ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(...

By MelMoRii

1.1M 190K 7.1K

မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပ... More

Ch1 - ငါမင်းကို လိုက်လို့ရမလား(ငါမင္းကို လိုက္လို႔ရမလား
Ch2 - ျမင္လား။ သူကငါ့လူပဲ(Ch2 - မြင်လား။ သူကငါ့လူပဲ)
Ch-3ဘေဘီနေ့လည်စာ အတူစားချင်လား(Ch-3ေဘဘီေန႔လည္စာ အတူစားခ်င္လား)
Ch4- မင်းငါ့ကို စောင့်နေမယ်လို့ ငါမထင်ခဲ့ဘူး
Ch5 - သူ့ခြေထောက်တွေ ပျော့ခွေတဲ့ထိ စနောက်တယ်
Ch6 - ကိုယ့်ရှေ့မှာ အဲ့အမူအယာမျိုး မပြမိစေနဲ့
Ch7 - ၃စက္ကန့်စာ အသံMessage: ကိုယ်မင်းကိုတောင်းပန်ပါတယ်
Ch8 - ဟယ်ချန်းမင်က ချိန်းတွေ့နေတယ်
Ch9 - သူက ဘယ်လိုသောက်ကျိုးနည်းတဲ့ အဖြေတွေဖြေရမှာလဲ
Ch10 - နှလုံးသားလေးက ရှုပ်ထွေးမှု အပြည့်နဲ့ ပျော့ပျောင်းသွားပြန်တယ်
Ch11 - ထင်တဲ့အတိုင်းပဲ ယောကျာ်းတွေ အကုန်လုံးက သစ္စာမရှိဘူး
Ch12 - အတွဲတစ်တွဲကို စောင့်ဖမ်းဖို့ ကျောင်းဂိတ်ဝမှာထိုင်စောင့်ခြင်း
Ch13 - စောနက မင်းပုခုံးပေါ် လက်တင်ထားတဲ့သူက ဘယ်သူလဲ
Ch14 - နံပါတ် ၅ရေ ,နံပါတ် ခြောက်က မင်းကို မင်းသမီးလေးလို ပွေ့ချီတာကို လက်ခံရမယ်
Ch15 - နောက်တစ်ခါကျရင်လည်း ကိုယ်က နမ်းဦးမှာပဲ
Ch16 - ဒါပေမဲ့ ငါကသူ့ပဲ ကြိုက်တာ
Ch17 - ဘေဘီ မင်းလက်ဖဝါးတွေအရမ်း ချွေးထွက်နေတယ်
Ch18 - သူ့အား စည်းကမ်းသတ်မှတ်ခြင်း
Ch19 - အကြောင်းရင်းမရှိပဲ ခွေးစာတစ်ခွက်စားလိုက်ရတယ်
Ch20 - မင်းထပ်ရုန်းနေရင် ကိုယ်မင်းကိုနမ်းမိလိမ့်မယ်
Ch21 -အနမ်းကနူးညံ့ပြီး ချိုမြိန်တယ်
Ch 22
Ch23 - ကံမကောင်းစွာနဲ့ပဲ..သူတို့နှစ်ယောက်မှာ တကယ်လို့ ဆိုတာ မရှိခဲ့ဘူး
Ch24 - မင်း ကျောင်းယူနီဖောင်းက ဖရိုဖရဲနဲ့
Ch25 - မင်းက ဒါမျိုးတွေဖတ်ရတာ သဘောကျတာလား
Ch26.1 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်
Ch26.2 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်
Ch27 - ကိုယ်ကမင်းကိုသဘောကျနေတာမလို့ ကိစ္စမရှိပါဘူး
Ch28.1- မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ
Ch28.2 - မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ
Ch29.1- Snow White and Pale Red
Ch29.2- Snow White and Pale Red
Ch30.1 - အဲဒီမတော်တဆမှုကသူ့ကြောင့်
Ch30.2 - အဲဒီမတော်တဆမှုကသူ့ကြောင့်
Ch31 - I Accidentally Knocked into Something Myself
Ch32.1 - Let Me Hear You Call Me Daddy
Ch 32.2- Let me hear you call me daddy
Ch33 - Tell Him You're My Boyfriend
Ch34.1 - Come on, Your Boyfriend Will Carry You
Ch34.2 - Come on, Your Boyfriend Will Carry You
Ch35.1 - Want to Come See Me
Ch35.2 - Want to Come See Me
Ch36.1 - Today, the Weather Was Sweet
Ch36.2 - Today, the Weather Was Sweet
Ch37 - That's My Life
Ch38.1- Have a Relationship Too
Ch38.2 - Have a Relationship Too
Ch39 - Full of Nonsense
Ch40 - I've Been Kicked Out. Will You Take Me In?
Ch41 - If You're Not Stupid, Would You Still Date a Boy?
Ch42 - A Good Male God Eventually Becomes a Brother-in-Law
Ch43 - A Diary Lying Inside
Ch44 - No Questions Allowed When Kissing
Ch45 - Say Something Ji Liao. Don't Scare Me
Ch46 - Was this a duck? This was royalty!
Ch47 - You Don't Know the Reason I Didn't Invite You?
Ch48 - He Made It Through All of That
Trailer😝
Ch49 - I'm He Cheng Ming's Mother
Ch50 - I've Liked You Since Three Years Ago
Ch51 - I Don't Believe He Will Beat Up Girls
Ch52 - Do You Know What You're Doing?
Ch53 - All of You Better Be More Polite to My Wife
Ch54 - Baby, You're Too Sexy
Ch55 - Caller ID: The Best One
Ch56 - I'm Not Breaking Up. Let Me Think.
Let's Play Game
Ch57 - Looked As if He were Scrutinizing an Animal
Ch58 - Still Head over Heels in Love
Ch59 - Was That Person Better Looking Than Me? Mmm?
Ch60 - It's Called Fun, Baby
Ch61 - Please Shut Up! Stop Flirting!
Ch62 - Still Don't Think It Was Ugly Enough, Is That It?
Ch63 - Go Break Up with Your Little Lover
Ch64 - Sons Opposing the Father
Ch65 - Did You Guys Quarrel?
Ch66 - Seemed Like School Bully He Was Being Disciplined?
Ch67 - Was It Like, or a Desire to Cause Mischief
Ch68 - He Really was the Best Damn Brother in China!
Ch69 - Stay and Accompany Me to Sleep, Okay
Ch70 - Do You Like Me That Much?
Ch71 - Where Were You About to Put Your Groping Hand!
Ch72 - Your Sister Wasn't Bullied
Ch73 - If He Didn't Break Gao Sheng's Leg, His Surname Wasn't He
Ch74 - Bending His Head to Kiss the Back of His Waist
Ch75 - Do You Think There's a Problem with Li Si Ran
Ch76 - You Guys Fucking Beat Him Up!
Ch77 - I Thought You Don't Know How to Cook?
Ch78 - Your Wife has Taken a Fancy to my Wife
Ch79 - But I Want to Fall in Love!
Ch80 - Didn't Expect You to be This Kind of School Bully!
Ch81 - You Had Better Reconsider
Ch82 - Dad Said He Wants to Hold His Grandson This Year
Ch83 - He Might Not Be Able to Save His Own Head
Ch84 - He Only Had Two-Pack Abs Left
Ch85 - This Was Their Latest Code
Ch86 - Happy Birthday, Baby
Ch87 - Shared a Sweet with Him
Ch88 - Extra 1 - Indulging in Pleasure Without a Thought for Anything Else
Ch89 - Extra 2 - Indulging in Pleasure Without a Thought for Anything Else
Ch90 - Extra 3 - The Sweetest Graduation Photo
For side story
Sidestory 1(Gu❤️Lin)
Side Story 2 (Gu❤️Lin)
Side Story 3 (Gu❤️Lin)
Side Story 4 (Gu❤️Lin)
Side Story 5(Gu❤️Lin)
Side Story 6 (Gu❤️Lin)
Side Story 7 (Gu❤️Lin)
Side Story 8(Gu❤️Lin)
Side Story 9(Gu❤️Lin)
Side Story 10 (Gu❤️Lin)
Side Story 11(Gu❤️Lin)
Side Story 12 (Gu❤️Lin)
Side Story 13 (Gu❤️Lin)
Side Story 14 (Gu❤️Lin)
Side Story 15 (Gu❤️Lin)
Side Story 16 (Gu❤️Lin)
Side Story 17 (Gu❤️Lin)
Side Story 18 (Gu❤️Lin)
Side Story 19 (Gu❤️Lin)
Side Story 20 (Gu❤️Lin)
Side Story 21 (Gu❤️Lin)
Side Story 22 (Gu❤️Lin)
Side Story 23 (Gu❤️Lin)
Side Story 24 (Gu❤️Lin)
Side Story 25 (Gu❤️Lin)
Side Story 26 (Gu❤️Lin)
Side Story 27 (Gu❤️Lin)
Side Story 28 (Gu❤️Lin)
Side Story 29 (Gu❤️Lin)
Side Story 30(Gu❤️Lin)
Side Story 31 (Gu❤️Lin)
Side Story 32 (Gu❤️Lin) Final
Extra 4.1(He❤️Ji)
Extra 4.2 (He❤️Ji)
Extra 5(Gu❤️Lin)
Extra 6 (Gu❤️Lin)

Extra 7 (Lin❤️Hao)

8.1K 782 35
By MelMoRii

Unicode

What Should I Do if the School Bully is Interested in Me

Ch126 - Extra 7 – I’m a Pure Zero, Seme (Lin Che x Hao Meng) [End]

"ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ"

ဟောင့်မုန်က အချိန်တိကျစွာ သင်ခန်းစာကို ရပ်နားလိုက်ရင်း ပုံမှန်လိုပဲမေးလိုက်တယ်။

"နားမလည်တဲ့နေရာ ရှိသေးလား"

သူက အခုဆိုရင် တက္ကသိုလ်A ရဲ့ ဆရာတစ်ယောက်ဖြစ်ပြီးတော့ ရှေးဟောင်းသုတေသနရဲ့ အထွေထွေသီအိုရီဆိုင်ရာတွေကို သင်ကြားပို့ချပေးရတယ်။ သူက အရမ်းနူးညံ့ပြီး ချစ်စရာကောင်းတာကြောင့် ကျောင်းသား ကျောင်းသူတွေကြားမှာ အတော်လေး ရေပန်းစားတယ်။

"ဆရာဟောင့်!"

ကျောင်းသူတစ်ယောက်က လက်တစ်ဖက်ကိုမြင့်မြင့်မြှောက်ကာ စပ်စုလိုတဲ့အမူအရာနဲ့ စိတ်လှုပ်ရှားစွာမေးလိုက်တယ်။

"ကျွန်မမေးချင်တာက ဆရာ့ရဲ့အမျိုးသားက ဒီနေ့လာကြိုမှာလားဟင်"

ဟောင့်မုန်က ပုံမှန်ဆိုရင် ဘာကိုမှ ထုတ်ပြောလေ့မရှိဘူး။ ဒီကျောင်းသူတွေကတော့ သူနဲ့တအားကြီးကို ရင်းနှီးတယ်။သူတို့တွေက ဟောင့်မုန်ရဲ့ လိင်ပိုင်းဆိုင်ရာခံယူချက်ကို သိထားတဲ့အပြင် ချောမောတဲ့ဆဲမဲကြီးတစ်ယောက်ရှိတယ်ဆိုတာပါ သိကြတယ်။

"သူငယ်မတို့ ..ခင်ဗျားတို့က ကျုပ်အမျိုးသား လာကြိုမကြို ကိစ္စကိုတောင်မှ လာထိန်းချုပ်နေချင်ကြတာလား!"

ဟောင့်မုန်က ခပ်ပြတ်ပြတ်ဆိုလိုက်တယ်။ ဒီကျောင်းသူတွေက သူ့အတန်းသာ လာတက်တာ။ သူ့ဆဲမဲကြီးအကြောင်းချည်း စဥ်းစားနေကြတော့တာပဲ။ဒင်းတို့က ဘယ်လိုတောင် စာနာစိတ်တွေ ကင်းမဲ့နေကြတာတုန်း။

"အီး....ရှာလကာတွေ အရမ်းချဥ်တာပဲ"

စာသင်ခန်းထဲမှာ ရယ်မောသံတစ်အုံးအုံးက ရိုက်ခတ်သွားတယ်။

သမိုင်းမေဂျာမှာက ကျောင်းသူတွေ ပိုများပြီးတော့ လူတိုင်းက ဟောင့်မုန်ကို သဘောကျကြတယ်။ ဒီဆရာက အရပ်ရှည်ပြီး လူကောင်ထွားပေမယ့်လည်း တကယ်တမ်းကျ သူဟာ နူးညံ့ပြီး ချစ်စရာကောင်းလှတယ်။သူတို့တွေက ကလေးဆန်ဆန်ဂျီကျပြလိုက်ရင်ကို သူ့ဆီကနေ စာမေးပွဲအတွက်အရေးကြီးတဲ့အချက်တွေ ထွက်လာတာချည်းပဲ။

"ဆရာဟောင့်...ဆရာ့အမျိုးသားက ဒီမှာလာကြိုနေပြီ...အား ..အား!"

ဘယ်ကမှန်းမသိတဲ့အသံတစ်သံက အော်လိုက်တော့ ဟောင့်မုန်ကတံခါးဝဆီကြည့်လိုက်တယ်။ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတဲ့ လင်းချယ်ကသူ့ကို တကယ်ကြီး လာကြိုနေခဲ့တယ်။

မလာပါနဲ့လို့ပြောထားသားနဲ့!။

ဟောင့်မုန် ကျိတ်ပြီး ကျိန်ဆဲလိုက်တယ်။ ဒီနေရာက အတော် မလုံခြုံဘူးလေ။ ဒီစာသင်ခန်းကြီးက ပင့်ကူဂူကြီးလို ဖြစ်နေပါပြီဆို!။

လင်းချယ်က အရင်တစ်ခါ သူ့ကိုလာကြိုပြီးကတည်းက သူ့အတန်းထဲက ကလေးမတွေက သူ့ဆဲမဲကြီး အကြောင်းပဲတွေးနေကြတော့တာ။ သူတို့တွေက လင်းထန်စန်းအလာကို မိတ်ကပ်တွေလူးပြီးနေ့တိုင်းစောင့်မျှော်နေတဲ့ အရိုးဖြူစုန်းမတွေလိုပဲ။သူတို့က သူ့ကို ပေါ်တင်ကြီးတောင် ရန်စပြီးတော့ လင်းချယ်ကိုဖြောင့်အောင်လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ကြသေးတယ်။

(အရိုးဖြူစုန်းမဆိုတာ အနောက်သို့ခရီးသွားခြင်းထဲမှာပါတဲ့ဇာတ်ကောင်ပါ။ထန်စန်းကိုယ်တော်ကို စားချင်နေတဲ့ မကောင်းဆိုးဝါးမလေ။ သိကြတယ်မလား ထန်စန်းကိုယ်တော်။ စွင်းဝူခုန်းရဲ့ မေတ္တာရှေ့ထားဆရာတော်ဘုရားလေ။ ဟောင့်မုန်က သူ့လူကြီးကို လူတိုင်းလိုချင်နေကြလို့ ရွဲ့ပြီး လင်းထန်စန်းလို့ ပြောတာ)

ဟောင့်မုန် နှာမှုတ်ရင်း သူ့အချစ်ပြိုင်ဘက်ရဲ့နာမည်ကို တိတ်တိတ်လေးချရေးလို့ နောက်ဆုံးစာမေးပွဲအတွင်းမှာ သင်ခန်းစာပေးဖို့ ကြံရွယ်ထားလိုက်တယ်။

သူက ပုံနှိပ်စာအုပ်တွေသိမ်းရင်း ထွက်လာကာ လင်းချယ်ကို မကျေမနပ်သံနဲ့ပြောလိုက်တယ်။

"မင်းကိုငါ မလာပါနဲ့လို့ ပြောမထားဘူးလား!"

လင်းချယ်က ဒါကိုကြားတော့ သူ့မျက်နှာက ပျက်ယွင်းသွားတယ်။ သူ ဟောင့်မုန်ကိုစိုက်ကြည့်ရင်း ဒီလူက ခုတလော တစ်ခုခုမူမမှန်ဘူးရယ်လို့ ခံစားနေရတယ်။ ပုံမှန်ဆို ဒင်းက သူ့ကို သေလောက်အောင် တွယ်ကပ်နေကျလေ။ဒါပေမယ့် ဒီလဝက်အတွင်းမှာပဲ ရုတ်တရပ်ကြီးပြောင်းလဲသွားတယ်။
 
"ဘာလဲ..ကျွန်တော် ဘာအမှား ထပ်လုပ်မိလို့လဲ"

တစ်ခါတစ်လေကျ လင်းချယ်လည်း သူ့မင်းသမီးလေး မပျော်မရွှင်ဖြစ်အောင် ဘာတွေလုပ်မိတယ်ဆိုတာ သူ့ကိုယ်သူလည်း မသိတော့ဘူး။ သူ့မှာ အချိန်တိုင်း လိုက်မေးနေရတယ်။

"နောက်တစ်ခါကျ ဒီကို ထပ်မလာနဲ့တော့"

ဟောင့်မုန်ကတော့ ဘာမှထပ်ပြောမနေချင်တော့ဘူး။ သူ့ဆဲမဲကြီးကို ဒီနေရာကနေသာ အမြန်ဆုံး ထွက်သွားစေချင်နေတာ။

လင်းချယ်က အတော်စိတ်တိုသွားတာကြောင့် သူ့လက်မောင်းကို ဖမ်းဆုပ်ကာ ရင်ခွင်ကြားကို ခပ်ကြမ်းကြမ်းဆွဲခေါ်ပြီး ခပ်ပြင်းပြင်း နမ်းရှိုက်ပစ်လိုက်တယ်။

ဟောင့်မုန်က ခုချိန်မှာ တစ်ခြားလူတွေအတွက် စံပြလူတစ်ယောက်ဖြစ်ဖို့ အလွန်သတိထားနေရတယ်။ ဒါကြီးက လူမြင်ကွင်းကြီးလေ။ ကျောင်းသားကျောင်းသူတွေ မြင်သွားရင် ဘယ်လောက်တောင် ဆိုးရွားလိုက်မတဲ့လဲ။ သူ လင်းချယ်ကို တွန်းထုတ်လိုက်ပေမယ့် တစ်ဖက်လူကတော့ တုပ်တုပ်တောင် မလှုပ်လေဘူး။

လင်းချယ်က သူ ဟောင့်မုန်ကို အတင်းလုပ်ဖို့ကြိုးစားပေမယ့် ဟောင့်မုန်က အလွယ်တကူနဲ့ရုန်းထွက်သွားနိုင်ခဲ့တဲ့အချိန်ကို အမြဲအမှတ်ရနေတုန်းပဲ။အဲ့ဒါက သူ့မာနကို ထိခိုက်သွားစေခဲ့တယ်လေ။ အဲ့ဒီကတည်းကသူဟာ လေ့ကျင့်ခန်းတွေကို အပတ်တကုတ်ကြိုးစားပြီး ကိုယ်ခန္ဓာကို ကျင့်ထားတာကြောင့် ဟောင့်မုန်က သူ့လက်ထဲကနေ ထပ်ပြီးမရုန်းထွက်နိုင်တော့ဘူး။

"ငါ့ကို လွှတ် အားချယ်"

ဟောင့်မုန် အော်ပြောလိုက်တယ်။

"ကျွန်တော် ခင်ဗျားကို သင်ခန်းစာပေးရတော့မှာပဲ..တမုန်မုန်ရေ"

လင်းချယ်က လှောင်ရယ်လိုက်ရင်း တစ်ဖက်လူ လက်ကိုဆွဲကာ အပြင်ဘက်ကိုထွက်လာခဲ့တယ်။

အရင်တုန်းက ဟောင့်မုန်တစ်ယောက် လင်းချယ်မိဘတွေနဲ့တွေ့ဖို့ အိမ်ကိုသွားခဲ့တုန်းက ဒေါ်လေးလင်းက အတော်ကြီး နှစ်လိုပျော်ရွှင်သွားတယ်။ သူမက ချွေးမလေးကို တမုန်မုန်(大猛猛 (Da Měng Měng))လို့တောင် ချစ်စနိုးနာမည်ပေးလိုက်သေးတယ်။အချိန်တွေကြာတော့ အဲ့ဒီနာမည်က တမုန်မုန်(大萌萌 (Da Méng Méng))ဆိုပြီးပြောင်းသွားပါလေရော။အဲ့ဒီနာမည်ကို လင်းချယ်က သဘောကျတာကြောင့် အဲ့ဒီအချိန်ကတည်းက ခေါ်လာလိုက်တာ ခုထိ မပြောင်းမလဲပါပဲ။

(ပထမဒေါ်လေးလင်းခေါ်တဲ့ တမုန်မုန်က ဟောင့်မုန်ရဲ့နာမည်အရင်းဖြစ်တဲ့မုန်ကိုခေါ်တာပါ။ ဒုတိယ တမုန်မုန်ကျ ချစ်စရာကောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့မုန်ပါ။ တရုတ်စာလုံးပေါင်းချင်းတူပေမယ့် ဒုတိယသံနဲ့ တတိယသံဆိုတဲ့ အသံ toneပေါ်မူတည်ပြီး အဓိပ္ပါယ် ကွဲသွားတာပါ။)

ဟောင့်မုန်က ကားထဲကို စာအုပ်တွေနဲ့အတူ ပစ်ထည့်ခံလိုက်ရတယ်။ လင်းချယ်က မောင်းသူနေရာမှာ ဝင်ထိုင်ရင်း ဂီယာကို ဒေါသတကြီး ဖိနင်းလို့အိမ်ရှိရာ လျှင်မြန်စွာမောင်းတော့တယ်။

"အားချယ်..ဘာကိုစိတ်ဆိုးသွားတာလဲဟင်"

ဟောင့်မုန်က သတိထားပြီးမေးလိုက်တယ်။

လင်းချယ် မျက်နှာတည်တည် ဆက်ထားနေပြီးတော့ အမူအရာမဲ့စွာသာ မောင်းလာခဲ့တယ်။ အဲ့ဒီအမူအရာက ဟောင့်မုန်ခြေထောက်တွေကို တုန်ယင်သွားစေရတယ်။ သူတို့အိမ်​ပြန်ရောက်ရောက်ချင်းမှာပဲ သူက ကားထဲကထွက်ပြီး ပြေးတော့တယ်။

ဟောင့်မုန်က ဧည့်ခန်းထဲပြေးလာချိန်မှာ ဒေါ်လေးလင်းက အော်ပရာဇာတ်လမ်းတွဲ ကြည့်နေလေတယ်။ သူမက စိတ်အားထက်သန်စွာနဲ့ သူ့ကို ကြားဖြတ်ဆွဲခေါ်လိုက်တယ်။

"တမုန်မုန်က အချိန်ကိုက်ပြန်ရောက်လာတာပဲ။ဒီဇာတ်လမ်းတွဲက အတော်စိတ်တိုစရာကောင်းတယ်။မားနဲ့အတူတူ ဇာတ်ညွှန်းဆရာကို ဆဲဖို့ လာကြည့်ကြည့်စမ်းပါ"

နောက်နှစ်စက္ကန့်အတွင်းမှာပဲ လင်းချယ်က ဟောင့်မုန်ရဲ့အင်္ကျီကော်လံကို ဆုပ်ကိုင်ပြီးသွားပြီ။ ဟောင့်မုန်က သူ့ထက် ၆စင်တီမီတာလောက်မြင့်ပေမယ့် အဲ့ဒီအရပ်က Lessonပေးဖို့ အခန်းထဲ ဖမ်းခေါ်ခံသွားရခြင်းကနေတော့ မတားဆီးနိုင်ခဲ့လေဘူး။

လင်းချယ် အရွယ်ရောက်လာတော့ အိမ်မှာသူ့အနေအထားက ထိုးတက်သွားတယ်။ အရင်ကတော့ ဒေါ်လေးလင်းက သူ့ကို ထိန်းချုပ်နိုင်သေးတယ်။ ခုတော့ မဖြစ်နိုင်တော့ဘူး။သူမအနေနဲ့ ချွေးမလေးကို တိတ်တိတ်လေးသာ ဆုတောင်းပေးရုံ ရှိတော့တယ်။အဲ့ဒီနောက် သူမက အပြင်ဘက်ကနေ ခိုးနားထောင်ဖို့ အနောက်ကနေ တက်လိုက်သွားလေတယ်။

ဟောင့်မုန် အခန်းထဲကို တွန်းထည့်ခံလိုက်ရတယ်။ တစ်ဖက်လူ အတော်လေး စိတ်ဆိုးနေတာကိုမြင်တော့ သူဘက်ကစပြီး အင်္ကျီတွေချွတ်လို့ သနားစဖွယ်အသံလေးနဲ့ဆိုလိုက်တယ်။

"အားချယ် ကျေးဇူးပြုပြီး ညင်သာပေးပါနော်"

လင်းချယ်က ဒီလိုကိစ္စတွေမှာအရမ်းကြမ်းတယ်။ချစ်တင်းနှောတဲ့အကြိမ်တိုင်းမှာ သူ့တင်ပါးတွေ ကျိန်းစပ်ပြီး ခြေထောက်တွေပျော့ခွေတဲ့အထိ အလုပ်ခံရတယ်။ သူစိတ်ဆိုးပြီဆိုရင်တော့ အဲ့ဒါက ပိုဆိုးရွားလာပြီး သူ့မှာ အိပ်ရာထဲကတောင် မထနိုင်တော့ဘူး။

လင်းချယ် သူ့ရှေ့က အရပ်ရှည်ရှည် ပိန်ပါးပါးလူကိုကြည့်ရင်း လည်ချောင်းက မီးတောက်လာသလို ခံစားလိုက်ရတယ်။ ဟောင့်မုန်ရဲ့အသားအရေက ဖွေးတယ်လို့တော့ သတ်မှတ်မရပေမယ့် ဝါဖျော့ဖျော့အရောင်လေးပဲ။ဒါပေမယ့်လည်း သူက ရှည်သွယ်တဲ့ ခြေတံလက်တံတွေနဲ့ မိမွေးတိုင်းဖမွေးတိုင်းရပ်နေချိန်မှာပဲ ထူးဆန်းလှတဲ့ဆွဲဆောင်မှုတစ်ရပ်က ရှိလို့နေတယ်။

"ခင်ဗျား အရင်ကပြောခဲ့တဲ့ ကျွန်တော့်ကိုပဲ အမြဲတမ်းချစ်ပါ့မယ်ဆိုတဲ့စကားကို မှတ်မိသေးလား။ ကျွန်တော့်ဘက်က အချစ်တွေ ရပ်သွားရင်တောင် ခင်ဗျားကတော့ ဆက်ချစ်နေဦးမှာပဲလို့ ပြောခဲ့တယ်လေ"

လင်းချယ်အသံက အက်ရှနေပြီးတော့  သူက ဟောင့်မုန်ကိုမြှောက်ချီလိုက်တယ်။

သူတို့နှစ်ယောက် အတူနေလာတာ ခုနှစ်နှစ်ရှိပြီ။ အိမ်ထောင်သက် ၇နှစ်ကြာရင် ပြောင်းလဲတတ်တယ်ဆိုတဲ့စကားအရ တစ်ဖက်လူက ခုချိန်သူ့ကို စိတ်ကုန်နေပြီလား။ မနေဘူးလား ဆိုတာတော့ လင်းချယ်လည်း မသိဘူး။ သူ့ဘက်ကတော့ တစ်ဖက်လူကို စိတ်မကုန်နိုင်သေးဘူး။သူ ဟောင့်မုန်ကို သဘောကျနေတုန်းပဲ။ ပြီးတော့လည်း တစ်ဖက်လူက တစ်ကိုယ်တည်းပျံသန်းသွားချင်တဲ့စိတ်တွေ မရှိအောင် အပိုးကျိုးသွားဖို့ ဖာ့ခ်ပေးဖို့လည်း လိုသေးတယ်။

ဟောင့်မုန်ရဲ့ ရှည်သွယ်တဲ့ခြေတံတွေကို ပင့်မြှောက်ခံလိုက်ရချိန်မှာပဲ သူက တုန်ယင်လာရင်း ခပ်တိုးတိုး ဆိုလိုက်တယ်။

"မှတ်မိပါတယ် အားချယ်"

အဲ့ဒီအချိန်တုန်းက သူဟာ လင်းချယ်ကို အရမ်းသဘောကျခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ဘူး.။သူ လမ်းပျောက်ခဲ့မယ်ဆိုရင်တောင် တစ်ဖက်လူနဲ့ပဲ အတူရှိနေချင်ခဲ့တယ်။

သူ ဘွဲ့ရပြီးတဲ့နောက် အိမ်ပြန်ပြီး မိဘတွေကို ဖွင့်ပြောခဲ့တယ်။ ထင်ထားတဲ့အတိုင်းပဲ သူဟာ အိမ်ကနေ နှင်ထုတ်ခံလိုက်ရတယ်။နောက်တော့မှ လင်းချယ်က သူ့ကို အိမ်ခေါ်လာပြီးတော့ ဇနီးတစ်ယောက်အလား ထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်။

"မှတ်မိရုံတင်မရဘူး။ လက်တွေ့လည်း လုပ်ပြရမယ်လေ"

လင်းချယ် ညည်းညူလိုက်ရင်း သူတို့နှစ်ယောက်ကြားက အကွာအဝေးကို ကြားလပ်မနေအောင် တိုးဝင်ပစ်လိုက်တယ်။

ဟောင့်မုန် မျက်နှာက ရဲတွတ်သွားကာ ကျယ်လောင်တဲ့ညည်းညူသံက သူ့လည်ချောင်းထဲကနေ ထွက်ပေါ်လာတယ်။ အဲ့ဒီအသံက အရမ်းကိုဩရှပြီးကြားရခဲတဲ့အသံမျိုးဖြစ်တာကြောင့် လင်းချယ်ရဲ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေတော့တယ်။သူက ခေါင်းအမြန်ငုံ့ချကာ ဟောင့်မုန်နှုတ်ခမ်းက ထွက်နေတဲ့သာယာတဲ့ညည်းညူသံတို့ကို ပိတ်ဆို့ပစ်လိုက်ရင်း တစ်ဖက်လူရဲ့လျှာနဲ့ ရစ်တွယ်ပစ်လိုက်တယ်။

"ငါ...လုပ်..ပါ..မယ်"

ဟောင့်မုန်အသံတွေက ပြတ်တောင်းတောင်းဖြစ်နေပြီးတော့ ဝါကျတစ်ကြောင်းတောင် သေချာမထွက်နိုင်တော့ဘူး။သူက လင်းချယ်ရဲ့လည်တိုင်ကိုချိတ်တွယ်ကာ  ချစ်မြတ်နိုးစွာ အော်လိုက်တယ်။

"အားချယ်..အားချယ်...ငါ မင်းကို ချစ်တယ်"

ဒေါ်လေးလင်းက သူမ နားကို တံခါးအစွန်းမှာ ပြားနေအောင် ဖိကပ်ထားတယ်။သူမက သောကလည်းရောက်နေသလို ဒေါသလည်း ထွက်နေရင်း ဒီလောက်အသံလုံတဲ့တံခါးကို တပ်ပေးခဲ့တဲ့ အိမ်တွင်းအလှဆင်သူကို ကျိတ်ပြီး ကျိန်ဆဲနေမိတယ်။သူမမှာဖြင့် ပင့်သက်ရှိုက်သံလေးတွေတောင် မကြားရတော့ဘူးလေ။ သူမဘယ်လိုလုပ် ပျော်နိုင်ပါတော့မလဲ။

ဒေါ်လေးလင်း သက်ပြင်းချလိုက်တယ်။ ယောက္ခမကောင်းတစ်ယောက်အနေနဲ့ သူမ ချက်ချင်းပဲ အောက်ဆင်းပြီး ကြက်စွတ်ပြုတ်ချက်တော့တယ်။

သူမ သားက သားရဲကြီးလေ။ ဒီတော့ သူမ ချွေးမလေးအပေါ်အရမ်းကို ကြမ်းတမ်းမှာပဲ။ သူမအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ်လေ။

ကြက်သားစွတ်ပြုတ်ကို သုံးနာရီလောက် မီးအေးအေးနဲ့ တည်ထားပြီးတာတောင် ဟိုအတွဲက မပြီးကြသေးဘူး!။ ဒေါ်လေးလင်း စုပ်တစ်ချက်သပ်ရင်း ပြုံးလိုက်ကာ မာကျောက်ကစားဖို့သာ ထွက်လာခဲ့တော့တယ်။

လူငယ်တွေများ သက်လုံအတော်ကောင်းကြသကိုး။

သူတို့ပြီးမြောက်သွားတဲ့နောက်မှာ ဟောင့်မုန်ရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ပြည့်နေပြီးတော့ သူက ခေါင်းအုံးလေးကိုဖက်လို့ ခပ်တိုးတိုး ရှိုက်ငိုနေတယ်။သူ့နံဘေးမှာတော့ အင်္ကျီမပါတဲ့ လင်းချယ်က သူ့ရဲ့ ယောကျာ်းတစ်ယောက်စော်ကားတာခံလိုက်ရတဲ့ ဇနီးကောင်းလေးအလားအမူအရာကို မြင်လိုက်ရတော့ မနေနိုင်စွာပဲ ခပ်ကျယ်ကျယ် ရယ်မောတော့တယ်။သူက သူ့ရဲ့ ကိုယ်အောက်ပိုင်းနဲ့ လှမ်းတို့ထိလိုက်တယ်။

"အဲ့လောက်ထိ ဖြစ်စရာလား ဟမ်"

"မင်းခြေထောက်တွေကို ဟိုနေရာနဲ့ဒီနေရာထိ ကွေးခေါက်ကြည့်ပါလား!"

ဟောင့်မုန် စိတ်တိုသွားလေရဲ့။

လင်းချယ် ရယ်မောရင်း မင်းသမီးလေးကို သူ့ရင်ခွင်ကြားထဲ ဆွဲယူလိုက်ကာ အနမ်းတစ်ပွင့်ခြွေပြီးမှ စကားဆိုလိုက်တယ်။

"ကစားလို့အရမ်းကောင်းတဲ့ ဒီလိုခြေထောက်ရှည်တွေ ရှိရမယ်လို့ ခင်ဗျားကို ဘယ်သူပြောထားလို့လဲ"

ဟောင့်မုန် သူ့ကိုစိုက်ကြည့်လိုက်တယ်။ သူ့အောက်ပိုင်းက ဘာမှကို မခံစားရတော့ဘူး။ မနက်ဖြန်ကျရင်လည်း သူ့မှာ တစ်နေကုန်မတ်တပ်ရပ်ပြီး စာသင်ရဦးမယ်။

"မင်း ဘာလို့စိတ်တိုနေတာလဲဟင်"

ဟောင့်မုန် သူ့ဆဲမဲကြီးရဲ့ ရင်ခွင်ထဲ မြုပ်ဝင်နေလိုက်တဟ်။ သူ့အနေနဲ့ ချစ်တင်းနှောပြီးမှသာ ဒီကိစ္စကို မေးဝံ့တယ်။

"ခင်ဗျား ကျွန်တော့်ကို ကျောင်းလာမကြိုခိုင်းဘူးလေ"

လင်းချယ်က သူ့ကို စွေစောင်းကြည့်လာတယ်။

"ငါ့ကျောင်းသူတွေက မင်းကို အရမ်းသဘောကျနေကြတာ။ သူတို့ထဲကနှစ်ယောက်ဆို တော်တော်ကြီး လှတယ်လေ။ သူတို့တွေက မင်းကိုဖမ်းစားသွားကြမှာကို ငါကြောက်နေတာ"

ဟောင့်မုန် ရှင်းပြလိုက်တယ်။

"ဘယ်တစ်ယောက်လဲ"

"သူတို့ထဲကတစ်ယောက်က ဆံပင်တိုတို မျက်လုံးတောက်တောက်လေးနဲ့လေ။ နောက်တစ်ယောက်က ဆံပင်ရှည်ရှည်၊ ရင်သားကြီးကြီး၊ ခါးကျဥ်ကျဥ်လေးနဲ့လေ"

လင်းချယ် ဟွန်း ခနဲ လှောင်ရယ်လိုက်တယ်။

"ခင်ဗျားက ဒီလောက်တောင် ရှင်းရှင်းလင်းလင်းကြီး မှတ်မိနေတယ်ပေါ့။ ဘာလဲ သူတို့ကို အကြာကြီး စိုက်ကြည့်ထားတာလား"

ဟောင့်မုန်: "......"

ငါက လုံးဝဥသုံ ဇီးရိုးလေးပါ ဆဲမဲကြီးရယ်!။

_____________________

တကယ်ကြီးပြီးသွားပါပြီ။ လိုက်ပါဖတ်ရှုပေးခဲ့သူ တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း။

===============================

Zawgyi

What Should I Do if the School Bully is Interested in Me

Ch126 - Extra 7 – I’m a Pure Zero, Seme (Lin Che x Hao Meng) [End]

"ဒီေန့အတြက္ေတာ့ ဒီေလာက္ပါပဲ"

ေဟာင့္မုန္က အခ်ိန္တိက်စြာ သင္ခန္းစာကို ရပ္နားလိုက္ရင္း ပံုမွန္လိုပဲေမးလိုက္တယ္။

"နားမလည္တဲ့ေနရာ ရိွေသးလား"

သူက အခုဆိုရင္ တကၠသိုလ္A ရဲ့ ဆရာတစ္ေယာက္ျဖစ္ၿပီးေတာ့ ေရွးေဟာင္းသုေတသနရဲ့ အေထြေထြသီအိုရီဆိုင္ရာေတြကို သင္ၾကားပို႔ခ်ေပးရတယ္။ သူက အရမ္းႏူးညံ့ၿပီး ခ်စ္စရာေကာင္းတာေၾကာင့္ ေက်ာင္းသား ေက်ာင္းသူေတြၾကားမွာ အေတာ္ေလး ေရပန္းစားတယ္။

"ဆရာေဟာင့္!"

ေက်ာင္းသူတစ္ေယာက္က လက္တစ္ဖက္ကိုျမင့္ျမင့္ေျမႇာက္ကာ စပ္စုလိုတဲ့အမူအရာနဲ႔ စိတ္လႈပ္ရွားစြာေမးလိုက္တယ္။

"ကြၽန္မေမးခ်င္တာက ဆရာ့ရဲ့အမ်ိဳးသားက ဒီေန့လာႀကိဳမွာလားဟင္"

ေဟာင့္မုန္က ပံုမွန္ဆိုရင္ ဘာကိုမွ ထုတ္ေျပာေလ့မရိွဘူး။ ဒီေက်ာင္းသူေတြကေတာ့ သူနဲ႔တအားႀကီးကို ရင္းႏွီးတယ္။သူတို႔ေတြက ေဟာင့္မုန္ရဲ့ လိင္ပိုင္းဆိုင္ရာခံယူခ်က္ကို သိထားတဲ့အျပင္ ေခ်ာေမာတဲ့ဆဲမဲႀကီးတစ္ေယာက္ရိွတယ္ဆိုတာပါ သိၾကတယ္။

"သူငယ္မတို႔ ..ခင္ဗ်ားတို႔က က်ဳပ္အမ်ိဳးသား လာႀကိဳမႀကိဳ ကိစၥကိုေတာင္မွ လာထိန္းခ်ဳပ္ေနခ်င္ၾကတာလား!"

ေဟာင့္မုန္က ခပ္ျပတ္ျပတ္ဆိုလိုက္တယ္။ ဒီေက်ာင္းသူေတြက သူ႔အတန္းသာ လာတက္တာ။ သူ႔ဆဲမဲႀကီးအေၾကာင္းခ်ည္း စဥ္းစားေနၾကေတာ့တာပဲ။ဒင္းတို႔က ဘယ္လိုေတာင္ စာနာစိတ္ေတြ ကင္းမဲ့ေနၾကတာတုန္း။

"အီး....ရွာလကာေတြ အရမ္းခ်ဥ္တာပဲ"

စာသင္ခန္းထဲမွာ ရယ္ေမာသံတစ္အံုးအံုးက ရိုက္ခတ္သြားတယ္။

သမိုင္းေမဂ်ာမွာက ေက်ာင္းသူေတြ ပိုမ်ားၿပီးေတာ့ လူတိုင္းက ေဟာင့္မုန္ကို သေဘာက်ၾကတယ္။ ဒီဆရာက အရပ္ရွည္ၿပီး လူေကာင္ထြားေပမယ့္လည္း တကယ္တမ္းက် သူဟာ ႏူးညံ့ၿပီး ခ်စ္စရာေကာင္းလွတယ္။သူတို႔ေတြက ကေလးဆန္ဆန္ဂ်ီက်ျပလိုက္ရင္ကို သူ႔ဆီကေန စာေမးပြဲအတြက္အေရးႀကီးတဲ့အခ်က္ေတြ ထြက္လာတာခ်ည္းပဲ။

"ဆရာေဟာင့္...ဆရာ့အမ်ိဳးသားက ဒီမွာလာႀကိဳေနၿပီ...အား ..အား!"

ဘယ္ကမွန္းမသိတဲ့အသံတစ္သံက ေအာ္လိုက္ေတာ့ ေဟာင့္မုန္ကတံခါးဝဆီၾကည့္လိုက္တယ္။ လက္တစ္ဖက္ကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ထားတဲ့ လင္းခ်ယ္ကသူ႔ကို တကယ္ႀကီး လာႀကိဳေနခဲ့တယ္။

မလာပါနဲ႔လို႔ေျပာထားသားနဲ႔!။

ေဟာင့္မုန္ က်ိတ္ၿပီး က်ိန္ဆဲလိုက္တယ္။ ဒီေနရာက အေတာ္ မလံုၿခံဳဘူးေလ။ ဒီစာသင္ခန္းႀကီးက ပင့္ကူဂူႀကီးလို ျဖစ္ေနပါၿပီဆို!။

လင္းခ်ယ္က အရင္တစ္ခါ သူ႔ကိုလာႀကိဳၿပီးကတည္းက သူ႔အတန္းထဲက ကေလးမေတြက သူ႔ဆဲမဲႀကီး အေၾကာင္းပဲေတြးေနၾကေတာ့တာ။ သူတို႔ေတြက လင္းထန္စန္းအလာကို မိတ္ကပ္ေတြလူးၿပီးေန့တိုင္းေစာင့္ေမ်ွာ္ေနတဲ့ အရိုးျဖဴစုန္းမေတြလိုပဲ။သူတို႔က သူ႔ကို ေပၚတင္ႀကီးေတာင္ ရန္စၿပီးေတာ့ လင္းခ်ယ္ကိုေျဖာင့္ေအာင္လုပ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ၾကေသးတယ္။

(အရိုးျဖဴစုန္းမဆိုတာ အေနာက္သို႔ခရီးသြားျခင္းထဲမွာပါတဲ့ဇာတ္ေကာင္ပါ။ထန္စန္းကိုယ္ေတာ္ကို စားခ်င္ေနတဲ့ မေကာင္းဆိုးဝါးမေလ။ သိၾကတယ္မလား ထန္စန္းကိုယ္ေတာ္။ စြင္းဝူခုန္းရဲ့ ေမတၲာေရ႔ွထားဆရာေတာ္ဘုရားေလ။ ေဟာင့္မုန္က သူ႔လူႀကီးကို လူတိုင္းလိုခ်င္ေနၾကလို႔ ရြဲ႔ၿပီး လင္းထန္စန္းလို႔ ေျပာတာ)

ေဟာင့္မုန္ ႏွာမႈတ္ရင္း သူ႔အခ်စ္ၿပိဳင္ဘက္ရဲ့နာမည္ကို တိတ္တိတ္ေလးခ်ေရးလို႔ ေနာက္ဆံုးစာေမးပြဲအတြင္းမွာ သင္ခန္းစာေပးဖို႔ ႀကံရြယ္ထားလိုက္တယ္။

သူက ပံုႏိွပ္စာအုပ္ေတြသိမ္းရင္း ထြက္လာကာ လင္းခ်ယ္ကို မေက်မနပ္သံနဲ႔ေျပာလိုက္တယ္။

"မင္းကိုငါ မလာပါနဲ႔လို႔ ေျပာမထားဘူးလား!"

လင္းခ်ယ္က ဒါကိုၾကားေတာ့ သူ႔မ်က္ႏွာက ပ်က္ယြင္းသြားတယ္။ သူ ေဟာင့္မုန္ကိုစိုက္ၾကည့္ရင္း ဒီလူက ခုတေလာ တစ္ခုခုမူမမွန္ဘူးရယ္လို႔ ခံစားေနရတယ္။ ပံုမွန္ဆို ဒင္းက သူ႔ကို ေသေလာက္ေအာင္ တြယ္ကပ္ေနက်ေလ။ဒါေပမယ့္ ဒီလဝက္အတြင္းမွာပဲ ရုတ္တရပ္ႀကီးေျပာင္းလဲသြားတယ္။
 
"ဘာလဲ..ကြၽန္ေတာ္ ဘာအမွား ထပ္လုပ္မိလို႔လဲ"

တစ္ခါတစ္ေလက် လင္းခ်ယ္လည္း သူ႔မင္းသမီးေလး မေပ်ာ္မရႊင္ျဖစ္ေအာင္ ဘာေတြလုပ္မိတယ္ဆိုတာ သူ႔ကိုယ္သူလည္း မသိေတာ့ဘူး။ သူ႔မွာ အခ်ိန္တိုင္း လိုက္ေမးေနရတယ္။

"ေနာက္တစ္ခါက် ဒီကို ထပ္မလာနဲ႔ေတာ့"

ေဟာင့္မုန္ကေတာ့ ဘာမွထပ္ေျပာမေနခ်င္ေတာ့ဘူး။ သူ႔ဆဲမဲႀကီးကို ဒီေနရာကေနသာ အျမန္ဆံုး ထြက္သြားေစခ်င္ေနတာ။

လင္းခ်ယ္က အေတာ္စိတ္တိုသြားတာေၾကာင့္ သူ႔လက္ေမာင္းကို ဖမ္းဆုပ္ကာ ရင္ခြင္ၾကားကို ခပ္ၾကမ္းၾကမ္းဆြဲေခၚၿပီး ခပ္ျပင္းျပင္း နမ္းရိႈက္ပစ္လိုက္တယ္။

ေဟာင့္မုန္က ခုခ်ိန္မွာ တစ္ျခားလူေတြအတြက္ စံျပလူတစ္ေယာက္ျဖစ္ဖို႔ အလြန္သတိထားေနရတယ္။ ဒါႀကီးက လူျမင္ကြင္းႀကီးေလ။ ေက်ာင္းသားေက်ာင္းသူေတြ ျမင္သြားရင္ ဘယ္ေလာက္ေတာင္ ဆိုးရြားလိုက္မတဲ့လဲ။ သူ လင္းခ်ယ္ကို တြန္းထုတ္လိုက္ေပမယ့္ တစ္ဖက္လူကေတာ့ တုပ္တုပ္ေတာင္ မလႈပ္ေလဘူး။

လင္းခ်ယ္က သူ ေဟာင့္မုန္ကို အတင္းလုပ္ဖို႔ႀကိဳးစားေပမယ့္ ေဟာင့္မုန္က အလြယ္တကူနဲ႔ရုန္းထြက္သြားႏိုင္ခဲ့တဲ့အခ်ိန္ကို အၿမဲအမွတ္ရေနတုန္းပဲ။အဲ့ဒါက သူ႔မာနကို ထိခိုက္သြားေစခဲ့တယ္ေလ။ အဲ့ဒီကတည္းကသူဟာ ေလ့က်င့္ခန္းေတြကို အပတ္တကုတ္ႀကိဳးစားၿပီး ကိုယ္ခႏၶာကို က်င့္ထားတာေၾကာင့္ ေဟာင့္မုန္က သူ႔လက္ထဲကေန ထပ္ၿပီးမရုန္းထြက္ႏိုင္ေတာ့ဘူး။

"ငါ့ကို လႊတ္ အားခ်ယ္"

ေဟာင့္မုန္ ေအာ္ေျပာလိုက္တယ္။

"ကြၽန္ေတာ္ ခင္ဗ်ားကို သင္ခန္းစာေပးရေတာ့မွာပဲ..တမုန္မုန္ေရ"

လင္းခ်ယ္က ေလွာင္ရယ္လိုက္ရင္း တစ္ဖက္လူ လက္ကိုဆြဲကာ အျပင္ဘက္ကိုထြက္လာခဲ့တယ္။

အရင္တုန္းက ေဟာင့္မုန္တစ္ေယာက္ လင္းခ်ယ္မိဘေတြနဲ႔ေတြ့ဖို႔ အိမ္ကိုသြားခဲ့တုန္းက ေဒၚေလးလင္းက အေတာ္ႀကီး ႏွစ္လိုေပ်ာ္ရႊင္သြားတယ္။ သူမက ေခြၽးမေလးကို တမုန္မုန္(大猛猛 (Da Měng Měng))လို႔ေတာင္ ခ်စ္စႏိုးနာမည္ေပးလိုက္ေသးတယ္။အခ်ိန္ေတြၾကာေတာ့ အဲ့ဒီနာမည္က တမုန္မုန္(大萌萌 (Da Méng Méng))ဆိုၿပီးေျပာင္းသြားပါေလေရာ။အဲ့ဒီနာမည္ကို လင္းခ်ယ္က သေဘာက်တာေၾကာင့္ အဲ့ဒီအခ်ိန္ကတည္းက ေခၚလာလိုက္တာ ခုထိ မေျပာင္းမလဲပါပဲ။

(ပထမေဒၚေလးလင္းေခၚတဲ့ တမုန္မုန္က ေဟာင့္မုန္ရဲ့နာမည္အရင္းျဖစ္တဲ့မုန္ကိုေခၚတာပါ။ ဒုတိယ တမုန္မုန္က် ခ်စ္စရာေကာင္းတယ္လို႔ အဓိပၸါယ္ရတဲ့မုန္ပါ။ တရုတ္စာလံုးေပါင္းခ်င္းတူေပမယ့္ ဒုတိယသံနဲ႔ တတိယသံဆိုတဲ့ အသံ toneေပၚမူတည္ၿပီး အဓိပၸါယ္ ကြဲသြားတာပါ။)

ေဟာင့္မုန္က ကားထဲကို စာအုပ္ေတြနဲ႔အတူ ပစ္ထည့္ခံလိုက္ရတယ္။ လင္းခ်ယ္က ေမာင္းသူေနရာမွာ ဝင္ထိုင္ရင္း ဂီယာကို ေဒါသတႀကီး ဖိနင္းလို႔အိမ္ရိွရာ လ်ွင္ျမန္စြာေမာင္းေတာ့တယ္။

"အားခ်ယ္..ဘာကိုစိတ္ဆိုးသြားတာလဲဟင္"

ေဟာင့္မုန္က သတိထားၿပီးေမးလိုက္တယ္။

လင္းခ်ယ္ မ်က္ႏွာတည္တည္ ဆက္ထားေနၿပီးေတာ့ အမူအရာမဲ့စြာသာ ေမာင္းလာခဲ့တယ္။ အဲ့ဒီအမူအရာက ေဟာင့္မုန္ေျခေထာက္ေတြကို တုန္ယင္သြားေစရတယ္။ သူတို႔အိမ္​ျပန္ေရာက္ေရာက္ခ်င္းမွာပဲ သူက ကားထဲကထြက္ၿပီး ေျပးေတာ့တယ္။

ေဟာင့္မုန္က ဧည့္ခန္းထဲေျပးလာခ်ိန္မွာ ေဒၚေလးလင္းက ေအာ္ပရာဇာတ္လမ္းတြဲ ၾကည့္ေနေလတယ္။ သူမက စိတ္အားထက္သန္စြာနဲ႔ သူ႔ကို ၾကားျဖတ္ဆြဲေခၚလိုက္တယ္။

"တမုန္မုန္က အခ်ိန္ကိုက္ျပန္ေရာက္လာတာပဲ။ဒီဇာတ္လမ္းတြဲက အေတာ္စိတ္တိုစရာေကာင္းတယ္။မားနဲ႔အတူတူ ဇာတ္ၫႊန္းဆရာကို ဆဲဖို႔ လာၾကည့္ၾကည့္စမ္းပါ"

ေနာက္ႏွစ္စကၠန္႔အတြင္းမွာပဲ လင္းခ်ယ္က ေဟာင့္မုန္ရဲ့အက်ႌေကာ္လံကို ဆုပ္ကိုင္ၿပီးသြားၿပီ။ ေဟာင့္မုန္က သူ႔ထက္ ၆စင္တီမီတာေလာက္ျမင့္ေပမယ့္ အဲ့ဒီအရပ္က Lessonေပးဖို႔ အခန္းထဲ ဖမ္းေခၚခံသြားရျခင္းကေနေတာ့ မတားဆီးႏိုင္ခဲ့ေလဘူး။

လင္းခ်ယ္ အရြယ္ေရာက္လာေတာ့ အိမ္မွာသူ႔အေနအထားက ထိုးတက္သြားတယ္။ အရင္ကေတာ့ ေဒၚေလးလင္းက သူ႔ကို ထိန္းခ်ဳပ္ႏိုင္ေသးတယ္။ ခုေတာ့ မျဖစ္ႏိုင္ေတာ့ဘူး။သူမအေနနဲ႔ ေခြၽးမေလးကို တိတ္တိတ္ေလးသာ ဆုေတာင္းေပးရံု ရိွေတာ့တယ္။အဲ့ဒီေနာက္ သူမက အျပင္ဘက္ကေန ခိုးနားေထာင္ဖို႔ အေနာက္ကေန တက္လိုက္သြားေလတယ္။

ေဟာင့္မုန္ အခန္းထဲကို တြန္းထည့္ခံလိုက္ရတယ္။ တစ္ဖက္လူ အေတာ္ေလး စိတ္ဆိုးေနတာကိုျမင္ေတာ့ သူဘက္ကစၿပီး အက်ႌေတြခြၽတ္လို႔ သနားစဖြယ္အသံေလးနဲ႔ဆိုလိုက္တယ္။

"အားခ်ယ္ ေက်းဇူးျပဳျပီး ညင္သာေပးပါေနာ္"

လင္းခ်ယ္က ဒီလိုကိစၥေတြမွာအရမ္းၾကမ္းတယ္။ခ်စ္တင္းေနွာတဲ့အႀကိမ္တိုင္းမွာ သူ႔တင္ပါးေတြ က်ိန္းစပ္ၿပီး ေျခေထာက္ေတြေပ်ာ့ေခြတဲ့အထိ အလုပ္ခံရတယ္။ သူစိတ္ဆိုးၿပီဆိုရင္ေတာ့ အဲ့ဒါက ပိုဆိုးရြားလာၿပီး သူ႔မွာ အိပ္ရာထဲကေတာင္ မထႏိုင္ေတာ့ဘူး။

လင္းခ်ယ္ သူ႔ေရ႔ွက အရပ္ရွည္ရွည္ ပိန္ပါးပါးလူကိုၾကည့္ရင္း လည္ေခ်ာင္းက မီးေတာက္လာသလို ခံစားလိုက္ရတယ္။ ေဟာင့္မုန္ရဲ့အသားအေရက ေဖြးတယ္လို႔ေတာ့ သတ္မွတ္မရေပမယ့္ ဝါေဖ်ာ့ေဖ်ာ့အေရာင္ေလးပဲ။ဒါေပမယ့္လည္း သူက ရွည္သြယ္တဲ့ ေျခတံလက္တံေတြနဲ႔ မိေမြးတိုင္းဖေမြးတိုင္းရပ္ေနခ်ိန္မွာပဲ ထူးဆန္းလွတဲ့ဆြဲေဆာင္မႈတစ္ရပ္က ရိွလို႔ေနတယ္။

"ခင္ဗ်ား အရင္ကေျပာခဲ့တဲ့ ကြၽန္ေတာ့္ကိုပဲ အၿမဲတမ္းခ်စ္ပါ့မယ္ဆိုတဲ့စကားကို မွတ္မိေသးလား။ ကြၽန္ေတာ့္ဘက္က အခ်စ္ေတြ ရပ္သြားရင္ေတာင္ ခင္ဗ်ားကေတာ့ ဆက္ခ်စ္ေနၪီးမွာပဲလို႔ ေျပာခဲ့တယ္ေလ"

လင္းခ်ယ္အသံက အက္ရွေနၿပီးေတာ့  သူက ေဟာင့္မုန္ကိုေျမႇာက္ခ်ီလိုက္တယ္။

သူတို႔ႏွစ္ေယာက္ အတူေနလာတာ ခုႏွစ္ႏွစ္ရိွၿပီ။ အိမ္ေထာင္သက္ ၇ႏွစ္ၾကာရင္ ေျပာင္းလဲတတ္တယ္ဆိုတဲ့စကားအရ တစ္ဖက္လူက ခုခ်ိန္သူ႔ကို စိတ္ကုန္ေနၿပီလား။ မေနဘူးလား ဆိုတာေတာ့ လင္းခ်ယ္လည္း မသိဘူး။ သူ႔ဘက္ကေတာ့ တစ္ဖက္လူကို စိတ္မကုန္ႏိုင္ေသးဘူး။သူ ေဟာင့္မုန္ကို သေဘာက်ေနတုန္းပဲ။ ၿပီးေတာ့လည္း တစ္ဖက္လူက တစ္ကိုယ္တည္းပ်ံသန္းသြားခ်င္တဲ့စိတ္ေတြ မရိွေအာင္ အပိုးက်ိဳးသြားဖို႔ ဖာ့ခ္ေပးဖို႔လည္း လိုေသးတယ္။

ေဟာင့္မုန္ရဲ့ ရွည္သြယ္တဲ့ေျခတံေတြကို ပင့္ေျမႇာက္ခံလိုက္ရခ်ိန္မွာပဲ သူက တုန္ယင္လာရင္း ခပ္တိုးတိုး ဆိုလိုက္တယ္။

"မွတ္မိပါတယ္ အားခ်ယ္"

အဲ့ဒီအခ်ိန္တုန္းက သူဟာ လင္းခ်ယ္ကို အရမ္းသေဘာက်ခဲ့တာေၾကာင့္ မလြတ္ေျမာက္ႏိုင္ခဲ့ဘူး.။သူ လမ္းေပ်ာက္ခဲ့မယ္ဆိုရင္ေတာင္ တစ္ဖက္လူနဲ႔ပဲ အတူရိွေနခ်င္ခဲ့တယ္။

သူ ဘြဲ႔ရၿပီးတဲ့ေနာက္ အိမ္ျပန္ၿပီး မိဘေတြကို ဖြင့္ေျပာခဲ့တယ္။ ထင္ထားတဲ့အတိုင္းပဲ သူဟာ အိမ္ကေန ႏွင္ထုတ္ခံလိုက္ရတယ္။ေနာက္ေတာ့မွ လင္းခ်ယ္က သူ႔ကို အိမ္ေခၚလာၿပီးေတာ့ ဇနီးတစ္ေယာက္အလား ေထာက္ပံ့ေပးခဲ့တာ ျဖစ္တယ္။

"မွတ္မိရံုတင္မရဘူး။ လက္ေတြ့လည္း လုပ္ျပရမယ္ေလ"

လင္းခ်ယ္ ညည္းၫူလိုက္ရင္း သူတို႔ႏွစ္ေယာက္ၾကားက အကြာအေဝးကို ၾကားလပ္မေနေအာင္ တိုးဝင္ပစ္လိုက္တယ္။

ေဟာင့္မုန္ မ်က္ႏွာက ရဲတြတ္သြားကာ က်ယ္ေလာင္တဲ့ညည္းၫူသံက သူ႔လည္ေခ်ာင္းထဲကေန ထြက္ေပၚလာတယ္။ အဲ့ဒီအသံက အရမ္းကိုဩရွၿပီးၾကားရခဲတဲ့အသံမ်ိဳးျဖစ္တာေၾကာင့္ လင္းခ်ယ္ရဲ့တစ္ကိုယ္လံုးကို ေတာင့္တင္းသြားေစေတာ့တယ္။သူက ေခါင္းအျမန္ငံု႔ခ်ကာ ေဟာင့္မုန္ႏႈတ္ခမ္းက ထြက္ေနတဲ့သာယာတဲ့ညည္းၫူသံတို႔ကို ပိတ္ဆို႔ပစ္လိုက္ရင္း တစ္ဖက္လူရဲ့လ်ွာနဲ႔ ရစ္တြယ္ပစ္လိုက္တယ္။

"ငါ...လုပ္..ပါ..မယ္"

ေဟာင့္မုန္အသံေတြက ျပတ္ေတာင္းေတာင္းျဖစ္ေနၿပီးေတာ့ ဝါက်တစ္ေၾကာင္းေတာင္ ေသခ်ာမထြက္ႏိုင္ေတာ့ဘူး။သူက လင္းခ်ယ္ရဲ့လည္တိုင္ကိုခ်ိတ္တြယ္ကာ  ခ်စ္ျမတ္ႏိုးစြာ ေအာ္လိုက္တယ္။

"အားခ်ယ္..အားခ်ယ္...ငါ မင္းကို ခ်စ္တယ္"

ေဒၚေလးလင္းက သူမ နားကို တံခါးအစြန္းမွာ ျပားေနေအာင္ ဖိကပ္ထားတယ္။သူမက ေသာကလည္းေရာက္ေနသလို ေဒါသလည္း ထြက္ေနရင္း ဒီေလာက္အသံလံုတဲ့တံခါးကို တပ္ေပးခဲ့တဲ့ အိမ္တြင္းအလွဆင္သူကို က်ိတ္ၿပီး က်ိန္ဆဲေနမိတယ္။သူမမွာျဖင့္ ပင့္သက္ရိႈက္သံေလးေတြေတာင္ မၾကားရေတာ့ဘူးေလ။ သူမဘယ္လိုလုပ္ ေပ်ာ္ႏိုင္ပါေတာ့မလဲ။

ေဒၚေလးလင္း သက္ျပင္းခ်လိုက္တယ္။ ေယာကၡမေကာင္းတစ္ေယာက္အေနနဲ႔ သူမ ခ်က္ခ်င္းပဲ ေအာက္ဆင္းၿပီး ၾကက္စြတ္ျပဳတ္ခ်က္ေတာ့တယ္။

သူမ သားက သားရဲႀကီးေလ။ ဒီေတာ့ သူမ ေခြၽးမေလးအေပၚအရမ္းကို ၾကမ္းတမ္းမွာပဲ။ သူမအေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားရမယ္ေလ။

ၾကက္သားစြတ္ျပဳတ္ကို သံုးနာရီေလာက္ မီးေအးေအးနဲ႔ တည္ထားၿပီးတာေတာင္ ဟိုအတြဲက မၿပီးၾကေသးဘူး!။ ေဒၚေလးလင္း စုပ္တစ္ခ်က္သပ္ရင္း ၿပံဳးလိုက္ကာ မာေက်ာက္ကစားဖို႔သာ ထြက္လာခဲ့ေတာ့တယ္။

လူငယ္ေတြမ်ား သက္လံုအေတာ္ေကာင္းၾကသကိုး။

သူတို႔ၿပီးေျမာက္သြားတဲ့ေနာက္မွာ ေဟာင့္မုန္ရဲ့မ်က္လံုးေတြက မ်က္ရည္ေတြနဲ႔ျပည့္ေနၿပီးေတာ့ သူက ေခါင္းအံုးေလးကိုဖက္လို႔ ခပ္တိုးတိုး ရိႈက္ငိုေနတယ္။သူ႔နံေဘးမွာေတာ့ အက်ႌမပါတဲ့ လင္းခ်ယ္က သူ႔ရဲ့ ေယာက်ာ္းတစ္ေယာက္ေစာ္ကားတာခံလိုက္ရတဲ့ ဇနီးေကာင္းေလးအလားအမူအရာကို ျမင္လိုက္ရေတာ့ မေနႏိုင္စြာပဲ ခပ္က်ယ္က်ယ္ ရယ္ေမာေတာ့တယ္။သူက သူ႔ရဲ့ ကိုယ္ေအာက္ပိုင္းနဲ႔ လွမ္းတို႔ထိလိုက္တယ္။

"အဲ့ေလာက္ထိ ျဖစ္စရာလား ဟမ္"

"မင္းေျခေထာက္ေတြကို ဟိုေနရာနဲ႔ဒီေနရာထိ ေကြးေခါက္ၾကည့္ပါလား!"

ေဟာင့္မုန္ စိတ္တိုသြားေလရဲ့။

လင္းခ်ယ္ ရယ္ေမာရင္း မင္းသမီးေလးကို သူ႔ရင္ခြင္ၾကားထဲ ဆြဲယူလိုက္ကာ အနမ္းတစ္ပြင့္ေႁချြပီးမွ စကားဆိုလိုက္တယ္။

"ကစားလို႔အရမ္းေကာင္းတဲ့ ဒီလိုေျခေထာက္ရွည္ေတြ ရိွရမယ္လို႔ ခင္ဗ်ားကို ဘယ္သူေျပာထားလို႔လဲ"

ေဟာင့္မုန္ သူ႔ကိုစိုက္ၾကည့္လိုက္တယ္။ သူ႔ေအာက္ပိုင္းက ဘာမွကို မခံစားရေတာ့ဘူး။ မနက္ျဖန္က်ရင္လည္း သူ႔မွာ တစ္ေနကုန္မတ္တပ္ရပ္ၿပီး စာသင္ရၪီးမယ္။

"မင္း ဘာလို႔စိတ္တိုေနတာလဲဟင္"

ေဟာင့္မုန္ သူ႔ဆဲမဲႀကီးရဲ့ ရင္ခြင္ထဲ ျမဳပ္ဝင္ေနလိုက္တဟ္။ သူ႔အေနနဲ႔ ခ်စ္တင္းေနွာၿပီးမွသာ ဒီကိစၥကို ေမးဝံ့တယ္။

"ခင္ဗ်ား ကြၽန္ေတာ့္ကို ေက်ာင္းလာမႀကိဳခိုင္းဘူးေလ"

လင္းခ်ယ္က သူ႔ကို ေစြေစာင္းၾကည့္လာတယ္။

"ငါ့ေက်ာင္းသူေတြက မင္းကို အရမ္းသေဘာက်ေနၾကတာ။ သူတို႔ထဲကႏွစ္ေယာက္ဆို ေတာ္ေတာ္ႀကီး လွတယ္ေလ။ သူတို႔ေတြက မင္းကိုဖမ္းစားသြားၾကမွာကို ငါေၾကာက္ေနတာ"

ေဟာင့္မုန္ ရွင္းျပလိုက္တယ္။

"ဘယ္တစ္ေယာက္လဲ"

"သူတို႔ထဲကတစ္ေယာက္က ဆံပင္တိုတို မ်က္လံုးေတာက္ေတာက္ေလးနဲ႔ေလ။ ေနာက္တစ္ေယာက္က ဆံပင္ရွည္ရွည္၊ ရင္သားႀကီးႀကီး၊ ခါးက်ဥ္က်ဥ္ေလးနဲ႔ေလ"

လင္းခ်ယ္ ဟြန္း ခနဲ ေလွာင္ရယ္လိုက္တယ္။

"ခင္ဗ်ားက ဒီေလာက္ေတာင္ ရွင္းရွင္းလင္းလင္းႀကီး မွတ္မိေနတယ္ေပါ့။ ဘာလဲ သူတို႔ကို အၾကာႀကီး စိုက္ၾကည့္ထားတာလား"

ေဟာင့္မုန္: "......"

ငါက လံုးဝဥသံု ဇီးရိုးေလးပါ ဆဲမဲႀကီးရယ္!။

_____________________

တကယ္ႀကီးၿပီးသြားပါၿပီ။ လိုက္ပါဖတ္ရႈေပးခဲ့သူ တစ္ၪီးခ်င္းစီတိုင္းကို အထူးေက်းဇူးတင္ရိွပါေၾကာင္း။

Continue Reading

You'll Also Like

27.6K 2.2K 13
brokeback moumtain ႐ုပ္ရွင္ဟာ 2005 ခုႏွစ္ ဆု ၈ ဆုရခဲ႕ပါတယ္.. ပထမဆုံး လူႀကိဳက္အမ်ားဆုံး Gay ႐ုပ္ရွင္ပါ.. ကိုယ္႕ အတြက္ LGBT ဆိုတာ ပထမဆုံး မိတ္ဆကိမိတဲ႕...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
367K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
557K 62.7K 64
Zawgyiသမားေတြအတြက္ေအာက္ဆြဲခ်ၿပီးဖတ္ၾကည့္ပါေနာ္ ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...