8. Come Back Home (Final)

2.2K 295 261
                                    

Unicode ‼️

ကားလေးကတော့ လမ်းမကြီးထက်မှာ ခပ်မှန်မှန်အရှိန်ဖြင့် လိုရာခရီးဆီသို့ သွားလျက်။

ကျွန်တော်ကတော့ သဘောကျ နှစ်သက်ခဲ့တဲ့ ကားစီးရတဲ့ အရသာလေးကိုလဲ ပြန်ခံစားရပြီမို့ ပျော်လာသလိုလို။

အစ်ကိုဂျောင်ကုက ကားတံခါးပေါက်ကို ဖွင့်ပေးထားသည်မို့ အတင်းတိုးဝှေ့လာတဲ့ လေပြေလေးတွေကလဲ နှစ်သက်ဖွယ်။

လမ်းမကြီးကနေ လမ်းသွယ်လေးကို ချိုးကွေ့ဝင်သွားချိန်မှာတော့ ရင်ခုန်စိတ်လှုပ်ရှားခြင်းတွေက ပိုပြင်းထန်လာတယ်။

ဒီလမ်းလေး ...

မမေ့နိုင်စရာ နေရာလေး ။

သေချာတာပေါ့ ဒါ ကျွန်တော့်သခင်အိမ်ရှိရာကို
သွားနေတဲ့လမ်းဆိုတာ။

နောက်ဆုံးမှာတော့ ခြံဝန်းအကျယ်ကြီးရှိရာ တိုက်အိမ်လှလှလေးရှေ့သို့ ကားကို ထိုးရပ်လိုက်ပြီမို့ ထိုစံအိမ်လေးကိုသာ ကျွန်တော် မမှိတ်မသုန်ကြည့်နေခဲ့မိတော့တယ်။

မျက်ရည်တောင် ကျချင်လာမိတယ်။

နောက်ဆုံးမှာတော့ ....

ကျွန်တော် အိမ်ပြန်လာပြီလေ သခင်။

******

အစ်ကိုဂျောင်ကုက ကျွန်တော့်ကို ကားထဲကနေ ပွေ့ချီယူပြီးနောက် ခြံတံခါးကိုဖွင့်ကာ အထဲသို့ဝင်ရန် လုပ်ခဲ့ပေမဲ့ ခြံထဲသို့အစ်ကိုက ခြေချလိုက်တာနဲ့ တပြိုင်နက် သူ့လက်ပေါ်မှ ​ခုန်ဆင်းကာ ခြံကြီးထဲမှာ တစ်ကိုယ်ထဲ ပြေးလွှားနေမိတော့တယ်။

ပျော်လိုက်တာဗျာ ....။

ဒီလို လွတ်လပ်ခြင်းအရသာလေး မခံစားရတာ ကြာခဲ့ပြီ။

ဒီခြံကြီးထဲမှာ ကျွန်တော့်ခြေရာတွေတောင် ထင်ကျန်နေသေးသလိုပါပဲ။ ကျွန်တော့်အနံ့အသက်လေးတွေလဲ ရှိသေးတယ်။

ထိုရနံ့တွေ မရတော့ဘူးလို့ ထင်ခဲ့တာ
တကယ်ပါဗျာ .... တကယ် တကယ်
အရမ်း ပျော်တယ်။

ဒါနဲ့...

သခင်... သခင်ရော ...
သခင် ဘယ်မှာလဲဟင် အစ်ကိုဂျောင်ကု ။

Tannie In Love [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ