မုရံုခ်ီခ်ီ သို႔ မေကာင္းဆိုးဝ...

By December_Moe

14.6K 2.5K 299

... More

Chapter 99
Chapter 100
Chpater 101
Chapter 102
Chapter : 103
Chapter 104
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Not update
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137

Chapter 105

353 74 4
By December_Moe

Zawgyi

"အဆင္ေျပသြားလိမ့္မယ္!"

ဖုန္းခ်န္က ပိုၿပီး ေအးေဆးတည္ၿငိမ္ေနသည္။ ဝမ္ရမ္ခန္စြမ္းရည္ကို သူဘယ္လိုလုပ္ မသိပဲ ေနမွာလဲ? သူသာ ဒါကို မေ႐ွာင္နိုင္ရင္ သူတကယ္ကို ဖ်င္းေသးတာပဲ!

ဓားက ဝမ္ရမ္ခန္ကို ထိုးစိုက္လုနီးတြင္ ဝမ္ရမ္ခန္သည္ ေနာက္ဘက္ကို ကြၽမ္းထိုးလိုက္ၿပီး စင္ေအာက္ကို ျပဳတ္က်သြားေသာ္လည္း သူ႔လက္တဖက္မွာ စင္အစြန္းကို ကိုင္ထားလွ်က္ ႐ွိေနေသးသည္။

ထိုကဲ့သို႔ သူ႔ဓား ေလထဲကို ထိုးမိသြားျခင္းမွာ လံုဇယ္က်င့္ထ်န္းရဲ႕ ေမွ်ာ္မွန္းထားခ်က္ကို ေက်ာ္လြန္သြားၿပီ ျဖစ္သည္။ လက္တစံုကို သူ ျမင္လိုက္ေသာအခါ လံုဇယ္က်င့္ထ်န္း၏ဓားသည္ ဝမ္ရမ္ခန္၏ လက္တစံုဆီသို႔ ညႇာတာမႈကင္းမဲ့စြာ ထိုးစိုက္လိုက္ေလသည္။

"Kang. .."

ဝမ္ရမ္ခန္သည္ ကိုယ္ကို တပတ္လွည့္လိုက္ၿပီး စင္ျမင့္ေပၚသို႔ ျပန္လည္ေရာက္႐ွိသြားသည္။ သူ႔ေျခဖဝါးျဖင့္ လံုဇယ္က်င့္ထ်န္း၏ဓားကို ကန္လိုက္ကာ ေရႊေရာင္အလင္းမွာ ေပါက္ကြဲလြႊင့္စင္လာေစသည္။

ဝမ္ရမ္ခန္၏ ဖိနပ္တဖက္စီတြင္ ေတာက္ပေသာ ဓားေျမွာင္တလက္စီ ႐ွိေနသည္ကို အခုမွသာ လံုဇယ္က်သ့္ထ်န္း သိလိုက္ရသည္။

"အိုး... မျဖစ္နိုင္ဘူး!"

လံုဇယ္က်င့္ထ်န္းက တႀကိမ္ထပ္ေအာ္လိုက္သည္။ ဝမ္ရမ္ခန္၏ ေျခဖဝါးသည္ သူ႔ဆီသို႔ ျပန္သန္းလာသည္။ ထိုသည္ကို ျမင္ၿပီးေနာက္ ဝမ္ရမ္ခန္၏ အင္အားအႀကီးဆံုးအရာမွာ သူ႔ေျခေထာက္မ်ားပင္ ျဖစ္သည္ဟု မုရံုခ်ီခ်ီ သေဘာေပါက္လိုက္သည္။ လ်င္ျမန္တယ္ ရက္စက္တယ္ အႏၱရာယ္မ်ားတယ္! ဝမ္ရမ္ခန္၏ ေျခေထာက္မ်ားသည္ လံုဇယ္က်င့္ထ်န္း၏ ေအာက္ပိုင္း အထူးသျဖင့္ ေျခေထာက္ဆီကို ထပ္ကာ ထပ္ကာ တိုက္ခိုက္ေနသည္။ တိုက္ခိုက္မႈတိုင္းတြင္ သတ္ျဖတ္လိုသည့္ ဆႏၵမ်ား ပါဝင္ေနသည္။

ထိုသည္ကို ၾကည့္ရင္း စုမိန္မွာ စိတ္ေအးသြားမႈႏွင့္အတူ သက္ျပင္းခ်လိုက္သည္။ ထိုခဏ သူမစိတ္ထဲတြင္ ဝမ္ရမ္ခန္ကို အျပစ္တင္ေျပာဆိုလာသည္။ ဒီေကာင္စုတ္ကေတာ့ တကယ္ပဲ လူေတြကို စိတ္ပူေအာင္ လုပ္တယ္! သူ႔ကိုယ္သူ ဒုကၡမျဖစ္ရေအာင္ကို မေနႏိုင္ဘူး!

ထိုခဏအတြင္း လံုဇယ္က်င့္ထ်န္းမွာ သူမ်ားျပဳသမွ် ႏုေနရသူ ျဖစ္လာသည္။ မူလကတည္းက သူ႔ေျခဖဝါးမွာ ဒဏ္ရာမ်ားစြာ ရ႐ွိထားၿပီး ျဖစ္သည္။ အခု သူတို႔မွာ ဝမ္ရမ္ခန္၏ တိုက္ခိုက္စရာ ျဖသ္လာသည္။ တျဖည္းျဖည္း ႏွင့္ လံုဇယ္က်င့္ထ်န္း ေျခလွမ္းတိုင္းမွာ အနီေရာင္ေသြးစီးေၾကာင္းမ်ားမွာ ေျမျပင္ေပၚ ပံုႏွိပ္ထားသလို ျဖစ္လာသည္။ ထိုအရာကို ျမင္ေသာ္ ျမင္ရသူပရိသတ္မ်ားမွာ မတ္တပ္ပင္ ထရပ္မိၾကသည္။

ဒီလိုမျဖစ္ႏိုင္ဘူး! ရံႈးလို႔ မျဖစ္ဘူး! လံုဇယ္က်င္ျထ်န္းသည္ အံႀကိတ္ထားလိုက္သည္။ သူသည္ ႐ွီးခ်ီ၏ က်င္းဝမ္ တေယာက္ျဖစ္သည္။ ဘာေၾကာင့္ ေပက်ိဳးရဲ႕ မင္းသားတေယာက္ကို ရံႈးနိမ့္သြားရမွာလဲ? ဒါဆိုရင္ အားလံုးကို သူမ်က္ႏွာပ်က္ရလိမ့္မယ္!

ေနာက္တႀကိမ္ ဝမ္ရမ္ခန္ တိုက္ခိုက္လိုက္ေသာအခါ သူသည္ ေ႐ွာင္လည္း မေ႐ွာင္ ပုန္းလည္း မပုန္းလိုက္ေပ။ သူ႔ေျခေထာက္တစံုမွာ ဒဏ္ရာႏွစ္ခု ရသြားသည္။

"ဝမ္ရယ္!"

မုရံုခ်င္းလ်န္က ေအာ္ဟစ္လိုက္ေသာ္လည္း လံုဇယ္က်င့္ထ်န္းကေတာ့ မည္သည့္နာက်င္မႈကိုမွ မခံစားရ သလိုပင္ ျပဳမူေနသည္။ အနည္းငယ္မွ်ေတာင္ ရပ္တန္႔သြားျခင္း မ႐ွိပဲ သူ႔ရဲ႕ဓားျဖင့္ ဝမ္ရမ္ခန္ကို ထိုးစိုက္လိုက္သည္။ ဝမ္ရမ္ခန္ကို သူ႔အား တိုက္ခိုက္ေနစျခင္းက ဝမ္ရမ္ခန္ႏွင့္ အနီးကပ္အခြင့္အေရး ရ႐ွိလာရန္ ႐ွာေဖြလိုျခင္းေၾကာင့္ ျဖစ္သည္။ သူ အခု ဝမ္ရမ္ခန္ကို စင္ျမင့္အစြန္းထိ တြန္းထုတ္ထားၿပီး ျဖစ္သည္။ အခု သူ ဒီအခြင့္ေကာင္းကို အသံုးခ်ရန္သာ လိုေတာ့သည္။

သူ႔ရဲ႕ ေျခေထာက္မ်ားကို အသံုးခ်ၿပီး လံုဇယ္က်င့္ထ်န္းသည္ သူ႔အား အႏိုင္ယူရန္ အခြင့္အေရးတခုအဖျစ္ ရ႐ွိလိုက္သည္။ ထိုအခ်က္က ဝမ္ရမ္ခန္ကို လံုဇယ္က်င့္ထ်န္းအား အနည္းငယ္ ေလးစားမိေစသည္။ ႐ုတ္ခ်ည္း သူ႔ဆီ ဦးတည္ၿပီးလာေနေသာ ဓားကို ဝမ္ရမ္ခန္က မေ႐ွာင္တိမ္းလိုက္ေပ။ သူက ခ်ဥ္းကပ္ၿပီး လံုဇယ္က်င့္ထ်န္းဓားကို
ဘယ္ဘက္လက္ျဖင့္ ဆုပ္ကိုင္လိုက္သည္။

"အား..."

ပရိသတ္ထဲမွ တေယာက္သည္ ေအာ္ဟစ္မိသြားသည္။

လံုဇယ္က်င့္ထ်န္းက ရပ္တန္႔မသြားပါ။ ဓားမွာ ေ႐ွ႕ကို ဆက္လက္ထိုးေဖာက္ဝင္ေရာက္ေနသည္။ ဓားမွာ ဝမ္ရမ္ခန္လက္ကို ေက်ာ္ျဖတ္သြားသည္။   ထိုအခ်ိန္တြင္ ႏွစ္ေယာက္သားမွာ မ်က္ႏွာခ်င္းဆိုင္ ျဖစ္လာသည္။ သူတို႔ၾကားမွ အကြာအေဝးသည္ လက္တစ္ေခ်ာင္းစာမွ်သာ ႐ွိေတာ့သည္။

"ဟီးဟီး"

ဝမ္ရမ္ခန္က ႐ုတ္တရက္ ထရယ္လိုက္သည္။ ထိုအရာက လံုဇယ္က်င့္ထ်န္းႏွလံုးသားထဲတြင္ မေကာင္းေသာ ခံစားခ်က္ကို တိုးျမႇင့္လာေစသည္။

"က်င္းဝမ္... ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ဖို႔ လက္ေမာင္းတဖက္ကို ဘယ္လို ဆံုးရံႈးခံႏိုင္ရမယ္ဆိုတာ မင္းတေယာက္တည္းတင္ သိတာမဟုတ္ဘူး"

စကားေျပာဆိုၿပီးေနာက္ ဝမ္ရမ္ခန္၏ ညာလက္သည္ လံုဇယ္က်င့္ထ်န္း၏ ရင္ဘတ္ကို ထိုးႏွက္လိုက္သည္။

"ဘန္း!"

လံုဇယ္က်င့္ထ်န္းကို စင္ျမင့္ေပၚမွ ျပဳတ္က်သြားေစသည္။

ဝမ္ရမ္ခန္သည္ လက္ထဲမွ ဓားကို အေဝးကို ပစ္ၿပီး ဖယ္႐ွားလိုက္ကာ လံုဇယ္က်င့္ထ်န္းကို ေလးနက္တည္ၾကည္ေသာ အမူအရာျဖင့္ ၾကည့္လိုက္သည္။ သူ႔လက္ဖဝါးမွ ေသြးမ်ားသည္ ေျမျပင္ေပၚ တစက္ၿပီး တစက္ က်ဆင္းေနသည္။

"မင္း ရံႈးသြားၿပီ! ဘယ္လိုပဲ ျဖစ္ျဖစ္ မင္းက ေလးစားစရာ ၿပိဳင္ဘက္တေယာက္ပါ"

ဝမ္ရမ္ခန္ စင္ေအာက္သို႔ ဆင္းလာေသာအခါ စုမိန္သည္ သူ႔ဆီ အေျပးသြားကာ သူ႔လက္ကို ကိုင္လိုက္သည္။ အ႐ိုးမ်ား ျမင္ရေအာင္ ဓားျဖင့္ ျဖတ္ေတာက္ျခင္း ခံထားရေသာ ဒဏ္ရာကို ျမင္ေသာအခါ စုမိန္သည္ ႏွလံုးသားနာၾကင္သလို ငိုမိေတာ့သည္။

"႐ွင္ အ႐ူးပဲ!"

"မိန္အာေလး... မင္းက ငါ့အတြက္ေၾကာင့္ ငိုေနတာလား?"

ဝမ္ရမ္ခန္လက္ေခ်ာင္းမ်ားမွာ စုမိန္၏ မ်က္ရည္မ်ားကို ညင္သာစြာ တို႔ထိလိုက္သည္။ သူသည္ ထိုမ်က္ရည္ကို ပါးစပ္ထဲ ထည့္ၿပီး အရသာခံလိုက္သည္။

"မ်က္ရည္က ခါးတယ္! ငါေတာ့ မႀကိဳက္ဘူး! ေနာက္ကို မငိုနဲ႔ေတာ့ေနာ္... ငါ မင္းရဲ႕ ၾကမ္းတမ္းတဲ့ ပံုစံကိုပဲ ပိုႀကိဳက္တယ္"

ဝမ္ရမ္ခန္ရဲ႕ ထိုကဲ့သို႔ အမႈမထားသလို စကားမ်ားကို ၾကားေသာအခါ စုမိန္က ပို၍ပင္ သည္းသည္းထန္ထန္ ငိုေတာ့သည္။

"႐ွင္... လူရမ္းကားေကာင္! ကြၽန္မ ဘယ္ေလာက္ေတာင္ စိတ္ပူေနမိလဲဆိုတာ ႐ွင္မသိလို႔လား?!"

"အိုင္းယားယား..."

စုမိန္ထံမွ အဆူဆဲခံလိုက္ရျခင္းက ဝမ္ရမ္ခန္စိတ္ကို ပိုေကာင္းသြားေစသည္။ သို႔ေသာ္ သူက နာက်င္ေနသည့္ အမူအရာလုပ္လိုက္သည္။

"မိန္အားေလး! မင္းက ငါ့ဒဏ္ရာကို မကုသေပးဘူးဆိုရင္ ေနာက္ပိုင္းက် မသန္မစြမ္းျဖစ္သြားမွာကို ငါ ေၾကာက္မိတယ္"

အခုမွသာ ဝမ္ရမ္ခန္လက္က ဒဏ္ရာရေနတယ္ဆိုတာကို စုမိန္လည္း သတိရမိေတာ့သည္။ ဒဏ္ရာကို ပတ္တီးစည္းေပးရန္ သူ႔အား အေဝးသို႔ ေခၚေဆာင္သြားေတာ့သည္။

တျခားတဖက္တြင္ လံုဇယ္က်င့္ထ်န္းသည္လည္း သူ႔ထိုင္ခံုသို႔ ပို႔ေဆာင္ေပးျခင္း ခံလိုက္ၿပီ ျဖစ္သည္။ သူ႔ေျခေထာက္မွ ဒဏ္ရာကို သမားေတာ္က ပတ္တီးစည္းေပးေနသည္ကို ၾကည့္ရင္း မုရံုခ်င္းလ်န္၏ မ်က္လံုးမွ မ်က္ရည္မ်ား က်ဆင္းလာသည္။

"ဒဏ္ရာက အ႐ိုးကို မထိပါဘူး! ဒဏ္ရာက အေပၚယံဒဏ္ရာေတြပါ"

သမားေတာ္က ထိုသို႔ေျပာေသာ္လည္း မုရံုခ်င္းလ်န္မွာ သူမႏွလံုးသားနာက်င္ေနသလို ခံစားေနရသည္။

သူမ ေျမႂကြက္ေတြကို ေၾကာက္ၿပီး သူက သူမကို သယ္ၿပီး ခ်ိန္းႀကိဳးေပၚက ျဖတ္သန္းခဲ့ရတာသာ မဟုတ္လွ်င္ လံုဇယ္က်င့္ထ်န္းလည္း ေျခေထာက္ဒဏ္ရာမရေတာ့ပဲ စင္ေပၚမွာ ဟိုလူယုတ္မာေကာင္ရဲ႕ အႏိုင္က်င့္ျခင္းကို ခံရေတာ့မည္ မဟုတ္ေပ။

"ထပ္ငိုမေနနဲ႔ေတာ! ၿပိဳင္ပြဲေကာင္းေကာင္း ၿပိဳင္ႏိုင္ေအာင္ ကိုယ့္ကိုယ္ကိုယ္ ျပင္ဆင္ထားေခ်ေတာ့!"

လံုဇယ္က်င့္ထ်န္းသည္ အနည္းငယ္ ပင္ပန္းေနပံု ေပၚသည္။ ဒီၿပိဳင္ပြဲကို ရံႈးနိမ့္ၿပီးေနာက္ ေလးႏိုင္ငံၿပိဳင္ပြဲတြင္ ေမွ်ာ္လင့္ခ်က္မ႐ွိေတာ့သလို ခံစားမိသည္။ မုရံုခ်င္းလ်န္က မုရံုခ်ီခ်ီႏွင့္ တိုက္ခိုက္ျခင္းတြင္ သူ႔အသိစိတ္က မုရံုခ်ီခ်ီပဲ ႏိုင္မည္ဟု ေျပာၾကားေနသည္။

လံုဇယ္က်င့္ထ်န္းက မိမိရံႈးနိမ့္မႈအတြက္ ႀကိဳတင္ျပင္ဆင္ထားသည္ကို မုရံုခ်င္းလ်န္က မသိေပ။ ထိုအစား သူ႔စကားေၾကာင့္ပင္ သူမ၏ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈမွာ တရာရာခိုင္နႈန္းထက္ပင္ ေက်ာ္လြန္ျမင့္တက္သြားေလသည္။

"ဝမ္ရယ္... ဘာမွ မစိုးရိမ္ပါနဲ႔! ကြၽန္မက ေသခ်ာေပါက္ ႏိုင္မွာပါ"

မုရံုခ်င္းလ်န္သည္ မုရံုခ်ီခ်ီကို အႏိုင္ယူၿပီး လံုဇယ္က်င့္ထ်န္းအတြက္ လက္စားေခ်ရန္ အလြန္စိတ္အားထက္သန္ေနသည္။ မုရံုခ်ီခ်ီသည္ ေျမေခြးသားေမႊးအ​ေပၚဝတ္ကို ေျဖးေျဖးခ်င္း ခြၽတ္လိုက္သည္။ သူမသည္ စင္ျမင့္ေပၚသို႔ ေအးေဆးသက္သာေသာ ေျခလွမ္းျဖင့္ တက္ေရာက္လိုက္သည္။

ယေန႔သည္ ၿပိဳင္ပြဲေန႔ျဖစ္သည္။ သူမသည္ အနီေရာင္ကို အထူးတလွယ္ဝတ္ဆင္ထားသည္။  ပူေႏြးၿပီး တားဆီးမရေသာ အေရာင္သည္ ဤေဆာင္းရာသီဒီဇင္ဘာလတြင္ ႏွင္းေတာထဲမွ ဝင့္ဝင့္ႂကြားႂကြား ပြင့္လန္းလာသည္လ အနီေရာင္ဆီးပန္းပြင့္ေလးတပြင့္ႏွယ္ မုရံုခ်ီခ်ီကို ပါးနပ္လိမ္မာၿပီး သန္႔စင္ေသာ သြင္ျပင္ကို ျဖစ္ေစသည္။

မုရံုခ်င္းလ်န္သည္ ခါးသီးမုန္းတီးေသာ အမူအရာျဖင့္ စင္ေပၚ တက္လာသည္ကို ျမင္ေသာ္ မုရံုခ်ီခ်ီက ရယ္ေမာလိုက္ကာ

"နင္ေတာင္ ေရာက္လာၿပီပဲ!"

မုရံုခ်ီခ်ီ၏ တည္ၿငိမ္ေအးေဆးသည့္ မ်က္ႏွာေပးကို ျမင္ရၿပီးေနာက္ မုရံုခ်င္းလ်န္သည္ ခ်က္ခ်င္း ေဒါသျဖစ္လာသည္။ သူမသည္ သူမ၏ဓားေပ်ာ့ကို ထုတ္လိုက္ၿပီး သူမအတြင္းအားကို လ်င္လ်င္ျမန္ျမန္ ထုတ္ေဖာ္လိုက္သည္။

"႐ို! အတည္ႀကီး ျဖစ္ေနၿပီလား? နင့္ဘက္ အတည္ျဖစ္ေနၿပီဆိုမွေတာ့ ငါလည္း နင္နဲ႔အတူ ပူးေပါင္းေပးရေတာ့မွာေပါ့!"

မုရံုခ်ီခ်ီလက္နက္သည္ ကူလီနဲ႔ တိုက္ခိုက္ခဲ့သည့္အခ်ိန္ႏွင့္ တူညီသည္။ ထိုအရာမွာ အနီေရာင္ပိတ္ပါးစပင္။ မုရံုခ်ီခ်ီ အလြန္တည္ၿငိမ္ေနသည္ကို ၾကည့္ရင္း က်ားလန္သည္ ေခါင္းၿငိမ့္လိုက္မိသည္။

"ဟိတ္ဟန္ထုတ္လိုက္တဲ့ အေနအထားက​ေတာ့ မဆိုးဘူး! ဘယ္လို အေျဖထြက္လာမယ္မွန္းမွ မသိတာ!"

"ဆရာက်ားလန္... ဘယ္သူႏိုင္လိမ့္မယ္ ထင္လဲ?"

က်င္ယုသည္ က်ားလန္ေဘးနားတြင္ ရပ္ေနၿပီး စင္ေပၚမွ မိန္းမႏွစ္ေယာက္ကို ၾကည့္လိုက္သည္။

"မုရံုခ်ီခ်ီ"

"ဘာေၾကာင့္လဲ?"

က်ားလန္၏ အေျဖမွာ က်င္ယုကို အနည္းငယ္အံ့ျသသြားေစသည္။

"အလိုလိုသိစိတ္!"

"ဒါေပမယ့္ ဆဌမထပ္မွာ ကြၽန္ေတာ္တို႔ ေတြ႔ခဲ့ရတဲ့ ပုလဲလံုးက လည္ဆြဲတခုဆီက ရလာတာ... အဲ့လည္ဆြဲကလည္း မုရံုခ်င္းလ်န္ပိုင္ဆိုင္တာေလ"

သူအရမ္းရႈပ္ေထြးေနသည္ကို က်င္ယုအသံထဲတြင္ ေဖာ္ျပေနသည္။

"အိုး သူမက အဲ့အထပ္က ျပသနာကို ေျဖ႐ွင္းႏိုင္ခဲ့ေပမယ့္ ဒီပြဲမွာ သူမႏိုင္မယ္လို႔ မဆိုလိုဘူးေလ။ ေစာင့္ၾကည့္လိုက္ရေအာင္!"

မုရံုခ်ီခ်ီႏွင့္ မုရံုခ်င္းလ်န္... ညီမႏွစ္ေယာက္မွာ ရင္းႏွင္ေဖာ္ေရြဟန္ ဟန္ေဆာင္ျခင္းမ်ားကို ခဝါခ်လိုက္သည္။ ဤတခ်ိန္တြင္ မည္သည့္ေလာကဝတ္စကားကိုမွ် ေျပာဆိုျခင္း မ႐ွိၾကေတာ့ေပ။ ဗံုသံကို ၾကားၿပီးေနာက္ သူတို႔ႏွစ္ေယာက္မွာ ပိုမို ေလးနက္လာၾကသည္။

၎သည္ ေလးႏိုင္ငံၿပိဳင္ပြဲ၏ ေနာက္ဆံုးယွဥ္ၿပိဳင္မႈ  ျဖစ္သည္။ ၎သည္ အေရးႀကီးဆံုးေသာ ၿပိဳင္ပြဲတခုလည္း ျဖစ္ေပသည္။ မူလတြင္ ေပက်ိဳးသည္ ႏွစ္ပြဲႏိုင္ျဖင့္ ယာယီဦးေဆာင္မႈ ရ႐ွိထားသည္။ အကယ္၍ မုရံုခ်င္းလ်န္သာ အႏိုင္ရ႐ွိလိုက္ပါက ႏွစ္ႏုိင္ငံသည္ သေရက်ေပလိမ့္မည္။ ထို႔ေနာက္ ၿပိဳင္ပြဲတခု ဆက္ၿပီး က်င္းပရေပလိမ့္မည္။

အားလံုးသည္ ႏွစ္ႏိုင္ငံလံုး၏ ၿပိဳင္ပြဲဝင္မ်ားကို ႐ွင္းလင္းစြာ ျမင္ႏိုင္သည္။ မုရံုခ်င္းလ်န္သည္ အျပာေရာင္ အဆင့္ငါး ျဖစ္သည္။ သူမ အသက္ဆယ့္ငါးႏွစ္တြင္ အဆင့္ငါးသို႔ ေရာက္႐ွိေနသည္မွာ အလြန္ပင္ ေတာ္လြန္းလွသည္။ ဒီဘက္ကို ၾကည့္လိုက္ပါလွ်င္ မုရံုခ်ီခ်ီသည္ မည္သည့္အတြင္းအားမွ ႐ွိမေနပဲ အမိႈက္မတေယာက္ဟု သတင္းထြက္ေနသည္။ သူမ တကယ္ပဲ ဒီၿပိဳင္ပြဲကို ေျဖ႐ွင္းႏိုင္ပါ့မလား?

ထိုေမးခြန္းသည္ ၿမိဳ႕သူ႔ၿမိဳ႕သားမ်ား၏ ႏွလံုးသားထဲတြင္ ရစ္ဝဲေနသည္။ လူတိုင္းသည္ မုရံုမိသားစုမွ ထိုညီအစ္မႏွစ္ေယာက္ကို မ်က္ေတာင္တခ်က္မွ်မခတ္ပဲ စိုက္ၾကည့္ေနၾကသည္။ ဘယ္သူက ဘယ္သူထက္ တဆင့္သာေနမလဲဆိုတာ သူတို႔သိခ်င္ေနၾကသည္။

မုရံုခ်ီခ်ီသည္ မုရံုခ်င္းလ်န္ကို ယဥ္ေက်းေနလိုစိတ္ မ႐ွိေတာ့ေပ။ ထို႔ေၾကာင့္ ၿပိဳင္ပြဲစလိုက္သည့္ တခဏ သူမသည္ အနီေရာင္ပိတ္စကို မုရံုခ်င္းလ်န္ဆီ တန္းတန္းမတ္မတ္ သြားေစလိုက္သည္။

အႏၱရာယ္႐ွိတယ္! မုရံုခ်င္းလ်န္ အာရံုေၾကာေတြက အႏၱရာယ္က်ေရာက္လာသည္ကို အာရံုခံမိေနသည္။ သူမ ေ႐ွာင္လိုက္ခ်င္သည္... သို႔ေသာ္ မုရံုခ်ီခ်ီ၏ အ႐ွိန္သည္ အလြန္ျမန္လြန္းလွသည္။ အရမ္း ျမန္သည္ သူမ တခ်က္ေတာင္ မေရြ႔လိုက္ရပါပဲ အနီေရာင္ပိတ္စသည္ သူမတင္ပါးကို ႐ိုက္မိေလသည္။

"ျဖန္း!"

မုရံုခ်င္းလ်န္မွာ မတတ္သာေတာ့ပဲ နာက်င္မႈေၾကာင့္ အသံတိုးတိုးျဖင့္ ေအာ္လိုက္သည္။

"နာလား?"

မုရံုခ်ီခ်ီသည္ မေကာင္းဆိုးဝါဆန္ေသာ္လည္း လွပေနေသးသည့္ အျပံဳးတခုကို ထုတ္ေဖာ္လိုက္သည္။

"ထပ္လာမယ့္ ပိုနာက်င္ရမယ့္ အရာေတြ ႐ွိေသးတယ္"

"ျဖန္း!"

ေနာက္တဖန္ အနီေရာင္ပိတ္စသည္ မုရံုခ်င္းလ်န္ကိုယ္ကို ႐ိုက္ခတ္လိုက္သည္။ ဒီတႀကိမ္တြင္ အားမွာ ပိုမိုအားျပင္းေလသည္။ ထို႐ိုက္ခ်က္မွာ မုရံုခ်င္းလ်န္ကို ေျမျပင္ေပၚသို႔ လဲက်ေစသည္။

မုရံုခ်င္းလ်န္မွာ တခ်က္မွ မလႈပ္႐ွားရေသးေသယ္လည္း တဖက္လူလက္ခ်က္ေၾကာင့္ သူမမွာ ေျမျပင္ေပၚသို႔ပင္ လဲက်ေနရသည္။ ထိုအျဖစ္က ႐ွီးခ်ီၿပိဳင္ပြဲဝင္ေတြကို အနည္းငယ္ေၾကာက္လန္႔ေနေသာ ၿမိဳ႕သူၿမိဳ႕သားေတြအား စတင္ပ်က္ရယ္ျပဳလာေစသည္။ စင္ျမင့္အျပင္ဘက္တြင္ မုရံုခ်င္းလ်န္အား အားနည္းေသာလူတေယာက္အျဖစ္ မေက်မနပ္ေျပာဆိုသံမ်ား ျပည့္ႏွက္ေနသည္။

"မုရံုခ်ီခ်ီ!!"

မုရံုခ်င္းလ်န္မထင္မွတ္ထားသည္မွာ ၿပိဳင္ပြဲစလိုက္သည္ႏွင့္ မုရံုခ်ီခ်ီမွ ထိုကဲ့သို႔ နည္းလမ္းမ်ိဳးအား အသံုးျပဳ၍ သူမအား အ႐ွက္ခြဲလိုက္ျခင္းပင္။ လူပံုအလယ္မွာ မိန္းကေလးတေယာက္ရဲ႕ တင္ပါးကို ႐ိုက္ခံရျခင္းဟာ ဘယ္ေလာက္႐ွက္စရာေကာင္းတဲ့ကိစၥလဲ?

"Ah. ."

မုရံုခ်ီခ်ီသည္ မုရံုခ်င္းလ်န္စကားကို ျပန္မေျဖခဲ့ပါ။ ထိုအစား သူမသည္ သူမလက္ထဲမွ ပိတ္စကို လႈပ္႐ွားေစၿပီး မုရံုခ်င္းလ်န္ဆီကို ဦးတည္သြားေစခဲ့သည္။

အနီေရာင္ပိတ္စပိုင္းႏွစ္ခုမွာ ေသြးသံတရဲရဲပါးစပ္မ်ားႏွင့္ အနီေရာင္မီးေႁမြႏွစ္ေကာင္သကဲ့သို႔ မုရံုခ်င္းလ်န္ကို ေလာင္ကြၽမ္းပစ္လိုေနသည္။

ဒီတႀကိမ္တြင္ မုရံုခ်င္းလ်န္သည္ ႀကိဳတင္ျပင္ဆင္ထားသည္။ ပိတ္စနီႏွစ္ခု အနားေရာက္လာမည္ကို မေစာင့္ေတာ့ပဲ ေဘးဘက္သို႔ လွိမ့္ေ႐ွာင္လိုက္သည္။

"ျဖန္း!"

အနီေရာင္ပိတ္စမွာ ေျမျပင္ကို ႐ိုက္ႏွက္မိသြားၿပီး ေက်ာက္တံုးကို အစိပ္စိပ္အမႊာမႊာ ကြဲေစသည္။ အပိုင္းအစေသးေသးတခုသည္ မုရံုခ်င္းလ်န္မ်က္ႏွာကို ထိမွန္သြားသည္။ ခ်က္ခ်င္းပင္ သူမနဖူးမွာ ဖူးေယာင္လာသည္။

အရင္တုန္းက သူမသည္ မုရံုခ်င္းလ်န္ကို အခ်ိန္အေတာ္ၾကာ သည္းခံလာခဲ့ရသည္။ ဒီတႀကိမ္တြင္မူ မုရံုခ်ီခ်ီသည္ မုရံုခ်င္းလ်န္ကို သင္ခန္းစာေပးရံုေလာက္ျဖင့္ ႐ိုး႐ွင္းႏိုင္မည္မဟုတ္။ မုရံုခ်င္းလ်န္ကို သူမ သတ္ပစ္ခ်င္သည္။

ယခင္က ေလးႏိုင္ငံၿပိဳင္ပြဲမ်ားတြင္ တေယာက္ေယာက္ ေသဆံုးခဲ့ရသည့္ အျဖစ္မ်ားမွာ အမ်ားႀကီးပင္ ႐ွိခဲ့ေလသည္။ ထို႔ေၾကာင့္ သူမသာ မုရံုခ်င္းလ်န္ကို ဤေနရာတြင္ သတ္ခဲ့မိလွ်င္ ကိစၥအေသးေလးသာ ျဖစ္ေပလိမ့္မည္။ ထို႔ေၾကာင့္ မုရံုခ်ီခ်ီတြင္ မုရံုခ်င္းလ်န္ကို စင္ေအာက္သို႔ ႐ိုက္ခ်ရန္ ရည္ရြယ္ထားျခင္း မ႐ွိေပ။ သူမကို သက္ညႇာေပးရန္ အခြင့္အေရးကိုလည္း ေပးႏိုင္မည္ မဟုတ္ေပ။

"ျဖန္း ျဖန္း ျဖန္း!"

အနီေရာင္ပိတ္စမွာ မုရံုခ်င္းလ်န္ေနာက္ကို တေကာက္ေကာက္လိုက္ေနသည္။ တႀကိမ္ၿပီး တႀကိမ္ ၎သည္ မုရံုခ်င္းလ်န္ကို ႐ိုက္ႏွက္ေနသည္။

အရင္ ကူလီႏွင့္ ၿပိဳင္စဥ္က မုရံုခ်ီခ်ီသည္ ကူလီကို ကစားလိုစိတ္ ႐ွိခဲ့သည္။ ထို႔ေၾကာင့္သာ အနီေရာင္ပိတ္စသည္ ကူလီေျခေထာက္ေဘးနား႐ွိ ေက်ာက္တံုးကိုသာ ထိမွန္ခဲ့သည္။ ဒီတေခါက္တြင္ မုရံုခ်ီခ်ီ၏ အနီေရာင္ပိတ္စသည္ မုရံုခ်င္းလ်န္ကိုယ္ေပၚကို တိတိက်က် ထိမွန္ေနသည္။

ဒီတေခါက္တြင္ မုရံုခ်င္းလ်န္မွာ တကိုယ္လံုး ႐ိုက္ခ်က္ေတြကို ခံေနရသည္။ ထိုသည္မွာ နာက်င္လြန္း၍ မ်က္ရည္မ်ားတြင္ ထြက္က်လုမတတ္ပင္။ သူမအတြင္းအားမွာလည္း လံုးဝအသံုးမဝင္သလို ျဖစ္ေန၏။ တစ္အခ်က္ သူမမွာ မုရံုခ်ီခ်ီႏွင့္ နီးကပ္ႏိုင္ရန္ အခြင့္အေရးမ႐ွိေသာေၾကာင့္ ျဖစ္၏။ ႏွစ္အခ်က္ ပြဲစကတည္းက မုရံုခ်ီခ်ီမွာ သူမကို တိုက္ခိုက္ရန္ လံုးဝအခြင့္အေရးမေပးေသာေၾကာင့္ ျဖစ္သည္။

ရပ္တန္႔မႈမပဲ တိုက္ခိုက္ၿပီးရင္း တိုက္ခိုက္ျခင္းသည္ မုရံုခ်ီခ်ီ လက္႐ွိလုပ္ေဆာင္ေနေသာ အရာျဖစ္၏။

လူတေယာက္သည္ အစဦးမႈကို ဆံုးရံႈးသြားေသာအခါ သူ/သူမ၏ ဘဝကို တျခားတေယာက္လက္ထဲသို႔ ထည့္ေပးလိုက္ရသည္ႏွင့္ တူညီေလသည္။ ထို႔ေၾကာင့္ ႐ွင္သန္န္ခ်င္လိုပါက ပထမဆံုး အစဦးမႈကို မိမိရရဆုပ္ကိုင္ထားႏိုင္ရန္ လိုအပ္ေပသည္။ ထိုအခ်က္မွာ ေမြးစားအေဖမွ သူမကို သင္ၾကားေပးခဲ့ေသာ အခ်က္ျဖစ္ၿပီး သူမအေနျဖင့္ ဘယ္ေသာအခါမွ မေမ့ထားရဲေသာ အခ်က္ပင္။

"ျဖန္း!"

ထိုအခ်ိန္တြင္ အနီေရာင္ပိတ္စသည္ မုရံုခ်င္းလ်န္မ်က္ႏွာကို ႐ိုက္လိုက္ေလသည္။ ခ်က္ခ်င္းပင္ သူမ၏ ဘယ္ဘက္ပါးမွာ အနီေရာင္ေပါင္မုန္႔လံုးတခုႏွယ္ နီရဲၿပီး ဖူးေယာင္လာေလသည္။

အနီေရာင္ပိတ္စသည္ သူမထံသို႔ ေနာက္ တႀကိမ္ ေရာက္လာသည္ကို ျမင္ေသာအခါ မုရံုခ်င္းလ်န္မွာ သူမမ်က္ႏွာကို ကာဆီးထားလိုခဲ့သည္။ သို႔ေပမယ့္ သူမသည္ တခ်က္စာ ေနာက္က်ေနသည္ကို မသိခဲ့ေပ။ အနီေရာင္ပိတ္စသည္ သူမညာဘက္ပါးကို ႐ိုက္လိုက္ျပန္သည္။ ယခု မုရံုခ်င္းလ်န္မ်က္ႏွာမွာ ဝက္တေကာင္ကဲ့သို႔ ဖူးေယာင္ေနေလသည္။ သူမသြင္ျပင္ကို ၾကည့္ရင္း ပရိသတ္မ်ားမွာ ရယ္ေမာမိေလသည္။ တခ်ိဳ႕သူမ်ားမွာ 'ေကာင္းတယ္'ဟုပင္ ေအာ္ဟစ္ေနၾကေလသည္။

မုရံုခ်ီခ်ီအတြက္ လက္ခုပ္တီးၿပီး အားေပးေနသူမ်ားလည္း ႐ွိေနေသးသည္။

မုရံုခ်ီခ်ီမွ မုရံုခ်င္းလ်န္ကို ျပင္းျပင္းထန္ထန္႐ိုက္ႏွက္ေနသည္ကို ျမင္ေသာအခါ ဝမ္ရမ္ေပါင္က်ဴးမွာ ဖိန္႔ဖိန္႔တုန္လႈပ္သြားသည္။

သူမ အထင္မွားခဲ့သည္မွာလည္း ေပၚထြက္လာသည္။ အတိတ္တြင္ မုရံုခ်ီခ်ီ အရမ္းေမာက္မာေနျခင္းမွာ သူမတြင္ အစြမ္းထက္ေသာ အေစခံမ်ား႐ွိနေျပီး မွီခို​ေနရေသာေၾကာင့္ဟု သူမ ေတြးမိခဲ့သည္။ ယခု ေနာက္ဆံုးေတာ့ သူမ သေဘာေပါက္သြားသည္။ မုရံုခ်ီခ်ီသည္ မည္သူ႔အေပၚမွ မွီခိုေနစရာ မလိုေပ။ သူမကိုယ္တိုင္ပင္ အစြမ္းထက္သည့္ တစံုတေယာက္ ျဖစ္ေနသည္။ ထို႔ေၾကာင့္ သူမ အရမ္းေမာက္မာဘဝင္ျမင့္ေနရျခင္း ျဖစ္သည္။

မုရံုခ်ီခ်ီ နင္ေတာ္ေတာလအပုန္းေကာင္းခဲ့တယ္! နင္ လူတိုင္းကို လွည့္စားခဲ့တယ္!

သူမကို မုရံုခ်ီခ်ီက ခါးခါးသီးသီး လွည့္ျဖားခဲ့သည္ဆိုေသာ အေတြး၊ သူမမိခင္၊ သူမကေလးနွင့္ သူမလက္ထဲ ေရာက္လုနီးေသာ ဝမ္ေဖးေနရာ ကို ဆံုးရံႈးခဲ့ရေသာအ​ေတြးမ်ားေၾကာင့္ ဝမ္ရမ္ေပါင္က်ဴးမွာ သူမလက္ကို တင္းၾကပ္စြာ ဆုပ္ထားမိသည္။ သူမသည္ မုရံုခ်ီခ်ီကို ေၾကာက္မက္ဖြယ္ရာ စိုက္ၾကည့္လိုက္သည္။ သူမသည္ မုရံုခ်ီခ်ီ၏ အေရကို ဆုပ္၊ အသားကို စားၿပီး အေသြးကို ေသာက္သံုးရပါေစဟုပင္ ဆႏၵျပဳမိသည္။

ပံုမွန္မဟုတ္ေသာ အေျခအေနမွာ က်ိေ႐ွာင္မ်က္လံုးထဲသို႔ က်ေရာက္လာသည္။ သူမသည္ တိတ္တိတ္ေလး ဒီျမင္ကြင္းကို မွတ္သားထားလိုက္သည္။ ဖုန္းခ်န္က သူမအား ဝမ္ရမ္ေပါင္က်ဴးကို လွ်ိဳ႕ဝွက္စြာ စံုစမ္းရန္ တာဝန္ေပးခဲ့သည္။  မည္သည့္ထူးဆန္းသည့္ အေၾကာင္းအရာကို မဆို သူမၾကံဳေတြ႔ရေလတိုင္း သူ႔ကို ျပန္လည္ သတင္းပို႔ရန္ လိုအပ္ေပသည္။ ထို႔ေၾကာင့္ က်ိေ႐ွာင္သည္ ဝမ္ရမ္ေပါင္က်ဴးကို အနီးကပ္အာရံုစိုက္ေစာင့္ၾကည့္ေနျခင္းပင္။ ယခု ဝမ္ရမ္ေပါင္က်ဴး၏ မ်က္လံုးမ်ားႏွင့္ ႏွလံုးသားတို႔မွာ မုရံုခ်ီခ်ီအေပၚ အမုန္းေတြႏွင့္ ျပည့္ႏွက္ေသာေၾကာင့္ အေမွာင္ထဲမွ သူမလႈပ္႐ွားမႈေတြကို က်ိေ႐ွာင္မွ စာင့္ၾကည့္ေနေၾကာင္း သူမ မည္သို႔ သတိျပဳမိမည္နည္း?

"ဝမ္းကြဲအစ္ကိုေတာ္... ဝမ္းကြဲမရီးေတာ္က အရမ္းရဲစြမ္းသတၱိ႐ွိတာပဲ!"

ပတ္တီးစည္းၿပီးသြားေသာ ဝမ္ရမ္ခန္သည္ မယံုၾကည္မႈအျပည့္ျဖင့္ မ်က္လံုးတို႔ကို ျပဴးက်ယ္ၿပီး မုရံုခ်ီခ်ီကို ၾကည့္ေနသည္။

"ဝမ္းကြဲအစ္ကိုေတာ္... ဒါက ကြၽန္ေတာ့ရဲ႕ သိမ္ေမြ႔ႏူးညံ့ၾကင္နာၿပီး ရင္းႏွီးေဖာ္ေရြတတ္တဲ့ ဝမ္းကြဲမရီးေတာ္မွ ဟုတ္ေသးရဲ႕လား? သူမက အရမ္းေၾကာက္စရာေကာင္းတယ္လို႔ ဘာလို႔ ကြၽန္ေတာ္ထင္ေနရတာလဲ?"

"သူမက အရမ္းမိမိုက္မေနဘူးလား? ငါေတာ့ ဒါကို အရမ္းႀကိဳက္တယ္"

ဖုန္းခ်န္က သစ္သီးယိုတခုကို ပါးစပ္ထဲ ထည့္လိုက္သည္။

"ဒီလိုပံုစံမ်ိဳးနဲ႔ သူမက အလွဆံုးပဲ!"

"အာ အာ အာ... အစ္ကိုေတာ္ႏွစ္ေယာက္လံုး ေတာ္ေတာ္ယုတ္မာၾကတာပဲ!"

ဖုန္းခ်န္စကားၾကားေသာအခါ ဝမ္ရမ္ခန္သည္ ေဘးတဖက္ကို လွ်ပ္စီးလက္သလို လ်င္ျမန္စြာ ေရာက္႐ွိသြားသည္။

"ဝမ္းကြဲအစ္ကိုေတာ္နဲ႔ ဝမ္းကြဲမရီးေတာ္တို႔က ေတာ္ေတာ္ကို ယုတ္မာၾကတာပဲ! တကယ္ကို နတ္ဖက္တဲ့ စံုတြဲပဲ!"

ဖုန္းခ်န္က ဝမ္ရမ္ခန္ဘက္ကို လွည့္လာၿပီး ျပံဳးျပလိုက္သည္။

"မင္း ေနာက္ထပ္ စကားတလံုး ထပ္ေျပာအံုးမယ္ဆိုရင္ ခ်င္းခ်င္းျပန္လာတဲ့အခါက် ေစာေစာက မင္း သူ႔ကို ဘယ္လိုေျပာခဲ့တယ္ဆိုတာကို ငါ ခ်င္းခ်င္းကို ျပန္ေျပာျပရလိမ့္မယ္! ေျပာစမ္း မင္း အႀကိမ္ႀကိမ္ ဂ႐ုစိုက္လာခဲ့ရတဲ့ မင္းရဲ႕ ေခ်ာေမာတဲ့ မ်က္ႏွာကို မုရံုခ်င္းလ်န္မ်က္ႏွာလို ဝက္မ်က္ႏွာနဲ႔ တူသြားခ်င္လား?"

ဖုန္းခ်န္မ်က္ႏွာေပၚမွ မေကာင္းဆိုးဝါးအျပံဳးဟာ ဝမ္ရမ္ခန္ကို ခိုက္ခိုက္တုန္သြားေစသည္။ ခ်က္ခ်င္း သူက ျပံဳးလိုက္ကာ

"ဝမ္းကြဲအစ္ကိုေတာ္... ကြၽန္ေတာ္တို႔က ညီအစ္ကိုေတြေလ။ ဒီစကားေတြကို ဝမ္းကြဲမရီးကို ေျပာစရာမွ မလိုတာ။ ၾကည့္ မိန္အာေလးကို ဆြဲေဆာင္ဖို႔ ကြၽန္ေတာ့မွာ ဒီမ်က္ႏွာေလးကို မွီခိုေနဖို႔ လိုအပ္ေသးတယ္ေလ။ ဝမ္းကြဲအစ္ကိုေတာ္ သက္ညႇာပါေပးအံုး!"

"အာ!"

ဝမ္ရမ္ခန္၏ အ႐ွက္မ႐ွိေသာ မ်က္ႏွာႏွင့္ ဆက္ၿပီး စိတ္အေႏွာက္အယွက္ အျဖစ္မခံေတာ့ပဲ ဖုန္းခ်န္အၾကည့္ေတြက မုရံုခ်ီခ်ီထံသို႔ ျပန္လည္ လိုက္ပါသြားသည္။

က်ယ္ဝန္းေသာ စင္ျမင့္ေပၚတြင္ အနီေရာင္ဝတ္စံုျပည့္ ဝတ္ဆင္ထားေသာ မုရံုခ်ီခ်ီသည္ တိတ္ဆိတ္ေသာ ေဆာင္းရာသီတြင္ ေႏြးေထြးေသာ ေန႔တေလး တေန႔အသြင္ လူတိုင္း၏ မ်က္လံုးမ်ားအား အလင္းေရာင္ေပးေနသည္။

မုရံုခ်င္းလ်န္၏ ​ေအာ္ဟစ္ေနသံမွ လြဲ၍ လူတိုင္း၏ မ်က္လံုးထဲတြင္ ၎သည္ ၿပိဳင္ပြဲတခု မဟုတ္ေတာ့ေပ။ ၎သည္ ခမ္းနားသည့္ တကိုယ္ေတာ္ကပြဲတခုပင္။ မုရံုခ်ီခ်ီသည္ သူမ၏ ဘယ္ဘက္လက္မွ အနီေရာင္ပိတ္စျဖင့္ ကခုန္ေနသည္။ အနီေရာင္ပိတ္စသည္ ေကာင္းကင္ထဲတြင္ ကခုန္ေနသည့္ လက္တခုအလား လွပေသာ အေကြးအဝိုက္ကို ေလထဲတြင္ ထုတ္လႊတ္ေနသည္။ သူမ၏ ေသးသြယ္သည့္ ခါးေလးမွာ ေအးစက္ေသာ ေလထဲတြင္ ယိမ္းႏြဲ႔ေနသည္။ ထိုအရာမွာ အလြန္ပင္ လွပေသာ ပန္းခ်ီကားတခ်ပ္ႏွယ္။

"ဒီမိန္းမက ထူးျခားတဲ့သူပဲ!"

က်ားလန္က မုရံုခ်ီခ်ီကို တိတ္ဆိတ္စြာ ၾကည့္လိုက္သည္။

မည္သူမွ သတ္ျဖတ္ျခင္းႏွင့္ အႏုပညာကို အတူတကြ ခ်ိတ္ဆက္ၿပီး မျပဳလုပ္ႏိုင္ပါ။ မုရံုခ်ီခ်ီကိုယ္မွ ေအးစက္ၿပီး သတ္ျဖတ္လိုသည့္ အ႐ွိန္အဝါကို ထုတ္လႊတ္ေနေသာ္လည္း သူမမ်က္ႏွာေပၚတြင္ အျပံဳးတခု... ခ်ိဳၿမိန္သည့္ အျပံဳးတခု ႐ွိေနၿပီး ပ်ံသန္းေနသည့္ ပံုစံႏွင့္ တြဲဖက္လိုက္ေသာအခါ သူမသည္ တစံုတေယာက္ကို သတ္ျဖတ္ေနသည့္ပံုႏွင့္ ႐ိုး႐ွင္းစြာ မတူညီေတာ့ေပ။ ထိုအစား သူမသည္ အႏုပညာအစိတ္အပိုင္းတခုကို ၿပီးျပည့္စံုေအာင္ ျပဳလုပ္ေနသည္ႏွင့္ တူညီသည္။

ထိုကဲ့သို႔ေသာ မိန္းမမ်ိဳးသည္ လူမ်ားအား သူမ၏ အေၾကာင္းအရာမ်ားအားလံုးကို တူးေဖာ္ခ်င္လာေအာင္ ျပဳလုပ္ႏိုင္သည္။ ဒီတေခါက္ ကုန္းေျမမႀကီးသို႔ လာေရာက္ျခင္းသည္ မုရံုခ်ီခ်ီကဲ့သို႔ မိန္းကေလးမ်ိဳးႏွင့္ ၾကံဳေတြ႔ရလိမ့္မည္ဟု သူ မေတေြးထားမိခဲ့ေပ။ မုရံုခ်ီခ်ီသည္ မုရံုခ်င္းလ်န္ကို သတ္ပစ္ခ်င္ေနသည္။ သူ႔အေနျဖင့္ လက္ပိုက္ၿပီး ရပ္မၾကည့္ႏိုင္ပါ။ အကယ္၍ မုရံုခ်င္းလ်န္သာ မိ႐ွဆိုသည့္ ပုဂၢိဳလ္႐ွာခိုင္းေသာ သူျဖစ္ခဲ့ပါက သူမသာ ေသဆံုးသြားလွ်င္ မိ႐ွကို သူဘယ္လို ျပန္႐ွင္းျပရမလဲ?

မုရံုခ်င္းလ်န္သည္ ေျမျပင္ေပၚ လဲက်ေနၿပီး အဆက္မျပတ္႐ိုက္ႏွက္ခံေနရကာ ေျခကုန္လက္ပန္းက်ေနသည္။ သူမခႏၶာကိုယ္မွ နာက်င္မႈသည္ စကားႏွင့္ပင္ ႐ွင္းလင္းေဖာ္ျပဖို႔ မရႏိုင္ေပ။ ၾကည့္လိုက္ရင္သာ မုရံုခ်ီခ်ီ၏ အနီေရာင္ပိတ္စသည္ သူမခႏၶာကိုယ္ကို ႐ိုက္ႏွက္ေနသလိုႏွင့္ ႐ိုက္ခံရသည့္ အစိတ္အပိုင္းမ်ားမွာ အေရးႀကီးေနရာမ်ားပင္ ျဖစ္သည္။ သူမေျခက်င္းဝတ္သည္လည္း အဆစ္လြဲသြားသည္။ သူမေျခသလံုးလည္း ေနရာလြဲသြားသည္။ လက္ႏွစ္ဖက္ လႈပ္႐ွားလို႔ ရသည္မွအပ သူမသည္ မတ္တပ္ေတာင္ ႐ိုး႐ိုး႐ွင္း႐ွင္း မရပ္ႏိုင္ေတာ့ေပ။

ဒီမိန္းမက တကယ့္ကို ေၾကာက္စရာေကာင္းတာပဲ! မုရံုခ်ီခ်ီသည္ ဆန္႔က်င္လို႔ မရသည့္ လူတေယာက္ဆိုတာကို ေနာက္ဆံုးတြင္ မုရံုခ်င္းလ်န္ သေဘာေပါက္လိုက္သည္။ ထို မဆင္မျခင္စကားမ်ားကို သူမ လံုးဝ မေတြးေတာပဲ ေျပာခဲ့သည္။ အဲ့တုန္းက သူမေခါင္းထဲ မစင္ေတြနဲ႔ ျပည့္ေနလို႔ပဲ ျဖစ္ရမည္။ ဘာေၾကာင့္ သူမသည္ သည္လို မိုက္မဲသည့္အရာမ်ားကို ျပဳလုပ္ခဲ့ပါသနည္း?

ေပက်ိဳးကို မသြားေရာက္ခင္တြင္ အစ္ကိုျဖစ္သူ မုရံုကြၽင္းမွ သူမကို မုရံုခ်ီခ်ီအား သြားေရာက္ျပသနာမ႐ွာရန္ ထပ္ကာထပ္ကာ ေျပာခဲ့သည္။ ထိုအခ်ိန္တုန္းက သူမသည္ သေရာ္ခဲ့ၿပီး မုရံုကြၽင္းသည္ ဘာမဟုတ္သည့္ ကိစၥကို ေရးႀကီးခြင္က်ယ္လုပ္ေနသည္ဟု ခံစားမိခဲ့သည္။ အမိႈက္မတေယာက္က ဘာလုပ္ႏိုင္မည္နည္း? သို႔ေပမယ့္ အခု သူမသည္ မုရံုခ်ီခ်ီအစစ္အမွန္ကို သိလိုက္ရၿပီျဖစ္သည္။ သူမ တကယ္ကို ေနာင္တရမိသည္။ သူမ တကယ္ကို ေၾကာက္ရြံ႕ေနၿပီ။

"ခ်င္းလ်န္ အရံႈးကို ဝန္ခံလိုက္ေတာ့! ၿပိဳင္ပြဲကို အဆံုးသတ္လိုက္ေတာ့!"

ၿပိဳင္ပြဲကို ၾကည့္႐ွဴေနေသာ လံုဇယ္က်င့္ထ်န္းမွာ မုရံုခ်ီခ်ီက မုရံုခ်င္းလ်န္ကို သတ္ျဖတ္ပစ္လိုသည့္ ရည္ရြယ္ခ်က္ ႐ွိေနေၾကာင္း သတိျပဳမိလိုက္သည္။ ခ်က္ခ်င္းပင္ သူသည္ မုရံုခ်င္းလ်န္ကို အမိန္႔ေပးလိုက္သည္။

"ျမန္ျမန္... စင္ေအာက္ကို ဆင္းလိုက္!"

"Oh!"

လံုဇယ္က်င့္ထ်န္းက မုရံုခ်င္းလ်န္ကို အမိန္႔ေပးကာ ေနာက္တႀကိမ္ သူမအား ကယ္တင္လိုသည္ကို ျမင္ေသာအခါ မုရံုခ်ီခ်ီသည္ ရယ္ေမာမိေလသည္။ သူက သူမလက္ထဲက တႀကိမ္၊ ႏွစ္ႀကိမ္ ကယ္တင္ၿပီးသြားတာေတာင္ တတိယအႀကိမ္ ထပ္ၿပီး ကယ္တင္ခ်င္ေသးတာလား? ဒီတေခါက္ ယန္ဝမ္ကိုယ္တိုင္လာရင္ေတာင္မွ သူ ကယ္တင္ႏိုင္မွာ မဟုတ္ေတာ့ဘူး!

ယန္ဝမ္=> ငရဲျပည္၏ ဘုရင္၊ ေသျခင္းတရား၏ တရားသူႀကီး

ေနာက္ဆံုးပြဲစဥ္ေတြရဲ႕ စည္းမ်ဥ္းက တဖက္လူအား စင္ျမင့္ေအာက္သို႔ က်ေစျခင္း သို႔မဟုတ္ အရံႈးကို ဝန္ခံလိုက္ဖို႔ လိုအပ္သည္။ သို႔မဟုတ္ပါက ၿပိဳင္ပြဲသည္ ဆက္လက္သြားေနမည္ျဖစ္သည္။

မုရံုခ်ီခ်ီက ထိုအခ်က္ကို ဖမ္းဆုပ္ထားသည္။ ထို႔ေၾကာင့္ သူမရည္ရြယ္ခ်က္မွာ ေျခက်င္းဝတ္တို႔ ေျခသလံုးတို႔ ျဖစ္ေနျခင္း ျဖစ္သည္။ ထိုသည္မွာ စင္ေအာက္သို႔ ခုန္မခ်ႏိုင္ရန္ ျဖစ္သည္။ ထိုနည္းအားျဖင့္ သူမ(မုရံုခ်င္းလ်န္) ေသသည္အထိ ႐ိုက္ႏွက္ မခံရမခ်င္း ၿပိဳင္ပြဲသည္ ဆက္လက္႐ွိေနမည္ျဖစ္သည္။

မုရံုခ်င္းလ်န္လည္း လံုဇယ္က်င့္ထ်န္းစကားကို ၾကားလိုက္သည္။ သူမသည္လည္း မုရံုခ်ီခ်ီက သည္အခြင့္အေရးကို အသံုးခ်ၿပီး သူမကို သတ္ခ်င္ေနသည္ကို သိသည္။ ထို႔ေၾကာင့္ သူမေျခက်င္းဝတ္အဆစ္လြဲေနသည့္တိုင္ သူမသည္ စင္ျမင့္၏ အစြန္းသို႔ ေရာက္ေအာင္ ႀကိဳးစား႐ုန္းကန္ၿပီး တြားသြားသြားေနရသည္။ တလွမ္း... ႏွစ္လွမ္း... မုရံုခ်င္းလ်န္ တြားသြားသြားရင္း စင္ျမင့္အစြန္းသို႔ မေရာက္ခင္ အနီေရာင္ပိတ္စသည္ သူမေျခေထာက္ကို ရစ္ပတ္လိုက္ကာ သူမကို ျပန္ဆြဲယူလိုက္သည္။

"ညီမေကာင္းေလး...  တခ်ိဳ႕အေရာင္ေတြကို ငါျမင္ေစရမယ္လို႔ နင္ေျပာခဲ့တာ မဟုတ္ဘူးလား? အခု ေတာ္ေတာ္ေတာင္ ၾကာေနၿပီ... ငါေတာ့ ဘာအေရာင္မွ မျမင္ရေသးပါလား? ဒါက ဘယ္လိုလုပ္ အဆင္ေျပမွာလဲ? ဒါက အနီေရာင္ဆိုတာကို ငါျမင္ရေအာင္ ေသြးတခ်ိဳ႕ ထုတ္ျပသင့္တယ္။ ဒါမွသာ ၿပိဳင္ပြဲက ၿပီးဆံုးေကာင္း ၿပီးဆံုးႏိုင္မယ္ေလ"

***တစံုတေယာက္ကို အေရာင္ေတြ ျမင္ေစခ်င္=> တစံုတေယာက္အား သင္ခန္းစာေပးျခင္း***

"မုရံုခ်ီခ်ီ... နင္ လြန္မလာနဲ႔!"

မုရံုခ်င္းလ်န္က အံႀကိတ္လိုက္သည္။ ဘာအနီေရာင္ျမင္ခ်င္တာလဲ? သူမ(မုရံုခ်ီခ်ီ)က သူမေသြးထြက္တာကို ျမင္ခ်င္တာလား? သူမက အခု ဒီေလာက္ စိတ္ပ်က္စရာအေျခအေနကိုေတာင္ ေရာက္ေနၿပီ မုရံုခ်ီခ်ီက ဘာကို ထပ္လိုခ်င္ေနေသးတာလဲ?

"ငါက လြန္လာတယ္?"

မုရံုခ်င္းလ်န္ဆီမွ ထိုစကားၾကားလိုက္ေသာ္ မုရံုခ်ီခ်ီမွာ အႀကီးမားဆံုးဟာသတခု ၾကားလိုက္ရသလို ျပဳမူလိုက္သည္။ အနီေရာင္ပိတ္စက ကခုန္လိုက္သည္ မုရံုခ်င္းလ်န္ ေျခေထာက္ကို ရစ္ပတ္က မုရံုခ်ီခ်ီဆီကို သူမအား ေခၚေဆာင္လာသည္။

"အေဖက ငါ့ကို သစ္သားတုတ္နဲ႔ ႐ိုက္ၿပီး အျပစ္ေပးတုန္းက ဘယ္သူက ခိုးေၾကာင္ခိုးဝွက္နဲ႔ သစ္သားတုတ္မွာ သံေတြ စိုက္ထားခဲ့တာလဲ?"

စာလံုးေရ - 8659

*********************************

Unicode

"အဆင်ပြေသွားလိမ့်မယ်!"

ဖုန်းချန်က ပိုပြီး အေးဆေးတည်ငြိမ်နေသည်။ ဝမ်ရမ်ခန်စွမ်းရည်ကို သူဘယ်လိုလုပ် မသိပဲ နေမှာလဲ? သူသာ ဒါကို မရှောင်နိုင်ရင် သူတကယ်ကို ဖျင်းသေးတာပဲ!

ဓားက ဝမ်ရမ်ခန်ကို ထိုးစိုက်လုနီးတွင် ဝမ်ရမ်ခန်သည် နောက်ဘက်ကို ကျွမ်းထိုးလိုက်ပြီး စင်အောက်ကို ပြုတ်ကျသွားသော်လည်း သူ့လက်တဖက်မှာ စင်အစွန်းကို ကိုင်ထားလျှက် ရှိနေသေးသည်။

ထိုကဲ့သို့ သူ့ဓား လေထဲကို ထိုးမိသွားခြင်းမှာ လုံဇယ်ကျင့်ထျန်းရဲ့ မျှော်မှန်းထားချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ လက်တစုံကို သူ မြင်လိုက်သောအခါ လုံဇယ်ကျင့်ထျန်း၏ဓားသည် ဝမ်ရမ်ခန်၏ လက်တစုံဆီသို့ ညှာတာမှုကင်းမဲ့စွာ ထိုးစိုက်လိုက်လေသည်။

"Kang. .."

ဝမ်ရမ်ခန်သည် ကိုယ်ကို တပတ်လှည့်လိုက်ပြီး စင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိသွားသည်။ သူ့ခြေဖဝါးဖြင့် လုံဇယ်ကျင့်ထျန်း၏ဓားကို ကန်လိုက်ကာ ရွှေရောင်အလင်းမှာ ပေါက်ကွဲလွှင့်စင်လာစေသည်။

ဝမ်ရမ်ခန်၏ ဖိနပ်တဖက်စီတွင် တောက်ပသော ဓားမြှောင်တလက်စီ ရှိနေသည်ကို အခုမှသာ လုံဇယ်ကျသ့်ထျန်း သိလိုက်ရသည်။

"အိုး... မဖြစ်နိုင်ဘူး!"

လုံဇယ်ကျင့်ထျန်းက တကြိမ်ထပ်အော်လိုက်သည်။ ဝမ်ရမ်ခန်၏ ခြေဖဝါးသည် သူ့ဆီသို့ ပြန်သန်းလာသည်။ ထိုသည်ကို မြင်ပြီးနောက် ဝမ်ရမ်ခန်၏ အင်အားအကြီးဆုံးအရာမှာ သူ့ခြေထောက်များပင် ဖြစ်သည်ဟု မုရုံချီချီ သဘောပေါက်လိုက်သည်။ လျင်မြန်တယ် ရက်စက်တယ် အန္တရာယ်များတယ်! ဝမ်ရမ်ခန်၏ ခြေထောက်များသည် လုံဇယ်ကျင့်ထျန်း၏ အောက်ပိုင်း အထူးသဖြင့် ခြေထောက်ဆီကို ထပ်ကာ ထပ်ကာ တိုက်ခိုက်နေသည်။ တိုက်ခိုက်မှုတိုင်းတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ ပါဝင်နေသည်။

ထိုသည်ကို ကြည့်ရင်း စုမိန်မှာ စိတ်အေးသွားမှုနှင့်အတူ သက်ပြင်းချလိုက်သည်။ ထိုခဏ သူမစိတ်ထဲတွင် ဝမ်ရမ်ခန်ကို အပြစ်တင်ပြောဆိုလာသည်။ ဒီကောင်စုတ်ကတော့ တကယ်ပဲ လူတွေကို စိတ်ပူအောင် လုပ်တယ်! သူ့ကိုယ်သူ ဒုက္ခမဖြစ်ရအောင်ကို မနေနိုင်ဘူး!

ထိုခဏအတွင်း လုံဇယ်ကျင့်ထျန်းမှာ သူများပြုသမျှ နုနေရသူ ဖြစ်လာသည်။ မူလကတည်းက သူ့ခြေဖဝါးမှာ ဒဏ်ရာများစွာ ရရှိထားပြီး ဖြစ်သည်။ အခု သူတို့မှာ ဝမ်ရမ်ခန်၏ တိုက်ခိုက်စရာ ဖြသ်လာသည်။ တဖြည်းဖြည်း နှင့် လုံဇယ်ကျင့်ထျန်း ခြေလှမ်းတိုင်းမှာ အနီရောင်သွေးစီးကြောင်းများမှာ မြေပြင်ပေါ် ပုံနှိပ်ထားသလို ဖြစ်လာသည်။ ထိုအရာကို မြင်သော် မြင်ရသူပရိသတ်များမှာ မတ်တပ်ပင် ထရပ်မိကြသည်။

ဒီလိုမဖြစ်နိုင်ဘူး! ရှုံးလို့ မဖြစ်ဘူး! လုံဇယ်ကျင်ထြျန်းသည် အံကြိတ်ထားလိုက်သည်။ သူသည် ရှီးချီ၏ ကျင်းဝမ် တယောက်ဖြစ်သည်။ ဘာကြောင့် ပေကျိုးရဲ့ မင်းသားတယောက်ကို ရှုံးနိမ့်သွားရမှာလဲ? ဒါဆိုရင် အားလုံးကို သူမျက်နှာပျက်ရလိမ့်မယ်!

နောက်တကြိမ် ဝမ်ရမ်ခန် တိုက်ခိုက်လိုက်သောအခါ သူသည် ရှောင်လည်း မရှောင် ပုန်းလည်း မပုန်းလိုက်ပေ။ သူ့ခြေထောက်တစုံမှာ ဒဏ်ရာနှစ်ခု ရသွားသည်။

"ဝမ်ရယ်!"

မုရုံချင်းလျန်က အော်ဟစ်လိုက်သော်လည်း လုံဇယ်ကျင့်ထျန်းကတော့ မည်သည့်နာကျင်မှုကိုမှ မခံစားရ သလိုပင် ပြုမူနေသည်။ အနည်းငယ်မျှတောင် ရပ်တန့်သွားခြင်း မရှိပဲ သူ့ရဲ့ဓားဖြင့် ဝမ်ရမ်ခန်ကို ထိုးစိုက်လိုက်သည်။ ဝမ်ရမ်ခန်ကို သူ့အား တိုက်ခိုက်နေစခြင်းက ဝမ်ရမ်ခန်နှင့် အနီးကပ်အခွင့်အရေး ရရှိလာရန် ရှာဖွေလိုခြင်းကြောင့် ဖြစ်သည်။ သူ အခု ဝမ်ရမ်ခန်ကို စင်မြင့်အစွန်းထိ တွန်းထုတ်ထားပြီး ဖြစ်သည်။ အခု သူ ဒီအခွင့်ကောင်းကို အသုံးချရန်သာ လိုတော့သည်။

သူ့ရဲ့ ခြေထောက်များကို အသုံးချပြီး လုံဇယ်ကျင့်ထျန်းသည် သူ့အား အနိုင်ယူရန် အခွင့်အရေးတခုအဖြစ် ရရှိလိုက်သည်။ ထိုအချက်က ဝမ်ရမ်ခန်ကို လုံဇယ်ကျင့်ထျန်းအား အနည်းငယ် လေးစားမိစေသည်။ ရုတ်ချည်း သူ့ဆီ ဦးတည်ပြီးလာနေသော ဓားကို ဝမ်ရမ်ခန်က မရှောင်တိမ်းလိုက်ပေ။ သူက ချဉ်းကပ်ပြီး လုံဇယ်ကျင့်ထျန်းဓားကို
ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"အား..."

ပရိသတ်ထဲမှ တယောက်သည် အော်ဟစ်မိသွားသည်။

လုံဇယ်ကျင့်ထျန်းက ရပ်တန့်မသွားပါ။ ဓားမှာ ရှေ့ကို ဆက်လက်ထိုးဖောက်ဝင်ရောက်နေသည်။ ဓားမှာ ဝမ်ရမ်ခန်လက်ကို ကျော်ဖြတ်သွားသည်။   ထိုအချိန်တွင် နှစ်ယောက်သားမှာ မျက်နှာချင်းဆိုင် ဖြစ်လာသည်။ သူတို့ကြားမှ အကွာအဝေးသည် လက်တစ်ချောင်းစာမျှသာ ရှိတော့သည်။

"ဟီးဟီး"

ဝမ်ရမ်ခန်က ရုတ်တရက် ထရယ်လိုက်သည်။ ထိုအရာက လုံဇယ်ကျင့်ထျန်းနှလုံးသားထဲတွင် မကောင်းသော ခံစားချက်ကို တိုးမြှင့်လာစေသည်။

"ကျင်းဝမ်... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ လက်မောင်းတဖက်ကို ဘယ်လို ဆုံးရှုံးခံနိုင်ရမယ်ဆိုတာ မင်းတယောက်တည်းတင် သိတာမဟုတ်ဘူး"

စကားပြောဆိုပြီးနောက် ဝမ်ရမ်ခန်၏ ညာလက်သည် လုံဇယ်ကျင့်ထျန်း၏ ရင်ဘတ်ကို ထိုးနှက်လိုက်သည်။

"ဘန်း!"

လုံဇယ်ကျင့်ထျန်းကို စင်မြင့်ပေါ်မှ ပြုတ်ကျသွားစေသည်။

ဝမ်ရမ်ခန်သည် လက်ထဲမှ ဓားကို အဝေးကို ပစ်ပြီး ဖယ်ရှားလိုက်ကာ လုံဇယ်ကျင့်ထျန်းကို လေးနက်တည်ကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့လက်ဖဝါးမှ သွေးများသည် မြေပြင်ပေါ် တစက်ပြီး တစက် ကျဆင်းနေသည်။

"မင်း ရှုံးသွားပြီ! ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက လေးစားစရာ ပြိုင်ဘက်တယောက်ပါ"

ဝမ်ရမ်ခန် စင်အောက်သို့ ဆင်းလာသောအခါ စုမိန်သည် သူ့ဆီ အပြေးသွားကာ သူ့လက်ကို ကိုင်လိုက်သည်။ အရိုးများ မြင်ရအောင် ဓားဖြင့် ဖြတ်တောက်ခြင်း ခံထားရသော ဒဏ်ရာကို မြင်သောအခါ စုမိန်သည် နှလုံးသားနာကြင်သလို ငိုမိတော့သည်။

"ရှင် အရူးပဲ!"

"မိန်အာလေး... မင်းက ငါ့အတွက်ကြောင့် ငိုနေတာလား?"

ဝမ်ရမ်ခန်လက်ချောင်းများမှာ စုမိန်၏ မျက်ရည်များကို ညင်သာစွာ တို့ထိလိုက်သည်။ သူသည် ထိုမျက်ရည်ကို ပါးစပ်ထဲ ထည့်ပြီး အရသာခံလိုက်သည်။

"မျက်ရည်က ခါးတယ်! ငါတော့ မကြိုက်ဘူး! နောက်ကို မငိုနဲ့တော့နော်... ငါ မင်းရဲ့ ကြမ်းတမ်းတဲ့ ပုံစံကိုပဲ ပိုကြိုက်တယ်"

ဝမ်ရမ်ခန်ရဲ့ ထိုကဲ့သို့ အမှုမထားသလို စကားများကို ကြားသောအခါ စုမိန်က ပို၍ပင် သည်းသည်းထန်ထန် ငိုတော့သည်။

"ရှင်... လူရမ်းကားကောင်! ကျွန်မ ဘယ်လောက်တောင် စိတ်ပူနေမိလဲဆိုတာ ရှင်မသိလို့လား?!"

"အိုင်းယားယား..."

စုမိန်ထံမှ အဆူဆဲခံလိုက်ရခြင်းက ဝမ်ရမ်ခန်စိတ်ကို ပိုကောင်းသွားစေသည်။ သို့သော် သူက နာကျင်နေသည့် အမူအရာလုပ်လိုက်သည်။

"မိန်အားလေး! မင်းက ငါ့ဒဏ်ရာကို မကုသပေးဘူးဆိုရင် နောက်ပိုင်းကျ မသန်မစွမ်းဖြစ်သွားမှာကို ငါ ကြောက်မိတယ်"

အခုမှသာ ဝမ်ရမ်ခန်လက်က ဒဏ်ရာရနေတယ်ဆိုတာကို စုမိန်လည်း သတိရမိတော့သည်။ ဒဏ်ရာကို ပတ်တီးစည်းပေးရန် သူ့အား အဝေးသို့ ခေါ်ဆောင်သွားတော့သည်။

တခြားတဖက်တွင် လုံဇယ်ကျင့်ထျန်းသည်လည်း သူ့ထိုင်ခုံသို့ ပို့ဆောင်ပေးခြင်း ခံလိုက်ပြီ ဖြစ်သည်။ သူ့ခြေထောက်မှ ဒဏ်ရာကို သမားတော်က ပတ်တီးစည်းပေးနေသည်ကို ကြည့်ရင်း မုရုံချင်းလျန်၏ မျက်လုံးမှ မျက်ရည်များ ကျဆင်းလာသည်။

"ဒဏ်ရာက အရိုးကို မထိပါဘူး! ဒဏ်ရာက အပေါ်ယံဒဏ်ရာတွေပါ"

သမားတော်က ထိုသို့ပြောသော်လည်း မုရုံချင်းလျန်မှာ သူမနှလုံးသားနာကျင်နေသလို ခံစားနေရသည်။

သူမ မြေကြွက်တွေကို ကြောက်ပြီး သူက သူမကို သယ်ပြီး ချိန်းကြိုးပေါ်က ဖြတ်သန်းခဲ့ရတာသာ မဟုတ်လျှင် လုံဇယ်ကျင့်ထျန်းလည်း ခြေထောက်ဒဏ်ရာမရတော့ပဲ စင်ပေါ်မှာ ဟိုလူယုတ်မာကောင်ရဲ့ အနိုင်ကျင့်ခြင်းကို ခံရတော့မည် မဟုတ်ပေ။

"ထပ်ငိုမနေနဲ့တော! ပြိုင်ပွဲကောင်းကောင်း ပြိုင်နိုင်အောင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားချေတော့!"

လုံဇယ်ကျင့်ထျန်းသည် အနည်းငယ် ပင်ပန်းနေပုံ ပေါ်သည်။ ဒီပြိုင်ပွဲကို ရှုံးနိမ့်ပြီးနောက် လေးနိုင်ငံပြိုင်ပွဲတွင် မျှော်လင့်ချက်မရှိတော့သလို ခံစားမိသည်။ မုရုံချင်းလျန်က မုရုံချီချီနှင့် တိုက်ခိုက်ခြင်းတွင် သူ့အသိစိတ်က မုရုံချီချီပဲ နိုင်မည်ဟု ပြောကြားနေသည်။

လုံဇယ်ကျင့်ထျန်းက မိမိရှုံးနိမ့်မှုအတွက် ကြိုတင်ပြင်ဆင်ထားသည်ကို မုရုံချင်းလျန်က မသိပေ။ ထိုအစား သူ့စကားကြောင့်ပင် သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမှာ တရာရာခိုင်နှုန်းထက်ပင် ကျော်လွန်မြင့်တက်သွားလေသည်။

"ဝမ်ရယ်... ဘာမှ မစိုးရိမ်ပါနဲ့! ကျွန်မက သေချာပေါက် နိုင်မှာပါ"

မုရုံချင်းလျန်သည် မုရုံချီချီကို အနိုင်ယူပြီး လုံဇယ်ကျင့်ထျန်းအတွက် လက်စားချေရန် အလွန်စိတ်အားထက်သန်နေသည်။ မုရုံချီချီသည် မြေခွေးသားမွှေးအပေါ်ဝတ်ကို ဖြေးဖြေးချင်း ချွတ်လိုက်သည်။ သူမသည် စင်မြင့်ပေါ်သို့ အေးဆေးသက်သာသော ခြေလှမ်းဖြင့် တက်ရောက်လိုက်သည်။

ယနေ့သည် ပြိုင်ပွဲနေ့ဖြစ်သည်။ သူမသည် အနီရောင်ကို အထူးတလှယ်ဝတ်ဆင်ထားသည်။  ပူနွေးပြီး တားဆီးမရသော အရောင်သည် ဤဆောင်းရာသီဒီဇင်ဘာလတွင် နှင်းတောထဲမှ ဝင့်ဝင့်ကြွားကြွား ပွင့်လန်းလာသည်လ အနီရောင်ဆီးပန်းပွင့်လေးတပွင့်နှယ် မုရုံချီချီကို ပါးနပ်လိမ်မာပြီး သန့်စင်သော သွင်ပြင်ကို ဖြစ်စေသည်။

မုရုံချင်းလျန်သည် ခါးသီးမုန်းတီးသော အမူအရာဖြင့် စင်ပေါ် တက်လာသည်ကို မြင်သော် မုရုံချီချီက ရယ်မောလိုက်ကာ

"နင်တောင် ရောက်လာပြီပဲ!"

မုရုံချီချီ၏ တည်ငြိမ်အေးဆေးသည့် မျက်နှာပေးကို မြင်ရပြီးနောက် မုရုံချင်းလျန်သည် ချက်ချင်း ဒေါသဖြစ်လာသည်။ သူမသည် သူမ၏ဓားပျော့ကို ထုတ်လိုက်ပြီး သူမအတွင်းအားကို လျင်လျင်မြန်မြန် ထုတ်ဖော်လိုက်သည်။

"ရို! အတည်ကြီး ဖြစ်နေပြီလား? နင့်ဘက် အတည်ဖြစ်နေပြီဆိုမှတော့ ငါလည်း နင်နဲ့အတူ ပူးပေါင်းပေးရတော့မှာပေါ့!"

မုရုံချီချီလက်နက်သည် ကူလီနဲ့ တိုက်ခိုက်ခဲ့သည့်အချိန်နှင့် တူညီသည်။ ထိုအရာမှာ အနီရောင်ပိတ်ပါးစပင်။ မုရုံချီချီ အလွန်တည်ငြိမ်နေသည်ကို ကြည့်ရင်း ကျားလန်သည် ခေါင်းငြိမ့်လိုက်မိသည်။

"ဟိတ်ဟန်ထုတ်လိုက်တဲ့ အနေအထားကတော့ မဆိုးဘူး! ဘယ်လို အဖြေထွက်လာမယ်မှန်းမှ မသိတာ!"

"ဆရာကျားလန်... ဘယ်သူနိုင်လိမ့်မယ် ထင်လဲ?"

ကျင်ယုသည် ကျားလန်ဘေးနားတွင် ရပ်နေပြီး စင်ပေါ်မှ မိန်းမနှစ်ယောက်ကို ကြည့်လိုက်သည်။

"မုရုံချီချီ"

"ဘာကြောင့်လဲ?"

ကျားလန်၏ အဖြေမှာ ကျင်ယုကို အနည်းငယ်အံ့သြသွားစေသည်။

"အလိုလိုသိစိတ်!"

"ဒါပေမယ့် ဆဌမထပ်မှာ ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ပုလဲလုံးက လည်ဆွဲတခုဆီက ရလာတာ... အဲ့လည်ဆွဲကလည်း မုရုံချင်းလျန်ပိုင်ဆိုင်တာလေ"

သူအရမ်းရှုပ်ထွေးနေသည်ကို ကျင်ယုအသံထဲတွင် ဖော်ပြနေသည်။

"အိုး သူမက အဲ့အထပ်က ပြသနာကို ဖြေရှင်းနိုင်ခဲ့ပေမယ့် ဒီပွဲမှာ သူမနိုင်မယ်လို့ မဆိုလိုဘူးလေ။ စောင့်ကြည့်လိုက်ရအောင်!"

မုရုံချီချီနှင့် မုရုံချင်းလျန်... ညီမနှစ်ယောက်မှာ ရင်းနှင်ဖော်ရွေဟန် ဟန်ဆောင်ခြင်းများကို ခဝါချလိုက်သည်။ ဤတချိန်တွင် မည်သည့်လောကဝတ်စကားကိုမျှ ပြောဆိုခြင်း မရှိကြတော့ပေ။ ဗုံသံကို ကြားပြီးနောက် သူတို့နှစ်ယောက်မှာ ပိုမို လေးနက်လာကြသည်။

၎င်းသည် လေးနိုင်ငံပြိုင်ပွဲ၏ နောက်ဆုံးယှဉ်ပြိုင်မှု  ဖြစ်သည်။ ၎င်းသည် အရေးကြီးဆုံးသော ပြိုင်ပွဲတခုလည်း ဖြစ်ပေသည်။ မူလတွင် ပေကျိုးသည် နှစ်ပွဲနိုင်ဖြင့် ယာယီဦးဆောင်မှု ရရှိထားသည်။ အကယ်၍ မုရုံချင်းလျန်သာ အနိုင်ရရှိလိုက်ပါက နှစ်နိုင်ငံသည် သရေကျပေလိမ့်မည်။ ထို့နောက် ပြိုင်ပွဲတခု ဆက်ပြီး ကျင်းပရပေလိမ့်မည်။

အားလုံးသည် နှစ်နိုင်ငံလုံး၏ ပြိုင်ပွဲဝင်များကို ရှင်းလင်းစွာ မြင်နိုင်သည်။ မုရုံချင်းလျန်သည် အပြာရောင် အဆင့်ငါး ဖြစ်သည်။ သူမ အသက်ဆယ့်ငါးနှစ်တွင် အဆင့်ငါးသို့ ရောက်ရှိနေသည်မှာ အလွန်ပင် တော်လွန်းလှသည်။ ဒီဘက်ကို ကြည့်လိုက်ပါလျှင် မုရုံချီချီသည် မည်သည့်အတွင်းအားမှ ရှိမနေပဲ အမှိုက်မတယောက်ဟု သတင်းထွက်နေသည်။ သူမ တကယ်ပဲ ဒီပြိုင်ပွဲကို ဖြေရှင်းနိုင်ပါ့မလား?

ထိုမေးခွန်းသည် မြို့သူ့မြို့သားများ၏ နှလုံးသားထဲတွင် ရစ်ဝဲနေသည်။ လူတိုင်းသည် မုရုံမိသားစုမှ ထိုညီအစ်မနှစ်ယောက်ကို မျက်တောင်တချက်မျှမခတ်ပဲ စိုက်ကြည့်နေကြသည်။ ဘယ်သူက ဘယ်သူထက် တဆင့်သာနေမလဲဆိုတာ သူတို့သိချင်နေကြသည်။

မုရုံချီချီသည် မုရုံချင်းလျန်ကို ယဉ်ကျေးနေလိုစိတ် မရှိတော့ပေ။ ထို့ကြောင့် ပြိုင်ပွဲစလိုက်သည့် တခဏ သူမသည် အနီရောင်ပိတ်စကို မုရုံချင်းလျန်ဆီ တန်းတန်းမတ်မတ် သွားစေလိုက်သည်။

အန္တရာယ်ရှိတယ်! မုရုံချင်းလျန် အာရုံကြောတွေက အန္တရာယ်ကျရောက်လာသည်ကို အာရုံခံမိနေသည်။ သူမ ရှောင်လိုက်ချင်သည်... သို့သော် မုရုံချီချီ၏ အရှိန်သည် အလွန်မြန်လွန်းလှသည်။ အရမ်း မြန်သည် သူမ တချက်တောင် မရွေ့လိုက်ရပါပဲ အနီရောင်ပိတ်စသည် သူမတင်ပါးကို ရိုက်မိလေသည်။

"ဖြန်း!"

မုရုံချင်းလျန်မှာ မတတ်သာတော့ပဲ နာကျင်မှုကြောင့် အသံတိုးတိုးဖြင့် အော်လိုက်သည်။

"နာလား?"

မုရုံချီချီသည် မကောင်းဆိုးဝါဆန်သော်လည်း လှပနေသေးသည့် အပြုံးတခုကို ထုတ်ဖော်လိုက်သည်။

"ထပ်လာမယ့် ပိုနာကျင်ရမယ့် အရာတွေ ရှိသေးတယ်"

"ဖြန်း!"

နောက်တဖန် အနီရောင်ပိတ်စသည် မုရုံချင်းလျန်ကိုယ်ကို ရိုက်ခတ်လိုက်သည်။ ဒီတကြိမ်တွင် အားမှာ ပိုမိုအားပြင်းလေသည်။ ထိုရိုက်ချက်မှာ မုရုံချင်းလျန်ကို မြေပြင်ပေါ်သို့ လဲကျစေသည်။

မုရုံချင်းလျန်မှာ တချက်မှ မလှုပ်ရှားရသေးသေယ်လည်း တဖက်လူလက်ချက်ကြောင့် သူမမှာ မြေပြင်ပေါ်သို့ပင် လဲကျနေရသည်။ ထိုအဖြစ်က ရှီးချီပြိုင်ပွဲဝင်တွေကို အနည်းငယ်ကြောက်လန့်နေသော မြို့သူမြို့သားတွေအား စတင်ပျက်ရယ်ပြုလာစေသည်။ စင်မြင့်အပြင်ဘက်တွင် မုရုံချင်းလျန်အား အားနည်းသောလူတယောက်အဖြစ် မကျေမနပ်ပြောဆိုသံများ ပြည့်နှက်နေသည်။

"မုရုံချီချီ!!"

မုရုံချင်းလျန်မထင်မှတ်ထားသည်မှာ ပြိုင်ပွဲစလိုက်သည်နှင့် မုရုံချီချီမှ ထိုကဲ့သို့ နည်းလမ်းမျိုးအား အသုံးပြု၍ သူမအား အရှက်ခွဲလိုက်ခြင်းပင်။ လူပုံအလယ်မှာ မိန်းကလေးတယောက်ရဲ့ တင်ပါးကို ရိုက်ခံရခြင်းဟာ ဘယ်လောက်ရှက်စရာကောင်းတဲ့ကိစ္စလဲ?

"Ah. ."

မုရုံချီချီသည် မုရုံချင်းလျန်စကားကို ပြန်မဖြေခဲ့ပါ။ ထိုအစား သူမသည် သူမလက်ထဲမှ ပိတ်စကို လှုပ်ရှားစေပြီး မုရုံချင်းလျန်ဆီကို ဦးတည်သွားစေခဲ့သည်။

အနီရောင်ပိတ်စပိုင်းနှစ်ခုမှာ သွေးသံတရဲရဲပါးစပ်များနှင့် အနီရောင်မီးမြွေနှစ်ကောင်သကဲ့သို့ မုရုံချင်းလျန်ကို လောင်ကျွမ်းပစ်လိုနေသည်။

ဒီတကြိမ်တွင် မုရုံချင်းလျန်သည် ကြိုတင်ပြင်ဆင်ထားသည်။ ပိတ်စနီနှစ်ခု အနားရောက်လာမည်ကို မစောင့်တော့ပဲ ဘေးဘက်သို့ လှိမ့်ရှောင်လိုက်သည်။

"ဖြန်း!"

အနီရောင်ပိတ်စမှာ မြေပြင်ကို ရိုက်နှက်မိသွားပြီး ကျောက်တုံးကို အစိပ်စိပ်အမွှာမွှာ ကွဲစေသည်။ အပိုင်းအစသေးသေးတခုသည် မုရုံချင်းလျန်မျက်နှာကို ထိမှန်သွားသည်။ ချက်ချင်းပင် သူမနဖူးမှာ ဖူးယောင်လာသည်။

အရင်တုန်းက သူမသည် မုရုံချင်းလျန်ကို အချိန်အတော်ကြာ သည်းခံလာခဲ့ရသည်။ ဒီတကြိမ်တွင်မူ မုရုံချီချီသည် မုရုံချင်းလျန်ကို သင်ခန်းစာပေးရုံလောက်ဖြင့် ရိုးရှင်းနိုင်မည်မဟုတ်။ မုရုံချင်းလျန်ကို သူမ သတ်ပစ်ချင်သည်။

ယခင်က လေးနိုင်ငံပြိုင်ပွဲများတွင် တယောက်ယောက် သေဆုံးခဲ့ရသည့် အဖြစ်များမှာ အများကြီးပင် ရှိခဲ့လေသည်။ ထို့ကြောင့် သူမသာ မုရုံချင်းလျန်ကို ဤနေရာတွင် သတ်ခဲ့မိလျှင် ကိစ္စအသေးလေးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မုရုံချီချီတွင် မုရုံချင်းလျန်ကို စင်အောက်သို့ ရိုက်ချရန် ရည်ရွယ်ထားခြင်း မရှိပေ။ သူမကို သက်ညှာပေးရန် အခွင့်အရေးကိုလည်း ပေးနိုင်မည် မဟုတ်ပေ။

"ဖြန်း ဖြန်း ဖြန်း!"

အနီရောင်ပိတ်စမှာ မုရုံချင်းလျန်နောက်ကို တကောက်ကောက်လိုက်နေသည်။ တကြိမ်ပြီး တကြိမ် ၎င်းသည် မုရုံချင်းလျန်ကို ရိုက်နှက်နေသည်။

အရင် ကူလီနှင့် ပြိုင်စဉ်က မုရုံချီချီသည် ကူလီကို ကစားလိုစိတ် ရှိခဲ့သည်။ ထို့ကြောင့်သာ အနီရောင်ပိတ်စသည် ကူလီခြေထောက်ဘေးနားရှိ ကျောက်တုံးကိုသာ ထိမှန်ခဲ့သည်။ ဒီတခေါက်တွင် မုရုံချီချီ၏ အနီရောင်ပိတ်စသည် မုရုံချင်းလျန်ကိုယ်ပေါ်ကို တိတိကျကျ ထိမှန်နေသည်။

ဒီတခေါက်တွင် မုရုံချင်းလျန်မှာ တကိုယ်လုံး ရိုက်ချက်တွေကို ခံနေရသည်။ ထိုသည်မှာ နာကျင်လွန်း၍ မျက်ရည်များတွင် ထွက်ကျလုမတတ်ပင်။ သူမအတွင်းအားမှာလည်း လုံးဝအသုံးမဝင်သလို ဖြစ်နေ၏။ တစ်အချက် သူမမှာ မုရုံချီချီနှင့် နီးကပ်နိုင်ရန် အခွင့်အရေးမရှိသောကြောင့် ဖြစ်၏။ နှစ်အချက် ပွဲစကတည်းက မုရုံချီချီမှာ သူမကို တိုက်ခိုက်ရန် လုံးဝအခွင့်အရေးမပေးသောကြောင့် ဖြစ်သည်။

ရပ်တန့်မှုမပဲ တိုက်ခိုက်ပြီးရင်း တိုက်ခိုက်ခြင်းသည် မုရုံချီချီ လက်ရှိလုပ်ဆောင်နေသော အရာဖြစ်၏။

လူတယောက်သည် အစဦးမှုကို ဆုံးရှုံးသွားသောအခါ သူ/သူမ၏ ဘဝကို တခြားတယောက်လက်ထဲသို့ ထည့်ပေးလိုက်ရသည်နှင့် တူညီလေသည်။ ထို့ကြောင့် ရှင်သန်န်ချင်လိုပါက ပထမဆုံး အစဦးမှုကို မိမိရရဆုပ်ကိုင်ထားနိုင်ရန် လိုအပ်ပေသည်။ ထိုအချက်မှာ မွေးစားအဖေမှ သူမကို သင်ကြားပေးခဲ့သော အချက်ဖြစ်ပြီး သူမအနေဖြင့် ဘယ်သောအခါမှ မမေ့ထားရဲသော အချက်ပင်။

"ဖြန်း!"

ထိုအချိန်တွင် အနီရောင်ပိတ်စသည် မုရုံချင်းလျန်မျက်နှာကို ရိုက်လိုက်လေသည်။ ချက်ချင်းပင် သူမ၏ ဘယ်ဘက်ပါးမှာ အနီရောင်ပေါင်မုန့်လုံးတခုနှယ် နီရဲပြီး ဖူးယောင်လာလေသည်။

အနီရောင်ပိတ်စသည် သူမထံသို့ နောက် တကြိမ် ရောက်လာသည်ကို မြင်သောအခါ မုရုံချင်းလျန်မှာ သူမမျက်နှာကို ကာဆီးထားလိုခဲ့သည်။ သို့ပေမယ့် သူမသည် တချက်စာ နောက်ကျနေသည်ကို မသိခဲ့ပေ။ အနီရောင်ပိတ်စသည် သူမညာဘက်ပါးကို ရိုက်လိုက်ပြန်သည်။ ယခု မုရုံချင်းလျန်မျက်နှာမှာ ဝက်တကောင်ကဲ့သို့ ဖူးယောင်နေလေသည်။ သူမသွင်ပြင်ကို ကြည့်ရင်း ပရိသတ်များမှာ ရယ်မောမိလေသည်။ တချို့သူများမှာ 'ကောင်းတယ်'ဟုပင် အော်ဟစ်နေကြလေသည်။

မုရုံချီချီအတွက် လက်ခုပ်တီးပြီး အားပေးနေသူများလည်း ရှိနေသေးသည်။

မုရုံချီချီမှ မုရုံချင်းလျန်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်နေသည်ကို မြင်သောအခါ ဝမ်ရမ်ပေါင်ကျူးမှာ ဖိန့်ဖိန့်တုန်လှုပ်သွားသည်။

သူမ အထင်မှားခဲ့သည်မှာလည်း ပေါ်ထွက်လာသည်။ အတိတ်တွင် မုရုံချီချီ အရမ်းမောက်မာနေခြင်းမှာ သူမတွင် အစွမ်းထက်သော အစေခံများရှိနပြေီး မှီခိုနေရသောကြောင့်ဟု သူမ တွေးမိခဲ့သည်။ ယခု နောက်ဆုံးတော့ သူမ သဘောပေါက်သွားသည်။ မုရုံချီချီသည် မည်သူ့အပေါ်မှ မှီခိုနေစရာ မလိုပေ။ သူမကိုယ်တိုင်ပင် အစွမ်းထက်သည့် တစုံတယောက် ဖြစ်နေသည်။ ထို့ကြောင့် သူမ အရမ်းမောက်မာဘဝင်မြင့်နေရခြင်း ဖြစ်သည်။

မုရုံချီချီ နင်တော်တောလအပုန်းကောင်းခဲ့တယ်! နင် လူတိုင်းကို လှည့်စားခဲ့တယ်!

သူမကို မုရုံချီချီက ခါးခါးသီးသီး လှည့်ဖြားခဲ့သည်ဆိုသော အတွေး၊ သူမမိခင်၊ သူမကလေးနှင့် သူမလက်ထဲ ရောက်လုနီးသော ဝမ်ဖေးနေရာ ကို ဆုံးရှုံးခဲ့ရသောအတွေးများကြောင့် ဝမ်ရမ်ပေါင်ကျူးမှာ သူမလက်ကို တင်းကြပ်စွာ ဆုပ်ထားမိသည်။ သူမသည် မုရုံချီချီကို ကြောက်မက်ဖွယ်ရာ စိုက်ကြည့်လိုက်သည်။ သူမသည် မုရုံချီချီ၏ အရေကို ဆုပ်၊ အသားကို စားပြီး အသွေးကို သောက်သုံးရပါစေဟုပင် ဆန္ဒပြုမိသည်။

ပုံမှန်မဟုတ်သော အခြေအနေမှာ ကျိရှောင်မျက်လုံးထဲသို့ ကျရောက်လာသည်။ သူမသည် တိတ်တိတ်လေး ဒီမြင်ကွင်းကို မှတ်သားထားလိုက်သည်။ ဖုန်းချန်က သူမအား ဝမ်ရမ်ပေါင်ကျူးကို လျှို့ဝှက်စွာ စုံစမ်းရန် တာဝန်ပေးခဲ့သည်။  မည်သည့်ထူးဆန်းသည့် အကြောင်းအရာကို မဆို သူမကြုံတွေ့ရလေတိုင်း သူ့ကို ပြန်လည် သတင်းပို့ရန် လိုအပ်ပေသည်။ ထို့ကြောင့် ကျိရှောင်သည် ဝမ်ရမ်ပေါင်ကျူးကို အနီးကပ်အာရုံစိုက်စောင့်ကြည့်နေခြင်းပင်။ ယခု ဝမ်ရမ်ပေါင်ကျူး၏ မျက်လုံးများနှင့် နှလုံးသားတို့မှာ မုရုံချီချီအပေါ် အမုန်းတွေနှင့် ပြည့်နှက်သောကြောင့် အမှောင်ထဲမှ သူမလှုပ်ရှားမှုတွေကို ကျိရှောင်မှ စာင့်ကြည့်နေကြောင်း သူမ မည်သို့ သတိပြုမိမည်နည်း?

"ဝမ်းကွဲအစ်ကိုတော်... ဝမ်းကွဲမရီးတော်က အရမ်းရဲစွမ်းသတ္တိရှိတာပဲ!"

ပတ်တီးစည်းပြီးသွားသော ဝမ်ရမ်ခန်သည် မယုံကြည်မှုအပြည့်ဖြင့် မျက်လုံးတို့ကို ပြူးကျယ်ပြီး မုရုံချီချီကို ကြည့်နေသည်။

"ဝမ်းကွဲအစ်ကိုတော်... ဒါက ကျွန်တော့ရဲ့ သိမ်မွေ့နူးညံ့ကြင်နာပြီး ရင်းနှီးဖော်ရွေတတ်တဲ့ ဝမ်းကွဲမရီးတော်မှ ဟုတ်သေးရဲ့လား? သူမက အရမ်းကြောက်စရာကောင်းတယ်လို့ ဘာလို့ ကျွန်တော်ထင်နေရတာလဲ?"

"သူမက အရမ်းမိမိုက်မနေဘူးလား? ငါတော့ ဒါကို အရမ်းကြိုက်တယ်"

ဖုန်းချန်က သစ်သီးယိုတခုကို ပါးစပ်ထဲ ထည့်လိုက်သည်။

"ဒီလိုပုံစံမျိုးနဲ့ သူမက အလှဆုံးပဲ!"

"အာ အာ အာ... အစ်ကိုတော်နှစ်ယောက်လုံး တော်တော်ယုတ်မာကြတာပဲ!"

ဖုန်းချန်စကားကြားသောအခါ ဝမ်ရမ်ခန်သည် ဘေးတဖက်ကို လျှပ်စီးလက်သလို လျင်မြန်စွာ ရောက်ရှိသွားသည်။

"ဝမ်းကွဲအစ်ကိုတော်နဲ့ ဝမ်းကွဲမရီးတော်တို့က တော်တော်ကို ယုတ်မာကြတာပဲ! တကယ်ကို နတ်ဖက်တဲ့ စုံတွဲပဲ!"

ဖုန်းချန်က ဝမ်ရမ်ခန်ဘက်ကို လှည့်လာပြီး ပြုံးပြလိုက်သည်။

"မင်း နောက်ထပ် စကားတလုံး ထပ်ပြောအုံးမယ်ဆိုရင် ချင်းချင်းပြန်လာတဲ့အခါကျ စောစောက မင်း သူ့ကို ဘယ်လိုပြောခဲ့တယ်ဆိုတာကို ငါ ချင်းချင်းကို ပြန်ပြောပြရလိမ့်မယ်! ပြောစမ်း မင်း အကြိမ်ကြိမ် ဂရုစိုက်လာခဲ့ရတဲ့ မင်းရဲ့ ချောမောတဲ့ မျက်နှာကို မုရုံချင်းလျန်မျက်နှာလို ဝက်မျက်နှာနဲ့ တူသွားချင်လား?"

ဖုန်းချန်မျက်နှာပေါ်မှ မကောင်းဆိုးဝါးအပြုံးဟာ ဝမ်ရမ်ခန်ကို ခိုက်ခိုက်တုန်သွားစေသည်။ ချက်ချင်း သူက ပြုံးလိုက်ကာ

"ဝမ်းကွဲအစ်ကိုတော်... ကျွန်တော်တို့က ညီအစ်ကိုတွေလေ။ ဒီစကားတွေကို ဝမ်းကွဲမရီးကို ပြောစရာမှ မလိုတာ။ ကြည့် မိန်အာလေးကို ဆွဲဆောင်ဖို့ ကျွန်တော့မှာ ဒီမျက်နှာလေးကို မှီခိုနေဖို့ လိုအပ်သေးတယ်လေ။ ဝမ်းကွဲအစ်ကိုတော် သက်ညှာပါပေးအုံး!"

"အာ!"

ဝမ်ရမ်ခန်၏ အရှက်မရှိသော မျက်နှာနှင့် ဆက်ပြီး စိတ်အနှောက်အယှက် အဖြစ်မခံတော့ပဲ ဖုန်းချန်အကြည့်တွေက မုရုံချီချီထံသို့ ပြန်လည် လိုက်ပါသွားသည်။

ကျယ်ဝန်းသော စင်မြင့်ပေါ်တွင် အနီရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော မုရုံချီချီသည် တိတ်ဆိတ်သော ဆောင်းရာသီတွင် နွေးထွေးသော နေ့တလေး တနေ့အသွင် လူတိုင်း၏ မျက်လုံးများအား အလင်းရောင်ပေးနေသည်။

မုရုံချင်းလျန်၏ အော်ဟစ်နေသံမှ လွဲ၍ လူတိုင်း၏ မျက်လုံးထဲတွင် ၎င်းသည် ပြိုင်ပွဲတခု မဟုတ်တော့ပေ။ ၎င်းသည် ခမ်းနားသည့် တကိုယ်တော်ကပွဲတခုပင်။ မုရုံချီချီသည် သူမ၏ ဘယ်ဘက်လက်မှ အနီရောင်ပိတ်စဖြင့် ကခုန်နေသည်။ အနီရောင်ပိတ်စသည် ကောင်းကင်ထဲတွင် ကခုန်နေသည့် လက်တခုအလား လှပသော အကွေးအဝိုက်ကို လေထဲတွင် ထုတ်လွှတ်နေသည်။ သူမ၏ သေးသွယ်သည့် ခါးလေးမှာ အေးစက်သော လေထဲတွင် ယိမ်းနွဲ့နေသည်။ ထိုအရာမှာ အလွန်ပင် လှပသော ပန်းချီကားတချပ်နှယ်။

"ဒီမိန်းမက ထူးခြားတဲ့သူပဲ!"

ကျားလန်က မုရုံချီချီကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

မည်သူမှ သတ်ဖြတ်ခြင်းနှင့် အနုပညာကို အတူတကွ ချိတ်ဆက်ပြီး မပြုလုပ်နိုင်ပါ။ မုရုံချီချီကိုယ်မှ အေးစက်ပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော်လည်း သူမမျက်နှာပေါ်တွင် အပြုံးတခု... ချိုမြိန်သည့် အပြုံးတခု ရှိနေပြီး ပျံသန်းနေသည့် ပုံစံနှင့် တွဲဖက်လိုက်သောအခါ သူမသည် တစုံတယောက်ကို သတ်ဖြတ်နေသည့်ပုံနှင့် ရိုးရှင်းစွာ မတူညီတော့ပေ။ ထိုအစား သူမသည် အနုပညာအစိတ်အပိုင်းတခုကို ပြီးပြည့်စုံအောင် ပြုလုပ်နေသည်နှင့် တူညီသည်။

ထိုကဲ့သို့သော မိန်းမမျိုးသည် လူများအား သူမ၏ အကြောင်းအရာများအားလုံးကို တူးဖော်ချင်လာအောင် ပြုလုပ်နိုင်သည်။ ဒီတခေါက် ကုန်းမြေမကြီးသို့ လာရောက်ခြင်းသည် မုရုံချီချီကဲ့သို့ မိန်းကလေးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ မတေေွးထားမိခဲ့ပေ။ မုရုံချီချီသည် မုရုံချင်းလျန်ကို သတ်ပစ်ချင်နေသည်။ သူ့အနေဖြင့် လက်ပိုက်ပြီး ရပ်မကြည့်နိုင်ပါ။ အကယ်၍ မုရုံချင်းလျန်သာ မိရှဆိုသည့် ပုဂ္ဂိုလ်ရှာခိုင်းသော သူဖြစ်ခဲ့ပါက သူမသာ သေဆုံးသွားလျှင် မိရှကို သူဘယ်လို ပြန်ရှင်းပြရမလဲ?

မုရုံချင်းလျန်သည် မြေပြင်ပေါ် လဲကျနေပြီး အဆက်မပြတ်ရိုက်နှက်ခံနေရကာ ခြေကုန်လက်ပန်းကျနေသည်။ သူမခန္ဓာကိုယ်မှ နာကျင်မှုသည် စကားနှင့်ပင် ရှင်းလင်းဖော်ပြဖို့ မရနိုင်ပေ။ ကြည့်လိုက်ရင်သာ မုရုံချီချီ၏ အနီရောင်ပိတ်စသည် သူမခန္ဓာကိုယ်ကို ရိုက်နှက်နေသလိုနှင့် ရိုက်ခံရသည့် အစိတ်အပိုင်းများမှာ အရေးကြီးနေရာများပင် ဖြစ်သည်။ သူမခြေကျင်းဝတ်သည်လည်း အဆစ်လွဲသွားသည်။ သူမခြေသလုံးလည်း နေရာလွဲသွားသည်။ လက်နှစ်ဖက် လှုပ်ရှားလို့ ရသည်မှအပ သူမသည် မတ်တပ်တောင် ရိုးရိုးရှင်းရှင်း မရပ်နိုင်တော့ပေ။

ဒီမိန်းမက တကယ့်ကို ကြောက်စရာကောင်းတာပဲ! မုရုံချီချီသည် ဆန့်ကျင်လို့ မရသည့် လူတယောက်ဆိုတာကို နောက်ဆုံးတွင် မုရုံချင်းလျန် သဘောပေါက်လိုက်သည်။ ထို မဆင်မခြင်စကားများကို သူမ လုံးဝ မတွေးတောပဲ ပြောခဲ့သည်။ အဲ့တုန်းက သူမခေါင်းထဲ မစင်တွေနဲ့ ပြည့်နေလို့ပဲ ဖြစ်ရမည်။ ဘာကြောင့် သူမသည် သည်လို မိုက်မဲသည့်အရာများကို ပြုလုပ်ခဲ့ပါသနည်း?

ပေကျိုးကို မသွားရောက်ခင်တွင် အစ်ကိုဖြစ်သူ မုရုံကျွင်းမှ သူမကို မုရုံချီချီအား သွားရောက်ပြသနာမရှာရန် ထပ်ကာထပ်ကာ ပြောခဲ့သည်။ ထိုအချိန်တုန်းက သူမသည် သရော်ခဲ့ပြီး မုရုံကျွင်းသည် ဘာမဟုတ်သည့် ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်နေသည်ဟု ခံစားမိခဲ့သည်။ အမှိုက်မတယောက်က ဘာလုပ်နိုင်မည်နည်း? သို့ပေမယ့် အခု သူမသည် မုရုံချီချီအစစ်အမှန်ကို သိလိုက်ရပြီဖြစ်သည်။ သူမ တကယ်ကို နောင်တရမိသည်။ သူမ တကယ်ကို ကြောက်ရွံ့နေပြီ။

"ချင်းလျန် အရှုံးကို ဝန်ခံလိုက်တော့! ပြိုင်ပွဲကို အဆုံးသတ်လိုက်တော့!"

ပြိုင်ပွဲကို ကြည့်ရှူနေသော လုံဇယ်ကျင့်ထျန်းမှာ မုရုံချီချီက မုရုံချင်းလျန်ကို သတ်ဖြတ်ပစ်လိုသည့် ရည်ရွယ်ချက် ရှိနေကြောင်း သတိပြုမိလိုက်သည်။ ချက်ချင်းပင် သူသည် မုရုံချင်းလျန်ကို အမိန့်ပေးလိုက်သည်။

"မြန်မြန်... စင်အောက်ကို ဆင်းလိုက်!"

"Oh!"

လုံဇယ်ကျင့်ထျန်းက မုရုံချင်းလျန်ကို အမိန့်ပေးကာ နောက်တကြိမ် သူမအား ကယ်တင်လိုသည်ကို မြင်သောအခါ မုရုံချီချီသည် ရယ်မောမိလေသည်။ သူက သူမလက်ထဲက တကြိမ်၊ နှစ်ကြိမ် ကယ်တင်ပြီးသွားတာတောင် တတိယအကြိမ် ထပ်ပြီး ကယ်တင်ချင်သေးတာလား? ဒီတခေါက် ယန်ဝမ်ကိုယ်တိုင်လာရင်တောင်မှ သူ ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး!

ယန်ဝမ်=> ငရဲပြည်၏ ဘုရင်၊ သေခြင်းတရား၏ တရားသူကြီး

နောက်ဆုံးပွဲစဉ်တွေရဲ့ စည်းမျဉ်းက တဖက်လူအား စင်မြင့်အောက်သို့ ကျစေခြင်း သို့မဟုတ် အရှုံးကို ဝန်ခံလိုက်ဖို့ လိုအပ်သည်။ သို့မဟုတ်ပါက ပြိုင်ပွဲသည် ဆက်လက်သွားနေမည်ဖြစ်သည်။

မုရုံချီချီက ထိုအချက်ကို ဖမ်းဆုပ်ထားသည်။ ထို့ကြောင့် သူမရည်ရွယ်ချက်မှာ ခြေကျင်းဝတ်တို့ ခြေသလုံးတို့ ဖြစ်နေခြင်း ဖြစ်သည်။ ထိုသည်မှာ စင်အောက်သို့ ခုန်မချနိုင်ရန် ဖြစ်သည်။ ထိုနည်းအားဖြင့် သူမ(မုရုံချင်းလျန်) သေသည်အထိ ရိုက်နှက် မခံရမချင်း ပြိုင်ပွဲသည် ဆက်လက်ရှိနေမည်ဖြစ်သည်။

မုရုံချင်းလျန်လည်း လုံဇယ်ကျင့်ထျန်းစကားကို ကြားလိုက်သည်။ သူမသည်လည်း မုရုံချီချီက သည်အခွင့်အရေးကို အသုံးချပြီး သူမကို သတ်ချင်နေသည်ကို သိသည်။ ထို့ကြောင့် သူမခြေကျင်းဝတ်အဆစ်လွဲနေသည့်တိုင် သူမသည် စင်မြင့်၏ အစွန်းသို့ ရောက်အောင် ကြိုးစားရုန်းကန်ပြီး တွားသွားသွားနေရသည်။ တလှမ်း... နှစ်လှမ်း... မုရုံချင်းလျန် တွားသွားသွားရင်း စင်မြင့်အစွန်းသို့ မရောက်ခင် အနီရောင်ပိတ်စသည် သူမခြေထောက်ကို ရစ်ပတ်လိုက်ကာ သူမကို ပြန်ဆွဲယူလိုက်သည်။

"ညီမကောင်းလေး...  တချို့အရောင်တွေကို ငါမြင်စေရမယ်လို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား? အခု တော်တော်တောင် ကြာနေပြီ... ငါတော့ ဘာအရောင်မှ မမြင်ရသေးပါလား? ဒါက ဘယ်လိုလုပ် အဆင်ပြေမှာလဲ? ဒါက အနီရောင်ဆိုတာကို ငါမြင်ရအောင် သွေးတချို့ ထုတ်ပြသင့်တယ်။ ဒါမှသာ ပြိုင်ပွဲက ပြီးဆုံးကောင်း ပြီးဆုံးနိုင်မယ်လေ"

***တစုံတယောက်ကို အရောင်တွေ မြင်စေချင်=> တစုံတယောက်အား သင်ခန်းစာပေးခြင်း***

"မုရုံချီချီ... နင် လွန်မလာနဲ့!"

မုရုံချင်းလျန်က အံကြိတ်လိုက်သည်။ ဘာအနီရောင်မြင်ချင်တာလဲ? သူမ(မုရုံချီချီ)က သူမသွေးထွက်တာကို မြင်ချင်တာလား? သူမက အခု ဒီလောက် စိတ်ပျက်စရာအခြေအနေကိုတောင် ရောက်နေပြီ မုရုံချီချီက ဘာကို ထပ်လိုချင်နေသေးတာလဲ?

"ငါက လွန်လာတယ်?"

မုရုံချင်းလျန်ဆီမှ ထိုစကားကြားလိုက်သော် မုရုံချီချီမှာ အကြီးမားဆုံးဟာသတခု ကြားလိုက်ရသလို ပြုမူလိုက်သည်။ အနီရောင်ပိတ်စက ကခုန်လိုက်သည် မုရုံချင်းလျန် ခြေထောက်ကို ရစ်ပတ်က မုရုံချီချီဆီကို သူမအား ခေါ်ဆောင်လာသည်။

"အဖေက ငါ့ကို သစ်သားတုတ်နဲ့ ရိုက်ပြီး အပြစ်ပေးတုန်းက ဘယ်သူက ခိုးကြောင်ခိုးဝှက်နဲ့ သစ်သားတုတ်မှာ သံတွေ စိုက်ထားခဲ့တာလဲ?"

စာလုံးရေ - 8659

Continue Reading

You'll Also Like

337K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
157K 11.7K 45
"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."
81.3K 5.3K 28
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...