ထမုန်းထားα€₯ပေက္ခာပြု၍ [ထမုန္းထ...

By K_Royal_White

117K 6.4K 304

Zhanyi β€πŸ’š Fanfiction πŸ’› ( Myanmar πŸ‡²πŸ‡² ) This story is my 1st story.πŸ“Œ So, you can criticize on this writi... More

Characters Introduction
Intro
Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9 πŸ”žπŸ’₯
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Health
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
⚠ Attention ⚠
Ep - 24
Ep - 25
Ep - 26
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37 Final
✨ Thanks you all ✨
Extra✨

Ep - 27

1.4K 102 3
By K_Royal_White

Unicode

မှောင်မိုက်နေသော ပတ်ဝန်းကျင်...။
စိမ်းသက်နေသော နေရာရပ်ဝန်းတစ်ခု...။

သူ ဘယ်တွေရောက်နေတာလဲ...?

ကြယ်ရောင် ၊ လရောင်အားကိုးဖြင့် မှိန်ပျပျသာ မြင်နေရသော လမ်းကလေးရဲ့ထိပ်မှာ သူ လှမ်းမြင်နေရသည်က သစ်သားနှင့်ပြုလုပ်ထားသော တံတားလေးတစ်စင်း...။

သူ့နေရာ သူ့ရပ်ဝန်းနှင့်တော့ အတော်လေးကို သာယာလှပသောနေရာလေးတစ်ခုပါလေ...။

XZ သစ်သားတံတားလေးပေါ်ကို လှမ်းကြည့်လိုက်တော့ တံတားရဲ့အလယ်လောက်မှာ တံတားလက်ရန်းပေါ်ကို လက်နှစ်ထောက်ကာ မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်...။

တံတားပေါ်ကနေ ကန်ရေပြင်ကို ခပ်တွေတွေလေး ငေးကြည့်နေသော ထိုကောင်လေး...။

ဘေးတစ်စောင်း အနေအထားလေးနှင့်မြင်နေရတာတောင် ဘယ်သူလဲဆိုတာ ခန့်မှန်းနေစရာမလိုအောင် လရောင်အောက်မှာ တောက်ပနေသည့် XZ ရဲ့ နှစ်ယောက်မရှိတဲ့ အဖိုးတန် Baby လေးပါလေ.....။

Baby လေးကရော ဒီကို ဘယ်လိုရောက်လာတာလဲ...?

XZ တံတားပေါ်ကို တက်ရန်ပြင်တော့ Baby လေးဆီကနေ ခပ်သဲ့သဲ့ပျံ့လွင့်လာတဲ့ စကားသံလေးကို ကြားလိုက်ရတာကြောင့် အပေါ်ကိုတက်မယ့်သူ့ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။

"ကိုကို..."

"ဟင်?"

ခပ်တွေတွေလေးငေးနေရင်းကနေ တိုးသဲ့သဲ့ထွက်ပေါ်လာတဲ့ အသံလေးညင်းညင်းလေးက "ကိုကို" တဲ့လား ကလေးရယ်...။

သစ်သားတံတားလေးရဲ့လက်ရန်းပေါ်ကို တံတောင်ဆစ်ကွေးကာ လက်နှစ်ဖက်ကို ယှက်ရင်း ထောက်ထားတဲ့ ကောင်လေးရဲ့ကျောပြင်လေးဟာ တစ်ဖြည်းဖြည်းတုန်ရီလာသည်ကို Xiao Zhan မြင်နေရသည်။

Baby ငိုနေတာလား...?
မငိုပါနဲ့ ကလေးရယ်.....။

XZ Baby လေးကိုကြည့်နေရင်းပင် သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေလည်း 'စူးခနဲ' နာကျင်မှုနဲ့အတူ အောင့်တက်လာလေသည်။

ဘာလို့ငိုနေရတာလဲ ကလေးရယ်...?
မငိုပါနဲ့ကွာ.....။

XZ Baby လေးရှိရာ သစ်သားတံတားလေးပေါ်ကို ပြေးတက်လာပေမယ့် တံတားလေးသည် သူပြေးလာလေလေ ပိုဝေးသွားသွားလေလေဖြစ်နေလေသည်။

XZ ဘယ်လောက်ပဲ ကြိုးစားပြီး တံတားလေပေါ်ကို ပြေးတက်နေပါစေ တံတားလေးဟာလည်း သူနဲ့ ဝေးရာသို့ တရွေ့ရွေ့ ဝေးသွားတာကြောင့် XZ အမြင်တွေ ဝေဝါးလာသည်။

XZ အရူးတစ်ယောက်လို တံတားနောက်ကို ပြေးလိုက်နေမိပါ၏။

လေထဲကနေတစ်ဆင့် ပျံ့လွင့်လာတဲ့ Baby လေးရဲ့ရှိုက်သံလေးသဲ့သဲ့လေးတွေက သူ့နှလုံးသားကို ဓာသွားတစ်စင်းလို အထပ်ထပ်မွှန်းနေလေသည်။

မသွားပါနဲ့...။
ဘာလို့ လိုက်လေ ဝေးလေ ဖြစ်နေရတာလဲ...?
ကျွန်တော်တို့ကို ခွဲမသွားပါနဲ့...။
မဝေးချင်ဘူး ကလေးရယ်...။

ကျေးဇူးပြုပြီး.......။

Baby လေး ငိုနေတာကို ကျွန်တော် မြင်လိုက်တယ်...။
သူလေရဲ့ရှိုက်သံလေးတွေကို ကျွန်တော် ကြားနေရတယ်...။
သူလေး ပျော်မှာ မဟုတ်ဘူး...။
ကျွန်တော် သိတယ်...။
ကျေးဇူးပြုပြီး တံတားလေးရယ် ရပ်တန့်ပေးပါ.....။

သူ ပြေးတယ်...။
တံတားလေးဆီကို သူ ပြေးလိုက်နေတယ်...။
အရူးတစ်ယောက်လို အော်ခေါ်ရင်း မျက်ရည်တွေနဲ့အတူ ပြေးလိုက်နေမိတယ်...။

တံတားလေးကလည်း သူနဲ့ဝေးရာကို တရွေ့ရွေ့ သွားနေဆဲ...။

ဘယ်လိုလုပ်ရပါ့မလဲ...???

သူ့ကိုယ်လေးကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်သေးတယ်လေ...။
သူ့မျက်ရည်လေးတွေကို ကျွန်တော် သုတ်ပေးချင်သေးတယ်...။

သူလေးကို ဘယ်လောက်ထိ ချစ်တယ် ဆိုတဲ့အကြောင်းတွေကိုလည်း ကျွန်တော် မပြောရသေးဘူး...။

Baby လေးကို ကျွန်တော် ဘယ်လောက်ထိချစ်ကြောင်း ရင်ခွင်ထဲထည့်ပြီး တဖွဖွ ပြောချင်သေးတယ်လေ...။

သူလေးကို ချစ်တဲ့ အကြောင်းတွေ မပြောရသေးဘူးလို့.....!!
ဒါကြောင့် ဒီလိုမျိုးကြီး ဝေးမသွားပါနဲ့...။
ကျွန်တော် ရူးသွားလိမ့်မယ်...။

'တကယ်လို့...' ဆိုတဲ့ မရေမရာ အတွေးလေးနဲ့တင် သေလောက်အောင် နာကျင်နေရတာမို့ ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့...။

"Baby!!"

အော်သံနဲ့အတူ 'ဖျက်ကနဲ' ပွင့်လာတဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်စ,တွေက အပြည့်အဝနေရာယူ၏။

ချွေးစေးတွေ ၊ မျက်ရည်တွေနဲ့ရောယှက်နေပြီး အလန့်တကြားနိုးထ,လာတာမို့ လှိုက်ဖိုနေဆဲ ရင်ဘက်ကြီးက နာကျင်မှုတွေလည်း ပျောက်မသွားသေးပေ.....။

သူ သိပ်ကြောက်သည်။
Baby သူ့ကို ထားသွားမှာ XZ သိပ်ကို ကြောက်ပါသည်။

ကုတင်ပေါ်ကနေ 'ဆက်ကနဲ' ထ,ကာ အောက်ထပ်ကို ဝရုန်းသုန်းကား ဆင်းပြေးလာတဲ့ သူ့ပုံစံက အရူတစ်ယောက်နဲ့တူနေရင်လည်း မတတ်နိုင်တော့ပြီ...။

အခန်းတံခါးကို ဖွင့်ပြီး အောက်ထပ်ကို လှမ်းကြည့်လိုက်တဲ့အချိန် XZ သွေးတွေအကုန်လုံး ဗြောင်းဆန်ကုန်သည်။

လှေကားကနေ တဖြည်းဖြည်းချင်းဆင်းသွားပြီး တံခါးမကြီးဆီကို ဦးတည်သွားနေတဲ့ Baby ရဲ့ခြေလှမ်းတွေကို သူ မြင်နေရသည်။

ဟင့်အင်း... မသွားရဘူး...။

XZ လှေကားကို ဒုန်းဆိုင်းဆင်းလာတော့ အောက်ထပ်ရောက်နေပြီဖြစ်တဲ့ Baby က အပေါ်ထပ်ကို အလန့်တကြား မော့ကြည့်၏။

'အင့်' ကနဲ မြည်သံလေးနဲ့အတူ ဆွဲဖက်ခံလိုက်ရသော ကိုယ်လုံးလေး...။
ရင်ခွင်ထဲက ကောင်လေးကို လွတ်ထွက်သွားမည့်အလား XZ တင်းနေအောင် ဖက်ထားမိသည်။

YB အခု အခြေအနေကို ကြောင်အ,နေမိသည်။

'Baby ခွင့်မပြုရင် အသားချင်း မထိပါဘူး' ဆိုတဲ့ လူကြီးကလေ...
အနားကနေပဲ မြတ်နိုးမှုတွေနဲ့ အရိပ်တကြည့်ကြည့်နဲ့နေတဲ့ လူကြီးကလေ...
အခုလို ဆွဲဖက်ဖို့ဆိုဝေးစွ.....။

ဘာဖြစ်.........

"ထားမသွားပါနဲ့~~"

YB ကြောင်အ,နေမိစဥ် လူကြီးဆီက ထွက်ပေါ်လာသည့် အသံဩရှရှလေးဟာ သံစဥ်တော့မညီလှ...။

ငိုနေတာလား...?

ကျွန်တော့်ရှေ့မှာ အားနည်းတဲ့ပုံစံ ဘယ်တုန်းကမှမပြခဲ့တဲ့လူကြီးကလေ...။

YB အနည်းငယ်ရုန်းထွက်မိတော့ လူကြီးရဲ့သန်မာလှတဲ့လက်မောင်းကြွက်သားတွေကြား ပိုတင်းနေအောင်သာ ဖတ်ထားခြင်းခံလိုက်ရသည်။

"ချစ်တယ်"

ဟင်!

ဘာ ဘာပြောလိုက်တာ...???
လူကြီးက ကျွန်တော့်လိုကောင်ကိုလေ.....။

XZ စကားကြောင့် YB ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းအေးစက်သွားလေသည်။

"ချစ်တယ်... လို့...
ကိုယ် Baby ကို သိပ်ချစ်တာ..."

YB လက်သီးကို တင်းနေအောင် ဆုပ်လိုက်ရင်း အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။

မျက်ခမ်းတွေကလည်း စပ်လာလိုက်တာ...!

"ဒါကြောင့်မို့ ကိုယ့်ကို ထားမသွားပါနဲ့ Baby ရယ် နော်...
ကိုယ် အိမ်မက် မက်တယ်သိလား...?
Baby နဲ့ ကိုယ်နဲ့ဝေးသွားတာတဲ့...
ကိုယ့်မှာ ရူးတော့မလိုပဲ..."

မထိုက်တန်ဘူး...။
ကျွန်တော်က ကိုကို့ရဲ့အချစ်တွေနဲ့ မထိုက်တန်တာမို့.....
ဒီလိုစကားတွေ မပြောပါနဲ့...။
ကျွန်တော့်ကြောင့် ကိုကို မျက်ရည်မကျပါနဲ့...။
မထိုက်တန်လို့ပါ ကိုကိုရယ်...။

မထိုက်တန်လို့ပါ...!!

ကိုကို့ရဲ့အချစ်တွေ ၊ မေတ္တာတွေ ၊ ဂရုစိုက်မှုတွေကို ခံစားမိလာလေလေ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိသလို ခံစားလာရလေလေပဲ ကိုကို...။

ကျွန်တော့်ကိုယ် ကျွန်တော် ညာနေရတာလည်း အရမ်းပင်ပန်းလွန်းတယ်...။

'တသိမ့်သိမ့်' တုန်ယင်လာတဲ့ ကိုကို့ရဲ့ကျောပြင်လေးကို ပြန်လည်ပွေ့ဖက်ပေးချင်ပေမယ့် YB လက်တွေက အဲ့ဒီလောက်လေးတောင် အင်အားရှိမနေခဲ့ပါလေ...။

$သုံးမကျလိုက်တာ.....။

အံကိုကြိတ်ကာ လက်သီးကို တင်းနေအောင် ဆုပ်ထားပေမယ့် $မျက်ရည်တွေ ဝဲတက်လာတဲ့ $မျက်လုံးတွေက $မှတ်ကို မရှိလွန်းတာ...။

ဒီကြားထဲ $ရင်ဘက်ကြီးနာနေတာက ဝေဒနါဆိုးဆုံးပဲ...။

ကျွန်တော် တောင်းပန်ပါတယ် ကိုကို...။
အရာအားလုံးအတွက် ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်.....။

ကျွန်တော်ကလည်း ကိုကို့ကို.........

"အာ Sorry Baby ရယ်..."

ကျွန်တော် မမြင်အောင် နောက်ကျောဘက်မှာကတည်းကမျက်ရည်တွေကို ခိုးသုတ်ထားပုံရတဲ့ ကိုကိုက ဖက်ထားရာမှ ခန္ဓာကိုယ်နှစ်ခုကို အသာခွာကာ ပြောလာတဲ့ စကားက "Sorry Baby ရယ်" တဲ့လား.....?

'ဘာအတွက်လဲ!!?' လို့ အော်မေးပြီး လူကြီးကို ထုရိုက်ပစ်ချင်စိတ်တွေကိုပါ ထိန်းနေရတာလည်း YB အတွက် သိပ်တော့အဆင်မပြေလှ.....။

"အိမ်မက်ကြောင့် ကိုယ် စိတ်လောသွားတယ် ကလေးရယ်...
ဒါနဲ့ Baby အောက်ဆင်းလာတာ အပြင်ထွက်သွားမလို့တော့ မဟုတ်ဘူးမလားဟင်...?
ကိုယ့်ကို ခွဲမသွားဘူးမလား...?"

နောက်ဆုံး တစ်ကြောင်းမှာ အသံတိမ်ဝင်သွားတဲ့ ကိုကိုက မဝံ့မရဲဖြစ်နေဟန်...။
ရဲတက်နေတဲ့ ကိုကို့ရဲ့မျက်ဝန်းတွေထဲမှာ မျှော်လင့်ချက်ရောင်ခြည်လေးတွေလည်း ဖြတ်ပြေးနေ၏။

ကိုကိုက ကျွန်တော့်ရဲ့မျက်ဝန်းတွေထဲထိ အဖြေရှာနေတာမို့ ဘာခံစားချက်မှမရှိတဲ့ မျက်နှာသေလေးဖြင့်သာ YB တုံ့ပြန်ဖြစ်သည်။

ဟက်! ကျွန်တော်သာ ဇာတ်ကားရိုက်ရင် Academy ဆုတွေ အများကြီးရမှာပဲနော် ကိုကို...။

တကယ်တော့ YB လည်း အိပ်မရတဲ့အတွက် ခြံထဲကိုသွားဖို့ အိမ်အောက်ကို ဆင်းလာခဲ့ခြင်းဖြစ်သည်။

အိမ်ပေါ်ကနေ 'တဒုန်းဒုန်း' ပြေးဆင်းလာတဲ့ ကိုကို့ကို မြင်လိုက်ရချိန်မှာ အခြေအနေတွေအားလုံးက ပြောင်းလဲကုန်၏။

"ဟက်! ရတယ် Baby မဖြေပါနဲ့...
Baby အတွက် စဥ်းစားရတာ ခက်ခဲလွန်းတယ်ဆိုရင် မဖြေပါနဲ့...
Baby ပင်ပန်းနေမှာပေါ့..."

ခြောက်ကပ်ကပ်တစ်ချက်ရယ်ကာ ပြောလာတဲ့ ကိုကို့ရဲ့စကားက YB ရင်ကို အစိမ်းလိုက်ခွဲ၏။

အတွေးတွေနဲ့ ငြိမ်သက်သွားတဲ့ သူ့ကို ကိုကိုက အထင်လွဲသွားပုံရသည်။

ထင်ပါစေတော့...။
တကယ်တော့ သူကိုယ်တိုင်ကလည်း ကိုကို့ရဲ့အမေးကို ဘယ်လိုပြန်ဖြေရမှန်း မသိပါလေ...။

ကိုကို သူ့ကို ပိုပြီးတော့ သံယောဇဥ်တွယ်စေမယ့် မျှော်လင့်ချက်တွေ ၊ မတည်နိုင်တဲ့ ကတိတွေကို YB မပေးချင်ပါ...။

ကိုကို ပိုပြီးတော့ နာကျင်ရမှာ...။

ကိုကိုက YB မျက်နှာကို ကြည့်မနေတော့...။
ဘာမှ မမြင်နိုင်ပါပဲ ဧည့်ခန်းကြမ်းပြင်ကိုသာ မျက်လုံးတစ်ချက်မရွေ့ပဲ စိုက်ကြည့်နေ၏။

ကိုကိုရာ.......။

"ကျွန်တော့်ကို မချစ်ပါနဲ့လား...?
လူကြီး ပိုပြီးတော့ ခံစားရလိမ့်မယ်..."

YB ပြောနိုင်တဲ့ စကားက ဒါအကုန်ပဲထင်ပါရဲ့လေ...။
နှလုံးသားတစ်ခုလုံးလည်း နာလွန်းလို့ အသက်ရှူတောင် မဝချင်တော့...။

YB စကားကြောင့် 'ဆက်ကနဲ' လှည့်ကြည့်လာတဲ့ ကိုကို့ရဲ့မျက်ဝန်းတွေက နီရဲနေပြီး ကြောက်စရာကောင်းနေသလားလို့.....??

ကိုကို့ရဲ့အကြည့်တစ်ချက်က YB ကိုယ်လေးတောင် ရွံ့သွားမိသည်အထိ...။

"Wang Yibo!
မင်း ထပ်မပြောနဲ့!
မင်းကို မချစ်ပါနဲ့တော့ နောက်ဘယ်တော့မှ ထပ်မပြောမိပါစေနဲ့..!
မင်းကို ချစ်တာ မချစ်တာ ငါ့ကိစ္စမို့...
မင်း ဘာမှ ဝင်ပြောစရာမလိုဘူး!!"

YB လန့်သွားမိသည်အထိ ကို့ကိုအော်သံက ပြင်းထန်လွန်းခဲ့သည်။

နာမည်တပ်ခေါ်တယ်တဲ့...။
ကိုကိုက သူ့ကို နာမည်တပ်ခေါ်သည်တဲ့လေ...။
Baby တို့ ကလေးတို့ နူးနူးညံ့ညံ့ခေါ်တတ်သည့် ကိုကိုက.....။

YB အရှေ့မှာရှိနေတဲ့လူက ခုနကသူ့ကိုအတင်းဖက်တွယ်ထားပြီး 'ထားမသွားပါနဲ့' လို့ တတွတ်တွတ်ရွတ်ကာ မျက်ရည်ကျနေတဲ့ ကိုကိုမှ ဟုတ်ရဲ့လားဟု ကြောင်အ,စွာ ငေးကြည့်နေမိသည်အထိ YB ပြောလိုက်တဲ့စကားတစ်ခွန်းက ကိုကို့ကို အများကြီး ပြောင်းလဲသွားစေခဲ့သည်။

နီရဲနေတဲ့ မျက်ဝန်းတစ်စုံ ၊ အံတင်းတင်းကြိတ်ထားတဲ့ မေးရိုးတွေ ၊ အသားတွေ တဆက်တုန်လာသည်အထိ တင်းတင်းဆုပ်ထားသည့် လက်သီးနှစ်ဖက်...။

YB ပြောင်းလဲသွားတဲ့ ကိုကို့ကို ကြောင်အ,စွာ ကြည့်နေတုန်းမှာပဲ ခိုးသုတ်ထားပုံပေါ်ပေမယ့် မျက်ရည်မခြောက်သေးတဲ့ ကိုကို့ရဲ့ပါးပြင်ပေါ်သို့ မျက်ရည်ကြည်တွေ ထပ်မံတွဲခိုလာပြန်၏။

ဒေါသတွေကိုလျော့လိုက်ပုံပေါ်တဲ့ ကိုကိုက သက်ပြင်းတစ်ချက်ကို မပီမသရှိုက်လိုက်ရင်း
သံစဥ်မညီတဲ့ ဩရှရှအသံလေးဖြင့်
YB ကိုတည့်တည့်မကြည့်ပါပဲ ခေါင်းလေးငုံ့ကာ တစ်လုံးချင်း ပြောလာသည့်စကားလေးတွေက ဟန်ဆောင်ကောင်းလွန်းသည့် YB အတွက်ပင် ဆက်ဟန်မဆောင်နိုင်တော့ပဲ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာစေသည်အထိ စွမ်းလွန်းပါသည်။

"မပြောပါနဲ့...
အဲ့ဒီလို စကားမျိုး နောက်ထပ် မပြောမိပါစေနဲ့...
မင်းကို ချစ်တဲ့စိတ်နဲ့ ရှင်သန်နေတဲ့ လူကို စကားတစ်ခွန်းတည်းနဲ့ မပိတ်ပင်လိုက်ပါနဲ့...
နာကျင်ရမှာ သိနေလည်း ကျေကျေနပ်နပ်ခံယူနေသူမို့ အဲ့လိုစကားမျိုးကို ကျေးဇူပြုပြီး နောက်ထပ် ဘယ်တော့မှ ထပ်မပြောပါနဲ့..."

ကိုကိုကလည်း ခေါင်းလေး အသာငုံ့ကာ မျက်ရည်တွေကျနေခဲ့သလို YB ကိုယ်တိုင်လည်း မျက်ရည်မဆည်နိုင်ခဲ့.....။

အိမ်မက်တစ်ခုက ဒီလောက်ထိ စွမ်းသလားလေ...???

ကိုကိုက ကျွန်တော့်ထပ် အများကြီးသာတဲ့လူနဲ့ပဲ ထိုက်တန်တာပါ...။
ဒီထက်အများကြီး ပိုပြီး ပျော်ရွှင်စရာကောင်းတဲ့ဘဝနဲ့ပဲ ကိုကိုက ထိုက်တန်တာ...။

မျက်ရည်ကျရတဲ့ ဘဝအစိတ်အပိုင်းတွေကို မှတ်မထားချင်စမ်းပါနဲ့ ကိုကိုရာ.....။

ကျွန်တော်ဆိုတာ ကိုကို့အတွေးထဲမှာတောင် ရှိမနေသင့်တဲ့ လူတစ်ယောက်ပါ...။

ကိုကို့ရဲ့မျက်ရည်တွေကိုမြင်ရတာ နာကျင်လိုက်တာ...။
ကိုကိုက အပြုံးလေးတွေနဲ့မှ ပိုလိုက်ဖက်တာ ကိုကိုရဲ့...။

ကျွန်တော့်လိုကောင်အတွက်နဲ့များ မျက်ရည်ကျတယ်တဲ့...!
ဟက်! မလိုက်ဖက်လိုက်တာ...!

ကိုကို သိလား...?
ကျွန်တော်က ကိုကို့ဘဝရဲ့ဖျက်ဆီးရေးသမားဆိုတာ...။

ကိုကို အခုမြင်ပြီမလား...?
ကျွန်တော်က ကိုကို့ကို မျက်ရည်တွေပဲ ကျစေခဲ့တာ...။

ကိုကို အခု ခံစားနေရတယ်မလား...?
ကျွန်တော်က ကိုကို့ကို နာကျင်မှုတွေပဲ ဆက်တိုက်ပေးနေတာ...။

ကိုကို အားလုံးကို သိနေရက်နဲ့...!
အရာအားလုံးကို သိနေရက်နဲ့ ကိုကိုရာ.....!

ဘယ်လောက်ပင်ပန်းနေလိုက်မလဲ...?

_______________

"ဒေါက်တာရှင်းချန်"

ဆေးရုံအုပ်ကျိရန်ရဲ့ ခေါ်သံအဆုံး ရှင်းချန် စိတ်လှုပ်ရှားလွန်းလို့ ချွေးစေးတွေပါထွက်နေလေ၏။

ဒီနေ့ ဆေးစစ်ချက် အဖြေထွက်မည့်နေ့...။

တစ်နည်း ဆေးရုံကဆင်းရမည့်နေ့...။

တစ်ဖက်ခန်းက အဆိုးလေးက သူ့ခန်းဘက်ကို ခနခနလာကြည့်ပေမယ့် ရှင်းချန်ရဲ့စကားတစ်ခွန်းကြောင့် အနားတော့ မကပ်ရဲရှာပေ...။

ဟုတ်တယ် သူ့ရဲ့အဆိုးလေးလည်း.....

"Positive..."

ရှင်းချန် မျက်လုံးတွေ ပြာသွား၏။

သူ သူက Positive ဆို အဆိုးလေးကရော.....?

"မဟုတ်ပါဘူးလို့..."

"ဗျာ?"

"Positive မဟုတ်ပါဘူးလို့... အဟမ်း! ဒေါက်တာရှင်းချန် Negative ပါ..."

ဆေးရုံအုပ် သူ့ကို နောက်နေတာလား...?

"ဆေရုံအုပ် ကျွန်တော့်ကို အမှန်ပြောပါ...
Positive လား Negative လားဗျ...?"

"Negative ပါဗျ...
ဒေါက်တာ့ရဲ့ကောင်လေးကြောင့် ခေါင်းကိုက်ခဲ့ရလို့ Positive လို့ ပြောလိုက်တာ...
လန့်သွားလားဗျ...?"

ဆေးရုံအုပ်၏ပွင့်လင်းသော စကားကြောင့် ရှင်းချန်မှာ ရယ်ရခက် ငိုရခက်...။

ရုပ်တည်ကြီးနဲ့ ဘယ်လိုတောင် နောက်စရာမရှိ ရှာကြံနောက်သလဲ ဆေးရုံအုပ်ရေ...!

"ဒါ ဒါဆို ကျွန်တော့်ကောင်လေးကရော...???"

ဆေးရုံ အပြုံးတစ်ပွင့်နှင့်အတူ ပြောလာသည်က...

"Negative ပါ" တဲ့လေ...။

စိတ်ချရပါပြီ.....။

ရှေ့ဆက်မယ့် နေ့ရက်တွေအတွက်
သူနဲ့အဆိုးလေးရဲ့ရက်စွဲတိုင်းကို
ပျော်ရွှင်စရာ ၊ ကြည်နူးစရာ အမှတ်တရလေးတွေအဖြစ်သာ နှစ်ယောက်အတူတူ ဖန်တီးပုံဖော်ကြမည်။

သူ အဆိုးလေးကို အချိန်တွေ အများကြီးပေးမည်။
အဆိုးလေးသာ အရာရာနံပါတ်တစ်ဖြစ်စေရမည်။

သူ့ဘဝရဲ့နေ့ရက်တိုင်းမှာ အဆိုးလေးပါဝင်နေသည်ဟု တွေးမိလိုက်ရုံဖြင့် ဒေါက်တာရှင်းချန် ရဲ့မျက်နှာထက်မှာလည်း အပြုံးပန်းတွေ ဝေဆာနေတော့သည်။

ကိုယ်ဆိုတာ မင်းနဲ့တွေ့မှ ခနခနပြုံးတတ်လာတာမျိုး...
အဆိုးလေးရဲ့.....။

အဆိုးလေးရဲ့ဘဝကိုလည်း နွေးထွေးလုံခြုံမှုတွေပေးမည်။
အဆိုးလေးကို အမြဲတမ်း ပျော်ရွှင်နေအောင် ထားဖို့က ရှင်းချန်ဆိုတဲ့ သူ့ရဲ့တာဝန်သာ ဖြစ်သည်လေ...။

______________

Wang အိမ်တော်ရဲ့လသာဆောင် တစ်ခုတွင် အရက်သောက်နေသော လူတစ်ယောက်...။

"ကျန်းလေး..."

တိုးသဲ့သဲ့ညည်းသံဟာ အရက်ပုံထဲမှာ ခေါင်းစိုက်ဝင်နေသော ဝမ်ကျောက် ဆီကဆိုတာ ခန့်မှန်းကြည့်နေစရာမလို...။

တစ်ယောက်တည်းနေသည့် ခြံဝန်းအကျယ်ကြီးထဲတွင် ဝမ်ကျောက်၏အသံမှလွဲ၍ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေ၏။

သူရဲ့အခုပုံစံကို တခြားလူတွေမြင်ရင် Wang Group ရဲ့ Boss မှ ဟုတ်ရဲ့လား ဟူ၍ မေးယူရမည်အထိ သူ မူးရူးနေမိသည်။

ငါ့ကို အမြဲတမ်းပြုံးနေလို့ ပျော်ရွှင်နေတယ် ထင်လား...?

စီးပွားရေးအရလူမှုရေးအရအပြုံးတွေကိုပဲ မင်းတို့က မြင်ကြတာကိုး...။

အမြဲတမ်းပြုံးနေတဲ့ လူရဲ့ Side တစ်ဖက်မှာ ဘာတွေရှိလဲဆိုတာ မင်းတို့မှ မသိကြပဲ...။

အချစ်တွေ...။

အင်းးးသူ ကျန်းလေးကို ပေါက်စလေးကတည်းကသံယောဇဥ်တွယ်နေခဲ့တာ...။
သူ ကျန်းလေးကို အရမ်းချစ်တာ...။

နာကျင်ခြင်းတွေနဲ့အတူနောင်တရခြင်းတွေ...။

ဟက်! ဒါကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲလေ...။
ထိုက်တန်ပါတယ်...။

သူ့လို လူက နောင်တတရားတွေနဲ့ ရှင်သန်နေသင့်ပါတယ်...။

ယူကြုံးမရဖြစ်ခြင်းတွေ...။

တောင်းပန်သံတွေနဲ့.....

သူ့ပုံံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး Happy man အဖြစ်နေခြင်းတွေ.....။

Happy man ဆိုတာ လူတွေ ယူဆပြောနေကြတဲ့ နာမ်စားတစ်ခုသက်သက်ပါပဲ...။

ကျွန်တော့်ရဲ့ပုံစံအစစ်အမှန်မှမဟုတ်ပဲ.....။

ဟန်ဆောင်ထားရတဲ့ ပင်ပန်းခြင်းတွေကလည်း ကျွန်တော်နဲ့ထိုက်တန်တာမို့ ဒီပုံစံအတိုင်းပဲ ကိုယ့်ကိုယ်ကို အပြစ်ပေးနေမိတာ.....။

သား ဝမ်လေးဆီကရတဲ့အမုန်းတွေ...။
ချစ်ရသူကျန်းလေးဆီကရတဲ့ဥပေက္ခာတွေ...။

ဒါတွေကို ပွေ့ပိုက်ထားပြီး အမြဲပြုံးရယ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား...?

ဟက်!

အပြစ်ပေးတာ...။
ကိုယ့်ကိုယ်အပြစ်ပေးတဲ့နည်းက သိပ်လှတာ...။
ကိုယ့်ရဲ့ Side တစ်ဖက်ခြမ်းကို ဟန်ဆောင်ဖုံးကွယ်ခြင်းတဲ့...။

ဟန်ဆောင်နေရခြင်းက ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သူအသိဆုံးမို့...။

Happy man ကြီးတဲ့ ဘာမှမခံစားရလောက်ပါဘူး ဆိုပြီး...
သူ့ကို ပိုတိုးလို့မုန်းနေတဲ့ ဝမ်လေး...။

Happy man ကြီးလေ သူ အရမ်းပျော်ရွှင်နေတာ အရာအားလုံးကို လွယ်လွယ်မေ့နိုင်မှာပဲ ဆိုပြီး...
ပိုနာကျည်းနေတဲ့ ကျန်းလေး...။

ဖခင် တစ်ယောက်ဖြစ်နေပြီး
ကိုယ့်သားတစ်ယောက်လုံး ကျောင်းသွားကျောင်းပြန်တွေ
ဘယ်လိုတွေ စ,နောက်ခံခဲ့ရတယ်...
ဘယ်လိုတွေ အပြောခံခဲ့ရတယ်...
ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတယ်... ဆိုတာ
ကျောင်းသွားကျောင်းပြန် တစ်ခါမှ အကြိုအပို့ မလုပ်ပေးခဲ့ဖူးတဲ့ သူက ဘာမှ မသိခဲ့ဘူး...။

အဲ့ဒီအချိန်တွေတုန်းက သား ဝမ်လေး ဘယ်လောက်တောင် အားငယ်နေခဲ့ရှာမလဲ...?
ဘယ်လောက်တောင် ပင်ပန်းနေခဲ့မလဲ...?
သူ့ကိုရော ဘယ်လောက်တောင် မုန်းတီးနေလိုက်မလဲ...?

ထိုက်တန်ပါတယ် သားငယ်လေးရေ...။
ပါးပါးက သားငယ်လေးရဲ့အမုန်းတွေနဲ့ ထိုက်တန်ပါတယ်.....။

ချစ်ရသူ အီတလီကို ထွက်သွားပြီလို့ သိလိုက်ရတဲ့အချိန် ကိုယ့်မှာ သူ နာကျည်းအောင် ပြောခဲ့ရပေမယ့် တကယ်တမ်းတော့ လက်မလွှတ်နိုင်ခဲ့ဘူး...။

အဲ့ဒီညပဲ...
အဲ့ဒီညမှာပဲ သူ အရက်တွေသောက်ပြီး ကျန်းလေးကို သတိရလွန်းတဲ့စိတ်နဲ့ ထင်ယောင်ထင်မှားတွေဖြစ်ကာ စိတ်မပါပဲ စေ့စပ်ထားရတဲ့ ဝမ်လေးရဲ့မားနဲ့ မှားသွားခဲ့တယ်... တဲ့လေ...။

နောင်တတွေလေ တစ်သက်လုံး ပြင်ဆင်လို့မရတော့တဲ့ အမှားတွေ...။

ကိုယ် တောင်းပန်ဖို့ကြိုးစားခဲ့ပေမယ့် အရာအားလုံးက နောက်ကျသွားခဲ့ပြီပဲ...။

မင်းလေးရဲ့အမုန်းတွေ မင်းလေးရဲ့နာကျည်းမှုတွေကို ကိုယ် အပြည့်အဝခံယူထားပါတယ် ကျန်းလေး.....။

မင်းလေးကို ဟိုးးး ငယ်ငယ်လေးကတည်းကလည်းချစ်ခဲ့တယ်...
ချစ်သူတွေဖြစ်သွားတော့လည်း ပိုပြီးတော့ မြတ်နိုးရတယ်...။
ခွဲခွာသွားရတော့လည်း နာကျင်နေရပေမယ့် ဆုပ်ကိုင်ထားမိဆဲပဲ...။
အခုထိလည်း ချစ်နေတယ်...။
နောင်လည်း ဆက်ချစ်နေဦးမှာပဲ...။

ကိုယ့်ဘဝသတ်တမ်းရှိသလောက် မင်းလေးကို ချစ်နေ မြတ်နိုးနေဦးမှာပဲ....။

တစ်ချို့အချစ်တွေက
ပိုင်ဆိုင်ခွင့်မရတော့ပေမယ့်လည်း
အဝေးကနေ ဆက်ချစ်နေရတာလေးကိုပဲ
သူတို့ရဲ့ကံကောင်းခြင်းလို့
မှတ်ယူထားတတ်ကြတယ်...။

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 3552 words 💞

ခင်ဗျားလေးတို့ရဲ့ Royal လေး လိမ္မာနေလို့ နောက်တစ်ပိုင်းဆက်ရေးဖို့ အားရှိအောင် feedback လေးတွေပေးခဲ့လေနော်...💘

အစစအရာရာဂရုစိုက်ကြပါ ❤

Thanks you all...💌💞

💞 အားလုံးကို ချစ်ခင်လေးစားလျှက် 💞

K.Royalwhite💌💞🤍

Jun 6,2021 (Updated Day) 🖤✨






Zawgyi






ေမွာင္မိုက္ေနေသာ ပတ္ဝန္းက်င္...။
စိမ္းသက္ေနေသာ ေနရာရပ္ဝန္းတစ္ခု...။

သူ ဘယ္ေတြေရာက္ေနတာလဲ...?

ၾကယ္ေရာင္ ၊ လေရာင္အားကိုးျဖင့္ မွိန္ပ်ပ်သာ ျမင္ေနရေသာ လမ္းကေလးရဲ႕ထိပ္မွာ သူ လွမ္းျမင္ေနရသည္က သစ္သားႏွင့္ျပဳလုပ္ထားေသာ တံတားေလးတစ္စင္း...။

သူ႕ေနရာ သူ႕ရပ္ဝန္းႏွင့္ေတာ့ အေတာ္ေလးကို သာယာလွပေသာေနရာေလးတစ္ခုပါေလ...။

XZ သစ္သားတံတားေလးေပၚကို လွမ္းၾကည့္လိုက္ေတာ့ တံတားရဲ႕အလယ္ေလာက္မွာ တံတားလက္ရန္းေပၚကို လက္ႏွစ္ေထာက္ကာ မတ္တပ္ရပ္ေနေသာ ေကာင္ေလးတစ္ေယာက္...။

တံတားေပၚကေန ကန္ေရျပင္ကို ခပ္ေတြေတြေလး ေငးၾကည့္ေနေသာ ထိုေကာင္ေလး...။

ေဘးတစ္ေစာင္း အေနအထားေလးႏွင့္ျမင္ေနရတာေတာင္ ဘယ္သူလဲဆိုတာ ခန့္မွန္းေနစရာမလိုေအာင္ လေရာင္ေအာက္မွာ ေတာက္ပေနသည့္ XZ ရဲ႕ ႏွစ္ေယာက္မရွိတဲ့ အဖိုးတန္ Baby ေလးပါေလ.....။

Baby ေလးကေရာ ဒီကို ဘယ္လိုေရာက္လာတာလဲ...?

XZ တံတားေပၚကို တက္ရန္ျပင္ေတာ့ Baby ေလးဆီကေန ခပ္သဲ့သဲ့ပ်ံ့လြင့္လာတဲ့ စကားသံေလးကို ၾကားလိုက္ရတာေၾကာင့္ အေပၚကိုတက္မယ့္သူ႕ေျခလွမ္းေတြ ရပ္တန့္သြားမိသည္။

"ကိုကို..."

"ဟင္?"

ခပ္ေတြေတြေလးေငးေနရင္းကေန တိုးသဲ့သဲ့ထြက္ေပၚလာတဲ့ အသံေလးညင္းညင္းေလးက "ကိုကို" တဲ့လား ကေလးရယ္...။

သစ္သားတံတားေလးရဲ႕လက္ရန္းေပၚကို တံေတာင္ဆစ္ေကြးကာ လက္ႏွစ္ဖက္ကို ယွက္ရင္း ေထာက္ထားတဲ့ ေကာင္ေလးရဲ႕ေက်ာျပင္ေလးဟာ တစ္ျဖည္းျဖည္းတုန္ရီလာသည္ကို Xiao Zhan ျမင္ေနရသည္။

Baby ငိုေနတာလား...?
မငိုပါနဲ႕ ကေလးရယ္.....။

XZ Baby ေလးကိုၾကည့္ေနရင္းပင္ သူ႕ႏွလုံးသားရဲ႕အနက္ရွိုင္းဆုံးတစ္ေနရာကေနလည္း 'စူးခနဲ' နာက်င္မႈနဲ႕အတူ ေအာင့္တက္လာေလသည္။

ဘာလို႔ငိုေနရတာလဲ ကေလးရယ္...?
မငိုပါနဲ႕ကြာ.....။

XZ Baby ေလးရွိရာ သစ္သားတံတားေလးေပၚကို ေျပးတက္လာေပမယ့္ တံတားေလးသည္ သူေျပးလာေလေလ ပိုေဝးသြားသြားေလေလျဖစ္ေနေလသည္။

XZ ဘယ္ေလာက္ပဲ ႀကိဳးစားၿပီး တံတားေလေပၚကို ေျပးတက္ေနပါေစ တံတားေလးဟာလည္း သူနဲ႕ ေဝးရာသို႔ တေ႐ြ႕ေ႐ြ႕ ေဝးသြားတာေၾကာင့္ XZ အျမင္ေတြ ေဝဝါးလာသည္။

XZ အ႐ူးတစ္ေယာက္လို တံတားေနာက္ကို ေျပးလိုက္ေနမိပါ၏။

ေလထဲကေနတစ္ဆင့္ ပ်ံ့လြင့္လာတဲ့ Baby ေလးရဲ႕ရွိုက္သံေလးသဲ့သဲ့ေလးေတြက သူ႕ႏွလုံးသားကို ဓာသြားတစ္စင္းလို အထပ္ထပ္မႊန္းေနေလသည္။

မသြားပါနဲ႕...။
ဘာလို႔ လိုက္ေလ ေဝးေလ ျဖစ္ေနရတာလဲ...?
ကြၽန္ေတာ္တို႔ကို ခြဲမသြားပါနဲ႕...။
မေဝးခ်င္ဘူး ကေလးရယ္...။

ေက်းဇူးျပဳၿပီး.......။

Baby ေလး ငိုေနတာကို ကြၽန္ေတာ္ ျမင္လိုက္တယ္...။
သူေလရဲ႕ရွိုက္သံေလးေတြကို ကြၽန္ေတာ္ ၾကားေနရတယ္...။
သူေလး ေပ်ာ္မွာ မဟုတ္ဘူး...။
ကြၽန္ေတာ္ သိတယ္...။
ေက်းဇူးျပဳၿပီး တံတားေလးရယ္ ရပ္တန့္ေပးပါ.....။

သူ ေျပးတယ္...။
တံတားေလးဆီကို သူ ေျပးလိုက္ေနတယ္...။
အ႐ူးတစ္ေယာက္လို ေအာ္ေခၚရင္း မ်က္ရည္ေတြနဲ႕အတူ ေျပးလိုက္ေနမိတယ္...။

တံတားေလးကလည္း သူနဲ႕ေဝးရာကို တေ႐ြ႕ေ႐ြ႕ သြားေနဆဲ...။

ဘယ္လိုလုပ္ရပါ့မလဲ...???

သူ႕ကိုယ္ေလးကို ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးခ်င္ေသးတယ္ေလ...။
သူ႕မ်က္ရည္ေလးေတြကို ကြၽန္ေတာ္ သုတ္ေပးခ်င္ေသးတယ္...။

သူေလးကို ဘယ္ေလာက္ထိ ခ်စ္တယ္ ဆိုတဲ့အေၾကာင္းေတြကိုလည္း ကြၽန္ေတာ္ မေျပာရေသးဘူး...။

Baby ေလးကို ကြၽန္ေတာ္ ဘယ္ေလာက္ထိခ်စ္ေၾကာင္း ရင္ခြင္ထဲထည့္ၿပီး တဖြဖြ ေျပာခ်င္ေသးတယ္ေလ...။

သူေလးကို ခ်စ္တဲ့ အေၾကာင္းေတြ မေျပာရေသးဘူးလို႔.....!!
ဒါေၾကာင့္ ဒီလိုမ်ိဳးႀကီး ေဝးမသြားပါနဲ႕...။
ကြၽန္ေတာ္ ႐ူးသြားလိမ့္မယ္...။

'တကယ္လို႔...' ဆိုတဲ့ မေရမရာ အေတြးေလးနဲ႕တင္ ေသေလာက္ေအာင္ နာက်င္ေနရတာမို႔ ေက်းဇူးျပဳၿပီး ခြဲမသြားပါနဲ႕...။

"Baby!!"

ေအာ္သံနဲ႕အတူ 'ဖ်က္ကနဲ' ပြင့္လာတဲ့ မ်က္ဝန္းေတြထဲမွာ မ်က္ရည္စ,ေတြက အျပည့္အဝေနရာယူ၏။

ေခြၽးေစးေတြ ၊ မ်က္ရည္ေတြနဲ႕ေရာယွက္ေနၿပီး အလန့္တၾကားနိုးထ,လာတာမို႔ လွိုက္ဖိုေနဆဲ ရင္ဘက္ႀကီးက နာက်င္မႈေတြလည္း ေပ်ာက္မသြားေသးေပ.....။

သူ သိပ္ေၾကာက္သည္။
Baby သူ႕ကို ထားသြားမွာ XZ သိပ္ကို ေၾကာက္ပါသည္။

ကုတင္ေပၚကေန 'ဆက္ကနဲ' ထ,ကာ ေအာက္ထပ္ကို ဝ႐ုန္းသုန္းကား ဆင္းေျပးလာတဲ့ သူ႕ပုံစံက အ႐ူတစ္ေယာက္နဲ႕တူေနရင္လည္း မတတ္နိုင္ေတာ့ၿပီ...။

အခန္းတံခါးကို ဖြင့္ၿပီး ေအာက္ထပ္ကို လွမ္းၾကည့္လိုက္တဲ့အခ်ိန္ XZ ေသြးေတြအကုန္လုံး ေျဗာင္းဆန္ကုန္သည္။

ေလွကားကေန တျဖည္းျဖည္းခ်င္းဆင္းသြားၿပီး တံခါးမႀကီးဆီကို ဦးတည္သြားေနတဲ့ Baby ရဲ႕ေျခလွမ္းေတြကို သူ ျမင္ေနရသည္။

ဟင့္အင္း... မသြားရဘူး...။

XZ ေလွကားကို ဒုန္းဆိုင္းဆင္းလာေတာ့ ေအာက္ထပ္ေရာက္ေနၿပီျဖစ္တဲ့ Baby က အေပၚထပ္ကို အလန့္တၾကား ေမာ့ၾကည့္၏။

'အင့္' ကနဲ ျမည္သံေလးနဲ႕အတူ ဆြဲဖက္ခံလိုက္ရေသာ ကိုယ္လုံးေလး...။
ရင္ခြင္ထဲက ေကာင္ေလးကို လြတ္ထြက္သြားမည့္အလား XZ တင္းေနေအာင္ ဖက္ထားမိသည္။

YB အခု အေျခအေနကို ေၾကာင္အ,ေနမိသည္။

'Baby ခြင့္မျပဳရင္ အသားခ်င္း မထိပါဘူး' ဆိုတဲ့ လူႀကီးကေလ...
အနားကေနပဲ ျမတ္နိုးမႈေတြနဲ႕ အရိပ္တၾကည့္ၾကည့္နဲ႕ေနတဲ့ လူႀကီးကေလ...
အခုလို ဆြဲဖက္ဖို႔ဆိုေဝးစြ.....။

ဘာျဖစ္.........

"ထားမသြားပါနဲ႕~~"

YB ေၾကာင္အ,ေနမိစဥ္ လူႀကီးဆီက ထြက္ေပၚလာသည့္ အသံဩရွရွေလးဟာ သံစဥ္ေတာ့မညီလွ...။

ငိုေနတာလား...?

ကြၽန္ေတာ့္ေရွ႕မွာ အားနည္းတဲ့ပုံစံ ဘယ္တုန္းကမွမျပခဲ့တဲ့လူႀကီးကေလ...။

YB အနည္းငယ္႐ုန္းထြက္မိေတာ့ လူႀကီးရဲ႕သန္မာလွတဲ့လက္ေမာင္းႂကြက္သားေတြၾကား ပိုတင္းေနေအာင္သာ ဖတ္ထားျခင္းခံလိုက္ရသည္။

"ခ်စ္တယ္"

ဟင္!

ဘာ ဘာေျပာလိုက္တာ...???
လူႀကီးက ကြၽန္ေတာ့္လိုေကာင္ကိုေလ.....။

XZ စကားေၾကာင့္ YB ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းေအးစက္သြားေလသည္။

"ခ်စ္တယ္... လို႔...
ကိုယ္ Baby ကို သိပ္ခ်စ္တာ..."

YB လက္သီးကို တင္းေနေအာင္ ဆုပ္လိုက္ရင္း အံကိုတင္းတင္းႀကိတ္ထားလိုက္မိသည္။

မ်က္ခမ္းေတြကလည္း စပ္လာလိုက္တာ...!

"ဒါေၾကာင့္မို႔ ကိုယ့္ကို ထားမသြားပါနဲ႕ Baby ရယ္ ေနာ္...
ကိုယ္ အိမ္မက္ မက္တယ္သိလား...?
Baby နဲ႕ ကိုယ္နဲ႕ေဝးသြားတာတဲ့...
ကိုယ့္မွာ ႐ူးေတာ့မလိုပဲ..."

မထိုက္တန္ဘူး...။
ကြၽန္ေတာ္က ကိုကို႔ရဲ႕အခ်စ္ေတြနဲ႕ မထိုက္တန္တာမို႔.....
ဒီလိုစကားေတြ မေျပာပါနဲ႕...။
ကြၽန္ေတာ့္ေၾကာင့္ ကိုကို မ်က္ရည္မက်ပါနဲ႕...။
မထိုက္တန္လို႔ပါ ကိုကိုရယ္...။

မထိုက္တန္လို႔ပါ...!!

ကိုကို႔ရဲ႕အခ်စ္ေတြ ၊ ေမတၱာေတြ ၊ ဂ႐ုစိုက္မႈေတြကို ခံစားမိလာေလေလ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ အျပစ္ရွိသလို ခံစားလာရေလေလပဲ ကိုကို...။

ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ညာေနရတာလည္း အရမ္းပင္ပန္းလြန္းတယ္...။

'တသိမ့္သိမ့္' တုန္ယင္လာတဲ့ ကိုကို႔ရဲ႕ေက်ာျပင္ေလးကို ျပန္လည္ေပြ႕ဖက္ေပးခ်င္ေပမယ့္ YB လက္ေတြက အဲ့ဒီေလာက္ေလးေတာင္ အင္အားရွိမေနခဲ့ပါေလ...။

$သုံးမက်လိဳက္တာ.....။

အံကိုႀကိတ္ကာ လက္သီးကို တင္းေနေအာင္ ဆုပ္ထားေပမယ့္ $မ်က္ရည္ေတြ ဝဲတက္လာတဲ့ $မ်က္လုံးေတြက $မွတ္ကို မရွိလြန္းတာ...။

ဒီၾကားထဲ $ရင္ဘက္ႀကီးနာေနတာက ေဝဒနါဆိုးဆုံးပဲ...။

ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ကိုကို...။
အရာအားလုံးအတြက္ ကြၽန္ေတာ္ တကယ္ကို ေတာင္းပန္ပါတယ္.....။

ကြၽန္ေတာ္ကလည္း ကိုကို႔ကို.........

"အာ Sorry Baby ရယ္..."

ကြၽန္ေတာ္ မျမင္ေအာင္ ေနာက္ေက်ာဘက္မွာကတည္းကမ်က္ရည္ေတြကို ခိုးသုတ္ထားပုံရတဲ့ ကိုကိုက ဖက္ထားရာမွ ခႏၶာကိုယ္ႏွစ္ခုကို အသာခြာကာ ေျပာလာတဲ့ စကားက "Sorry Baby ရယ္" တဲ့လား.....?

'ဘာအတြက္လဲ!!?' လို႔ ေအာ္ေမးၿပီး လူႀကီးကို ထုရိုက္ပစ္ခ်င္စိတ္ေတြကိုပါ ထိန္းေနရတာလည္း YB အတြက္ သိပ္ေတာ့အဆင္မေျပလွ.....။

"အိမ္မက္ေၾကာင့္ ကိုယ္ စိတ္ေလာသြားတယ္ ကေလးရယ္...
ဒါနဲ႕ Baby ေအာက္ဆင္းလာတာ အျပင္ထြက္သြားမလို႔ေတာ့ မဟုတ္ဘူးမလားဟင္...?
ကိုယ့္ကို ခြဲမသြားဘူးမလား...?"

ေနာက္ဆုံး တစ္ေၾကာင္းမွာ အသံတိမ္ဝင္သြားတဲ့ ကိုကိုက မဝံ့မရဲျဖစ္ေနဟန္...။
ရဲတက္ေနတဲ့ ကိုကို႔ရဲ႕မ်က္ဝန္းေတြထဲမွာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးေတြလည္း ျဖတ္ေျပးေန၏။

ကိုကိုက ကြၽန္ေတာ့္ရဲ႕မ်က္ဝန္းေတြထဲထိ အေျဖရွာေနတာမို႔ ဘာခံစားခ်က္မွမရွိတဲ့ မ်က္ႏွာေသေလးျဖင့္သာ YB တုံ႕ျပန္ျဖစ္သည္။

ဟက္! ကြၽန္ေတာ္သာ ဇာတ္ကားရိုက္ရင္ Academy ဆုေတြ အမ်ားႀကီးရမွာပဲေနာ္ ကိုကို...။

တကယ္ေတာ့ YB လည္း အိပ္မရတဲ့အတြက္ ၿခံထဲကိုသြားဖို႔ အိမ္ေအာက္ကို ဆင္းလာခဲ့ျခင္းျဖစ္သည္။

အိမ္ေပၚကေန 'တဒုန္းဒုန္း' ေျပးဆင္းလာတဲ့ ကိုကို႔ကို ျမင္လိုက္ရခ်ိန္မွာ အေျခအေနေတြအားလုံးက ေျပာင္းလဲကုန္၏။

"ဟက္! ရတယ္ Baby မေျဖပါနဲ႕...
Baby အတြက္ စဥ္းစားရတာ ခက္ခဲလြန္းတယ္ဆိုရင္ မေျဖပါနဲ႕...
Baby ပင္ပန္းေနမွာေပါ့..."

ေျခာက္ကပ္ကပ္တစ္ခ်က္ရယ္ကာ ေျပာလာတဲ့ ကိုကို႔ရဲ႕စကားက YB ရင္ကို အစိမ္းလိုက္ခြဲ၏။

အေတြးေတြနဲ႕ ၿငိမ္သက္သြားတဲ့ သူ႕ကို ကိုကိုက အထင္လြဲသြားပုံရသည္။

ထင္ပါေစေတာ့...။
တကယ္ေတာ့ သူကိုယ္တိုင္ကလည္း ကိုကို႔ရဲ႕အေမးကို ဘယ္လိုျပန္ေျဖရမွန္း မသိပါေလ...။

ကိုကို သူ႕ကို ပိုၿပီးေတာ့ သံေယာဇဥ္တြယ္ေစမယ့္ ေမွ်ာ္လင့္ခ်က္ေတြ ၊ မတည္နိုင္တဲ့ ကတိေတြကို YB မေပးခ်င္ပါ...။

ကိုကို ပိုၿပီးေတာ့ နာက်င္ရမွာ...။

ကိုကိုက YB မ်က္ႏွာကို ၾကည့္မေနေတာ့...။
ဘာမွ မျမင္နိုင္ပါပဲ ဧည့္ခန္းၾကမ္းျပင္ကိုသာ မ်က္လုံးတစ္ခ်က္မေ႐ြ႕ပဲ စိုက္ၾကည့္ေန၏။

ကိုကိုရာ.......။

"ကြၽန္ေတာ့္ကို မခ်စ္ပါနဲ႕လား...?
လူႀကီး ပိုၿပီးေတာ့ ခံစားရလိမ့္မယ္..."

YB ေျပာနိုင္တဲ့ စကားက ဒါအကုန္ပဲထင္ပါရဲ႕ေလ...။
ႏွလုံးသားတစ္ခုလုံးလည္း နာလြန္းလို႔ အသက္ရႉေတာင္ မဝခ်င္ေတာ့...။

YB စကားေၾကာင့္ 'ဆက္ကနဲ' လွည့္ၾကည့္လာတဲ့ ကိုကို႔ရဲ႕မ်က္ဝန္းေတြက နီရဲေနၿပီး ေၾကာက္စရာေကာင္းေနသလားလို႔.....??

ကိုကို႔ရဲ႕အၾကည့္တစ္ခ်က္က YB ကိုယ္ေလးေတာင္ ႐ြံ႕သြားမိသည္အထိ...။

"Wang Yibo!
မင္း ထပ္မေျပာနဲ႕!
မင္းကို မခ်စ္ပါနဲ႕ေတာ့ ေနာက္ဘယ္ေတာ့မွ ထပ္မေျပာမိပါေစနဲ႕..!
မင္းကို ခ်စ္တာ မခ်စ္တာ ငါ့ကိစၥမို႔...
မင္း ဘာမွ ဝင္ေျပာစရာမလိုဘူး!!"

YB လန့္သြားမိသည္အထိ ကို႔ကိုေအာ္သံက ျပင္းထန္လြန္းခဲ့သည္။

နာမည္တပ္ေခၚတယ္တဲ့...။
ကိုကိုက သူ႕ကို နာမည္တပ္ေခၚသည္တဲ့ေလ...။
Baby တို႔ ကေလးတို႔ ႏူးႏူးညံ့ညံ့ေခၚတတ္သည့္ ကိုကိုက.....။

YB အေရွ႕မွာရွိေနတဲ့လူက ခုနကသူ႕ကိုအတင္းဖက္တြယ္ထားၿပီး 'ထားမသြားပါနဲ႕' လို႔ တတြတ္တြတ္႐ြတ္ကာ မ်က္ရည္က်ေနတဲ့ ကိုကိုမွ ဟုတ္ရဲ႕လားဟု ေၾကာင္အ,စြာ ေငးၾကည့္ေနမိသည္အထိ YB ေျပာလိုက္တဲ့စကားတစ္ခြန္းက ကိုကို႔ကို အမ်ားႀကီး ေျပာင္းလဲသြားေစခဲ့သည္။

နီရဲေနတဲ့ မ်က္ဝန္းတစ္စုံ ၊ အံတင္းတင္းႀကိတ္ထားတဲ့ ေမးရိုးေတြ ၊ အသားေတြ တဆက္တုန္လာသည္အထိ တင္းတင္းဆုပ္ထားသည့္ လက္သီးႏွစ္ဖက္...။

YB ေျပာင္းလဲသြားတဲ့ ကိုကို႔ကို ေၾကာင္အ,စြာ ၾကည့္ေနတုန္းမွာပဲ ခိုးသုတ္ထားပုံေပၚေပမယ့္ မ်က္ရည္မေျခာက္ေသးတဲ့ ကိုကို႔ရဲ႕ပါးျပင္ေပၚသို႔ မ်က္ရည္ၾကည္ေတြ ထပ္မံတြဲခိုလာျပန္၏။

ေဒါသေတြကိုေလ်ာ့လိုက္ပုံေပၚတဲ့ ကိုကိုက သက္ျပင္းတစ္ခ်က္ကို မပီမသရွိုက္လိုက္ရင္း
သံစဥ္မညီတဲ့ ဩရွရွအသံေလးျဖင့္
YB ကိုတည့္တည့္မၾကည့္ပါပဲ ေခါင္းေလးငုံ႕ကာ တစ္လုံးခ်င္း ေျပာလာသည့္စကားေလးေတြက ဟန္ေဆာင္ေကာင္းလြန္းသည့္ YB အတြက္ပင္ ဆက္ဟန္မေဆာင္နိုင္ေတာ့ပဲ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာေစသည္အထိ စြမ္းလြန္းပါသည္။

"မေျပာပါနဲ႕...
အဲ့ဒီလို စကားမ်ိဳး ေနာက္ထပ္ မေျပာမိပါေစနဲ႕...
မင္းကို ခ်စ္တဲ့စိတ္နဲ႕ ရွင္သန္ေနတဲ့ လူကို စကားတစ္ခြန္းတည္းနဲ႕ မပိတ္ပင္လိုက္ပါနဲ႕...
နာက်င္ရမွာ သိေနလည္း ေက်ေက်နပ္နပ္ခံယူေနသူမို႔ အဲ့လိုစကားမ်ိဳးကို ေက်းဇူျပဳၿပီး ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္မေျပာပါနဲ႕..."

ကိုကိုကလည္း ေခါင္းေလး အသာငုံ႕ကာ မ်က္ရည္ေတြက်ေနခဲ့သလို YB ကိုယ္တိုင္လည္း မ်က္ရည္မဆည္နိုင္ခဲ့.....။

အိမ္မက္တစ္ခုက ဒီေလာက္ထိ စြမ္းသလားေလ...???

ကိုကိုက ကြၽန္ေတာ့္ထပ္ အမ်ားႀကီးသာတဲ့လူနဲ႕ပဲ ထိုက္တန္တာပါ...။
ဒီထက္အမ်ားႀကီး ပိုၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဘဝနဲ႕ပဲ ကိုကိုက ထိုက္တန္တာ...။

မ်က္ရည္က်ရတဲ့ ဘဝအစိတ္အပိုင္းေတြကို မွတ္မထားခ်င္စမ္းပါနဲ႕ ကိုကိုရာ.....။

ကြၽန္ေတာ္ဆိုတာ ကိုကို႔အေတြးထဲမွာေတာင္ ရွိမေနသင့္တဲ့ လူတစ္ေယာက္ပါ...။

ကိုကို႔ရဲ႕မ်က္ရည္ေတြကိုျမင္ရတာ နာက်င္လိုက္တာ...။
ကိုကိုက အၿပဳံးေလးေတြနဲ႕မွ ပိုလိုက္ဖက္တာ ကိုကိုရဲ႕...။

ကြၽန္ေတာ့္လိုေကာင္အတြက္နဲ႕မ်ား မ်က္ရည္က်တယ္တဲ့...!
ဟက္! မလိုက္ဖက္လိုက္တာ...!

ကိုကို သိလား...?
ကြၽန္ေတာ္က ကိုကို႔ဘဝရဲ႕ဖ်က္ဆီးေရးသမားဆိုတာ...။

ကိုကို အခုျမင္ၿပီမလား...?
ကြၽန္ေတာ္က ကိုကို႔ကို မ်က္ရည္ေတြပဲ က်ေစခဲ့တာ...။

ကိုကို အခု ခံစားေနရတယ္မလား...?
ကြၽန္ေတာ္က ကိုကို႔ကို နာက်င္မႈေတြပဲ ဆက္တိုက္ေပးေနတာ...။

ကိုကို အားလုံးကို သိေနရက္နဲ႕...!
အရာအားလုံးကို သိေနရက္နဲ႕ ကိုကိုရာ.....!

ဘယ္ေလာက္ပင္ပန္းေနလိုက္မလဲ...?

_______________

"ေဒါက္တာရွင္းခ်န္"

ေဆး႐ုံအုပ္က်ိရန္ရဲ႕ ေခၚသံအဆုံး ရွင္းခ်န္ စိတ္လႈပ္ရွားလြန္းလို႔ ေခြၽးေစးေတြပါထြက္ေနေလ၏။

ဒီေန႕ ေဆးစစ္ခ်က္ အေျဖထြက္မည့္ေန႕...။

တစ္နည္း ေဆး႐ုံကဆင္းရမည့္ေန႕...။

တစ္ဖက္ခန္းက အဆိုးေလးက သူ႕ခန္းဘက္ကို ခနခနလာၾကည့္ေပမယ့္ ရွင္းခ်န္ရဲ႕စကားတစ္ခြန္းေၾကာင့္ အနားေတာ့ မကပ္ရဲရွာေပ...။

ဟုတ္တယ္ သူ႕ရဲ႕အဆိုးေလးလည္း.....

"Positive..."

ရွင္းခ်န္ မ်က္လုံးေတြ ျပာသြား၏။

သူ သူက Positive ဆို အဆိုးေလးကေရာ.....?

"မဟုတ္ပါဘူးလို႔..."

"ဗ်ာ?"

"Positive မဟုတ္ပါဘူးလို႔... အဟမ္း! ေဒါက္တာရွင္းခ်န္ Negative ပါ..."

ေဆး႐ုံအုပ္ သူ႕ကို ေနာက္ေနတာလား...?

"ေဆ႐ုံအုပ္ ကြၽန္ေတာ့္ကို အမွန္ေျပာပါ...
Positive လား Negative လားဗ်...?"

"Negative ပါဗ်...
ေဒါက္တာ့ရဲ႕ေကာင္ေလးေၾကာင့္ ေခါင္းကိုက္ခဲ့ရလို႔ Positive လို႔ ေျပာလိုက္တာ...
လန့္သြားလားဗ်...?"

ေဆး႐ုံအုပ္၏ပြင့္လင္းေသာ စကားေၾကာင့္ ရွင္းခ်န္မွာ ရယ္ရခက္ ငိုရခက္...။

႐ုပ္တည္ႀကီးနဲ႕ ဘယ္လိုေတာင္ ေနာက္စရာမရွိ ရွာႀကံေနာက္သလဲ ေဆး႐ုံအုပ္ေရ...!

"ဒါ ဒါဆို ကြၽန္ေတာ့္ေကာင္ေလးကေရာ...???"

ေဆး႐ုံ အၿပဳံးတစ္ပြင့္ႏွင့္အတူ ေျပာလာသည္က...

"Negative ပါ" တဲ့ေလ...။

စိတ္ခ်ရပါၿပီ.....။

ေရွ႕ဆက္မယ့္ ေန႕ရက္ေတြအတြက္
သူနဲ႕အဆိုးေလးရဲ႕ရက္စြဲတိုင္းကို
ေပ်ာ္႐ႊင္စရာ ၊ ၾကည္ႏူးစရာ အမွတ္တရေလးေတြအျဖစ္သာ ႏွစ္ေယာက္အတူတူ ဖန္တီးပုံေဖာ္ၾကမည္။

သူ အဆိုးေလးကို အခ်ိန္ေတြ အမ်ားႀကီးေပးမည္။
အဆိုးေလးသာ အရာရာနံပါတ္တစ္ျဖစ္ေစရမည္။

သူ႕ဘဝရဲ႕ေန႕ရက္တိုင္းမွာ အဆိုးေလးပါဝင္ေနသည္ဟု ေတြးမိလိုက္႐ုံျဖင့္ ေဒါက္တာရွင္းခ်န္ ရဲ႕မ်က္ႏွာထက္မွာလည္း အၿပဳံးပန္းေတြ ေဝဆာေနေတာ့သည္။

ကိုယ္ဆိုတာ မင္းနဲ႕ေတြ႕မွ ခနခနၿပဳံးတတ္လာတာမ်ိဳး...
အဆိုးေလးရဲ႕.....။

အဆိုးေလးရဲ႕ဘဝကိုလည္း ႏြေးေထြးလုံၿခဳံမႈေတြေပးမည္။
အဆိုးေလးကို အၿမဲတမ္း ေပ်ာ္႐ႊင္ေနေအာင္ ထားဖို႔က ရွင္းခ်န္ဆိုတဲ့ သူ႕ရဲ႕တာဝန္သာ ျဖစ္သည္ေလ...။

______________

Wang အိမ္ေတာ္ရဲ႕လသာေဆာင္ တစ္ခုတြင္ အရက္ေသာက္ေနေသာ လူတစ္ေယာက္...။

"က်န္းေလး..."

တိုးသဲ့သဲ့ညည္းသံဟာ အရက္ပုံထဲမွာ ေခါင္းစိုက္ဝင္ေနေသာ ဝမ္ေက်ာက္ ဆီကဆိုတာ ခန့္မွန္းၾကည့္ေနစရာမလို...။

တစ္ေယာက္တည္းေနသည့္ ၿခံဝန္းအက်ယ္ႀကီးထဲတြင္ ဝမ္ေက်ာက္၏အသံမွလြဲ၍ အရာအားလုံးက တိတ္ဆိတ္ၿငိမ္သက္ေန၏။

သူရဲ႕အခုပုံစံကို တျခားလူေတြျမင္ရင္ Wang Group ရဲ႕ Boss မွ ဟုတ္ရဲ႕လား ဟူ၍ ေမးယူရမည္အထိ သူ မူး႐ူးေနမိသည္။

ငါ့ကို အၿမဲတမ္းၿပဳံးေနလို႔ ေပ်ာ္႐ႊင္ေနတယ္ ထင္လား...?

စီးပြားေရးအရလူမႈေရးအရအၿပဳံးေတြကိုပဲ မင္းတို႔က ျမင္ၾကတာကိုး...။

အၿမဲတမ္းၿပဳံးေနတဲ့ လူရဲ႕ Side တစ္ဖက္မွာ ဘာေတြရွိလဲဆိုတာ မင္းတို႔မွ မသိၾကပဲ...။

အခ်စ္ေတြ...။

အင္းးးသူ က်န္းေလးကို ေပါက္စေလးကတည္းကသံေယာဇဥ္တြယ္ေနခဲ့တာ...။
သူ က်န္းေလးကို အရမ္းခ်စ္တာ...။

နာက်င္ျခင္းေတြနဲ႕အတူေနာင္တရျခင္းေတြ...။

ဟက္! ဒါကိုယ့္ထိုက္နဲ႕ကိုယ့္ကံပဲေလ...။
ထိုက္တန္ပါတယ္...။

သူ႕လို လူက ေနာင္တတရားေတြနဲ႕ ရွင္သန္ေနသင့္ပါတယ္...။

ယူႀကဳံးမရျဖစ္ျခင္းေတြ...။

ေတာင္းပန္သံေတြနဲ႕.....

သူ႕ပုံံစံအစစ္အမွန္ကို ဖုံးကြယ္ၿပီး Happy man အျဖစ္ေနျခင္းေတြ.....။

Happy man ဆိုတာ လူေတြ ယူဆေျပာေနၾကတဲ့ နာမ္စားတစ္ခုသက္သက္ပါပဲ...။

ကြၽန္ေတာ့္ရဲ႕ပုံစံအစစ္အမွန္မွမဟုတ္ပဲ.....။

ဟန္ေဆာင္ထားရတဲ့ ပင္ပန္းျခင္းေတြကလည္း ကြၽန္ေတာ္နဲ႕ထိုက္တန္တာမို႔ ဒီပုံစံအတိုင္းပဲ ကိုယ့္ကိုယ္ကို အျပစ္ေပးေနမိတာ.....။

သား ဝမ္ေလးဆီကရတဲ့အမုန္းေတြ...။
ခ်စ္ရသူက်န္းေလးဆီကရတဲ့ဥေပကၡာေတြ...။

ဒါေတြကို ေပြ႕ပိုက္ထားၿပီး အၿမဲၿပဳံးရယ္ေနဖို႔ဆိုတာ မျဖစ္နိုင္ဘူးမလား...?

ဟက္!

အျပစ္ေပးတာ...။
ကိုယ့္ကိုယ္အျပစ္ေပးတဲ့နည္းက သိပ္လွတာ...။
ကိုယ့္ရဲ႕ Side တစ္ဖက္ျခမ္းကို ဟန္ေဆာင္ဖုံးကြယ္ျခင္းတဲ့...။

ဟန္ေဆာင္ေနရျခင္းက ဘယ္ေလာက္ပင္ပန္းတယ္ဆိုတာ သူအသိဆုံးမို႔...။

Happy man ႀကီးတဲ့ ဘာမွမခံစားရေလာက္ပါဘူး ဆိုၿပီး...
သူ႕ကို ပိုတိုးလို႔မုန္းေနတဲ့ ဝမ္ေလး...။

Happy man ႀကီးေလ သူ အရမ္းေပ်ာ္႐ႊင္ေနတာ အရာအားလုံးကို လြယ္လြယ္ေမ့နိုင္မွာပဲ ဆိုၿပီး...
ပိုနာက်ည္းေနတဲ့ က်န္းေလး...။

ဖခင္ တစ္ေယာက္ျဖစ္ေနၿပီး
ကိုယ့္သားတစ္ေယာက္လုံး ေက်ာင္းသြားေက်ာင္းျပန္ေတြ
ဘယ္လိုေတြ စ,ေနာက္ခံခဲ့ရတယ္...
ဘယ္လိုေတြ အေျပာခံခဲ့ရတယ္...
ဘယ္လိုေတြ ျဖတ္သန္းခဲ့ရတယ္... ဆိုတာ
ေက်ာင္းသြားေက်ာင္းျပန္ တစ္ခါမွ အႀကိဳအပို႔ မလုပ္ေပးခဲ့ဖူးတဲ့ သူက ဘာမွ မသိခဲ့ဘူး...။

အဲ့ဒီအခ်ိန္ေတြတုန္းက သား ဝမ္ေလး ဘယ္ေလာက္ေတာင္ အားငယ္ေနခဲ့ရွာမလဲ...?
ဘယ္ေလာက္ေတာင္ ပင္ပန္းေနခဲ့မလဲ...?
သူ႕ကိုေရာ ဘယ္ေလာက္ေတာင္ မုန္းတီးေနလိုက္မလဲ...?

ထိုက္တန္ပါတယ္ သားငယ္ေလးေရ...။
ပါးပါးက သားငယ္ေလးရဲ႕အမုန္းေတြနဲ႕ ထိုက္တန္ပါတယ္.....။

ခ်စ္ရသူ အီတလီကို ထြက္သြားၿပီလို႔ သိလိုက္ရတဲ့အခ်ိန္ ကိုယ့္မွာ သူ နာက်ည္းေအာင္ ေျပာခဲ့ရေပမယ့္ တကယ္တမ္းေတာ့ လက္မလႊတ္နိုင္ခဲ့ဘူး...။

အဲ့ဒီညပဲ...
အဲ့ဒီညမွာပဲ သူ အရက္ေတြေသာက္ၿပီး က်န္းေလးကို သတိရလြန္းတဲ့စိတ္နဲ႕ ထင္ေယာင္ထင္မွားေတြျဖစ္ကာ စိတ္မပါပဲ ေစ့စပ္ထားရတဲ့ ဝမ္ေလးရဲ႕မားနဲ႕ မွားသြားခဲ့တယ္... တဲ့ေလ...။

ေနာင္တေတြေလ တစ္သက္လုံး ျပင္ဆင္လို႔မရေတာ့တဲ့ အမွားေတြ...။

ကိုယ္ ေတာင္းပန္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အရာအားလုံးက ေနာက္က်သြားခဲ့ၿပီပဲ...။

မင္းေလးရဲ႕အမုန္းေတြ မင္းေလးရဲ႕နာက်ည္းမႈေတြကို ကိုယ္ အျပည့္အဝခံယူထားပါတယ္ က်န္းေလး.....။

မင္းေလးကို ဟိုးးး ငယ္ငယ္ေလးကတည္းကလည္းခ်စ္ခဲ့တယ္...
ခ်စ္သူေတြျဖစ္သြားေတာ့လည္း ပိုၿပီးေတာ့ ျမတ္နိုးရတယ္...။
ခြဲခြာသြားရေတာ့လည္း နာက်င္ေနရေပမယ့္ ဆုပ္ကိုင္ထားမိဆဲပဲ...။
အခုထိလည္း ခ်စ္ေနတယ္...။
ေနာင္လည္း ဆက္ခ်စ္ေနဦးမွာပဲ...။

ကိုယ့္ဘဝသတ္တမ္းရွိသေလာက္ မင္းေလးကို ခ်စ္ေန ျမတ္နိုးေနဦးမွာပဲ....။

တစ္ခ်ိဳ႕အခ်စ္ေတြက
ပိုင္ဆိုင္ခြင့္မရေတာ့ေပမယ့္လည္း
အေဝးကေန ဆက္ခ်စ္ေနရတာေလးကိုပဲ
သူတို႔ရဲ႕ကံေကာင္းျခင္းလို႔
မွတ္ယူထားတတ္ၾကတယ္...။

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 3552 words 💞

ခင္ဗ်ားေလးတို႔ရဲ႕ Royal ေလး လိမၼာေနလို႔ ေနာက္တစ္ပိုင္းဆက္ေရးဖို႔ အားရွိေအာင္ feedback ေလးေတြေပးခဲ့ေလေနာ္...💘

အစစအရာရာဂ႐ုစိုက္ၾကပါ ❤

Thanks you all...💌💞

💞 အားလုံးကို ခ်စ္ခင္ေလးစားလွ်က္ 💞

K.Royalwhite💌💞🤍

Jun 6,2021 (Updated Day) 🖤✨







Continue Reading

You'll Also Like

3.7K 343 12
β”ŠΰΈ™ΰΈ±ΰΈΰΉ€ΰΈ£ΰΈ΅ΰΈ’ΰΈ™ΰΈžΰΈ₯ΰΈ±ΰΈ‡ΰΈΰΈ΄ΰΈŸΰΈ•ΰΉŒ; ❝mission as a gifted student❞
640K 39.2K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
311K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
15.8K 1.7K 38
αž‚αŸ’αž˜αžΆαž“αž’αŸ’αžœαžΈαž”αžΆαž“αž˜αž€αžŠαŸ„αž™αž˜αž·αž“αž˜αžΆαž“αž€αžΆαžšαž›αŸ‡αž”αž„αŸ‹αž“αŸ„αŸ‡αž‘αŸ