Author Note

891 134 114
                                    

Unicode

Annyeong ‼️

မင်္ဂလာပါ အချစ်လေးတို့ရေ ...

Tannie ဆိုတဲ့ ဒီ ဇာတ်လမ်းလေးနဲ့ ပက်သက်ပြီး ရှင်းလင်းချက်လေး တစ်ချို့ကို ပြောပြပေးချင်လို့ အခုလိုပဲ Author Note လေး ရေးသားလိုက်ရပါတယ်။

ဒီဇာတ်လမ်းလေးကို Inspired ယူထားတာကတော့
The Dog's Purpose နဲ့ The Journey of Dog ဆိုတဲ့ နိုင်ငံခြားဇာတ်ကားလေးတွေပဲ ဖြစ်ပါတယ်။

အလွန်ကောင်းတဲ့ ဇာတ်ကားလေးတွေမို့ စိတ်ဝင်စားတယ်ဆိုရင် ကြည့်ကြည့်ကြဖို့လဲ တိုက်တွန်းလိုပါတယ်။

စာရေးသူအနေနဲ့ ထိုဇာတ်ကားလေးတွေကို ကြည့်ပြီး Idea ရခဲ့တာမို့ 30%လောက်က Plot ထုတ်တဲ့နေရာမှာ အထောက်အကူရခဲ့တာပါ။

ကျန်တဲ့ 70% လောက်ဖြစ်တဲ့ Main Character နှစ်ယောက်ရဲ့ Romance အပိုင်းတွေ အပါအဝင် Tannie လေးနဲ့ ချစ်မေတ္တာဖော်ကျူးမှုတွေက
တော့ စာရေးသူရဲ့ Own Creation ပဲ ဖြစ်ပါတယ်။

အဲ့နေရာမှာ အဓိကပြောပြချင်တဲ့ အခန်းလေးကတော့ Tannie လေးနဲ့ တူတူပုန်းတိုင်းဆော့တယ်ဆိုတဲ့ အကြောင်းအရာလေးပါ။

ခွေးလေးနဲ့ အဲ့ပုံစံအတိုင်း တူတူပုန်းတိုင်းဆော့တာ ဖြစ်နိုင်ပါ့မလား လို့ မေးခွန်းထုတ်စရာရှိပါတယ်။

အဲ့လိုသာ မေးလာမယ်ဆိုရင်တော့ ထိုအခန်းအတွက် Idea ကတော့ စာရေးသူရဲ့ ညီမ ဝမ်းကွဲလေးနဲ့ သူမခွေးလေးတို့ ဤနည်းဤပုံအတိုင်း ခဏခဏ တူတူပုန်းတိုင်းဆော့ကြတာကို မြင်ပြီး စာရေးသူက ထိုသို့ ထည့်သွင်းရေးသားခဲ့ခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းပြချင်ပါတယ်။

သူမက ခွေးလေးကို ပုန်းနေပြီး ခွေးလေးနာမည်အော်ခေါ်ပြီး အချက်ပေးလိုက်တဲ့အခါမှာ ထိုခွေးလေးက သူမကို သည်းသည်းမဲမဲ လိုက်ရှာပါတော့တယ်။ ခွေးဆိုတာ အနံ့ခံကောင်းတာမို့ သူ့သခင် ဘယ်နားရှိတယ်ဆိုတာ တန်းသိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ခွေးလေးက မမြင်ယောင်ဆောင်ကာ ကျော်ကျော်သွားပြီး တခြားပုန်းတတ်တဲ့နေရာတွေ ပတ်ရှာပြနေလို့ စာရေးသူတို့ တအိမ်လုံး ရယ်မောရင်းနဲ့ ထိုခွေးလေးကို သဘောအကျကြီး ကျခဲ့ရပါတယ်။

Tannie In Love [ Completed ]जहाँ कहानियाँ रहती हैं। अभी खोजें