မုရုံချီချီ သို့ မကောင်းဆိုးဝ...
By December_Moe
14.6K 2.5K 299
... More
Chapter 99
Chapter 100
Chpater 101
Chapter 102
Chapter : 103
Chapter 104
Chapter 105
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Not update
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 106
376 78 2
By December_Moe
Zawgyi
"Oh!"
"အား!!"
"ရှင့်ကိုလား?"
"ကောင်းပြီ!"
"မင်း!!"
"ဝုတ်! ဝုတ်! ဝုတ်!"
"ဟား ဟား ဟား"
"အား!"
"မင်း!"
"သွားရအောင်!"
"ဟုတ်ကဲ့"
"အိုး!"
"ဘာကိစ္စရှိလို့လဲ?"
"မလိုဘူး"
"ကျားလန်က ဘယ်သူလဲဆိုတာကို ကျွန်မ စဉ်းစားနေမိတာ! မုရုံချင်းလျန်နဲ့ သူက ဘယ်လိုဆက်ဆံရေးတွေများ ရှိနေလဲ? ဝမ်ရယ်... ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ စစ်ဆေးမှုတွေက ထူးဆန်းတယ်လို့ ကျွန်မ ခံစားမိတယ်! သူတို့ကို ထောက်ပံ့နေတဲ့ ဥာဏ်ကြီးရှင်တယောက်တော့ ရှိနေမှာ သေချာတယ်! အဲ့ဒီဥာဏ်ကြီးရှင်က ကျားလန်လား တခြားတယောက်လားဆိုတာတော့ ကျွန်မ သေချာမသိဘူး"
စာလုံးရေ - 8357
**********************************
Unicode
မုရုံချီချီစကားသည် မုရုံချင်းလျန်ကို အံ့သြသွားစေသည်။ မုရုံချင်းလျန်၏ နှုတ်ခမ်းမှာ အနည်းငယ် တုန်ယင်သွားသည်။
"ဘာလဲ? နင် ဘာပြောလိုက်တာလဲ? ငါနားမလည်ဘူး"
"နင်က ဒါကို နားမလည်တာလား? ငြင်းဆန်နေတာလား?"
မုရုံချီချီက လှောင်ရယ်လိုက်သည်။ သူမမျက်လုံးထဲမှ သတ်ဖြတ်လိုသည့် ဆန္ဒမှာ ပိုမိုပြင်းထန်လာသည်။
"ငါ့ကို ညှာတာပေးခဲ့တဲ့အတွက် နင့်ကိုပဲ ကျေးဇူးတင်ဖို့ လိုနေအုံးမလား? ကံကောင်းလို့ နင်က သံနှစ်ချောင်းပဲ စိုက်ခဲ့လို့ပေါ့။ နင်သာ သံအချောင်းနှစ်ဆယ်လောက် ရိုက်ထားခဲ့ရင် ငါ အဲ့ဒီနေရာမှာတင် တခါတည်း သေသွားမလားပဲ။ မဟုတ်သေးဘူး... နင် အဲ့လောက် အများကြီး သုံးလို့ မရဘူး။ အဲ့လိုဆိုရင် နင့်ရဲ့ ရက်စက်တတ်တဲ့ နှလုံးသားကို ထုတ်ဖော်ပြသရာကျသွားမယ်။ ဒါ့ကြောင့် နင်က သံနှစ်ချောင်းတည်း သုံးခဲ့တာပေါ့။ ဘယ်တချောင်း၊ ညာတချောင်းနဲ့ ငါ့အရိုးထဲထိ စိုက်ဝင်ခဲ့တယ်လေ"
ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင် တွေ့ကြုံခဲ့ရတဲ့ အရာတွေကို ပြန်စဉ်းစားမိရင်း မုရုံချင်းလျန်ကို ကြည့်နေသော မုရုံချီချီအကြည့်များသည် ပိုမိုအေးခဲလာသည်။ အရင်က ဒီသနားစရာကောင်းလှတဲ့လူတယောက်ဟာ ဒီရက်စက်တဲ့လူတွေရဲ့ လက်ထဲတွင် သေဆုံးခဲ့ရသည်။ အခု သူမက ဒီကို အချိန်ခရီးသွားပြီး ရောက်လာခဲ့သည်။ သူမသာ မွေးစားဖခင်၊ ဆရာနှင့် တွေ့ပြီး အချိန်မှီ ကုသမှုသာ ခံယူခွင့် မရခဲ့ဘူးဆိုလျှင် သူမခြေထောက် တစုံမှာ ပျက်စီးသွားပြီဟု ယူဆလို့ ရနေပြီ။
"မဟုတ္ဘူး... မဟုတ္ဘူး... အဲ့တာ ကျွန်မ မဟုတ္ဘူး"
မုရုံချင်းလျန်က သူမခေါင်းကို ခါရမ်းလိုက်ပြီး သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ ဒါတွေအားလုံး သူမလုပ်ခဲ့တယ်ဆိုတာ မုရုံချီချီက တကယ်ရှာတွေ့ခဲ့သည်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?
သူမက မုရုံချီချီကို သင်ခန်းစာ ပေးရုံ ပေးချင်ခဲ့သည်။ ထို့ကြောင့် သူမလူတွေကို သစ်သားတုတ်ရဲ့ အပ်ကြောင်းတွေကြားတွင် သံတွေကို မြှုပ်နှံစေခဲ့သည်။ ပထမ ရိုက်ချက်တချက်နှင့်ပင် ထိုသံချောင်းများဟာ အရိုးထဲကို စိုက်ဝင်ပေလိမ့်မည်။ သူမ ကြားဖူးသည်ကတော့ ထိုအရာကြောင့် တချို့လူများ ၏ခြေထောက်များပင် ပျက်စီးသွားကြခြင်းပင်။ မုရုံချီချီက ဘေးကင်းလုံခြုံရုံသာမက သိုင်းပညာပင် သင်ကြားတတ်မြောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့မိပေ။
မုရုံချီချီ ပြန်လာစဉ်က မုရုံချီချီက ကံကောင်းပြီး ထိုသံမ်ားက အရိုးကို မထိခိုက်ပဲ အသားထဲကိုပဲ ဝင်သွားခဲ့သည်ဟု သူမ တွေးခဲ့သည်။ ယခု မုရုံချီချီပြောတာ ကြားပြီးနောက် ထိုသံများသည် သူမကို အမှန်တကယ် ထိခိုက်ခဲ့သည်ဟု မုရုံချင်းလျန် သိလိုက်ရသည်။ ဒါနဲ့တောင် သူမက အသက်ရှင်နေသေးသည်။ တကယ္ကို မယုံနိုင်စရာပင်။
"Oh!"
မုရုံချင်းလျန်သည် သေခြင်းတရားနား ချဉ်းကပ်နေပြီဖြစ်သော်လည်း ရေငုံနှုတ်ပိတ်နေနိုင်သေးသည်ကို မြင်သောအခါ မုရုံချီချီမျက်လုံးထဲမှ အေးစက်မှုသည် ချက်ချင်းအရည်ပျော်သွားပြီး နူးညံ့သိမ်မွေ့လာသည်။
"အဲ့ဒါကို မင်းလုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့ဘူးဖြစ်စေ ငါကေတာ့ မင်းကို တာဝန်ယူစေချင်တုန်းပဲ"
မုရုံချီချီ၏ ချိုမြိန်သော အပြုံး နောက်ကွယ်မှ အကြံအစည်ကို မုရုံချင်းလျန် ချိန်ဆတွေးတောဖို့ မလုပ်နိုင်ခင်မှာပဲ မုရုံချင်းလျန်က်ု လက်ရှိရစ်ပတ်ထားသည့် အနီရောင်ပိတ်စကို မုရုံချီချီက တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အဝေးက်ု ဆွဲယူလိုက်သည်။
"အား!!"
မုရုံချင်းလျန်သည် နာကျင်မှုကြောင့် အော်ဟစ်မိတော့သည်။ အနီရောင်ပိတ်စသည် သူမအသားအရည်ကို တင်းတင်းကျပ်ကျပ ဆုပ်ကိုင် ပွတ်တိုက်သွားပြီး ချက်ချင်းပင် သေးငယ်သော အစင်းကြောင်းများကို ဖြစ်ပေါ်လာစေသည်။ သွေးများသည် သူမ၏ အရောင်ဖျော့ဖျော့ဝတ်စုံပေါ်တွင် ချက်ချင်းညစ်ညမ်းသွားစေသည်။
မကောင်းတော့ဘူး! က်ားလန္က တုန်လှုပ်သွားသည်။ မုရုံချီချီသည် အနီရောင်ပိတ်ပါးစလေးတခုဖြင့်ပင် လူတွေကို ဒဏ်ရာရအောင် ပြုလုပ်နိုင်မည်ဟု က်ားလန္က ထင်မထားမိခဲ့ချေ။
"ဆရာ... ဒါက လေးနိုင်ငံပြိုင်ပွဲ တခုဖြစ်နေတယ်။ ကျွန်တော်တို့ ကြားဝင်နှောက်ယှက်လို့ မရနိုင်ဘူး"
က်ားလန္က မုရုံချင်းလန်ကို ကယ်တင်ချင်တာ မြင်သောအခါ ကျင်ယုက သူ့လက်မောင်းကို လျင်မြန်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"သူမ ဘယ်လောက်အားနည်းနေတာက ပြောစရာတောင် မလိုတော့ဘူး... ဘယ်လိုလုပ်ပြီး သူမ ဆရာမိန်ရှ ရှာနေတဲ့တယောက်ဖြစ်နိုင်မှာလဲ?"
ကျင်ယုပြောတာ မွန္တာကို ကျားလန်လည်း သိသည်။ ဆဠမထပ်ရဲ့ ပုံရိပ်ယောင်ကို ဖျက်စီးနိုင်တဲ့သူက ဘာလို့ ဒီလောက်စိတ်ပျက်စရာကောင်းနေနိုင်မှာလဲ?
ဒါပေမယ့် ဆရာမိန်ရှလာပြီး ရှင်းလင်းအောင် မလုပ်နိုင်သေးခင်မှာ သူက လူတေယာက္ကို အလွတ်ပေးမိတာထက် လူတထောင်ကို မှားယွင်းပြီး အသိအမှတ်ပြုမိလိုက်တာက ပိုကောင်းသေးသည်။ နောက်ဆုံးမှာ ဒီမုရုံချင်းလျန်က ဆရာမိန်ရှ ရှာနေတဲ့သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆရာမိန်ရှ ကိုယ်တိုင်လာပြီး အတည်ပြုချန်ထိ သူမ အသက်ရှင်နေဖို့ လိုအပ်နေသေးသည်။
မုရုံချီချီ၏ အနီရောင်ပိတ်စသည် မုရုံချင်းလျန်၏ ကိုယ်သို့ နောက်တကြိမ်ရစ်ပတ်သွားချိန်တွင် အပြာရောင်ပုံရိပ်တခုသည် မုရုံချီချီရှေ့၌ ထွက်ပေါ်လာသည်။ ငွေရောင်အလင်းတချက် လက်သွားလေသည်။ ကျားလန်၏ ကောင်းမွန်သော ဓားသည် မုရုံချီချီ၏ အနီရောင်ပိတ်စကို နှစ်ပိုင်းပြတ်သွားစေသည်။
"သခင်မလေး... ဒီပုဂ္ဂိုလ်ဟာ အရှုံးကို ဝန်ခံပြီးသွားပြီလေ ဘာကြောင့်များ သူတပါးအသက္ကို လိုချင်သင့်နေမှာလဲ? တစုံတယောက် အမှားလုပ်မိခဲ့ရင်တောင် ဖြစ်နိုင်ရင် ခွင့်လွှတ်ပေးသင့်တယ်"
ဘယ်တော့မှ မပြောင်းလဲသော အပြုံးတခုနှင့်အတူ ကျားလန်၏ အမူအယာမွာ နူးညံသိမ်မွေ့ကာ တည်ငြိမ်အေးဆေးနေသည်။ ရုတ်တရက် ကျားလန်ပေါ်ထွက်လာမှုမှာ မုရုံချီချီကို ခေတ္တမျှ အံ့အားသင့်သွားစေပြီး မုရုံချင်းလန်ကို မျှော်လင့်ချက်ရောင်ခြည်သန်းလာစေသည်။
"အသက်တချောင်းကို ကယ်တင်လိုက်တာဟာ ဘုံခုနှစ်ဆင့်ဘုရားကျောင်းဆောင်တည်တာထက် ပိုကုသိုလ်ရပါတယ်။ ဒါ့အပြင် သခင်မလေးနဲ့ သူမကလည်း မိသားစုဝင်တွေပဲလေ။ ဘာကြောင့်များ ကိုယ့်ချင်းကိုယ်ချင်းကို သတ်ဖြတ်ချင်ရတာလဲ?"
မုရုံချင်းလျန်မှာ မြေပြင်ပေါ်တွင် လဲလှောင်းနေသည်။ ထိုဒဏ်ရာသေးသေးများမှာ အလွန်ပင်နာကျင်လှသည်။ တစုံတယောက်က သူမကို ကယ်တင်ရန် ရောက်လာသည်ကို မြင်သောအခါ သူမသည် လျင်မြန်စွာ တွားသွားလိုက်ပြီး ကျားလန်၏ေုခထောက်ကို ရေနစ်သူက ကယ်တင်ရှင်တွေ့သလို ဖက်တွယ်ထားလိုက်သည်။ သူမက ကျားလန်၏ အကျႌစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
"ကျွန်မ ရှင့်ကို တောင်းပန်ပါတယ် ကျွန်မကို ကယ်ပေးပါ။ သူမက ကျွန်မကို သတ်လိမ့်မယ်။ ကျွန်မကို ကယ်ပေးပါ"
သူ့ခြေထောက်မှာ ရှိနေတဲ့ အင်အားတခုဟာ က်ားလန္ကို အနည်းငယ်မျက်မှောင်ကြုတ်သွားစေသည်။
သူ ကြည့်လိုက်သောအခါ အပြာရောင်ဝတ်စုံမှာ သွေးများဖြင့် စွန်းထင်းညစ်ပတ်နေသည်။ ကျားလန်၏ အမူအယာမွာ ရုပ်ဆိုးသည့်ဘက်သို့ ကူးပြောင်းသွားသည်။ သူသည် သူ့၏အပြုံးကို ဆက်လက်ထိန်းသိမ်းထားသော်လည်း သူ့လက်ထဲက ဓားကမူ မုရုံချင်းလျန်ဆုပ်ကိုင်ထားသော သူ့အကျႌစကို ဖြတ်တောက်ပစ်လိုက်သည်။ သူသည် ဘေးတဖက်ကို လှည့်ပြီး သူ့ခြေထောက်ကို နောက်သို့ ပြန်ဆုတ်ကာ မုရုံချင်းလျန်မှ သူ့အား နောက်တကြိမ်ချဉ်းကပ်လာတာမျိုးအား ထပ်မဖြစ်စေနိုင်အောင် ပြုလုပ်လိုက်သည်။
သူသည် မိန်းမတယောက်၏ ထိတွေ့ခြင်းကို မကြိုက်ပေ။ ထို့အပြင် မုရုံချင်းလျန်သည် တကိုယ်လုံး သွေးများဖြင့် စွန်းထင်းနေသည်။ အရမ်းညစ်ပတ်သည်။ သူ့ကို နောက်တကြိမ် မုရုံချင်းလျန်က ဆုပ်ကိုင်ခြင်း ခံရမည်ကို ကြောက်ရွံ့သောကြောင့် သူသည် သူမချဉ်းကပ်လာနိုင်ခြင်းမှ ရှောင်ရှားနိုင်ရန် ခပ်ဝေးဝေးနေရာသို့ ပြောင်းရွေ့လိုက်သည်။
"ဘာကြောင့် သူမကို လွှတ်မပေးနိုင်ရတာလဲ? ကျွန်တော့ကို မျက်နှာသာပေးတဲ့အနေနဲ့ လုပ်ပေးလို့ရမလား?"
ကျားလန်သည် မုရုံချီချီကို ပြုံးပြလိုက်သည်။
"ရှင့်ကိုလား?"
မုရုံချီချီက နှောက်ယှက်ခံလိုက်ရကတည်းကပင် အလွန်မပျော်မရွှင် ဖြစ်နေသည်။ အခု က်ားလန္က မုရုံချီချီ၏ စိတ်ခံစားချက်များကို အဆိုးဘက်သို့ ကူးပြောင်းလာအောင် ရွံရှာဖွယ်စကားလုံးများဖြင့် တတွတ်တွတ်ပြောဆိုနေသည်။ သူမက မျက်ခုံးကို ပင့်လိုက်ပြီး ချစ်စရာကောင်းသော အပြုံးတခုကို ထုတ်ဖော်လိုက်သည်။
"ရှင်က ဘယ်သူလဲ? ရှင့်ကို မျက်နှာသာပေးရအောင် ရှင့်မှာ ဘယ်လောက် အရည်အချင်းပြည့်မှီတဲ့ မျက်နှာမျိုး ရှိလို့လဲ?"
မုရုံချီချီအသံသည် မကျေနပ်မှုများနှင့် ပြည့်နှက်နေသည်။ သူမ၏ အထေ့အငေါ့စကားသည် က်ားလန္ကို ခေတ္တခဏမျှ ကြောင်အမ်းသွားစေသည်။ သူ့မျက်နှာပေါ်မှ အပြုံးတပွင့်သည် ပထမဆုံးအကြိမ်အဖြစ် ပေါ်မလာနိုင်တော့ပေ။
ဒီမုရုံချီချီငြင်းဆန်ခြင်းသည် သူ၏ မျှော်လင့်ထားသည့်အချက်ထဲမှာပင် ရှိနေသေးသည်။ မုရုံချီချီနှင့် မုရုံချင်းလျန်ကြား အပြောအဆိုများကို သူ မကြားခဲ့ရသည့်တိုင် သူ စုဆောင်းရရှိထားသော အချက်အလက်များမှတဆင့် မုရုံအိမ်တော်တွင် မုရုံချင်းလျန်သည် တတိယသခင်မလေးဖြစ်သည့် မုရုံချီချီကို ကောင်းမွန်သော ဘဝမရှိစေခဲ့ပါ။ ထို့ကြောင့် သူတို့ကြားမှ အငြိုးအာဃာတများသည် ထိုကတည်းက ရှိခဲ့ကြသည်။ သူ ဒီလိုပြောလိုက်ရုံဖြင့် ထိုကိစ္စ ဒီတိုင်း ပစ်ချမထားနိုင်ပေ။
သို့သော် ဒီကို သူမလာခင်ကတည်းက ဆရာမိရှ၏ အမိန့်ကို သူလက်ခံရရှိခဲ့သည်။ မုရုံချင်းလျန်က ဆရာမိရှ ရှာချင်တဲ့သူ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖြစ်နိုင်ချေ ရှိနေလျှင်ပင် ဆရာမိရှကို ပေးထားသည့်ကတိကို တည်အောင် သူလုပ်ရမှာပင်။ ဒီနေ့ ဒီမုရုံချင်းလျန်ကို သူ့၏ စောင့်ရှောက်မှုအောက် ရောက်အောင် ခေါ်ဆောင်ရမှာပဲဖြစ်၏။
"ဒါဆိုရင် ဒီမိန်းကလေးကို လွှတ်ပေးချင်လာအောင် သခင်မလေးကို ဘာတွေများ လုပ်ပေးစေချင်ပါသလဲ?"
"ရှင့်ကို မျက်နှာသာပေးရမလား မပေးရဘူးလားဆိုတာ ကျွန်မရဲ့ အနီရောင်ပိတ်စကိုသာ မေးကြည့်လိုက်တော့!"
မုရုံချီချီစကားပြောနေစဉ်မှာပဲ သူမလက်ထဲမှ အနီရောင်ပိတ်စသည် ကျားလန်၏ မျက်နှာသို့ တန်းတန်းမတ်မတ် သွားလေသည်။ သို့သော်လည်း အနီရောင်ပိတ်စက ကျားလန်ကို မထိမိသေးမှီ သူ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည်။
"သခင်မလေး... ကျွန်တော့လက်ထဲမှာ ဒါ ရှိနေပြီဆိုတော့ သခင်မလေးကိုပဲ ဒီအတွက် တောင်းဆိုရတော့မှာပဲ။ ကျွန်တော်က သခင်မလေးဆီ ဒါကို လက်နှစ်ဖက်လုံးနဲ့ ပေးအပ်ပါတယ်။ ကျွန်တော်က သူမအသက်ကို ချမ်းသာပေးဖို့ကိုပဲ သခင်မလေးဆီက တောင်းဆိုချင်တာပါ"
မုရုံချီချီက လျင်မြန်သည်။ ကျားလန်က ပို၍ပင် လျင်မြန်လေသည်။ အကွားအဝေးအနီးနားမှပင် သူမ၏ အနီရောင်ပိတ်စကို ဆုပ်ကိုင်ထားနိုင်ခြင်းက ဒီကျားလန်ဟာ လျစ်လျူရှုထားလို့ မရသည့်လူစားဟု မုရုံချီချီကို ပထမဆုံးအကြိမ်အဖြစ် ခံစားမိစေသည်။
ကျားလန်က မြင့်မားတဲ့ အရည်အချင်းရှိသူ သခင်တယောက်ဖြစ်လို့ သူနဲ့ အငြင်းအခုန်ဖြစ်နေခြင်းက သူမအတွက် ဘာကောင်းကျိုးမှ ယူဆောင်ပေးမည်မဟုတ်ပေ။ အနာဂတ်က ရှည်လျားလှသည်။ နောက်တွင် ထပ်ပြီး အခွင့်အရေးတွေ ရှိနေပလိမ့်မည်။ ထိုသို့ တွေးပြီးနောက် မုရုံချီချီက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူမခန္ဓာကိုယ်မှ အေးစက်စက်အငွေ့အသက်သည် ပျောက်ကွယ်သွားပြီးသူမသည် နူးညံ့ပြီး အားနည်းသည့် မိန်းမတယောက်အဖြစ် ပြောင်းလဲသွားသည်။
"ဒီနေ့ ကျွန်မ ရှင့်ကို မျက်နှာသာပေးပြီး သူမကို လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် ရှင့်အနေနဲ့ ကျွန်မကို အရာသုံးခုတော့ လုပ်ပေးရမယ်"
"ကောင်းပြီ!"
ကျားလန်က ခေါင်းညိတ်လိုက်သည်။ မုရုံချီချီအလျော့ပေးလာအောင် လုပ်ဆောင်ပေးရခြင်းမှာ မလွယ်လှချေ။ ဆရာမိရှကို ကတိပေးထားခြင်းသာ မဟုတ်ခဲ့ပါလျှင် သူသည် တခြားတယောက်အတွက် ဝင်တောင်းပန်ပေးမည် မဟုတ်ပေ။
"ပထမဆုံးအချက်... ခွေးလို သုံးခါ ဟောင်ရမယ်"
"မင်း!!"
ထိုအရာကို ကြားသောအခါ ကျားလန်အမူအယာသည် တဖန်ပြောင်းလဲသွားပြန်သည်။ ဒါက သူမ ဘာကို ဆိုလိုချင်တာလဲ? သူ့ကို အရှက်ခွဲချင်တာလား? ကျားလန်မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
မုရုံချီချီက ကျားလန်မျက်နှာပေါ်မှ ဒေါသများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဘာကြောင့် သူက စည်းမျဉ်းကို ချိုးဖောက်ပြီး ကူညီချင်ရတယ်ဆိုတာ သူမ မသိသော်လည်း သူက သူမ၏ ကိစ္စကောင်းကို ဖျက်စီးလိုက်တာပဲ ဖြစ်၏။ ထို့ကြောင့် သူမအနေဖြင့် လွယ်လွယ်လေး လုပ်မပေးနိုင်ပါ။ ဒီလူသည် သူမလက်မှ မုရုံချင်းလျန်ကို ကယ်တင်ရန် မည်မျှလောက် ဆုံးဖြတ်ချက်ချထားသည်ကို သူမ သိလိုလှသည်။
"ဟင်းဟင်း... ကျွန်မက ရှင်ဟာ ယောကျ်ားတယောက်ဖြစ်ပြီး အပေးအယူလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီ ထင်တာ။ ရှင်က ဒါဟာ အပြောသက်သက်ပဲ ဆိုတာ ကျွန်မ ထင်မထားခဲ့ဘူး"
"ဝုတ်! ဝုတ်! ဝုတ်!"
မုရုံချီချီ ပြောမဆုံးသေးခင် ကျားလန်က ပါးစပ်ဟလိုက်သည်။ သူ့ပါးစပ်မှ ခွေးဟောင်သံသုံးချက် ထွက်ပေါ်လာပြီး ပွဲကည့်စင်တခုလုံးကို ပျံနှံ့သွားသည်။
"ဟား ဟား ဟား"
လူတိုင်းက ရယ်မောမိကြသည်။ ဝမ်ရမ်ခန်သည် ရယ်မောရင်းဖြင့် ခုံပေါ်မှပင် ပြုတ်ကျလေသည်။
"အိုင်းယားယား! ဝမ်းကွဲမရီးတော်ရဲ့ အကြံက မဆိုးဘူးပဲ! နောက်တခါ တယောက်ယောက်နဲ့ အလောင်းအစားလုပ်ရင် ငါလည်း ဒီလို လုပ်အုံးမှပဲ!"
လူအများ၏ ရယ်မောသံက ကျားလန်၏ အပြောင်းအလဲမရှိသော မျက်နှာကို ပန်းရောင်သန်းသွားစေသည်။ ဒီလိုလုပ်တာဟာ မိရှအတွက်ဆိုတာကို သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ကြိုးစားပမ်းစားပြီး နှစ်သိမ့်လိုက်ရသည်။ သူ့ကို နောက်မ မိရှက ပြင်းပြင်းထန်ထန် ပြန်ပေးရခိုင်းရမည်။ ဒီဒုက္ခတွေအားလုံးက အဲ့ဒီအစုတ်ပလုပ်မိရှဂြိုလ်မွှေလို့ ဖြစ်ရခြင်းပင်။
မုရုံချင်းလျန်အတွက် ကျားလန်က ဒီအဆင့်ကို လုပ်ဆောင်လိမ့်မည်ဟု မုရုံချီချီက မမျှော်လင့်မိခဲ့ပေ။ ဘယ်လိုလျှို့ဝှက်ချက်များ ရှိနေတာလဲ?  မုရုံချီချီက ထိုအကြောင်းကို စူးစမ်းချင်မိသည်။ ထို့ကြောင့် တဖက်လူက သူမခိုင်းသလို လုပ်ဆောင်ပြီးမှတော့ မုရုံချင်းလျန်ကို ခက်ခဲအောင် ဆက်ပြီး ပြုလုပ်မနေတော့ပေ။
ရယ်သံတွေ ရပ်တန့်သွားသောအခါ ကျားလန်လည်း ပိုပြီး တည်ငြိမ်လာသည်။
"နောက်ထပ် အရာနှစ်ခုကရော ဘာတွေများပါလဲ?"
"ကျွန်မလည်း မသိသေးဘူး။ ပထမဆုံး အဲ့ဒါတွေကို မှတ်ပဲ မှတ်ထားလိုက်ပါ။ နောင်တချိန် ကျွန်မ ရှင့်ကို ပြောပါ့မယ်"
မုရုံချီချီက ကျားလန်ကို ပျင်းရိစွာ ကြည့်လိုက်သည်။ သူမက မျက်နှာကို လှည့်လိုက်ကာ မြေပြင်ပေါ်၌ တိတ်ဆိတ်စွာ တွားသွားနေသော မုရုံချင်းလျန်ကို ကြည့်လိုက်သည်။
"မုရုံချင်းလျန် နင်သေချာနားထောင်! နောက်ကို နင့်ရဲ့အပြုအမူတွေကို ကောင်းကောင်းပြုမူဆက်ဆံပါ။ နောက်တခါ နင် ငါနဲ့ တွေ့လို့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံနေအုံးမယ်ဆိုရင် ငါ နင့်ကို သေအောင် ရိုက်ရလိမ့်မယ်! နင့်မှာ ဘာမှလုပ်စရာမရှိဘူးဆိုရင် ဘုရားမှာသာ များများဆုတောင်းနေချည်။ နောက်တခါကျလည်း ကံကောင်းထောက်မပြီး နင့်ကို ကယ်ပေးဖို့ ရောက်လာမယ့် အရူးကောင်တကောင် ရှိနေသေးပါစေလို့ ဆုတောင်းနေ!"
မုရုံချီချီအမြင်တွင် သူသည် 'အရူးကောင်' တကောင်ဖြစ်လာပြီးနောက် ကျားလန်က ခါးသက်စွာ ရယ်မောလိုက်သည်။ မိရှ... အိုး မိရှ... ငါတို့ကြားက ညီအစ်ကိုစိတ်ဓာတ်ကြောင့်သာ မဟုတ်ရင်... ငါ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးကြွေးသာ ငါ့မှာ မရှိခဲ့ဘူးဆိုရင် ငါ့ကိုယ်ငါ ဒီလောက်ထိ သိက္ခာအချခံမှာ မဟုတ်ဘူး။
ကျားလန် တွေးတောလို့ မပြီးသေးခင် မုရုံချီချီသည် ကျားလန်လက်ထဲမှ အနီရောင်ပိတ်စကို ဆွဲယူလိုက်သည်။ အနီရောင်ပိတ်စပျောက်ကွယ်သွားသောအခါ ကျားလန်သည် သူ့လက်ဖဝါးမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် သူ့လက်ဖဝါးကို ဖြန့်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် ဒဏ်ရာများစွာ ရှိနေသည်။ တခဏအတွင်းမှာပင် ဒဏ်ရာများမှာ အက်ကွဲလာကာ သွေးများ ပန်းထွက်လာသည်။
အကြင်နာတရားကင်းမဲ့တဲ့ မိန်းမတယောက်ပဲ! ကျားလန်က အံ့အားသင့်မိသည်။ သွေးထွက်နေခြင်းမှ တားဆီးရန်အလို့ငှါ ကျားလန်သည် သူ့၏ သွေးကြောကို ဖိနှိပ်လိုက်သည်။ အနီရောင်ပိတ်စလေး တခုကပင် သူ့ကို ထိုကဲ့သို့ ထိခိုက်စေသည်။ သူမ ဘယ်လိုများ လုပ်ထားတာလဲ? အနီရောင်ပိတ်စပေါ်က ချည်ကြိုးကပဲ အဲ့လိုလုပ်လိုက်တာလား?
"ကျွန်မလက်ထဲက တစုံတယောက်ကို ကယ်တင်ဖို့အတွက် ရှင်လည်းပဲ နာကျင်မှုဆိုတာကို ခံစားဖို့ ကိုယ့်ဘာသာ ပြင်ဆင်ထားသင့်တယ်။ ကျားလန်... ရှင် ဘယ်လိုလူလဲ၊ ဘာလှုပ်ရှားမှုတွေ ရှိလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ နောက်တခါ ရှင် ကျွန်မကို တားဆီးဖို့ ကြိုးစားရင် လက်တဖက်တည်း ဒဏ်ရာရတာလောက် ရိုးရှင်းမှာ မဟုတ်တော့ဘူး!"
မုရုံချီချီက လက်ကို အသာအယာ ပုတ်လိုက်သည်။ အနီရောင်ပိတ်စမှာ မုရုံချင်းလျန်၏ ခြေကျင်းဝတ်ဆီသို့ ပျံသန်းသွားသည်။
"အား!"
မုရုံချင်းလျန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူမခြေထောက်တခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေသည်။
"မင်း!"
ထိုမုရုံချီချီသည် သူမကတိကို မတည်တာ မြင်ရသောကြောင့် ကျားလန်သည် အလွန်ဒေါသဖြစ်မိသည်။ သို့ပေမယ့် ဒီတကြိမ်တွင် မုရုံချီချီက ရပ်တန့်လိုက်သည်။
"ကောင်းပြီ! ပန်ကုန်းလည်း ပန်ကုန်းဒေါသကို ဖောက်ခွဲပြီးပြီ! အခု ပန်ကုန်းရဲ့ စိတ်ရော ခံစားချက်ရော ကောင်းသွားပြီ! ကြည့်ကောင်းတဲ့ သွေးအရောင်ပါပဲ! နှစ်သစ်ရဲ့ လေထုထဲမှာ အနီရောင်တွေ ရှိနေတယ်! ဒိုင်လူကြီးက ဘယ်မှာလဲ? ရလဒ်ကို ကြေငြာရမယ့် အချိန် မဟုတ်ဘူးလား? ပန်ကုန်း ဗိုက်ဆာလို့ အိမ်ပြန်ပြီး ညစာစားတော့မယ့် အချိန်ရောက်နေပြီ!"
ပြီးခဲ့သည့် ပြိုင်ပွဲသုံးခုသည် သူတို့၏ ရလဒ်များကိုသာ ထည့်သွင်းမစဉ်းစားခဲ့လျှင် အလွန်ပင် ရိုးစင်းလွန်းသည်။ သို့သော်လည်း ဒီပြိုင်ပွဲတွင် သွေးကို အမှန်တကယ်မြင်ရလေသည်။ ထိုအချက်က ကျောက်ယန်မင်းသမီးအပေါ် လူတွေ၏ နားလည်မှုအား တဆင့်တိုးလာစေသည်။
"ပေကျိုးတိုင်းပြည်မှ အနိုင်ရတယ်လို့ ကြေငြာလိုက်ပါတယ်!"
ဒိုင်လူကြီး၏ ကြေငြာချက်သည် လူတိုင်း၏ နားထဲသို့ ရောက်ရှိလာသောအခါ ပေကျိုးမြို့သူမြို့သားများသည် အားပေးကြွေးကြော်ကြလေသည်။
"ငါတို့ နိုင်ပြီ! ငါတို့ နိုင်ပြီဟေ့!"
တိုင်းပြည်အတွက် ဂုဏ်ယူမှုတို့သည် လူတိုင်း၏ နှလုံးသားထဲတွင် ပြည့်နှက်နေသည်။ သူတို့ နိုင်ခဲ့ပြီ! နှစ်ဆယ့်ငါးနှစ်ကြာပြီးနောက် ပေကျိုးသည် လေးနိုင်ငံ ပြိုင်ပွဲတွင် အနိုင်ရသူ ဖြစ်လာခဲ့လေပြီ! ဒါသည် ဒီနှစ်ဆောင်းတွင် သူတို့ကြားခဲ့ရသမျှထဲမှ သတင်းကောင်းဖြစ်ပေသည်။
လူတိုင်း အရမ်းပျော်နေတာ မြင်သောအခါ မုရုံချီချီလည်း စိတ်အပန်းပြေသွားသည်။ သူမသည် လှေကားပေါ် ခြေချလိုက်ပြီး သူမအား စောင့်ဆိုင်းနေသည့် ဖုန်းချန်ထံ လျှောက်သွားလိုက်သည်။
"ဝမ်ရယ်... ကျွန်မတို့ နိုင်ပြီ!"
ဖုန်းချန်က ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူမအပေါ်ကို မြေခွေးသားမွှေးအပေါ်ထပ်အား ညင်သာစွာ တင်ပေးလိုက်သည်။
"သွားရအောင်!"
မုရုံချီချီ ခြေလှမ်းတွေ ရပ်တန့်သွားသောအခါ သူတို့မှာ ခြေနှစ်လှမ်းပင် လှမ်းရသေးသည်။ သူမက သူမခေါင်းကို လှည့်လိုက်ကာ စင်မြင့်ပေါ်ကို ကြည့်လိုက်သည်။ ကျင်ယုက ကျားလန်ကို ပတ်တီးစီးပေးနေပြီး မုရုံချင်းလျန်သည်လည်းပဲ ကုသမှုခံယူရန် စင်အောက်သို့ ခေါ်ဆောင်နေပြီ ဖြစ်သည်။ သူမ အနိုင်ရလိုက်သော်လည်း မုရုံချင်းလျန်ကို မနှိမ်နင်းနိုင်ပဲ လွှတ်ပေးလိုက်ရခြင်းသည် သူမအား အသက်ရှူကြပ်သလို ခံစားရစေသည်။ ထိုသို့ တွေးလိုက်ပြီးနောက် မုရုံချီချီက သူမလက်ထဲမှ အနီရောင်ပိတ်စကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"စုမိန်! ဒါကို မီးရှို့လိုက်တော့! ခွေးတကောင်ရဲ့ သွေးတွေ စွန်းပေပြီး ဒီအနီရောင်ပိတ်စက ညစ်ပတ်နေပြီ!"
"ဟုတ်ကဲ့"
စုမိန်က ချက်ချင်း အနီရောင်ပိတ်စကို ကောက်ယူပြီး ဘေးတဖက်သို့ သွားကာ မီးရှို့လိုက်သည်။
မုရုံချီချီထံမှ ခွေးဆိုသည့်စကားက မုရုံချင်းလျန်နားထဲ ရောက်ရှိလာသောအခါ သူမသည် စိတ်မထိန်းနိုင်ပဲ တုန်လှုပ်သွားသည်။ ကံကောင်းလို့ ကျားလန်ရောက်ရှိလာပြီး ကူညီခဲ့လို့သာ မဟုတ်လျှင် သူမ သည်စင်မြင့်ပေါ်တွင် သေမည်မှာ အသေအချာပင်။
'ခွေး' ဆိုသည့် စကားလုံးက ကျားလန်နားထဲ ရောက်ရှိလာသောအခါ သူအနေဖြင့် ရယ်ရုံမျှသာ။ ဒီမိန်းမက တကယ်ပဲ မကျေနပ်ချက်တွေကို ထိန်းသိမ်းထားတာပဲ! ယနေ့ သူ မုရုံချင်းလျန်ကို ကယ်တင်လိုက်သည်။ သူတို့ နောက်တခါ ပြန်တွေ့သောအခါ သေချာပေါက် သူမသည် သူ့အပေါ် အမြင်ကောင်း ရှိလိမ့်မည် မဟုတ်ပေ။
"ဆရာ ဒဏ်ရာက မနာဘူးလား? ဆရာက ရယ်တောင် ရယ်နေသေးတယ်"
ကျင်ယုက ကျားလန်အား ဂရုတစိုက် ဆေးလိမ်းပေးလိုက်သည်။
"ဒီမိန်းမက တကယ်ပဲ အစွမ်းထက်လှတယ်! သူမက အနီရောင်ပိတ်စလေးနဲ့တင် လူတွေကို ဒဏ်ရာရအောင် ပြုလုပ်နိုင်တယ်! တကယ်ပဲ သူ့ရုပ်ရည်တင် ကြည့်ရုံနဲ့ မရဘူးပဲ! သူမက မုရုံချင်းလျန်ထက်တောင် ပိုအစွမ်းထက်နေသေးတယ်! အသုံးမကျတဲ့ တစုံတယောက်အတွက် ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တောင် ဒဏ်ရာအရခံလိုက်သေးတယ်! ဆရာကျားလန်... ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ပိုပိုပြီး လုပ်လာပြီ!"
"ကျင်ယု... ငါက ဒဏ်ရာရပြီးသားပါ။ ငါ ခံလိုက်ရတဲ့ ဘေးအန္တရာယ်မှာ မင်းက ပျော်မွေ့နေတာလား? ငါ့အတွက် နည်းနည်းတောင် ခံစားပေးဖို့ မင်း မသိတော့ဘူးလား? ကြည့်စမ်း! မုရုံချီချီအစေခံဆို ဘယ်လောက် သူမကို အကာအကွယ်ပေးလဲဆိုတာကို! မင်း ငါ့နောက်ကို လိုက်လာတာ ကြာပြီ ဘာလို့ ကျေးဇူးကန်းတဲ့ အပြစ်တင်ထိုက်သူလို ပြုမူနေရတာလဲ?"
"ဒါက ဆရာ့အတွက် ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ မသိသာသေးလို့လား? ကျွန်တော့စကားတွေက နားထောင်ဖို့ ခက်ရင် ခက်နေလိမ့်မယ်... ဒါပေမယ့် ကျွန်တော်ပြောတာက အမှန်ပဲ! ဆရာက ဆရာမိရှနဲ့ သူငယ်ချင်းဆက်ဆံရေးကို အရမ်းအလေးထားတယ်လို့ ကျွန်တော် ခံစားမိတယ်။ ကျွန်တော် အရမ်းဒေါသထွက်မိတယ်! ဒါပေမယ့် မုရုံချီချီနဲ့လည်း ဘာမှလုပ်စရာမလိုတာကို ကျွန်တော်သိနေတယ်! ဆရာကို အရှက်ခွဲလိုက်တဲ့သူကတော့ ဆရာကိုယ်တိုင်ပါပဲ!"
ကျင်ယုက အသက်တော့ မကြီးသေးပေမယ့် သူပြောလိုက်သည့် စကားလုံးများသည် အလွန်နည်းလမ်းကျသည်။ ကျားလန်က သူ့ဘာသာခေါင်းခါခြင်းမှ မရပ်တန့်နိုင်ပေ။ သူ့အကြည့်များသည် မုရုံချီချီ၏ နောက်ကျောပြင်နောက်သို့ လိုက်ပါသွားသည်။ သူမပျောက်ကွယ်သွားမှသာ သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းမိတော့သည်။
ပတ်တီးစည်းထားတဲ့ သူ့လက်ကို ကြည့်ရင်း ကျားလန်စိတ်ထဲတွင် အပြုံးဖျော့ဖျော့နှင့် မုရုံချီချီပုံစံ ထွက်ပေါ်လာသည်။ အေး! မိရှ... ဒီတခေါက်တော့ မင်း ငါ့ကို ဘေးဒုက္ခကြီးကြီးကို ယူဆောင်ပေးလာတာပဲ! မုရုံချင်းလျန်က မင်း ရှာဖွေနေတဲ့ တယောက်မဟုတ်ဖို့ပဲ ငါမျှော်လင့်မိပါတော့တယ်! သူမသာ တကယ်မဟုတ်ဘူးဆိုရင် သူမကို အဲ့ဒီမိန်းမဆီ ငါကိုယ်တိုင် ပို့ပေးလိုက်တော့မယ်!
ကျားလန်ရဲ့ လက်က ပြန်ကောင်းဖို့ အချိန်တချို့ လိုနေသေးသလို မုရုံချင်းလျန်သည်လည်း သွားစရာနေရာ မရှိပေ။
သမားတော်က သူမကို မထိရသေးသည်ပင် သူမမှာ နာကျင်လွန်း၍ အော်ဟစ်နေရသည်။ အဆစ်လွဲသွားသည့် ခြေကျင်းဝတ်တွေ၊ ခြေသလုံးတွေကို ပြန်တည့်ပေးထားပြီးသော်လည်း သူမကိုယ်ပေါ်မှ ဒဏ်ရာများသည် သူမခန္ဓာကိုယ်ကို အပ်များဖြင့် ထိုးစိုက်နေသလို ခံစားနေရသည်။ အထူးသဖြင့် စောစောက မုရုံချီချီ၏ အထူးတလှယ်နှုတ်ဆက်ခြင်း ခံလိုက်ရသည့် ဘယ်ဘက်ခြေထောက်ပင်။ သူမအရေပြားပေါ်တွင် အကောင်းပကတိအတိုင်း ကျန်နေသည့် နေရာ တခုမှ မရှိတော့ပေ။ နေရာတိုင်းတွင် ကန့်လန့်ဖြတ်မျဉ်းလိုဒဏ်ရာများ ရှိနေသည်။
"သမားတော်ကြီး... သူမ ဘယ်လိုနေလဲ?"
ယခု ရှီးချီပြိုင်ပွဲဝင်များထဲတွင် လီယွင်ချင်းတယောက်သာ အကောင်းပကတိကျန်ရှိတော့သည်။ ယခု သူသည် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် ဖြစ်လာတော့သည်။
"အရေပြားကို ထိခိုက်မိသွားရုံလေးပါ... ဘာမှ အန္တရာယ်မရှိပါဘူး"
သမားတော်က မုရုံချင်းလျန်ကို ဆေးလိမ်းပေးလိုက်သည်။ သို့သော် တချို့နေရာများမှာ အလွန်မသင့်တော်သည်များ ရှိသည်။ ထို့ကြောင့် သူ့အနေဖြင့် မုရုံချင်းလျန် ပြန်သွားပြီး ကိုယ့်ဘာသာလိမ်းတာကိုပဲ စောင့်ရတော့မည်။
ယခု မုရုံချင်းလျန်၏ သနားစရာ ခန္ဓာကိုယ်တခုလုံးမှာ သူမတချက်လှုပ်လိုက်တိုင်း နာကျင်နေရသည်။ သမားတော်ပြောလိုက်တာနှင့် တူညီသည်ဆိုသော်လည်း ထိုအပေါ်ယံဒဏ်ရာများသည် တကိုယ်လုံးတွင် ချည်အစင်းကြောင်းဒဏ်ရာများကဲ့သို့ ဖြစ်ပြီး နာကျင်မှုဖြင့် တောက်လောင်နေသည်။
ထိုအရာများအားလုံးသည် အစုတ်ပလုပ်မ မုရုံချီချီကြောင့်ပင် ဖြစ်သည်။ မုရုံချင်းလျန်သည် အမုန်းများဖြင့် ပြည့်နှက်နေသည်။ သူမက တကယ်ပဲ ထိုအမှိုက်မ မုရုံချီချီကို ရှုံးနိမ့်သည်။ သူမ ပြန်သွားသည့်အခါ လူအများရှေ့တွင် သူမသည် မည်ကဲသို့ပြောင်စရာလှောင်စရာမျိုး ဖြစ်နေမည်ကို သူမ မသိတော့ချေ။ မဟုတ်ဘူး! သူမ မုရုံချီချီကို ရှာပြီး ဒီအရှက်ကွဲမှုကို ပြန်အဖက်ဆယ်ရမယ်! အဲ့ဒီလိုမှ မဟုတ်ရင် ရှီးချီကို ပြန်စရာမျက်နှာတောင် မရှိတော့ဘူး! (မမှတ်သေးဘူး)
မုရုံချီချီကို သူမ မုန်းသော်လည်း သူမကို ကယ်တင်သည့် ကျားလန်သာ မရှိလျှင် ထိုစင်မြင့်ပေါ်မှာပင် သူမ သေဆုံးရမည်ကို မုရုံချင်းလျန်လည်း သဘောပေါက်သည်။ ထို့ကြောင့် သူမ တကိုယ်လုံးနာကျင်နေသော်လည်း ကျားလန်ကို သူမက မော့ကြည့်လိုက်သည်။ လက်သီးဆုပ်ကာ ကျားလန်အား ကျေးဇူးတင်စကားပြောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ငါက တစုံတယောက်အတွက် ဒါကို လုပ်လိုက်တာ"
ကျားလန်က သူ့ရှေ့က မိန်းမကို ကြည့်ဖို့ အလွန်းပျင်းရိနေသည်။ သူ့ရဲ့ပတ်တီးစည်းထားသည့် လက်မောင်းကို ထိရင်း ကျင်ယုနှင့် အတူ မုရုံချင်းလျန်နှင့် ဝေးရာသို့ လျှောက်သွားလိုက်သည်။
"ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ ရှင့်ကို ကျေးဇူးတင်နေတုန်းပဲ!"
မုရုံချင်းလျန်က ကျားလန်နောက်ကျောကို လေးလေးစားစား အရိုအသေပေးလိုက်သည်။
"အိုး!"
ကျားလန်က ရယ်မောလိုက်ပြီး ဟန်မဆောင်ကင်းသော မုရုံချင်းလျန်ကို လှည့်ကြည့်လိုက်သည်။
"မင်းက ကံကောင်းသွားတာပါ! ဒါကလည်း ဒီတခါတည်းပါပဲ! ဒါပေမယ့် ငါ မင်းကို သတိပေးဖို့ လိုနေသေးတယ်! မင်းက မုရုံချီချီကို ဆန့်ကျင်နိုင်တဲ့ သူ မဟုတ်ဘူး။ မင်း သူ့ကို နိုင်အောင်လည်း တိုက်နိုင်မှာ မဟုတ်ဘူး။ သူမ ပြောသလို မင်းလုပ်လိုက်တာပဲ ပိုကောင်းမယ်! ကောင်းအောင် ပြုမူနေထိုင်ရင်း ဘဝကို ရှင်သန်ပါ"
ထိုစကားများကို ချန်ထားရင် ကျားလန်က ပြန်လှည့်မကြည့်စတမ်း ထွက်ခွာသွားသည်။
ထိုအချိန်တွင် မုရုံချင်းလျန်သည် သူမအား ကယ်တင်ရန် ကျားလန်အား မည်သို့တောင်းပန်ခဲ့သည်ဆိုတာကို မေ့ပျောက်သွားပြီ ဖြစ်သည်။ သူမကို ကယ်တင်ဖို့အတွက် ကျားလန်ထိခိုက်ဒဏ်ရာရခဲ့သည်ဆိုတာကိုလည်း မေ့ပျောက်သွားလေသည်။ သူမ၏စိတ်ကြီးဝင်နေသော စိတ်တွင် ကျားလန်၏ နောက်ဆုံးစကားကြောင့် နက်နက်ရှိုင်းရှိင်း ဒေါသဖြစ်နေသည်။ ဒီလူက ဘာကို ပြောချင်တာလဲ?  ဘယ်လိုဖြစ်လို့ သူကပါ မုရုံချီချီနဲ့ တလှေတည်းစီးသလို စကားမျိုး ပြောရတာလဲ?
"ငါ့ကို သင်ပေးရအောင် သူက ဘာမို့လို့လဲ?"
မုရုံချင်းလျန်က ဟွန့်ခနဲ့လုပ်လိုက်သည်။ သူမနှလုံးသားထဲမှ ကျားလန်အတွက် ကျေးဇူးတင်မိခြင်းအနည်းငယ်သည် ပျောက်ဆုံးလေသည်။
လှည်းအတွင်းတွင် မုရုံချီချီသည် ဖုန်းချန်၏ လက်မောင်းများကြားတွင် ခွေခေါက်နေသည်။ အကျင့်ကောင်းသည့် ကြောင်လေးတကောင်လို ငြိမ်သက်နေခြင်းက ဖုန်းချန်အား နေသားမကျအောင် ဖြစ်စေသည်။
"ဘာကိစ္စရှိလို့လဲ?"
ဖုန်းချန်၏ လက်က မုရုံချီချီ၏ ချောမွေ့နက်မှောင်သော ဆံပင်ပေါ် ရောက်ရှိသွားသည်။ သူ့နှုတ်ခမ်းသည် မုရုံချီချီနဖူးပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။
"မုရုံချင်းလျန်အကြောင်းကို ဆက်စဉ်းစားနေတုန်းပဲလား? ကိုယ် တယောက်ယောက်ကို လွှတ်ပြီး သူမကို ပြန်ဖမ်းခိုင်းလိုက်ရမလား?"
"မလိုဘူး"
မုရုံချီချီက ဖုန်းချန်ပခုံးပေါ်သို့ ပျင်းရိစွာ လှဲလိုက်သည်။ သူမလက်က ဖုန်းချန်၏ ပခုံးပေါ်သို့ တွဲလဲကျနေသော သူ့ဆံပင်များကို ဆော့ကစားနေသည်။ သို့သော် သူမမျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေသည်။
"ကျားလန်က ဘယ်သူလဲဆိုတာကို ကျွန်မ စဉ်းစားနေမိတာ! မုရုံချင်းလျန်နဲ့ သူက ဘယ်လိုဆက်ဆံရေးတွေများ ရှိနေလဲ? ဝမ်ရယ်... ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ စစ်ဆေးမှုတွေက ထူးဆန်းတယ်လို့ ကျွန်မ ခံစားမိတယ်! သူတို့ကို ထောက်ပံံ့နေတဲ့ ဉာဏ်ကြီးရှင်တယောက်တော့ ရှိနေမှာ သေချာတယ်! အဲ့ဒီဉာဏ်ကြီးရှင်က ကျားလန်လား တခြားတယောက်လားဆိုတာတော့ ကျွန်မ သေချာမသိဘူး"
"ကျားလန်ဆိုတာ ဖမ်းလိုင်ကျွန်းက တယောက်ပဲ!"
စာလုံးရေ - 8357
Continue Reading
You'll Also Like
336K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
470K 87.3K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
150K 25.7K 114
နဂါးကျွန်း ဆိုတဲ့ app ကို ဒေါင်းလုခ် လုပ်ပြီး သားပေါက်လေးတွေကို အရူးအမူး ပျိုးထောင် ပေးပြီးတဲ့နောက် ထိုဂိမ်းထဲက သားပေါက်လေးတွေ ဆီ ကူးပြောင်းရောက်ရှိသ...
411K 14.6K 20
My priority /property/privacy