Unicode
သိုးသားဖက်ထုပ် - ၂
____________
အဖိုးအိုရဲ့အပြုအမူတွေအတွက်အကြောင်းပြချက်ကို နားမလည်သည်မို့ လင်ရှုယီရဲ့မျက်လုံးတွေပြူးကျယ်သွားရသည်။
အဖိုးအိုက လင်ရှုယီအတွက် ကိစ္စတွေခက်ခဲအောင် တမင်လုပ်နေတယ်ဆိုတာ ရှန်ဖူပြောနိုင်သည်။အရင်က သခင်ကြီးရှန် သူ့ကိုပြောဖူးတဲ့ကိစ္စကို သူ သတိရသွားသည်။ ဒါက အမှန်ဖြစ်နိုင်လောက်လား? အဲ့ဒါဆိုရင်တော့ သူ တကယ်နမော်နမဲ့နိုင်တာပဲ။
လင်ရှုယီက ခေါင်းခါသည်။
"ကျွန်တော် ဒါတွေကို အလကားလက်မခံရဲပါဘူးဗျာ။ ဒီအတွက် အဖိုး ဈေးသတ်မှတ်သင့်ပါတယ်။ အဖိုး ဘယ်လောက်လိုချင်ပါသလဲခင်ဗျာ။"
ရှန်ဖူက သူ့မျက်နှာကိုအုပ်ကာ သက်ပြင်းချ၏။
"အဖိုး၊ ဒီယပ်တောင်ပေါ်မှာ ကျွန်တော့်ကိုရေးခွင့်ပြုပါ။"
အဖိုးအိုက ရှန်ဖူ့ကိုကြည့်နေကာ လုံးဝစကားမဆိုချေ။
လင်ရှုယီက တုံးတယ်ဆိုရင်တောင်မှ အဖိုးအိုက သူ့အတွက် ခက်ခဲအောင်လုပ်နေတာမှန်း သူပြောနိုင်သည်။ ဘာကြောင့်မှန်းမသိပေမယ့်လည်း...ဒီကစ္စက ရှန်ဖူနဲ့ အလေးအနက်ဆက်နွယ်နေတယ်ဆိုတာ သူ အလိုလိုသိနေသည်။
စာတစ်ပုဒ်ပဲလေ။ လင်ရှုယီက အဖိုးအိုရဲ့လက်ထဲကစုတ်တံကိုကြည့်လိုက်သည်။
လင်ရှုယီ အူကြောင်ကြောင်ခံစားနေရမှာပဲလို့ ရှန်ဖူတွေးလိုက်မိတာမို့ သူက လက်ဆန့်ထုတ်ကာ လင်ရှုယီကို သူ့နောက်နားဆီဆွဲခေါ်လိုက်သည်။ ထို့နောက် သူက အဖိုးအိုကိုပြော၏။
"အဖိုး၊ ကျွန်တော့်အဖိုး ကျွန်တော့်ကိုပြောခဲ့တာက အမှန်မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား? ဒီ့အတွက်ကြောင့်နဲ့ အဖိုး သူ့ကိုခက်ခဲအောင်လုပ်နေမယ်ဆိုရင် ဒါ သိပ်မသင့်တော်မှာစိုးတယ်။"
ထို့နောက် သူက သူ့ကဒ်ကိုထုတ်ကာ ချန်းကျီကို ခရက်ဒစ်ကဒ်စက်ကိုယူလာဖို့ပြောလိုက်သည်။
"အဖိုး၊ အဖိုး ကျွန်တော့်ကို ဈေးပြောပြီးပြီပဲဗျာ။ အဖိုး ကိုယ့်စကားကိုပြန်ရုတ်သိမ်းလို့မရဘူးလေ။"
အဖိုးအိုနဲ့လင်ရှုယီကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးပြူးကာကြည့်နေကြ၏။ လင်ရှုယီက ရှန်ဖူ့နောက်ကနေ ခေါင်းလေးပြူလာသည်။
"ပိုက်ဆံတွေအများကြီးမလား? ကျွန်တော်တို့ မဝယ်တော့ရင်ရော?"
သူ့အတွက် ဒါတွေမရလို့မဖြစ်ဆိုတာတော့ မဟုတ်ဘူးလေ။ သူ ဒါတွေကိုသဘောကျပေမယ့်လည်း အဖိုးအိုက ရှန်ဖူ့ကိုခက်ခဲအောင်လုပ်နေတာမြင်တော့ ထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်လာတယ်။ ပြီးတော့ အဖိုးအိုနဲ့ရှန်ဖူက အချင်းချင်းသိကြတဲ့ပုံပဲ။
သို့တိုင် ရှန်ဖူကား ထိုသို့လုပ်ဖို့ကို မလိုလားပါချေ။ သူ ဒီပစ္စည်းတွေကို လက်လျှော့ဖို့ ဆန္ဒမရှိတာတော့ မဟုတ်ဘူး၊ အဆုံးသတ်ကျတော့လည်း အဆိုးဆုံးက အဆိုးဆုံးပဲဖြစ်နေမှာလေ၊ သူ တခြားပစ္စည်းတွေရှာဝယ်လို့ရသားပဲ။ အဓိကအချက်က လင်ရှုယီကို ဒီခေါ်လာတာ သူဖြစ်ပေမယ့် သူက လင်ရှုယီကို ဒုက္ခလည်းခံရစေသေးတာ။ ဒါကြောင့်မို့ သူ လက်လျှော့ဖို့တွန့်ဆုတ်နေမိခြင်း။
အဖိုးအိုကား သူတို့နှစ်ယောက်ကို အမူအရာကင်းမဲ့စွာဖြင့်သာကြည့်နေခဲ့၏။ သူက စကားတစ်ခွန်းမဆိုချေ။ ချန်းကျီက တစ်ဖက်မှာထိုင်လိုက်ပြီး ရှန်ဖူ့ကို စိုးရိမ်တကြီးကြည့်၏။ ဖိုးဖိုးက ဘာလို့ လေးလေးရှန်ကို ရုတ်တရက်ကြီးဒီလိုဆက်ဆံနေရလဲဆိုတာ သူတကယ်မသိ။
ရှန်ဖူက သူ့ကတ်ကိုဖြတ်တော့မှာကိုမြင်တဲ့အခါ နောက်ဆုံးတွင်တော့ လင်ရှုယီသည် ရှန်ဖူ့နောက်ကနေ လက်ဆန့်ထုတ်လာပြီး စုတ်တံသေးသွယ်သွယ်လေးကို သူ့လက်ချောင်းတွေကြား ညှပ်လိုက်ပါ၏။ ထို့နောက် သူက သူ့ရဲ့ပိတုန်းလိုနက်မှောင်နေတဲ့မျက်လုံးတွေကိုပင့်ကာ အဖိုးအိုကိုကြည့်သည်။
"ကျွန်တော်တို့ ဒါတွေကို အလကားရဖို့ စာလေးရေးရုံပဲမလား?"
အဖိုးအိုက သူ့မျက်လုံးတွေကို တစ်ဝက်မျှမှေးကြည့်လာသည်။ သူက ခံ့ညားလှသည့်ဟန်မူရာနှင့်ပြန်ဖြေသည်။
"ငါ စိတ်ကျေနပ်ရင် မင်းကို အလကားပေးမယ်။"
လင်ရှုယီက စုတ်တံကို မင်ထဲမှာနှစ်လိုက်ပြီး ယပ်တောင်ကိုယူသည်။ ယပ်တောင်ပေါ်မှာ အစိမ်းရောင်တောင်တန်းတွေအများကြီးနဲ့စမ်းချောင်းကွေ့လေးတစ်ခုကို ဆွဲထားသည်။ ဒါက တီထွင်တွေးဆနိုင်စွမ်းအများကြီးနဲ့ပန်းချီကားမဟုတ်ပါပေ။ သူ့အတွက် စာရေးပေးဖို့ကလွယ်ပေမယ့် အဖိုးအိုကို စိတ်ကျေနပ်စေဖို့ကတော့ ခက်လောက်သည်။ ပြီးတော့ အဖိုးအိုက သူ့ကို တမင်ခက်ခဲအောင်လုပ်နေမှတော့ သူက ဘာလို့ ဘယ်လိုစာမျိုးဆိုတာကိုဂရုစိုက်နေရဦးမှာလဲ?
လင်ရှုယီက ခဏမျှတွေးတောနေရင်း နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားလိုက်၏။ ထို့နောက် သူက ယပ်တောင်ကို သေချာလေးဖိချလိုက်ပြီး စာစရေးသည်။
သူက မနားတမ်းရေးနေပြီး သူ့လက်ရေးက လှပသည်၊ ထူးခြားသည်၊ ပြီး အားပါသည်။ နောက်ဆုံးတွင်တော့ သူက နောက်ဆုံးစုတ်ချက်အတွက် စုတ်တံကိုနှိမ့်လိုက်ပြီး ယပ်တောင်ကို အဖိုးအိုဆီကမ်းပေးလိုက်၏။
လင်ရှုယီက သူ့နှုတ်ခမ်းထောင့်စွန်းကိုပင့်မကာ အနည်းငယ်အေးတိအေးစက်နိုင်သည့်အပြုံးတစ်ခုကို ဖန်တီး၏။
"အဖိုး ဒါကိုကြည့်ဖို့ အချိန်ယူနိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဒီပစ္စည်းတွေကို မလိုချင်တော့ပါဘူး။ ရှန်ဖူ၊ သွားကြမယ်။"
ရှန်ဖူက အတော်လှမ်းတဲ့နေရာမှာရှိနေတာဖြစ်ပြီး လင်ရှုယီရဲ့ကျောက သူ့မြင်ကွင်းကိုကွယ်ထားသည်မို့ လင်ရှုယီဘာရေးလိုက်လဲဆိုတာ သူ မတွေ့လိုက်ရပေ။ လင်ရှုယီ ဒီလိုပြုမူနေတာကိုမြင်လိုက်ရတဲ့အခါ သူ ဆိုးဆိုးဝါးဝါးတွေရေးခဲ့တာဖြစ်မယ်လို့ ရှန်ဖူတွေးလိုက်သည်။ ရှန်ဖူမှာ အလှဆင်ပစ္စည်းများနှင့်ပတ်သက်၍ အနှောင့်အယှက်ဆက်ဖြစ်မနေနိုင်တော့။ သူက လင်ရှုယီကို အမီလိုက်ကာ နှစ်သိမ့်ပေးဖို့ပြင်၏။
သူတို့ခြေလှမ်းနှစ်လှမ်းပဲလှမ်းရသေးချိန်မှာ သူတို့နောက်က အဖိုးအိုက ဟက်ဟက်ပက်ပက်ရယ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။ ထို့နောက် အဖိုးအိုကပြောလာသည်။
"မင်း အခုရွေးထားတဲ့ပစ္စည်းတွေအကုန်ယူသွားတော့။ ငါ အဲ့ဒါတွေ မလိုချင်ဘူး။"
လင်ရှုယီကား ပြန်ပင်မလှည့်ချေ။ ထင်ထားသည်နှင့်ပြောင်းပြန်ဖြစ်နေသည်မို့ ရှန်ဖူ အံ့ဩသွားသည်။ လင်ရှုယီ ဘာရေးခဲ့လဲဆိုတာ သူ တကယ်ကြည့်ချင်တယ်!
အဖိုးအိုက လင်ရှုယီရဲ့ဒေါသကို ကြိုတင်မှန်းဆထားပြီးပုံပေါ်ကာ ပို၍ပင်ကျယ်လောင်စွာရယ်မောလာလေတော့၏။
"နောက်ဆုံးတော့လည်း ရှန်ဖူက ငါ့ကို အဖိုးလို့ခေါ်ရဦးမှာပဲလေ။ အသေးအမွှားကိစ္စလေးတွေအတွက်နဲ့ မင်းတို့ကို ပြသနာလုပ်တာ ငါ့အမှားပါ။ မင်းတို့ ဒေါသမထွက်ဖို့ မျှော်လင့်တယ်။"
ထို့နောက်တွင်မှသာ လင်ရှုယီ ခြေလှမ်းရပ်သွားတာဖြစ်သည်။ သူက အဖိုးအိုကိုလှည့်ကြည့်ကာ ခါးညွှတ်၏။
"ကျွန်တော်ကမှ ယဉ်ကျေးမှုတွေကို မေ့သွားတဲ့သူပါ။"
အဖိုးအိုက မျက်လုံးမှေးလိုက်သည်။ ဓီလူငယ်လေးက ပြသနာတွေကိုရင်ဆိုင်နေရတာတောင် တည်ငြိမ်တယ်၊ သဘောထားကြီးတယ်၊ ပြီးတော့ ဘဝင်မမြင့်သလို နှိမ့်လည်းမနှိမ့်ချတတ်ဘူး။ သူက ပျိုးပင်ကောင်းလေးပဲ။
"ဒါဆိုလည်း မင်း အဖိုးရဲ့လက်ဆောင်ကို လက်ခံသင့်တယ်လေ၊ ဟုတ်တယ်နော်?"
လင်ရှုယီက ခေါင်းခါသည်။
"ကျေးဇူးတင်ပါတယ် အဖိုး၊ ဒါပေမယ့် ကျွန်တော် လက်မခံနိုင်ပါဘူး။"
အဖိုးအိုက မျက်မှောင်ကုတ်လိုက်သော်လည်း အဆုံးတွင်မူ သူက နှုတ်ခမ်းလွှာတို့ကိုဖွင့်ဟကာ ရယ်မောလာလေ၏
"ကောင်းပြီလေ၊ မင်း ဒါတွေကို အလကားယူစရာမလိုပါဘူး။ ဒါတွေအကုန်လုံးကို ဝယ်တာပိုကောင်းတယ်။"
ထို့နောက် သူက ရှန်ဖူ့ကိုကြည့်သည်။
"မင်းကဒ်ကို အခုထိမပေးသေးဘူးလား? ဖြတ်လိုက်!"
သို့သော်လည်း အဆုံးတွင်တော့ ပစ္စည်းတွေအများကြီးကိုတောင်မှ အဖိုးအိုက ယွမ်သုံးရာသာတောင်းလေ၏။ ဒါက သူတို့ကို အလကားပေးတာနဲ့အတူတူပင်။ အဖိုးအို ရှန်ဖူ့ကို ပထမဆုံးပြောခဲ့တဲ့ဈေးက မိုးထိအောင်မြင့်ပြီး အဲ့ပစ္စည်းတွေရဲ့တန်ဖိုးအလိုက်တွက်ချက်ကြည့်မယ်ဆိုလည်း ဈေးက မိုးထိအောင်မြင့်တာထက်မနည်းဘူးဆိုတာ သိနိုင်သည်။
ရှန်ဖူကား ယပ်တောင်ပေါ်ကစာလုံးတွေအကြောင်း အသည်းအသန်သိချင်နေတဲ့စိတ်ကို အဆုံးထိတိုင်ဖြည့်ဆည်းမပေးနိုင်ခဲ့။ ထို့အတွက် ရှန်ဖူက လင်ရှုယီကိုသာ သူ ဘာရေးခဲ့လဲဆိုတာကို မေးရတော့သည်။
"မင်း ယပ်တောင်ပေါ်မှာ ဘာစာရေးခဲ့တာလဲ?"
တမင်တကာရန်စဖို့လုပ်နေတဲ့ ဒီအဖိုးကြီးကို စိတ်ကျေနပ်သွားစေတယ်ဆိုတော့ တကယ်အထင်ကြီးလောက်စရာပဲနေမှာ။
လင်ရှုယီက သူ့ကို အေးစက်စွာကြည့်လာ၏။
"ခင်ဗျားနဲ့အဲ့အဖိုးက ဘယ်လိုပတ်သက်တာလဲ အရင်ပြောပြ။"
ဒီအဖိုးအိုက အဓိပ္ပာယ်မရှိ၊ အကြောင်းပြချက်မရှိနဲ့ ဘာလို့ သူ့ကို ခက်ခဲအောင်လုပ်တာလဲ?
ရှန်ဖူက အနည်းငယ်ကို့ရို့ကားယားဖြစ်နေပြီးမှ ဖြည်းဖြည်းချင်းစတင်ရှင်းပြလာ၏။
"တကယ်တော့ သူက ကိုယ့်အဖိုးရဲ့အကောင်းဆုံးသူငယ်ချင်း။ သူက ရှေးဟောင်းကြွေထည်တွေနဲ့ပစ္စည်းတွေကို ရောင်းဝယ်ရတာကြိုက်တယ်။ မင်းကြိုက်လောက်မယ်ထင်လို့ ကိုယ် မင်းကို အဲ့ကိုခေါ်သွားတာ။"
လင်ရှုယီက ရှန်ဖူ့ကိုကြည့်ကာ နားထောင်နေပြီး သူ့ကို ဆက်ပြောဖို့အချက်ပြ၏။
"တကယ်တော့လေ သူ့မှာ ကိုယ့်ထက်နှစ်နည်းနည်းလောက်ငယ်တဲ့ မြေးမတစ်ယောက်လည်းရှိတယ်။ သူက အခုU.Sမှာ။ အဲ့အဖိုးက သူ့မြေးမကို ကိုယ်နဲ့မိတ်ဆက်ပေးချင်နေတာလို့ ကိုယ့်အဖိုးက အရင်က ကိုယ့်ကိုပြောဖူးတယ်။ ကိုယ်က သူ စနေတာလို့ထင်ပြီး အတည်မယူလိုက်တာ..."
ဒီတော့ ဒါက ဒီကိစ္စဖြစ်တဲ့အကြောင်းအရင်းပေါ့လေ။ ရှန်ဖူ ရှက်နေသည်။ သူက အဲ့ကမ်းလှမ်းချက်ကို အတည်မယူပေမယ့် အဖိုးအိုကတော့ အတည်ယူနေတာကိုး။ အဆုံးမှာ ဒီကိစ္စကိုဖြေရှင်းပြီးပြီဆိုပေမယ့်လည်း အကုန်လုံးပြောပြီး၊ ဖြစ်ပြီးသွားတဲ့အခါကျတော့ ကိစ္စတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တဲ့လူက သူလေ။
လင်ရှုယီက နှုတ်ခမ်းတို့ကိုတင်းတင်းစေ့ထားကာ စကားမပြောလေတာကြောင့် သူ စိတ်တိုနေတုန်းလို့ ရှန်ဖူထင်သွားသည်။ သူက လင်ရှုယီကို အကြိမ်ရေအနည်းငယ်လောက်ကြည့်လိုက်ပြီးမှ ပြုံးကာဖြင့် လက်ဆန့်ကာ လင်ရှုယီပေါ်တင်လိုက်သည်။ ရှန်ဖူက မျက်ခုံးပင့်၏။
"မင်း သဝန်တိုနေတာလား?"
လင်ရှုယီက သူ့ကိုခပ်စူးစူးကြည့်လာ၏။ သို့သော်လည်း ပွင့်ပွင့်လင်းလင်းပြောရလျှင်တော့ ရှန်ဖူ အဲ့လိုပြောလာတုန်းက သူ နည်းနည်းစိတ်မပျော်။ ဘယ်အပိုင်းက သူ့ကို စိတ်မပျော်စေတာလဲဆိုတာ သူမသိ။ ဘာပဲဖြစ်ဖြစ် သူ အဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်ပါ။
ရှန်ဖူက မျက်လုံးလေးများကွေးသွားသည်အထိပြုံး၏။ သူက လင်ရှုယီရဲ့မသိမသာတင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကိုကြည့်ရင်း လင်ရှုယီကို သူ့လက်မောင်းတွေကြားဆွဲသွင်းချင်စိတ်တွေတရွရွဖြစ်လာတော့သည်။ ကံမကောင်းချင်တော့ သူ့ရှေ့မှာ ဖြတ်သွားနေတဲ့လူတွေအများကြီးရှိနေပြီး သူသာ အဲ့လိုလုပ်ရင် လင်ရှုယီက သူ့ကို သတ်ပေလိမ့်မည်။
"ဒါနဲ့ မင်း ယပ်တောင်ပေါ်မှာ ဘာရေးခဲ့တာလဲဆိုတာ အခု ကိုယ့်ကိုပြောပြလို့ရပြီလား?"
လင်ရှုယီက မျက်လုံးလေးများကိုကျဉ်းမြောင်းလိုက်၏။
"သိချင်တယ်ပေါ့? ပြောမပြဘူး။"
ရှန်ဖူ : ...
ကိုယ်တို့ အပြန်အလှန်ပြောပြကြမယ်လို့ မပြောခဲ့ဘူးလား? လူတွေကြားထဲက အခြေခံအကျဆုံးယုံကြည်မှုက ဘယ်မှာတုန်း? ဒီလူက ပိုပိုပြီးအကျင့်မကောင်းဖြစ်လာတာကိုတောင် သူက ဘာလို့ တစ်ချိန်တည်းမှာ ရတနာလေးတစ်ခုကိုတွေ့လိုက်ရသလိုခံစားနေရတာလဲ?
သူတို့နှစ်ယောက်လုံးထွက်သွားချိန်၌ အဖိုးဝမ်က ယပ်တောင်ကိုထုတ်ကာ ထပ်ကြည့်လိုက်၏။ ထို့နောက် သူက ဖုန်းခေါ်လိုက်သည်။
ဖုန်းမြည်သံနှစ်ခါလောက်ထွက်လာပြီးနောက်တွင် သခင်ကြီးရှန်ကဖုန်းကိုင်လာသည်။
"မင်း ပြန်ရောက်ပြီပေါ့?"
"မဟုတ်ပါဘူး။ ငါ ဒီနေ့ ဘယ်သူ့ကိုတွေ့ခဲ့လဲ မှန်းကြည့်စမ်း။"
သခင်ကြီးရှန်ကား အခြေအနေကိုမသိ။
"ပြောစမ်းပါ၊ မင်း ဘယ်သူနဲ့တွေ့ခဲ့လို့လဲ? ငါက ဘယ်လိုလုပ်သိမှာတုန်း?"
"မင်းရဲ့မြေးချွေးမလေးနဲ့!"
ပထမတော့ သခင်ကြီးရှန် မတုန့်ပြန်မိပါချေ။ နောက်ဆုံး ဒီ'မြေးချွေးမ'ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းနေမှန်း သူသဘောပေါက်သွားချိန်မှာတော့ သူ့အသံက ခုနစ်သံချီရှစ်သံချီကျယ်လောင်သွားတော့၏။
"မင်း အဲ့ကလေးကိုတွေ့ခဲ့တာလား?"
အဖိုးအိုဝမ်က ခေါင်းငြိမ့်လိုက်ပြီးမှ သခင်ကြီးရှန်က သူ့ကို မမြင်နိုင်ကြောင်းသတိရသွားတာမို့ သူက အသံပြုလိုက်၏။
"ဘယ်လိုလဲ? ဘယ်လိုလဲ? သူက အရမ်းတက်ကြွတယ်မဟုတ်လား? ငါ သူ့ကို ပထမဆုံးစမြင်တည်းက သူက တော်တော်လေးကောင်းတယ်လို့ ငါခံစားနေရတာ။ သူက လူကောင်းလေးကွ။"
အဖိုးအိုဝမ်က ဒီစကားထဲကအချက်ကို စိတ်ပျက်စွာဖြင့်နှာမှုတ်၏။
"ငါတော့ ဒီလိုအစွဲအလန်းတွေကို မယုံပါဘူး။ ဒါပေမယ့် အဲ့ကောင်လေးက တကယ်ကောင်းတယ်။ မင်းတောင် ဘာရေးရမှန်းမသိတဲ့ယပ်တောင်ကို မှတ်မိလား? သူ စာရေးသွားတယ်။"
သခင်ကြီးရှန် မျက်လုံးပြူးလိုက်မိသည်။
"သူ ဘာရေးသွားတာလဲ? သူ ဘာရေးသွားတာလဲ? ငါ့ကို မြန်မြန်ပြောပြ။"
အဖိုးအိုဝမ်က လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ကာ ယပ်တောင်ကိုဖျတ်ကနဲဖွင့်လိုက်ပြီး ယပ်တောင်ပေါ်က ကဗျာကိုဖတ်ပြလိုက်သည်။
"'ရေကန်ငယ်လေးကို အထင်မသေးနဲ့၊ ရေတိမ်တိမ်အောက်မှာပုန်းနေတဲ့ နဂါးကိုကြောက်ရွံ့ပါ'တဲ့။ ဒါက ငါတို့ကို သူ့ကိုအထင်မသေးဖို့ပြောတာကွ။"
အဖိုးအိုဝမ်က ပြုံးသည်။
"သူက မာနမကြီးသလို မနှိမ့်ချတတ်ဘူး၊ ပြီးတော့ ငါက သူ့ကို ခက်ခဲအောင်လုပ်ခဲ့ပေမယ့် အငြိုးမထားဘူး။ သူက တကယ်ကိုပျိုးပင်ကောင်းလေးပဲ။"
သခင်ကြီးရှန်ရဲ့မျက်လုံးတွေ ပြူးကျယ်ကုန်သည်။
"မင်းက သူ့ကိုခက်ခဲအောင်လုပ်တယ်? မင်းက ဘယ်လိုများခက်ခဲအောင်လုပ်လိုက်တာလဲ?"
ဒါကိုကြားတဲ့အခါ အဖိုးအိုဝမ်က နှာမှုတ်လေ၏။
"ဒါက သိပ်မများသေးပါဘူး။ မင်းတို့အကုန်လုံးက သူ့ကို ရတနာလေးတစ်ခုလို အရမ်းချစ်ကြတာမဟုတ်ဘူးလား?"
သခင်ကြီးရှန်မှာ ရှက်ရွံ့သွားကာ မျက်နှာပျက်ရသလိုခံစားလိုက်ရတာမို့ သူက ပြန်ချေပ၏။
"အဓိက,က ငါ ရှောင်ဖူ့အတွက် စိတ်မကောင်းဖြစ်နေလို့မဟုတ်ဘူးလား?"
"တကယ်ကြီးလား?"
အဖိုးအိုဝမ်က အေးစက်စက်နှာထပ်မှုတ်လိုက်ပြီး စကားစဖြတ်သည်။
"စကားမစပ် ငါ မင်းရဲ့မြေးချွေးမလေးကို ပထမဆုံးတွေ့တဲ့လက်ဆောင်အနေနဲ့ သန်းချီတန်တာတွေပေးလိုက်တယ်။ ငါ့မြေးမလေးလက်ထပ်တဲ့အခါ မင်း အဲ့ဒါအတွက် အဆင်ပြေသလိုပြန်လုပ်ပေးလို့ရတယ်။"
ထို့နောက် သူ ဖုန်းချလိုက်သည်။
သခင်ကြီးရှန် : ...
ဟုတ်ပြီလေ၊ ဒီတော့ အဆုံးသတ်မှာ ဒါက အဓိကကိစ္စပေါ့။
ဖြေရှင်းမှုတွေအားလုံးပြီးသွားတဲ့နောက်မှာ အမျိုးသားနှစ်ယောက်က အိမ်ကို အတူတူပြန်လာကြသည်။ သူတို့ အဖိုးအိုရဲ့အိမ်ကဝယ်ခဲ့တဲ့ပစ္စည်းတွေက မကြာခင်ရောက်ရှိလာမည်ဖြစ်ပြီး အဲ့ပစ္စည်းတွေကို အထဲရွှေ့ပြီးရင် အားလုံးပြီးပြီဖြစ်သည်။
သူတို့နှစ်ယောက်က အိမ်မပြန်ကြဘဲ အဖိုးအိုယန်ရဲ့အိမ်ဆီ တန်းတန်းမတ်မတ်သွားလိုက်ကြသည်။ အဖိုးအိုယန်က ရှောင်ဝမ်ရယ်၊ ရှောင်ဝမ့်အဖွားရယ်နဲ့ မာကျောက်ကစားနေသည်။ သူက အတော်လေးကံဆိုးနေကာ ဆိုးဆိုးဝါးဝါးရှုံးနေသည်မို့ နဖူးထက်တွင် စက္ကူစာရွက်တစ်ရွက်အကပ်ခံထားရသည်။ သို့တိုင် သူက နည်းနည်းလေးတောင်မကျေမနပ်မဖြစ်ဘဲ ပျော်ရွှင်စွာရယ်မောနေလေ၏။
လင်ရှုယီမှာ အပြင်တွင်ရပ်နေရင်း တစ်ခုခုတော့ မူမမှန်ဟု ရုတ်တရက်ကြီးခံစားလိုက်မိရ၏။ ခုတလော အဖိုးယန်က ရှောင်ဝမ့်အဖွားနဲ့ အချိန်တွေပိုပိုဖြုန်းနေသလားလို့? သူ့စိတ်ထဲမှာ ထူးဆန်းတဲ့နမိတ်တွေရနေပြီး အဲ့ဒါက မကြာခင် တကယ်ဖြစ်လာတော့မယ်လို့ ခံစားမိနေသည်။ သို့တိုင် အဲ့လိုဖြစ်လာရင်လည်း ကောင်းတာပဲလို့ လင်ရှုယီတွေးမိလေ၏။
သူတို့နှစ်ယောက်ဝင်လာတာကိုမြင်တဲ့အခါ အဖိုးအိုယန်က သူတို့စားပြီးပြီလားလို့မေးသည်။ ရှန်ဖူက ခေါင်းခါကာ မစားရသေးကြောင်းဆို၏။ အဖိုးအိုယန်က မီးဖိုခန်းထဲမှ သိုးသားဖက်ထုပ်နှစ်ပန်းကယ်သယ်ချလာသည်။
"အခု အေးလာပြီ။ သိုးသားလေးစား၊ ဒါက အာဟာရဖြစ်တယ်။"
လတ်ဆတ်တဲ့သိုးသားက သိပ်ပြီးညှီနံ့မရ။ ကြက်သွန်မြိတ်တွေနဲ့ ဂျင်းလတ်လတ်ဆတ်ဆတ်ကို နုတ်နုတ်စင်းထားပြီး ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုးထည့်ထားကာ ငွေချောင်းသေးသေးလေးပုံစံလိပ်ထားသည်။ ကြည့်ကောင်းသလို အရသာလည်းရှိ၏။ သက်တမ်းရင့်ရှလကာရည်ရယ်၊ ငရုတ်ဆီရယ်နဲ့တွဲဖက်လိုက်တဲ့အခါ တစ်ကိုက်ချင်းစီတိုင်းက ချဉ်စပ်စပ်လေးဖြစ်နေကာ စားချင်စိတ်တိုးလာစေပြီး ဆီလည်းမများသလို အီလည်းမအီပေ။
သူတို့ နေ့လည်စာစားပြီးချိန်တွင် ပစ္စည်းတွေအားလုံးရောက်လာချေပြီ။
အဖိုးအိုယန်နဲ့ ရှောင်ဝမ့်အဖွားက ရောက်လာတဲ့ပစ္စည်းတွေကိုကြည့်ဖို့ရောက်လာကြသည်။ လင်ရှုယီဝယ်ခဲ့တဲ့ပစ္စည်းတွေအားလုံးကိုတွေ့သည်၌ သူတို့ အံ့ဩသွားကြ၏။
"ရှောင်ယီ၊ အဖိုးကိုပြောဦး၊ ဒါတွေ ဘယ်လောက်ကျလဲ?"
"ယွမ်သုံးရာ။"
အဖိုးအိုယန်နဲ့ရှောင်ဝမ့်အဖွားမှာ အချင်းချင်းကြည့်လိုက်မိကြ၏။ ဈေးက မမှန်ဘူးလို့ သူတို့တွေးမိသည့်တိုင် ဒါမျိုးတွေနဲ့မရင်းနှီးတာမို့ ဒါတွေက ဘယ်လောက်တန်တယ်ဆိုတာ သူတို့မပြောနိုင်ပေ။ ရှောင်ဝမ်ကသာ ဒီပစ္စည်းတွေကို မျက်လုံးပြူးကြီးနဲ့ကြည့်နေသူဖြစ်၏။
အရင်တစ်ခေါက် သူမ အတန်းဖော်ရဲ့အိမ်ကိုသွားလည်တုန်းက လင်ရှုယီဝယ်လာတဲ့ပန်းအိုးတွေထဲက တစ်အိုးနဲ့အရမ်းတူတဲ့ပန်းအိုးတစ်အိုးကိုတွေ့ခဲ့သည်။ တရားမဝင်လိုင်းကနေ ဝင်လာတဲ့လူတစ်ယောက်က ပို့တာလို့ပြောကြပြီး ယွမ်သိန်းချီကုန်တယ်ဟူ၏။ ဒါတွေအားလုံးက အစစ်ဆိုရင်...
ဒါတွေ ဘယ်လောက်တောင်တန်လောက်လဲ? အဆုံးတွင်တော့ ရှောင်ဝမ်မှာ သူ့ကိုယ်သူသာ စိတ်ညှို့လိုက်နိုင်၏။ ဒါတွေက ယွမ်သုံးရာနဲ့ဝယ်လာတာဆိုတော့ အစစ်တွေမဖြစ်နိုင်ပါဘူး...။ ဒါပေမယ့် ဒီလောက်အများကြီးကို ယွမ်သုံးရာနဲ့ တကယ်ဝယ်နိုင်လို့လား? ရှောင်ဝမ်မှာ ရှန်ဖူ့ဆီ မရည်ရွယ်ပါဘဲ အကြည့်ရွှေ့မိရသည်။
ဒါက အစ်ကိုရှောင်ဖူနဲ့ တစ်ခုခုပတ်သက်နေရမယ်လို့ သူမ ဘာလို့ခံစားနေရပါလိမ့်?
ရှန်ဖူ : ...
ဒါက တကယ်ပဲ ငါ့ကြောင့်မဟုတ်ရပါဘူး၊ ကျေးဇူးပြုပြီး ငါ့ကိုအလွတ်ပေး။
...
Zawgyi
သိုးသားဖက္ထုပ္ - ၂
_____________
အဖိုးအိုရဲ့အျပဳအမူေတြအတြက္အေၾကာင္းျပခ်က္ကို နားမလည္သည္မို႔ လင္ရႈယီရဲ့မ်က္လံုးေတျြပဴးက်ယ္သြားရသည္။
အဖိုးအိုက လင္ရႈယီအတြက္ ကိစၥေတြခက္ခဲေအာင္ တမင္လုပ္ေနတယ္ဆိုတာ ရွန္ဖူေျပာႏိုင္သည္။အရင္က သခင္ႀကီးရွန္ သူ႔ကိုေျပာဖူးတဲ့ကိစၥကို သူ သတိရသြားသည္။ ဒါက အမွန္ျဖစ္ႏိုင္ေလာက္လား? အဲ့ဒါဆိုရင္ေတာ့ သူ တကယ္နေမာ္နမဲ့ႏိုင္တာပဲ။
လင္ရႈယီက ေခါင္းခါသည္။
"ကြၽန္ေတာ္ ဒါေတြကို အလကားလက္မခံရဲပါဘူးဗ်ာ။ ဒီအတြက္ အဖိုး ေဈးသတ္မွတ္သင့္ပါတယ္။ အဖိုး ဘယ္ေလာက္လိုခ်င္ပါသလဲခင္ဗ်ာ။"
ရွန္ဖူက သူ႔မ်က္ႏွာကိုအုပ္ကာ သက္ျပင္းခ်၏။
"အဖိုး၊ ဒီယပ္ေတာင္ေပၚမွာ ကြၽန္ေတာ့္ကိုေရးခြင့္ျပဳပါ။"
အဖိုးအိုက ရွန္ဖူ႔ကိုၾကၫ့္ေနကာ လံုးဝစကားမဆိုေခ်။
လင္ရႈယီက တံုးတယ္ဆိုရင္ေတာင္မွ အဖိုးအိုက သူ႔အတြက္ ခက္ခဲေအာင္လုပ္ေနတာမွန္း သူေျပာႏိုင္သည္။ ဘာေၾကာင့္မွန္းမသိေပမယ့္လည္း...ဒီကစၥက ရွန္ဖူနဲ႔ အေလးအနက္ဆက္ႏြယ္ေနတယ္ဆိုတာ သူ အလိုလိုသိေနသည္။
စာတစ္ပုဒ္ပဲေလ။ လင္ရႈယီက အဖိုးအိုရဲ့လက္ထဲကစုတ္တံကိုၾကၫ့္လိုက္သည္။
လင္ရႈယီ အူေၾကာင္ေၾကာင္ခံစားေနရမွာပဲလို႔ ရွန္ဖူေတြးလိုက္မိတာမို႔ သူက လက္ဆန႔္ထုတ္ကာ လင္ရႈယီကို သူ႔ေနာက္နားဆီဆြဲေခၚလိုက္သည္။ ထို႔ေနာက္ သူက အဖိုးအိုကိုေျပာ၏။
"အဖိုး၊ ကြၽန္ေတာ့္အဖိုး ကြၽန္ေတာ့္ကိုေျပာခဲ့တာက အမွန္မဟုတ္ပါဘူးေနာ္၊ ဟုတ္တယ္မလား? ဒီ့အတြက္ေၾကာင့္နဲ႔ အဖိုး သူ႔ကိုခက္ခဲေအာင္လုပ္ေနမယ္ဆိုရင္ ဒါ သိပ္မသင့္ေတာ္မွာစိုးတယ္။"
ထို႔ေနာက္ သူက သူ႔ကဒ္ကိုထုတ္ကာ ခ်န္းက်ီကို ခရက္ဒစ္ကဒ္စက္ကိုယူလာဖို႔ေျပာလိုက္သည္။
"အဖိုး၊ အဖိုး ကြၽန္ေတာ့္ကို ေဈးေျပာၿပီးၿပီပဲဗ်ာ။ အဖိုး ကိုယ့္စကားကိုျပန္ရုတ္သိမ္းလို႔မရဘူးေလ။"
အဖိုးအိုနဲ႔လင္ရႈယီကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္လံုးျပဴးကာၾကၫ့္ေနၾက၏။ လင္ရႈယီက ရွန္ဖူ႔ေနာက္ကေန ေခါင္းေလးျပဴလာသည္။
"ပိုက္ဆံေတြအမ်ားႀကီးမလား? ကြၽန္ေတာ္တို႔ မဝယ္ေတာ့ရင္ေရာ?"
သူ႔အတြက္ ဒါေတြမရလို႔မျဖစ္ဆိုတာေတာ့ မဟုတ္ဘူးေလ။ သူ ဒါေတြကိုသေဘာက်ေပမယ့္လည္း အဖိုးအိုက ရွန္ဖူ႔ကိုခက္ခဲေအာင္လုပ္ေနတာျမင္ေတာ့ ထူးဆန္းတဲ့ခံစားခ်က္ႀကီးျဖစ္လာတယ္။ ၿပီးေတာ့ အဖိုးအိုနဲ႔ရွန္ဖူက အခ်င္းခ်င္းသိၾကတဲ့ပံုပဲ။
သို႔တိုင္ ရွန္ဖူကား ထိုသို႔လုပ္ဖို႔ကို မလိုလားပါေခ်။ သူ ဒီပစၥည္းေတြကို လက္ေလ်ွာ့ဖို႔ ဆႏၵမရိွတာေတာ့ မဟုတ္ဘူး၊ အဆံုးသတ္က်ေတာ့လည္း အဆိုးဆံုးက အဆိုးဆံုးပဲျဖစ္ေနမွာေလ၊ သူ တျခားပစၥည္းေတြရွာဝယ္လို႔ရသားပဲ။ အဓိကအခ်က္က လင္ရႈယီကို ဒီေခၚလာတာ သူျဖစ္ေပမယ့္ သူက လင္ရႈယီကို ဒုကၡလည္းခံရေစေသးတာ။ ဒါေၾကာင့္မို႔ သူ လက္ေလ်ွာ့ဖို႔တြန႔္ဆုတ္ေနမိျခင္း။
အဖိုးအိုကား သူတို႔ႏွစ္ေယာက္ကို အမူအရာကင္းမဲ့စြာျဖင့္သာၾကၫ့္ေနခဲ့၏။ သူက စကားတစ္ခြန္းမဆိုေခ်။ ခ်န္းက်ီက တစ္ဖက္မွာထိုင္လိုက္ၿပီး ရွန္ဖူ႔ကို စိုးရိမ္တႀကီးၾကၫ့္၏။ ဖိုးဖိုးက ဘာလို႔ ေလးေလးရွန္ကို ရုတ္တရက္ႀကီးဒီလိုဆက္ဆံေနရလဲဆိုတာ သူတကယ္မသိ။
ရွန္ဖူက သူ႔ကတ္ကိုျဖတ္ေတာ့မွာကိုျမင္တဲ့အခါ ေနာက္ဆံုးတြင္ေတာ့ လင္ရႈယီသည္ ရွန္ဖူ႔ေနာက္ကေန လက္ဆန႔္ထုတ္လာၿပီး စုတ္တံေသးသြယ္သြယ္ေလးကို သူ႔လက္ေခ်ာင္းေတြၾကား ၫွပ္လိုက္ပါ၏။ ထို႔ေနာက္ သူက သူ႔ရဲ့ပိတုန္းလိုနက္ေမွာင္ေနတဲ့မ်က္လံုးေတြကိုပင့္ကာ အဖိုးအိုကိုၾကၫ့္သည္။
"ကြၽန္ေတာ္တို႔ ဒါေတြကို အလကားရဖို႔ စာေလးေရးရံုပဲမလား?"
အဖိုးအိုက သူ႔မ်က္လံုးေတြကို တစ္ဝက္မ်ွေမွးၾကၫ့္လာသည္။ သူက ခံ့ညားလွသၫ့္ဟန္မူရာႏွင့္ျပန္ေျဖသည္။
"ငါ စိတ္ေက်နပ္ရင္ မင္းကို အလကားေပးမယ္။"
လင္ရႈယီက စုတ္တံကို မင္ထဲမွာႏွစ္လိုက္ၿပီး ယပ္ေတာင္ကိုယူသည္။ ယပ္ေတာင္ေပၚမွာ အစိမ္းေရာင္ေတာင္တန္းေတြအမ်ားႀကီးနဲ႔စမ္းေခ်ာင္းေကြ့ေလးတစ္ခုကို ဆြဲထားသည္။ ဒါက တီထြင္ေတြးဆႏိုင္စြမ္းအမ်ားႀကီးနဲ႔ပန္းခ်ီကားမဟုတ္ပါေပ။ သူ႔အတြက္ စာေရးေပးဖို႔ကလြယ္ေပမယ့္ အဖိုးအိုကို စိတ္ေက်နပ္ေစဖို႔ကေတာ့ ခက္ေလာက္သည္။ ၿပီးေတာ့ အဖိုးအိုက သူ႔ကို တမင္ခက္ခဲေအာင္လုပ္ေနမွေတာ့ သူက ဘာလို႔ ဘယ္လိုစာမ်ိဳးဆိုတာကိုဂရုစိုက္ေနရဦးမွာလဲ?
လင္ရႈယီက ခဏမ်ွေတြးေတာေနရင္း ႏႈတ္ခမ္းတို႔ကို တင္းတင္းေစ့ထားလိုက္၏။ ထို႔ေနာက္ သူက ယပ္ေတာင္ကို ေသခ်ာေလးဖိခ်လိုက္ၿပီး စာစေရးသည္။
သူက မနားတမ္းေရးေနၿပီး သူ႔လက္ေရးက လွပသည္၊ ထူးျခားသည္၊ ၿပီး အားပါသည္။ ေနာက္ဆံုးတြင္ေတာ့ သူက ေနာက္ဆံုးစုတ္ခ်က္အတြက္ စုတ္တံကိုႏိွမ့္လိုက္ၿပီး ယပ္ေတာင္ကို အဖိုးအိုဆီကမ္းေပးလိုက္၏။
လင္ရႈယီက သူ႔ႏႈတ္ခမ္းေထာင့္စြန္းကိုပင့္မကာ အနည္းငယ္ေအးတိေအးစက္ႏိုင္သၫ့္အၿပံဳးတစ္ခုကို ဖန္တီး၏။
"အဖိုး ဒါကိုၾကၫ့္ဖို႔ အခ်ိန္ယူႏိုင္ပါတယ္ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ ဒီပစၥည္းေတြကို မလိုခ်င္ေတာ့ပါဘူး။ ရွန္ဖူ၊ သြားၾကမယ္။"
ရွန္ဖူက အေတာ္လွမ္းတဲ့ေနရာမွာရိွေနတာျဖစ္ၿပီး လင္ရႈယီရဲ့ေက်ာက သူ႔ျမင္ကြင္းကိုကြယ္ထားသည္မို႔ လင္ရႈယီဘာေရးလိုက္လဲဆိုတာ သူ မေတြ့လိုက္ရေပ။ လင္ရႈယီ ဒီလိုျပဳမူေနတာကိုျမင္လိုက္ရတဲ့အခါ သူ ဆိုးဆိုးဝါးဝါးေတြေရးခဲ့တာျဖစ္မယ္လို႔ ရွန္ဖူေတြးလိုက္သည္။ ရွန္ဖူမွာ အလွဆင္ပစၥည္းမ်ားႏွင့္ပတ္သက္၍ အေနွာင့္အယွက္ဆက္ျဖစ္မေနႏိုင္ေတာ့။ သူက လင္ရႈယီကို အမီလိုက္ကာ ႏွစ္သိမ့္ေပးဖို႔ျပင္၏။
သူတို႔ေျခလွမ္းႏွစ္လွမ္းပဲလွမ္းရေသးခ်ိန္မွာ သူတို႔ေနာက္က အဖိုးအိုက ဟက္ဟက္ပက္ပက္ရယ္လာလိမ့္မယ္လို႔ ဘယ္သူသိမွာလဲ။ ထို႔ေနာက္ အဖိုးအိုကေျပာလာသည္။
"မင္း အခုေရြးထားတဲ့ပစၥည္းေတြအကုန္ယူသြားေတာ့။ ငါ အဲ့ဒါေတြ မလိုခ်င္ဘူး။"
လင္ရႈယီကား ျပန္ပင္မလွၫ့္ေခ်။ ထင္ထားသည္ႏွင့္ေျပာင္းျပန္ျဖစ္ေနသည္မို႔ ရွန္ဖူ အံ့ဩသြားသည္။ လင္ရႈယီ ဘာေရးခဲ့လဲဆိုတာ သူ တကယ္ၾကၫ့္ခ်င္တယ္!
အဖိုးအိုက လင္ရႈယီရဲ့ေဒါသကို ႀကိဳတင္မွန္းဆထားၿပီးပံုေပၚကာ ပို၍ပင္က်ယ္ေလာင္စြာရယ္ေမာလာေလေတာ့၏။
"ေနာက္ဆံုးေတာ့လည္း ရွန္ဖူက ငါ့ကို အဖိုးလို႔ေခၚရဦးမွာပဲေလ။ အေသးအမႊားကိစၥေလးေတြအတြက္နဲ႔ မင္းတို႔ကို ျပသနာလုပ္တာ ငါ့အမွားပါ။ မင္းတို႔ ေဒါသမထြက္ဖို႔ ေမ်ွာ္လင့္တယ္။"
ထို႔ေနာက္တြင္မွသာ လင္ရႈယီ ေျခလွမ္းရပ္သြားတာျဖစ္သည္။ သူက အဖိုးအိုကိုလွၫ့္ၾကၫ့္ကာ ခါးၫႊတ္၏။
"ကြၽန္ေတာ္ကမွ ယဉ္ေက်းမႈေတြကို ေမ့သြားတဲ့သူပါ။"
အဖိုးအိုက မ်က္လံုးေမွးလိုက္သည္။ ဓီလူငယ္ေလးက ျပသနာေတြကိုရင္ဆိုင္ေနရတာေတာင္ တည္ၿငိမ္တယ္၊ သေဘာထားႀကီးတယ္၊ ၿပီးေတာ့ ဘဝင္မျမင့္သလို ႏိွမ့္လည္းမႏိွမ့္ခ်တတ္ဘူး။ သူက ပ်ိဳးပင္ေကာင္းေလးပဲ။
"ဒါဆိုလည္း မင္း အဖိုးရဲ့လက္ေဆာင္ကို လက္ခံသင့္တယ္ေလ၊ ဟုတ္တယ္ေနာ္?"
လင္ရႈယီက ေခါင္းခါသည္။
"ေက်းဇူးတင္ပါတယ္ အဖိုး၊ ဒါေပမယ့္ ကြၽန္ေတာ္ လက္မခံႏိုင္ပါဘူး။"
အဖိုးအိုက မ်က္ေမွာင္ကုတ္လိုက္ေသာ္လည္း အဆံုးတြင္မူ သူက ႏႈတ္ခမ္းလႊာတို႔ကိုဖြင့္ဟကာ ရယ္ေမာလာေလ၏
"ေကာင္းၿပီေလ၊ မင္း ဒါေတြကို အလကားယူစရာမလိုပါဘူး။ ဒါေတြအကုန္လံုးကို ဝယ္တာပိုေကာင္းတယ္။"
ထို႔ေနာက္ သူက ရွန္ဖူ႔ကိုၾကၫ့္သည္။
"မင္းကဒ္ကို အခုထိမေပးေသးဘူးလား? ျဖတ္လိုက္!"
သို႔ေသာ္လည္း အဆံုးတြင္ေတာ့ ပစၥည္းေတြအမ်ားႀကီးကိုေတာင္မွ အဖိုးအိုက ယြမ္သံုးရာသာေတာင္းေလ၏။ ဒါက သူတို႔ကို အလကားေပးတာနဲ႔အတူတူပင္။ အဖိုးအို ရွန္ဖူ႔ကို ပထမဆံုးေျပာခဲ့တဲ့ေဈးက မိုးထိေအာင္ျမင့္ၿပီး အဲ့ပစၥည္းေတြရဲ့တန္ဖိုးအလိုက္တြက္ခ်က္ၾကၫ့္မယ္ဆိုလည္း ေဈးက မိုးထိေအာင္ျမင့္တာထက္မနည္းဘူးဆိုတာ သိႏိုင္သည္။
ရွန္ဖူကား ယပ္ေတာင္ေပၚကစာလံုးေတြအေၾကာင္း အသည္းအသန္သိခ်င္ေနတဲ့စိတ္ကို အဆံုးထိတိုင္ျဖၫ့္ဆည္းမေပးႏိုင္ခဲ့။ ထို႔အတြက္ ရွန္ဖူက လင္ရႈယီကိုသာ သူ ဘာေရးခဲ့လဲဆိုတာကို ေမးရေတာ့သည္။
"မင္း ယပ္ေတာင္ေပၚမွာ ဘာစာေရးခဲ့တာလဲ?"
တမင္တကာရန္စဖို႔လုပ္ေနတဲ့ ဒီအဖိုးႀကီးကို စိတ္ေက်နပ္သြားေစတယ္ဆိုေတာ့ တကယ္အထင္ႀကီးေလာက္စရာပဲေနမွာ။
လင္ရႈယီက သူ႔ကို ေအးစက္စြာၾကၫ့္လာ၏။
"ခင္ဗ်ားနဲ႔အဲ့အဖိုးက ဘယ္လိုပတ္သက္တာလဲ အရင္ေျပာျပ။"
ဒီအဖိုးအိုက အဓိပၸာယ္မရိွ၊ အေၾကာင္းျပခ်က္မရိွနဲ႔ ဘာလို႔ သူ႔ကို ခက္ခဲေအာင္လုပ္တာလဲ?
ရွန္ဖူက အနည္းငယ္ကို႔ရို႔ကားယားျဖစ္ေနၿပီးမွ ျဖည္းျဖည္းခ်င္းစတင္ရွင္းျပလာ၏။
"တကယ္ေတာ့ သူက ကိုယ့္အဖိုးရဲ့အေကာင္းဆံုးသူငယ္ခ်င္း။ သူက ေရွးေဟာင္းေႂကြထည္ေတြနဲ႔ပစၥည္းေတြကို ေရာင္းဝယ္ရတာႀကိဳက္တယ္။ မင္းႀကိဳက္ေလာက္မယ္ထင္လို႔ ကိုယ္ မင္းကို အဲ့ကိုေခၚသြားတာ။"
လင္ရႈယီက ရွန္ဖူ႔ကိုၾကၫ့္ကာ နားေထာင္ေနၿပီး သူ႔ကို ဆက္ေျပာဖို႔အခ်က္ျပ၏။
"တကယ္ေတာ့ေလ သူ႔မွာ ကိုယ့္ထက္ႏွစ္နည္းနည္းေလာက္ငယ္တဲ့ ေျမးမတစ္ေယာက္လည္းရိွတယ္။ သူက အခုU.Sမွာ။ အဲ့အဖိုးက သူ႔ေျမးမကို ကိုယ္နဲ႔မိတ္ဆက္ေပးခ်င္ေနတာလို႔ ကိုယ့္အဖိုးက အရင္က ကိုယ့္ကိုေျပာဖူးတယ္။ ကိုယ္က သူ စေနတာလို႔ထင္ၿပီး အတည္မယူလိုက္တာ..."
ဒီေတာ့ ဒါက ဒီကိစၥျဖစ္တဲ့အေၾကာင္းအရင္းေပါ့ေလ။ ရွန္ဖူ ရွက္ေနသည္။ သူက အဲ့ကမ္းလွမ္းခ်က္ကို အတည္မယူေပမယ့္ အဖိုးအိုကေတာ့ အတည္ယူေနတာကိုး။ အဆံုးမွာ ဒီကိစၥကိုေျဖရွင္းၿပီးၿပီဆိုေပမယ့္လည္း အကုန္လံုးေျပာၿပီး၊ ျဖစ္ၿပီးသြားတဲ့အခါက်ေတာ့ ကိစၥေတြကို ေကာင္းေကာင္းမကိုင္တြယ္ႏိုင္ခဲ့တဲ့လူက သူေလ။
လင္ရႈယီက ႏႈတ္ခမ္းတို႔ကိုတင္းတင္းေစ့ထားကာ စကားမေျပာေလတာေၾကာင့္ သူ စိတ္တိုေနတုန္းလို႔ ရွန္ဖူထင္သြားသည္။ သူက လင္ရႈယီကို အႀကိမ္ေရအနည္းငယ္ေလာက္ၾကၫ့္လိုက္ၿပီးမွ ၿပံဳးကာျဖင့္ လက္ဆန႔္ကာ လင္ရႈယီေပၚတင္လိုက္သည္။ ရွန္ဖူက မ်က္ခံုးပင့္၏။
"မင္း သဝန္တိုေနတာလား?"
လင္ရႈယီက သူ႔ကိုခပ္စူးစူးၾကၫ့္လာ၏။ သို႔ေသာ္လည္း ပြင့္ပြင့္လင္းလင္းေျပာရလ်ွင္ေတာ့ ရွန္ဖူ အဲ့လိုေျပာလာတုန္းက သူ နည္းနည္းစိတ္မေပ်ာ္။ ဘယ္အပိုင္းက သူ႔ကို စိတ္မေပ်ာ္ေစတာလဲဆိုတာ သူမသိ။ ဘာပဲျဖစ္ျဖစ္ သူ အဲ့ကိစၥနဲ႔ပတ္သက္ၿပီး မေက်နပ္ပါ။
ရွန္ဖူက မ်က္လံုးေလးမ်ားေကြးသြားသည္အထိၿပံဳး၏။ သူက လင္ရႈယီရဲ့မသိမသာတင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းေတြကိုၾကၫ့္ရင္း လင္ရႈယီကို သူ႔လက္ေမာင္းေတြၾကားဆြဲသြင္းခ်င္စိတ္ေတြတရြရျြဖစ္လာေတာ့သည္။ ကံမေကာင္းခ်င္ေတာ့ သူ႔ေရ႔ွမွာ ျဖတ္သြားေနတဲ့လူေတြအမ်ားႀကီးရိွေနၿပီး သူသာ အဲ့လိုလုပ္ရင္ လင္ရႈယီက သူ႔ကို သတ္ေပလိမ့္မည္။
"ဒါနဲ႔ မင္း ယပ္ေတာင္ေပၚမွာ ဘာေရးခဲ့တာလဲဆိုတာ အခု ကိုယ့္ကိုေျပာျပလို႔ရၿပီလား?"
လင္ရႈယီက မ်က္လံုးေလးမ်ားကိုက်ဉ္းေျမာင္းလိုက္၏။
"သိခ်င္တယ္ေပါ့? ေျပာမျပဘူး။"
ရွန္ဖူ : ...
ကိုယ္တို႔ အျပန္အလွန္ေျပာျပၾကမယ္လို႔ မေျပာခဲ့ဘူးလား? လူေတြၾကားထဲက အေျခခံအက်ဆံုးယံုၾကည္မႈက ဘယ္မွာတုန္း? ဒီလူက ပိုပိုၿပီးအက်င့္မေကာင္းျဖစ္လာတာကိုေတာင္ သူက ဘာလို႔ တစ္ခ်ိန္တည္းမွာ ရတနာေလးတစ္ခုကိုေတြ့လိုက္ရသလိုခံစားေနရတာလဲ?
သူတို႔ႏွစ္ေယာက္လံုးထြက္သြားခ်ိန္၌ အဖိုးဝမ္က ယပ္ေတာင္ကိုထုတ္ကာ ထပ္ၾကၫ့္လိုက္၏။ ထို႔ေနာက္ သူက ဖုန္းေခၚလိုက္သည္။
ဖုန္းျမည္သံႏွစ္ခါေလာက္ထြက္လာၿပီးေနာက္တြင္ သခင္ႀကီးရွန္ကဖုန္းကိုင္လာသည္။
"မင္း ျပန္ေရာက္ၿပီေပါ့?"
"မဟုတ္ပါဘူး။ ငါ ဒီေန့ ဘယ္သူ႔ကိုေတြ့ခဲ့လဲ မွန္းၾကၫ့္စမ္း။"
သခင္ႀကီးရွန္ကား အေျခအေနကိုမသိ။
"ေျပာစမ္းပါ၊ မင္း ဘယ္သူနဲ႔ေတြ့ခဲ့လို႔လဲ? ငါက ဘယ္လိုလုပ္သိမွာတုန္း?"
"မင္းရဲ့ေျမးေခြၽးမေလးနဲ႔!"
ပထမေတာ့ သခင္ႀကီးရွန္ မတုန႔္ျပန္မိပါေခ်။ ေနာက္ဆံုး ဒီ'ေျမးေခြၽးမ'ဆိုတာ ဘယ္သူ႔ကိုရည္ၫႊန္းေနမွန္း သူသေဘာေပါက္သြားခ်ိန္မွာေတာ့ သူ႔အသံက ခုနစ္သံခ်ီရွစ္သံခ်ီက်ယ္ေလာင္သြားေတာ့၏။
"မင္း အဲ့ကေလးကိုေတြ့ခဲ့တာလား?"
အဖိုးအိုဝမ္က ေခါင္းၿငိမ့္လိုက္ၿပီးမွ သခင္ႀကီးရွန္က သူ႔ကို မျမင္ႏိုင္ေၾကာင္းသတိရသြားတာမို႔ သူက အသံျပဳလိုက္၏။
"ဘယ္လိုလဲ? ဘယ္လိုလဲ? သူက အရမ္းတက္ႂကြတယ္မဟုတ္လား? ငါ သူ႔ကို ပထမဆံုးစျမင္တည္းက သူက ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ငါခံစားေနရတာ။ သူက လူေကာင္းေလးကြ။"
အဖိုးအိုဝမ္က ဒီစကားထဲကအခ်က္ကို စိတ္ပ်က္စြာျဖင့္ႏွာမႈတ္၏။
"ငါေတာ့ ဒီလိုအစြဲအလန္းေတြကို မယံုပါဘူး။ ဒါေပမယ့္ အဲ့ေကာင္ေလးက တကယ္ေကာင္းတယ္။ မင္းေတာင္ ဘာေရးရမွန္းမသိတဲ့ယပ္ေတာင္ကို မွတ္မိလား? သူ စာေရးသြားတယ္။"
သခင္ႀကီးရွန္ မ်က္လံုးျပဴးလိုက္မိသည္။
"သူ ဘာေရးသြားတာလဲ? သူ ဘာေရးသြားတာလဲ? ငါ့ကို ျမန္ျမန္ေျပာျပ။"
အဖိုးအိုဝမ္က လက္ေကာက္ဝတ္ကို တစ္ခ်က္လႈပ္ကာ ယပ္ေတာင္ကိုဖ်တ္ကနဲဖြင့္လိုက္ၿပီး ယပ္ေတာင္ေပၚက ကဗ်ာကိုဖတ္ျပလိုက္သည္။
"'ေရကန္ငယ္ေလးကို အထင္မေသးနဲ႔၊ ေရတိမ္တိမ္ေအာက္မွာပုန္းေနတဲ့ နဂါးကိုေၾကာက္ရြံ႔ပါ'တဲ့။ ဒါက ငါတို႔ကို သူ႔ကိုအထင္မေသးဖို႔ေျပာတာကြ။"
အဖိုးအိုဝမ္က ၿပံဳးသည္။
"သူက မာနမႀကီးသလို မႏိွမ့္ခ်တတ္ဘူး၊ ၿပီးေတာ့ ငါက သူ႔ကို ခက္ခဲေအာင္လုပ္ခဲ့ေပမယ့္ အၿငိဳးမထားဘူး။ သူက တကယ္ကိုပ်ိဳးပင္ေကာင္းေလးပဲ။"
သခင္ႀကီးရွန္ရဲ့မ်က္လံုးေတြ ျပဴးက်ယ္ကုန္သည္။
"မင္းက သူ႔ကိုခက္ခဲေအာင္လုပ္တယ္? မင္းက ဘယ္လိုမ်ားခက္ခဲေအာင္လုပ္လိုက္တာလဲ?"
ဒါကိုၾကားတဲ့အခါ အဖိုးအိုဝမ္က ႏွာမႈတ္ေလ၏။
"ဒါက သိပ္မမ်ားေသးပါဘူး။ မင္းတို႔အကုန္လံုးက သူ႔ကို ရတနာေလးတစ္ခုလို အရမ္းခ်စ္ၾကတာမဟုတ္ဘူးလား?"
သခင္ႀကီးရွန္မွာ ရွက္ရြံ႔သြားကာ မ်က္ႏွာပ်က္ရသလိုခံစားလိုက္ရတာမို႔ သူက ျပန္ေခ်ပ၏။
"အဓိက,က ငါ ေရွာင္ဖူ႔အတြက္ စိတ္မေကာင္းျဖစ္ေနလို႔မဟုတ္ဘူးလား?"
"တကယ္ႀကီးလား?"
အဖိုးအိုဝမ္က ေအးစက္စက္ႏွာထပ္မႈတ္လိုက္ၿပီး စကားစျဖတ္သည္။
"စကားမစပ္ ငါ မင္းရဲ့ေျမးေခြၽးမေလးကို ပထမဆံုးေတြ့တဲ့လက္ေဆာင္အေနနဲ႔ သန္းခ်ီတန္တာေတြေပးလိုက္တယ္။ ငါ့ေျမးမေလးလက္ထပ္တဲ့အခါ မင္း အဲ့ဒါအတြက္ အဆင္ေျပသလိုျပန္လုပ္ေပးလို႔ရတယ္။"
ထို႔ေနာက္ သူ ဖုန္းခ်လိုက္သည္။
သခင္ႀကီးရွန္ : ...
ဟုတ္ၿပီေလ၊ ဒီေတာ့ အဆံုးသတ္မွာ ဒါက အဓိကကိစၥေပါ့။
ေျဖရွင္းမႈေတြအားလံုးၿပီးသြားတဲ့ေနာက္မွာ အမ်ိဳးသားႏွစ္ေယာက္က အိမ္ကို အတူတူျပန္လာၾကသည္။ သူတို႔ အဖိုးအိုရဲ့အိမ္ကဝယ္ခဲ့တဲ့ပစၥည္းေတြက မၾကာခင္ေရာက္ရိွလာမည္ျဖစ္ၿပီး အဲ့ပစၥည္းေတြကို အထဲေရႊ့ၿပီးရင္ အားလံုးၿပီးၿပီျဖစ္သည္။
သူတို႔ႏွစ္ေယာက္က အိမ္မျပန္ၾကဘဲ အဖိုးအိုယန္ရဲ့အိမ္ဆီ တန္းတန္းမတ္မတ္သြားလိုက္ၾကသည္။ အဖိုးအိုယန္က ေရွာင္ဝမ္ရယ္၊ ေရွာင္ဝမ့္အဖြားရယ္နဲ႔ မာေက်ာက္ကစားေနသည္။ သူက အေတာ္ေလးကံဆိုးေနကာ ဆိုးဆိုးဝါးဝါးရႈံးေနသည္မို႔ နဖူးထက္တြင္ စကၠူစာရြက္တစ္ရြက္အကပ္ခံထားရသည္။ သို႔တိုင္ သူက နည္းနည္းေလးေတာင္မေက်မနပ္မျဖစ္ဘဲ ေပ်ာ္ရႊင္စြာရယ္ေမာေနေလ၏။
လင္ရႈယီမွာ အျပင္တြင္ရပ္ေနရင္း တစ္ခုခုေတာ့ မူမမွန္ဟု ရုတ္တရက္ႀကီးခံစားလိုက္မိရ၏။ ခုတေလာ အဖိုးယန္က ေရွာင္ဝမ့္အဖြားနဲ႔ အခ်ိန္ေတြပိုပိုျဖဳန္းေနသလားလို႔? သူ႔စိတ္ထဲမွာ ထူးဆန္းတဲ့နမိတ္ေတြရေနၿပီး အဲ့ဒါက မၾကာခင္ တကယ္ျဖစ္လာေတာ့မယ္လို႔ ခံစားမိေနသည္။ သို႔တိုင္ အဲ့လိုျဖစ္လာရင္လည္း ေကာင္းတာပဲလို႔ လင္ရႈယီေတြးမိေလ၏။
သူတို႔ႏွစ္ေယာက္ဝင္လာတာကိုျမင္တဲ့အခါ အဖိုးအိုယန္က သူတို႔စားၿပီးၿပီလားလို႔ေမးသည္။ ရွန္ဖူက ေခါင္းခါကာ မစားရေသးေၾကာင္းဆို၏။ အဖိုးအိုယန္က မီးဖိုခန္းထဲမွ သိုးသားဖက္ထုပ္ႏွစ္ပန္းကယ္သယ္ခ်လာသည္။
"အခု ေအးလာၿပီ။ သိုးသားေလးစား၊ ဒါက အာဟာရျဖစ္တယ္။"
လတ္ဆတ္တဲ့သိုးသားက သိပ္ၿပီးၫွီနံ႔မရ။ ၾကက္သြန္ၿမိတ္ေတြနဲ႔ ဂ်င္းလတ္လတ္ဆတ္ဆတ္ကို ႏုတ္ႏုတ္စင္းထားၿပီး ဟင္းခတ္အေမႊးအႀကိဳင္အမ်ိဳးမ်ိဳးထၫ့္ထားကာ ေငြေခ်ာင္းေသးေသးေလးပံုစံလိပ္ထားသည္။ ၾကၫ့္ေကာင္းသလို အရသာလည္းရိွ၏။ သက္တမ္းရင့္ရွလကာရည္ရယ္၊ ငရုတ္ဆီရယ္နဲ႔တြဲဖက္လိုက္တဲ့အခါ တစ္ကိုက္ခ်င္းစီတိုင္းက ခ်ဉ္စပ္စပ္ေလးျဖစ္ေနကာ စားခ်င္စိတ္တိုးလာေစၿပီး ဆီလည္းမမ်ားသလို အီလည္းမအီေပ။
သူတို႔ ေန့လည္စာစားၿပီးခ်ိန္တြင္ ပစၥည္းေတြအားလံုးေရာက္လာေခ်ၿပီ။
အဖိုးအိုယန္နဲ႔ ေရွာင္ဝမ့္အဖြားက ေရာက္လာတဲ့ပစၥည္းေတြကိုၾကၫ့္ဖို႔ေရာက္လာၾကသည္။ လင္ရႈယီဝယ္ခဲ့တဲ့ပစၥည္းေတြအားလံုးကိုေတြ့သည္၌ သူတို႔ အံ့ဩသြားၾက၏။
"ေရွာင္ယီ၊ အဖိုးကိုေျပာဦး၊ ဒါေတြ ဘယ္ေလာက္က်လဲ?"
"ယြမ္သံုးရာ။"
အဖိုးအိုယန္နဲ႔ေရွာင္ဝမ့္အဖြားမွာ အခ်င္းခ်င္းၾကၫ့္လိုက္မိၾက၏။ ေဈးက မမွန္ဘူးလို႔ သူတို႔ေတြးမိသၫ့္တိုင္ ဒါမ်ိဳးေတြနဲ႔မရင္းႏွီးတာမို႔ ဒါေတြက ဘယ္ေလာက္တန္တယ္ဆိုတာ သူတို႔မေျပာႏိုင္ေပ။ ေရွာင္ဝမ္ကသာ ဒီပစၥည္းေတြကို မ်က္လံုးျပဴးႀကီးနဲ႔ၾကၫ့္ေနသူျဖစ္၏။
အရင္တစ္ေခါက္ သူမ အတန္းေဖာ္ရဲ့အိမ္ကိုသြားလည္တုန္းက လင္ရႈယီဝယ္လာတဲ့ပန္းအိုးေတြထဲက တစ္အိုးနဲ႔အရမ္းတူတဲ့ပန္းအိုးတစ္အိုးကိုေတြ့ခဲ့သည္။ တရားမဝင္လိုင္းကေန ဝင္လာတဲ့လူတစ္ေယာက္က ပို႔တာလို႔ေျပာၾကၿပီး ယြမ္သိန္းခ်ီကုန္တယ္ဟူ၏။ ဒါေတြအားလံုးက အစစ္ဆိုရင္...
ဒါေတြ ဘယ္ေလာက္ေတာင္တန္ေလာက္လဲ? အဆံုးတြင္ေတာ့ ေရွာင္ဝမ္မွာ သူ႔ကိုယ္သူသာ စိတ္ၫွို႔လိုက္ႏိုင္၏။ ဒါေတြက ယြမ္သံုးရာနဲ႔ဝယ္လာတာဆိုေတာ့ အစစ္ေတြမျဖစ္ႏိုင္ပါဘူး...။ ဒါေပမယ့္ ဒီေလာက္အမ်ားႀကီးကို ယြမ္သံုးရာနဲ႔ တကယ္ဝယ္ႏိုင္လို႔လား? ေရွာင္ဝမ္မွာ ရွန္ဖူ႔ဆီ မရည္ရြယ္ပါဘဲ အၾကၫ့္ေရႊ့မိရသည္။
ဒါက အစ္ကိုေရွာင္ဖူနဲ႔ တစ္ခုခုပတ္သက္ေနရမယ္လို႔ သူမ ဘာလို႔ခံစားေနရပါလိမ့္?
ရွန္ဖူ : ...
ဒါက တကယ္ပဲ ငါ့ေၾကာင့္မဟုတ္ရပါဘူး၊ ေက်းဇူးျပဳျပီး ငါ့ကိုအလြတ္ေပး။
...