𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔...
By saithihazaw
1M 95.3K 5.5K
YIZHAN SYSTEM fic လေးပါ... စိတ်ဝင်စားရင် ဝင်ဖတ်ကြည့်လို့ရပါတယ်နော် Start date ~~ 22.5.2021 End date ~~ ? More
intro
arc 1.1
arc 1.2
arc 1.3
arc 1.5
arc 1.6
arc 1.7
arc 1.8
arc 1.9
arc 1.10 (final)
arc 2.1 ကူရာ
arc 2.2 ကူရာ
arc 2.3 ကူရာ
arc 2.4 ကူရာ
arc 2.5 ကူရာ
arc 2.6 ကူရာ
arc 2.7 ကူရာ
arc 2.8 ကူရာ
arc 2.9 ကူရာ
arc 2.10 ကူရာ (final)
arc 2's characters
arc 3.1 ရှီးယွဲ့လျန်
arc 3.2 ရှီးယွဲ့လျန်
arc 3.3 ရှီးယွဲ့လျန်
arc 3.4 ရှီးယွဲ့လျန်
arc 3.5 ရှီးယွဲ့လျန်
arc 3.6 ရှီးယွဲ့လျန်
arc 3.7 ရှီးယွဲ့လျန်
arc 3.8 ရှီးယွဲ့လျန်
arc 3.9 ရှီယွဲ့လျန်
arc 3.10 ရှီးယွဲ့လျန်
arc 3.11 ရှီးယွဲ့လျန် (final)
arc 4.1 Rowan
arc 4.2 Rowan
arc 4.3 Rowan
arc 4.4 Rowan
arc 4.5 Rowan
arc 4.6 Rowan
arc 4.7 Rowan
arc 4.8 Rowan (final)
arc 5.1 လျိုရှစ်ယင်း
arc 5.2 လျုိရှစ်ယင်း
arc 5.3 လျိုရှစ်ယင်း
arc 5.4 လျိုရှစ်ယင်း
arc 5.5 လျိုရှစ်ယင်း
arc 5.6 လျိုရှစ်ယင်း
arc 5.7 လျိုရှစ်ယင်း
arc 5.8 လျိုရှစ်ယင်း
arc 5.9 လျိုရှစ်ယင်း
arc 5.10 လျိုရှစ်ယင်း
arc 5.11 လျိုရှစ်ယင်း
arc 5.12 လျိုရှစ်ယင်း
arc 5.13 လျိုရှစ်ယင်း
arc 5.14 လျိုရှစ်ယင်း(final)
arc 6.1 ဂန်ဂျွန်ဟီး
arc 6.2 ဂန်ဂျွန်ဟီး
arc 6.3 ဂန်ဂျွန်ဟီး
arc 6.4 ဂန်ဂျွန်ဟီး
arc 6.5 ဂန်ဂျွန်ဟီး
arc 6.6 ဂန်ဂျွန်ဟီး
arc 6.7 ဂန်ဂျွန်ဟီး
arc 6.8 ဂန်ဂျွန်ဟီး
arc 6.9 ဂန်ဂျွန်ဟီး
arc 6.10 ဂန်ဂျွန်ဟီး (final)
arc 7.1 ရန်ကျော်
arc 7.2 ရန်ကျော်
arc 7.3 ရန်ကျော်
arc 7.4 ရန်ကျော်
arc 7.5 ရန်ကျော်
arc 7.6 ရန်ကျော်
arc 7.7 ရန်ကျော်
arc 7.8 ရန်ကျော်
arc 7.9 ရန်ကျော်
arc 7.10 ရန်ကျော်
arc 7.11 ရန်ကျော် (final)
arc 8.1 Rhiyo Max
arc 8.2 Rhiyo Max
arc 8 characters
arc 8.3 Rhiyo Max
arc 8.4 Rhiyo Max
arc 8.5 Rhiyo Max
arc 8.6 Rhiyo Max
arc 8.7 Rhiyo Max
arc 8.8 Rhiyo Max
arc 8.9 Rhiyo Max
arc 8.10 Rhiyo Max (final)
arc 9 ပန်စူးလျဲ့
arc 9.1 ပန်စူးလျဲ့
arc 9.2 ပန်စူးလျဲ့
arc 9.3 ပန်စူးလျဲ့
arc 9.4 ပန်စူးလျဲ့
arc 9.5 ပန်စူးလျဲ့
.......
arc 9.6 ပန်စူးလျဲ့
arc 9.7 ပန်စူးလျဲ့
arc 9.8 ပန်စူးလျဲ့
arc 9.9 ပန်စူးလျဲ့
arc 9.10 ပန်စူးလျဲ့(final)
arc 10.1 လွမ်းတစေမောင်
arc 10.2 လွမ်းတစေမောင်
arc 10.3 လွမ်းတစေမောင်
arc 10.4 လွမ်းတစေမောင်
arc 10.5 လွမ်းတစေမောင်
arc 10.6 လွမ်းတစေမောင်
arc 10.7 လွမ်းတစေမောင်
arc 10.8 လွမ်းတစေမောင်
arc 10.9 လွမ်းတစေမောင်(final)
sorry for my baby
real life 1
real life 2
hello
real life 3
☹️☹️
arc 1.4
15.1K 1.2K 34
By saithihazaw
❤ Unicode
ရှောင်းကျန့် Daddy ကိုနှုတ်ဆက်ပြီး ကျောင်းထဲကိုဝင်လာလိုက်တယ်။ ဒီနေ့ရှောင်းကျန့်အရမ်းပျော်နေတယ်။ ဘာလို့ဆို သူနဲ့ Daddy နဲ့ ညကျရင် အပြင်မှာ dinner အတူတူသွားစားဖို့ချိန်းထားတာကြောင့်ပင်။
ကိုယ့်အပျော်နဲ့ကိုယ် ကြည်နူးနေတာမို့ သူ့ရဲ့ဘေးနားကို ဇာတ်လိုက်ကောင်ရောက်လာတာတောင် မသိလိုက်ဘူး..။ ဇာတ်လိုက်ကောင်က သူ့ရဲ့လက်ကိုအတင်းဆွဲခေါ်သွားတာကြောင့် ရှောင်းကျန့်မှာကြောင်အအနဲ့ ပါသွားရတယ်။ သူသတိဝင်လာတော့ ကျောင်းအနောက်ဘက်က အဆောင်ပျက်တွေနားတောင်ရောက်နေပြီ။
"လင်းလျန်ထျန်း မင်းဘာလုပ်တာလဲ ငါ့ကိုလွှတ်စမ်း!''
ရှောင်းကျန့်က ပြောလည်းပြော သူ့လက်ကို ဇာတ်လိုက်ကောင်လက်ထဲကနေ ဆောင့်ရုန်းလိုက်တယ်။
ဘာလဲ ဒီဇာတ်လိုက်ကောင်က ကျောင်းရဲ့အနောက်ဆောင်တွေဘက်ခေါ်လာပြီး သူ့ကိုလက်စဖျောက်ချင်နေတာလား။ ရှောင်းကျန့်ကို ဒါမျိုးလာလုပ်လို့မရဘူး။
"ရှောင်းကျန့်! "
"ဘာလဲ..မင်းကောင်မလျန်ဟွားကို ငါမကြိုက်ဘူး..​နှောင့်လည်းမနှောင့်ယှက်တော့ဘူး..ဒါကိုမင်းကဘာဖြစ်ချင်နေတာလဲ''
ရှောင်းကျန့်သူ့ကိုလာအော်နေတဲ့ ဇာတ်လိုက်ကောင်ကို ပြန်အော်ပစ်လိုက်တယ်။ ဒါကိုဇာတ်လိုက်ကောင်က ဒေါသကိုမြိုသိပ်ထားရသလိုနဲ့ အံကြိတ်ထားရတာ သွားတွေတောင်ကျိုးတော့မယ်ထင်တယ်။ ရုပ်ဆိုးလိုက်တာဆိုတာ သူ့Daddy ရဲ့ချောမောမှုရဲ့ ဖင်ဖျားတောင်မမှီဘူး။
system လေးကတော့ ဒုက္ခရောက်နေတာတောင် လင်ကိုအမွှန်းတင်နေနိုင်တဲ့ သူ့ရဲ့host ဖြစ်သူကို လျစ်လျူရှုလိုက်ပြီ။
"ခုနကဘယ်သူလဲ''
"ဘာကိုလဲလင်းလျန်ထျန်း..မင်းငါ့ကိုအာရုံလာမစားနဲ့..ငါပြဿနာမဖြစ်ချင်ဘူး''
ရှောင်းကျန့်က သူ့ကိုဒေါသနဲ့ပြောလာတဲ့ ဇာတ်လိုက်ကောင်ကြောင့် မျက်နှာကချက်ချင်းခက်ထန်သွားတယ်။ ရှောင်းကျန့်ဆိုတာ လူမိုက်တစ်ယောက်ပဲ။ Daddyရဲ့နာမည်ထိခိုက်မှာစိုးလို့သာ လိမ္မာပြနေတာ။
"ခုနက မင်းနဲ့ကျောင်းရှေ့မှာနမ်းနေတဲ့လူကဘယ်သူလဲလို့..ငါမေးနေတယ်လေ''
"ခွပ်!''
သူ့ပုခုံးကို လှုပ်ရမ်းပြီးမေးလာတဲ့ ဇာတ်လိုက်ကောင်ကြောင့် ရှောင်းကျန့်စိတ်တိုတိုနဲ့ ဆွဲထိုးပစ်လိုက်တယ်..။ သူ့ကိုကိုယ်ထိလက်ရောက်စော်ကားတာကို ရှောင်းကျန့်အမုန်းဆုံးပဲ။
"ဒီမှာလင်းလျန်ထျန်း ငါ့ကိစ္စတွေမင်းနဲ့ဘာမှမပတ်သတ်ဘူး..မင်းငါ့ကိုထပ်ပြီးစိတ်တိုအောင်မလုပ်ရင်ကောင်းမယ်''
သူထိုးလိုက်လို့ ကြမ်းပြင်ပေါ်လက်ထောက်ပြီး ထိုင်လျက်ဖြစ်နေတဲ့ဇာတ်လိုက်ကောင်ကို ပြောပြီး ရှောင်းကျန့်လှည့်ထွက်လာလိုက်တယ်။
"မင်းက gay လား''
လင်းလျန်ထျန်းရဲ့စကားသံ​ကြောင့် ရှောင်းကျန့်လှမ်းနေတဲ့ သူ့ရဲ့​ခြေလှမ်းတွေကိုရပ်လိုက်တယ်။ ထို့နောက် လင်းလျန်ထျန်းဘက်ကို ပြန်လှည့်လိုက်တယ်။
"ဟုတ်တယ် ငါက gay ပဲ..ဒါပေမယ့် ငါကသူတစ်ယောာက်တည်းအတွက်ပဲ gay ပေးတာ''
ဇာတ်လိုက်ကောင်ကိုပြောပြီးတာနဲ့ ထိုလူရှေ့ကနေ ရှောင်းကျန့် လှည့်ထွက်လာခဲ့လိုက်တယ်။ နံရံနောက်ကွယ်က အဖြူရောင်အရိပ်တစ်ခုကိုတော့ မမြင်ချင်ယောင်ဆောင်ထားခဲ့လိုက်ပါတယ်။
'system ဇာတ်လိုက်ကဘာလို့ငါ့ကိုလာကြိုက်နေရတာလဲ'
'ဒါတော့ ကျွန်တော်လည်းမသိဘူးလေ..ဇာတ်ကြောင်းပြောင်းသွားလို့နေမှာပေါ့'
system လေးရဲ့စကားကို ရှောင်းကျန့်သဘောပေါက်ပါတယ်။ သူကဇာတ်လိုက်မကိုလည်းမချစ်တော့ဘူး။ ပြီးတော့ သူ့ရဲ့ Daddy နဲ့လည်းချစ်သူတွေဖြစ်နေခဲ့ပြီ။
ဇာတ်ကြောင်းအတိုင်းလေးသာသွားနေမယ်ဆိုရင် သူဇာတ်လိုက်မကို ထပ်မချစ်မိတာနဲ့ Daddy လည်းသေစရာမလိုတော့ဘူး။ Daddy မသေတဲ့အတွက် တတိယmissionအတွက် သူ့ကိုတကယ်ချစ်တဲ့ Daddy ကိုလက်ထပ်ပြီးရင် mission သုံးခုစလုံးက သာသာယာယာပဲပြီးသွားမှာဖြစ်တယ်။
ဒါပေမယ့် အခု ဇာတ်လိုက်ကောင်က ဇာတ်လိုက်မကိုပလစ်ပြီး ဘောမို့သူ့ကိုလာကြိုက်နေရတာလား။ ရှောင်းကျန့် ခေါင်းတွေချည်း တဗြင်းဗြင်းကုတ်ပစ်လိုက်တယ်။ ဒီတစ်ခါတော့ သူ့ရဲ့ဆွဲဆောင်မှုရှိလွန်းတဲ့ရုပ်ရည်လေးကြောင့် ခေါင်းရှုပ်ရပြီ။
'system ငါ့အတွက် ဇာတ်လိုက်ကိုစောင့်ကြည့်ထားပေး'
'ဟုတ်ကဲ့ပါ host လိုအပ်တဲ့အချိန်ခေါ်လိုက်ပါ'
system လေးက ပြောပြီးတာနဲ့ လေထဲမှာဟိုလျှောက်ဒီလျှောက်လုပ်နေရာကနေ ပျောက်သွားတော့တယ်။
"ရှောင်းကျန့် ''
ရှောင်းကျန့်စဥ်းစားခန်းဝင်နေတုန်း ထွက်ပေါ်လာတဲ့အသံကြည်ကြည်လေးကြောင့် မော့ကြည့်လိုက်တော့ ဇာတ်လိုက်မဖြစ်နေတာ​ကိုတွေ့လိုက်ရတယ်။ သူခေါင်းငြိမ့်ပြလိုက်တော့ သူနဲ့မျက်နှာချင်းဆိုင်က ဘယ်သူမှမရှိတဲ့စာရေးခုံအလွတ်တစ်ခုမှာ ဇာတ်လိုက်မကဝင်ထိုင်တယ်။
"ထျန်းက ရှောင်းကျန့်ကိုသဘောကျနေတယ်''
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ ဇာတ်လိုက်မကိုကြည့်ပြီး ရှောင်းကျန့်မျက်ခုံးပင့်​မိသွားတယ်။ ဇာတ်လိုက်မက ဒီလောက်မြန်မြန်သိသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။
"ငါသူ့ကိုမကြိုက်ဘူး..ငါ့မှာလည်း ချစ်ရတဲ့လူရှိပြီးသားပဲလျန်ဟွား..အရင်ကမင်းတို့ကို နှောင့်ယှက်ခဲ့မိတာတွေအတွက်တော့ ငါတောင်းပန်တယ်..အဲ့တုန်းက ငါ့စိတ်ကိုငါမသိသေးလို့ပါ''
သူပြောလိုက်တော့ ဇာတ်လိုက်မက ခေါင်းကိုဖြည်းဖြည်းလေးငြိမ့်ပြတယ်။ တခြားကမ္ဘာက ဇာတ်လိုက်မတွေဘယ်လိုနေလဲမသိပေမယ့် ဒီဇာတ်လိုက်မကတော့ တကယ်ရိုးသားတယ်။
"ငါမင်းကိုကတိပေးပါတယ်..လင်းလျန်ထျန်းကို မင်းဆီကနေ ငါလုမယူပါဘူး''
"ကျေးဇူးတင်ပါတယ် ရှောင်းကျန့် ''
"မလိုပါဘူး..မင်းသွားတော့လေ မနက်ကငါ့လက်စပြင်းသွားတယ်''
ဇာတ်လိုက်မက သူ့စကားကိုခေါင်းငြိမ့်ပြပြီး အခုထိအခန်းထဲရောက်မလာသေးတဲ့ ဇာတ်လိုက်နောက်ကိုလိုက်သွားတယ်။
သူလည်းပျင်းလာတာနဲ့ ကျောင်းဆင်းတော့မှာမို့ Daddy ကိုကျောင်းဂိတ်မှာစောင့်နေဖို့ ထွက်လာလိုက်တယ်။ သူ့လိုကျောင်းလူမိုက်ကို ဆရာတွေကအရေးတယူမလုပ်တာမို့ အေးဆေးပဲ။
"လင်းလျန်ထျန်းတဲ့လား..အဟက်..သူ့လိုမလောက်လေးမလောက်စားက Baby ကိုလိုချင်နေတယ်ပေါ့..''
"ကျွန်တော်တို့လက်စသပ်ပေးရမလား Boss''
"ထားလိုက်ချန်..ကစားစရာတစ်ခုတိုးတာပေါ့''
ခုံကိုကျောမှီလို့ ဟန်ပါပါပြုံးလိုက်တဲ့ Boss ဖြစ်သူကိုကြည့်ပြီး ချန်နည်းနည်းကျောချမ်းသွားတယ်။ ဒီတစ်ခါ Boss ရဲ့အပြုံးက အရင်ကနဲ့မတူဘူး..ပိုပြီးကြောက်ဖို့ကောင်းတယ်။
ရိပေါ်​က သူ့ Baby နောက်ကိုလွှတ်ပေးထားတဲ့ လူတွေပို့ပေးလာတဲ့ အချက်အလက်တွေကြောင့် ဒေါသထွက်မိတယ်။ ရာရာစစ သူ့အပိုင်ကိုတပ်မက်ရဲတယ်။ ဝမ်ရိပေါ်အကြောင်းကိုမသိသေးဘူးထင်တယ်။ လင်းအိမ်တော်ဆိုတာ ဝမ်ရိပေါ်ရဲ့လက်ခုပ်ထဲကရေပဲ..။
အဲ့ကိစ္စတွေကို ခဏခေါက်ထားလိုက်..။ အခုသူ့ Baby လေးကိုသွားကြိုဖို့အချိန်ရောက်ပြီ..။ ကားသော့ကိုဆွဲလို့ ရိပေါ်က Babyရဲ့ကျောင်းဆီထွက်လာခဲ့့လိုက်တယ်။
သူရောက်သွားတော့ ကျောင်းစဆင်းပြီ္ထင် ကျောင်းသားတွေ တစ်ယော​က်စနှစ်ယောက်စထွက်လာနေပြီ..။ Baby ကတော့ ကျောင်းရှေ့ကအုတ်ခုံလေးပေါ်မှာ ခြေဆင်းထိုင်ရင်း သူ့ကိုစောင့်နေပုံရတယ်။
"Baby''
"Daddy ရောက်လာပြီလား''
သူလှမ်းခေါ်လိုက်တော့ သူ့အနားကိုအပြေးလေးရော​က်လာတဲ့ Baby ကို သူ့ရဲ့လက်နှစ်ဖက်ကိုဆန်​့တန်းလို့ ရင်ဖွင့်ကြိုဆိုလိုက်တယ်။
"Daddy...Baby ကလွမ်းနေတာ''
ရင်ခွင်ထဲတိုးဝင်ပြီးချွဲ​​နေတဲ့ Baby ကိုယ်လေးကို အလိုသင့်လေးပြန်ဖက်ထားလိုက်ပြီး Baby အနောက်မှာရပ်ကြည့်​နေတဲ့ လင်းလျန်ထျန်း​ဆိုတဲ့ကောင်ကို ခပ်စူးစူးစိုက်ကြည့်ပေးလိုက်တယ်။
Baby ကိုတပ်မက်စိတ်တွေနဲ့ကြည့်နေတဲ့ အဲ့ဒီကောင်ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်ချင်တာ လက်ကိုယားနေတာပဲ..။ Baby ကသူ့အပိုင်ဆိုတာကို မြန်မြန်ကြေညာမှဖြစ်တော့မှာပဲ..။
"Daddy..ဒီဝတ်စုံနဲ့ Baby လိုက်လား''
ရှောင်းကျန့်က သူ့ရဲ့အဝတ်ဗီရိုထဲမှာရှိတဲ့ အဝတ်တွေအကုန်လုံးကိုဝတ်ပြပြီး ရိပေါ်ကိုလိုက်မလိုက်ရွေးခိုင်းနေတယ်။
ဘာဝတ်ဝတ်လိုက်နေတဲ့ Baby ကြောင်​့ ရိပေါ်ကသိပ်ပြီးအလိုမကျချင်ဘူး။ ဒီပုံစံနဲ့ စားသောက်ဆိုင်ကိုဘယ်လိုခေါ်သွားရမလဲ။ Baby ကိုမျက်လုံးပေါင်းသောင်းခြောက်ထောင်နဲ့လိုက်ကြည့်နေကြမှာကို သူ့ရဲ့သဝန်တိုစိတ်က ခွင့်မပြုနိုင်ဘူး။
နောက်ဆုံး ရှောင်းကျန့်က ရိပေါ်ရွေးပေးတဲ့ဝတ်စုံကိုဝတ်ပြီး Dinner Date ကိုပါလာရတော့တယ်။
တစ်လမ်းလုံးဆူပုတ်ပြီးလိုက်လာတဲ့ Babyကိုကြည့်ပြီး ရိပေါ်တစ်ယောက်ပြုံးဖြီးနေတယ်။ အနီနဲ့အနက်ရောနေတဲ့ ဟူဒီအင်္ကျီကို ဘောင်းဘီပွပွကြီးနဲ့တွဲဝတ်ပေးထားတဲ့အပြင် အင်္ကျီကပါတဲ့ခေါင်းစွပ်ကိုပါစွပ်ပေးထားသေးတယ်။ ဒီကြားထဲ အဖြူရောင်လေးထောင့်မျက်မှန်ကြီးလည်း ​​ပေးတပ်ထားခြင်းခံရတဲ့ရှောင်းကျန့်က ဘာရုပ်ပေါက်နေမှန်းကိုမသိတော့ဘူး..။ သူ့ပုံစံကိုကြည့်ပြီး တဟားဟားအော်ရယ်နေတဲ့ system ကောင်ကြောင့်လည်း ပိုပိုပြီးစိတ်တိုနေရတယ်။
ကိုယ်ချစ်တဲ့သူနဲ့ လှလှပပလေးဝတ်ပြီး Date ချင်ပါတယ်ဆို အခုတော့ ေဘာလိုတွေဖြစ်နေရော..။
"Wow! Daddyမိုက်လိုက်တာ Daddy ကအရမ်းချစ်ဖို့ကောင်းတာပဲ''
ေရှာင်းကျန့်တစ်ယောက် သူ့အရှေ့က စားစရာတွေကိုကြည့်ပြီး နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်တယ်။ ခုနက တိုနေတဲ့စိတ်တွေက အစတောင်ရှာလို့မရတော့ဘူး။
ရိပေါ်ဆွဲထုတ်ပေးတဲ့ခုံပေါ်မှာ ထိုင်လိုက်ပြီး သူ့အရှေ့ကိုချပေးလာတဲ့ အရိုးနွှင်ပြီးသား ဘ​ဲကင်ကို စားကြည့်လိုက်တယ်။
"ဝွန်း! Good Good! ''
လက်မနှစ်ချောင်းထောင်ပြပြီး ခေါင်းမဖော်တမ်းစားနေတဲ့ Baby ကြောင့် ရိပေါ်မှာ အပြုံးပန်းတွေဝေရတယ်။ ဟိုးအရင်ကတည်းက Baby နဲ့အခုလိုမျိုးလေး ညစာအတူစားချင်ခဲ့တာ...။
Baby က အစားအသောက်တွေကိုစိတ်နှစ်ပြီးစားနေမယ်။ သူကတော့ အစားစားနေတဲ့ Baby ကို ထိုင်ငေးမယ်။ အခုလို တစ်ချိန်က စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရတာဟာ ရိပေါ်အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလဒ်တစ်ခုပဲ။
............................
2000words
cmts လေးတွေထားခဲ့ပေးပါဦး။ နားမလည်တာရှိရင်မေးလို့ရပါတယ်။
Love you all 😍😍
💚Zawgyi
"ရှောင်းကျန့်! "
"ခုနကဘယ်သူလဲ''
"ခွပ်!''
"မင်းက gay လား''
"ရှောင်းကျန့် ''
"Baby''
"Daddy ရောက်လာပြီလား''
"Daddy...Baby ကလွမ်းနေတာ''
ကိုယ်ချစ်တဲ့သူနဲ့ လှလှပပလေးဝတ်ပြီး Date ချင်ပါတယ်ဆို အခုတော့ ဘောလိုတွေဖြစ်နေရော..။
"ဝွန်း! Good Good! ''
.............................
2000words
Love you all 😍😍
Continue Reading
You'll Also Like
185K 12.9K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
13.2K 2.2K 17
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
104K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...