သခင်လေးရဲ့ကချေသည် Myanmar Ver...

De MinKhant22

106K 3.8K 131

နေမခ ကောင်လေးက ကျွန်တော့်နားမှာ ကျွန်တော်စေလိုရာကမဲ့အရုပ်ကလေးပဲ အမြဲဖြစ်နေရမယ် 💗💗💗💗💗 မိုးထက်သာ ကျွန်... Mais

Intro
EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
EP23
Ep24
EP25
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35
EP36
EP37
EP38
EP39
EP40 Final

EP26

1.7K 69 0
De MinKhant22

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၆

"အစ်ကို ကျွန်တော့်တို့ပြန်လာပြီ "

နေမခ အိမ်အစောပြန်လာပြီး ရေချိုးနှင့်ထားတာ မှန်သွားသည် မိုးထက်သာနဲ့ သူ့သူငယ်ချင်းတွေ အစောကြီး အိမ်ပြန်လာကျသည် သူတို့တွေ ရေမြန်ချိုးပြီး ခြံထဲမှာ ညစာစားပွဲလုပ်ဖို့ပြင်နေကျသည်

" မီးမွှေးလို့အဆင်ပြေပါ့မလား အိမ်ခြံဝန်းသေးသေးလေးပဲကိုး "

" ပြေပါတယ် အစ်ကို "

စိုင်းအောင် မီးပုံပွဲသေးသေးလေး မွှေးလိုက်သည် ကိုထွေးကတော့ အပေါ်ကစားပွဲနဲ့ခုံတွေကို အောက်ချကာ စားစရာတွေ တည်ခင်းနေသည်

" အစ္ကို "

မိုးထက်သာ အစ်ကိုရှေ့ဒူးထောက်လိုက်သည်

"ဘာလုပ်တာလဲ လူတွေရှီတယ်လေ "

" ရတယ် ကျွန်တော့်တို့ကို ဂရုမစိုက်နဲ့ "

မိုးထက်သာ ဒူးထောက်ပြီး အစ်ကို့လက်ကို လက်စွပ်စွပ်ပေးလိုက်သည်

"ဒီလက်စွပ်က "

" ကျွန်တော့်ပိုက်ဆံစုပြီး ဒီနေ့ဒီကောင်တွေနဲ့ တာချီလိပ်ကိုသွားပြီး သွားဝယ်ထားတာပါ "

" မင်း ဒီနေ့အလုပ်ပျက်ရပြီပေါ့ "

" ကိစ္စမရှီဘူး ကျွန်တော့်အရမ်းပေးချင်တဲ့ လက်စွပ်လေးပေးခွင့်ရလို့ပျော်တယ် လက်ထပ်လက်စွပ်ကို အများကြီးနောက်ကျပြီးမှ ပေးရတယ် စိတ်မကောင်းပါဘူး သခင်လေး "

" ဟင်အင်း..ရတယ် "

နေမခ မိုးထက်သာကို ဖတ်လိုက်တော့ စိုင်းအောင်နဲ့ကိုထွေးက လက်ခုတ်တီးပြီး ဂုဏ်ပြုကျသည်

" ဒါဘာလဲ "

သူတို့နှစ်ဦးပေါ်ဖြာကျနေတဲ့ အလင်းစူးစူးကြောင့် ထကြည့်လိုက်တော့ ခြံရှေ့မှာ ကားတွေအများအပြားကို တွေ့ ရသည်

"ဘယ်သူတွေလဲ ရိုင်းလိုက်တာ မီးထိုးထားတာ "

ကိုထွေးကစိတ်ပျက်စွာဆိုလိုက်သည်

ကားပေါ်က ဆင်းလာတဲ့သူကို့ကြည့်လိုက်တော့ ဥက္ကဋ္ဌနဲ့ နန်းလဲ့ဖြစ်သည် နေမခအံသြနေစဉ်အတွင်း ထပ်ပြီးဆင်းလာတဲ့သူက
အဖေနဲ့ သူ့ရဲ့အစ်ကိုနေလင်းဖြစ်သည်

"အဖေ "

"ဒါဘာလုပ်နေတာလဲ သားငယ် အိမ်ပြန်လိုက်ခဲ့ ''

" မလိုက်ဖူး အဖေ..မိုးထက်ငါမလိုက်ဖူးနော် ''

နေမခ မိုးထက်လက်ကိုဆွဲကာ အတင်းငြင်းလိုက်သည်

"သခင်လေးနဲ့ ကျွန်တော်လက်ထပ်ပြီးပါပြီ သခင်ကြီး ''

" သခင်လေးတဲ့ ''

ကိုထွေးနဲ့စိုင်းအောင် အံသြသွားသည်

"ရာရာစစ ငါသားငယ်ကို မင်းက အပိုင်ကြံတယ် ငါတို့ပိုးမွေးသလိုမွေးခဲ့တဲ့ သားငယ်ကို မင်းက ပင်ပန်းတဲ့အလုပ်တွေကိုခိုင်းတယ် မင်းလို့အောက်တန်းကျတဲ့အစေခံက ငါသားငယ်ကိုဝါးမြိုမှန်းသိခဲ့ရင် ငါမင်းကို အဆိပ်ပင်ရေလောင်း မွေးမမြူးခဲ့ဘူး ''

" မိုးထက်ကိုမပြောပါနဲ့အဖေ ကျွန်တော့် ဒီလိုနေရတာ စိတ်ချမ်းသာတယ် ကျွန်တော့်ကို စွန့်ပစ်လိုက်ပါတော့ ''

" ညီလေး ပြန်လိုက်ခဲ့ပါ ညီလေးစိတ်နဲ့အဖိုးလည်းအိမ်မှာနေမကောင်းဘူး ''

" ကလေးလေးလို တေးချော့မနေနဲ့ ဟေ့ကောင်တွေ သခင်လေးကိုအပါ ခေါ်ခဲ့စမ်း ''

မိုးထက်သာသခင်လေးရှေ့ကာကွယ်ပြီး လာစွဲခေါ်တဲ့ လူနှစ်ယောက်နဲ့ချနေလိုက်သည် သခင်လေးကို သူအစ်ကို ကိုယ့်တိုင်လာစွဲခေါ်လိုက်သည် သခင်လေးမလိုက်ချင်လို့ အတင်းငြင်းနေသည်

" မိုးထက်!..မိုးထက်''

" သခင်လေး..သခင်လေး ''

နောက်ကတုတ်နဲ့ရိုက်ချလိုက်တာကြာင့် မိုးထက်လဲသွားသည် ဝင်ကူတဲ့စိုင်းအောင်နဲ့ ကိုထွေးပါ အရိုက်ခံလိုက်ရသည်

" ဟေ့ကောင်တွေ အပြတ်ရှင်းလိုက် ''

နေမခဒူးထောက်လိုက်ပြီး
အဖေ ခြေထောက်ကို သွားကိုင်ကာ

" မလုပ်ပါနဲ့ အဖေ ကျွန်တော့်တောင်းပန်ပါတယ် ပြန်လိုက်ခဲ့ပါမယ် မိုးထက်ကို အသက်ချမ်းသာပေးပါ ''

" သခင်လေး ကျွန်တော်ဘာမှ. .
မဖြစ်ပါဘူး . . .ပြန်မလိုက်သွားပါနဲ့ ''

လဲနေတော့ မိုးထက်ကို လူနှစ်ယောက် ခြေထောက်ဖြင့် ကန်နေသည်

" သခင်လေးမလုပ်ပါနဲ့ . .တောင်းပန်. . .''

သခင်လေး မောပန်းကာ သတိလစ်သွားသည်

" ညီ !! "

" သခင်လေး ! ! ! "

" သားငယ် !! ဟေ့ကောင်တွေထားခဲ့လိုက်တော့ သားငယ်ကိုဆေးရုံပို့ရမယ် မြန်မြန် ''

မေ့မျောနေတဲ့ သခင်လေးကို ပွေ့ချီပြီး ကာပေါ်တက်သွားသည် ကျွန်တော် ကြိုးစားထပေမဲ့ အမှောင်ကမ္ဘာထဲသို့

🏡🏡🏡

" သခင်လေး! ကျွန်တော်ဆီ ပြန်လာပါ သခင်လေး ! "

" တူလေး..သတိရလာပြီလား ''

" သက်သာရဲ့လား မိုးထက် ''

မိုးထက်သာ သတိရရချင်း ဦးလေးနဲ့ ကျော်စွာကို တွေ့ရသည်

" ဦးလေးရောက်နေတာလား ''

" ငါလည်းရောက်နေတယ် ''

" သခင်လေး တစ်ခုခုဖြစ်မှာ ကျွန်တော်စိုးရိမ်တယ် ''

" သခင်လေးဘေးမှာ သူကို ဂရုစိုက်တဲ့သူအများကြီးပါ စိုးရိမ်စရာမလိုပါဘူး ''

" သူဘေးမှာဘယ်လောက်လူများများ သူလိုတာ ကျွန်တော်ကိုပဲ ကျွန်တော်သွားရမယ် သခင်လေးဆီ ပြန်ရမယ် ''

မိုးထက်သာအတင်းကုန်းရုန်းထနေတာကြောင့် စိုင်းအောင်ထိန်းလိုက်ပြီး

" အစ်ကို မလှုပ်ပါနဲ့

" ဒီလိုအချိန်မှာ မင်းအဲ့ဒီစံအိမ်ထဲဝင်တာနဲ့ သေမှာ မင်းကို သဘောတူတယ် ကြည်ဖြူတယ် လက်ခံမယ်ထင်နေလား
အခု ဦးလေးလည်း အဲ့ဒီအိမ်က အပြီးထွက်လာတာ မင်းမှာမင်းဘဝမှန် ရှီတယ်တူလေး မင်းဘဝမှန်ကို သွားရမယ် ''

" မသိချင်ဘူး သခင်လေးကိုပဲလိုချင်တယ်သူကို စောင့်ရှောက်ချင်တယ် ''

" စောင့်ရှောက်တယ်ဆိုပြီး
အုတ်လုပ်ခိုင်းလို့ သခင်ကြီးတို့ မင်းကို မုန်းပြီး သတ်ပစ်ချင်နေတယ် ''

"ကျွန်တော့်တကယ်မသိခဲ့တာပါ "

" ဥက္ကဋ္ဌဆီကကြားတာတော့ သခင်လေး စိုင်းလုံအိမ်မှာ ဘလောက်အုတ်သွားလုပ်နေတယ်လို့ သိခဲ့ရတယ် "

"သခင်လေး! "

"တကယ်တော့ မင်းကသခင်လေးကို မချစ်သင့်ဘူး သခင်လေးက မင်းရန်သူပဲ "

" ဦးလေးဘာစကားပြောတာလဲ "

"သခင်လေးအဖိုးနဲ့ မင်းအဖိုးက သူ့ငယ်ချင်းပဲ ရတနာကို အတူတူရှာတွေ့ခဲ့ပြီး သခင်လေးအဖိုးက မင်းအဖိုးကို သစ္စာဖောက်ခဲ့တာ နောက်ဆုံးအသေပါသတ်ဖို့ကြံခဲ့တယ် ချောက်ထဲထိတွန်းချခံလိုက်ရတယ် အသက်မသေပဲ မိုးကုတ်က ကျောက်တူးသမားနဲ့ လိုက်သွားကာ ကျောက်အောင်ခဲ့ပေမဲ့ ရောဂါနဲ့ အသက်ဆုံးတော့မယ်လေ သူ့သားဖြစ်တဲ့ မင်းအဖေကို ရှေ့နေ့နဲ့လွှဲပြီး
၂၅နှစ်ပြည့်ရင် အမွှေလွဲခိုင်းခဲ့တယ် ဒါပေမဲ့ မင်းအဖေအသက်၂၅နှစ်မပြည့်ခင် သေသွားတယ် ဘာလို့သေတာလဲမင်းသိလား ဦးထက်ယံကားနဲ့ တိုက်မိပြီး သေတာပဲ
လူတစ်ယောက်လုံးသေတာတောင် ဦးထက်ယံ ထောင်မကျခဲ့ဘူး "

" တော်ပါပြီ ဆက်မပြောပါနဲ့တော့ "

"ပြောရမဲ့မိုးထက် မင်းနားထောင်ရမယ် ငွေကြောင့် သခင်လေးအဖိုးက မင်းအဖိုးကို လုပ်ကြံခဲ့သလို ငွေကြောင့်ပဲ မင်းအဖေကို သတ်တဲ့ လူသတ်သမားကပဲ ထောင်မကျပဲ လွှတ်မြှောက်ခဲ့တယ် မင်းအမေဘယ်လိုသေရလဲ ထပ်သိချင်သေးလား "

မိုးထက်သာ မျက်ရည်ကျလာသည်

" မင်းကိုမွေးပြီး သူယောက်ကျားသတင်းကြားကြားချင်း မီးတွင်းထဲမှာ ဆုံးတာပဲ သခင်လေးတို့မိသားစုကြောင့် မင်းတစ်ကောင်ကြွက်ဖြစ်ရတာပဲ မင်းအဖိုး အဖေ အမေ အားလုံး အဲ့မိသားစုကြောင့် သေရတာပဲ ငါ့ကမင်းဦးလေးအရင်းမဟုတ်ပေမဲ့ မင်းအဖေနဲ့အမေကိုသတ်ခဲ့တဲ့ သူတို့ကို ငါခွင့်မလွှတ်ဘူး အဲ့ဒါကြောင့် အဲ့အိမ်မှာ မင်းကိုထားတယ်ဆိုတာ သူတို့အကြောင်းသိပြီး ကလဲ့စားချေစေချင်လို့
ရန်သူ့သားကို ချစ်ဖို့မဟုတ်ဘူး "

" မသိချင်ဘူး..မဟုတ်ဘူး "

မိုးထက်သာငိုကြွေးနေမိသည်

" မင်းအဖိုးနာမည်က ဦးအောင်ဝင်းတဲ့ မင်းအဖေနာမည်က ဦးအောင်မင်း အမေနာမည်က ဒေါ်သက်ထား မသိချင်လည်း မင်းသိထားရမဲ့ နာမည်တွေပဲ "

ဦးလေးပြောပြီး အခန်းထဲက ထွက်သွားသည် သူအော်ဟစ်ငိုကျွေးလိုက်မိသည်

Next Trailer

ပြသာနာတက်အောင် မီးရှို့လိုက်တာနဲ့ မထွက်လာဘူးဆိုတာမရှီပါဘူး ငါးနှစ်တာအတွင်း အများကြီး ပြင်ဆင်ပြီး ဓားထက်အောင် အချိန်နဲ့ အမျှ သွေးနေတာပါ အခု လုပ်ရမှာက ငါသွေးထားတဲ့ ဓါးနဲ့ ရန်သူရဲ့ရင်ဝကို
တည့်တည့်ချိန်ဖို့ အချိန်ရောက်ပြီ ''

🏡🏡🏡

သခင်လေးရဲ့ကချေသည်

အပိုင်း ၂၆




" ပြေပါတယ် အစ်ကို "


" အစ္ကို "





"ဒီလက်စွပ်က "




" ဟင်အင်း..ရတယ် "


" ဒါဘာလဲ "





"အဖေ "





" သခင်လေးတဲ့ ''







" မိုးထက်!..မိုးထက်''

" သခင်လေး..သခင်လေး ''









" ညီ !! "

" သခင်လေး ! ! ! "



🏡🏡🏡


" တူလေး..သတိရလာပြီလား ''

" သက်သာရဲ့လား မိုးထက် ''


" ဦးလေးရောက်နေတာလား ''

" ငါလည်းရောက်နေတယ် ''





" အစ်ကို မလှုပ်ပါနဲ့






"သခင်လေး! "


" ဦးလေးဘာစကားပြောတာလဲ "






" မသိချင်ဘူး..မဟုတ်ဘူး "




Next Trailer


🏡🏡🏡

Continue lendo

Você também vai gostar

10.8M 249K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
752K 19.8K 57
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...
425K 14.4K 40
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...
1M 91.8K 142
This is the continuation of short story collection 'Love me thoda aur '.