ​အောက်​ခြေ​ခြေနင်းခုံ​ပေါ် နင်းချလာတဲ့ အ​နက်​​ရောင် sneakers ကို အ​ပေါ်စီးက​နေ ကျွန်​တော် လှမ်းမြင်ရ၏။ အသံ​ကြောင့် မ​တော်တဆလှည့်ကြည့်မိရာက မျက်​တောင်ဖျားတစ်ခတ်စာမျှပွတ်တိုက်မိသွားတဲ့အမြင်လွှာ​အောက် ကျွန်​တော်က သင်္ကြန်​ရေမစိုခင် ​အေးစက်​တောင့်တင်းသွားရသည်။ ရက်အ​တော်ကြာ တိတ်ဆိတ်သွားတဲ့တိုက်ခန်းကနေ သူ ဘယ်ကဘယ်လိုပြန်​ရောက်လာခဲ့သလဲ။ ​ရင်မဆိုင်ချင်​တော့တဲ့ မျက်ဝန်း​တွေအတွက် သူ့​ခြေအစုံကား​ပေါ်​ရောက်လာတာနဲ့ ကျွန်​တော်​ကျောခိုင်းပစ်လိုက်မိသည်။

"ဘာလဲ မ​ကွေးပြန်ပြီဆို။ သင်္ကြန်အမှီပြန်လာတာလား"

မိန်းက​လေး​သံ​တွေက တခဏချင်း စီခနဲထွက်လာ​ပြန်သည်။

"မပြန်​သေးတာ"

"ဟ စာ​မေးပွဲပြီးတည်းက ခုထိမပြန်​သေးတာလား"

"အင်း"

ဦးတည်ရာတစ်ခုတည်းရှိတဲ့ စကားသံ​တွေက ကျွန်​တော့်​ကျောပြင်ကိုရစ်တွယ်ချုပ်​နှောင်​နေကြသည် ။ ရက်သတ္တပတ်တစ်ခု​ကျော် အိပ်မက်​တွေအထိ လိုက်လံ​ခြောက်လှန့်​နေခဲ့တဲ့ အဲ့ဒီ​နေ့မြင်ကွင်းက ကျွန်​တော့်ရင်မှာ လတ်လတ်ဆတ်ဆတ်အသစ်ဖြစ်လာခဲ့ပြန်သည်။ ကျွန်​တော်က အခုပဲ သူ့​ရှေ့အယူခံဝင်​နေတဲ့ တရားခံလို ​ကျောခိုင်းထား​ပေမယ့် မလွတ်​မြောက်နိုင်​အောင်ရှိ​နေဆဲ။ ကားက သိမ့်ခနဲအထွက် ​ဘေးတန်းကိုဖမ်းဆုပ်ကိုင်လိုက်ရ၏။ ​အိမ်ရာဝင်းအဝင်အထွက်ရှိ ပိ​တောက်​တွေကဝါဝါဝင်းပွင့်​နေကြသည်။ ​တကယ်တမ်း ကျွန်​တော့်မှတ်ဥာဏ်ထဲခုန်ဝင်လာတာက ကြက်​ပေါင်စိမ်းဖိနပ်​ပေါ်က မ​လေးရှားပိ​တောက်ပွင့်​ကြွေ​တွေ။ သင်္ကြန်ရဲ့​အေးမြခြင်း​တွေကို မခံစားနိုင်ခင်ဘဲ ကျွန်​တော်က ​ပိ​တောက်ပွင့်ဝါ​တွေနဲ့ ရယ်သံလွှမ်းတဲ့စကားသံ​တွေရဲ့ တစ်​နေ့တာထဲရှင်သန်နိုင်ဖို့...။

*********************************************

June 20.2021.(Sunday)

###############################

နှလုံးသားရပ်ဝန်းက တကယ်​ပေါ့​ပေါ့ပါးပါးပါ😆
အရမ်းကြမ်းတဲ့အချိုးအ​ကွေ့​တွေပါမှာမဟုတ်ပါဘူး။ ​နောက်တစ်ခုက အခုမှ တကယ့်ဇာတ်လမ်းကစတာပါ။ အခုချိန်ထိ ​တောက်​လျှောက်လိုက်​ပေး​နေတဲ့ စာဖတ်သူ​တွေကို တကယ် တကယ် ​ကျေးဇူးအများကြီးတင်ပါတယ် ♥️

******************************

"ဟက္!"

ရယ္သံက ​ေႏြသစ္႐ြက္​ေျခာက္​ေတြၾကားရွပ္တိုက္​ေျပးတဲ့ ​ေလနီၾကမ္းလို ကြဲအက္အက္။ ဒါက ကိုယ့္ကိုကိုယ္အား​ေပးတဲ့​ေလွာင္ရယ္သံတစ္ခု​ေပမယ့္ တိတ္ဆိတ္ျခင္းထဲထြက္က်လာခ်ိန္မွာ​ေတာ့ အက္ရာအထပ္ထပ္နဲ႔ မွန္သားျပင္ပါးတစ္ခုလို။ ဆံပင္​ေတြကို လွန္တင္သိမ္းဖြပစ္လိုက္ရင္း ကြၽန္​ေတာ့္အ​ေတြးအားလုံး ရႈပ္ယွက္ခတ္​ေန၏။

"ျမင္လိုက္တယ္ ဟုတ္တယ္မလား။ အရင္တစ္ခါက​ေရာ၊ အခု​ေရာ"

ကြၽန္​ေတာ့္​ေရွ႕​ေျခစုံရပ္​ေနသူကို ကြၽန္​ေတာ္ ​ေဘးတ​ေစာင္းအေနအထားနဲ႔သာ ရင္ဆိုင္​ေနမိျခင္း။ ​ေဘာလုံးကြင္းပတ္လည္မွာသိုင္းဝိုင္း​ေနတဲ့ မ​ေလးရွားပိ​ေတာက္ပင္​ေတြၾကားက​ေန အ​ေဝးမွာ ရပ္ထားဆဲရွိတဲ့ ကားသုံးးစီးကိုလွမ္းျမင္​ေနရသည္။ ဒီ​ေနရာမွာ ကြၽန္​ေတာ္တို႔ႏွစ္​ေယာက္တည္း​ေပမယ့္ ကြၽန္​ေတာ့္ဝန္းက်င္တစ္ခုလုံး​ေလဖိအားနည္းရပ္ဝန္းလို အရာရာက မႈန္မႈိင္း​ေထြျပားခ်င္စရာ​ေကာင္း​ေနသည္။

"​ရပ္ဝန္း​ေန​ေသာ္ဆိုတဲ့​ေကာင္ရဲ႕ အားနည္းခ်က္ကိုဖိနင္းထားခ်င္လို႔ အခုခ်ိန္ထိ ေသခ်ာ​ေအာင္​ေစာင့္ၾကည့္​ေနတာလား"

"အစ္ကို!"

Lipo ပုလင္းသာ အသက္ရွိရင္ အခုခ်ိန္႐ုပ္နဲ႔နာမ္ကြာ​ေနေလာက္၏။ လက္​ေခ်ာင္း​ေတြတင္းခနဲျဖစ္သြားတာကို ကြၽန္​ေတာ္ျမင္​ေနရသည္။ ဒီအျပဳအမူ​ေတြအားလုံးရဲ႕ မူလရင္းျမစ္ကို ကြၽန္​​ေတာ္ ခြဲျခမ္းစိတ္ျဖာျခင္းမျပဳႏိုင္။ တြက္နည္းမသိတဲ့ ပုစာၦ​ေတြကို အ​ေျဖမထုတ္ခ်င္သူလို ဇာမဏိမ်က္ႏွာကိုၾကည့္ဖို႔ ကြၽန္​ေတာ့္အသိစိတ္က ျငင္းဆန္​ေန၏။ ႏႈတ္ခမ္း​ေပၚတင္ထားမိတဲ့ ​ေလွာင္ၿပဳံး​ေတြက ကြၽန္​ေတာ့္လက္က်န္မာနပါးပါး။ သစ္႐ြက္​ေတြက ကြၽန္​ေတာ့္အစားသက္ျပင္းဖြဖြခ်​ေပးသည္။

"မဟုတ္ဘူးဆို ျငင္းလို႔ရတယ္"

ဒီပြဲမွာ ကြၽန္​ေတာ္တရားခံဆိုရင္​ေတာင္ ကြၽန္​ေတာ္သာ တရားသူႀကီးျဖစ္ရမည္။ နင္း​ေခ်ခံရဖို႔ ထိန္းသိမ္းပ်ိဳး​ေထာင္မိတဲ့ ရင္ခုန္သံ​ေတြမဟုတ္ခဲ့တာ ကြၽန္​ေတာ္သာအသိဆုံး။

"မျငင္းဘူးဆို​ေတာ့ ဝန္ခံတာ​ေပါ့"

"ကြၽန္​ေတာ္ မသိဘူး အစ္ကို"

႐ိုးရွင္းတာလား၊ အ​ေတြး​ေတြကိုလုံၿခဳံ​ေအာင္ဖုံးကြယ္ႏိုင္စြမ္းျမင့္လြန္းတာလားမသိတဲ့ အဲ့ဒီမ်က္ဝန္း​ေတြက ကြၽန္​ေတာ့္အခန္းငယ္ကို႐ိုက္ခ်ိဳးဖ်က္နင္းဝင္လာ​ေတာ့မယ့္ အလင္း​ေရာင္လို စူးရွ​ေနခဲ့၏။ ကြၽန္​ေတာ့္​ေလွာင္ၿပဳံး​ေတြရဲ႕အနားသတ္က မညီမညာ။

"မသိတာလား။ ​ေသခ်ာ​ေအာင္ ​ေျပာ​ေစခ်င္တာလား"

စကၠန္႔လက္တံ​ေတြ​ေပၚတြဲခိုထားတဲ့ ႏႈတ္ဆိတ္ျခင္း​ေတြကို ကြၽန္​ေတာ့္အသက္ရႈသံ​ေတြနဲ႔ခါထုတ္ပစ္လိုက္၏။

"မင္း ဘာျမင္လဲ အတိအက်​ေျပာၾကည့္လိုက္"

"အစ္ကို သူ႔ကို"

​စကားလုံး​ေတြ​​ေ႐ြးခ်ယ္ဖို႔ ေမ့​ေလ်ာ့​တာလား၊ ​ေျပာမထြက္တာလား သူသာသိမည္။ အထင္လြဲခ်င္စရာအ​ေနအထားတစ္ခုကို သူဘယ္လိုသတ္မွတ္မလဲ ကြၽန္​ေတာ့္ဘက္မွာ​ေတာ့ အ​ေျဖထြက္ၿပီးသား။ တကယ္​ေတာ့ ကြၽန္​ေတာ္ ကိုထြဋ္ကို ကိုယ္ထိလက္​ေရာက္ မက်ဴးလြန္ခဲ့။ ရွင္းရွင္း​ေျပာရရင္ အိပ္​ေပ်ာ္​ေနတဲ့ႏႈတ္ခမ္း​ေတြကို ကြၽန္​ေတာ္ မနမ္းခဲ့။ သူလာရာဘက္ကၾကည့္ရင္ ကြၽန္​ေတာ့္မ်က္ႏွာနဲ႔ ကိုထြဋ္မ်က္ႏွာနီးစပ္​ေနမႈကို ဒီလိုအဓိပၸါယ္ဖြင့္မွာ ကြၽန္​ေတာ္ သိ​ေနၿပီးသားျဖစ္သည္။

"အဲ့ဒါကို gay လို႔​ေခၚတယ္။ မင္းလည္း ​ေခတ္လူငယ္တစ္​ေယာက္ပဲ ၾကားဖူးနားဝ​ေတာ့ရွိမွာ​​ေပါ့။ ငါက အဲ့လိုေကာင္။ ႐ြံတယ္မလား"

"ဘာကိုလဲ"

"မင္း ငါ့​ေဒါသကိုဆြ​ေနတာလား ဇာမဏိ!"

"အစ္ကိုက ဘာကို​ေဒါသျဖစ္တာလဲ"

စိတ္မရွည္ျခင္း​ေတြနဲ႔ သူ႔မ်က္ႏွာကိုစိုက္ၾကည့္ပစ္လိုက္၏။ ရင္ထဲဗ​ေလာင္ဆူ​ေနတာက မီး​ေတာင္​ေခ်ာ္ရည္ပူ​ေတြ​ေပါက္ကြဲထြက္လာသလို အရွိန္ျပင္းျပင္းနဲ႔ အ​ေတြး​ေတြထိအရာအားလုံးက တ​ေျမ့​ေျမ့​​ေလာင္ကြၽမ္းပ်က္ဆီးလာတဲ့ မိနစ္​​ေတြျဖစ္​ေနခဲ့သည္။

"ငါက gay။ ငါ မိန္းက​ေလး​ေတြကို စိတ္မဝင္စားဘူး ဇာမဏိ။ ဒါ​ေပမယ့္ ​ေယာက္်ားတိုင္းကိုလည္း လိုက္ႀကိဳက္မ​ေနဘူးဆို​တာေတာ့ သိထား"

"အစ္ကို နမ္း​ေနတဲ့လူက​ေရာသိလား"

"ငါ့သူငယ္ခ်င္းႏွစ္​ေယာက္ကလြဲရင္ ဘယ္သူမွမသိဘူး။ အခု​ေတာ့ မင္း​ေရာ!"

​ျမားႏွစ္စင္းလို ခြၽန္ျမ​ေနတဲ့ အၾကည့္​ေတြတိုက္ခိုက္​ေနမိၾကရင္း ကြၽန္​ေတာ္သူ႔​ေရွ႕​ေျခလွမ္းတိုးမိ၏။

"ငါ့ အားနည္းခ်က္ လူသိရွင္ၾကားျဖစ္တဲ့​ေန႔ တရားခံကမင္းပဲ"

ကြၽန္​ေတာ္ စတဲ့​ေျခလွမ္း​ေတြကို ကြၽန္​ေတာ့္ဘက္ကပဲ စတင္႐ုတ္သိမ္းခဲ့လိုက္၏။ မ​ေမွ်ာ္လင့္ခဲ့သူဆီ မ​ေမွ်ာ္လင့္တဲ့ျဖစ္ရပ္တစ္ခု လက္သိပ္ထိုး​ေပးခဲ့တဲ့ ကံၾကမၼာက ကြၽန္​ေတာ့္ကို ​​ေဆာ့ကစားခ်င္ပုံရသည္။ ​တင္းလြန္းတဲ့စကားလုံး​ေတြက ကြၽန္​ေတာ့္တစ္သက္တာလွ်ိဳ႕ဝွက္​ခ်က္ကို ဆက္လက္လုံၿခဳံ​ေစမယ့္ လက္နက္တစ္ခုအျဖစ္အသုံးျပဳခဲ့ရျခင္း။

"ငါ မင္းကို မျမင္ခ်င္​ေတာ့ဘူး ဇာမဏိ"

ျပည့္စုံစြာ အ႐ြယ္မ​ေရာက္​ေသးတဲ့ ​မ်က္ႏွာတစ္ခုကို​​ေရွာင္လႊဲပစ္ရခ်ိန္ မ​ေလးရွားပိ​ေတာက္ပြင့္​ေတြက ​ေလအသုတ္မွာ​ေျဖာခနဲ​ေႂကြက်ျပန္သည္။ ၾကက္​ေပါင္စိမ္းဖိနပ္​သဲႀကိဳးေပၚ ​ေဖးတင္​ေနတဲ့ ပန္းပြင့္ဝါႏုပ္ႏုပ္တို႔က ​ကြၽန္​ေတာ့္အတြက္​ေတာ့ ​ေလာင္ကြၽမ္း​ေနတဲ့မီးစာပြင့္​ေတြလို။ ကြၽန္​ေတာ့္အခန္းငယ္ကို နာက်င္မႈနဲ႔ပိတ္သိမ္းခဲ့ရျခင္းမွာ ကြၽန္​ေတာ့္သံ​ေယာဇဥ္ရဲ႕နာဖ်ားမႈကႏွစ္ဆ။

*********************************************************

"မင္းပဲ​ေမာင္းလိုက္​ေတာ့ ရဲဘုန္း"

"ဘာျဖစ္တာလဲ ​ေန​ေသာ္"

ရဲဘုန္းလက္ထဲ ကား​ေသာ့ထည့္​ေပးၿပီး ​ေခါင္းခါျပလိုက္ရသည္။ ငယ္တည္းက​ေပါင္းလာသူ​ေတြမို႔ အလိုက္တသိနဲ႔ မ​ေမး​ေတာ့။ မာမီတို႔ဝန္ထမ္းကား​ေပၚကြၽန္​ေတာ္တက္​ေတာ့ ကိုထြဋ္ကလည္း စီနီယာ​ေတြဘက္ျပန္​ေရာက္သြားသည္။ မာမီက ရဲဘုန္း​ေမာင္းတဲ့ကား​ေပၚ ညီမ​ေလးနဲ႔အ​ေဆာင္းတို႔နားအ​ေဖာ္ျပဳ၏။ အျပန္ခရီးက တိတ္ဆိတ္မႈႏွင့္ ရွည္ၾကာလြန္းသည္။ အ​ေတြး​ေတြက စိုးရိမ္ထိတ္လန္႔မႈ​ေတြထဲ​ေျခရာထပ္ၿပီး ဒဏ္ရာျဖစ္​ေအာင္လႈိက္စား​ေနခဲ့သည္။

အိမ္ရာဝင္းထဲကားထိုးရပ္​ေတာ့ ည ၉နာရီဝန္းက်င္။ ​ထြက္သြားတဲ့ ေျခသံ​ေတြကိုနားစြင့္ရင္း ​ေရွာင္လႊဲခ်င္တဲ့လူနဲ႔မ်က္ႏွာခ်င္းမဆိုင္မိ​ေအာင္ ကြၽန္​ေတာ္ထိုင္ရာက မထရွိ​ေနဆဲ။

"ဟိတ္! ​ကို​ေန​ေသာ္ ​အရမ္းကိုပင္ပန္းၿပီး အိပ္​ေပ်ာ္​ေနတာလား"

"ကိုထြဋ္"

"အင္း... ကိုယ္အ​ေပၚတက္​ေတာ့မယ္။ ​ေန​ေကာင္းရဲ႕လား"

နဖူး​ေပၚ​ေရာက္လာ​ေတာ့မယ့္လက္ကို ကြၽန္​ေတာ္​ေခါင္းငုံ႔ငဲ့​ေရွာင္လိုက္မိသည္။

"​ေကာင္းတယ္ ကိုထြဋ္။ ကိုထြဋ္ နား​ေလ။ ဒီ​ေန႔​ေတာ္​ေတာ္ပင္ပန္းသြားတာ။ ကို​ေဇတို႔​ေရာ ျပန္ၿပီလား"

"အင္း...​ေန​ေသာ္ အိပ္​ေပ်ာ္​ေနတယ္ထင္လို႔ ႏႈတ္ဆက္မသြားၾက​ေတာ့တာ"

"​ေက်းဇူးတင္ပါတယ္ ​ေဒၚ​​ေလး။ အ​ေဆာင္းတို႔လည္း သဘက္ခါ​ေတာ့ မ​ေကြးျပန္မယ္"

​ေႏြညခင္းထဲပ်ံ႕လြင့္လာတဲ့ႏႈတ္ဆက္သံ​ေတြ။ လွမ္းမၾကည့္​ေပမယ့္ ကြၽန္​ေတာ့္မ်က္ဝန္း​ေထာင့္ကျမင္​ေနရတဲ့ လႈပ္ရွားမႈမ်ားက ကြၽန္​ေတာ့္ျမင္ကြင္းကို​ေဘာင္ဘင္ခတ္​ေနၾကသည္။

"Good night ​ေန​ေသာ္။ see you"

​ေခါင္းညိတ္ၿပဳံးျပလိုက္​ေပမယ့္ ကြၽန္​ေတာ့္အာ႐ုံက မ်က္ဝန္း​ေထာင့္က ႏႈတ္ဆက္သံ​ေတြမွာသာ ခိုတြဲ​ေန၏။

"​ေန​ေသာ္ ဘာျဖစ္တာလဲ"

ကိုထြဋ္ထြက္သြားတာနဲ႔ ရဲဘုန္းနဲ႔ၿဖိဳး​ေလးက မ်က္ရိပ္မ်က္​ေျခ​ေတြျပၿပီး အနား​ေရာက္လာသည္။

"ငါ ကိုထြဋ္အနားရွိ​ေနတာကို ျမင္သြားတယ္"

"ဘယ္သူကလဲ"

"အညာသား"

"မင္း တစ္ခုခု..."

ရဲဘုန္းအသံက သက္ျပင္းတစ္ခုနဲ႔အဆုံးသတ္သြားသည္။ ကြၽန္​ေတာ့္​ေခါင္းက ကမာၻ​ေျမဆြဲအားအတိုင္းငိုက္စိုက္က်​​ေန၏။

"ဒီ​ေန႔အိမ္မွာ ဘယ္သူမွမရွိလို႔ ​​ေန​ေသာ့္ကို ​ေခၚသြားလို႔ရမလား အန္တီ"

"အို... သူငယ္ခ်င္း​ေတြဆုံ​ေတာ့ နားလို႔​ေရာရပါ့မလား"

"ကြၽန္​ေတာ္က သရဲ​ေၾကာက္တယ္​ေလ အန္တီ။ တစ္​ေယာက္တည္း မအိပ္ရဲတာ သိသားနဲ႔ ဟီး။ သူသာလိုက္မအိပ္ရင္ ကြၽန္​ေတာ္ ပိုၿပီးအနားမရဘူး"

ၿဖိဳး​ေလးက မာမီ့လက္​ေမာင္းကိုသြားဆြဲၿပီး ​ေျပာဆိုလိုက္တာနဲ႔ မာမီ့ဆီကအၿပဳံးတစ္ခုနဲ႔ခြင့္ျပဳခ်က္ရသည္။ ညငွက္​ေတြက အ​ေမွာင္မွာအမဲလိုက္ထြက္ဖို႔ သဘာဝတရားက ဖန္ဆင္း​ေပးထားသလိုမ်ိဳး ကြၽန္​ေတာ္လည္း အ​ေမွာင္ထုရဲ႕ မြန္းၾကပ္မႈ​ေတြက​ေန လြတ္​ေျမာက္ခ်င္၏။

*****************************************

"မင္း​ေျပာလိုက္တာက ​ေကာင္းပါတယ္။ သူ႔ပုံစံက ႏႈတ္ဖြာမယ့္ပုံ​ေတာ့မရွိဘူး"

"လူ႔အ​ေရးဆိုတာ ဘယ္လိုလုပ္​ေျပာႏိုင္မွာလဲ ရဲဘုန္း။ တစ္ခ်ိန္ခ်ိန္ အဲ့အညာသားက ဘရဏီ့ကိုႀကိဳက္လို႔ ​ေန​ေသာ့္အားနည္းခ်က္နဲ႔ ကိုင္​ေပါက္လာရင္ ဘယ္လိုလုပ္မလဲ"

"ၿဖိဳး​ေလး!"

"ငါက သ​ေဘာ​ေျပာျပတာကြာ။ အဆိုးဆုံးအ​ေျခအ​ေနကို​ေတြးထား​ေတာ့ တကယ္ျဖစ္လာရင္ ရင္ဆိုင္ႏိုင္တယ္"

"မင္း ဘယ္လိုလုပ္ခ်င္လဲ ​ေန​ေသာ္"

ညတာရွည္ရွည္ထဲသက္ျပင္း​ေတြက မႈတ္ထုတ္လို႔ပဲမကုန္ႏိုင္။

"ဘာမွမလုပ္ခ်င္ဘူး"

"​ေအး​ေလ ထားလိုက္ပါ။ တစ္ခုခုဆိုလည္း ငါတို႔ရွိတာပဲ"

"ငါ သူ႔ကိုမျမင္ခ်င္​ေတာ့ဘူး ရဲဘုန္း"

"​ေန​ေသာ္...မင္း မိန္းက​ေလး​ေတြကို မႀကိဳက္တာက အားနည္းခ်က္မဟုတ္ဘူး။ သူမ်ားက မင္းအားနည္းခ်က္ကိုနင္းၿပီး မင္းအနာဂတ္ကိုဖ်က္ဆီးမွာ​ေတြဘာညာလည္း ​ေတြး​ေၾကာက္​ေနဖို႔ မလိုဘူး။ ငါ​ေျပာတာ သိလား။ မင္း ဘယ္သူ႔ကိုခ်စ္တယ္ဆိုတာက မင္း စာရိတၱနဲ႔ အက်င့္စ႐ိုက္ကို ဆုံးျဖတ္​ေပးတာမဟုတ္ဘူး။ မင္း ဘာလုပ္တယ္၊ ဘယ္လိုျပဳမူတယ္ဆိုတာကမွ မင္း ဘယ္လိုလူျဖစ္​ေၾကာင္း သတ္မွတ္​ေပးတာ။ မိန္းက​ေလးကိုပဲခ်စ္ခ်စ္၊ ​ေယာက္်ား​ေလးကိုပဲခ်စ္ခ်စ္ အဲ့ဒါက ဘယ္​ေတာ့မွ မင္းအားနည္းခ်က္ျဖစ္လာမွမဟုတ္ဘူး"

"ဒါ​ေပမယ့္ အဲ့ဒါကပဲ မာမီနဲ႔ညီမ​ေလးဘဝမွာ တစ္ခုတည္း​ေသာ အမဲစက္ျဖစ္လာမယ္ဆိုရင္...ငါ့ကိုယ္ငါ ခြင့္လႊတ္ႏိုင္မွာမဟုတ္ဘူး ရဲဘုန္း"

"မင္းက သိပ္​ေတြးလြန္းတာပဲ။ မင္း အဆင္​ေျပဖို႔က အရင္ပါ။ မင္းသာအဆင္​ေျပရင္ အန္တီနဲ႔ဘရဏီပါ အလိုလိုအဆင္​ေျပသြားလိမ့္မယ္"

ပင္ပန္း​ေပမယ့္ အိပ္ပ်က္ညထဲ ဒီ​ေန႔တစ္ရက္ထည့္​ေပါင္းရမည္။ ရဲဘုန္းနဲ႔ၿဖိဳး​ေလးရဲ႕ ႏွစ္သိမ့္စကား​ေတြက နံရံ​ေတြထဲက​ေန ကြၽန္​ေတာ့္အ​ေတြး​ေတြထဲ ျပန္ကန္ထြက္လာ၏။ မီးအိမ္ကအလင္းသဲ့သဲ့နဲ႔ အသက္ရႈသံတိုးတိုးတို႔ အျပန္အလွန္​ေဖးမ​ေနတဲ့ နာရီလက္တံ​တို႔က မသာတဲ့လမင္းကို ​ေလွာင္ရယ္​ေနၾကသည္။ ဖုန္းဖြင့္ၿပီး ​facebook ထဲဝင္လိုက္တာနဲ႔ အိပ္စက္​ေနတဲ့နာမည္တစ္ခုကို႐ိုက္ထည့္လိုက္သည္။ ​ေတြ႕စကအတိုင္း ရွင္းလင္း​ေနတဲ့အ​ေကာင့္ကို အခ်ိန္ၾကာ​ေငးစိုက္ရင္း ကြၽန္​ေတာ့္မနက္ျဖန္​ေတြမွာ မသိကိန္း​ေတြပိုလာ၏။ ကြၽန္​ေတာ့္အ​ေတြးနဲ႔​ေရးတဲ့ ဒိုင္ယာရီ​ထဲ မညီမွ်ျခင္း​ေတြရႈပ္​ေထြး​ေနသည္။ ဒီည​ေနခင္းရဲ႕​ေနာက္ဆုံးအခ်ိန္​ေတြမွာ လက္​ေခ်ာင္း​ေတြၾကားၿငိမ္သက္​ေနခဲ့တဲ့ Lipo ပုလင္းက ကြၽန္​ေတာ္ ၾကည့္မိ​ေနတဲ့အ​ေကာင့္လို။ မျမင္ခ်င္တဲ့အခန္းငယ္ထဲ ပစ္ထည့္လိုက္တဲ့နာမည္နဲ႔အတူ Lipo ​ေတြပါပါသြား၏။ ​ကြၽန္​ေတာ္ ေနာက္ထပ္ ဘယ္​ေတာ့မွ Lipo ေသာက္ျဖစ္​ေတာ့မည္မဟုတ္။

*********************************************************

သၾကၤန္အက်​ေန႔

"ကိုကို က်ပ္​ေန​ေအာင္က်စ္​ေပး​ေနာ္"

"အရမ္းက်ပ္​ေနရင္ ဦး​ေရ​ေတြနာမွာဆိုးလို႔။ အခုအတိုင္းအဆင္​ေျပတယ္မလား"

"​ေျပတယ္။ ​ေျပတယ္"

စိမ္းဖန္႔ဖန္႔အ​ေရာင္​ေျပာင္းထားတဲ့ ဆံႏြယ္​ေတြကို ႏွစ္ဖက္ခြဲၿပီး က်စ္ဆံၿမီးက်စ္​ေပးခံ​ေနရတဲ့ ညီမ​ေလးက ၿပဳံးတုံ႔တုံ႔။ မွန္ကို​ေထာင္ထားၿပီး သူ႔ခမ်ာ လွမလွ ကြၽန္​ေတာ့္ဘက္လွည့္ၾကည့္ရ​ေသးသည္။

"ညီမ​ေလး ငယ္ငယ္တည္းက ကိုကိုပဲက်စ္​ေပးလာတာကို။ ကိုယ့္အစ္ကိုလက္ရာကို မယုံ​ေတာ့တာလား ​​ေကာင္မ​ေလး ဟမ္!"

"ဟုတ္ပါဘူး ကိုကိုရ။ တစ္​ေနကုန္လည္မွာဆိုရင္ ​ေျပမွာဆိုးလို႔"

"ဆိုးမ​ေနနဲ႔။ ဂ်ယ္လ္ျဖန္းၿပီးလုပ္တာပဲ။ မ​ေျပပါဘူး။ ​ေဇာ္ထက္တို႔က ဘယ္အခ်ိန္လာမလဲ"

"ရွစ္နာရီထိုး အ​ေရာက္လာမယ္တဲ့။ အလုံမွာ အဂီတို႔ကိုဝင္​ေခၚၿပီးမွ လာလိမ့္မယ္။ ဒါနဲ႔ ဟိုတစ္ခါ႐ုပ္ရွင္လိုက္ၾကည့္တဲ့ ​ေမပ်ိဳ​ေရာပါမွာ။ ကိုကို အဆင္​ေျပရဲ႕လား"

"ညီမ​ေလး အဆင္​ေျပရင္ ကိုကိုက အားလုံးအို​ေကပဲ"

"ကိုကို႔ကိုခ်စ္..."

"ခ်စ္ရင္ ​ေျပာစကားနား​ေထာင္။ မ်က္ႏွာသုတ္ပဝါအႀကီး​ေရာ ယူခိုင္းထားတာ ထုတ္ၿပီးၿပီလား။ ဘယ္မွာလဲ"

"ထုတ္ၿပီးၿပီ။ အခန္းထဲက်န္ခဲ့တာ ဟီး.."

"ထုတ္ၿပီးရင္ ရပါတယ္။ ကိုင္တာက ကိုကိုကိုင္ခဲ့​ေပးမယ္။ ​ေျပာမယ္​ေနာ္။ အရက္၊ ဘီယာ လုံးဝပဲ။ ညီမ​ေလး​ေသာက္ခ်င္ရင္ ​ေနာက္အသက္ျပည့္ၿပီးမွ ကိုကို လိုက္တိုက္မယ္"

"မ​ေသာက္ဘူး ကိုကို။ မိန္းက​ေလး​ေတြအကုန္လုံးကို​ေျပာထားတယ္။ ​ေဇာ္ထက္တို႔က​ေတာ့ ​ေသာက္မယ္ထင္တယ္"

"အင္း...သူတို႔က​ေတာ့ ​​ေယာက္်ား​ေလး​ေတြဆို​ေတာ့ ​ေသာက္ၾကမွာ​ေပါ့"

"မာမီ​ေရာ တရားစခန္းဝင္တာ အဆင္​ေျပရဲ႕လား မသိဘူး​ေနာ္"

"ဘုရားရိပ္၊ တရားရိပ္သြားတာပဲ ဘာမ​ေျပစရာရွိမလဲ"

"ကိုဘုန္းတို႔ကလည္း ​ေဂၚရန္ဂ်ီကြၽန္းသြားတာ သၾကၤန္ၿပီးမွသြားတာမဟုတ္ဘူး။ သၾကၤန္ၿပီးမွဆို ကိုကို​ေရာ လိုက္လို႔ရတယ္"

"​ေဂၚရန္ဂ်ီက ဘယ္အခ်ိန္သြားသြားပါ။ ညီမ​ေလးတို႔နဲ႔ ​​ေလွ်ာက္လည္တာက အခုထက္ အသက္ႀကီးသြားရင္မ​ေကာင္းဘူး။ ဟုတ္တယ္မလား"

"ဟုတ္တယ္။ ​ေဟာ...ဖုန္းသံၾကားတယ္ ကိုကို။ ​ေဇာ္ထက္တို႔လာၿပီ ထင္တယ္"

​ေဇာ္ထက္ စီစဥ္လာတဲ့ကားက light truck ကို ​ခုံနဲ႔ ေနာက္အမိုးျဖဳတ္ၿပီး ​ျပဳတ္မက်​ေအာင္ ယာယီေဘးတန္း​ေတြထည့္ထားတာမ်ိဳးျဖစ္၏။ ​ေဇာ္ထက္က ကား​ေမာင္းသူ​ေဘးထိုင္​ေနၿပီး ကြၽန္​ေတာ္တို႔ ဆင္းလာတာျမင္​ေတာ့ ​ေျပးလာသည္။

"ကြၽန္​ေတာ္ အခုခ်ိန္ ​ေဂၚရန္ဂ်ီ​ေရာက္​ေနရမွာ အစ္ကိုရာ။ ဘရဏီအဆြယ္​ေကာင္းလို႔ ရန္ကုန္က မခြာရ​ေတာ့ဘူး"

"​ေဂၚရန္ဂ်ီက ​ေနာက္မွ​ေအး​ေဆး​ေပါ့"

ညီမ​ေလး ကား​ေပၚတက္တာကို ကူ​ေပးရင္း ရင္းႏွီးၿပီးသား မ်က္ဝန္းလွလွ​ေလးတစ္စုံနဲ႔ပက္ပင္းတိုးရသည္။ ​ေရစိုခံမိတ္ကပ္ဘာညာ​ေၾကာင့္လားမသိ နဂိုျဖဴစင္တဲ့မ်က္ႏွာက ​ေျပာင္​ေျပာင္တင္းတင္း​ေလး။ မထူမပါးႏႈတ္ခမ္းနီ​ေဖ်ာ့​ေဖ်ာ့က ႏႈတ္ခမ္းသားဖူးဖူး​ေလး​ေပၚမွာ အၿပဳံး​ေတြထပ္တင္လိုက္​ေတာ့ အ​ေရာင္ပိုလွသြားတာကို ကြၽန္​ေတာ္လည္း အၿပဳံးနဲ႔ပဲတုန္႔ျပန္အသိအမွတ္ျပဳလိုက္ရသည္။

"အစ္ကို​ေရွ႕ခန္းထိုင္မလား"

"ရတယ္။ ​ေနာက္မွာ အဆင္​ေျပတယ္"

ညီမ​​ေလးအပါအဝင္ မိန္းက​​ေလးငါး​ေယာက္၊ ​ေယာက္်ား​ေလး​ေတြဆိုတာလည္း မ်က္ႏွာသိၿပီးသားလူ​ေတြပဲမို႔ ကြၽန္​ေတာ့္အတြက္က အ​ေႏွာင့္အယွက္မရွိ။

"ဒါဆို လူၾကပ္​ေနမလားမသိ။ မိန္းက​ေလးႏွစ္​ေယာက္ ​ေရွ႕ခန္းသြားခ်င္လား"

"သၾကၤန္လည္ခ်င္လို႔ပါဆိုမွ။ ​ေရွ႕ခန္းမွန္တင္ၿပီးစီးရမွာလား ​ေဇာ္ထက္။ နင္ပဲစီး"

"မဟုတ္ပါဘူးဟာ။ ဟို​ေကာင္ပါလာရင္ ၁၂​ေယာက္ျဖစ္ၿပီ​ေလ ၾကပ္မွာဆိုးလို႔"

"ဟဲ့ ဘယ္သူလာဦးမွာမို႔လို႔လဲ"

"ဟို​ေကာင္​ေပါ့"

"ငါ​ေရာက္ၿပီ ​ေဇာ္ထက္"

အသံတစ္စ ကြၽန္​ေတာ့္အပါးကပ္ၿငိလာတာနဲ႔ မြန္းၾကပ္​ေလွာင္ပိတ္စြာ ျဖတ္​ေက်ာ္ခဲ့ရတဲ့ရက္​ေတြက အစကျပန္အသစ္ျဖစ္လာခဲ့သည္။ Light truck ရဲ႕ ​ေအာက္​ေျခ​ေျခနင္းခုံ​ေပၚ နင္းခ်လာတဲ့ အ​နက္​​ေရာင္ sneakers ကို အ​ေပၚစီးက​ေန ကြၽန္​ေတာ္ လွမ္းျမင္ရ၏။ အသံ​ေၾကာင့္ မ​ေတာ္တဆလွည့္ၾကည့္မိရာက မ်က္​ေတာင္ဖ်ားတစ္ခတ္စာမွ်ပြတ္တိုက္မိသြားတဲ့အျမင္လႊာ​ေအာက္ ကြၽန္​ေတာ္က သၾကၤန္​ေရမစိုခင္ ​ေအးစက္​ေတာင့္တင္းသြားရသည္။ ရက္အ​ေတာ္ၾကာ တိတ္ဆိတ္သြားတဲ့တိုက္ခန္းကေန သူ ဘယ္ကဘယ္လိုျပန္​ေရာက္လာခဲ့သလဲ။ ​ရင္မဆိုင္ခ်င္​ေတာ့တဲ့ မ်က္ဝန္း​ေတြအတြက္ သူ႔​ေျခအစုံကား​ေပၚ​ေရာက္လာတာနဲ႔ ကြၽန္​ေတာ္​ေက်ာခိုင္းပစ္လိုက္မိသည္။

"ဘာလဲ မ​ေကြးျပန္ၿပီဆို။ သၾကၤန္အမွီျပန္လာတာလား"

မိန္းက​ေလး​သံ​ေတြက တခဏခ်င္း စီခနဲထြက္လာ​ျပန္သည္။

"မျပန္​ေသးတာ"

"ဟ စာ​ေမးပြဲၿပီးတည္းက ခုထိမျပန္​ေသးတာလား"

"အင္း"

ဦးတည္ရာတစ္ခုတည္းရွိတဲ့ စကားသံ​ေတြက ကြၽန္​ေတာ့္​ေက်ာျပင္ကိုရစ္တြယ္ခ်ဳပ္​ေႏွာင္​ေနၾကသည္ ။ ရက္သတၱပတ္တစ္ခု​ေက်ာ္ အိပ္မက္​ေတြအထိ လိုက္လံ​ေျခာက္လွန္႔​ေနခဲ့တဲ့ အဲ့ဒီ​ေန႔ျမင္ကြင္းက ကြၽန္​ေတာ့္ရင္မွာ လတ္လတ္ဆတ္ဆတ္အသစ္ျဖစ္လာခဲ့ျပန္သည္။ ကြၽန္​ေတာ္က အခုပဲ သူ႔​ေရွ႕အယူခံဝင္​ေနတဲ့ တရားခံလို ​ေက်ာခိုင္းထား​ေပမယ့္ မလြတ္​ေျမာက္ႏိုင္​ေအာင္ရွိ​ေနဆဲ။ ကားက သိမ့္ခနဲအထြက္ ​ေဘးတန္းကိုဖမ္းဆုပ္ကိုင္လိုက္ရ၏။ ​အိမ္ရာဝင္းအဝင္အထြက္ရွိ ပိ​ေတာက္​ေတြကဝါဝါဝင္းပြင့္​ေနၾကသည္။ ​တကယ္တမ္း ကြၽန္​ေတာ့္မွတ္ဥာဏ္ထဲခုန္ဝင္လာတာက ၾကက္​ေပါင္စိမ္းဖိနပ္​ေပၚက မ​ေလးရွားပိ​ေတာက္ပြင့္​ေႂကြ​ေတြ။ သၾကၤန္ရဲ႕​ေအးျမျခင္း​ေတြကို မခံစားႏိုင္ခင္ဘဲ ကြၽန္​ေတာ္က ​ပိ​ေတာက္ပြင့္ဝါ​ေတြနဲ႔ ရယ္သံလႊမ္းတဲ့စကားသံ​ေတြရဲ႕ တစ္​ေန႔တာထဲရွင္သန္ႏိုင္ဖို႔...။

*********************************************

June 20.2021.(Sunday)

###############################

ႏွလုံးသားရပ္ဝန္းက တကယ္​ေပါ့​ေပါ့ပါးပါးပါ😆
အရမ္းၾကမ္းတဲ့အခ်ိဳးအ​ေကြ႕​ေတြပါမွာမဟုတ္ပါဘူး။ ​ေနာက္တစ္ခုက အခုမွ တကယ့္ဇာတ္လမ္းကစတာပါ။ အခုခ်ိန္ထိ ​ေတာက္​ေလွ်ာက္လိုက္​ေပး​ေနတဲ့ စာဖတ္သူ​ေတြကို တကယ္ တကယ္ ​ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ♥️

******************************

Continue Reading

You'll Also Like

571K 50.8K 41
အရိုင်းတုံးလေးနှယ် ခက်ပါဘိ။ အရိုင္းတံုးေလးႏွယ္ ခက္ပါဘိ။
287K 24.1K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode
615K 67.9K 52
ဤဝတ္ထုသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ကြောင်းနှင့်၊ လူ၊နေရာ၊ အရပ်ဒေသ၊ နာမည် တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်မှုဟုသာ ယူဆပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ...
884K 57.5K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...