2. My Boss

3K 362 238
                                    

Unicode

အလွန်လှပတဲ့ နှစ်ထပ်တိုက်အိမ်လေးရှေ့သို့ ရောက်လာတဲ့အခါမှာတော့ အဖြူရောင် ကားလေးတစ်စီးရပ်တန့်သွားပြီး ကားပေါ်မှ အမျိုးသားတစ်ဦးနှင့်အတူ ခွေးလေးတစ်ကောင်ကို ပွေ့ပိုက်ချီထားသော အမျိုးသမီးတစ်ဦးတို့ ဆင်းလာကြလေသည်။

ခွေးလေးကတော့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးနဲ့
ဟိုဒီတောင်မြောက်ကြည့်ငေးရင်း နေရာသစ်အား စူးစမ်းလျက်အနေအထားဖြင့် ။

ကျွန်တော် ဘယ်ရောက်သွားတာလဲ ...

မဟုတ်မှလွဲရော

ဒါ... ဒါ ... ကျွန်တော်နေရမဲ့ သခင်တို့ရဲ့ အိမ်လား ။

Wow... မိုက်တယ် ။
သဘောကျလိုက်တာ လွန်ပါရော ။

လှပလွန်းတဲ့ ခြံဝန်းကျယ်ကြီးထဲ
ခုန်ဆင်းပြေးလွှားဆော့ကစားချင်စိတ်ကလဲ
တဖွားဖွား ။

သခင်မက ကျွန်တော့်ကို သူ့ရင်ခွင်ထဲ ပိုက်ထွေးထည့်ထားရင်းနဲ့သာ အိမ်ထဲသို့ ဦးတည်သွားနေတာမို့ အသာငြိမ်နေခဲ့ရတာ ၊ မဟုတ်ရင် ခုချိန်ဆို မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့ ကွင်းပြင်ကြီးနဲ့ အပင်စုံရှိရာ ဤခြံဝန်းထဲ အနှံ့ ကျွန်တော် ပတ်ပြေးပြီးနေလောက်ပြီ ။

ခုနကတော့ ကျွန်တော့အရင်နေရာဟောင်းဖြစ်တဲ့ Pet Shop ဆိုင်လေးထဲကထွက်တော့ အိစိအိစိနဲ့ ရွေ့နေတဲ့ ဟာကြီးပေါ်တက်ထိုင်ပြီး မကြာခင်ပဲ အခုနေရာအသစ်ကို ရောက်လာခဲ့တာ။

အဲ့ဟာပေါ်ထိုင်နေတုန်းကတော့
ကျွန်တော့်သခင်မက မေးနေတာ ကြားမိတယ်။

"အခုမှ ပထမဆုံး ကားစီးဖူးတာဖြစ်မယ်...
ကားစီးရတာ ​ပျော်လား" ... ဆိုလားပဲ ။

ကြည့်ရတာ အဲ့ အိစိအိစိကြီးကို
ကားလို့ ခေါ်တယ် ထင်ပါတယ်။

အဲ့တာဆိုရင်တော့ ကားစီးရတာ
တကယ် သဘောကျတယ်။

အဲ့ပေါ်မှာ ထိုင်ပြီးလိုက်လာရင်း အပြင်မှာ သွားလာလှုပ်ရှားနေတဲ့ လူတွေ ၊ မြင်ကွင်းအသစ်တွေ အားလုံးကို တွေ့ခဲ့ရတော့ စိတ်ဝင်စားစရာ ကောင်းတယ်။

အခုချိန်ကစပြီး ကျွန်တော်နှစ်သက်တဲ့အရာထဲမှာ ကားစီးခြင်းလဲ ပါတယ်လို့ ထပ်တိုးမှတ်ယူလိုက်ပြီ။

Tannie In Love [ Completed ]Where stories live. Discover now