Unicode ‼️
ကားလေးကတော့ လမ်းမကြီးထက်မှာ ခပ်မှန်မှန်အရှိန်ဖြင့် လိုရာခရီးဆီသို့ သွားလျက်။
ကျွန်တော်ကတော့ သဘောကျ နှစ်သက်ခဲ့တဲ့ ကားစီးရတဲ့ အရသာလေးကိုလဲ ပြန်ခံစားရပြီမို့ ပျော်လာသလိုလို။
အစ်ကိုဂျောင်ကုက ကားတံခါးပေါက်ကို ဖွင့်ပေးထားသည်မို့ အတင်းတိုးဝှေ့လာတဲ့ လေပြေလေးတွေကလဲ နှစ်သက်ဖွယ်။
လမ်းမကြီးကနေ လမ်းသွယ်လေးကို ချိုးကွေ့ဝင်သွားချိန်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေက ပိုပြင်းထန်လာတယ်။
ဒီလမ်းလေး ...
မမေ့နိုင်စရာ နေရာလေး ။
သေချာတာပေါ့ ဒါ ကျွန်တော့်သခင်အိမ်ရှိရာကို
သွားနေတဲ့လမ်းဆိုတာ။
နောက်ဆုံးမှာတော့ ခြံဝန်းအကျယ်ကြီးရှိရာ တိုက်အိမ်လှလှလေးရှေ့သို့ ကားကို ထိုးရပ်လိုက်ပြီမို့ ထိုစံအိမ်လေးကိုသာ ကျွန်တော် မမှိတ်မသုန်ကြည့်နေခဲ့မိတော့တယ်။
မျက်ရည်တောင် ကျချင်လာမိတယ်။
နောက်ဆုံးမှာတော့ ....
ကျွန်တော် အိမ်ပြန်လာပြီလေ သခင်။
******
အစ်ကိုဂျောင်ကုက ကျွန်တော့်ကို ကားထဲကနေ ပွေ့ချီယူပြီးနောက် ခြံတံခါးကိုဖွင့်ကာ အထဲသို့ဝင်ရန် လုပ်ခဲ့ပေမဲ့ ခြံထဲသို့အစ်ကိုက ခြေချလိုက်တာနဲ့ တပြိုင်နက် သူ့လက်ပေါ်မှ ခုန်ဆင်းကာ ခြံကြီးထဲမှာ တစ်ကိုယ်ထဲ ပြေးလွှားနေမိတော့တယ်။
ပျော်လိုက်တာဗျာ ....။
ဒီလို လွတ်လပ်ခြင်းအရသာလေး မခံစားရတာ ကြာခဲ့ပြီ။
ဒီခြံကြီးထဲမှာ ကျွန်တော့်ခြေရာတွေတောင် ထင်ကျန်နေသေးသလိုပါပဲ။ ကျွန်တော့်အနံ့အသက်လေးတွေလဲ ရှိသေးတယ်။
ထိုရနံ့တွေ မရတော့ဘူးလို့ ထင်ခဲ့တာ
တကယ်ပါဗျာ .... တကယ် တကယ်
အရမ်း ပျော်တယ်။
ဒါနဲ့...
သခင်... သခင်ရော ...
သခင် ဘယ်မှာလဲဟင် အစ်ကိုဂျောင်ကု ။
ပန်းခြုံပုတ်လေးဘေးမှာ ထိုင်လျက်သားဖြင့် ကျွန်တော့်ကို ပြန်ပြီးပွေ့ချီရန် ကြိုးစားနေတဲ့ အစ်ကို ဂျောင်ကုကို ထိုစကားအား မေးချင်ခဲ့တာပါ။
ထိုအခိုက်
"ပြန်ရောက်နေပြီလား မောင်
ဒီနေ့ စောသားပဲ"
ဘုရားရေ....
ဒီအသံလေးက ...
ကျွန်တော် လွမ်းနေခဲ့ရတဲ့ အသံသြသြလေး။
ဘဝအဆက်ဆက် သတိရနေမိတဲ့
တစ်ဦးတည်းသောသူ ။
အစ်ကို ဂျောင်ကုရဲ့ အနောက်ကနေ ထွက်လာတဲ့ ထိုအသံပိုင်ရှင်လေးက ကျွန်တော် အတွေ့ချင်ဆုံးသော သူပါတဲ့လေ။
ဒါပေမဲ့
သခင့်ကို နောက်ကျောပေးထားသလို ဖြစ်နေတဲ့ အစ်ကိုဂျောင်ကုရဲ့ ရင်ခွင်နားမှာ ကျွန်တော်က ရောက်နေတာမို့ ကျွန်တော့်ကို ကွယ်ထားသလိုဖြစ်ပြီး သခင်က ကျွန်တော့်အား မြင်ဟန်မတူ။
ဒါ့ကြောင့်လဲ ကျွန်တော့်အား ပွေ့ဖို့ထပ်မံကြိုးစားနေတဲ့ အစ်ကို ဂျောင်ကု လက်ထဲက ရုန်းထွက်ကာ ကျွန်တော့်ရဲ့ မြတ်နိုးရာလေး ရှိရာထံသို့ အပြေးသွားပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ဝုန်းကနဲ ခုန်တက်နိုင်ဖို့ ကြိုးစားလိုက်တော့ သူလေးက မျက်လုံးအဝိုင်းသားနဲ့ လန့်သွားဟန်တူပါ၏။
မတ်တပ်ရပ်နေတာမို့ သခင့်မျက်နှာလေးအား အနီးကပ်ဖူးမျှော်နိုင်ဖို့ကတော့ ဘယ်လိုမှ မမှီ။
အားမတန်လေတော့ မာန်လျှော့ပြီးပဲ သခင့်ခြေရင်းမှာ ဝပ်ဆင်းကာ ခြေထောက်နုနုလေးအားပဲ အမြတ်တနိုး ပွတ်သပ်ကျီစယ်ရင်း လျှာဖျားလေးနဲ့
ခပ်ဖွဖွယက်လို့ နေမိတော့တယ်။
ဒီလို ပြန်ဆုံနိုင်မဲ့နေ့ကို တောင်းတနေခဲ့တာပါ။
တန်နီး ... သိပ်လွမ်းနေခဲ့တာပါ သခင် ။
"မောင်... ဒါ .. ဒါ ... လေးက ဘယ်လိုလုပ်ပြီး"
အစ်ကို ဂျောင်ကု ကို တစ်အံ့တသြမေးနေတဲ့ သခင် ... စကားတွေတောင် ထစ်လို့ ။
"အိမ်ထောင်သက် ၁ နှစ်ပြည့်မို့ အချစ် အတွက်
မောင့်ရဲ့ လက်ဆောင်လေးပါ
ကြိုက်တယ်မလားဟင်"
ဘာစကားမှ ခွန်းတုံ့ပြန်မလာလေသည်မို့ ဒူးတစ်ဖက်ထောက် ထိုင်နေပြီဖြစ်တဲ့ သခင့်ကို မော့ကြည့်လိုက်တော့ မျက်လုံးထဲမှာ မျက်ရည်စလေးတွေ ဝဲလို့နေပါလား။
"ငါ ... ငါ ... နောက်ထပ် Puppy လေး မွေးဖို့
ဖြစ်ပါမလား မသိတော့ဘူး ...
ငါက ငါ့ကလေးလေး တန်နီးကိုတောင်
သေချာ ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိခဲ့တာ ...
ငါ့ကိုယ်ကိုယ်ကို ယုံကြည်မှု မရှိတော့ပါဘူးကွာ"
သခင်ရယ် ....။
သခင့်စိတ်ထဲမှာ ကျွန်တော်နဲ့ ပက်သက်ပြီး
အဲလိုတွေ ခံစားနေခဲ့တာလား။
သခင့်အပြစ်မှ မဟုတ်တာပဲ မငိုပါနဲ့ သခင်ရယ်။
ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သခင့်ကို ကူညီပေးနိုင်ခဲ့လို့ ကျေနပ်နေသူပါ။
သခင့်အတွက် ကျွန်တော့်အသက် ပေးရတာ တန်ပါတယ်။
အခုတော့ ပါးပြင်တလျှောက် မျက်ရည်စလေးတွေ ကျနေတဲ့ သခင့်ကို ငုတ်တုတ်ထိုင်ကြည့်နေတာကလွဲလို့ ကျွန်တော် ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။
"မငိုပါနဲ့ အချစ်ရာ
တန်နီးနဲ့အတူ ဟိုတုန်းကလို ပျော်နေခဲ့တဲ့ အချစ်ရဲ့ပုံရိပ်လေးတွေကို မောင်က ပြန်မြင်ချင်မိတာနဲ့ပဲ ဒီPuppy လေးကို ဝယ်လာခဲ့မိတာ
အခုတော့... အတိတ်ကို ပြန်ဆွသလိုဖြစ်ပြီး
မောင်မှားသွားပြီ ထင်ပါတယ်"
တခဏတော့ တိတ်ဆိတ်သွားတဲ့ စကားသံတွေ။
"ဒါပေမဲ့လေ သိလား
ဒီခွေးလေးကလဲလေ ဆိုင်ရှင်က ပြောလိုက်တာ
အရင်တုန်းက လာဝယ်တဲ့လူမှန်သမျှကို ကိုက်လွှတ်တာတဲ့ ... "
"အခု မောင့်ကို ကျမှလေ ဆိုင်ထဲရောက်ယုံရှိသေး သူက ခွေးအိမ်ထဲက ချက်ချင်းပြေးထွက်လာပြီး
မောင့်ကို အတင်းပွတ်သီးပွတ်သပ်နဲ့ တရင်းတနှီး
သူ့လျှာလေးတွေနဲ့ပါ လာယက်တော့တာ"
"ဟုတ်လား မောင်"
ဟော စိတ်ဝင်စားသွားပုံရတဲ့ သခင်က မျက်ရည်စလေးတွေ သုတ်ရင်း ကျွန်တော့်ကို သေချာကြည့်လာတယ်။
ကျွန်တော် တန်နီးလေ သခင် ...
သခင့်ရဲ့ တန်နီးပါဗျ ။
"ဝု... ဝု" နဲ့ အသံလေးထွက်ကာ သခင့်အား နှုတ်ဆက်စကား ပြောမိနေပေမဲ့လဲ သခင်က သိဟန်မတူပါဘူး။ ခပ်စိမ်းစိမ်းသာ ကြည့်နေစဲပဲ။ သခင့်မျက်လုံးထဲမှာ အရင်ကလို အချစ်တွေ မတွေ့ဘူး သခင်။
"ဒါနဲ့ ထူးဆန်းတာ ဆက်ပြောရဦးမယ် သိလား ချစ်ရဲ့ ... ဒီကောင်လေးက ခြံထဲလဲ ရောက်ရော အရမ်းတွေ ပျော်နေတော့တာ သူ့အိမ်သူ့ယာရောက်နေတဲ့အတိုင်းပဲ ၊ ဟော... ချစ် ကိုလဲ မြင်ရော အတင်းပြေးပြီး နှုတ်ဆက်ပွတ်သပ်တော့တာပဲ... အမြှီးလေးတွေကလဲ လှုပ်ယမ်းနေတော့တာ ချစ်မြင်တယ်မလား"
"အင်းနော်... မောင်
ထူးဆန်းတယ် တကယ်"
ဟယ် သခင်လဲ အစ်ကိုဂျောင်ကု ပြောတာကို လက်ခံနေပြီ။
ကျွန်တော်ပါ သခင်ရယ်
တန်နီးပါလို့ဆို ။
"ဝုတ်... ဝုတ်"
ဟောင်ပြနေရတာတောင် မောပြီး ရေဆာလာပြီ
သခင်က ခုထိ မမှတ်မိသေးဘူး။ သခင် သိသွားအောင် ကျွန်တော် ဘယ်လိုလုပ်ရပါ့ ။
"အာ့ကြောင့် မောင်ပြောချင်တာကလေ
ဒီကောင်လေးကလဲ မောင်တို့နဲ့ ရေစက်ပါလို့နေမှာ
အဲဒီတော့ သူ့ကို တန်နီးလေး အစား မွေးကြည့်ကြရအောင်လေနော် ...
ချစ် လုပ်နိုင်မှာပါ .. မောင်ယုံတယ်"
ကျွန်တော်က တန်နီးပဲဟာကို ၊ တန်နီးအစားမှ မဟုတ်တာ အစ်ကို ဂျောင်ကုကလဲ ။
ဘာပဲဖြစ်ဖြစ်ပါလေ အခု သခင်က ပြုံးပြီး ခေါင်းလေးငြိမ့်ပြနေပြီဆိုတော့ နည်းနည်းတော့ စိတ်သက်သာရာ ရသွားပါပြီ ။ သခင်မှတ်မိလာအောင် ကျွန်တော်ကြိုးစားမှာပါ။
"အဲ့ဒါတွေကြောင့် ဟောဒီက မောင့်ရဲ့ အချစ်ကလေးကို ပိုပိုပြီး ချစ်နေရတာ"
ဟော ... ရုတ်တရက် သခင့်ကို ပွေ့ဖက်လိုက်တဲ့ အစ်ကို ဂျောင်ကု ။
နှစ်ယောက်သား ပြုံးပြီး အကြည့်ချင်းလဲ ဆုံနေကြပြန်တယ်။
ကြည့်ရတာ အရင်ကလို တယောက်နဲ့ တယောက် မျက်နှာတွေယက်ကြတော့မလို့ ထင်တယ်။
အာ့ဆိုရင်လဲ လုပ်ပါ ... မြန်မြန်။
တန်နီး ကြည့်နေပါတယ်လို့ ။
ခြံဝန်းကျယ်ကြီးထဲရှိ ပန်းပင်လေးတွေဘေး မြေကွက်လပ်တစ်နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီး ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်းလေးဖြင့် ကြည့်နေကြတဲ့ စုံတွဲလေးနဲ့ သူတို့အား ငေးနေတဲ့ Puppy ပေါက်စလေးတစ်ကောင် ရှိခဲ့လေတယ်။
ချစ်မေတ္တာတွေဟာ အဲ့သလိုပဲ သိပ်လှပပါတယ်။
******
ကျွန်တော် ဒီအိမ်ကြီးမှာ ရောက်တာ အချိန်ကာလတစ်ခုတော့ ကြာမြင့်ခဲ့လေပြီ။
ဒါပေမဲ့ သခင်နဲ့ ဆက်ဆံရေးကတော့
ထူးခြားတဲ့အဆင့်ကို မရောက်သေးဘူး ၊ ပုံမှန်ပဲ ။
သခင်က ကျွန်တော့်ကို သာမန်ခွေးလေးတစ်ကောင်လိုပဲ ဂရုစိုက်ပေးတယ်။ နောက်ပြီး ဘိုဒီး လို့ပဲ ခေါ်တယ်။ တန်နီး ဆိုတဲ့ သခင့်အချစ်တော် ခွေးလေးလိုမျိုးတော့ ကျွန်တော့်အပေါ် မချစ်ပြခဲ့သေးဘူး။
အင်းပေါ့လေ ။ သခင်မှ ကျွန်တော့်ကို မသိတာ။
သခင်သိအောင် ကျွန်တော် ဘာလုပ်ပြရမလဲ။
ဟုတ်ပြီ ...။
အခု ခြံထဲမှာ သခင်နဲ့ နှစ်ယောက်သားရှိနေတဲ့ အချိန်ဆိုတော့ ကွက်တိပဲ ။
ဟိုတလောက စတိုခန်းထဲမှာ တန်နီးဘဝတုန်းက ကျွန်တော်ဆော့နေကျ ဘောလုံးလေးတွေ နဲ့ ကျွန်တော်ဝတ်တဲ့ အဝတ်လေးတွေကို သိမ်းထားတာတွေ့မိတယ်။
သာမန်ဆို ရှာတွေ့ဖို့မလွယ်ပေမဲ့ ဒီအိမ်ထဲမှာ တချက်တချက် ရတတ်တဲ့ တန်နီးဘဝတုန်းက ကျွန်တော့အနံ့လေးကို ပြန်ပြီး အာရုံခံရင်းနဲ့ လိုက်ရှာမိရာကနေ အခုလို တွေ့ခဲ့တာ။
စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော် ချက်ချင်း စတိုခန်းဆီ ပြန်ပြေးဝင်မိတယ်။
သခင်ကတော့ ရုတ်တရက် အိမ်ထဲ ပြေးဝင်သွားတဲ့ ကျွန်တော့်ကို တချက်တော့ လှမ်းကြည့်လိုက်တယ် ထင်ပါတယ်။
ဟော... တန်နီးရဲ့ အကျီလေးကို ပါးစပ်နဲ့ကိုက်ပြီးသယ်လာတဲ့ ကျွန်တော့်ကို သခင် မြင်ချိန်မှာတော့ မျက်လုံးလေး အဝိုင်းသားနဲ့ ။
"ဘိုဒီး... မင်း ... မင်း ဒါတွေ ဘယ်ကနေ ဘယ်လို ရှာတွေ့လာတာလဲ"
ကြည့်.. သခင်အံ့သြသွားပါပြီဆို ။
အိမ်ထဲပြန်ပြေးဝင်ပြီး နောက်ထပ် ပိန်ရှံ့နေတဲ့ ဘောလုံးလေးကို ကိုက်ကာ ကျွန်တော် သယ်လာပြန်တော့ သခင်က ထူးဆန်းစွာ ကြည့်နေစဲ ။
ထိုဘောလုံးလေးကို တန်နီးဘဝတုန်းကလို လက်လေးနဲ့ ဘယ်ပြန်ညာပြန်
ပုတ်ပြီး ဆော့ပြတော့ သခင်ဟာ မယုံကြည်နိုင်တဲ့ အသွင်ကို ပြောင်းသွားတယ်။
အဲ့လို ဘောလုံးလေးကို ဟိုဘက်ဒီဘက်ပုတ်ပုတ်ပြီးသခင်ရှိရာဆီ သယ်သွားတိုင်း ဆော့နေကျကစားနည်းဆိုတာ သခင်နဲ့ ကျွန်တော် နှစ်ယောက်ထဲ သိတဲ့အရာလေ။
"မင်း... မင်း ဟာ တန်နီးလေးလား"
ရုတ်တရက် ရှော့ရသွားတဲ့ ပုံစံလေးနဲ့ မေးလာလေတဲ့သခင်။
သခင်ဆီက ဒီစကားကို ကြားရဖို့ ကျွန်တော် ဘယ်လောက်တောင် မျှော်လင့်ခဲ့လဲဆိုတာ
သခင် မသိပါဘူး။
"ဝုတ်... ဝုတ်"
ဟုတ်ပါတယ် ကျွန်တော်ဟာ တန်နီးလေးပါလို့ သခင့်မျက်နှာလေးအား ကြည့်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ဖြေလိုက်တော့ ပြိုတော့မဲ့ မိုးလို မျက်နှာလေးနဲ့ သခင်ဟာ ညှိုးငယ်နေစဲ။
နောက်တော့ သခင်ဟာ ဘာကို သတိရသွားလေတယ် မသိ ။ အိမ်ထဲကို ပြေးဝင်သွားတယ်။
ကျွန်တော်လဲ ရုတ်တရက် နားမလည်ဖြစ်သွားတော့ ထိုနေရာမှာပဲ ကြောင်ပြီး ရပ်နေမိတယ်။ ပြီးမှ နောက်က ပြေးလိုက်မိတော့ ကျွန်တော် အိမ်ပေါက်ဝရောက်ချိန်မှာပဲ အိမ်ထဲကနေ သခင့်ရဲ့ အသံလေး ထွက်လာတယ်။
"တန်................"
ဆိုပြီး အသံရှည်စွဲရင်း အချက်ပေးလိုက်တဲ့အသံလေး။
ဒီအသံလေးက ဟိုတုန်းက သခင်နဲ့ ကျွန်တော် တူတူပုန်းတမ်းဆော့တိုင်း ကျွန်တော့်ကို လှမ်းခေါ်တဲ့ သခင့်အသံလေး။
အခု ဒီဟာ သခင်က ကျွန်တော့်ကို တန်နီး ဟုတ်မဟုတ် စမ်းသပ်နေတာလား။
သခင်က ကျွန်တော့်ကို တကယ်ပဲ မှတ်မိလာတော့မှာလားဟင် ။
ပျော်ရွှင်သွားတာ တကယ့်ကိုပါ။
ဒါ့ကြောင့် ကျွန်တော်ဟာ တန်နီးဖြစ်ကြောင်းပြသဖို့ သခင့်အခန်းအတွင်းသို့ ဝင်ပြီး ပုန်းနေတဲ့ သခင့်အား လိုက်ရှာမိပါတော့တယ်။
ဟော... တွေ့ပါပြီ .. အဝတ်ဗီဒိုဘေး
ပုန်းနေတဲ့သခင့်ကို ။
ဒါပေမဲ့ တန်နီးအကျင့်အတိုင်းသာဆို သခင့်ကို မြင်နေပါရက် မမြင်ချင်ယောင်ဆောင်ပြရမှာလေ။
ကျွန်တော် လုပ်နိုင်ပါတယ်။
ကဲ... သခင့်ရှိရာနေရာကို တချက်ကြည့်ပြီးမှ တမင်ရှောင်ထွက်သွားလိုက်တော့ ဒါဟာ သခင်သဘောကျတဲ့ တန်နီးလေးရဲ့ စတိုင်ပေါ့ ။
ကုတင်အောက် ၊ စားပွဲဘေး ၊ ပြတင်းပေါက်နား အစရှိသဖြင့် လျှောက်သွားပြလိုက်တယ်။ သေချာပါတယ် သခင်ကျွန်တော့်ကို လိုက်ကြည့်နေတယ်ဆိုတာ။ ဟိုတုန်းကလိုသာဆို မမြင်ချင်ယောင်ဆောင်ပြနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး အဲ့အချိန် သခင်က တခွိခွိနဲ့ ရယ်နေခဲ့မှာ။
အခုတော့ တအိအိ ငိုရှိုက်သံလေးနဲ့အတူ ဗီဒိုဘေးမှ ဝုန်းကနဲ ပြေးထွက်လာတဲ့ ကျွန်တော့် သခင်။
ကျွန်တော့် ခါးလယ်လောက်ကို သိုင်းဖက်ပွေ့ပြီး သူ့ရင်ခွင်ထဲ ထည့်ထားတယ်။
သခင့်နှုတ်တော်ပါးမှလဲ
"တန်နီး... တန်နီး... ကိုကို့ ကလေးလေး" တဲ့ ။
ငိုသံလေးနဲ့ ရေရွတ်နေလေတဲ့သခင်။
သခင့်မျက်ရည်တွေက ကျွန်တော့်ကိုယ်ပေါ်သို့ ပေါက်ကနဲ ကျလာသည်အထိ။
သခင်ရယ် ....။
ကျွန်တော့်ကို အခုတော့ သခင် သိသွားပြီပေါ့နော်။
သေချာပါတယ်
နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း ခံစားပြီး ကျလာတဲ့ မျက်ရည်တစ်စက်ကလဲ ကျွန်တော့်မျက်ဝန်းအိမ်ထဲမှ ကြွေဆင်းသွားခဲ့တယ် ဆိုတာ။
********
အခုဆိုရင်တော့ သခင်က ကျွန်တော့်ကို တန်နီး လို့ပဲ ခေါ်တော့တယ်။
နောက်ပြီး ချစ်ရည်ရွှန်းလဲ့တဲ့ မျက်ဝန်းလေးနဲ့လဲ
ကြည့်တယ်။
အချစ်ဆိုတာကို ကျွန်တော် ပြန်ခံစားခွင့် ရခဲ့ပါပြီ ။
ပြီးတော့ ကျွန်တော် သတိရနေမိတဲ့ အစ်ကိုဟိုဆော့ ၊ အစ်ကို ဂျီမင်း၊ အစ်ကိုယွန်းဂီ တို့နဲ့လဲ ပြန်တွေ့ဖြစ်ခဲ့ပြီ ။
နိုင်ငံခြားမှာ ရောက်နေတဲ့ အစ်ကို ယွန်းဂီ နဲ့ကတော့ ဖုန်းထဲကနေပဲ Video Call ခေါ်ခဲ့ကြပြီး အစ်ကို့ချစ်သူ Chim Chim ဆိုတဲ့ လူကိုလဲ မြင်ခဲ့ရတယ်။ အဲ့တစ်ယောက်က အစ်ကို ဂျီမင်းနဲ့ ရုပ်ချင်းနည်းနည်းဆင်သလိုပဲ။ ဒါပေမဲ့ အစ်ကို ဂျီမင်းလောက်တော့ ချစ်စရာ မကောင်းမှာ သေချာပါတယ်။
အိမ်ကို လာလည်တဲ့ အစ်ကို ဟိုဆော့နဲ့ အစ်ကိုဂျီမင်းတို့ကို သခင်က ကျွန်တော့်အကြောင်းစုံ စီကာပတ်ကုံး ပြောပြတော့ သူတို့ အလွန်အမင်း
အံ့သြသွားကြသေးတယ်။
ဒါပေမဲ့ ကျွန်တော်က သူတို့နဲ့ပဲ ချစ်ကျွမ်းဝင်စွာ တရင်းတနှီးနေပြပြီး အစ်ကိုဟိုဆော့ရဲ့ ရည်းစား ဂျင် ဆိုတဲ့ ခပ်ချောချော အကိုကိုတော့ အနားကပ်မခံဘဲ နေပြခဲ့သလို
အစ်ကိုဂျီမင်းရဲ့ ခင်ပွန်းဖြစ်တဲ့ နမ်ဂျွန်းဆိုတဲ့ အရပ်ရှည်ရှည်နဲ့ ခန့်ခန့်ချောချောအကိုကြီး ကိုတော့ ကိုက်ချင်ယောင် ဆောင်ပြခဲ့ပါတယ်။
သဘောက ကျွန်တော်က ဟိုတုန်းကထဲက ချစ်ခဲ့ရတဲ့ အစ်ကို တို့ကိုသာ အမှတ်ရနေခဲ့တယ်ဆိုတာ ပြချင်တာပါ။
အဲ့လိုပြုမူခဲ့လို့လဲ ကျွန်တော်က တန်နီးဆိုတာကို သူတို့ ယုံသွားခဲ့တယ်လေ။
အဲ့ကထဲကစပြီး အစ်ကို ဂျီမင်းက ကျွန်တော့်ကို "မဲလုံး မဲလုံး" နဲ့ ပြန်ခေါ်ပြီး ထိုနာမည်ကိုပဲ ပါးစပ်ဖျားက မချတော့တာပါ။
တစ်စုံတစ်ယောက်များ အဲ့စကားကို ကြားမိသွားရင် အခုဘဝမှာ ဖြူစွတ်နေတဲ့ ကျွန်တော့်ရုပ်လေးကို မဲလုံးဆိုပြီး ခေါ်နေတဲ့ အစ်ကိုဂျီမင်းက ပုံမှန်စိတ်ရော ဟုတ်ရဲ့လား ဆိုပြီး အတွေးရောက်သွားစေတာမို့ အစ်ကို့အတွက် ကျွန်တော်တော့ ရင်လေးမိပါတယ်။
ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မဲလုံး ဆိုတဲ့ နာမည်လေးကိုပဲ ကျွန်တော်က ခုံမင်နေတုန်းပါ။
ဘာလို့လဲဆိုတော့ ကျွန်တော်ခန္ဓာကသာ အရောင်ပြောင်းလဲချင်ပြောင်းလဲသွားမယ်၊ ကျွန်တော်ရဲ့ စိတ်နှလုံးသားကတော့ တန်နီးဆိုတဲ့ မဲလုံးကောင်လေးဖြစ်နေသေးလို့ပါပဲ ။
*******
အခုဘဝမှာတော့ ကျွန်တော်ဟာ သီချင်းရေးဆရာဖြစ်တဲ့ အစ်ကိုဂျွန်ဂျောင်ကု ရဲ့ အားလပ်ချိန်တိုင်းမှာ အဖော်ပြုပေးနေကျ ခွေးလေး ဖြစ်ခွင့်ရခဲ့သလို
ပန်းဆိုင်လေး ဖွင့်ထားတဲ့ သခင်ကင်ထယ်ယောင်းရဲ့ အနားမှာ အမြဲစောင့်ရှောက်ရင်း ရှိနေပေးမဲ့ ကလေးလေး ဖြစ်နေခဲ့ပါပြီ။
သခင်တို့စုံတွဲရဲ့ မေတ္တာဂေဟာအိမ်လေးအတွင်းမှာ ကျွန်တော်ဟာ သက်တမ်းကုန်ဆုံးချိန်ထိ အမြဲရှိနေပေးတော့မှာပါ။
မနက်နေထွက်ပြီး
ညလသာချိန်ထိ ကျွန်တော်တို့ အတူတူရှိမယ်။
နွေမိုးဆောင်း ရာသီတွေအလီလီကူးပြောင်းသွားလဲ
ကျွန်တော်တို့ အတူတူ ကျော်ဖြတ်ကြမယ်။
အမြဲတမ်း အပြုံးတွေဝေအောင်လဲ
ကျွန်တော် ဖန်တီးပေးပါ့မယ်။
ဒါ့ကြောင့်
"ကျွန်တော်အတွက် ရှင်သန်ခြင်း
အဓိပ္ပာယ်ဆိုတာကတော့
သခင်တို့ကို ချစ်နေရခြင်းပါပဲ ...."
THE END
လူသား နဲ့ တိရစ္ဆာန်လေးတွေကြားမှာ တစ်ဦးနဲ့တစ်ဦး ချည်နှောင်ထားတဲ့ ကြိုးလေးတွေ ၊ အပြန်အလှန်ဆက်နွယ်မှုလေးတွေ ၊ အချင်းချင်းကြားနားလည်မှုလေးတွေဟာ အမှန်တကယ် ရှိကြပါတယ်။
တိရစ္ဆာန်လေးတွေဟာလဲ နှလုံးသားနဲ့ အသက်ရှင်နေရသူမို့ ၊ နှလုံးသားရှိတဲ့သူမို့ စွဲလမ်းစိတ်ဆိုတာ ရှိမှာပါ။
ဒါ့ကြောင့် လူသားနဲ့ တိရစ္ဆာန်လေးတွေကြားက
ချစ်ခြင်းကို "Tannie" ဆိုတဲ့ ဇာတ်လမ်းလေးဖြင့်
အခုလိုပဲ ပုံဖော်ရေးသားလိုက်ရပါတယ်။
လူသားအားလုံး မေတ္တာတရားရဲ့ စွမ်းပကားကို ပိုနားလည်ကာ အင်အားနည်းတဲ့ သက်ရှိတိရစ္ဆာန်လေးတွေအပေါ်မှာ ပိုပြီး မေတ္တာဂရုဏာထား၍ ချစ်နိုင်ကြပါစေလို့ ရည်ရွယ်လျက်ဖြင့် ။
By Cuttiehsumindooly
Start Date - 6.5.2021
End Date - 20.5.2021
💛💛💛
Zawgyi ‼️
ကားေလးကေတာ့ လမ္းမႀကီးထက္မွာ ခပ္မွန္မွန္အရိွန္ျဖင့္ လိုရာခရီးဆီသို႔ သြားလ်က္။
ကြၽန္ေတာ္ကေတာ့ သေဘာက် ႏွစ္သက္ခဲ့တဲ့ ကားစီးရတဲ့ အရသာေလးကိုလဲ ျပန္ခံစားရၿပီမို႔ ေပ်ာ္လာသလိုလို။
အစ္ကိုေဂ်ာင္ကုက ကားတံခါးေပါက္ကို ဖြင့္ေပးထားသည္မို႔ အတင္းတိုးေဝ႔ွလာတဲ့ ေလေျပေလးေတြကလဲ ႏွစ္သက္ဖြယ္။
လမ္းမႀကီးကေန လမ္းသြယ္ေလးကို ခ်ိဳးေကြ့ဝင္သြားခ်ိန္မွာေတာ့ ရင္ခုန္စိတ္လႈပ္ရွားျခင္းေတြက ပိုျပင္းထန္လာတယ္။
ဒီလမ္းေလး ...
မေမ့ႏိုင္စရာ ေနရာေလး ။
ေသခ်ာတာေပါ့ ဒါ ကြၽန္ေတာ့္သခင္အိမ္ရိွရာကို
သြားေနတဲ့လမ္းဆိုတာ။
ေနာက္ဆံုးမွာေတာ့ ၿခံဝန္းအက်ယ္ႀကီးရိွရာ တိုက္အိမ္လွလွေလးေရ႔ွသို႔ ကားကို ထိုးရပ္လိုက္ၿပီမို႔
ထိုစံအိမ္ေလးကိုသာ ကြၽန္ေတာ္ မမိွတ္မသုန္ၾကည့္ေနခဲ့မိေတာ့တယ္။
မ်က္ရည္ေတာင္ က်ခ်င္လာမိတယ္။
ေနာက္ဆံုးမွာေတာ့ ....
ကြၽန္ေတာ္ အိမ္ျပန္လာၿပီေလ သခင္။
******
အစ္ကိုေဂ်ာင္ကုက ကြၽန္ေတာ့္ကို ကားထဲကေန ေပြ့ခ်ီယူၿပီးေနာက္ ၿခံတံခါးကိုဖြင့္ကာ အထဲသို႔ဝင္ရန္ လုပ္ခဲ့ေပမဲ့ ၿခံထဲသို႔အစ္ကိုက ေျခခ်လိုက္တာနဲ႔ တၿပိဳင္နက္ သူ႔လက္ေပၚမွ ခုန္ဆင္းကာ ၿခံႀကီးထဲမွာ တစ္ကိုယ္ထဲ ေျပးလႊားေနမိေတာ့တယ္။
ေပ်ာ္လိုက္တာဗ်ာ ....။
ဒီလို လြတ္လပ္ျခင္းအရသာေလး မခံစားရတာ ၾကာခဲ့ၿပီ။
ဒီၿခံႀကီးထဲမွာ ကြၽန္ေတာ့္ေျခရာေတြေတာင္ ထင္က်န္ေနေသးသလိုပါပဲ။ ကြၽန္ေတာ့္အနံ႔အသက္ေလးေတြလဲ ရိွေသးတယ္။
ထိုရနံ႔ေတြ မရေတာ့ဘူးလို႔ ထင္ခဲ့တာ
တကယ္ပါဗ်ာ .... တကယ္ တကယ္
အရမ္း ေပ်ာ္တယ္။
ဒါနဲ႔...
သခင္... သခင္ေရာ ...
သခင္ ဘယ္မွာလဲဟင္ အစ္ကိုေဂ်ာင္ကု ။
ပန္းၿခံဳပုတ္ေလးေဘးမွာ ထိုင္လ်က္သားျဖင့္ ကြၽန္ေတာ့္ကို ျပန္ၿပီးေပြ့ခ်ီရန္ ႀကိဳးစားေနတဲ့ အစ္ကို ေဂ်ာင္ကုကို ထိုစကားအား ေမးခ်င္ခဲ့တာပါ။
ထိုအခိုက္
"ျပန္ေရာက္ေနၿပီလား ေမာင္
ဒီေန့ ေစာသားပဲ"
ဘုရားေရ....
ဒီအသံေလးက ...
ကြၽန္ေတာ္ လြမ္းေနခဲ့ရတဲ့ အသံၾသၾသေလး။
ဘဝအဆက္ဆက္ သတိရေနမိတဲ့
တစ္ဦးတည္းေသာသူ ။
အစ္ကို ေဂ်ာင္ကုရဲ့ အေနာက္ကေန ထြက္လာတဲ့ ထိုအသံပိုင္ရွင္ေလးက ကြၽန္ေတာ္ အေတြ့ခ်င္ဆံုးေသာ သူပါတဲ့ေလ။
ဒါေပမဲ့
သခင့္ကို ေနာက္ေက်ာေပးထားသလို ျဖစ္ေနတဲ့ အစ္ကိုေဂ်ာင္ကုရဲ့ ရင္ခြင္နားမွာ ကြၽန္ေတာ္က ေရာက္ေနတာမို႔ ကြၽန္ေတာ့္ကို ကြယ္ထားသလိုျဖစ္ၿပီး သခင္က ကြၽန္ေတာ့္အား ျမင္ဟန္မတူ။
ဒါ့ေၾကာင့္လဲ ကြၽန္ေတာ့္အား ေပြ့ဖို႔ထပ္မံႀကိဳးစားေနတဲ့ အစ္ကို ေဂ်ာင္ကု လက္ထဲက ရုန္းထြက္ကာ ကြၽန္ေတာ့္ရဲ့ ျမတ္ႏိုးရာေလး ရိွရာထံသို႔ အေျပးသြားၿပီး သူ႔ခႏၶာကိုယ္ေပၚသို႔ ဝုန္းကနဲ ခုန္တက္ႏိုင္ဖို႔ ႀကိဳးစားလိုက္ေတာ့ သူေလးက မ်က္လံုးအဝိုင္းသားနဲ႔ လန္႔သြားဟန္တူပါ၏။
မတ္တပ္ရပ္ေနတာမို႔ သခင့္မ်က္ႏွာေလးအား အနီးကပ္ဖူးေမ်ွာ္ႏိုင္ဖို႔ကေတာ့ ဘယ္လိုမွ မမွီ။
အားမတန္ေလေတာ့ မာန္ေလ်ွာ့ၿပီးပဲ သခင့္ေျခရင္းမွာ ဝပ္ဆင္းကာ ေျခေထာက္ႏုႏုေလးအားပဲ အျမတ္တႏိုး ပြတ္သပ္က်ီစယ္ရင္း လ်ွာဖ်ားေလးနဲ႔
ခပ္ဖြဖြယက္လို႔ ေနမိေတာ့တယ္။
ဒီလို ျပန္ဆံုႏိုင္မဲ့ေန့ကို ေတာင္းတေနခဲ့တာပါ။
တန္နီး ... သိပ္လြမ္းေနခဲ့တာပါ သခင္ ။
"ေမာင္... ဒါ .. ဒါ ... ေလးက ဘယ္လိုလုပ္ၿပီး"
အစ္ကို ေဂ်ာင္ကု ကို တစ္အံ့တၾသေမးေနတဲ့ သခင္ ... စကားေတြေတာင္ ထစ္လို႔ ။
"အိမ္ေထာင္သက္ ၁ ႏွစ္ျပည့္မို႔ အခ်စ္ အတြက္
ေမာင့္ရဲ့ လက္ေဆာင္ေလးပါ
ႀကိဳက္တယ္မလားဟင္"
ဘာစကားမွ ခြန္းတံု႔ျပန္မလာေလသည္မို႔ ဒူးတစ္ဖက္ေထာက္ ထိုင္ေနၿပီျဖစ္တဲ့ သခင့္ကို ေမာ့ၾကည့္လိုက္ေတာ့ မ်က္လံုးထဲမွာ မ်က္ရည္စေလးေတြ ဝဲလို႔ေနပါလား။
"ငါ ... ငါ ... ေနာက္ထပ္ Puppy ေလး ေမြးဖို႔
ျဖစ္ပါမလား မသိေတာ့ဘူး ...
ငါက ငါ့ကေလးေလး တန္နီးကိုေတာင္
ေသခ်ာ ကာကြယ္ ေစာင့္ေရွာက္ႏိုင္ျခင္း မရိွခဲ့တာ ...
ငါ့ကိုယ္ကိုယ္ကို ယံုၾကည္မႈ မရိွေတာ့ပါဘူးကြာ"
သခင္ရယ္ ....။
သခင့္စိတ္ထဲမွာ ကြၽန္ေတာ္နဲ႔ ပက္သက္ၿပီး
အဲလိုေတြ ခံစားေနခဲ့တာလား။
သခင့္အျပစ္မွ မဟုတ္တာပဲ မငိုပါနဲ႔ သခင္ရယ္။
ကြၽန္ေတာ္ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ သခင့္ကို ကူညီေပးႏိုင္ခဲ့လို႔ ေက်နပ္ေနသူပါ။
သခင့္အတြက္ ကြၽန္ေတာ့္အသက္ ေပးရတာ တန္ပါတယ္။
အခုေတာ့ ပါးျပင္တေလ်ွာက္ မ်က္ရည္စေလးေတြ က်ေနတဲ့ သခင့္ကို ငုတ္တုတ္ထိုင္ၾကည့္ေနတာကလြဲလို႔ ကြၽန္ေတာ္ ဘာမွ မလုပ္ႏိုင္ခဲ့ပါဘူး။
"မငိုပါနဲ႔ အခ်စ္ရာ
တန္နီးနဲ႔အတူ ဟိုတုန္းကလို ေပ်ာ္ေနခဲ့တဲ့ အခ်စ္ရဲ့
ပံုရိပ္ေလးေတြကို ေမာင္က ျပန္ျမင္ခ်င္မိတာနဲ႔ပဲ ဒီPuppy ေလးကို ဝယ္လာခဲ့မိတာ
အခုေတာ့... အတိတ္ကို ျပန္ဆြသလိုျဖစ္ၿပီး
ေမာင္မွားသြားၿပီ ထင္ပါတယ္"
တခဏေတာ့ တိတ္ဆိတ္သြားတဲ့ စကားသံေတြ။
"ဒါေပမဲ့ေလ သိလား
ဒီေခြးေလးကလဲေလ ဆိုင္ရွင္က ေျပာလိုက္တာ
အရင္တုန္းက လာဝယ္တဲ့လူမွန္သမ်ွကို ကိုက္လႊတ္တာတဲ့ ... "
"အခု ေမာင့္ကို က်မွေလ ဆိုင္ထဲေရာက္ယံုရိွေသး သူက ေခြးအိမ္ထဲက ခ်က္ခ်င္းေျပးထြက္လာၿပီး
ေမာင့္ကို အတင္းပြတ္သီးပြတ္သပ္နဲ႔ တရင္းတႏွီး
သူ႔လ်ွာေလးေတြနဲ႔ပါ လာယက္ေတာ့တာ"
"ဟုတ္လား ေမာင္"
ေဟာ စိတ္ဝင္စားသြားပံုရတဲ့ သခင္က မ်က္ရည္စေလးေတြ သုတ္ရင္း ကြၽန္ေတာ့္ကို ေသခ်ာၾကည့္လာတယ္။
ကြၽန္ေတာ္ တန္နီးေလ သခင္ ...
သခင့္ရဲ့ တန္နီးပါဗ် ။
"ဝု... ဝု" နဲ႔ အသံေလးထြက္ကာ သခင့္အား ႏႈတ္ဆက္စကား ေျပာမိေနေပမဲ့လဲ သခင္က သိဟန္မတူပါဘူး။ ခပ္စိမ္းစိမ္းသာ ၾကည့္ေနစဲပဲ။ သခင့္မ်က္လံုးထဲမွာ အရင္ကလို အခ်စ္ေတြ မေတြ့ဘူး သခင္။
"ဒါနဲ႔ ထူးဆန္းတာ ဆက္ေျပာရဦးမယ္ သိလား ခ်စ္ရဲ့ ... ဒီေကာင္ေလးက ၿခံထဲလဲ ေရာက္ေရာ အရမ္းေတြ ေပ်ာ္ေနေတာ့တာ သူ႔အိမ္သူ႔ယာေရာက္ေနတဲ့အတိုင္းပဲ ၊ ေဟာ... ခ်စ္ ကိုလဲ ျမင္ေရာ အတင္းေျပးၿပီး ႏႈတ္ဆက္ပြတ္သပ္ေတာ့တာပဲ... အၿမႇီးေလးေတြကလဲ လႈပ္ယမ္းေနေတာ့တာ ခ်စ္ျမင္တယ္မလား"
"အင္းေနာ္... ေမာင္
ထူးဆန္းတယ္ တကယ္"
ဟယ္ သခင္လဲ အစ္ကိုေဂ်ာင္ကု ေျပာတာကို လက္ခံေနၿပီ။
ကြၽန္ေတာ္ပါ သခင္ရယ္
တန္နီးပါလို႔ဆို ။
"ဝုတ္... ဝုတ္"
ေဟာင္ျပေနရတာေတာင္ ေမာၿပီး ေရဆာလာၿပီ
သခင္က ခုထိ မမွတ္မိေသးဘူး။ သခင္ သိသြားေအာင္ ကြၽန္ေတာ္ ဘယ္လိုလုပ္ရပါ့ ။
"အာ့ေၾကာင့္ ေမာင္ေျပာခ်င္တာကေလ
ဒီေကာင္ေလးကလဲ ေမာင္တို႔နဲ႔ ေရစက္ပါလို႔ေနမွာ
အဲဒီေတာ့ သူ႔ကို တန္နီးေလး အစား ေမြးၾကည့္ၾကရေအာင္ေလေနာ္ ...
ခ်စ္ လုပ္ႏိုင္မွာပါ .. ေမာင္ယံုတယ္"
ကြၽန္ေတာ္က တန္နီးပဲဟာကို ၊ တန္နီးအစားမွ မဟုတ္တာ အစ္ကို ေဂ်ာင္ကုကလဲ ။
ဘာပဲျဖစ္ျဖစ္ပါေလ အခု သခင္က ၿပံဳးၿပီး ေခါင္းေလးၿငိမ့္ျပေနၿပီဆိုေတာ့ နည္းနည္းေတာ့ စိတ္သက္သာရာ ရသြားပါၿပီ ။ သခင္မွတ္မိလာေအာင္ ကြၽန္ေတာ္ႀကိဳးစားမွာပါ။
"အဲ့ဒါေတြေၾကာင့္ ေဟာဒီက ေမာင့္ရဲ့ အခ်စ္ကေလးကို ပိုပိုၿပီး ခ်စ္ေနရတာ"
ေဟာ ... ရုတ္တရက္ သခင့္ကို ေပြ့ဖက္လိုက္တဲ့ အစ္ကို ေဂ်ာင္ကု ။
ႏွစ္ေယာက္သား ၿပံဳးၿပီး အၾကည့္ခ်င္းလဲ ဆံုေနၾကျပန္တယ္။
ၾကည့္ရတာ အရင္ကလို တေယာက္နဲ႔ တေယာက္ မ်က္ႏွာေတြယက္ၾကေတာ့မလို႔ ထင္တယ္။
အာ့ဆိုရင္လဲ လုပ္ပါ ... ျမန္ျမန္။
တန္နီး ၾကည့္ေနပါတယ္လို႔ ။
ၿခံဝန္းက်ယ္ႀကီးထဲရိွ ပန္းပင္ေလးေတြေဘး ေျမကြက္လပ္တစ္ေနရာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ၿပံဳးၿပီး ခ်စ္ရည္ရႊန္းလဲ့တဲ့ မ်က္ဝန္းေလးျဖင့္ ၾကည့္ေနၾကတဲ့ စံုတြဲေလးနဲ႔ သူတို႔အား ေငးေနတဲ့ Puppy ေပါက္စေလးတစ္ေကာင္ ရိွခဲ့ေလတယ္။
ခ်စ္ေမတၲာေတြဟာ အဲ့သလိုပဲ သိပ္လွပပါတယ္။
******
ကြၽန္ေတာ္ ဒီအိမ္ႀကီးမွာ ေရာက္တာ အခ်ိန္ကာလတစ္ခုေတာ့ ၾကာျမင့္ခဲ့ေလၿပီ။
ဒါေပမဲ့ သခင္နဲ႔ ဆက္ဆံေရးကေတာ့
ထူးျခားတဲ့အဆင့္ကို မေရာက္ေသးဘူး ၊ ပံုမွန္ပဲ ။
သခင္က ကြၽန္ေတာ့္ကို သာမန္ေခြးေလးတစ္ေကာင္လိုပဲ ဂရုစိုက္ေပးတယ္။ ေနာက္ၿပီး ဘိုဒီး လို႔ပဲ ေခၚတယ္။ တန္နီး ဆိုတဲ့ သခင့္အခ်စ္ေတာ္ ေခြးေလးလိုမ်ိဳးေတာ့ ကြၽန္ေတာ့္အေပၚ မခ်စ္ျပခဲ့ေသးဘူး။
အင္းေပါ့ေလ ။ သခင္မွ ကြၽန္ေတာ့္ကို မသိတာ။
သခင္သိေအာင္ ကြၽန္ေတာ္ ဘာလုပ္ျပရမလဲ။
ဟုတ္ၿပီ ...။
အခု ၿခံထဲမွာ သခင္နဲ႔ ႏွစ္ေယာက္သားရိွေနတဲ့ အခ်ိန္ဆိုေတာ့ ကြက္တိပဲ ။
ဟိုတေလာက စတိုခန္းထဲမွာ တန္နီးဘဝတုန္းက ကြၽန္ေတာ္ေဆာ့ေနက် ေဘာလံုးေလးေတြ နဲ႔ ကြၽန္ေတာ္ဝတ္တဲ့ အဝတ္ေလးေတြကို သိမ္းထားတာေတြ့မိတယ္။
သာမန္ဆို ရွာေတြ့ဖို႔မလြယ္ေပမဲ့ ဒီအိမ္ထဲမွာ တခ်က္တခ်က္ ရတတ္တဲ့ တန္နီးဘဝတုန္းက ကြၽန္ေတာ့အနံ႔ေလးကို ျပန္ၿပီး အာရံုခံရင္းနဲ႔ လိုက္ရွာမိရာကေန အခုလို ေတြ့ခဲ့တာ။
စိတ္ကူးေတြကို အေကာင္အထည္ေဖာ္ဖို႔ ကြၽန္ေတာ္ ခ်က္ခ်င္း စတိုခန္းဆီ ျပန္ေျပးဝင္မိတယ္။
သခင္ကေတာ့ ရုတ္တရက္ အိမ္ထဲ ေျပးဝင္သြားတဲ့ ကြၽန္ေတာ့္ကို တခ်က္ေတာ့ လွမ္းၾကည့္လိုက္တယ္ ထင္ပါတယ္။
ေဟာ... တန္နီးရဲ့ အက်ီေလးကို ပါးစပ္နဲ႔ကိုက္ၿပီးသယ္လာတဲ့ ကြၽန္ေတာ့္ကို သခင္ ျမင္ခ်ိန္မွာေတာ့ မ်က္လံုးေလး အဝိုင္းသားနဲ႔ ။
"ဘိုဒီး... မင္း ... မင္း ဒါေတြ ဘယ္ကေန ဘယ္လို ရွာေတြ့လာတာလဲ"
ၾကည့္.. သခင္အံ့ၾသသြားပါၿပီဆို ။
အိမ္ထဲျပန္ေျပးဝင္ၿပီး ေနာက္ထပ္ ပိန္ရွံ႔ေနတဲ့ ေဘာလံုးေလးကို ကိုက္ကာ ကြၽန္ေတာ္ သယ္လာျပန္ေတာ့ သခင္က ထူးဆန္းစြာ ၾကည့္ေနစဲ ။
ထိုေဘာလံုးေလးကို တန္နီးဘဝတုန္းကလို လက္ေလးနဲ႔ ဘယ္ျပန္ညာျပန္
ပုတ္ၿပီး ေဆာ့ျပေတာ့ သခင္ဟာ မယံုၾကည္ႏိုင္တဲ့ အသြင္ကို ေျပာင္းသြားတယ္။
အဲ့လို ေဘာလံုးေလးကို ဟိုဘက္ဒီဘက္ပုတ္ပုတ္ၿပီးသခင္ရိွရာဆီ သယ္သြားတိုင္း ေဆာ့ေနက်ကစားနည္းဆိုတာ သခင္နဲ႔ ကြၽန္ေတာ္ ႏွစ္ေယာက္ထဲ သိတဲ့အရာေလ။
"မင္း... မင္း ဟာ တန္နီးေလးလား"
ရုတ္တရက္ ေရွာ့ရသြားတဲ့ ပံုစံေလးနဲ႔ ေမးလာေလတဲ့သခင္။
သခင္ဆီက ဒီစကားကို ၾကားရဖို႔ ကြၽန္ေတာ္ ဘယ္ေလာက္ေတာင္ ေမ်ွာ္လင့္ခဲ့လဲဆိုတာ
သခင္ မသိပါဘူး။
"ဝုတ္... ဝုတ္"
ဟုတ္ပါတယ္ ကြၽန္ေတာ္ဟာ တန္နီးေလးပါလို႔ သခင့္မ်က္ႏွာေလးအား ၾကည့္ၿပီး ရင္ခုန္စိတ္လႈပ္ရွားစြာနဲ႔ကြၽန္ေတာ္ေျဖလိုက္ေတာ့ ၿပိဳေတာ့မဲ့ မိုးလို မ်က္ႏွာေလးနဲ႔ သခင္ဟာ ၫွိုးငယ္ေနစဲ။
ေနာက္ေတာ့ သခင္ဟာ ဘာကို သတိရသြားေလတယ္ မသိ ။ အိမ္ထဲကို ေျပးဝင္သြားတယ္။
ကြၽန္ေတာ္လဲ ရုတ္တရက္ နားမလည္ျဖစ္သြားေတာ့ ထိုေနရာမွာပဲ ေၾကာင္ၿပီး ရပ္ေနမိတယ္။ ၿပီးမွ ေနာက္က ေျပးလိုက္မိေတာ့ ကြၽန္ေတာ္ အိမ္ေပါက္ဝေရာက္ခ်ိန္မွာပဲ အိမ္ထဲကေန သခင့္ရဲ့ အသံေလး ထြက္လာတယ္။
"တန္................"
ဆိုၿပီး အသံရွည္စြဲရင္း အခ်က္ေပးလိုက္တဲ့အသံေလး။
ဒီအသံေလးက ဟိုတုန္းက သခင္နဲ႔ ကြၽန္ေတာ္ တူတူပုန္းတမ္းေဆာ့တိုင္း ကြၽန္ေတာ့္ကို လွမ္းေခၚတဲ့
သခင့္အသံေလး။
အခု ဒီဟာ သခင္က ကြၽန္ေတာ့္ကို တန္နီး ဟုတ္မဟုတ္ စမ္းသပ္ေနတာလား။
သခင္က ကြၽန္ေတာ့္ကို တကယ္ပဲ မွတ္မိလာေတာ့မွာလားဟင္ ။
ေပ်ာ္ရႊင္သြားတာ တကယ့္ကိုပါ။
ဒါ့ေၾကာင့္ ကြၽန္ေတာ္ဟာ တန္နီးျဖစ္ေၾကာင္းျပသဖို႔ သခင့္အခန္းအတြင္းသို႔ ဝင္ၿပီး ပုန္းေနတဲ့ သခင့္အား လိုက္ရွာမိပါေတာ့တယ္။
ေဟာ... ေတြ့ပါၿပီ .. အဝတ္ဗီဒိုေဘး
ပုန္းေနတဲ့သခင့္ကို ။
ဒါေပမဲ့ တန္နီးအက်င့္အတိုင္းသာဆို သခင့္ကို ျမင္ေနပါရက္ မျမင္ခ်င္ေယာင္ေဆာင္ျပရမွာေလ။
ကြၽန္ေတာ္ လုပ္ႏိုင္ပါတယ္။
ကဲ... သခင့္ရိွရာေနရာကို တခ်က္ၾကည့္ၿပီးမွ တမင္ေရွာင္ထြက္သြားလိုက္ေတာ့ ဒါဟာ သခင္သေဘာက်တဲ့ တန္နီးေလးရဲ့ စတိုင္ေပါ့ ။
ကုတင္ေအာက္ ၊ စားပြဲေဘး ၊ ျပတင္းေပါက္နား အစရိွသျဖင့္ ေလ်ွာက္သြားျပလိုက္တယ္။ ေသခ်ာပါတယ္ သခင္ကြၽန္ေတာ့္ကို လိုက္ၾကည့္ေနတယ္ဆိုတာ။ ဟိုတုန္းကလိုသာဆို မျမင္ခ်င္ေယာင္ေဆာင္ျပေနတဲ့ ကြၽန္ေတာ့္ကိုၾကည့္ၿပီး အဲ့အခ်ိန္ သခင္က တခြိခြိနဲ႔ ရယ္ေနခဲ့မွာ။
အခုေတာ့ တအိအိ ငိုရိႈက္သံေလးနဲ႔အတူ ဗီဒိုေဘးမွ ဝုန္းကနဲ ေျပးထြက္လာတဲ့ ကြၽန္ေတာ့္ သခင္။
ကြၽန္ေတာ့္ ခါးလယ္ေလာက္ကို သိုင္းဖက္ေပြ့ၿပီး သူ႔ရင္ခြင္ထဲ ထည့္ထားတယ္။
သခင့္ႏႈတ္ေတာ္ပါးမွလဲ
"တန္နီး... တန္နီး... ကိုကို႔ ကေလးေလး" တဲ့ ။
ငိုသံေလးနဲ႔ ေရရြတ္ေနေလတဲ့သခင္။
သခင့္မ်က္ရည္ေတြက ကြၽန္ေတာ့္ကိုယ္ေပၚသို႔ ေပါက္ကနဲ က်လာသည္အထိ။
သခင္ရယ္ ....။
ကြၽန္ေတာ့္ကို အခုေတာ့ သခင္ သိသြားၿပီေပါ့ေနာ္။
ေသခ်ာပါတယ္
ႏွလံုးသားထဲက နက္နက္ရိႈင္းရိႈင္း ခံစားၿပီး က်လာတဲ့ မ်က္ရည္တစ္စက္ကလဲ ကြၽန္ေတာ့္မ်က္ဝန္းအိမ္ထဲမွ ေႂကြဆင္းသြားခဲ့တယ္ ဆိုတာ။
********
အခုဆိုရင္ေတာ့ သခင္က ကြၽန္ေတာ့္ကို တန္နီး လို႔ပဲ ေခၚေတာ့တယ္။
ေနာက္ၿပီး ခ်စ္ရည္ရႊန္းလဲ့တဲ့ မ်က္ဝန္းေလးနဲ႔လဲ
ၾကည့္တယ္။
အခ်စ္ဆိုတာကို ကြၽန္ေတာ္ ျပန္ခံစားခြင့္ ရခဲ့ပါၿပီ ။
ၿပီးေတာ့ ကြၽန္ေတာ္ သတိရေနမိတဲ့ အစ္ကိုဟိုေဆာ့ ၊ အစ္ကို ဂ်ီမင္း၊ အစ္ကိုယြန္းဂီ တို႔နဲ႔လဲ ျပန္ေတြ့ျဖစ္ခဲ့ၿပီ ။
ႏိုင္ငံျခားမွာ ေရာက္ေနတဲ့ အစ္ကို ယြန္းဂီ နဲ႔ကေတာ့ ဖုန္းထဲကေနပဲ Video Call ေခၚခဲ့ၾကၿပီး အစ္ကို႔ခ်စ္သူ Chim Chim ဆိုတဲ့ လူကိုလဲ ျမင္ခဲ့ရတယ္။ အဲ့တစ္ေယာက္က အစ္ကို ဂ်ီမင္းနဲ႔ ရုပ္ခ်င္းနည္းနည္းဆင္သလိုပဲ။ ဒါေပမဲ့ အစ္ကို ဂ်ီမင္းေလာက္ေတာ့ ခ်စ္စရာ မေကာင္းမွာ ေသခ်ာပါတယ္။
အိမ္ကို လာလည္တဲ့ အစ္ကို ဟိုေဆာ့နဲ႔ အစ္ကိုဂ်ီမင္းတို႔ကို သခင္က ကြၽန္ေတာ့္အေၾကာင္းစံု စီကာပတ္ကံုး ေျပာျပေတာ့ သူတို႔ အလြန္အမင္း
အံ့ၾသသြားၾကေသးတယ္။
ဒါေပမဲ့ ကြၽန္ေတာ္က သူတို႔နဲ႔ပဲ ခ်စ္ကြၽမ္းဝင္စြာ တရင္းတႏွီးေနျပၿပီး အစ္ကိုဟိုေဆာ့ရဲ့ ရည္းစား ဂ်င္ ဆိုတဲ့ ခပ္ေခ်ာေခ်ာ အကိုကိုေတာ့ အနားကပ္မခံဘဲ ေနျပခဲ့သလို
အစ္ကိုဂ်ီမင္းရဲ့ ခင္ပြန္းျဖစ္တဲ့ နမ္ဂြၽန္းဆိုတဲ့ အရပ္ရွည္ရွည္နဲ႔ ခန္႔ခန္႔ေခ်ာေခ်ာအကိုႀကီး ကိုေတာ့ ကိုက္ခ်င္ေယာင္ ေဆာင္ျပခဲ့ပါတယ္။
သေဘာက ကြၽန္ေတာ္က ဟိုတုန္းကထဲက ခ်စ္ခဲ့ရတဲ့ အစ္ကို တို႔ကိုသာ အမွတ္ရေနခဲ့တယ္ဆိုတာ ျပခ်င္တာပါ။
အဲ့လိုျပဳမူခဲ့လို႔လဲ ကြၽန္ေတာ္က တန္နီးဆိုတာကို သူတို႔ ယံုသြားခဲ့တယ္ေလ။
အဲ့ကထဲကစၿပီး အစ္ကို ဂ်ီမင္းက ကြၽန္ေတာ့္ကို "မဲလံုး မဲလံုး" နဲ႔ ျပန္ေခၚၿပီး ထိုနာမည္ကိုပဲ ပါးစပ္ဖ်ားက မခ်ေတာ့တာပါ။
တစ္စံုတစ္ေယာက္မ်ား အဲ့စကားကို ၾကားမိသြားရင္ အခုဘဝမွာ ျဖဴစြတ္ေနတဲ့ ကြၽန္ေတာ့္ရုပ္ေလးကို မဲလံုးဆိုၿပီး ေခၚေနတဲ့ အစ္ကိုဂ်ီမင္းက ပံုမွန္စိတ္ေရာ ဟုတ္ရဲ့လား ဆိုၿပီး အေတြးေရာက္သြားေစတာမို႔ အစ္ကို႔အတြက္ ကြၽန္ေတာ္ေတာ့ ရင္ေလးမိပါတယ္။
ဒါေပမဲ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ မဲလံုး ဆိုတဲ့ နာမည္ေလးကိုပဲ ကြၽန္ေတာ္က ခံုမင္ေနတုန္းပါ။
ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ခႏၶာကသာ အေရာင္ေျပာင္းလဲခ်င္ေျပာင္းလဲသြားမယ္၊ ကြၽန္ေတာ္ရဲ့ စိတ္ႏွလံုးသားကေတာ့ တန္နီးဆိုတဲ့ မဲလံုးေကာင္ေလးျဖစ္ေနေသးလို႔ပါပဲ ။
*******
အခုဘဝမွာေတာ့ ကြၽန္ေတာ္ဟာ သီခ်င္းေရးဆရာျဖစ္တဲ့ အစ္ကိုဂြၽန္ေဂ်ာင္ကု ရဲ့ အားလပ္ခ်ိန္တိုင္းမွာ အေဖာ္ျပဳေပးေနက် ေခြးေလး ျဖစ္ခြင့္ရခဲ့သလို
ပန္းဆိုင္ေလး ဖြင့္ထားတဲ့ သခင္ကင္ထယ္ေယာင္းရဲ့ အနားမွာ အၿမဲေစာင့္ေရွာက္ရင္း ရိွေနေပးမဲ့ ကေလးေလး ျဖစ္ေနခဲ့ပါၿပီ။
သခင္တို႔စံုတြဲရဲ့ ေမတၲာေဂဟာအိမ္ေလးအတြင္းမွာ ကြၽန္ေတာ္ဟာ သက္တမ္းကုန္ဆံုးခ်ိန္ထိ အၿမဲရိွေနေပးေတာ့မွာပါ။
မနက္ေနထြက္ၿပီး
ညလသာခ်ိန္ထိ ကြၽန္ေတာ္တို႔ အတူတူရိွမယ္။
ေနြမိုးေဆာင္း ရာသီေတြအလီလီကူးေျပာင္းသြားလဲ
ကြၽန္ေတာ္တို႔ အတူတူ ေက်ာ္ျဖတ္ၾကမယ္။
အၿမဲတမ္း အၿပံဳးေတြေဝေအာင္လဲ
ကြၽန္ေတာ္ ဖန္တီးေပးပါ့မယ္။
ဒါ့ေၾကာင့္
"ကြၽန္ေတာ္အတြက္ ရွင္သန္ျခင္း
အဓိပၸာယ္ဆိုတာကေတာ့
သခင္တို႔ကို ခ်စ္ေနရျခင္းပါပဲ ...."
THE END
လူသား နဲ႔ တိရစၧာန္ေလးေတြၾကားမွာ တစ္ဦးနဲ႔တစ္ဦး ခ်ည္ေနွာင္ထားတဲ့ ႀကိဳးေလးေတြ ၊ အျပန္အလွန္ဆက္ႏြယ္မႈေလးေတြ ၊ အခ်င္းခ်င္းၾကားနားလည္မႈေလးေတြဟာ အမွန္တကယ္ ရိွၾကပါတယ္။
တိရစၧာန္ေလးေတြဟာလဲ ႏွလံုးသားနဲ႔ အသက္ရွင္ေနရသူမို႔ ၊ ႏွလံုးသားရိွတဲ့သူမို႔ စြဲလမ္းစိတ္ဆိုတာ ရိွမွာပါ။
ဒါ့ေၾကာင့္ လူသားနဲ႔ တိရစၧာန္ေလးေတြၾကားက
ခ်စ္ျခင္းကို "Tannie" ဆိုတဲ့ ဇာတ္လမ္းေလးျဖင့္ အခုလိုပဲ ပံုေဖာ္ေရးသားလိုက္ရပါတယ္။
လူသားအားလံုး ေမတၲာတရားရဲ့ စြမ္းပကားကို ပိုနားလည္ကာ အင္အားနည္းတဲ့ သက္ရိွတိရစၧာန္ေလးေတြအေပၚမွာ ပိုၿပီး ေမတၲာဂရုဏာထား၍ ခ်စ္ႏိုင္ၾကပါေစလို႔ ရည္ရြယ္လ်က္ျဖင့္ ။
By Cuttiehsumindooly
Start Date - 6.5.2021
End Date - 20.5.2021