{Zawgyi}
မူးေနာက္ေနတဲ့ ေခါင္းက ကမၻာေတြကူးတိုင္း Zenအားပိုပိုခံရခက္ေစသည္။
လွဲေနလ်က္အေနထားကေန ေခါင္းကိုထိန္းကိုင္ကာ ထထိုင္ေလေတာ့ ေနာက္ေက်ာတစ္ေလ်ွာက္လုံး စူးခနဲနာက်င္မႈက အသင့္ေစာင့္ႀကိဳျပန္သည္။
အခုေလာေလာဆယ္တြင္ ေဘးပတ္ဝန္က်င္ကိုစူးစမ္းဖို႔ေနေနသာသာ လက္ရွိေရာက္ေနတဲ့ခႏၶာကိုယ္ကိုပင္ ျပန္မလဲသြားေအာင္စိတ္ထိန္းထားရသည္။
ဘယ္လိုခႏၶာကိုယ္ထဲေရာက္ေနျပန္တာလဲ အားေပ်ာ့လိုက္တာ..။
အခုထိ Kiရဲ႕အသံမၾကားရေသးတာေၾကာင့္ ဆက္သြယ္ဖို႔ျပင္ေလေတာ့ အခန္းတံခါးဖြင့္သံနွင့္အတူ ၾကားလိုက္ရတဲ့ေျခသံေတြေၾကာင့္ တစ္ေယာက္ေယာက္ ေရာက္လာမွန္းသိလိုက္ေလသည္။
"မနက္ေစာေစာမယ္...မ်က္နွာေတာ္ကအေတာ့္ကို ၾကည္လင္ေနပါ့..."
အမ္..ဘယ္လိုႀကီး ေျပာလိုက္တာတုန္းဟ.။
Zenအားယူကာ သူ႔ေရွ႕က အသံပိုင္ရွင္ကိုၾကည့္ရန္လုပ္ပါေသာ္လည္းမေအာင္ျမင္ေခ်.....။
ေဝဝါးေနသည့္ အျမင္အာရုံနွင့္ ဆတိုး၍ကိုက္ေနသည့္ ဦးေခါင္းကေဝဒနာကZenအားနွိပ္စက္ေနသည္။
Zen ျမင္ရလိုျမင္ရျငား မ်က္လုံးေမွးက်ဥ္းကာ တစ္ေက်ာ့ျပန္ၾကည့္ပါေသာ္လည္း အခ်ည္းနွီးသာ မ်က္နွာကို ေကာင္းစြာမျမင္ရ..။
"ၾကည့္လွခ်ည္လား...အသယၤာရဲ႕။ မေန႔ညကတင္ ေလာေလာလတ္လတ္ ၾကင္ဖက္အရာေျမာက္သြားတဲ့ က်ဳပ္ကို ၾကည့္လို႔မဝစ...။ ဟုတ္ရဲ႕လား.."
အေနွာင့္အသြားမလြတ္သည္ထက္ ပိုေသာစကားတို႔သည္ Zen၏နားထဲ ေထာ္ေလာ္ကန္႔လန္႔....။
ဒီလူဘာေတြလာေျပာေနတာလဲ...။
"အိမ္း.....က်ဳပ္ကေတာ့ျဖင့္..အသယၤာတစ္ေယာက္မ်ား အကူညီလိုေလမလားလို႔ လာၾကည့္တာပ။ သို႔ေပမဲ့ ၾကည့္ရတာ ေဒါင္ေဒါင္ျမည္ပဲမို႔...က်ဳပ္မယ္ အခုေတာင္ ညကကိစၥကို ျပန္ဆက္ခ်င္မိပါရဲ႕...ဟက္.."
ေလွာင္ရိပ္အျပည့္ပါေသာ စကားလုံးနွင့္ ရယ္သံတို႔က Zenအားေခါင္းပိုကိုက္ေစသည္...။
အခုထိ ဇာတ္လမ္းကို မသိေသးသည့္တိုင္ Zenသူ႔ေရွ႕ကလူကိုသိပ္မၾကည္ပါေခ်..။
တရိပ္ရိပ္နဲ႔ တဖန္ျပန္တက္လာတဲ့ ေခါင္းထဲကေဝဒနာက Zenေတြးလက္စေတြကို ရပ္ေပးကာ သတိကင္းမဲ့သြားေစသည္။
ေစာနက ခနဲ႔တဲ့တဲ့စကားတို႔ကိုေျပာေနေသာ အခန္းထဲမွ ထိုလူကလည္း အသယၤာလဲက်ေတာ့မည့္အရိပ္အေယာင္ေတြ႕သည္နွင့္ အက်င့္ပါေနသည့္ ခႏၶာကိုယ္အမူအက်င့္ကို မထိန္းခ်ဳပ္နိုင္ပါဘဲ ေျပးေပြ႕လိုက္မိျပန္ပါသည္။
ရင္ခြင္ထဲေခါင္းမွီက်လာသည့္ ေမ့ေျမာေနသည့္လူသား၏ မ်က္နွာအားအနီးကပ္ေတြ႕လိုက္ရသည့္အခ်ိန္မွ အသိဝင္လာသည္ထင္....ေစာနက စိုးရိမ္ေနသည့္ေႏြးေထြးသည့္အၾကည့္တို႔အစား မုန္းတီးေနသည့္အၾကည့္နွင့္ ေလွာင္ရိပ္သန္းေနသည့္ မဲ့ျပဳံးတစ္ပြင့္က တစ္ဖန္ေနရာယူသည္။
ထို႔ေနာက္ ထိုလူသည္ သူ႔ကိုယ္သူ ဟာသတစ္ခုအလား ျပန္၍ေလွာင္ေျပာင္သည့္စကားတို႔ကိုဆိုျပန္သည္။
"ေၾသာ္....ဒီခႏၶာနွယ္..ယခုတိုင္အက်င့္တို႔က ပါေနျပန္ပါၿပီ....တကယ္ပဲ မေကာင္းတဲ့အက်င့္ကေဖ်ာက္ရအခက္ပါေကာ..."
ကုတင္ထက္ ေနရာျပန္ခ်ၿပီးသည့္ေနာက္တြင္ ထိုေကာင္ေလး၏မ်က္နွာကို ေစ့ေစ့စပ္စပ္ၾကည့္လိုက္သည္။
ျဖဴေဖ်ာ့ေနသည့္မ်က္နွာနွင့္ အားျပတ္ေနဟန္ရွိေသာ ေကာင္ေလးသည္ လြန္ခဲ့ေသာ ၂ရက္ကထက္စာလ်ွင္အေတာ္ကိုပိန္က်သြားသည္.
အတြင္းဝတ္သာ ဝတ္ထားသျဖင့္ တစ္စြန္းတစ္စေပၚလာသည့္ အညိဳအမဲအကြက္တို႔က ေသခ်ာေပါက္ ေတာ္ရုံနွင့္ေပ်ာက္မည့္အရာမ်ားမဟုတ္ပါေခ်။
လက္ေတာ္ေတာ္ လြန္သြားသည္ပဲ..။
"က်ဳပ္စိတ္ကို ထပ္ယိုင္္ေအာင္လုပ္ေနျပန္ပါၿပီ.."
ေနာက္ဆုံးအေနနဲ႔ မ်က္နွာကိုတစ္ခ်က္ၾကည့္ကာ အခန္းထဲကထြက္သြားရန္ ဆုံးျဖတ္လိုက္ေလေတာ့သည္။
မသြားခင္တြင္ေတာ့ ထိုေကာင္ေလးမၾကားနိုင္မွန္းသိရက္နဲ႔ပင္ စကားအခ်ိဳ႕ကိုထပ္မံေျပာခဲ့ေသးသည္။
"ခက္တာက...က်ဳပ္က မင္းရဲ႕အရင္ကဆရာအစ္ကိုလိုတုံးတုံးအအ မဟုတ္ေလေတာ့...မင္းရဲ႕လွည့္ကြက္ထဲ ဒုတိယမၸိ ခုန္ဆင္းဖို႔အေၾကာင္းမရွိတယ္..."
____________________________
မနက္ခင္းေတးသီေနတဲ့ ငွက္တို႔၏ အသံမ်ိဳးစုံက Zenအိပ္စက္ေနေသာ အခန္းအျပင္ဖက္ ၿခံဝန္းထဲမွလာျခင္းျဖစ္သည္။
မနက္ေဝလီေဝလင္း ေက်ာ္ရုံမ်ွအခ်ိန္ျဖစ္လင့္ကစား ဒီကမၻာေရာက္ထဲက အိပ္ေနေသာ Zenတစ္ေယာက္က ယခုတြင္ေတာ့ ခြန္အားအျပည့္ျဖင့္ ျပန္လည္နိုးထလာသည္။
[Host...နိုးၿပီလား..ဘယ္လိုေနေသးလဲ..သက္သာရဲ႕လား...]
နိုးနိုးခ်င္းပင္ Kiအသံကို ၾကားလိုက္ရသည္မို႔ မေန႔ကကိစၥကိုေမးရန္ျပင္လိုက္သည္။
"ငါမေန႔ကျပန္ေမ့လဲသြားတာလား....ဘယ္လိုျဖစ္ၿပီးေတာ့လဲ..."
[Hostဝင္ထားတဲ့ ခႏၶာကိုယ္က လက္ရွိမွာ အားနည္းေနတဲ့အခ်ိန္မို႔ပါ ဒါေပမဲ့ကြၽန္ေတာ္ကုထားေပးၿပီးၿပီေလ...အခုHostနိုးလာေတာ့ အားျပည့္မေနဘူးလား..
]
Kiေျပာသလိုပင္ Zenအခု အားျပည့္ေနသည္လို႔ ခံစားရသည္မို႔ ဘာမွထပ္မေမးေတာ့ဘဲ Dataေတြပို႔ရန္သာ ေျပာလိုက္သည္။
ေခါင္းထဲ တိုးႀကိတ္ကာဝင္လာသည့္Dataေတြကို Zenခဏေနတဲ့အထိမဖတ္နိုင္ေသးပင္..။
ဘယ္ေလာက္ပင္ ကမၻာေတြကူးကူး Dataေတြေခါင္းထဲဝင္လာသည့္အခါ ခံစားရသည့္ နာက်င္မႈကိုZenအခုထိအသားမက်ေသးပါေခ်။
[Host....spaceထဲမွာေျပာခဲ့တာေတြကို မေမ့ပါနဲ႔...ဒီကမၻာကေနစၿပီး ေရွ႕ေလ်ွာက္ အခက္အခဲေတြအမ်ားႀကီးရွိေတာ့မွာမို႔ သတိထားပါ...]
Kiရဲ႕စကားကို ေခါင္းၿငိမ့္ျပကာ တုံ႔ျပန္ၿပီးေနာက္ Dataေတြကို ဖြင့္ၾကည့္လိုက္ေလသည္။
ယခုကမၻာကား ယခင္ကမၻာေတြထက္ အနည္းငယ္ဆန္းသည္။ ေရွးေခတ္ဟုေျပာလို႔ရေသာ္ျငား Zenအရင္ကၾကဳံခဲ့ရသည့္ ေခတ္မ်ားနွင့္မတူ...အေျပာအဆို..အျပဳအမူနွင့္ ဝတ္ပုံစားပုံေတြကအစ ကြဲျပားသည္။
ထို႔ျပင္ ယခုparallel universeတြင္ ဇာတ္လိုက္မမရွိေပ။
ဇာတ္ေၾကာင္းအရ ဇာတ္လိုက္မွာ ဝဏၷဳေဇဒါျပည္၏ ပထမတန္းအဆင့္ဗိုလ္မွဴးခ်ဳပ္ျဖစ္ၿပီး သီဟဝဠာဘြဲ႕ရရွိထားသူ ဗိုလ္မွဴးေနာ္ခြန္း႐ြယ္ ျဖစ္သည္။
ဇာတ္လိုက္၏ ဂုဏ္သတင္းမွာ ဝဏၷဳေဇဒါတြင္သာမက ပတ္ဝန္းက်င္တိုင္းျပည္မ်ားအထိပါ ေက်ာ္ေစာသည္။ ထို႔မ်ွမက ေနာ္ခြန္း႐ြယ္သည္ ဝဏၷဳေဇဒါျပည့္ရွင္၏ ေမြးစားသားျဖစ္သည့္အျပင္ နန္းတက္အိမ္ေရွ႕စံနွင့္အၿပိဳင္ နန္းလ်ာျခင္းခံထားရေသာ သူျဖစ္သည္။
ထိုမ်ွေလာက္ လက္ရုံးရည္နွလုံးရည္နွင့္ ျပည့္စုံေသာေနာ္ခြန္း႐ြယ္လိုလူက ထီးနန္းအတြက္ စိတ္ဝင္စားျခင္းအလ်င္းမရွိပါေသာ စိတ္သေဘာထားျပည့္ဝလြန္းသူျဖစ္သည္။
ရိုးရိုးရွင္းရွင္းသာ ေနတတ္သည့္ေနာ္ခြန္း႐ြယ္တြင္ ခင္တြယ္ရသူဆို၍ မိသားစုအရင္းအခ်ာလိုသေဘာထားရေသာ ညီငယ္တစ္ျဖစ္လဲ သူ႔ထက္ ၅နွစ္မ်ွသာငယ္ေသာ တပည့္ျဖစ္သူ ပထမတန္းအဆင့္ဗိုလ္မွဴးငယ္ ခက္လြန္းအသယၤာ တစ္ေယာက္သာရွိသည္။
ေနာ္ခြန္း႐ြယ္သည္ ခက္လြန္းအသယၤာအား မည္မ်ွခင္တြယ္လဲဆိုလ်ွင္ ၁၀နွစ္အ႐ြယ္သားအ႐ြယ္ထဲက အရိပ္တၾကည့္ၾကည့္ျဖင့္ ရွိလွသည့္အျပင္ သူ႔ရဲ႕ က်န္တဲ့ဘဝသက္တမ္းကိုေတာင္ ခက္လြန္းအသယၤာနွင့္ ေအးေအးခ်မ္းခ်မ္းေနသြားရန္ ဆႏၵရွိသူျဖစ္သည္။
သို႔ေပမဲ့...အရာအာလုံးဟာ ေနာ္ခြန္း႐ြယ္ ထင္ထားသည္နွင့္ ဆန္႔က်င္ဖက္ျဖစ္လာေလသည္။
မိမိ ညီငယ္ေလးလို အလြန္ခ်စ္ခင္ရေသာသူက ေနာက္ေက်ာကိုဓားျဖင့္ထိုးကာ ေနာ္ခြန္း႐ြယ္အားေသေစခဲ့ေသာ အဓိကတရားခံျဖစ္ေနေလသည္။
ခက္လြန္းအသယၤာဆိုသည့္ ဗိုလ္မွဴးငယ္သည္ အိမ္ေရွ႕စံ ဝဏၰကုမၼံနွင့္ေပါင္းကာ ေနာ္ခြန္း႐ြယ္အား အဆိပ္သံုးကာလုပ္ႀကံခဲ့သည္။
ေနာ္ခြန္း႐ြယ္ေသဆုံးၿပီးေနာက္တြင္ေတာ့ ထိုအမ်ိဳးသားက အိမ္ေရွ႕စံ၏အမႈေတာ္ကိုဆက္လက္ထမ္းေဆာင္ခဲ့သည္။
ေနာ္ခြန္း႐ြယ္တစ္ေယာက္ မယုံၾကည္နိုင္ျခင္းတို႔နွင့္အတူ အႀကီးမားဆုံးနာၾကည္းခ်က္တို႔ျဖစ္ေပၚလာကာ စိတ္၏ျပင္းျပေသာ ဆႏၵတို႔ကို လႈပ္ႏွိုးမိသျဖင့္ နတ္ဘုရားတို႔က ေနာ္ခြန္း႐ြယ္အား ဒုတိယအႀကိမ္ အခြင့္ေရးေပးကာ ျပန္လည္ေမြးဖြားေစသည္။
"ခဏ...ဒါဆို ေနာ္ခြန္း႐ြယ္က ျပန္ေမြးဖြားလာတာေပါ့..."
[ဟုတ္ပါတယ္...Host..]
အံ့ၾသမႈေၾကာင့္ မ်က္ခုံးပင့္တက္သြားသည့္Zenက က်န္ရွိေနသည့္ ဇာတ္လမ္းကိုဆက္ဖတ္္သည္။
အခြင့္အေရးတစ္ေၾကာ့ျပန္ရသည့္ ေနာ္ခြန္း႐ြယ္သည္ မူလကလို မေႏြးေထြးေတာ့ဘဲ ေအးစက္သထက္ေအးစက္ကာ သူ႔အားဒုကၡေရာက္ေစသည့္လူမွန္သမ်ွကို လက္စားလိုက္ေခ်ေတာ့သည္။
အိမ္ေရွ႕စံဝဏၰကုမၼံကို သူ႔အားလုပ္ႀကံသလိုျပန္၍လုပ္ႀကံကာ တိုင္းျပည္၏ အိမ္ေရွ႕မင္းသားရာထူးကိုသိမ္းသည္။
ခက္လြန္းအသယၤာကိုမူ အေၾကာင္းျပခ်က္ေရေရရာရာမရွိပါဘဲ မသတ္ပစ္ပဲခ်န္လွပ္ထားကာ ရွင္လ်က္နွင့္ ဒုကၡမ်ိဳးစုံကိုခံစားေစသည္။
ပထမဦးစြာ....ခက္လြန္းအသယၤာအားေဆးခတ္ကာ အတင္းအဓမၼၾကင္ဖက္အရာေျမာက္ေစျခင္းျဖင့္ ဗိုလ္မွဴးငယ္ဆိုေသာ ဂုဏ္ကိုပ်က္ျပားေအာင္လုပ္သည္။
တစ္ရက္တစ္မ်ိဳးမရိုးရေအာင္ နွိပ္စက္ေနေသာ ေနာ္ခြန္း႐ြယ္မွာ ခက္လြန္းအသယၤာေသလုေျမာပါးအေျခအေနျဖစ္လာလ်ွင္ ေဆးကုေပးကာ ျပန္ေကာင္းလာသည္နွင့္ အရင္လိုျပန္နွိပ္စက္သည္။
သို႔နွင့္ ေနာ္ခြန္း႐ြယ္ နန္းတက္သည့္ဦးဆုံးနွစ္မွာပင္ ခက္လြန္းအသယၤာတစ္ေယာက္ အမ်ိဳးအမည္မသိေသာ ေရာဂါျဖင့္ဆုံးပါးခဲ့ေလသည္။
"အကြၽန္ုပ္မွာ အရွင့္အေပၚ က်ဴးလြန္မိတဲ့ အျပစ္တစ္စုံတစ္ရာမ်ား ရွိပါေကာ အရွင္..."
"အျပစ္ဟုတ္စ...?မင္း က်ဳပ္အေပၚ က်ဴးလြန္ခဲ့တဲ့အျပစ္ေတြက မ်ားလြန္းလို႔က်ဳပ္ျဖင့္ ေရေတာင္မေရတြက္နိုင္ၿပီ..။မင္းရဲ႕ အဓိကအႀကီးမားဆုံးအျပစ္ကေတာ့...ဒီေလာကႀကီးထဲမယ္ ေမြးဖြားလာျခင္းပဲျဖစ္လိမ့္မယ္.."
"ခြင့္လႊတ္ပါ့..အရွင္။ အကြၽန္ုပ္နဲ႔မသက္ဆိုင္တဲ့ ေလာကႀကီးထဲ အရွင့္ေဘးေနခ်င္ရုံေလးနဲ႔ အတၲႀကီးစြာ အသက္ဆက္ခဲ့မိပါတယ္...။ အခုေတာ့ျဖင့္ အကြၽန္ုပ္နားလည္ၿပီမို႔...အကြၽန္ုပ္ရဲ႕အျပစ္ေတြအတြက္ ဒီအဖိုးမတန္တဲ့အသက္ကိုသာ အစားျပန္ယူပါေလ..။ အကြၽန္ုပ္မွာ အရွင့္အတြက္ တျခားေပးစရာမရွိေတာ့ၿပီ.."
စကားသံဆုံးသြားသည့္ေနာက္တြင္ လဲက်သြားသည့္ ခႏၶာကိုယ္ေလးသည္ ၾကမ္းျပင္ထက္တြင္ၿငိမ္သက္စြာလဲေလ်ာင္းေနခဲ့၏။
မ်က္စိေရွ႕ျဖစ္သြားသည့္ အျဖစ္အပ်က္ေတြကို အခုထိေၾကာင္အစြာေငးေနမိတဲ့ ေနာ္ခြန္း႐ြယ္သည္ ခဏၾကာမွအသိဝင္ကာ ေအာ္ရယ္ေတာ့သည္။
"အဟား....တယ္ အတင့္ရဲေနပါ့လား အသယၤာရဲ႕...။
က်ဳပ္ရဲ႕ ခြင့္ျပဳခ်က္မရဘဲ ေသခ်င္ေသးသပါ့..။ ဘယ္သူ႔သေဘာနဲ႔လဲ...။ ခ်က္ခ်င္းျပန္ထစမ္း...မဟုတ္ရင္ က်ဳပ္ရဲ႕အဆိုးမဆိုနဲ႔ပ."
ေနာ္ခြန္း႐ြယ္ ဘယ္ေလာက္ေျပာေျပာ ၿငိမ္သက္ေနဆဲျဖစ္သည့္ ခက္လြန္းအသယၤာသည္ သူ႔အဖို႔ေအးခ်မ္းသည့္ေနရာကိုေရာက္သြားနွင့္ေလၿပီ..။
တေ႐ြ႕ေ႐ြ႕နွင့္ ခက္လြန္းအသယၤာရွိရာဆီေလ်ွာက္သြားသည့္ ေနာ္ခြန္း႐ြယ္သည္ ခက္လြန္းအသယၤာ၏ေဘးတြင္ ဒူးေထာက္ထိုင္ခ်လ်က္ အသက္မဲ့ခႏၶာကိုယ္ေလးအား ရင္ခြင္ထဲေပြ႕ယူကာ အသာလႈပ္နွိုးသည္။
"လြန္းငယ္....ဒီအစ္ကို ေျပာေနတယ္ေလ.။ထစမ္းပါကြယ္...."
"လြန္းငယ္....ဒီအစ္ကိုက မင္းကိုေနာက္ထပ္ မနွိပ္စက္ေတာ့ပါဘူးလို႔ ကတိေပးတယ္ပါ့.။ ဒါေၾကာင့္ နည္းနည္းျဖစ္ျဖစ္ ဒီအစ္ကိုကိုသနားေသာအားျဖင့္ ျပန္လာခဲ့ပါ့ လြန္းငယ္ရယ္....."
နင့္နင့္သည္းသည္းငိုေႂကြးေနသည့္ ေနာ္ခြန္း႐ြယ္သည္ ရင္ခြင္ထဲက ခက္လြန္းအသယၤာအား က်စ္က်စ္ပါေအာင္ဖက္ထားေလသည္။
ဇာတ္ေၾကာင္းကိုဖတ္ေနရင္း ရုတ္တရက္ေတြ႕ရသည့္ Memoryတစ္ပိုင္းတစ္စကို ဖြင့္ၾကည့္ေလေတာ့ ျမင္လိုက္ရသည့္ျမင္ကြင္းေၾကာင့္ Zenအနည္းငယ္ေတာ့သေဘာေပါက္လာသလိုလိုရွိသည္။
ဒီကမၻာရဲ႕ ဇာတ္လိုက္က...psychoျဖစ္ေနတာ....
ခက္လြန္းအသယၤာ၏ ေသဆုံးျခင္းက ေနာ္ခြန္း႐ြယ္အား ရက္စက္သည့္မင္းတစ္ပါးအျဖစ္ေျပာင္းလဲေစခဲ့သည္။
ရာဇဝင္တြင္ လူတိုင္းပါးစပ္ဖ်ား၌ အရက္စက္ဆုံးမင္းအျဖစ္ မွတ္တမ္းတင္က်န္ရစ္ခဲ့ေလသည္။
ေနာ္ခြန္း႐ြယ္ လုံးဝမသိသြားခဲ့သည့္ အရာကေတာ့ ပထမဘဝတြင္ သူ႔အား လုပ္ႀကံသည့္သူမွာ ခက္လြန္းအသယၤာမဟုတ္သည္ကိုပင္။
ခက္လြန္းအသယၤာ၏ ေမြးစားဖခင္သည္ ခက္လြန္းအသယၤာ၏ မ်က္နွာနွင့္ခြၽတ္စြပ္တူသည့္ လူ႔အေရျပားမ်က္ႏွာဖုံးကို တပ္ဆင္ကာ ခက္လြန္းအသယၤာအသြင္ယူလ်က္ အိမ္ေရွ႕စံနွင့္ေပါင္းကာ ေနာ္ခြန္း႐ြယ္အား လုပ္ႀကံခဲ့ျခင္းျဖစ္သည္။
အမွန္စင္စစ္ ခက္လြန္းအသယၤာမွာ ဘဝနွစ္ခုစလုံးတြင္ သနားစရာဇာတ္ေကာင္ေလးျဖစ္သည္။
ပထမဘဝတြင္ မိမိဘဝအတြက္အေရးႀကီးဆုံးလူတစ္ေယာက္ျဖစ္သည့္ ေနာ္ခြန္း႐ြယ္သည္ ရုတ္တရက္လုပ္ႀကံခံရကာ ေသဆုံးသြားျခင္းေၾကာင့္ အရူးမီးဝိုင္းျဖစ္သြားသည့္ ခက္လြန္းအသယၤာသည္ ေသေသခ်ာခ်ာမေတြးေတာနိုင္ေတာ့ဘဲ အိမ္ေရွ႕စံ၏လွည့္ကြက္ထဲ အလြယ္တကူပင္ဝင္သြားေတာ့သည္။
အိမ္ေရွ႕စံ၏ အမႈထမ္းအမည္ခံျဖင့္ ေနာ္ခြန္း႐ြယ္အတြက္ တရားမ်ွတမႈကို လိုက္ရွာရင္း
မထင္မွတ္ဘဲ အျဖစ္မွန္ကိုသိရွိသြားသည့္အခ်ိန္တြင္ ေနာ္ခြန္း႐ြယ္အစား လက္စားေခ်ဖို႔ ႀကိဳးစားသည့္အတြက္ ေမြးစားဖခင္၏ နႈတ္ပိတ္ျခင္းကို ခံရကာ အသက္ဆုံးရႈံးခဲ့သည္။
ဒုတိယဘဝတြင္လည္း ရုတ္တရက္ေျပာင္းလဲသြားသည့္ ေနာ္ခြန္း႐ြယ္၏ အဓမၼသိမ္းပိုက္ျခင္းကို ခံရသည့္အျပင္ မည္သည့္အျပစ္မွမလုပ္ပါဘဲ တစ္ဘဝလုံးနွိပ္စက္ခံခဲ့ရသည္။
Zen ဇာတ္ေၾကာင္းအစုံကို ဖတ္ၿပီးသည့္ေနာက္တြင္ မည္သူ႔ကိုသနားရမွန္းမသိေလာက္ေအာင္ျဖစ္သြားေလသည္။
ဇာတ္လမ္းက ခ်စ္လ်က္နဲ႔ ကြဲသြားတဲ့ခ်စ္သူနွစ္ဦးအေၾကာင္းဖတ္ရသကဲ့သို႔ပင္...။
"ဆိုေတာ့....ငါက ဒီထဲမွာဘယ္သူလဲ...ဇာတ္လိုက္မမရွိတဲ့ ကမၻာဆိုေတာ့...ငါကဇာတ္လိုက္ ေနာ္ခြန္း႐ြယ္ပဲျဖစ္ရမယ္..ဟုတ္တယ္မလား..."
Zen၏ အေမးကို Kiကတံေတြးၿမိဳခ်ကာ သြားအရင္ၿဖဲျပလိုက္သည္။
[အဲ့တာကေလ...အဟဲ...Hostက ဇာတ္လိုက္မဟုတ္ဘူး..... ခက္လြန္းအသယၤာရဲ႕ ခႏၶာကိုယ္ထဲေရာက္ေန.....]
"ဘာ..!!"
Kiစကားမဆုံးခင္ထြက္လာသည့္ Zen၏ေအာ္သံက အခန္းျပင္ကေနၾကားရန္ေတာင္လုံေလာက္သည္။
"ဘယ္သူလို႔ေျပာလိုက္တာ...ခက္လြန္းအသယၤာ....?"
မယုံၾကည္နိုင္ျဖစ္ေနသည့္ Zenရဲ႕အမူအရာက အေတာ္ေလးေၾကာင္ေတာင္ေတာင္နိုင္လွသည္။
ရုတ္တရက္ သူမေန႔ကနိုးနိုးခ်င္းလာေတြ႕တဲ့ လူအေၾကာင္းျပန္အမွတ္ရမိေလေတာ့ ကုတင္ေပၚ ထိုင္ခ်မိသြားသည္္။
What the hell!!
_______________________________
>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီလိုပုံစံေလးကို Moodအေတာ္ဝင္ေနလို႔ updateျမန္ေလာက္တယ္..
ဒါနဲ႔ Hostက ukeျဖစ္သြားတာမဟုတ္ဘူးေနာ္...
ူမူလခက္လြန္းအသယၤာကသာ ukeျဖစ္ခ်င္ျဖစ္မယ္ Hostက Semeပဲေနာ္...အထင္မွားကုန္မွာစုိးလို႔😆
ဖတ္ၿပီးဘယ္လိုေနလဲေျပာခဲ့ပါဦး....
ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ
>>>>>>>>>>>>>>>>>>>>>>>>>
{Unicode}
မူးနောက်နေတဲ့ ခေါင်းက ကမ္ဘာတွေကူးတိုင်း Zenအားပိုပိုခံရခက်စေသည်။
လှဲနေလျက်အနေထားကနေ ခေါင်းကိုထိန်းကိုင်ကာ ထထိုင်လေတော့ နောက်ကျောတစ်လျှောက်လုံး စူးခနဲနာကျင်မှုက အသင့်စောင့်ကြိုပြန်သည်။
အခုလောလောဆယ်တွင် ဘေးပတ်ဝန်ကျင်ကိုစူးစမ်းဖို့နေနေသာသာ လက်ရှိရောက်နေတဲ့ခန္ဓာကိုယ်ကိုပင် ပြန်မလဲသွားအောင်စိတ်ထိန်းထားရသည်။
ဘယ်လိုခန္ဓာကိုယ်ထဲရောက်နေပြန်တာလဲ အားပျော့လိုက်တာ..။
အခုထိ Kiရဲ့အသံမကြားရသေးတာကြောင့် ဆက်သွယ်ဖို့ပြင်လေတော့ အခန်းတံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရတဲ့ခြေသံတွေကြောင့် တစ်ယောက်ယောက် ရောက်လာမှန်းသိလိုက်လေသည်။
"မနက်စောစောမယ်...မျက်နှာတော်ကအတော့်ကို ကြည်လင်နေပါ့..."
အမ်..ဘယ်လိုကြီး ပြောလိုက်တာတုန်းဟ.။
Zenအားယူကာ သူ့ရှေ့က အသံပိုင်ရှင်ကိုကြည့်ရန်လုပ်ပါသော်လည်းမအောင်မြင်ချေ.....။
ဝေဝါးနေသည့် အမြင်အာရုံနှင့် ဆတိုး၍ကိုက်နေသည့် ဦးခေါင်းကဝေဒနာကZenအားနှိပ်စက်နေသည်။
Zen မြင်ရလိုမြင်ရငြား မျက်လုံးမှေးကျဉ်းကာ တစ်ကျော့ပြန်ကြည့်ပါသော်လည်း အချည်းနှီးသာ မျက်နှာကို ကောင်းစွာမမြင်ရ..။
"ကြည့်လှချည်လား...အသင်္ယာရဲ့။ မနေ့ညကတင် လောလောလတ်လတ် ကြင်ဖက်အရာမြောက်သွားတဲ့ ကျုပ်ကို ကြည့်လို့မဝစ...။ ဟုတ်ရဲ့လား.."
အနှောင့်အသွားမလွတ်သည်ထက် ပိုသောစကားတို့သည် Zen၏နားထဲ ထော်လော်ကန့်လန့်....။
ဒီလူဘာတွေလာပြောနေတာလဲ...။
"အိမ်း.....ကျုပ်ကတော့ဖြင့်..အသင်္ယာတစ်ယောက်များ အကူညီလိုလေမလားလို့ လာကြည့်တာပ။ သို့ပေမဲ့ ကြည့်ရတာ ဒေါင်ဒေါင်မြည်ပဲမို့...ကျုပ်မယ် အခုတောင် ညကကိစ္စကို ပြန်ဆက်ချင်မိပါရဲ့...ဟက်.."
လှောင်ရိပ်အပြည့်ပါသော စကားလုံးနှင့် ရယ်သံတို့က Zenအားခေါင်းပိုကိုက်စေသည်...။
အခုထိ ဇာတ်လမ်းကို မသိသေးသည့်တိုင် Zenသူ့ရှေ့ကလူကိုသိပ်မကြည်ပါချေ..။
တရိပ်ရိပ်နဲ့ တဖန်ပြန်တက်လာတဲ့ ခေါင်းထဲကဝေဒနာက Zenတွေးလက်စတွေကို ရပ်ပေးကာ သတိကင်းမဲ့သွားစေသည်။
စောနက ခနဲ့တဲ့တဲ့စကားတို့ကိုပြောနေသော အခန်းထဲမှ ထိုလူကလည်း အသင်္ယာလဲကျတော့မည့်အရိပ်အယောင်တွေ့သည်နှင့် အကျင့်ပါနေသည့် ခန္ဓာကိုယ်အမူအကျင့်ကို မထိန်းချုပ်နိုင်ပါဘဲ ပြေးပွေ့လိုက်မိပြန်ပါသည်။
ရင်ခွင်ထဲခေါင်းမှီကျလာသည့် မေ့မြောနေသည့်လူသား၏ မျက်နှာအားအနီးကပ်တွေ့လိုက်ရသည့်အချိန်မှ အသိဝင်လာသည်ထင်....စောနက စိုးရိမ်နေသည့်နွေးထွေးသည့်အကြည့်တို့အစား မုန်းတီးနေသည့်အကြည့်နှင့် လှောင်ရိပ်သန်းနေသည့် မဲ့ပြုံးတစ်ပွင့်က တစ်ဖန်နေရာယူသည်။
ထို့နောက် ထိုလူသည် သူ့ကိုယ်သူ ဟာသတစ်ခုအလား ပြန်၍လှောင်ပြောင်သည့်စကားတို့ကိုဆိုပြန်သည်။
"သြော်....ဒီခန္ဓာနှယ်..ယခုတိုင်အကျင့်တို့က ပါနေပြန်ပါပြီ....တကယ်ပဲ မကောင်းတဲ့အကျင့်ကဖျောက်ရအခက်ပါကော..."
ကုတင်ထက် နေရာပြန်ချပြီးသည့်နောက်တွင် ထိုကောင်လေး၏မျက်နှာကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။
ဖြူဖျော့နေသည့်မျက်နှာနှင့် အားပြတ်နေဟန်ရှိသော ကောင်လေးသည် လွန်ခဲ့သော ၂ရက်ကထက်စာလျှင်အတော်ကိုပိန်ကျသွားသည်.
အတွင်းဝတ်သာ ဝတ်ထားသဖြင့် တစ်စွန်းတစ်စပေါ်လာသည့် အညိုအမဲအကွက်တို့က သေချာပေါက် တော်ရုံနှင့်ပျောက်မည့်အရာများမဟုတ်ပါချေ။
လက်တော်တော် လွန်သွားသည်ပဲ..။
"ကျုပ်စိတ်ကို ထပ်ယိုင်အောင်လုပ်နေပြန်ပါပြီ.."
နောက်ဆုံးအနေနဲ့ မျက်နှာကိုတစ်ချက်ကြည့်ကာ အခန်းထဲကထွက်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။
မသွားခင်တွင်တော့ ထိုကောင်လေးမကြားနိုင်မှန်းသိရက်နဲ့ပင် စကားအချို့ကိုထပ်မံပြောခဲ့သေးသည်။
"ခက်တာက...ကျုပ်က မင်းရဲ့အရင်ကဆရာအစ်ကိုလိုတုံးတုံးအအ မဟုတ်လေတော့...မင်းရဲ့လှည့်ကွက်ထဲ ဒုတိယမ္ပိ ခုန်ဆင်းဖို့အကြောင်းမရှိတယ်..."
____________________________
မနက်ခင်းတေးသီနေတဲ့ ငှက်တို့၏ အသံမျိုးစုံက Zenအိပ်စက်နေသော အခန်းအပြင်ဖက် ခြံဝန်းထဲမှလာခြင်းဖြစ်သည်။
မနက်ဝေလီဝေလင်း ကျော်ရုံမျှအချိန်ဖြစ်လင့်ကစား ဒီကမ္ဘာရောက်ထဲက အိပ်နေသော Zenတစ်ယောက်က ယခုတွင်တော့ ခွန်အားအပြည့်ဖြင့် ပြန်လည်နိုးထလာသည်။
[Host...နိုးပြီလား..ဘယ်လိုနေသေးလဲ..သက်သာရဲ့လား...]
နိုးနိုးချင်းပင် Kiအသံကို ကြားလိုက်ရသည်မို့ မနေ့ကကိစ္စကိုမေးရန်ပြင်လိုက်သည်။
"ငါမနေ့ကပြန်မေ့လဲသွားတာလား....ဘယ်လိုဖြစ်ပြီးတော့လဲ..."
[Hostဝင်ထားတဲ့ ခန္ဓာကိုယ်က လက်ရှိမှာ အားနည်းနေတဲ့အချိန်မို့ပါ ဒါပေမဲ့ကျွန်တော်ကုထားပေးပြီးပြီလေ...အခုHostနိုးလာတော့ အားပြည့်မနေဘူးလား..
]
Kiပြောသလိုပင် Zenအခု အားပြည့်နေသည်လို့ ခံစားရသည်မို့ ဘာမှထပ်မမေးတော့ဘဲ Dataတွေပို့ရန်သာ ပြောလိုက်သည်။
ခေါင်းထဲ တိုးကြိတ်ကာဝင်လာသည့်Dataတွေကို Zenခဏနေတဲ့အထိမဖတ်နိုင်သေးပင်..။
ဘယ်လောက်ပင် ကမ္ဘာတွေကူးကူး Dataတွေခေါင်းထဲဝင်လာသည့်အခါ ခံစားရသည့် နာကျင်မှုကိုZenအခုထိအသားမကျသေးပါချေ။
[Host....spaceထဲမှာပြောခဲ့တာတွေကို မမေ့ပါနဲ့...ဒီကမ္ဘာကနေစပြီး ရှေ့လျှောက် အခက်အခဲတွေအများကြီးရှိတော့မှာမို့ သတိထားပါ...]
Kiရဲ့စကားကို ခေါင်းငြိမ့်ပြကာ တုံ့ပြန်ပြီးနောက် Dataတွေကို ဖွင့်ကြည့်လိုက်လေသည်။
ယခုကမ္ဘာကား ယခင်ကမ္ဘာတွေထက် အနည်းငယ်ဆန်းသည်။ ရှေးခေတ်ဟုပြောလို့ရသော်ငြား Zenအရင်ကကြုံခဲ့ရသည့် ခေတ်များနှင့်မတူ...အပြောအဆို..အပြုအမူနှင့် ဝတ်ပုံစားပုံတွေကအစ ကွဲပြားသည်။
ထို့ပြင် ယခုparallel universeတွင် ဇာတ်လိုက်မမရှိပေ။
ဇာတ်ကြောင်းအရ ဇာတ်လိုက်မှာ ဝဏ္နုဇေဒါပြည်၏ ပထမတန်းအဆင့်ဗိုလ်မှူးချုပ်ဖြစ်ပြီး သီဟဝဠာဘွဲ့ရရှိထားသူ ဗိုလ်မှူးနော်ခွန်းရွယ် ဖြစ်သည်။
ဇာတ်လိုက်၏ ဂုဏ်သတင်းမှာ ဝဏ္နုဇေဒါတွင်သာမက ပတ်ဝန်းကျင်တိုင်းပြည်များအထိပါ ကျော်စောသည်။ ထို့မျှမက နော်ခွန်းရွယ်သည် ဝဏ္နုဇေဒါပြည့်ရှင်၏ မွေးစားသားဖြစ်သည့်အပြင် နန်းတက်အိမ်ရှေ့စံနှင့်အပြိုင် နန်းလျာခြင်းခံထားရသော သူဖြစ်သည်။
ထိုမျှလောက် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသောနော်ခွန်းရွယ်လိုလူက ထီးနန်းအတွက် စိတ်ဝင်စားခြင်းအလျင်းမရှိပါသော စိတ်သဘောထားပြည့်ဝလွန်းသူဖြစ်သည်။
ရိုးရိုးရှင်းရှင်းသာ နေတတ်သည့်နော်ခွန်းရွယ်တွင် ခင်တွယ်ရသူဆို၍ မိသားစုအရင်းအချာလိုသဘောထားရသော ညီငယ်တစ်ဖြစ်လဲ သူ့ထက် ၅နှစ်မျှသာငယ်သော တပည့်ဖြစ်သူ ပထမတန်းအဆင့်ဗိုလ်မှူးငယ် ခက်လွန်းအသင်္ယာ တစ်ယောက်သာရှိသည်။
နော်ခွန်းရွယ်သည် ခက်လွန်းအသင်္ယာအား မည်မျှခင်တွယ်လဲဆိုလျှင် ၁၀နှစ်အရွယ်သားအရွယ်ထဲက အရိပ်တကြည့်ကြည့်ဖြင့် ရှိလှသည့်အပြင် သူ့ရဲ့ ကျန်တဲ့ဘဝသက်တမ်းကိုတောင် ခက်လွန်းအသင်္ယာနှင့် အေးအေးချမ်းချမ်းနေသွားရန် ဆန္ဒရှိသူဖြစ်သည်။
သို့ပေမဲ့...အရာအာလုံးဟာ နော်ခွန်းရွယ် ထင်ထားသည်နှင့် ဆန့်ကျင်ဖက်ဖြစ်လာလေသည်။
မိမိ ညီငယ်လေးလို အလွန်ချစ်ခင်ရသောသူက နောက်ကျောကိုဓားဖြင့်ထိုးကာ နော်ခွန်းရွယ်အားသေစေခဲ့သော အဓိကတရားခံဖြစ်နေလေသည်။
ခက်လွန်းအသင်္ယာဆိုသည့် ဗိုလ်မှူးငယ်သည် အိမ်ရှေ့စံ ဝဏ္ဏကုမ္မံနှင့်ပေါင်းကာ နော်ခွန်းရွယ်အား အဆိပ်သုံးကာလုပ်ကြံခဲ့သည်။
နော်ခွန်းရွယ်သေဆုံးပြီးနောက်တွင်တော့ ထိုအမျိုးသားက အိမ်ရှေ့စံ၏အမှုတော်ကိုဆက်လက်ထမ်းဆောင်ခဲ့သည်။
နော်ခွန်းရွယ်တစ်ယောက် မယုံကြည်နိုင်ခြင်းတို့နှင့်အတူ အကြီးမားဆုံးနာကြည်းချက်တို့ဖြစ်ပေါ်လာကာ စိတ်၏ပြင်းပြသော ဆန္ဒတို့ကို လှုပ်နှိုးမိသဖြင့် နတ်ဘုရားတို့က နော်ခွန်းရွယ်အား ဒုတိယအကြိမ် အခွင့်ရေးပေးကာ ပြန်လည်မွေးဖွားစေသည်
"ခဏ...ဒါဆို နော်ခွန်းရွယ်က ပြန်မွေးဖွားလာတာပေါ့..."
[ဟုတ်ပါတယ်...Host..]
အံ့သြမှုကြောင့် မျက်ခုံးပင့်တက်သွားသည့်Zenက ကျန်ရှိနေသည့် ဇာတ်လမ်းကိုဆက်ဖတ်သည်။
အခွင့်အရေးတစ်ကြော့ပြန်ရသည့် နော်ခွန်းရွယ်သည် မူလကလို မနွေးထွေးတော့ဘဲ အေးစက်သထက်အေးစက်ကာ သူ့အားဒုက္ခရောက်စေသည့်လူမှန်သမျှကို လက်စားလိုက်ချေတော့သည်။
အိမ်ရှေ့စံဝဏ္ဏကုမ္မံကို သူ့အားလုပ်ကြံသလိုပြန်၍လုပ်ကြံကာ တိုင်းပြည်၏ အိမ်ရှေ့မင်းသားရာထူးကိုသိမ်းသည်။
ခက်လွန်းအသင်္ယာကိုမူ အကြောင်းပြချက်ရေရေရာရာမရှိပါဘဲ မသတ်ပစ်ပဲချန်လှပ်ထားကာ ရှင်လျက်နှင့် ဒုက္ခမျိုးစုံကိုခံစားစေသည်။
ပထမဦးစွာ....ခက်လွန်းအသင်္ယာအားဆေးခတ်ကာ အတင်းအဓမ္မကြင်ဖက်အရာမြောက်စေခြင်းဖြင့် ဗိုလ်မှူးငယ်ဆိုသော ဂုဏ်ကိုပျက်ပြားအောင်လုပ်သည်။
တစ်ရက်တစ်မျိုးမရိုးရအောင် နှိပ်စက်နေသော နော်ခွန်းရွယ်မှာ ခက်လွန်းအသင်္ယာသေလုမြောပါးအခြေအနေဖြစ်လာလျှင် ဆေးကုပေးကာ ပြန်ကောင်းလာသည်နှင့် အရင်လိုပြန်နှိပ်စက်သည်။
သို့နှင့် နော်ခွန်းရွယ် နန်းတက်သည့်ဦးဆုံးနှစ်မှာပင် ခက်လွန်းအသင်္ယာတစ်ယောက် အမျိုးအမည်မသိသော ရောဂါဖြင့်ဆုံးပါးခဲ့လေသည်။
"အကျွန်ုပ်မှာ အရှင့်အပေါ် ကျူးလွန်မိတဲ့ အပြစ်တစ်စုံတစ်ရာများ ရှိပါကော အရှင်..."
"အပြစ်ဟုတ်စ...?မင်း ကျုပ်အပေါ် ကျူးလွန်ခဲ့တဲ့အပြစ်တွေက များလွန်းလို့ကျုပ်ဖြင့် ရေတောင်မရေတွက်နိုင်ပြီ..။မင်းရဲ့ အဓိကအကြီးမားဆုံးအပြစ်ကတော့...ဒီလောကကြီးထဲမယ် မွေးဖွားလာခြင်းပဲဖြစ်လိမ့်မယ်.."
"ခွင့်လွှတ်ပါ့..အရှင်။ အကျွန်ုပ်နဲ့မသက်ဆိုင်တဲ့ လောကကြီးထဲ အရှင့်ဘေးနေချင်ရုံလေးနဲ့ အတ္တကြီးစွာ အသက်ဆက်ခဲ့မိပါတယ်...။ အခုတော့ဖြင့် အကျွန်ုပ်နားလည်ပြီမို့...အကျွန်ုပ်ရဲ့အပြစ်တွေအတွက် ဒီအဖိုးမတန်တဲ့အသက်ကိုသာ အစားပြန်ယူပါလေ..။ အကျွန်ုပ်မှာ အရှင့်အတွက် တခြားပေးစရာမရှိတော့ပြီ.."
စကားသံဆုံးသွားသည့်နောက်တွင် လဲကျသွားသည့် ခန္ဓာကိုယ်လေးသည် ကြမ်းပြင်ထက်တွင်ငြိမ်သက်စွာလဲလျောင်းနေခဲ့၏။
မျက်စိရှေ့ဖြစ်သွားသည့် အဖြစ်အပျက်တွေကို အခုထိကြောင်အစွာငေးနေမိတဲ့ နော်ခွန်းရွယ်သည် ခဏကြာမှအသိဝင်ကာ အော်ရယ်တော့သည်။
"အဟား....တယ် အတင့်ရဲနေပါ့လား အသင်္ယာရဲ့...။
ကျုပ်ရဲ့ ခွင့်ပြုချက်မရဘဲ သေချင်သေးသပါ့..။ ဘယ်သူ့သဘောနဲ့လဲ...။ ချက်ချင်းပြန်ထစမ်း...မဟုတ်ရင် ကျုပ်ရဲ့အဆိုးမဆိုနဲ့ပ."
နော်ခွန်းရွယ် ဘယ်လောက်ပြောပြော ငြိမ်သက်နေဆဲဖြစ်သည့် ခက်လွန်းအသင်္ယာသည် သူ့အဖို့အေးချမ်းသည့်နေရာကိုရောက်သွားနှင့်လေပြီ..။
တရွေ့ရွေ့နှင့် ခက်လွန်းအသင်္ယာရှိရာဆီလျှောက်သွားသည့် နော်ခွန်းရွယ်သည် ခက်လွန်းအသင်္ယာ၏ဘေးတွင် ဒူးထောက်ထိုင်ချလျက် အသက်မဲ့ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲပွေ့ယူကာ အသာလှုပ်နှိုးသည်။
"လွန်းငယ်....ဒီအစ်ကို ပြောနေတယ်လေ.။ထစမ်းပါကွယ်...."
"လွန်းငယ်....ဒီအစ်ကိုက မင်းကိုနောက်ထပ် မနှိပ်စက်တော့ပါဘူးလို့ ကတိပေးတယ်ပါ့.။ ဒါကြောင့် နည်းနည်းဖြစ်ဖြစ် ဒီအစ်ကိုကိုသနားသောအားဖြင့် ပြန်လာခဲ့ပါ့ လွန်းငယ်ရယ်....."
နင့်နင့်သည်းသည်းငိုကြွေးနေသည့် နော်ခွန်းရွယ်သည် ရင်ခွင်ထဲက ခက်လွန်းအသင်္ယာအား ကျစ်ကျစ်ပါအောင်ဖက်ထားလေသည်။
ဇာတ်ကြောင်းကိုဖတ်နေရင်း ရုတ်တရက်တွေ့ရသည့် Memoryတစ်ပိုင်းတစ်စကို ဖွင့်ကြည့်လေတော့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် Zenအနည်းငယ်တော့သဘောပေါက်လာသလိုလိုရှိသည်။
ဒီကမ္ဘာရဲ့ ဇာတ်လိုက်က...psychoဖြစ်နေတာ....
ခက်လွန်းအသင်္ယာ၏ သေဆုံးခြင်းက နော်ခွန်းရွယ်အား ရက်စက်သည့်မင်းတစ်ပါးအဖြစ်ပြောင်းလဲစေခဲ့သည်။
ရာဇဝင်တွင် လူတိုင်းပါးစပ်ဖျား၌ အရက်စက်ဆုံးမင်းအဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့လေသည်။
နော်ခွန်းရွယ် လုံးဝမသိသွားခဲ့သည့် အရာကတော့ ပထမဘဝတွင် သူ့အား လုပ်ကြံသည့်သူမှာ ခက်လွန်းအသင်္ယာမဟုတ်သည်ကိုပင်။
ခက်လွန်းအသင်္ယာ၏ မွေးစားဖခင်သည် ခက်လွန်းအသင်္ယာ၏ မျက်နှာနှင့်ချွတ်စွပ်တူသည့် လူ့အရေပြားမျက်နှာဖုံးကို တပ်ဆင်ကာ ခက်လွန်းအသင်္ယာအသွင်ယူလျက် အိမ်ရှေ့စံနှင့်ပေါင်းကာ နော်ခွန်းရွယ်အား လုပ်ကြံခဲ့ခြင်းဖြစ်သည်။
အမှန်စင်စစ် ခက်လွန်းအသင်္ယာမှာ ဘဝနှစ်ခုစလုံးတွင် သနားစရာဇာတ်ကောင်လေးဖြစ်သည်။
ပထမဘဝတွင် မိမိဘဝအတွက်အရေးကြီးဆုံးလူတစ်ယောက်ဖြစ်သည့် နော်ခွန်းရွယ်သည် ရုတ်တရက်လုပ်ကြံခံရကာ သေဆုံးသွားခြင်းကြောင့် အရူးမီးဝိုင်းဖြစ်သွားသည့် ခက်လွန်းအသင်္ယာသည် သေသေချာချာမတွေးတောနိုင်တော့ဘဲ အိမ်ရှေ့စံ၏လှည့်ကွက်ထဲ အလွယ်တကူပင်ဝင်သွားတော့သည်။
အိမ်ရှေ့စံ၏ အမှုထမ်းအမည်ခံဖြင့် နော်ခွန်းရွယ်အတွက် တရားမျှတမှုကို လိုက်ရှာရင်း
မထင်မှတ်ဘဲ အဖြစ်မှန်ကိုသိရှိသွားသည့်အချိန်တွင် နော်ခွန်းရွယ်အစား လက်စားချေဖို့ ကြိုးစားသည့်အတွက် မွေးစားဖခင်၏ နှုတ်ပိတ်ခြင်းကို ခံရကာ အသက်ဆုံးရှုံးခဲ့သည်။
ဒုတိယဘဝတွင်လည်း ရုတ်တရက်ပြောင်းလဲသွားသည့် နော္ခွန်းရွယ်၏ အဓမ္မသိမ်းပိုက်ခြင်းကို ခံရသည့်အပြင် မည်သည့်အပြစ်မှမလုပ်ပါဘဲ တစ်ဘဝလုံးနှိပ်စက်ခံခဲ့ရသည်။
Zen ဇာတ်ကြောင်းအစုံကို ဖတ်ပြီးသည့်နောက်တွင် မည်သူ့ကိုသနားရမှန်းမသိလောက်အောင်ဖြစ်သွားလေသည်။
ဇာတ်လမ်းက ချစ်လျက်နဲ့ ကွဲသွားတဲ့ချစ်သူနှစ်ဦးအကြောင်းဖတ်ရသကဲ့သို့ပင်...။
"ဆိုတော့....ငါက ဒီထဲမှာဘယ်သူလဲ...ဇာတ်လိုက်မမရှိတဲ့ ကမ္ဘာဆိုတော့...ငါကဇာတ်လိုက် နော်ခွန်းရွယ်ပဲဖြစ်ရမယ်..ဟုတ်တယ်မလား..."
Zen၏ အမေးကို Kiကတံတွေးမြိုချကာ သွားအရင်ဖြဲပြလိုက်သည်။
[အဲ့တာကလေ...အဟဲ...Hostက ဇာတ်လိုက်မဟုတ်ဘူး..... ခက်လွန်းအသင်္ယာရဲ့ ခန္ဓာကိုယ်ထဲရောက်နေ.....]
"ဘာ..!!"
Kiစကားမဆုံးခင်ထွက်လာသည့် Zen၏အော်သံက အခန်းပြင်ကနေကြားရန်တောင်လုံလောက်သည်။
"ဘယ်သူလို့ပြောလိုက်တာ...ခက်လွန်းအသင်္ယာ....?"
မယုံကြည်နိုင်ဖြစ်နေသည့် Zenရဲ့အမူအရာက အတော်လေးကြောင်တောင်တောင်နိုင်လှသည်။
ရုတ်တရက် သူမနေ့ကနိုးနိုးချင်းလာတွေ့တဲ့ လူအကြောင်းပြန်အမှတ်ရမိလေတော့ ကုတင်ပေါ် ထိုင်ချမိသွားသည်။
What the hell!!
_______________________________
>>>>>>>>>>>>>>>>>>>>>>>>>>>
ဒီလိုပုံစံလေးကို Moodအတော်ဝင်နေလို့ updateမြန်လောက်တယ်..
ဒါနဲ့ Hostက ukeဖြစ်သွားတာမဟုတ်ဘူးနော်...
ူမူလခက်လွန်းအသင်္ယာကသာ ukeဖြစ်ချင်ဖြစ်မယ် Hostက Semeပဲနော်...အထင်မှားကုန်မှာစိုးလို့😆
ဖတ်ပြီးဘယ်လိုနေလဲပြောခဲ့ပါဦး....
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ
>>>>>>>>>>>>>>>>>>>>>>>>>