ACCIDENTALLY

By Precious_ChiChu

27K 1.8K 103

အချစ်တစ်ခုဖြစ်ပေါ်ဖို့ အကြောင်းအရာအများကြီး မလိုအပ်ဘူးဆိုတာ မတော်တဆ ချစ်မိသွားတဲ့အခါမှပဲ လက်ခံတော့တယ် More

A ~ About
C ~ Coincidence
C ~ Cause
I ~ I LOVE YOU
D ~ Don't You Love Me?
E ~ Evil
N ~ No Pain No Gain
T ~ Till the End
A ~ All of Me
L ~ LONELY
Y ~ You Are Mine ( Final )
Thank U So Much

L ~ LOVE

1.7K 138 13
By Precious_ChiChu

Jennie Center ထဲကို ဝင်လာတော့ LiLi ကို မတွေ့တာနဲ့ ဆရာမကို မေးကြည့်မိသည် ။ အနောက်ဘက်က ပန်းခြံထဲမှာဟု
ဆိုသောကြောင့် Jennie ပန်းခြံထဲကိုသာ လိုက်လာခဲ့လိုက်သည် ။
တွေ့ပါပြီ သူ့ရဲ့ LiLi လေး ။
ခုံတန်းလေးပေါ် ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြုံးနေလေရဲ့ ။ တကယ်ပါ ။LiLi အပြုံးတွေက နေမင်းကြီးနဲ့အပြိုင်ကို တောက်ပလွန်းသည် ။ အေးချမ်းလွန်းသည် ။  LiLi ပြုံးနေတာလေးကို မြင်ရရင် Jennie ရင်ထဲ တကယ်ကို ပျော်ရွှင်ရသည်လေ ။

" LiLi "

Jennie ခေါ်လိုက်တော့ Lisa က တစ်ချက်ပဲ လှည့်ကြည့်ပြီး ဟိုဘက်ကို မျက်နှာလှည့်သွားသည် ။ Jennie တစ်ချက်ကြောင်သွားပြီးမှ သည်ကလေးလေး
စိတ်ကောက်နေတာနေမှာဟုပင်
တွေးလိုက်ပြီး အနားမှာ သွားရပ်လိုက်သည် ။

" LiLi လေးရေ ... မမ လာပြီ ။ ဟို... မနေ့ညက LiLi ဖုန်းကို မကိုင်လို့ စိတ်ကောက်နေတာလားဟုတ်လား ။ စိတ်မဆိုးပါနဲ့နော် LiLi ။ မမတို့ မိသားစု ညစာစားနေရင်
စကားကောင်းနေတာနဲ့ ဖုန်းကိုမကြည့်မိလိုက်တာပါ ။ ပြီးတော့ ပြန်ခေါ်မယ်လုပ်တော့လည်း LiLi အိပ်ပျော်နေတာ ဖြစ်မှာစိုးလို့... နော် LiLi.. စိတ်မကောက်ပါနဲ့နော် "

Jennie က မျက်နှာငယ်လေးလုပ်ကာ LiLi ရှေ့နားမှာ ခြေဖျားလေးထောက်ပြီး ငုတ်တုပ်လေးထိုင်ကာ LiLi ဒူးလေးကို
ကိုင်ထားသည် ။
Lisa တစ်ချက်တွန့်သွားပြီးမှ

" မရဘူး.... စိတ်ကောက်တယ်... မမ သွား... ဟိုပန်းပင်နားသွားရပ်နေ ...သေချာလက်ပိုက်ပြီးရပ်နေ...  LiLi ကို လာမထိနဲ့"

" ဟင်... LiLi ကလည်း... စိတ် ..."

" မမ... သွားရပ်နေပါဆို "

" အင်း.. အင်းပါ... "

Jennie ခေါင်းလေးကုတ်ကာ LiLi ပြတဲ့ ပန်းပင်နားသွားရပ်နေပြီး လက်ကလေးပိုက်ထားလိုက်သည် ။ သူ့ကလေးစကားကိုတော့ မလွန်ဆန်နိုင်ဘူးလေ ။
ခြေလှမ်း ငါးလှမ်းလောက်အကွာကနေ လက်ကလေးပိုက်ပြီး သနားစရာရပ်ကြည့်နေတဲ့ Jennie အနားကို Lisa မတ်တတ်ရပ်ကာ လျှောက်သွားလိုက်သည် ။

Jennie မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လက်ပိုက်ထားတာကို ဖြုတ်လိုက်ကာ
ပါးစပ်ကလေးကို လက်နှစ်ဖက်နဲ့ အုပ်ထားမိပြီး အံ့သြတကြီး ဖြစ်နေရသည် ။

" Li... LiLi.... လမ်းပြန်လျှောက်နိုင်ပြီ... "

" ဟီးဟီး.... ဟုတ်တယ် မမ.... မနေ့ညက
စလျှောက်မိတာ... ဒီမနက် ဆရာမကို
ပြကြည့်တော့လည်း အခြေအနေက တော်တော်လေးကို ကောင်းလာတယ်တဲ့ ။ တစ်ပတ်လောက်နေရင် လူကောင်းပကတိလိုကို သွားနိုင်လာနိုင်တော့မှာ မမရဲ့... "

" အားးးး.... ဝမ်းသာလိုက်တာ.... ဝမ်းသာလိုက်တာ LiLi ရယ်... မမလေ... "

Jennie ဝမ်းသာလုံးစို့ကာ ပြောနေရင်း စကားလေးထစ်သွားတော့ Lisa က Jennie ပခုံးလေးကို ဆုပ်ကိုင်လိုက်ကာ Jennie ရဲ့ မျက်ရည်တွေဝဲနေတဲ့ မျက်လုံးလေးတွေကို စိုက်ကြည့်လိုက်သည် ။

" မမ... ဒီထက် ပျော်စရာကောင်းတဲ့ စကား LiLi ပြောချင်သေးတယ်.. ခဏလေး. မငိုနဲ့အုန်းနော်... "

lisa စကားကို နားမလည်သလို မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်လုပ်ကာ ကြည့်နေတဲ့ Jennie ကို Lisa ဖက်ထားလိုက်သည် ။

" LiLi... မမ ကို ချစ်တယ်.... ဒီစကားကို အရင်တည်းက ပြောခဲ့ချင်ပေမယ့် LiLi လူကောင်းတစ်ယောက်လို မမ ကို ပြောချင်လို့... အချိန်တွေ ဆွဲနေခဲ့တာ... အခုတော့  LiLi အချစ်တွေကို အပြည့်အဝပေးလို့ရပြီ.... မမကို LiLi အရမ်းချစ်တယ်"

သူ့ကိုဖက်ထားပြီး ပြောနေတဲ့စကားတွေကြောင့် Jennie ပျော်လွန်းလို့ လေပေါ်မြှောက်တက်သွားသလားတောင် ထင်ရကာ Lisa ခါးကို အတင်းပြန်ဖက်ထားလိုက်သည် ။

" Li.. LiLi ကိုလည်း... မမ... မမ... အရမ်းးးးချစ်နေမိခဲ့တာပါ... ကလေးရယ်... ကျေးဇူးတင်လိုက်တာ... ပျော်လိုက်တာ LiLi ရယ်... မမကို ချစ်ပေးလို့ တကယ် တကယ် ကျေးဇူးတင်ပါတယ် "

" အာဟားးး မမကလည်း... ကျေးဇူးတင်စရာမှ မဟုတ်တာ... ရင်ထဲက လာတဲ့ အချစ်တွေအတွက် ကျေးဇူးတရားဆိုတာ မလိုပါဘူး.. "

" ဟားဟားး.. စကားကတော့ သိပ်တတ်နေနော်...ကလေးလေး... ပြောပါအုန်း... ချက်ချင်းကြီး ဘယ်လို.. ဘယ်လို.. ပြန်ကောင်းသွားတာလဲဟင် "

Jennie ရဲ့ အမေးကို Lisa လုံးစေ့ပတ်စေ့ ပြန်ပြောပြလိုက်ပြီးနောက်တော့ မမ က သူ့ Unnie အတွက် ပျော်လွန်းလို့တဲ့ ရှိုက်ကြီးတငင် ငိုချနေတော့သည် ။

" မမ... LiLi တစ်ခုတော့ စိတ်မကောင်းဘူး... သိလား "

" ဟင်... ဘာလို့လဲဟင်.. LiLi "

" Unnie Chae ကလေ....Jisoo Unnie ကို မုန်းတယ်ချည်းပဲ ပြောနေတာ... အဲ့စကားကြောင့် Jisoo Unnie အရမ်းခံစားနေရတာကို မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး... တကယ်တမ်း Unnie Chae လည်း အရင်ကလောက် Jisoo Unnie ကို မမုန်းတော့ပါဘူး..။  LiLi ခံစားမိပါတယ်...မနေ့ကဆို သူလည်း Unnie ပြန်မလာမှာ စိုးရိမ်နေခဲ့တာပဲလေ.... ဘာလို့များ တင်းမာပြနေတာလဲ မသိတော့ပါဘူး မမရာ... "

" အော်... LiLi ရယ်... အဲ့ဒါကိုက Jisoo Unnie အတွက် တိုးတက်လာတယ်လို့
ခေါ်ရမှာပေါ့... Chaeyoung က Unnie အပေါ် အမုန်းတွေ ပြယ်သွားရင်တော့ Unnie ရဲ့အချစ်တွေရော သူ့ရင်ထဲက တကယ့်ခံစားချက်တွေကိုရော သူ မြင်လာမှာပါ... အချိန်တော့ ယူရအုန်းမှာပေါ့ "

" Jisoo Unnie က ပြောဖူးတယ်... တကယ်ချစ်ရင် အချိန်မဆွဲသင့်ဘူးတဲ့... လူ့ဘဝဆိုတာ တိုတိုလေးတဲ့... အဲ့ဒါကြောင့်မို့လည်း LiLi မမကို အမြန်ဆုံးဖွင့်ပြောလိုက်တာပဲ... ဟီးဟီး... ဒါမဲ့ Unnie Chae သာ ဒီလိုဆက်လုပ်နေမယ်ဆို သူ့အမုန်းတွေကို Jisoo Unnie ကြောက်သွားမှာ စိုးရတယ် ။
မနေ့ကဆို ထွက်သွားပြီလို့ကို ထင်ထားတာ "

" ဟင့်အင်း... LiLi yaa... Unnie အကြောင်းကို မမ အသိဆုံးပဲ... သူ Chaeyoung အနားကနေ ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူး ။ မနေ့က တကယ်ဆို Omma က Unnie ကို
မပြန်တော့ဖို့တောင်ပြောသေးတာ...။
ကိုယ့်ကိုယ် မချစ်တဲ့သူအနားကို
ပြန်မသွားဖို့လေ... ဒါမဲ့ Unnie က သူ ချစ်တယ်တဲ့..အဲ့ဒါကြောင့် Chaeyoung
အနားမှာပဲနေမယ်ဆိုပြီး ပြန်သွားခဲ့တာပဲ... တကယ်လို့ LiLi ပြောသလို Unnie က Chaeyoung အမုန်းတွေကို ကြောက်နေခဲ့ရင်တောင် ခေါင်းမာတဲ့ Kim Jisoo က သူ့ရဲ့ ယောင်း အနားကနေ ဘယ်တော့မှ ထွက်သွားမှာမဟုတ်ဘူး  အဲ့ဒါတော့ မမ သေချာပြောရဲတယ် "

" ဖူး..... Unnie Chae အမြန်ဆုံး အမုန်းတွေ ပြေပါစေသာ ဆုတောင်းရတော့မှာပဲ... Jisoo Unnie ကို မမ လို အမြန်ဆုံး ပျော်စေချင်ပီ "

" အမယ်... မမ က ပျော်နေတယ်လို့ LiLi ကထင်တယ်ပေါ့ဟုတ်လား "

" အံမာ... မပျော်ဘူးလား ပြော.. LiLi နဲ့ ချစ်သူတွေဖြစ်သွားတာ မပျော်ဘူးလား. .. ပြော "

" ဟင့်အင်း... အခုက နည်းနည်းလေးပဲ ပျော်သေးတာ.. Unnie တို့လို လက်ထက်ပြီးမှ အများကြီးပျော်ရမှာ ဟီးဟီး "

" တော်... တော်.. ကဲမလာနဲ့... မမ... LiLi
မမကို လုပ်ကျွေးနိုင်ဖို့ အများကြီး ပြန်ကြိုးစားရအုန်းမှာ...မယူနိုင်သေးပါဘူး"

" အမလေးးးးး ဟုတ်ပါပြီရှင်.... မမ ရဲ့ ကလေးလေး သဘောပါနော် "

" ဟားဟားဟား "

အချစ်က လူနှစ်ယောက်ကို ပျော်ရွှင်စေသလို တခြားသော လူနှစ်ယောက်ကိုလည်း နာကျင်စေတတ်ပြန်တယ်။

အချစ်ကြောင့် အမုန်းခံနေရတဲ့ လူတစ်ယောက်ရယ် အချစ်ကို မသိတဲ့ လူတစ်ယောက်ရယ်...

-------------------------------------------

" Nae... Unnie ... ဟုတ်... စိတ်ချပါ ။Unnie လည်း အရမ်းမိုးမချုပ်စေနဲ့နော်... ယောကျာ်းသားတစ်ယောက်နဲ့ နှစ်ယောက်တည်းရယ်....အင်းပါ သိပါတယ်..  ဟုတ်
အာ့ဆို ဒါပဲနော်... "

" LiLi...Chaeyoung လား ဘာလို့ဆက်တာလဲ... အပြန်နောက်ကျမှာတဲ့လား "

" အင်း... ဟုတ်တယ်... Unnie ရဲ့...Site တစ်ခုကိုသွားကြည့်ရင်း မြို့ပြင်ဘက်ရောက်နေလို့တဲ့ အပြန်နောက်ကျမယ်လို့ လှမ်းပြောတာ "

" သူတစ်ယောက်တည်းလား LiLi "

" မဟုတ်ဘူး... ဌာနမှူးအကိုကြီးတစ်ယောက် ပါတယ်ဆိုလားပဲ.."

" ဟင်.... ဒါဆို နှစ်ယောက်တည်းပေါ့ "

" ဟုတ်တယ်.... အဲ့ဒါကြောင့် LiLi တောင် မိုးမချုပ်စေနဲ့လို့ မှာနေတာ ...Unnie က သွားနေကျပေမယ့် နှစ်ယောက်တည်းဆိုတော့ စိတ်မချလို့လေ "

" အင်း.... "

Lisa စကားကြောင့် Jisoo ယောင်းကို
စိတ်ပူသွားမိသည် ။ ခါတိုင်းလည်း
သွားနေကျဆိုပေမယ့် ဒီနေ့ကျမှ ဘာလို့
စိတ်တွေလေးနေမိမှန်းမသိ ။
ဟိုနေ့က Appa ပြောလိုက်တဲ့ စကားကြောင့်များလား ...

Flash Back

" သူနဲ့ သမီးက ချစ်လို့ ယူထားကြတာမဟုတ်မှန်း Appa သိတယ် သမီး ။ အဲ့ဒါကြောင့် Appa က စိတ်မချဖြစ်နေတာ ။ Kim Gp မှာက Appa တို့ အသိလူတွေချည်းပဲ ။ သူတို့က Chaeyoung  သမီးနဲ့ လက်ထပ်ထားတာသိလို့ စေတနာနဲ့ သတိပေးကြတာပါ... Chaeyoung က အဲ့ဌာနမှူးကောင်လေးနဲ့ အမြဲ တတွဲတွဲ ပဲတဲ့ "

" Appa ရယ်... စိတ်မပူပါနဲ့... Chaeyoung က သမီးကို မချစ်ပေမယ့် ယောကျာ်းလေးတွေကိုတော့ စိတ်ဝင်စားတတ်တဲ့သူ မဟုတ်ပါဘူး... Appa စိတ်ချထားလို့ရပါတယ် "

" ဘယ်လောက်ပဲ စိတ်မဝင်စားစေအုန်း... အနေနီးရင် ဖြစ်မလာနိုင်ဘူးလို့ ပြောမရဘူး သမီး "

☁️... အနေနီးတိုင်းသာ အချစ်ဆိုတာ ဖြစ်ပေါ်လာရင် ယောင်းက သမီးအပေါ်  အမုန်းတွေ ပျယ်တာ ကြာလှပေါ့ Appa ရယ်.... ☁️

" ဟိုကောင်လေးဘက်ကလည်း Chaeyoung ကို ရိုးရိုးသားသားစိတ်ထားမယ်ဆိုတာ အာမခံနိုင်လို့လား သမီးရဲ့ ...Chaeyoung က အိမ်ထောင်သည်ဆိုပေမယ့် မိန်းကလေးချင်းလက်ထပ်ထားတာလေ... ဘာပဲဖြစ်ဖြစ်.. သမီးဘာမှမသိသလို အိမ်ထဲမှာချည်း ငြိမ်မနေပါနဲ့ သမီးရယ်... ငြိမ်ခံလွန်းရင် အနိုင်ကျင့်ခံရလိမ့်မယ် "

" ဟုတ်ကဲ့.... Appa... သမီး သတိထားလိုက်ပါ့မယ် "

Chaeyoung နဲ့ပတ်သက်ရင် ရုတ်တရက်ကြီး လက်ထပ်လိုက်တုန်းကတောင် Jisoo ကိုပဲ အပြစ်ပြောခဲ့တဲ့ Appa က ၊ Chaeyoung ကို ဘာလို့လက်ထပ်လိုက်မှန်း သူ့သမီးကိုမုန်းနေမှန်း သိပေမယ့် Chaeyoung ကိုတခါမှ အပြစ်မပြောခဲ့တဲ့ Appa က သတိပေးတာဆိုတော့ Jisoo
နည်းနည်းတော့ စိုးရိမ်သွားမိသည် ။
ယောင်းအကြောင်းကို သိလို့
စိတ်ချထားပေမယ့်

☁️ Appa ပြောသလို ဟိုဘက်က မရိုးသားစိတ်ရှိနေရင်ရော ဘယ်လိုလုပ်မလဲ ။ တကယ်လို့သာ ရှိနေခဲ့ရင် ယောင်းက သူ့ကို မုန်းနေလို့ နာကျင်စေချင်တာနဲ့ပဲ ...☁️

Jisoo အတွေးထဲမှာပင် ဆက်မတွေးရဲတော့ပဲ ရင်ထဲမှာ မွန်းကြပ်လာခဲ့သည် ။

☁️ တကယ်တမ်း ယောင်း သူ့အပေါ် သစ္စာဖောက်ခဲ့ရင်တောင် ဘာများတတ်နိုင်မှာလဲ.... ချစ်ခြင်းမပါတဲ့ အိမ်ထောင်ရေးက သစ္စာရှိဖို့ရော လိုအပ်ရဲ့လား... ယောင်းကို သူ ဘာပြောနိုင်မှာမို့လဲ... ☁️

Flash Back End

" အယ်... Unnie လို့... "

ဘေးနားကနေ လက်မောင်းကို လာကိုင်လှုပ်မှ Jisoo အတွေးကမ္ဘာထဲကနေ နိုးလာခဲ့သည် ။

" ဟင်... LiLi .. ဘာ... ဘာပြောလိုက်တာလဲဟင် "

" အာ.... Unnie ကလည်း.. ဘာတွေများ ဒီလောက်တွေးနေရတာလဲ...LiLi နဲ့ မမနဲ့ ချစ်သူတွေ ဖြစ်သွားပြီလို့ ပြောနေတာ... ။
ဒီကတော့ အားရပါးရ ပြောနေရတာ.. သူက အာရုံလည်း မရှိဘူး ဟင်း... "

" Arrrr... ဟုတ်လား... Sorry ပါ LiLi လေးရယ်.... Unnie အတွေးလွန်သွားလို့ပါ...
တကယ်ရီး NiNi နဲ့ ချစ်သူတွေ ဖြစ်သွားပြီပေါ့... ကောင်းလိုက်တာ.. NiNi တော့ အပျော်ကြီးပျော်နေတော့မှာပဲ.. ဟီးးဟီး"

" ဟီး... ဟုတ်တယ်... LiLi လည်း အရမ်းပျော်တယ်... ပြီးတော့ Unnie ကို
ပြောအုန်းမယ် ... LiLi လူကောင်းပကတိတစ်ယောက်လို သွားနိုင်လာနိုင်လာတာနဲ့ အလုပ်လုပ်တော့မယ် သိလား... မမ ကို ရှာကျွေးဖို့အတွက် ကြိုးစားတော့မယ်... မမက လက်ထပ်ချင်ပြီတဲ့ .. hee hee "

" အမလေးးးတော်... ချစ်သူဖြစ်တာ ရက်ပိုင်းရှိသေးတယ်... လက်ထပ်ဖို့က ပြောနေပြီလား...  Unnie ညီမကတော့ Unnie အတိုင်းပဲ... haha "

" hee..... LiLi လည်း တူတူပါပဲ... မမ ကို အနားခေါ်ထားချင်ပြီ... "

" ဖူးးးး ကလေးတွေများ မလွယ်ပါလားနော်... နေပါအုန်း LiLi ရဲ့....  LiLi ရဲ့ Unnie ကရော သဘောတူမှာတဲ့လား ...။  Unnie တော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲနော် "

" အာ.... Chae Unnie သဘောမတူလည်း ခိုးပြေးမှာပဲ LiLi ကတော့... Jisoo Unnie ခြေရာနောက် လိုက်ရမှာပဲ... ဇွတ်ယူမှာပဲ....  "

" Oh God... ငါ့ဘက် လှည့်လာပြီ... Hahaha... "

LiLi နဲ့ စကားပြောနေရင်းက
မိုးချုပ်တော့မှာမို့ Jisoo Chaeyoung ကို စိတ်ပူလာပြန်ပါသည် ။ နာရီတကြည့်ကြည့်နဲ့ အိမ်တံခါးပေါက်ကို လှမ်းကြည့်လိုက် တွေးလိုက်လုပ်နေတဲ့ Jisoo ကို Lisa သတိထားမိပြီး ပြုံးကြည့်မိသည် ။

☁️ Jisoo Unnie က Unnie Chae ကို တော်တော်ချစ်ရှာတာပဲ ☁️

" Unnie yaa... အဲ့လောက် စိတ်ပူနေလဲ လိုက်သွားပါလား ...မြို့ပြင်က Site တဲ့ ။ Kim Gp နဲ့ လုပ်တဲ့ Project ဟာပဲကို.. Unnie သိတယ်မလား..
လိုက်သွားကြည့်ကြည့်ပါလား "

" ဟင်.... ကောင်းပါ့မလား LiLi ရဲ့ တော်ကြာ Chaeyoung က လိုက်လာလို့ အပြစ်ပြောနေအုန်းမယ် "

" အာ... ဘာဖြစ်လဲ Unnie ရဲ့ ။ ကိုယ့်မိန်းမကို စိတ်မချလို့ လာကြိုတယ်ပေါ့... ဘာဖြစ်လဲ လိုက်သွားချည် သွား "

" အင်း... အာ့ဆို Unnie လိုက်သွားလိုက်မယ် ... ဟိုရောက်လို့ Chaeyoung တို့ ပြန်သွားပြီဆိုလည်း ယောင်း ကြိုးစားထားတဲ့ Project လေးကို ကြည့်ရတာအမြတ်ပဲ... ဟီး "

Lisa ကို ပြောပြီးပြီးချင်းပဲ ချက်ချင်းကောက်ထကာ အခန်းထဲ ပိုက်ဆံအိတ်လေး ပြေးယူတော့သည် ။

" ဖြည်းဖြည်း... ဖြည်းဖြည်း... Unnie .. haha... သိပ်မလိုက်သွားချင်ရှာပါဘူး... Jisoo Unnie ကတော့ "

Lisa အပြေးတပိုင်းနဲ့ အိမ်ထဲကနေ ထွက်သွားတဲ့ Jisoo ကို လှမ်းအော်ကာ ရီနေတော့သည် ။

Jisoo တစ်ယောက် Taxi ချက်ချင်းငှားလိုက်ကာ Chaeyoung ရှိလောက်မယ့် Site ကို မောင်းခိုင်းလိုက်သည် ။ လမ်းမှာလည်း ယောင်းရဲ့ ကားအနီရောင်လေးကို မျက်လုံးကစားကာ ရှာရသေးသည် ။ ပြန်လာရင် လမ်းမှာများ လွဲသွားမှာစိုးလို့လေ ။
ယောင်းကို ယုံကြည်ပေမယ့် Appa စကားကြောင့် စိတ်ပူပြီး လိုက်လာမိတာ
ပိုများ ပိုနေပြီလားလို့ ကိုယ့်ကိုယ်ကိုလည်း ပြန်စဥ်းစားမိသေးသည် ။
အခုလို လိုက်လာတဲ့အတွက် ယောင်း စိတ်တိုနေမှာတော့ မြင်ယောင်ပါသေးသည် ။ သို့ပေမယ့် ထုံးစံအတိုင်း ယောင်းပြောသမျှ ဆူသမျှ ခေါင်းငုံ့ခံလိုက်ရင် ပြီးသွားမှာပါ ။ အဓိက က ယောင်း တစ်ခုခုမဖြစ်ဖို့ပဲ အရေးကြီးသည်မလား.... ။

-------------------------------------

" Oppa... ပြန်ရအောင်လေ...ဘယ်သူမှလည်းမရှိတော့ဘူး ... မှောင်ရိပ်ပျိုးလာပြီ.... မြို့ထဲဝင်ရင် နောက်ကျနေလိမ့်မယ် ... အလုပ်တွေလည်း ပြီးပီမလား.... မနက်ဖြန်ကျမှ Site Manager ကို Company လာခိုင်းလိုက်မယ် "

" အင်း.... အာ့ဆိုလည်း ပြန်ကြတာပေါ့လေ... ဘာလဲ.. Chaeyoung က အိမ်က မိန်းမ စိတ်ပူနေမှာစိုးလို့လား ဟုတ်လား "

ဌာနမှူး Oppa က ရီကျဲကျဲ နဲ့ စ တော့ Chaeyoung နေရထိုင်ရခက်သွားတာတော့ အမှန်ပါ ။  သူ့ မိဘတွေဆီက ပြန်လာတဲ့နေ့ကတည်းက Chaeyoung  ပွဲကြမ်းလိုက်လို့ မျက်နှာချင်းတောင် မဆိုင်တော့တဲ့ သူက သူ့ကို စိတ်ပူနေမှာတဲ့လား....
သူ့မျက်နှာမမြင်ရရင် အဲ့မိန်းမက ပိုလွတ်လပ်တယ်လို့ တွေးနေမှာအမှန်ပဲလေ ။

" Arnyii.. မဟုတ်ပါဘူး ... Oppa ရာ...သူလား စိတ်ပူနေမှာ....Chaw က  ဒီတိုင်း မိုးမချုပ်ချင်လို့ပါ "

" အင်းပါ... Oppa အမှန်အတိုင်းပြောရရင် Chaeyoung တို့ အိမ်ထောင်ရေးသိပ်အဆင်မပြေမှန်း သိပါတယ် ...မပြောသင့်မှန်းသိပေမယ့် Oppa က Chaeyoung တို့ Appa လက်ထက်ကတည်းက Company မှာ
လုပ်လာတဲ့သူမို့ Chaeyoung တို့ကို ညီမလေးတွေလို သဘောထားလို့ တစ်ခုတော့ ပြောချင်တယ်...။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို အတင်းရှေ့ဆက်နေရင် နှစ်ယောက်စလုံး နာကျင်ရလိမ့်မယ် Chaeyoung... သူ့ကို နာကျင်စေချင်လို့ပဲဖြစ်ဖြစ် Chaeyoung  ပြုမူသမျှဟာ Chaeyoung ကိုယ်တိုင်လည်း ပြန်ခံစားရမှာ အသေအချာပဲ... အာ့ကြောင့် Oppa အကြံပေးချင်တာက သူ့ကို လွှတ်ချနိုင်လား...လွှတ်ချနိုင်ရင်တော့ ကွာရှင်းပြီး
နှစ်ယောက်သား လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်နေကြပြီး အချစ်သစ်ရှာကြပေါ့...  အခုလည်း Chaeyoung မှာ ဘာအခက်အခဲမှ မရှိတော့တာ... ကိုယ့်ဘဝနဲ့ကိုယ် ဆက်ပြီးပျော်ရွှင်ကြရုံပေါ့...
အဲ  မလွှတ်ချနိုင်ရင်တော့ အမုန်းတွေ ခြေပစ်လိုက်ပါ ညီမလေးရယ်... ညီမလေးလည်း ပင်ပန်းပါတယ် "

ဌာနမှူး Oppa ရဲ့ စကားအဆုံးမှာတော့ Chaeyoung တစ်ယောက် တွေဝေသွားတော့သည် ။ သူတို့နှစ်ယောက်အခြေအနေကို အပြင်လူတွေ မသိဘူးထင်ထားတာ... ။ အခု Oppa က အကုန်သိနေရအောင်အထိ သိသာနေခဲ့တာလား.. .။ ဒါဆို Kim Gp က လူတွေ သိနေကြရင်ရော Kim Jisoo ရဲ့ မိဘတွေ မသိစရာတော့ အကြောင်းမရှိ ။
အဲ့ဒါကြောင့်များ သူတို့သမီးကို
ပြန်လက်ခံပြီး ခေါ်ချင်နေကြတာလား.... ။

Chaeyoung  ဆက်စပ်တွေးမိပြီး ရင်ထဲမှာ ဟိုနေ့က စိုးရိမ်စိတ်ကြီးက ပြန်ပေါ်လာခဲ့သည် ။ Kim Jisoo ကတော့ သူ့အနားက ဘယ်တော့မှမထွက်သွားဘူးပြောထားပေမယ့် သူ့အမုန်းတွေကို ကြောက်ပြီး မခံနိုင်တော့တဲ့ တနေ့...  ထွက်သွားခဲ့ရင်ရော....

☁️ ငါကရော အဲ့မိန်းမကို Oppa ပြောသလို လက်လွှတ်နိုင်ပြီလား.... ☁️

Chaeyoung  တစ်ယောက် အတွေးလွန်ကာ လမ်းလျှောက်နေရာက ထပ်ထားတဲ့
ကြွေပြားပုံကို ခလုတ်တိုက်မိပြီး အရှိန်လွန်ပြီး လဲတော့ Oppa က လှမ်းဖမ်းလိုက်သည် ။ ဒါပေမယ့် အရှိန်ကများတော့ ဌာနမှူးပါ Chaeyoung အပေါ် မှောက်လျက်ကြီး
လဲတော့သည် ။ အောက်က Chaeyoung က ခါးအောင့်ရုံပဲဖြစ်သွားပေမယ့် Oppa ကတော့ လက်ထောက်လိုက်တာမို့ ဘေးက ကြွေပြားက လက်ကို ထိုးခွဲလိုက်သလိုဖြစ်ပြီး လက်ဖျံမှာ ပြဲသွားတော့သည် ။
နှစ်ယောက်သား တော်တော်နဲ့ မထနိုင်ကြပဲ နာတဲ့အရှိန်ကြောင့် ဌာနမှူးက Chaeyoung ပခုံးလေးကို ဆုပ်ကိုင်ထားကာ မျက်နှာကလည်း ရှုံ့မဲ့နေသည် ။

ထိုအချိန်မှာပဲ ဌာနမှူးကို အနောက်က တစ်ယောက်ယောက်က ရုတ်တရက် အနောက်ကို ဆွဲလှန်လိုက်ပြီး လက်သီးနဲ့ ထိုးချလိုက်တော့သည် ။

" ခွပ်!!!.... "

" Arh..... "

Chaeyoung  ရုတ်တရက်ကြီး ဖြစ်သွားတဲ့အခြေအနေကြောင့် လန့်ပြီး မတ်တတ်ထရပ်လိုက်မိသည် ။
တွေ့လိုက်ရတာကတော့ ဒေါသတကြီးနဲ့ ဌာနမှူး Oppa ကို ထပ်ထိုးမလို့ လုပ်နေတဲ့ Kim Jisoo ။

" ရှင်... ယုတ်မာလှချည်လား.... ခွပ် !!!!"

ပြောလည်းပြော ထပ်ပြီးလည်း ထိုးလိုက်တာမို့ Chaeyoung Jisoo ကို အသဲအသန်ဆွဲရတော့သည် ။

" Kim.. Kim Jisoo.. ဘာလုပ်တာလဲ... ခင်များ.. အခုရပ်.... အခုရပ်စမ်းးးလို့....
KIM JISOO!!! "

Chaeyoung အသားကုန်အော်လိုက်တော့မှ အသိဝင်လာတဲ့ သူတစ်ယောက်လို Jisoo က Chaeyoung ကို မော့ကြည့်လာသည် ။
ဌာနမှူးကတော့ နှစ်ချက်ထိုးခံလိုက်ရတာမို့ တော်တော်အီသွားတာ မထနိုင်တော့ ။

" ခင်များ... ခင်များ. .. ဘယ်လိုလုပ် ရောက်လာပြီး. အခု.. အခု ဘာလုပ်လိုက်တာလဲ.... Oppa ကို ဘာလို့ ဆွဲထိုးလိုက်တာလဲ.... ရှင် ရူးနေလား Kim Jisoo "

" ဒီ... ဒီလူ.. Chaeyoung ကို ယုတ်မာမလို့ မဟုတ်ဘူးလား... တို့... တို့... အဲ့လိုထင်လိုက်လို့ စိတ်... စိတ်မထိန်းနိုင်လိုက်ပဲ... "

" ဘာ.... ရှင်... ရှင် တော်တော်ကို အတွေးခေါင်တဲ့ လူပဲ... ဒီမှာ ကျွန်မ ချောလဲသွားလို့ Oppa က လှမ်းဖမ်းလိုက်တာ.... ရှင် မမြင်ဘူးလား.. ဟိုမှာ လက်ပါ ကွဲသွားတာ "

Chaeyoung ပြောမှပဲ ထိုလူရဲ့ လက်ကို
ကြည့်မိတော့ သွေးတွေက ရဲလို့ ။
Jisoo
လန့်သွားပြီး ဘာပြောရမှန်းမသိဖြစ်ကာ
တစ်ကိုယ်လုံးတုန်နေတော့သည် ။ Chaeyoung ကတော့ သူ့ကို ဒေါသတကြီးနဲ့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့
ကြည့်နေလေရဲ့ ။

" ဟို... တို့.. တို့.. တောင်းပန်ပါတယ်... တို့ စိတ်ပူသွားလို့ "

" တော်တော့ Kim Jisoo... ရှင့် စိတ်နဲ့ လျှောက်နှိုင်းပြီး လူတိုင်းကို လူယုတ်မာလို့ လိုက်တွေးမနေနဲ့ ။ အခုလို လိုက်လာတယ်ဆိုကတည်းက ရှင် ကျွန်မကိုပါ မယုံတာပဲ....
အဟက်.... ဘာလဲ Kim Jisoo... ရှင် ကျွန်မကိုပါ အထင်သေးလိုက်တာပဲ "

" မ... မဟုတ်ပါဘူး Chae.. Chaeyoung ရယ်... တို့.. တို့.. တကယ်စိတ်ပူသွားလို့ပါ.... Chaeyoung ကို မယုံတာမဟုတ်ပါဘူး...
ဒါတော့ ယုံပေးပါနော်.... Chaeyoung ကို အထင်သေးလို့ မဟုတ်ပါဘူး... တို့ဘာသာ စိတ်ပူပြီး လိုက်လာမိတာပါ...
တောင်းပန်ပါတယ်... တောင်းပန်ပါတယ် "

Jisoo လက်လေးနှစ်ဖက်ကို ပွတ်ကာ
ဒူးထောက်ထိုင်ချလိုက်ပြီး Chaeyoung ကိုတစ်လှည့်  ဌာနမှူးကိုတစ်လှည့်ကြည့်ကာ တောင်းပန်နေတော့သည် ။ မျက်ရည်တွေကလည်း ထိန်းမနိုင်သိမ်းမနိုင် စီးကျလို့ ။

" ရ.. ရပါတယ်.... Chaeyoung ရယ်... Arhhh...  O.. Oppa လည်း ဘာမှမဖြစ်သွားပါဘူး... ပြန်.. ပြန်ရအောင်လေနော် "

ဌာနမှူးက မနည်းထရပ်ကာ လက်က ဒဏ်ရာကို လက်တစ်ဖက်နဲ့ အုပ်ပြီး ပြောလိုက်သည် ။

" ဒီမှာ Kim Jisoo.... ရှင် သိထားရမှာက ကျွန်မ ရှင့်ကို မုန်းပေမယ့် ဘယ်တော့မှ သစ္စာဖောက်မယ့် လူမျိုးမဟုတ်ဘူး... Oppa ဆိုတာလည်း Appa လက်ထက်ကတည်းက Company မှာ လုပ်လာတဲ့ သူ ။ သွေးရင်း အကိုတစ်ယောက်လို ဖြစ်နေတာ...။
ရှင်... ရှင်.. မြင်လိုက်တဲ့ အမြင်လေး တစ်ခုနဲ့ အခုလောက်ထိ လုပ်ရလား... ရှင် တော်တော် လက်ရဲဇတ်ရဲ ရှိတာပဲ..ဘာလဲ ထောင်ကျဖူးလို့လား ဟုတ်လား လူသတ်သမား... "

" Chae... Chaeyoung..... "

Chaeyoung စကားကြောင့် Jisoo နှလုံးသားတစ်ခုလုံး ပေါက်ကွဲထွက်သွားသလိုကို ခံစားလိုက်ရသည် ။ နှုတ်ခမ်းတွေ
တဆတ်ဆတ်တုန်ယင်ကာ
ရင်ထဲဆို့နစ်ပြီးတော့
မျက်ရည်တွေ ပေါက်ပေါက်ကျကာ Chaeyoung ကို ကြောင်ကြည့်နေမိသည် ။

☁️ အခု... အခု.. ယောင်း ပါးစပ်ကနေ သူ့ကို လူသတ်သမားလို့ ခေါ်လိုက်တာလား.... ☁️

" အဟက်... ထောင်ကျဖူးတဲ့ လက်က
သွေးရဲနေတာတော့ အံ့သြစရာမရှိပါဘူး... ဒီမှာ Kim Jisoo ... ရှင့်ကို ကျွန်မ မုန်းတာထက်ကို ပိုရွံသွားပြီ သိလား...။
အမြင်တစ်ခုနဲ့ပဲ ဆုံးဖြတ်တတ်တဲ့ လူစား... လူတစ်ယောက်ရဲ့ ဘဝကို မတော်တဆ
ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဖျက်စီးစေတတ်တဲ့ လူစားမျိုး... စိတ်ပူတယ်ပြောပြီး ကိုယ်ချစ်တဲ့သူကိုတောင် အယုံအကြည်မရှိတဲ့ လူစားမျိုး ကျွန်မ တော်တော်ရွံ့သွားပြီ....
ပိုပြီးလည်း မုန်းတယ် Kim Jisoo....
မုန်းတယ်... ရှင့်အပေါ် ကျွန်မအမုန်းတွေ ဘယ်တော့မှ ကြေမှာ မဟုတ်ဘူး... စောက်ရမ်းမုန်းတယ် Kim Jisoo "

Chaeyoung  လက်ညှိုးထိုးကာပင် အားရပါးရအော်ပြောနေမိသည် ။ ဒါပေမယ့် သူ့မျက်လုံးတွေကရော မျက်ရည်တွေ
ကျနေတာကို သတိမထားမိ ။

Jisoo ကတော့ ခန္ဓာကိုယ်လေး တုန်ခါနေတဲ့အထိကို ရှိုက်ကြီးတငင် ငိုလို့နေသည် ။

" မဟုတ်... မဟုတ်ပါဘူး... ယောင်း..ရယ် "

" မခေါ်နဲ့.... ရှင်... ကျွန်မကို အဲ့လို မခေါ်နဲ့လို့ ... "

Chaeyoung ပြောလဲပြော Jisoo ခန္ဓာကိုယ်လေးကို ဆောင့်တွန်းလိုက်တော့ ပုံလျက်သားလေး လဲကျသွားသည် ။

" တော်ပြီ.. တော်တော့ Chaeyoung  ပြန်မယ်လို့... သူလည်း သိမှ မသိတာ.. ညီမလေးရယ်... အိမ်ကျမှ သေချာရှင်းကြပါ... ။ လာ.. Oppa ကို ဆေးခန်းဝင်ပို့ပေးခဲ့.... သွေးက မတိတ်သေးဘူး... ရော့ ကားသော့ ပြန်ကြမယ်... "

ဌာနမှူး ပြောမှ Chaeyoung  သတိရကာ Oppa ရဲ့ ကားသော့ကို ယူပြီး သူ့ရဲ့ ကားသော့ကို Jisoo ကို ပစ်ပေးလိုက်သည် ။

" ရော့... ဒီမှာ ကျွန်မကား မောင်းပြီး အိမ်ကို ပြန်တော့... အိမ်ကျမှ ရှင်နဲ့ ကျွန်မ ထပ်တွေ့မယ် "

Chaeyoung  ဒေါသကိုထိန်းကာ အံကြိတ်ကြိမ်းလိုက်ပြီး Oppa ကို တွဲကာ ထွက်လာခဲ့လိုက်သည် ။
Jisoo ကတော့ Chaeyoung ပစ်ပေးခဲ့တဲ့ ကားသော့လေးကို ကြည့်ကာ မလှုပ်မယှက် ထိုင်နေမိတုန်းပဲ ...

-----------------------------------

Chaeyoung  ဌာနမှူးကို ဆေးခန်းဝင်ပြပေးပြီးတာနဲ့ အိမ်ကို တန်းပြန်လာခဲ့သည် ။ Oppa က လမ်းမှာ ဖျောင်းဖျလိုက်လို့ ဒေါသတော့ ပြေသွားပေမယ့် ဒီမိန်းမ တောင်းပန်တဲ့စကားတော့ ကြားချင်သေးသည် ။
Oppa ပြောတာတော့ သူ့နေရာမှာ
တခြားသူဆိုရင်လည်း အခုလိုရုတ်တရက်ကြီး မြင်လိုက်ရရင် အထင်လွဲနိုင်တာပဲတဲ့လေ ။
Chaeyoung ဆိုရင်ရော အဲ့လိုပဲ တွေးမှာပဲမလား ဆိုတဲ့ မေးခွန်းက သူ့ခေါင်းထဲ
ရှုပ်ထွေးစွာ ပြေးလွှားနေလေရဲ့ ။

အိမ်ထဲရောက်တော့ LiLi က တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေသည် ။ အိမ်ရှေ့မှာလည်း သူ့ကားမတွေ့သောကြောင့် ဒီမိန်းမ ပြန်မရောက်သေးပါလားဆိုပြီး တွေးမိလိုက်သည် ။

" ဟင်.... Unnie... Jisoo Unnie ကရော မတွေ့ခဲ့ဘူးလား Unnie နောက်လိုက်သွားတာလေ "

" သူ ပြန်မရောက်သေးဘူးလား.... အရင်ပြန်ရောက်ရမှာလေ သူက... Unnie က Oppa ကို ဝင်ပို့ပေးနေရသေးလို့.. သူ့ကို ကားပေးလိုက်တာ... သူအရင်ပြန်ရောက်ရမှာကို "

Chaeyoung စကားကို LiLi ဖုန်းကိုင်ထားရင်းနဲ့မို့ တစ်ဖက်က Jennie က ကြားသွားသည် ။

" ဘယ်လို.... ဘယ်လို.. LiLi...Unnie ကို ကားမောင်းခိုင်းလိုက်တာလား ဟုတ်လားးး LiLi.. မမကို Speaker ဖွင့်ပေး... Chaeyoung shi...  Chaeyoung "

ဖုန်းထဲကနေ အလန့်တကြား မေးလိုက်တဲ့ မမစကားကြောင့် Lisa ကြောင်သွားကာ Speaker ဖွင့်ပြီး Chaeyoung ကို ဖုန်းပေးလိုက်သည် ။

" Chaeyoung .... Unnie ကို ကားပေးမောင်းလိုက်တာလားး.. ဟုတ်လားးး....
ပြောစမ်းပါ.. "

" ဟုတ်... ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ.... သူ မောင်းတတ်နေတာပဲမလားး... LiLi တုန်းကတောင်... "

Chaeyoung ပြောပြီးမှ LiLi ကို ကြည့်ပြီး ပါးစပ်လေးပိတ်လိုက်သည် ။

" ဟုတ်တယ်... Chaeyoung .... မင်း
ပြောတာ မှန်ပါတယ်... Unnie ကားမောင်းတတ်လို့ပဲ ကားမောင်းရင်း LiLi ကို ဝင်တိုက်မိခဲ့တာပါ... ဒါမဲ့... ဒါမဲ့... အဲ့ဒီနောက်ပိုင်း. Unnie က ကားမောင်းရမှာ လုံးဝကြောက်သွားတာ... ကားမောင်းလို့ လုံးဝမရတော့ဘူး။ အရှေ့ခန်းမှာတောင် မထိုင်ရဲလို့ ကားနောက်ခန်းမှာပဲ အမြဲအိပ်လိုက်ခဲ့တာ ...
သူ... သူ့စိတ်ကို သူ မထိန်းနိုင်ဘူး Chaeyoung ရဲ့ ...။  ကားထပ်မောင်းလို့ မရဘူး... Unnie တစ်ခုခုဖြစ်သွားလိမ့်မယ်... "

တစ်ဖက်က Jennie ရဲ့ စကားကြားမှ Chaeyoung ခေါင်းထဲ အဖြစ်အပျက်တွေက ပေါ်လာခဲ့သည် ။
ဘယ်သွားသွား Taxi နဲ့ပဲ သွားတာ....
သူ ပြောတာတောင် ကားရှေ့ခန်းမှာ လာထိုင်ပြီး မစီးတာ...
ကားယူသွားလို့ ပြောလည်း မယူသွားတာ....

"အရှေ့ခန်းလာမထိုင်ဘူးလား .. ခေါင်းထိထားတာ နောက်က ကားလှုပ်လို့ မူးနေအုန်းမယ်.... "

" Arnyii... တို့ အရှေ့ခန်းက မစီးရဲလို့ "

" ဘာလဲ ခင်များကို ကျွန်မ က ကိုက်စားမှာမို့လို့လား .. ရုံးခန်းထဲလာပြီး လက်ထပ်ဖို့ တောင်းဆိုတုန်းကကျ မကြောက်ဘူး.. အခုမှ လာကြောက်ပြနေတယ် "

" မဟုတ်ပါဘူး... ယောင်... Chae.. Chaeyoung ရယ်.. တို့ ဒီနောက်မှာ လှဲအိပ်ပြီးလိုက်ချင်လို့ပါ... ဖြည်းဖြည်းသာ မောင်းပေးနော် "

" ဒီမှာ Kim... Kim Jisoo...ကားယူသွားလေ "

" ရ.... ရပါတယ်.... တို့ မယူတော့ဘူး... "

  Chaeyoung နားထဲ ပြန်ကြားယောင်မိတာက
နောက်လှည့်မကြည့်ပဲ ပြောခဲ့တဲ့
တုန်ယင်နေတဲ့ စကားသံတွေ....




Continue Reading

You'll Also Like

95K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
232K 13.3K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
179K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
67.1K 5K 65
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...