{Zawgyi}
"အိမ္ေရွ႕မင္းသား..."
ႏွစ္ေယာက္သား အရိုအေသေပးသည္ကိုပင္ အသိမွတ္ျပဳရုံမ်ွသာ ေခါင္းတစ္ခ်က္ၿငိမ့္ကာ ခက္လြန္းအသယၤာဆီမွ အၾကည့္တို႔ကိုမခြာပါေသာ အိမ္ေရွ႕မင္းသား ဝဏၰကုမၼံေၾကာင့္ ေနာ္ခြန္း႐ြယ္ စိတ္ထဲေလာင္ၿမိဳက္ေနေသာေဒါသတို႔သည္ ေလာင္စာထပ္ေလာင္းထည့္လိုက္သည့္ႏွယ္ ပို၍ပင္ အရွိန္ျပင္းလာရသည္။
"ကိုယ္ေတာ္...ဗိုလ္မွဴးငယ္ခက္လြန္းနဲ႔ စကားအခ်ိဳ႕ေျပာခ်င္တာမို႔ ရိုင္းျပစြာနဲ႔ပဲ ဗိုလ္မွဴးဆီကေန ဗိုလ္မွဴးငယ္ကို ခဏငွားပါရေစ...."
ဤသည္မွာ ဘယ္လိုအျပဳအမူေပတုန္း....။
ၾကင္ဖက္တစ္ေယာက္လုံး ေရွ႕မွာေတာင္မ်က္နွာေျပာင္တိုက္ၿပီး...အဘယ္လို...
ထြက္ေနသမ်ွေသာ ေဒါသတို႔ကိုထိန္းရန္အလို႔ငွာ လက္သီးကိုတင္းတင္းဆုပ္ထားမိေတာ့ အတန္ငယ္ရွည္ခ်င္ေနတဲ့ လက္သည္းစတို႔က ေနာ္ခြန္း႐ြယ္၏ လက္အသားထဲသို႔စိုက္ဝင္လု နီးနီးပင္...။
အျငင္းစကားကိုဆိုရန္ ပါးစပ္ဟလိုက္လင့္ကစား ေနာ္ခြန္း႐ြယ္ နႈတ္မွတစ္ခြန္းတေလမ်ွ မထြက္ရေသးခင္မွာပင္ ခက္လြန္းအသယၤာက သူ႔အားခြင့္ေတာင္းလာသည္...။
"အစ္.....အေမာင္...အကြၽန္႔ကို အခ်ိန္အနည္းငယ္ေလာက္ ေပးပါေကာ...။
အကြၽန္႔မွာလည္း အိမ္ေရွ႕မင္းသားနဲ႔ ေဆြးေႏြးစရာအနည္းငယ္ရွိေပတာမို႔...အေမာင္မ်ား....."
ေျပာင္းလဲသြားေသာ အသုံးအနႈန္းနွင့္ တိုးဝင္သြားေသာ အသံတိမ္တိမ္အား ဂရုမမူမိသည့္ေနာ္ခြန္း႐ြယ္မွာ....ခက္လြန္းအသယၤာအေပၚ ထပ္မံ၍ အထင္လြဲသြားဟန္ေပၚသည္။
ေနာ္ခြန္း႐ြယ္ ထိုေတာင္းပန္ခယေနသည့္ မ်က္ဝန္းအစုံတို႔ကို ေစ့ေစ့စိုက္ၾကည့္ၿပီးေနာက္ အိမ္ေရွ႕မင္းသားအား အရိုအေသေပးကာ ေနာက္ပင္လွည့္မၾကည့္ပဲ ထြက္လာခဲ့ေလသည္။
မုန္းပါရဲ႕အသယၤာ...
မင္းကိုက်ဳပ္ အေသြးသားထဲကကိုမုန္းပါရဲ႕.....။
________________
'Ki...ကေလးငယ္ကို ထြက္မသြားေစနဲ႔ ငါနဲ႔ အိမ္ေရွ႕မင္းသားေျပာတာေတြ ၾကားေအာင္လုပ္ေပး....'
စိတ္ထဲမွ Kiကိုဆက္သြယ္ကာ ေနာ္ခြန္း႐ြယ္ ထြက္သြားမည့္အေရးကိုတားေစေတာ့ spaceထဲမွKiက ေခါင္းၿငိမ့္လ်က္သာ ခက္လြန္းအသယၤာေျပာသည့္အတိုင္း လုပ္ေပးေလသည္။
လွည့္ထြက္သြားသည့္ ေနာ္ခြန္း႐ြယ္သည္ ေဒါသအထြက္လြန္ေန၍လား မေျပာတတ္...
ေစာနကျဖင့္ ဂရုလုံးဝမစိုက္ပါပဲ အခုမွ ခက္လြန္းအသယၤာအား မေက်နပ္စိတ္တို႔ပိုမိုသိပ္သည္းလာကာ ေနာက္သို႔ျပန္လွည့္ကာ ခက္လြန္းအသယၤာဆီ တစ္ေၾကာ့ျပန္လာေလေတာ့သည္။
ခက္လြန္းအသယၤာနွင့္ အိမ္ေရွ႕မင္းသားအား ျမင္ရသည့္အကြာအေဝးေလာက္ေရာက္သည္တြင္ ေရွ႕ဆက္သြားရန္ျပင္လိုက္ေသာ္လည္း ထိုေျခလွမ္းတို႔ကို အိမ္ေရွ႕မင္းသား၏စကားသံကရပ္တန္႔ေစသည္။
ခ်က္ခ်င္းပင္ အကြယ္နားတြင္ ခႏၶာကိုယ္ကပ္ကာ ဆက္ေျပာလာမည့္စကားတို႔ကိုနားေထာင္မိေနသည့္ မိမိအျဖစ္ကိုလည္း ေနာ္ခြန္း႐ြယ္နားမလည္နိုင္ပါေခ်။
"အေျခအေန ဘယ္နွယ့္ရွိစ ခက္လြန္း....။ ကိုယ္ေတာ့္ကိုေတာင္ တဒဂၤမေစာင့္ဆိုင္းနိုင္ပဲ ေမာင္မင္းရဲ႕ ဆရာလိုလို အစ္ကိုလိုလိုနဲ႔ ေနာ္ခြန္း႐ြယ္ကို ေ႐ြးခ်ယ္လိုက္တယ္ ဟုတ္စ..."
အိမ္ေရွ႕မင္းသား ဝဏၰကုမၼံရဲ႕စကားေၾကာင့္ အနည္းငယ္စိတ္ရႈပ္ေထြးသြားရသူမွာ ေနာ္ခြန္း႐ြယ္တစ္ေယာက္ထဲ မဟုတ္ပါေလ....
ဘာကိုဆိုလိုေနမွန္း နားမလည္သျဖင့္ ခက္လြန္းအသယၤာပါ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရေလသည္။
နားမလည္ေၾကာင္းခြန္းတုံ႔ျပန္ရန္ ျပင္သည္တြင္Spaceထဲမွ Kiထံမွ သတိေပးစကားထြက္လာေလသည္။
[Host....အိမ္ေရွ႕မင္းသားနဲ႔ပက္သက္တဲ့ မွတ္ဉာဏ္ေတြကိုဖြင့္ၾကည့္လိုက္ပါ...]
Kiရဲ႕အေျပာေၾကာင့္ မွတ္ဉာဏ္ထဲက အိမ္ေရွ႕မင္းသားနွင့္ပက္သက္သည့္ အပိုင္းကိုဖြင့္ၾကည့္ရသည္။
'ဘာထူးျခားလို႔....'
အေတြးမဆုံးခင္မွာတင္ ေတြ႕လိုက္ရသည့္ ထိုမွတ္ဉာဏ္ေၾကာင့္ ခက္လြန္းအသယၤာမွာ ဝိဉာဥ္ဘယ္နားေလးက ထြက္သြားမလဲမသိေအာင္ပင္ ခံစားလိုက္ရသည္။
အိမ္ေရွ႕မင္းသားက.....ခက္လြန္းအသယၤာကို...
ႀကိဳက္ေနတယ္..!!
'wtf....ဒါဆိုအခု....ငါ့ကိုႀကိဳက္ေနတဲ့လူနဲ႔ နွစ္ေယာက္ထဲ စကားေျပာဖို႔ ကေလးငယ္ကိုခြင့္ေတာင္းလိုက္မိတာေပါ့...ေသလိုက္ပါေတာ့...'
[အဲ့တာေၾကာင့္ Hostကိုဂရုစိုက္ပါေျပာသားပဲ....အခုတစ္ခုခုျပန္ေျပာေတာ့ေလ Hostရဲ႕ကေလးငယ္ကဒီနားမွာ ရွိေနတာေနာ္...]
"ေမာင္မင္းနွယ္....ကိုယ္ေတာ့္ကို မသိခ်င္ေယာင္ေဆာင္နိုင္စြမ္းပ။ ဘယ္အခ်ိန္ထိမ်ား ကိုယ္ေတာ့္ကို ျငင္းဆန္ရန္ ရည္႐ြယ္ထားေလသလဲ။
သို႔တည္းမဟုတ္ ေမာင္မင္းရဲ႕ အသစ္စက္စက္ေတာ္လိုက္ရတဲ့ ၾကင္ဖက္ေၾကာင့္ေလာ...."
ခပ္ေဆြးေဆြးဆိုလာေသာ မ်က္စိေရွ႕က အိမ္ေရွ႕မင္းသားကို မသနားနိုင္ေသး...။
ကေလးငယ္ အထင္မလြဲပါေစနဲ႔ဟုသာ ဆုေတာင္းရင္း အျငင္းစကားတို႔ကို စကၠန္႔မျခားဆိုရသည္။
"အိမ္ေရွ႕မင္းသား....မင္းသားကို အကြၽႏု္ပ္ မနွစ္သက္ပါေကာ...။ အဘယ္ေၾကာင့္မ်ား ေခါင္းဆက္မာေနရတာပါလဲ...။ ယခုဆိုလ်ွင္ အကြၽႏု္ပ္မွာ ဆိုင္သူရွိနွင့္ေလၿပီမို႔ မင္းသားရဲ႕သေဘာထားကို တိတိပပ ျငင္းဆန္ခြင့္ျပဳပါေလ..."
ခက္လြန္းအသယၤာ၏စကားအား အိမ္ေရွ႕မင္းသားက ဟာသနွယ္သေဘာထားကာ ဟက္ဟက္ပက္ပက္ရယ္သည္။
"ကိုယ္ေတာ္က ေမာင္မင္းကိုစုံမက္တယ္ ခက္လြန္းရဲ႕...။ အဦးဆုံးစုံမက္ရတဲ့သူမို႔ ကိုယ္ေတာ္ကေတာ့ ေမာင္မင္းကိုလက္လႊတ္လိုက္ဖို႔ မျဖစ္နိုင္ၿပီ.။ ေမာင္မင္းေကာ ဗိုလ္မွဴးေနာ္ခြန္း႐ြယ္ကို စုံမက္ေလသလား...."
"အကြၽန္ုပ္အဖို႔ေတာ့ အေမာင္က တစ္ဦးတည္းေသာ ျမတ္နိုးရသူပါ....ထိုလူသားမွတစ္ပါး..အျခားတစ္စုံတစ္ဦးကို နွလုံးသားရဲ႕အခန္းထဲမယ္ ေနရာမေပးနိုင္ေတာ့ၿပီမို႔.... ခြင့္လႊတ္ပါ့..."
စကားစျမန္ျမန္ျဖတ္ေလ ၿပီးေလဟုသေဘာထားကာ အိမ္ေရွ႕မင္းသားအား အရိုအေသေပးကာ ထြက္သြားဖို႔ျပင္သည့္ ခက္လြန္းအသယၤာအား ဝဏၰကုမၼံက ေနာက္မွ ေဒါသတႀကီးလက္ဆြဲကာ တားေလသည္။
"ကိုယ္ေတာ့္စိတ္ကိုမစမ္းနဲ႔ပ ခက္လြန္းအသယၤာ.။
ကိုယ္ေတာ္ အဘယ္နည္းကိုသုံးမွ ေမာင္မင္းရဲ႕ စိတ္အစုံကို ရနိုင္အံ့။ ေမာင္မင္းရဲ႕ ၾကင္ဖက္ဆိုေသာ ပုဂၢိဳလ္ရဲ႕အသက္ကို အေလးထားတယ္ဆိုရင္ေတာ့ျဖင့္ ကိုယ္ေတာ့္ကိုမလြန္ဆန္စမ္းနဲ႔..."
ေဒါသထြက္ထြက္ျဖင့္ အေျခအေနကိုေမ့ကာ ခက္လြန္းအသယၤာအား ၿခိမ္းေျခာက္ေနေသာ အိမ္ေရွ႕မင္းသား ဝဏၰကုမၼံမွာ သူမသိလိုက္ခင္မွာပင္ အၿခိမ္းေျခာက္ခံရေသာအေနအထားသို႔ ေရာက္မွန္းမသိေရာက္သြားေတာ့သည္။
တစ္စတစ္စ ေအးစက္လာသည့္ေလထုနွင့္အၿပိဳင္ မူပ်က္လာသည့္ ခက္လြန္းအသယၤာသည္ သူ႔လက္အားကိုင္ဆဲျဖစ္ေနေသာ အိမ္ေရွ႕မင္းသား ဝဏၰကုမၼံအားလက္အား တစ္ေၾကာ့ျပန္ဖမ္းဆုပ္လိုက္သည္။
[Host !! စိတ္ထိန္းပါ...အိမ္ေရွ႕မင္းသားကိုသတ္လိုက္ရင္ ေနာ္ခြန္း႐ြယ္ သံသယဝင္ၿပီး Mission failနိုင္ပါတယ္...]
spaceထဲမွKiရဲ႕ အလန္႔တၾကားတားဆီးသံၾကားမွ စိတ္အနည္းငယ္ၿငိမ္ေအာင္ထားကာ ေရွ႕ကလူကား တည့္တည့္စိုက္ၾကည့္လိုက္သည္။
"မင္းသား မွတ္ထားစမ္းပ ။ ေနာ္ခြန္း႐ြယ္ဆိုတဲ့ လူသားကို ကြၽန္ုပ္က ဘဝအဆက္ဆက္ျမတ္နိုးခဲ့ရတာမို႔ ထိုလူသားေနရာမယ္ တျခားဘယ္သူ႔ကိုမ်ွ ႁခြင္းခ်က္မရွိ လက္မခံႏိုင္ေတာ့ၿပီ ။ မင္းသားအေနနဲ႔ျဖင့္ ေနာ္ခြန္း႐ြယ္ရဲ႕ အသက္ကိုလိုခ်င္သပဆိုရင္ ကြၽန္ုပ္ရဲ႕အေလာင္းကို ဦးစြာေက်ာ္နိုင္ကာမွ ရနိုင္လိမ့္မယ္....။မဟုတ္ရင္ေတာ့ျဖင့္ ေနာ္ခြန္း႐ြယ္ကို ထိသမ်ွလူတိုင္းအတြက္ သြားစရာလမ္းက မရဏလမ္းပဲရွိတယ္ဆိုတာ မွတ္ထားပါ့"
အိမ္ေရွ႕မင္းသားအေပၚ သုံးနႈန္းသြားသည့္ စကားအသုံးအနႈန္းတို႔ကရိုင္းေနလင့္ကစား ခက္လြန္းအသယၤာ ဂရုမစိုက္နိုင္ပါေခ်...။
အခုေတာင္ေဒါသကို မနည္းထိန္းထားရသည္မို႔ ဒီေနရာမွာ ၾကာၾကာဆက္ေနမိရင္ ထိုအိမ္ေရွ႕မင္းသားအား ဘာလုပ္မိမယ္ဆိုတာ မေျပာတတ္ေပ..။
^^^^^^^^^^^^^^^^^^^^^^^^^^
ဘယ္အခ်ိန္ထဲက ထြက္သြားမွန္းမသိတဲ့ ေနာ္ခြန္း႐ြယ္ကေတာ့ သူ႔ကိုယ္သူျပန္သတိထားမိခ်ိန္တြင္ေတာ့ ျမင္းကိုဒုန္းစိုင္းစီးကာ ၿမိဳ႕ေတာ္အျပင္ဖက္က ေတာထဲေရာက္ေနေလၿပီ....။
အခုသူ႔စိတ္ထဲတြင္ ဘာဆိုဘာမွမစဥ္းစားနိုင္ေအာင္ ဗလာနတၳိျဖစ္ေနေလသည္။
ဘာေတြလဲ...ဘာစကားေတြလဲ...
အသယၤာက သူ႔ကိုေနာက္ေက်ာဓားနဲ႔ထိုးခဲ့တဲ့သူေလ...
ဘယ္လိုလုပ္ၿပီး....။
ဟင့္အင္း မျဖစ္နိုင္ေပ....
ဒါအသယၤာရဲ႕ ေနာက္ထပ္လွည့္ကြက္ပဲျဖစ္ရမယ္....။
တစ္ေယာက္ထဲ အေတြးေပါင္းေသာင္းေျခာက္ေထာင္နွင့္ ဂဏာမၿငိမ္ေသာစိတ္တို႔ျဖင့္ ေျခဦးတည့္ရာ ျမင္းကိုဒုန္းစိုင္းနွင္လာသည္မွာ အေတာ္ေဝးေဝးပင္ေရာက္ေနေလၿပီ...။
ေဘးပတ္ပတ္လည္ရဲ႕ ေျမျပင္အေနအထားကိုၾကည့္ျခင္းအားျဖင့္ ထိုေနရာက ဝဏၷဳေဇဒါျပည္နွင့္ ေယာစကၠသီဓံျပည္တို႔ကို နယ္ေျမျခားထားသည့္သစ္ေတာပင္ျဖစ္လိမ့္မည္။
ေမွာင္ရီပ်ဳိးစျဖစ္ေနၿပီမို႔ ေနာ္ခြန္း႐ြယ္အေနျဖင့္ လမ္းျမန္ျမန္ရွာေတြ႕မွျဖစ္ေတာ့မည္။
သူဘယ္ေလာက္ၾကာေအာင္မ်ားျမင္းကိုစီးလာမိတာပါလဲ....။
"ေနာ္ခြန္း႐ြယ္...ေနာ္ခြန္း႐ြယ္..စိတ္လြတ္ၿပီး ထြက္ေျပးလာရတယ္လို႔....ေပ်ာ့ညံ့လိုက္ေလျခင္း။
အခုေတာ့ျဖင့္ ေတာႀကီးမ်က္မည္းထဲမယ္ ကေလးသူငယ္လို လမ္းေပ်ာက္ေနပါေကာလား.."
မိမိကိုယ္ကိုေလွာင္ရယ္ကာ ေနာ္ခြန္း႐ြယ္တစ္ေယာက္ ျမင္းကိုခပ္ေသာ့ေသာ့ျပန္နွင္လ်က္ လမ္းရွာျခင္းအမႈကို စလုပ္ရပါေတာ့သည္။
^^^^^^^^^^^^^^^^^^^^^^^^^^^^^
အိမ္ေတာ္သို႔ေရာက္သည့္အခ်ိန္တြင္ အနည္းငယ္ေတာင္ညဥ့္နက္စျပဳေနေလၿပီ...။
အိမ္ဝန္းထဲဝင္ဝင္ျခင္း ပန္းၿခံဖက္ကိုၾကည့္မိေတာ့ တိတ္ဆိတ္ေနသည္မွာ မည္သူမွရွိဟန္မေပၚပါေခ်။
"ဗို္လ္မွဴး...ျပန္လာပါၿပီေကာ..။ အကြၽန္မ ခ်ိဳးေရနဲ႔ညစာ အဆင္သင့္ျပင္ထားလိုက္မယ္ပ.။"
အိမ္ေတာ္ထိန္း၏စကားကို လက္ကာျပကာ ျငင္းဆန္ၿပီးေနာက္ တစ္ေယာက္ေသာသူ ဘယ္မွာလဲေမးရ၏။
"အသယၤာေရာ....ပုံမွန္ဆို သူဒီအခ်ိန္ ၿခံထဲဆင္းေနၾကဟုတ္စ.."
"အယ္... ဗိုလ္မွဴးငယ္နဲ႔မေတြ႕ခဲ့ပါေလာ...။ ေနေစာင္းေလာက္ကေတာ့ျဖင့္ ဗိုလ္္မွဴးျပန္ေရာက္ေနစ လာၾကည့္ၿပီး ျပန္ထြက္သြားတာပါေကာ...။အခုဗိုလ္မွဴးနဲ႔အတူျပန္လာတယ္ မွတ္ေနတာကြယ္...။ ညဖက္ႀကီး ဗိုလ္မွဴးငယ္တစ္ေယာက္ထဲ အႏၲရာယ္မ်ားပါဘိနဲ႔.."
အထိန္းေတာ္ႀကီးခမ်ာ ခက္လြန္းအသယၤာ ငယ္စဥ္ထဲက ထိန္းေက်ာင္းလာသည္မို႔ ရင္တမမျဖင့္ စိတ္ပူေနရွာသည္။
ေနာ္ခြန္း႐ြယ္လည္း ထိုနည္းလည္းေကာင္းပင္...။
ထိုအခ်ိန္ထိ ေနာ္ခြန္း႐ြယ္မပါပါဘဲနဲ႔ အဘယ္မ်ားေျခဆန္႔ေနရသတုန္း....။
မင္းဟာ အေတာ္ကုိ ဒုကၡေပးပါေကာလား အသယၤာရယ္..။
^^^^^^^^^^^^^^^^^^^^^^^^^^^^
[Host....အဲ့တာေၾကာင့္ ဇြတ္မလာပါနဲ႔ေျပာတာ အခုလမ္းေပ်ာက္ၿပီး ဒီဂူမွာလာေသာင္တင္ေနၿပီမလား....]
'ငါလည္းသိမလား ဒီခႏၶာကိုယ္က ဒီအ႐ြယ္အထိ စစ္တိုက္တာကလြဲလို႔ က်န္တာ ေမြးကင္းစကေလးလိုအသုံးမက်ဘူးဆိုတာ...မင္းသတိေပးရမွာမဟုတ္ဘူးလား...'
Kiရဲ႕ တဗ်စ္ဗ်စ္တေတာက္အသံကို ခက္လြန္းအသယၤာက ခပ္ေခ်ေခ်ပင္ျပန္ေျပာသည္။
'မင္းလမ္းရွာေပးေလ အဲ့လိုပူညံပူညံလုပ္မဲ့အစား....'
[Host! ကြၽန္ေတာ္ေျပာပါတယ္ Missionနဲ႔ပက္သက္တဲ့အကူအညီေတြကို mission percentအေပၚမူတည္ၿပီးမွေပးလို႔ရမွာပါဆို အခုmission percentက 0ကေနေတာင္မတက္ေသးတာကို ကြၽန္ေတာ္ကဘယ္လိုလုပ္တတ္နိုင္မွာလဲ...]
Kiေျပာခ်င္ရာေျပာၿပီး စိတ္တိုတိုျဖင့္ လိုင္းပါoffပစ္လိုက္သည္..။
Hostက သူ႔ကိုဆိုအျပစ္တင္ဖို႔ပဲသိတာ..
ေတာ္ေတာ္တရားက်ဖို႔ေကာင္းတယ္....
______________________
"ျပန္ေပးပါ...."
"မင္းလက္နဲ႔သတ္ဖို႔ လုပ္ခဲ့ၿပီးမွလား....."
ဒူးေထာက္ကာ ငိုယိုေနသည့္ေကာင္ငယ္ေလးအား မတ္တပ္ရပ္ေနသည့္လူက ခပ္ေထ့ေထ့ျပန္ေျပာသည္။
"သူမရွိရင္ သူ႔ေနရာကိုအစားထိုးနိုင္တဲ့သူ ထပ္ေပၚလာဦးမွာပဲ...ငါသူ႔ကိုအစထဲက ေ႐ြးခ်ယ္ခိုင္းထားၿပီးသား....သူကမင္းကိုေ႐ြးခဲ့တယ္....မင္းကေတာ့....သူ႔ကိုေ႐ြးခဲ့လို႔လား ေကာင္ေလးရဲ႕..."
မတ္တပ္ရပ္ေနသည့္ လူေျပာသည္ကို မေခ်ပနိုင္သည့္ေကာင္ငယ္ေလးက သူ႔ေဘးနားကလဲေလ်ာင္းေနတဲ့ ခႏၶာကိုယ္ကို ေပြ႕ဖက္လိုက္သည္။
"ခင္ဗ်ားရဲ႕ မ်က္ဝန္းေတြကိုျပန္ဖြင့္ၾကည့္ပါဦး....
ကြၽန္ေတာ့္ကို မျမင္ခ်င္ေတာ့ဘူးလားဟင္....
ခင္ဗ်ားရယ္....ကြၽန္ေတာ္ကေလ ဒီအရိုင္းအစိုင္းေကာင္က ခင္ဗ်ားကိုသိပ္ခ်စ္ပါတယ္ဗ်ာ...
ခ်စ္တာမို႔...အဆုံးရႈံးမခံနိုင္တာမို႔ ျပန္လာခဲ့ပါ..
တစ္ေယာက္ထဲမထားခဲ့ပါနဲ႔....
ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ဆီျပန္လာခဲ့ေပးပါ..."
မၾကားနိုင္မွန္းသိသိလ်က္နွင့္ ထိုအခ်ိန္ၾကခါမွ စကားေတြတဖြဖြဆိုေနသည့္ ထိုေကာင္ငယ္ေလးသည္ အခ်ိန္ေတြသိပ္ကိုေနာက္က်သြားခဲ့ၿပီ..။
"အရွင္...ဒီလူကို ကြၽန္ေတာ့္ဆီျပန္ေပးပါ..
ကြၽန္ေတာ္က ဘာာမဆိုလုပ္ေပးမွာမို႔ သူ႔ကိုသာကြၽန္ေတာ့္ဆီျပန္ေပးပါ...ေက်းဇူးျပဳၿပီး....
သူ႔ကို ကြၽန္ေတာ့္ဆီက မေခၚသြားပါနဲ႔..."
ငိုယိုကာ ေတာင္းဆိုေနသည့္ ထိုေကာင္ေလးအား လ်စ္လ်ဴရႈလ်က္ပင္ ေကာင္းကင္အရွင္မွာ ေနာက္နားမွ စစ္သူႀကီးNoiiဆီ ေလ်ွာက္သြားလိုက္သည္။
"Satanကို မင္းဘယ္လိုလုပ္လိုက္ၿပီလဲ...."
"အသူရာေခ်ာက္ထဲမွာ ထိန္းသိမ္းထားပါတယ္အရွင္...အျပင္ဖက္ကေန ကြၽန္ေတာ့္အစြမ္းနဲ႔ခ်ိတ္ပိတ္စည္းခ်ထားလိုက္ပါၿပီ..."
"ေတာ္တယ္...."
စစ္သူႀကီးNoii၏ ေခါင္းေပၚအားလက္တင္ကာ ခ်ီးက်ဴးစကားဆိုၿပီးေနာက္ ေနာက္ထပ္အမိန္႔ကို ထပ္မိန္႔သည္...။
"Noii....ဖ်က္စီးလိုက္..."
ေကာင္းကင္အရွင္၏ အမိန္႔ကိုတေသြမတိမ္းလိုက္နာသည့္ Noiiသည္ လက္စြဲေတာ္ဓားအားထုတ္ကာ ဒူးေထာက္ေနသည့္ ေကာင္ေလး၏လည္ပင္းတည့္တည့္ကို ခ်ိန္သည္။
"ခဏရပ္ Noii...."
ေကာင္းကင္အရွင္၏ စကားေနာက္ ရပ္တန္႔သြားသည့္ Noii၏ ဓားသြားက ေကာင္ငယ္ေလး၏ လည္ပင္းထက္ထိလ်က္သားရပ္တန္႔သြားသည္။
"နွိုင္း ခတ္ လင္း....မင္းနာမည္ေနာ္
ေကာင္ေလး....မင္းေနာင္တရလား....Zenကိုမေ႐ြးခ်ယ္ခဲ့တဲ့အတြက္..."
"မရဘူး....."
"Oh~~"
"ဘာလုိ႔လဲဆိုေတာ့...ကြၽန္ေတာ္က Zenကိုေက်ာ္ၿပီး တျခားဘယ္အရာကိုမွ မေ႐ြးခ်ယ္ဖူးခဲ့လို႔ပဲ...."
ေကာင္ငယ္ေလးက ဓားျဖင့္လည္ပင္းကိုအေထာက္ခံထားရသည့္တိုင္ မေၾကာက္မလန္႔ပင္ျပန္ေျဖသည္။
"မလိမ္ခ်င္စမ္းပါနဲ႔ ေကာင္ေလးရယ္...."
"ကြၽန္ေတာ္မလိမ္ဘူး.....အရွင္ကအသိဆုံးျဖစ္မွာပါ......."
"ေကာင္းၿပီ....မင္းကိုေနာက္ထပ္အခြင့္အေရးေပးမယ္.....မင္းသူနဲ႔ပက္သက္သမ်ွအကုန္လုံးဖ်က္ဆီးမလား ဒါမွမဟုတ္ မင္းဝိဉာဥ္ကိုစေတးၿပီး သူ႔ကိုျပန္ေခၚမလား...."
"သူ႔ကိုျပန္ရမွာလား....."
"အင္း...သူအသက္ျပန္ရွင္နိုင္လိမ့္မယ္...."
ေကာင္းကင္အရွင္၏ စကားကိုဦးစြာခြန္းတုံ႔မျပန္ပါပဲနဲ႔ ေပြ႕ဖက္ထားဆဲ ခ်စ္ရသူ၏ ခႏၶာကိုယ္အား ခပ္ဖြဖြထိေတြ႕သည္။
ေနာက္ဆုံးအေနျဖင့္ နဖူးထက္ အသာနမ္းရွိုက္ကာ ခပ္ျပဳံးျပဳံးဆိုသည္။
"ခင္ဗ်ားရယ္...ကြၽန္ေတာ္ကေလ သိပ္ဆိုးတာဗ်....
ခင္ဗ်ားကိုေတာ့ မထားခဲ့ဖို႔ေျပာၿပီး ကြၽန္ေတာ္ကိုယ္တိုင္ကေတာ့ ခင္ဗ်ားကိုထားခဲ့ရေတာ့မယ္.....
အခြင့္အေရးရွိခဲ့ရင္ေလ.....ခင္ဗ်ားကိုပိုင္ဆိုင္ရတဲ့ တစ္ဦးတည္းေသာလူသာျဖစ္ခ်င္ပါရဲ႕..
ခ်စ္တယ္....သိပ္ခ်စ္တာမို႔
ကြၽန္ေတာ့္ကိုခြင့္မလႊတ္လိုက္ပါနဲ႔..."
"Zenကိုျပန္ေခၚဖို႔အတြက္ ကြၽန္ေတာ့္ဝိဉာဥ္ကို စေတးဖို႔ဆႏၵရွိပါတယ္ အရွင္.....
ဒီအဖိုးမတန္တဲ့ အသက္ကိုယူၿပီးZenကိုသာအသက္ဆက္ခြင့္ျပဳေပးပါ....."
ေကာင္ငယ္ေလး၏ စကားအဆုံးတြင္ ေကာင္းကင္အရွင္က Noiiအားအမိန္႔ေပးကာ နွိုင္းခတ္လင္း၏အသက္ကိုယူေစသည္။
ဦးတည္ခ်က္ေျပာင္းသြားတဲ့ Noiiရဲ႕ဓားသြားက နွိုင္းခတ္လင္း၏ နွလုံးသားတည့္တည့္ကိုဦးတည္ကာစိုက္ဝင္သည္။
အသက္ဝိဉာဥ္တည္ရာေနရာျဖစ္သည္မို႔ ခ်က္ခ်င္းပင္ အသက္ဓာတ္ခ်ဳပ္ၿငိမ္းသြားရေသာ ခႏၶာကိုယ္သည္ ခ်စ္ရသူ၏နံေဘးတြင္ လဲေလ်ာင္းသည္။
ျပာလဲ့လဲ့ ဝိဉာဥ္ဓာတ္လုံးေလးက ေကာင္းကင္အရွင္လက္ထဲေရာက္လုဆဲဆဲတြင္ အျပာေရာင္မီးေတာက္ အကာအကြယ္တစ္ခုက အလိုအေလ်ာက္ေပၚလာကာ ေနရာတစ္ခုလုံးကို အျပာေရာင္စြမ္းအင္ျဖင့္လႊမ္းျခဳံလိုက္သည္။
"အဟက္....Zenက....အစထဲကမေသခဲ့ဘူးပဲ.."
"အရွင္....ဒါက..."
"Noii ဒီစြမ္းအားေတြကို မႏၲန္တစ္ခုနဲ႔ခ်ိတ္ပိတ္ရေအာင္....ၿပီးရင္ ေကာင္ေလးရဲ႕ အသက္ဓာတ္ကို အဲ့မႏၲန္ထဲထည့္လိုက္...အခ်ိန္တစ္ခုေရာက္ရင္ သူ႔အလိုလိုေျပသြားလိမ့္မယ္...."
"အမိန္႔အတိုင္းပါအရွင္...."
သို႔နွင့္.....ဆုံးျဖတ္ခ်က္တစ္ခုသည္
ထိုအရာအားလုံး၏အစျပဳရာျဖစ္လာခဲ့ေလသည္။
____________________________
လည္ကုန္ၾကၿပီလား😂
ျဖည္းျဖည္းခ်င္းဖတ္ၾကေနာ္ မူလဘဝကိုအခုဘဝကစၿပီး နည္းနည္းခ်င္းျပန္ေဖာ္ေတာ့မွာမို႔လို႔ မေရာေအာင္ဖတ္ၾကပါလို႔....
ျမႇဳပ္ကြက္ေတြရွိေသးတာမို႔ ကေလးငယ္ကိုလည္းအျမင္ေတြမေစာင္းၾကပါနဲ႔လို႔...
ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ❣️❣️
________________________________
{Unicode}
"အိမ်ရှေ့မင်းသား..."
နှစ်ယောက်သား အရိုအသေပေးသည်ကိုပင် အသိမှတ်ပြုရုံမျှသာ ခေါင်းတစ်ချက်ငြိမ့်ကာ ခက်လွန်းအသင်္ယာဆီမှ အကြည့်တို့ကိုမခွာပါသော အိမ်ရှေ့မင်းသား ဝဏ္ဏကုမ္မံကြောင့် နော်ခွန်းရွယ် စိတ်ထဲလောင်မြိုက်နေသောဒေါသတို့သည် လောင်စာထပ်လောင်းထည့်လိုက်သည့်နှယ် ပို၍ပင် အရှိန်ပြင်းလာရသည်။
"ကိုယ်တော်...ဗိုလ်မှူးငယ်ခက်လွန်းနဲ့ စကားအချို့ပြောချင်တာမို့ ရိုင်းပြစွာနဲ့ပဲ ဗိုလ်မှူးဆီကနေ ဗိုလ်မှူးငယ်ကို ခဏငှားပါရစေ...."
ဤသည်မှာ ဘယ်လိုအပြုအမူပေတုန်း....။
ကြင်ဖက်တစ်ယောက်လုံး ရှေ့မှာတောင်မျက်နှာပြောင်တိုက်ပြီး...အဘယ်လို...
ထွက်နေသမျှသော ဒေါသတို့ကိုထိန်းရန်အလို့ငှာ လက်သီးကိုတင်းတင်းဆုပ်ထားမိတော့ အတန်ငယ်ရှည်ချင်နေတဲ့ လက်သည်းစတို့က နော်ခွန်းရွယ်၏ လက်အသားထဲသို့စိုက်ဝင်လု နီးနီးပင်...။
အငြင်းစကားကိုဆိုရန် ပါးစပ်ဟလိုက်လင့်ကစား နော်ခွန်းရွယ် နှုတ်မှတစ်ခွန်းတလေမျှ မထွက်ရသေးခင်မှာပင် ခက်လွန်းအသင်္ယာက သူ့အားခွင့်တောင်းလာသည်...။
"အစ်.....အမောင်...အကျွန့်ကို အချိန်အနည်းငယ်လောက် ပေးပါကော...။
အကျွန့်မှာလည်း အိမ်ရှေ့မင်းသားနဲ့ ဆွေးနွေးစရာအနည်းငယ်ရှိပေတာမို့...အမောင်များ....."
ပြောင်းလဲသွားသော အသုံးအနှုန်းနှင့် တိုးဝင်သွားသော အသံတိမ်တိမ်အား ဂရုမမူမိသည့်နော်ခွန်းရွယ်မှာ....ခက်လွန်းအသင်္ယာအပေါ် ထပ်မံ၍ အထင်လွဲသွားဟန်ပေါ်သည်။
နော်ခွန်းရွယ် ထိုတောင်းပန်ခယနေသည့် မျက်ဝန်းအစုံတို့ကို စေ့စေ့စိုက်ကြည့်ပြီးနောက် အိမ်ရှေ့မင်းသားအား အရိုအသေပေးကာ နောက်ပင်လှည့်မကြည့်ပဲ ထွက်လာခဲ့လေသည်။
မုန်းပါရဲ့အသင်္ယာ...
မင်းကိုကျုပ် အသွေးသားထဲကကိုမုန်းပါရဲ့.....။
________________
'Ki...ကလေးငယ်ကို ထွက်မသွားစေနဲ့ ငါနဲ့ အိမ်ရှေ့မင်းသားပြောတာတွေ ကြားအောင်လုပ်ပေး....'
စိတ်ထဲမှ Kiကိုဆက်သွယ်ကာ နော်ခွန်းရွယ် ထွက်သွားမည့်အရေးကိုတားစေတော့ spaceထဲမှKiက ခေါင်းငြိမ့်လျက်သာ ခက်လွန်းအသင်္ယာပြောသည့်အတိုင်း လုပ်ပေးလေသည်။
လှည့်ထွက်သွားသည့် နော်ခွန်းရွယ်သည် ဒေါသအထွက်လွန်နေ၍လား မပြောတတ်...
စောနကဖြင့် ဂရုလုံးဝမစိုက်ပါပဲ အခုမှ ခက်လွန်းအသင်္ယာအား မကျေနပ်စိတ်တို့ပိုမိုသိပ်သည်းလာကာ နောက်သို့ပြန်လှည့်ကာ ခက်လွန်းအသင်္ယာဆီ တစ်ကြော့ပြန်လာလေတော့သည်။
ခက်လွန်းအသင်္ယာနှင့် အိမ်ရှေ့မင်းသားအား မြင်ရသည့်အကွာအဝေးလောက်ရောက်သည်တွင် ရှေ့ဆက်သွားရန်ပြင်လိုက်သော်လည်း ထိုခြေလှမ်းတို့ကို အိမ်ရှေ့မင်းသား၏စကားသံကရပ်တန့်စေသည်။
ချက်ချင်းပင် အကွယ်နားတွင် ခန္ဓာကိုယ်ကပ်ကာ ဆက်ပြောလာမည့်စကားတို့ကိုနားထောင်မိနေသည့် မိမိအဖြစ်ကိုလည်း နော်ခွန်းရွယ်နားမလည်နိုင်ပါချေ။
"အခြေအနေ ဘယ်နှယ့်ရှိစ ခက်လွန်း....။ ကိုယ်တော့်ကိုတောင် တဒင်္ဂမစောင့်ဆိုင်းနိုင်ပဲ မောင်မင်းရဲ့ ဆရာလိုလို အစ်ကိုလိုလိုနဲ့ နော်ခွန်းရွယ်ကို ရွေးချယ်လိုက်တယ် ဟုတ်စ..."
အိမ်ရှေ့မင်းသား ဝဏ္ဏကုမ္မံရဲ့စကားကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသူမှာ နော်ခွန်းရွယ်တစ်ယောက်ထဲ မဟုတ်ပါလေ....
ဘာကိုဆိုလိုနေမှန်း နားမလည်သဖြင့် ခက်လွန်းအသင်္ယာပါ ကြောင်တောင်တောင်ဖြစ်သွားရလေသည်။
နားမလည်ကြောင်းခွန်းတုံ့ပြန်ရန် ပြင်သည်တွင်Spaceထဲမှ Kiထံမှ သတိပေးစကားထွက်လာလေသည်။
[Host....အိမ်ရှေ့မင်းသားနဲ့ပက်သက်တဲ့ မှတ်ဉာဏ်တွေကိုဖွင့်ကြည့်လိုက်ပါ...]
Kiရဲ့အပြောကြောင့် မှတ်ဉာဏ်ထဲက အိမ်ရှေ့မင်းသားနှင့်ပက်သက်သည့် အပိုင်းကိုဖွင့်ကြည့်ရသည်။
'ဘာထူးခြားလို့....'
အတွေးမဆုံးခင်မှာတင် တွေ့လိုက်ရသည့် ထိုမှတ်ဉာဏ်ကြောင့် ခက်လွန်းအသင်္ယာမှာ ဝိဉာဉ်ဘယ်နားလေးက ထွက်သွားမလဲမသိအောင်ပင် ခံစားလိုက်ရသည်။
အိမ်ရှေ့မင်းသားက.....ခက်လွန်းအသင်္ယာကို...
ကြိုက်နေတယ်..!!
'wtf....ဒါဆိုအခု....ငါ့ကိုကြိုက်နေတဲ့လူနဲ့ နှစ်ယောက်ထဲ စကားပြောဖို့ ကလေးငယ်ကိုခွင့်တောင်းလိုက်မိတာပေါ့...သေလိုက်ပါတော့...'
[အဲ့တာကြောင့် Hostကိုဂရုစိုက်ပါပြောသားပဲ....အခုတစ်ခုခုပြန်ပြောတော့လေ Hostရဲ့ကလေးငယ်ကဒီနားမှာ ရှိနေတာနော်...]
"မောင်မင်းနှယ်....ကိုယ်တော့်ကို မသိချင်ယောင်ဆောင်နိုင်စွမ်းပ။ ဘယ်အချိန်ထိများ ကိုယ်တော့်ကို ငြင်းဆန်ရန် ရည်ရွယ်ထားလေသလဲ။
သို့တည်းမဟုတ် မောင်မင်းရဲ့ အသစ်စက်စက်တော်လိုက်ရတဲ့ ကြင်ဖက်ကြောင့်လော...."
ခပ်ဆွေးဆွေးဆိုလာသော မျက်စိရှေ့က အိမ်ရှေ့မင်းသားကို မသနားနိုင်သေး...။
ကလေးငယ် အထင်မလွဲပါစေနဲ့ဟုသာ ဆုတောင်းရင်း အငြင်းစကားတို့ကို စက္ကန့်မခြားဆိုရသည်။
"အိမ်ရှေ့မင်းသား....မင်းသားကို အကျွန်ုပ် မနှစ်သက်ပါကော...။ အဘယ်ကြောင့်များ ခေါင်းဆက်မာနေရတာပါလဲ...။ ယခုဆိုလျှင် အကျွန်ုပ်မှာ ဆိုင်သူရှိနှင့်လေပြီမို့ မင်းသားရဲ့သဘောထားကို တိတိပပ ငြင်းဆန်ခွင့်ပြုပါလေ..."
ခက်လွန်းအသင်္ယာ၏စကားအား အိမ်ရှေ့မင်းသားက ဟာသနှယ်သဘောထားကာ ဟက်ဟက်ပက်ပက်ရယ်သည်။
"ကိုယ်တော်က မောင်မင်းကိုစုံမက်တယ် ခက်လွန်းရဲ့...။ အဦးဆုံးစုံမက်ရတဲ့သူမို့ ကိုယ်တော်ကတော့ မောင်မင်းကိုလက်လွှတ်လိုက်ဖို့ မဖြစ်နိုင်ပြီ.။ မောင်မင်းကော ဗိုလ်မှူးနော်ခွန်းရွယ်ကို စုံမက်လေသလား...."
"အကျွန်ုပ်အဖို့တော့ အမောင်က တစ်ဦးတည်းသော မြတ်နိုးရသူပါ....ထိုလူသားမှတစ်ပါး..အခြားတစ်စုံတစ်ဦးကို နှလုံးသားရဲ့အခန်းထဲမယ် နေရာမပေးနိုင်တော့ပြီမို့.... ခွင့်လွှတ်ပါ့..."
စကားစမြန်မြန်ဖြတ်လေ ပြီးလေဟုသဘောထားကာ အိမ်ရှေ့မင်းသားအား အရိုအသေပေးကာ ထွက်သွားဖို့ပြင်သည့် ခက်လွန်းအသင်္ယာအား ဝဏ္ဏကုမ္မံက နောက်မှ ဒေါသတကြီးလက်ဆွဲကာ တားလေသည်။
"ကိုယ်တော့်စိတ်ကိုမစမ်းနဲ့ပ ခက်လွန်းအသင်္ယာ.။
ကိုယ်တော် အဘယ်နည်းကိုသုံးမှ မောင်မင်းရဲ့ စိတ်အစုံကို ရနိုင်အံ့။ မောင်မင်းရဲ့ ကြင်ဖက်ဆိုသော ပုဂ္ဂိုလ်ရဲ့အသက်ကို အလေးထားတယ်ဆိုရင်တော့ဖြင့် ကိုယ်တော့်ကိုမလွန်ဆန်စမ်းနဲ့..."
ဒေါသထွက်ထွက်ဖြင့် အခြေအနေကိုမေ့ကာ ခက်လွန်းအသင်္ယာအား ခြိမ်းခြောက်နေသော အိမ်ရှေ့မင်းသား ဝဏ္ဏကုမ္မံမှာ သူမသိလိုက်ခင်မှာပင် အခြိမ်းခြောက်ခံရသောအနေအထားသို့ ရောက်မှန်းမသိရောက်သွားတော့သည်။
တစ်စတစ်စ အေးစက်လာသည့်လေထုနှင့်အပြိုင် မူပျက်လာသည့် ခက်လွန်းအသင်္ယာသည် သူ့လက်အားကိုင်ဆဲဖြစ်နေသော အိမ်ရှေ့မင်းသား ဝဏ္ဏကုမ္မံအားလက်အား တစ်ကြော့ပြန်ဖမ်းဆုပ်လိုက်သည်။
[Host !! စိတ်ထိန်းပါ...အိမ်ရှေ့မင်းသားကိုသတ်လိုက်ရင် နော်ခွန်းရွယ် သံသယဝင်ပြီး Mission failနိုင်ပါတယ်...]
spaceထဲမှKiရဲ့ အလန့်တကြားတားဆီးသံကြားမှ စိတ်အနည်းငယ်ငြိမ်အောင်ထားကာ ရှေ့ကလူကား တည့်တည့်စိုက်ကြည့်လိုက်သည်။
"မင်းသား မှတ်ထားစမ်းပ ။ နော်ခွန်းရွယ်ဆိုတဲ့ လူသားကို ကျွန်ုပ်က ဘဝအဆက်ဆက်မြတ်နိုးခဲ့ရတာမို့ ထိုလူသားနေရာမယ် တခြားဘယ်သူ့ကိုမျှ ခြွင်းချက်မရှိ လက်မခံနိုင်တော့ပြီ ။ မင်းသားအနေနဲ့ဖြင့် နော်ခွန်းရွယ်ရဲ့ အသက်ကိုလိုချင်သပဆိုရင် ကျွန်ုပ်ရဲ့အလောင်းကို ဦးစွာကျော်နိုင်ကာမှ ရနိုင်လိမ့်မယ်....။မဟုတ်ရင်တော့ဖြင့် နော်ခွန်းရွယ်ကို ထိသမျှလူတိုင်းအတွက် သွားစရာလမ်းက မရဏလမ်းပဲရှိတယ်ဆိုတာ မှတ်ထားပါ့"
အိမ်ရှေ့မင်းသားအပေါ် သုံးနှုန်းသွားသည့် စကားအသုံးအနှုန်းတို့ကရိုင်းနေလင့်ကစား ခက်လွန်းအသင်္ယာ ဂရုမစိုက်နိုင်ပါချေ...။
အခုတောင်ဒေါသကို မနည်းထိန်းထားရသည်မို့ ဒီနေရာမှာ ကြာကြာဆက်နေမိရင် ထိုအိမ်ရှေ့မင်းသားအား ဘာလုပ်မိမယ်ဆိုတာ မပြောတတ်ပေ..။
^^^^^^^^^^^^^^^^^^^^^^^^^^
ဘယ်အချိန်ထဲက ထွက်သွားမှန်းမသိတဲ့ နော်ခွန်းရွယ်ကတော့ သူ့ကိုယ်သူပြန်သတိထားမိချိန်တွင်တော့ မြင်းကိုဒုန်းစိုင်းစီးကာ မြို့တော်အပြင်ဖက်က တောထဲရောက်နေလေပြီ....။
အခုသူ့စိတ်ထဲတွင် ဘာဆိုဘာမှမစဉ်းစားနိုင်အောင် ဗလာနတ္ထိဖြစ်နေလေသည်။
ဘာတွေလဲ...ဘာစကားတွေလဲ...
အသင်္ယာက သူ့ကိုနောက်ကျောဓားနဲ့ထိုးခဲ့တဲ့သူလေ...
ဘယ်လိုလုပ်ပြီး....။
ဟင့်အင်း မဖြစ်နိုင်ပေ....
ဒါအသင်္ယာရဲ့ နောက်ထပ်လှည့်ကွက်ပဲဖြစ်ရမယ်....။
တစ်ယောက်ထဲ အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ဂဏာမငြိမ်သောစိတ်တို့ဖြင့် ခြေဦးတည့်ရာ မြင်းကိုဒုန်းစိုင်းနှင်လာသည်မှာ အတော်ဝေးဝေးပင်ရောက်နေလေပြီ...။
ဘေးပတ်ပတ်လည်ရဲ့ မြေပြင်အနေအထားကိုကြည့်ခြင်းအားဖြင့် ထိုနေရာက ဝဏ္နုဇေဒါပြည်နှင့် ယောစက္ကသီဓံပြည်တို့ကို နယ်မြေခြားထားသည့်သစ်တောပင်ဖြစ်လိမ့်မည်။
မှောင်ရီပျိုးစဖြစ်နေပြီမို့ နော်ခွန်းရွယ်အနေဖြင့် လမ်းမြန်မြန်ရှာတွေ့မှဖြစ်တော့မည်။
သူဘယ်လောက်ကြာအောင်များမြင်းကိုစီးလာမိတာပါလဲ....။
"နော်ခွန်းရွယ်...နော်ခွန်းရွယ်..စိတ်လွတ်ပြီး ထွက်ပြေးလာရတယ်လို့....ပျော့ညံ့လိုက်လေခြင်း။
အခုတော့ဖြင့် တောကြီးမျက်မည်းထဲမယ် ကလေးသူငယ်လို လမ်းပျောက်နေပါကောလား.."
မိမိကိုယ်ကိုလှောင်ရယ်ကာ နော်ခွန်းရွယ်တစ်ယောက် မြင်းကိုခပ်သော့သော့ပြန်နှင်လျက် လမ်းရှာခြင်းအမှုကို စလုပ်ရပါတော့သည်။
^^^^^^^^^^^^^^^^^^^^^^^^^^^^^
အိမ်တော်သို့ရောက်သည့်အချိန်တွင် အနည်းငယ်တောင်ညဉ့်နက်စပြုနေလေပြီ...။
အိမ်ဝန်းထဲဝင်ဝင်ခြင်း ပန်းခြံဖက်ကိုကြည့်မိတော့ တိတ်ဆိတ်နေသည်မှာ မည်သူမှရှိဟန်မပေါ်ပါချေ။
"ဗိုလ်မှူး...ပြန်လာပါပြီကော..။ အကျွန်မ ချိုးရေနဲ့ညစာ အဆင်သင့်ပြင်ထားလိုက်မယ်ပ.။"
အိမ်တော်ထိန်း၏စကားကို လက်ကာပြကာ ငြင်းဆန်ပြီးနောက် တစ်ယောက်သောသူ ဘယ်မှာလဲမေးရ၏။
"အသင်္ယာရော....ပုံမှန်ဆို သူဒီအချိန် ခြံထဲဆင်းနေကြဟုတ်စ.."
"အယ်... ဗိုလ်မှူးငယ်နဲ့မတွေ့ခဲ့ပါလော...။ နေစောင်းလောက်ကတော့ဖြင့် ဗိုလ်မှူးပြန်ရောက်နေစ လာကြည့်ပြီး ပြန်ထွက်သွားတာပါကော...။အခုဗိုလ်မှူးနဲ့အတူပြန်လာတယ် မှတ်နေတာကွယ်...။ ညဖက်ကြီး ဗိုလ်မှူးငယ်တစ်ယောက်ထဲ အန္တရာယ်များပါဘိနဲ့.."
အထိန်းတော်ကြီးခမျာ ခက်လွန်းအသင်္ယာ ငယ်စဉ်ထဲက ထိန်းကျောင်းလာသည်မို့ ရင်တမမဖြင့် စိတ်ပူနေရှာသည်။
နော်ခွန်းရွယ်လည်း ထိုနည်းလည်းကောင်းပင်...။
ထိုအချိန်ထိ နော်ခွန်းရွယ်မပါပါဘဲနဲ့ အဘယ်များခြေဆန့်နေရသတုန်း....။
မင်းဟာ အတော်ကို ဒုက္ခပေးပါကောလား အသင်္ယာရယ်..။
^^^^^^^^^^^^^^^^^^^^^^^^^^^^
[Host....အဲ့တာကြောင့် ဇွတ်မလာပါနဲ့ပြောတာ အခုလမ်းပျောက်ပြီး ဒီဂူမှာလာသောင်တင်နေပြီမလား....]
'ငါလည်းသိမလား ဒီခန္ဓာကိုယ်က ဒီအရွယ်အထိ စစ်တိုက်တာကလွဲလို့ ကျန်တာ မွေးကင်းစကလေးလိုအသုံးမကျဘူးဆိုတာ...မင်းသတိပေးရမှာမဟုတ်ဘူးလား...'
Kiရဲ့ တဗျစ်ဗျစ်တတောက်အသံကို ခက်လွန်းအသင်္ယာက ခပ်ချေချေပင်ပြန်ပြောသည်။
'မင်းလမ်းရှာပေးလေ အဲ့လိုပူညံပူညံလုပ်မဲ့အစား....'
[Host! ကျွန်တော်ပြောပါတယ် Missionနဲ့ပက်သက်တဲ့အကူအညီတွေကို mission percentအပေါ်မူတည်ပြီးမှပေးလို့ရမှာပါဆို အခုmission percentက 0ကနေတောင်မတက်သေးတာကို ကျွန်တော်ကဘယ်လိုလုပ်တတ်နိုင်မှာလဲ...]
Kiပြောချင်ရာပြောပြီး စိတ်တိုတိုဖြင့် လိုင်းပါoffပစ်လိုက်သည်..။
Hostက သူ့ကိုဆိုအပြစ်တင်ဖို့ပဲသိတာ..
တော်တော်တရားကျဖို့ကောင်းတယ်....
______________________
"ပြန်ပေးပါ...."
"မင်းလက်နဲ့သတ်ဖို့ လုပ်ခဲ့ပြီးမှလား....."
ဒူးထောက်ကာ ငိုယိုနေသည့်ကောင်ငယ်လေးအား မတ်တပ်ရပ်နေသည့်လူက ခပ်ထေ့ထေ့ပြန်ပြောသည်။
"သူမရှိရင် သူ့နေရာကိုအစားထိုးနိုင်တဲ့သူ ထပ်ပေါ်လာဦးမှာပဲ...ငါသူ့ကိုအစထဲက ရွေးချယ်ခိုင်းထားပြီးသား....သူကမင်းကိုရွေးခဲ့တယ်....မင်းကတော့....သူ့ကိုရွေးခဲ့လို့လား ကောင်လေးရဲ့..."
မတ်တပ်ရပ်နေသည့် လူပြောသည်ကို မချေပနိုင်သည့်ကောင်ငယ်လေးက သူ့ဘေးနားကလဲလျောင်းနေတဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။
"ခင်ဗျားရဲ့ မျက်ဝန်းတွေကိုပြန်ဖွင့်ကြည့်ပါဦး....
ကျွန်တော့်ကို မမြင်ချင်တော့ဘူးလားဟင်....
ခင်ဗျားရယ်....ကျွန်တော်ကလေ ဒီအရိုင်းအစိုင်းကောင်က ခင်ဗျားကိုသိပ်ချစ်ပါတယ်ဗျာ...
ချစ်တာမို့...အဆုံးရှုံးမခံနိုင်တာမို့ ပြန်လာခဲ့ပါ..
တစ်ယောက်ထဲမထားခဲ့ပါနဲ့....
ကျေးဇူးပြုပြီး ကျွန်တော့်ဆီပြန်လာခဲ့ပေးပါ..."
မကြားနိုင်မှန်းသိသိလျက်နှင့် ထိုအချိန်ကြခါမှ စကားတွေတဖွဖွဆိုနေသည့် ထိုကောင်ငယ်လေးသည် အချိန်တွေသိပ်ကိုနောက်ကျသွားခဲ့ပြီ..။
"အရှင်...ဒီလူကို ကျွန်တော့်ဆီပြန်ပေးပါ..
ကျွန်တော်က ဘာာမဆိုလုပ်ပေးမှာမို့ သူ့ကိုသာကျွန်တော့်ဆီပြန်ပေးပါ...ကျေးဇူးပြုပြီး....
သူ့ကို ကျွန်တော့်ဆီက မခေါ်သွားပါနဲ့..."
ငိုယိုကာ တောင်းဆိုနေသည့် ထိုကောင်လေးအား လျစ်လျူရှုလျက်ပင် ကောင်းကင်အရှင်မှာ နောက်နားမှ စစ်သူကြီးNoiiဆီ လျှောက်သွားလိုက်သည်။
"Satanကို မင်းဘယ်လိုလုပ်လိုက်ပြီလဲ...."
"အသူရာချောက်ထဲမှာ ထိန်းသိမ်းထားပါတယ်အရှင်...အပြင်ဖက်ကနေ ကျွန်တော့်အစွမ်းနဲ့ချိတ်ပိတ်စည်းချထားလိုက်ပါပြီ..."
"တော်တယ်...."
စစ်သူကြီးNoii၏ ခေါင်းပေါ်အားလက်တင်ကာ ချီးကျူးစကားဆိုပြီးနောက် နောက်ထပ်အမိန့်ကို ထပ်မိန့်သည်...။
"Noii....ဖျက်စီးလိုက်..."
ကောင်းကင်အရှင်၏ အမိန့်ကိုတသွေမတိမ်းလိုက်နာသည့် Noiiသည် လက်စွဲတော်ဓားအားထုတ်ကာ ဒူးထောက်နေသည့် ကောင်လေး၏လည်ပင်းတည့်တည့်ကို ချိန်သည်။
"ခဏရပ် Noii...."
ကောင်းကင်အရှင်၏ စကားနောက် ရပ်တန့်သွားသည့် Noii၏ ဓားသွားက ကောင်ငယ်လေး၏ လည်ပင်းထက်ထိလျက်သားရပ်တန့်သွားသည်။
"နှိုင်း ခတ် လင်း....မင်းနာမည်နော်
ကောင်လေး....မင်းနောင်တရလား....Zenကိုမရွေးချယ်ခဲ့တဲ့အတွက်..."
"မရဘူး....."
"Oh~~"
"ဘာလို့လဲဆိုတော့...ကျွန်တော်က Zenကိုကျော်ပြီး တခြားဘယ်အရာကိုမှ မရွေးချယ်ဖူးခဲ့လို့ပဲ...."
ကောင်ငယ်လေးက ဓားဖြင့်လည်ပင်းကိုအထောက်ခံထားရသည့်တိုင် မကြောက်မလန့်ပင်ပြန်ဖြေသည်။
"မလိမ်ချင်စမ်းပါနဲ့ ကောင်လေးရယ်...."
"ကျွန်တော်မလိမ်ဘူး.....အရှင်ကအသိဆုံးဖြစ်မှာပါ......."
"ကောင်းပြီ....မင်းကိုနောက်ထပ်အခွင့်အရေးပေးမယ်.....မင်းသူနဲ့ပက်သက်သမျှအကုန်လုံးဖျက်ဆီးမလား ဒါမှမဟုတ် မင်းဝိဉာဉ်ကိုစတေးပြီး သူ့ကိုပြန်ခေါ်မလား...."
"သူ့ကိုပြန်ရမှာလား....."
"အင်း...သူအသက်ပြန်ရှင်နိုင်လိမ့်မယ်...."
ကောင်းကင်အရှင်၏ စကားကိုဦးစွာခွန်းတုံ့မပြန်ပါပဲနဲ့ ပွေ့ဖက်ထားဆဲ ချစ်ရသူ၏ ခန္ဓာကိုယ်အား ခပ်ဖွဖွထိတွေ့သည်။
နောက်ဆုံးအနေဖြင့် နဖူးထက် အသာနမ်းရှိုက်ကာ ခပ်ပြုံးပြုံးဆိုသည်။
"ခင်ဗျားရယ်...ကျွန်တော်ကလေ သိပ်ဆိုးတာဗျ....
ခင်ဗျားကိုတော့ မထားခဲ့ဖို့ပြောပြီး ကျွန်တော်ကိုယ်တိုင်ကတော့ ခင်ဗျားကိုထားခဲ့ရတော့မယ်.....
အခွင့်အရေးရှိခဲ့ရင်လေ.....ခင်ဗျားကိုပိုင်ဆိုင်ရတဲ့ တစ်ဦးတည်းသောလူသာဖြစ်ချင်ပါရဲ့..
ချစ်တယ်....သိပ်ချစ်တာမို့
ကျွန်တော့်ကိုခွင့်မလွှတ်လိုက်ပါနဲ့..."
"Zenကိုပြန်ခေါ်ဖို့အတွက် ကျွန်တော့်ဝိဉာဉ်ကို စတေးဖို့ဆန္ဒရှိပါတယ် အရှင်.....
ဒီအဖိုးမတန်တဲ့ အသက်ကိုယူပြီးZenကိုသာအသက်ဆက်ခွင့်ပြုပေးပါ....."
ကောင်ငယ်လေး၏ စကားအဆုံးတွင် ကောင်းကင်အရှင်က Noiiအားအမိန့်ပေးကာ နှိုင်းခတ်လင်း၏အသက်ကိုယူစေသည်။
ဦးတည်ချက်ပြောင်းသွားတဲ့ Noiiရဲ့ဓားသွားက နှိုင်းခတ်လင်း၏ နှလုံးသားတည့်တည့်ကိုဦးတည်ကာစိုက်ဝင်သည်။
အသက်ဝိဉာဉ်တည်ရာနေရာဖြစ်သည်မို့ ချက်ချင်းပင် အသက်ဓာတ်ချုပ်ငြိမ်းသွားရသော ခန္ဓာကိုယ်သည် ချစ်ရသူ၏နံဘေးတွင် လဲလျောင်းသည်။
ပြာလဲ့လဲ့ ဝိဉာဉ်ဓာတ်လုံးလေးက ကောင်းကင်အရှင်လက်ထဲရောက်လုဆဲဆဲတွင် အပြာရောင်မီးတောက် အကာအကွယ်တစ်ခုက အလိုအလျောက်ပေါ်လာကာ နေရာတစ်ခုလုံးကို အပြာရောင်စွမ်းအင်ဖြင့်လွှမ်းခြုံလိုက်သည်။
"အဟက်....Zenက....အစထဲကမသေခဲ့ဘူးပဲ.."
"အရှင်....ဒါက..."
"Noii ဒီစွမ်းအားတွေကို မန္တန်တစ်ခုနဲ့ချိတ်ပိတ်ရအောင်....ပြီးရင် ကောင်လေးရဲ့ အသက်ဓာတ်ကို အဲ့မန္တန်ထဲထည့်လိုက်...အချိန်တစ်ခုရောက်ရင် သူ့အလိုလိုပြေသွားလိမ့်မယ်...."
"အမိန့်အတိုင်းပါအရှင်...."
သို့နှင့်.....ဆုံးဖြတ်ချက်တစ်ခုသည်
ထိုအရာအားလုံး၏အစပြုရာဖြစ်လာခဲ့လေသည်။
____________________________
လည်ကုန်ကြပြီလား😂
ဖြည်းဖြည်းချင်းဖတ်ကြနော် မူလဘဝကိုအခုဘဝကစပြီး နည်းနည်းချင်းပြန်ဖော်တော့မှာမို့လို့ မရောအောင်ဖတ်ကြပါလို့....
မြှုပ်ကွက်တွေရှိသေးတာမို့ ကလေးငယ်ကိုလည်းအမြင်တွေမစောင်းကြပါနဲ့လို့...
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ❣️❣️
________________________________