𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤...
By Tulipsky1712
92.5K 2.9K 449
ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်မျာ... More
Chapter-1
Chapter-2
Chapter-3
Chapter-4
Introduction of two main characters
Chapter-5
Chapter-6
Character introduction Part -2
Chapter-8
Chapter-9
Chapter-10
Hiiiiiiiii
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
အမှာစကား
Chapter-19
Chapter-20
Chapter-21
Chapter-22
Thank u all my fans
Chapter-23
Chapter -24
Chapter-25
Chapter-26
Chapter-27
Sorry
Chapter-28
Chapter -29
Chapter-30
Chapter-31
Chapter-32
Chapter-33
Shoutout
Chapter-34
Note from author
Chapter-35
Chapter-36
Chapter-7
2.5K 90 4
By Tulipsky1712
"ဘဝဆိုတာခနအတွင်းပြောင်းလဲတတ်တယ်ဆိုတဲ့စကားကို ကျွန်မသေချာသိပါတယ်......ဒါပေမယ့်အခုဟာက ဘဝအသစ်ကိုစလိုက်ရသလိုပဲ....."
နယူးရောက်စ်မြို့ကြီးသည်ကားဟွန်းတီးသံများနှင့်စည်ကားသိုက်မြိုက်လျက်ရှိသည်။နေမင်းကြီးမှာလည် ရောင်ခြည်များစွာဖြာထွက်လျက် ထွန်းလင်းတောက်ပနေသည်။နေမင်းကြီး ​၏ရောင်ခြည်များသည်မှန်ပြတင်းပေါက်မှတစ်ဆင့်တိုက်ခန်းအတွင်းသို့ဖြာထွက်ဆင်းသက်လာသည်။
     ထိုကဲ့သို့စူးရှလင်းလက်နေသော ရောင်ခြည်များကြောင့်ဂရေ့စ် မျက်လုံးလေးများသည် ပိတ်လိုက်ပွင့်လိုက်ဖြစ်လာသည်။ သို့သော်မျက်လုံးမှိတ်၍ပြန်အိပ်ရန်ကြိုးစားသည်။ သူမအိပ်နေရင်း စိတ်ထဲတစ်မျိုးဖြစ်လာသည်။အဘယ့်ကြောင့်ဆိုသော် သူမ နားမှတစ်ဆင့် တစ်စုံတစ်ယောက်​၏နှလုံးခုန်သံကိုကြားနေရသောကြောင့်ဖြစ်သည်။ အထူးသဖြင့် တစ်စုံတစ်ယောက် ရဲ့လက်မောင်းများသည် သူမခန္ဓာကိုယ်အားတွယ်ယှက်ထားသည်ဟုခံစားလိုက်ရသောကြောင့်ဖြစ်သည်။ ထိုအထိအတွေ့ကို သူမ မနှစ်သက်ဟုမဆိုပါ။ ခန္ဓာကိုယ်အထိအတွေ့ကြောင့် သူမ ခန္ဓာကိုယ်နွေးထွေးနေသည်၊လုံခြုံသည်ဟုခံစားနေရသည်။အတွေးပေါင်းစုံနှင့်ရှုပ်ယှက်ခက်နေ သောဂရေ့စ်သည် ချက်ချင်းသူမ မျက်လုံးများကိုစုံဖွင့်လိုက်သည်။
ဒေမွန်မျက်နှာနှင့်သူမမျက်နှာနီးကပ်လွန်းလှ၍သူ​၏အသက်ရှူသံကိုသေသေချာချာကြားနေရသည်။သူ ​၏လက်မောင်းများသည် သူမခန္ဓာကိုယ်အားသူ​ရဲ့ရင်ခွင်အနီးတွင်ဖမ်းချုပ်ထားသည်။ဂရေ့စ်အလန့်တကြားဖြစ်၍ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဒေမွန်ရဲ့အိပ်စက်နေသောမျက်နှာကို သူမ ကြည့်လိုက်သည်။ ငြိမ်းချမ်းစွာအိပ်နေသော ဒေမွန်မျက်နှာအား ဂရေ့စ် တစ်စိမ့်စိမ့် ကြည့်ကာ အသေးစိတ်မှတ်နေသည်။ သူ​၏မျက်တောင်လေးများသည် ရှည်လျားနက်မှောင်သည်။​ကလပ်တွင်တွေ့တုန်းကသပ်သပ်ရပ်ရပ်လုပ်ထားသောဒေမွန်ဆံပင်မှာ အခုအချိန်တွင် မျက်နှာရှေ့သို့တစ်စိုးတစ်စကျ၍ရှုပ်ပွနေသည်။ ဂရေ့စ်အတွက် ဒေမွန်ရဲ့အေးချမ်းစွာအိပ်စက်နေသောအသွင်အပြင်မှာ အလွန်ချစ်စရာ​ေကာင်းလှသည်။သူမပြုံးကာ ဒေမွန်အားသေချာစူးစိုက်ကြည့်နေသည်။
"အိန်ဂျယ်လေး ကိုယ့်ကိုအရမ်းစိုက်ကြည့်နေတော့ မျက်လုံးမနာဘူးလား" ဒေမွန်ပြောလိုက်သည်။
သူမ လန့်ဖြန့်သွားသည်။ဒေမွန် မျက်လုံးဖွင့်၍ဂရေ့စ်အားကြည့်လိုက်သည်။ဂရေ့စ်ရှက်သွေးဖြာ၍ သူမမျက်နှာကိုလက်ဖြင့်အုပ်ရန်ရွယ်လိုက်သည်။ဒေမွန်ပြုံးကာ
"ဂရေ့စ်ရဲ့မျက်နှာလေးကို လက်နဲ့မကွယ်လိုက်ပါနဲ့ကွာ" ပြောလိုက်သည်။ ဒေမွန် ​၏ပြောစကားကြောင့် သူမလက်ကလေးများ သည် ရပ်တန့်သွားသည်။ထိုအချိန်အခါကိုဒေမွန်အခွင့်ကောင်းယူလျက် သူမလက်ကလေးတစ်ဖက်ကို သူ့ရဲ့လက်ဖြင့်ဖမ်းကိုင်လိုက်သည်။ထို့နောက်သူမရဲ့လက်ကလေးနှစ်ဖက်ကို သူ​၏နှုတ်ခမ်းအနီးသို့ယူကာနမ်းလိုက်သည်။ဂရေ့စ်သည် ဒေမွန်အားငေးကြည့်နေသည်။
             "ကလင်!!!!!ကလင်!!!!!!!!" ဖုန်းရုတ်တရတ်မြည်သံကြောင့် နှစ်ယောက်သားအလန့်တကြားဖြစ်သွားသည်။ဒေမွန်သည် ချက်ချင်းပဲ အိပ်ရာမှထကာ စာရေးစားပွဲပေါ်တွင်တင်ထားသောဖုန်းကိုယူ၍ရေချိုးခန်းထဲသို့ဝင်သွားသည်။ဂရေ့စ်လည်း အိပ်ရာပေါ်တွင်လှဲနေရာမှ ထထိုင်လိုက်သည်။
          "ဟယ်လို!ပြော!!"
        "ဘော့စ်!!!"
         "ဘာလဲကွာ!!!!!!!"
         "Ryder(ရိုင်ဒါ)ဒီနေ့မနက် နယူးရောက်စ်ကိုပြန်ရောက်ပြီလေ မေ့နေပြီလား"
         "အေး....ဟုတ်သားပဲ ငါမေ့နေတာ!!!"
        "ပြီးတော့....ဘော့စ် နာရီလည်းကြည့်ပါအုံး !"ဂျွန်နီရဲ့အော်သံကြောင့် တိုင်တွင်ချိတ်ထား​ေသာနာရီကို မော့ကြည့်လိုက်သည်။ နေ့လယ်၁၁နာရီထိုးပြီဖြစ်သည်။အချိန်တော်တော်လွန်နေကြောင်း ဒေမွန် သိလိုက်ရသည်။
         "အေးပါ!!ငါသိပါတယ်"
         "ဘော့စ်ရယ် တစ်ခါမှနောက်မကျဖူး ဘယ်ကိစ္စကိုမှမမေ့ဖူးတဲ့ ဘော့စ်က ဘယ်လိုဖြစ်တာလဲ!!"
         "လျှာမရှည်စမ်းပါနဲ့ ငါသိပါတယ် မင်းခုချက်ချင်းကွန်ဒိုကိုလာခဲ့!!!"
        "ကျွန်တော်က ကွန်ဒိုကို ဘာလာလုပ်ရမှာလဲ"
        "ငါခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်စမ်း ပြီးတော့ရိုင်ဒါကိုပါ ငါ့ကွန်ဒိုကိုလာဖို့ပြောလိုက်!!"
       "ဘော့စ်ကိုယ်တိုင် ရိုင်ဒါကိုပြောလို့ရတာပဲ"
       "ဂျွန်နီ!!!!!!!!"
       "ဟုတ်ပါပြီ ဘော့စ်"
      "ပြီးတော့ ဂရေ့စ်ဂျွန်ဆင် ရဲ့ကိုယ်ရေးအကျဉ်းချုပ် အကုန်လုံးကိုငါ့ကိုရှာပေးပြီးယူလာခဲ့!"
      "ဂရေ့စ် ဂျွန်ဆင်? အော်..သိပြီ မနေ့ညကတစ်ယောက်...ဘော့စ်ကဘာလို့သိချင်နေရတာလဲ"
     "ဂျွန်နီ တစ်ခါတစ်လေ ငါမင်းကိုစိတ်မရှည်ဘူးကွာ!!!!!!မင်းသေချင်နေပြီလား"
     "ဂရေ့စ် ဂျွန်ဆင်ရဲ့ ကိုယ်ရေးကိုယ်တာအကြောင်းအကုန်လုံးကို ချက်ချင်းရှာပြီး ယူလာပါ့မယ် ဘော့စ်!"
     "ပြီးတော့.."
    "ကျန်သေးတာလား ဘော့စ်...!"
     "အေး...ငါ မင်းကိုခိုင်းဖို့ အရေးကြီးဆုံးတစ်ခုရှိသေးတယ်"
      "ဘာလဲ ဘော့စ်?"
    "ဒီလို........"
            ဒေမွန်ဖုန်းပြောရင်း​ေအာ်သံများကို​ဂရေ့စ်ကြားနေရသည်။ရေချိုးခန်းထဲတွင်ဖြစ်သောကြောင့်အသံများမှာဝေဝါးနေသည်။ခနနေသော်ဒေမွန် ရေချိုးခန်းထဲမှထွက်လာသည်။ဂရေ့စ်သည်  သူအားစူးစမ်းသောမျက်လုံးလေးများနှင့်စိုက်ကြည့်နေသည်။သူသည် သက်ပြင်းချလိုက်၍ သူမအားပြန်ကြည့်လိုက်သည်။
             "ကဲ ကိုယ်တို့ တစ်ခုခုစားကြမယ်လေ...ကိုယ်ကတော့ရေချိုးခန်းထဲမှာမျက်နှာသစ် ပြီးသွားပြီ  ဂရေ့စ်ပဲကျန်တော့တယ်"
             "အ..အွန်း" ပြော၍ကုတင်ပေါ်မှဆင်းကာ ရေချိုးခန်းထဲသို့မြန်မြန်ဝင်သွားသည်။
          ရေချိုးခန်းထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဂရေ့စ်သည်တံခါးကိုသေချာလော့ခ်ချလိုက်သည်။ရေချိုးခန်းတံခါးကိုမှီ၍ထိုင်ချလိုက်သည်။
            "ငါ..ငါအရင်ကလိုအိမ်မက်ဆိုးတွေမမက်တော့ပါလား ငါ.....ငါဘာတွေဖြစ်နေတာပါလဲ"ဟုပြော၍ဒေမွန်နမ်းထားသောလက်ကလေးကိုကြည်ံ့နေသည်။ထို့နောက်ဒေမွန်နှုတ်ခမ်းအငွေ့အသက်လေးများနှင့်ပြည့်နေသောလက်ခုံနေရာကိုသူမနှုတ်ခမ်းလေးနှင့်ထိလိုက်သည်။
             မျက်နှာသစ် သန့်စင်ပြီးသောအခါ ဂရေ့စ်ရေချိုးခန်းထဲမှထွက်လာသည်။ ဒေမွန်ရဲ့အရိပ်အယောင်ကို အခန်းထဲတွင်မတွေ့ရတော့ပါ။သူမ စာရေးစားပွဲခုံတွင်တင်ထားသောစာတိုလေးတစ်ရွက်ကိုသာတွေ့လိုက်သည်။ စာတိုလေးကိုကောက်ကိုင်၍ဖတ်ကြည့်လိုက်သည်။
          "ကိုယ် ထမင်းစားခန်းထဲမှာစောင့်နေတယ် ဗီရိုထဲမှာကြိုက်တဲ့အင်္ကျီဝတ်ပြီး လာခဲ့နော်   -ဒေမွန်" ဟုရေးထားသည်။ထိုစာကိုဖတ်ပြီးပြီးချင်း သူမကုတင်ပေါ်ထိုင်လိုက်သည်။ထို့နောက် အခန်းအားသေသေချာချာလှည့်ကြည့်လိုက်သည်။ မ​ေန့ညကပြဿနာများပေါင်းစုံနေသောကြောင့်အခန်းကိုသေချာမကြည့်လိုက်ရပါ။အခန်းကြီးသည်အလွန်ကျယ်ဝန်းလှ၍ ဈေးကြီးလှသောဓာတ်ပုံများနှင့်အလှဆင်ထားသည်။အခန်းနံရံများကိုမီးခိုးရောင်သုတ်ထားသည်။ အိပ်ရာမှတစ်ဆင့်အပြင်မြင်ကွင်းအလှတရားကိုခံစားနိုင်ရန် အခန်းဘယ်ဘက်ခြမ်းတွင်ပြတင်းပေါက်အကြီးကြီးနှစ်ခုရှိသည်။ ထို့နောက် လေကောင်းလေသန့်ရှူ၍အနားယူနိုင်ရန် ဝရန်တာကြီး ကိုလည်းအိပ်ခန်းဘယ်ဘယ်ခြမ်းတွင်လှပစွာ တည်ဆောက်ထားသည်။ဂရေ့စ်သည် ဒေမွန်ချမ်းသာသည်ကို သူမ သိသော်လည်း ဒီလောက်ကြွယ်ဝချမ်းသာလိမ့်မည်ဟုမထင်ထားပါ။ထို့နောက်ဗီရိုကိုဖွင့်၍ဒေမွန်ရဲ့တီရှပ်တစ်ထည်နှင့်ဘောင်းဘီတိုတစ်ထည်ယူဝတ်လိုက်သည်။အဝတ်အစားများမှာ ကြီးနေသော်လည်း အဆင်ပြေအောင်ဝတ်၍ အိပ်ခန်းထဲမှထွက်ခဲ့သည်။
မီးဖိုချောင်ခန်းထဲရှိ ထမင်းစား စားပွဲပေါ်တွင် စားစရာအပြည့်အစုံတင်ထားသည်။ဒေမွန်သည် ကော်ဖီသောက်၍ သတင်းစာဖတ်နေသည်။ သူ သည်သတင်းစာဖတ်နေသော်လည်း ဂရေ့စ်နဲ့ပတ်သတ်ပြီး စဉ်းစားတွေးတောနေသည်။သူမလက်ကလေးအား နမ်းရှုတ်ခဲ့တဲ့အချိန်ကို ပြန်မြင်ယောင်နေသည်။ ထို့အပြင် သူမအား သူရဲ့အကြောင်းကိုပြောပြရမှာ ဖြစ်သောကြောင့် စိတ်ပူနေသည်။ သူမရဲ့အသွင်အပြင် ပြောပုံဆိုပုံကိုကြည့်ခြင်းအားဖြင့် သူရဲ့အကြောင်းသေသေချာချာမသိသေးပါ။ဒေမွန်နာမည်ကို နယူးရောက်စ်မြို့တစ်မြို့လုံးမသိသူမရှိပါ။ ဒေမွန်နာမည်တစ်လုံး ကြားတိုင်းလူတိုင်းကြောက်ရွံ့တုန်လှုပ်ကြသည်။သို့သော် ဂရေ့စ်မှာမူသူ့ရဲ့နာမည်ကိုပြောပြစဉ်ကကြောက်ရွံ့တုန်လှုပ်ခြင်းမရှိ ပြုံးကာသူအားစိုက်ကြည့်နေပုံကိုပြန်တွေးလိုက်တိုင်း ဂရေ့စ်သည် သူ့အတွက်အရမ်း ဖြူစင်လွန်းမှန်းသိလိုက်ရသည်။ သူမအား သူ့အကြောင်းပြောပြရမှာဝန်လေးနေသည်။အထူးသဖြင့် သူမ သူ့အားကြောက်ရွံ့သွားမှာကိုလန့်နေသည်။
             "ဒေါက် ဒေါက် ဒေါက်" ဂရေ့စ်သည် ဖွင့်ထားသောမီးဖိုချောင်ခန်းတံခါးလေးကိုခေါက်၍ ဒေမွန်အားအသံပေးလိုက်သည်။ဒေမွန်ချက်ချင်းပဲ ထိုင်ရာမှထ၍သူမအားလှည့်ကြည့်လိုက်သည်။ သူ့ရဲ့အဝတ်အစားများသည်သူ့ထက်ပို၍ ဂရေစ်နှင့်လိုက်သည် ဟု တွေးလိုက်သည်။ ဒေမွန်သည် အိပ်နေတုန်းကပုံစံနှင့်ယခု သူမတွေ့မြင်နေရသောပုံစံသည် လုံးဝကွဲပြားခြားနားသည်။အိပ်ရာပေါ်တွင်အိပ်စက်အနားယူနေသော ဒေမွန်သည် ငြိမ်းချမ်း ၍အပူအပင်ကင်းပုံပေါ်၍ ချစ်စရာကောင်းလှသည်။ယခု မီးဖိုချောင်ထဲတွင်မတ်တတ် ရပ်နေသောဒေမွန်သည် ဩဇာအာဏာရှိ၍ အရှိန်အဝါပြည့်ကာ ဆွဲဆောင်မှုရှိ၍ရဲစွမ်းသတ္တိရှိသောယောက်ျားတစ်ဦးအသွင် ဆောင်သည်။ သူသည်  တီရှပ်လက်ရှည်အနက်ရောင်ကိုလက်ခေါက်၍မီးခိုးရောင်ဘောင်းဘီရှည် ကိုစမတ်ကျကျဝတ်ဆင်ထားသည်။ဂရေ့စ် ဒေမွန်နားသို့လမ်း လျှောက်လာသည်။
             ဒေမွန်သည် သူမထိုင်ရန် ခုံကိုဆွဲပေးသည်။ ဂရေ့စ်သည် သူဆွဲပေးထားသောထိုင်ခုံပေါ်သို့ထိုင်လိုက်ကာငြိမ်နေသည်။ ထို့နောက်မီးဖိုချောင်ခန်းကြီး ပတ်ပတ်လည်ကိုကြည့်လိုက် ထမင်းစားပွဲပေါ်တွင် တင်ထားသော များစွာသော အစားအစာများကို ကြည့်လိုက် ဒေမွန်ကိုကြည့်လိုက်နှင့် ဖြစ်နေသည်။ ထိုကဲ့သို့ စူးစမ်းထွေပြား နေသောဂရေ့စ်ကိုကြည့်၍ဒေမွန်ပြုံးလိုက်သည်။
              "ဂရေစ့် စားချင်တာစားလေ ကိုယ် ဂရေ့စ်အတွက်အကုန်လုပ်ပေးထားတာ"
            "ဒါတွေ အကုန်လုံးကို....."
            "အိန်ဂျယ်လေးက ဘာကြိုက်လဲမှကိုယ်မသိတာ..."
            "ကျွန်မ..ဒါတွေအကုန်လုံး မကုန်ဘူးလေ.."
          "ဘာမှစိတ်မပူနဲ့...ဂရေ့စ်စားနိုင်သလောက်စား ဟုတ်ပြီလား"
              ဂရေ့စ်ဗိုက်ထဲတွင် အသံများတဖြည်းဖြည့်ထွက်လာသည်။
              ထို့ကြောင့်သူမသည် ပန်ကိတ်တစ်ချပ်ကိုယူ၍စားလိုက်သည်။
         "အွန်း....အရသာရှိလိုက်တာ"
       "စား ကြိုက်တာစား အိန်ဂျယ်လေး"
       " ဟိုလေ ဒါတွေအကုန်လုံးကိုဘယ်သူလုပ်ထားတာလဲ အရမ်းစားကောင်းလို့"
        " ကိုယ့်ရဲ့အိမ်တော်ထိန်း အဒေါ်မီယာ (Mia)လုပ်ပေးထားတာ"
       "ဟင် အဲ့ဆိုခုသူက ဘယ်မှာလဲ"
       "သူက အခု ကွန်ဒိုမှာလိုအပ်တဲ့ မစ္စည်းပစ္စယာတွေကိုဝယ်ဖို့ဈေးသွားတယ်"
      "အော်...." ဂရေ့စ်နောက်ထပ် ပေါင်မုန့်အစာသွတ်တစ်ခုကိုယူစားလိုက်ပြန်သည်။ ဒေမွန်သည် ကော်ဖီသောက် ၍သူမ အားပါးတရစားနေတာကို စူးစိုက်ကြည့်နေသည်။ဂရေ့စ်သည်စားနေရင်းပလုတ်ပလောင်းနှင့်
      " ဟိုလေ...မနေ့ညက မနက်ဖြန်ကျရင် ကြိုက်တာမေးလို့ပြောထားတာလေ ..အဲ့ဒါခုမေးမလို့"
        ဒေမွန်အနည်းငယ်တွန့်ဆုတ်သွားသည်။
         "အင်း...အင်း မေးလေ အိန်ဂျယ်"
        "ဒေမွန်က အရမ်းချမ်းသာလား"
        ဒေမွန် သူမမေးခွန်းကြောင့်ရယ်လိုက်သည်။
        "ဘာလို့ အဲ့ဒါကိုမေးတာလဲ အိန်ဂျယ်"
       "ဘာ ဖြစ်လို့လဲဆိုတော့ ဒေမွန် အိပ်ခန်းကြီးက အိမ်တစ်အိမ်လောက်တောင်ဆောက်လို့ရတယ်" ပြောရင်း ဂရေစ့် သည် ကော်ဖီတစ်ခွက်ကိုယူ၍သောက်လိုက်သည်။
        "ဟားဟား....ဟုတ်ပါပြီ ကိုယ်ကပိုက်ဆံရှိပါတယ် "
      "ဒါဆို သူဌေးပေါ့"
       "အင်း အဲ့လိုပြောလို့ရပါတယ်"
"အသက်ကရောဘယ်လောက်လဲ ဒေမွန်"
"၂၆နှစ် ကိုယ်က"
"အော် ကျွန်မက၁၈နှစ် ကိုယ်နဲ့၈နှစ်တောင်ကွာတာပေါ့နော်"
"အင်း"
        ဂရေစ့်စားရတာဗိုက်တင်းသွားသည်။ထို့နောက် ဒေမွန်အားသေချာပြန်ကြည့်လျက်
         " ဒေမွန် ကျွန်မကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."ဟုပြောလိုက်သည်။
       "ဟိုအလုပ်ကိုပြန်မသွားနဲ့တော့ ဂရေ့စ် ကိုယ်မင်းကိုအလုပ်ရော နေစရာပါပေးမယ်.." ပြတ်သားစွာ ဒေမွန် ပြောလိုက်သည်။ ရုတ်တရတ် ပြောလိုက်သော ဒေမွန်စကားကြောင့် သူမ နားမလည်နိုင်ဖြစ်သွားသည်။
      "ဒေမွန်...ဘာပြော..ပြောလိုက်တာ..."
      "ကိုယ့် ပိုင်တဲ့ဆေးရုံရဲ့ အထူးကုဆရာဝန်ကြီးဆီမှာ လက်ထောက်အဖြစ် အလုပ်လုပ်.."
      "ခန..ခနလေး..."
     "နေစရာလည်းမပူနဲ့ ဒီကွန်ဒိုမှာအခန်းလွတ်တစ်ခုရှိတယ် မသုံးတာကြာလို့ဖုန်တွေတော့တက်နေတယ် ကိုယ်ဒီနေ့ရှင်းခိုင်းထားလိုက်မယ် အိမ်ငှားခလည်းပေးစရာမလိုဘူး ကြိုက်သလိုနေ ဟုတ်ပြီလား"
     "ခနလေး......."
     "ပြီးတော့အလုပ်လစာကိစ္စလည်းစိတ်မပူနဲ့ တစ်လကိုဒေါ်လာ သုံးထောင်ပေးမယ်"
      "ဒေမွန်!!!!!"
ဂရေ့စ်ရဲ့လျှတ်တပြပ်အော်သံ ကြောင့်စကားပြောနေ ရာမှဒေမွန်ရပ်သွားသည်။
    "ဘာဖြစ်လို့လဲ အိန်ဂျယ်.."
    "ဘာလို့ စကားတစ်ဇွတ်ထိုးပြောနေရတာလဲ  ပြီးတော့တစ်လကိုဒေါ်လာသုံးထောင်တောင်ပေးမယ် နေစရာလည်းပေးမယ် အလုပ်လည်းပေးမယ် ဒေမွန် ကျွန်မကိုအခုထိ ကူညီပေးတာကိုတင်တော်တော် တော်တော်ကျေးဇူးတင်မိပါတယ် ပြီးတော့ အထူးကုဆရာဝန်ကြီးရဲ့ လက်ထောက် ကျွန်မက ဆေးဝါးအကြောင်းနည်းနည်းတော့နားလည်ပါတယ် ဒါပေမယ့်လက်ထောက်လုပ်ရတောင်လောက်ထိမတော်သေးပါဘူး ကျွန်မက ဒေမွန်အတွက်လူစိမ်းတစ်ယောက်နော် ကျွန်မကမကောင်းတဲ့လူ ဒေမွန်ကိုဒုက္ခပေးမယ့်သူဆိုရင် ဘယ်လိုလုပ်မလဲ အဲ့ဒါလည်း တွေးပါအုံး ဘာလို့ကျွန်မကို ခုမှတွေ့ဖူးစကားပြောဖူးတဲ့လူစိမ်းကို ကူညီချင်.."
       "ကိုယ် မင်းကိုယုံလို့ပေါ့"
         မရပ်မနားပြောဆိုနေသောဂရေ့စ်သည် ဒေမွန်စကားတစ်ခွန်းကြောင့်ရပ်သွားကာ သူ့အားအံ့ဩသောမျက်လုံးလေးများနှင့်စိုက်ကြည့်နေသည်။
       "ဘာလို့အဲ့လောက်တောင်ယုံကြည်နေရတာလဲ ဒေမွန်"
      "အင်း.......ကိုယ်ဘယ်လိုပြောပြရမလဲ ကိုယ်ဒီတိုင်း ဂရေ့စ်ကိုယုံကြည်လို့ရတယ်လို့ရင်ထဲမှာခံစားနေရတယ် ...ဘယ်လိုပြောပြရမှန်းကိုယ်လည်းမသိဘူး"
      "ဒေမွန်ကို ကျွန်မက ထိခိုက်အောင်အနာတရဖြစ်အောင်လုပ်မယ့်သူဆို..ဆိုရင်"
              ချက်ချင်းပဲဒေမွန်သည်သူမခေါင်းလေးကိုလက်ဖြင့်ထိကာ
         "ဂရေ့စ် မင်းကိုယ့်ကိုဘယ်တော့မှအနာတရဖြစ်အောင်လုပ်မှာမဟုတ်ဘူး " ပြတ်သားစွာပြောသည်။
        "ဘာလို့အဲ့လောက်တောင်သေချာနေရတာလဲ ဒေမွန်ရယ်"မျက်လုံးလေးမှာ မှိတ်ကာပြောလိုက်သည်။
       "ကိုယ် သိနေတာ ဂရေ့စ် ကိုယ့်ကိုအနာတရဖြစ်အောင်လုပ်မှာမဟုတ်ဘူးလို့သိနေတာ" ပြောရင်းသူမခေါင်းပေါ်တွင်တင်ထားသောလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
       "ဒေမွန်ရယ်...."
     "ကိုယ်ပေးတဲ့အလုပ်ရော နေစရာရော လစာကိုရော လက်ခံပါနော် ဂရေ့စ်" ပြင်းပြသော မျက်လုံးများဖြင့်ကြည့်ကာပြောလိုက်သည်။
      ထိုမျက်လုံးများရဲ့အကြည့်ကိုဂရေ့စ်မလွန်ဆန်နိုင်သောကြောင့်သူမခေါင်းငြိတ်၍လက်ခံလိုက်သည်။
               "ဒေမွန်......"
             "ပြောလေ အိန်ဂျယ်"ကော်ဖီခွက်ကိုကိုင်၍သောက်ရန်လုပ်သည်။
             "ဒေမွန်က ဘာအလုပ်လုပ်တာလဲ...."
            သူ ကော်ဖီခွက်ကိုမသောက်တော့ဘဲစားပွဲပေါ်ကိုပြန်တင်လိုက်ငည်။ဘာပြောရမှန်းမသိဖြစ်နေသည် ။ တုန်လှုပ်နေသည်။ သူမအားလိမ်မပြောချင်သော်လည်း သူ့ရဲ့အမှန်အကန်အလုပ်အကြောင်းကိုပြောလိုက်ရင် သူမ သူ့ကိုမုန်းသွားမှာကြောက်သွားမှာကိုစိုးရိမ်နေသည်။သူရဲ့နှုတ်ခမ်းမှမည်သည့်စကားမျှထွက်မလာနိုင်အောင် မေးခွန်းသည်ခက်ခဲလွန်းလှသည်။ဖြူစင်နေသောဂရေ့စ်ကို အမှောင်ထုများနှင့်ဖုံးလွှမ်းနေသောသူ​၏ဘဝအကြောင်းကိုဘယ်လိုရှင်းပြရမလဲသွေးပူနေသည်။
               "ဒေမွန်......ဘာအလုပ်လုပ်တာလဲ"
              "က..ကိုယ်က............."
               "ဟေ့ရောင် ဒေမွန်!!!!!!!!!!!!!!!!!"
ဂျွန်နီရဲ့အော်ဟစ်သံကြောင့် နှစ်ယောက်သားစကားပြောနေရာမှရပ်တန့်သွားသည်။ဒေမွန်သည်ဂျွန်နီရဲ့လျှပ်တပြပ်ကြားဝင်ဖြတ်သံ ကိုယခုအခါ အလွန်ကျေးဇူးတင်မိနေသည်။
              "ဟေ့ရောင် ဒေမွန်!!!!!!!!!!!!!"
            "အရမ်းအော်မနေနဲ့! ငါမီးဖိုချောင်ခန်းထဲမှာ!!"
           "အော် အေး...ငါလာပြီ!!!!"
              မီးဖိုချောင်ခန်းထဲကို ဆံပင် ပိတောက်ခြောက်ရောင် အရောင်ရှိသောလူတစ်ယောက်ဝင်လာသည်။ထိုလူသည် ရုပ်ရည်ချောမော၍သစ်လွင်လှသည်။ခန္ဓာကိုယ်အရွယ်အစားချင်းယှဉ်လျှင်ဒေမွန်ကပိုပြီးတော့ထွားသည်။ထိုလူသည် တက်တူးအနည်းငယ်ထိုးထားသည်။
              "ဒေမွန်......အော် သူပါရှိနေတာလား...." ဟုပြုံး၍ပြောလိုက်သည်။
             " ဂရေ့စ် ဒါကကိုယ့်ရဲ့....ဝန်ထမ်း ဂျွန်နီ ဘလက်ခ်ဝယ်(Johny Blackwell)"
               ဒေမွန်က ဝန်ထမ်းဟုပြောလိုက်သောကြောင့် ဂျွန်နီ အံ့ဩသွားသည်။ ထို့နောက်ဒေမွန်နားကပ်လာ၍
"ငါကမင်းဝန်ထမ်းမဟုတ်ဘူးလေ...."တီးတိုးပြောလိုက်သည်။
ဒေမွန်သည် ဂျွန်နီခြေထောက်ကိုတပ်နင်းလိုက်သဖြင့် နာကျင်သွားသည်။
"ဟုတ်ပါတယ် ကျွန်တော့်ကိုဂျွန်နီလို့ခေါ်နိုင်ပါတယ် တွေ့ရတာဝမ်းသာပါတယ်"
"အော် ဟုတ်ကဲ့ ကျွန်မနာမည်ကဂရေ့စ်ဂျွန်ဆင်ပါ တွေ့ရတာဝမ်းသာပါတယ်...ဟိုလေ စိတ်မရှိဘူးနော်ဩစတီးယားလူမျိုးလားဟင်"
"ဟုတ်ပါတယ် ကျွန်တော်က ဩစတီးယားနဲ့ အီတလီရော လေးပေါ့"ဟုမျက်စိမှိတ်ပြကာပြောလိုက်သည်။ဂရေ့စ်အား ရိသဲ့သဲ့လုပ်၍စနေသောကြောင့်ဒေမွန်ချက်ချင်းပဲဘောင်းဘီကြားထဲကသေနတ်ကိုလက်ညိုးထိုးပြလိုက်သည်။သေနတ်ကိုမြင်သဖြင့်ဂျွန်နီသည်
"ဘော့...ဘော့စ် ဒီမှာဘော့စ်မှာထားတဲ့ ဖိုင်"ဟုပြောကာဒေမွန်အားပေးလိုက်သည်။
"အော် အေး ပြီးတော့ ရိုင်ဒါကော"
"လာနေတယ် ကားကြပ်နေလို့နည်းနည်းနောက်ကျနေတယ်"
"အေး.....ကျန်တဲ့ငါခိုင်းထားတဲ့ကိစ္စရောလုပ်ပြီးပြီလား....."
ဒေမွန်စကားကြောင့် ဂျွန်နီစိတ်ဆိုးသောမျက်လုံးများဖြင့် သူ့အားကြည့်လိုက်သည်။
"လုပ်ထားတယ် လာလိမ့်မယ်"ဟုခပ်မာမာအသံဖြင့်ပြောလိုက်သည်။ ဒေမွန်သည် ဂျွန်နီ ဖြစ်ပျက်နေပုံကိုမသိချင်ယောင်ဆောင်ကာနေသည်။ဂရေ့စ် ထိုနှစ်ယောက်အား ကြည့်နေသည်။ထိုအချိန်တွင်
"ဟေး!!!!အားလုံးပဲ ငါရောက်ပြီ..."ဟူသောမိန်းကလေးအသံကိုဂရေ့စ် ကြားလိုက်ရသည်။
"အေး ငါတို့မီးဖိုချောင်ခန်းထဲမှာ!!"ဟုဒေမွန်ပြန်ဖြေလိုက်သည်။
မီးဖိုချောင်ခန်းထဲသို့မိန်းမနှစ်ယောက်ဝင်လာသည်။ ထိုမိန်းမနှစ်ယောက်မှာ ခန္ဓာကိုယ်အချိုးအစားအလွန်လှကြသည်။ တစ်ယောက်မှာ ဆံပင်အနီပုတ်အရောင်ရှိ၍ နောက်တစ်ယောက်မှာ ဆံပင်လိမ္မော်ဖျော့အရောင်ရှိသည်။ဆံပင်အနီပုတ်ရောင်ရှိသောမိန်းကလေးမှာ ဘောင်းဘီရှည်နှင့်တစ်ချောင်းကြိုးအင်္ကျီအဖြူလေးဝတ်ထား၍ ကြိုးသိုင်းဖိနပ်အဝါရောင်ကိုစီးထားကာအပြာရောင်လက်ကိုင်အိတ်လေးကိုကိုင်ထားသည်။ဆံပင်လိမ္မော်ရောင်မိန်းကလေးမှာမူ ဆွယ်တာခရမ်းနုရောင်လက်ရှည်လေးနှင့်အညိုအကွက်စကပ်အတိုလေးကိုဝတ်ထားကာ ဘွတ်ဖိနပ်အနက်လေးကိုစီးထား၍အသားရောင်ပိုက်ဆံအိတ်လေးကိုစလွယ်သိုင်းလွယ်ထားသည်။တစ်ယောက်တစ်မျိုးစီ အလှကိုယ်စီနှင့်တင့်တယ်နေကြသည်။
             ဂရေ့စ်သည် ထိုမိန်းမနှစ်ဦးကိုအားကျသောမျက်လုံးလေးများသဘောကျသောမျက်လုံးလေးများနှင့်စိုက်ကြည့်နေသည်။ဆံပင်အနီပုတ်ရောင်ရှိသောမိန်းမက
"ဟင် နင်တို့ ခေါ်လို့ငါရောက်လာပြီ ဟာမုန့်စားနေကြတာလား အဒေါ်မီယာလက်ရာဖြစ်မယ် ငါလည်းစားမယ်"ဟုပြောကာ ပေါင်မုန့်အစာသွပ်တစ်ခုကိုယူစားလိုက်သည်။
             "ဟယ် နင်ခုနကပဲ မုန့်စားပြီးပြီဟာကို"ဟု ဆံပင်လိမ္မော်ရောင်နှင့်မိန်းကလေးကပြောလိုက်သည်။ဒေမွန်ကလည်းသက်ပြင်းချလိုက်၍ဂျွန်နီသည် စိတ်ညစ်သောမျက်လုံးများဖြင့်ဒေမွန်အားကြည့်နေသည်။
           "ကဲ နင်တို့ လုပ်ချင်တာလုပ်ပြီးပြီလား..."ဟုဒေမွန်ပြောလိုက်သည်။
        "ပြီးပြီ ပြီးပြီ..."ဟု ဆံပင်အနီရောင် နှင့် မိန်းကလေးကပြောလိုက်သည်။
       "ကဲ ဂရေ့စ် ကိုယ်မိတ်ဆက်ပေးမယ် နော်"ဟု ဂရေ့စ်အားကြည့်၍ဒေမွန်ပြောလိုက်သည်။ ထို့နောက် ဆံပင်အနီရောင်နှင့်မိန်းကလေးကိုလက်ညိုးထိုးပြလိုက်၍
             "ဒါ က အရီယာ ရိုဘာ့တ်(Aria Robert) သူမဟာ  မိတ်ကပ်ကုမ္ပဏီပိုင်ရှင်တစ်ဦး  သူမအဖေကနယူးရောက်စ်မြို့မှာနာမည်ရနေတဲ့ရှေ့နေတစ်ဦးဖြစ်သလို ကိုယ့်မိသားစု ရဲ့ personalရှေ့နေတစ်ယောက်လည်းဖြစ်တယ် သူမအမေကတော့ကျော်ကြားတဲ့စာရေးဆရာမတစ်ဦးဖြစ်တယ် ဒီတော့ အားလုံးချုံပြောရရင် သူမမိသားစု နဲ့ကိုယ်တို့ကတော်တော်ရင်းနီးတယ် သူမဟာကိုယ့်ညီမလိုပါပဲ"ဟုမိတ်ဆက်ပေးလိုက်သည်။
             အရီယာသည်ဂရေ့စ်ကိုကြည့်၍ ပြုံးပြလိုက်သည်။ဂရေ့စ်သည်လည်းပြန်ပြုံးပြလိုက်သည်။
            ထို့နောက်ဒေမွန်သည် လိမ္မော်ရောင်ဆံပင်ကောင်မလေးကို မိတ်ဆတ်ပေးသည်။
             "သူမနာမည်က တော့ Esmaray Dion(အက်စ်မာရေး ဒီအွန်)သူမရဲ့အဖေကတော့အီတလီမှာစားသောက်ဆိုင်များစွာ ကို ဖွင့်ထားတဲ့သူဌေးတစ်ဦးဖြစ်တယ် ။ အက်စ်မာရေးဟာ ပန်းချီဆရာမ တစ်ဦးဖြစ်တယ် အီတလီမှာ သူမလက်ရာပန်းချီကားတွေကအရမ်းကျော်ကြားတယ် အခု နယူးရောက်စ်မှာလည်း သူမကပန်းချီပြခန်းတွေဖွင့်လှစ်ထားတယ် သူမကလည်းကိုယ့်ညီမလေးတစ်ယောက်လိုပဲ"
             "တွေ့ရတာဝမ်းသာပါတယ်"ဟု အက်စ်မာရေး ဂရေ့စ်အားပြောလိုက်သည်။
           "ငါမေးစရာလေးရှိလို့ ငါအရီယာတစ်ယောက်တည်းကိုပဲခေါ်ခိုင်းတာပါ ဘာလို့ အက်စ်မာရေးကပါလာတာလဲ"ဟုဒေမွန် ဂျွန်နီအားမေးလိုက်သည်။
            "ငါ အက်စ်မာရေးကိုဖိတ်လိုက်တာ သူမ နယူးရောက်စ်ကိုရောက်တုန်း ပျော်ရအောင်ခေါ်လာတာ ဘာဖြစ်လို့လဲ"ဟု အရီယာ ခပ်မာမာ အသံဖြင့်ပြောလိုက်သည်။
         "သူ့ကိုသူ ဆရာကြီးများထင်နေလားမသိဘူး"ဂျွန်နီတီးတိုးပြောလိုက်သည်။ အရီယာကြားသွားသဖြင့်
          "ဂျွန်နီ နင်ငါ့ကိုဘာပြောလိုက်တာလဲ"ဟု စိတ်တိုစွာပြောသည်။
        "ကြားတဲ့အတိုင်းပဲ"
       "နင် နင်နော်.....ငါ့ကိုများ"
       "ကဲ တော်တော့ နင်တို့နှစ်ယောက်လုံး  ရန်ဖြစ်မနေနဲ့တော့ ကလေးလည်းမဟုတ်ဘဲနဲ့ "ဟု အက်စ်မာရေးပြောလိုက်သည်။ထို့နောက် အက်စ်မာရေး ကဒေမွန်အားကြည့်၍
          "ဒေမွန် ငါလိုက်လာတာအနှောင့်အယှက်ဖြစ်သွားလား.."မေးလိုက်သည်။
         "မဖြစ်ပါဘူး ငါဒီတိုင်းမေးကြည့်တာပါ"ဟုဒေမွန်ကပြန်ပြောလိုက်သည်။ ထိုအချိန်တွင် မီးဖိုချောင်ခန်းထဲသို့ အသားညိုညိုနှင့်ယောကျာ်းတစ်ယောက်ဝင်လာသည်။သူသည်ရုပ်သွင် ချောမာ၍ရူပကာအပြည့်နှင့်ဖြစ်သည်။ ထို့နောက် မီးဖိုချောင်ထဲက လူအုပ်စုကိုကြည့်၍
                   " ဟာ လူစုံတက်စုံနဲ့ပါလား ဘာလဲငါပြန်လာတာကိုကြိုဆိုတာလား"ဟုရယ်ကာပြောလိုက်သည်။
                ဂရေ့စ်မှလွဲ၍ကျန်တဲ့လူတွေက ထိုလူအားကြည့်၍ ပြုံးကာ
                 "ရိုင်ဒါ!!!!!!!!!"ဟုတစ်ပြိုင်နက်အော်လိုက်ကြသည်။
               "အောင်မလေး ဖြေးဖြေးအော်ကြပါဟ ငါ့နားကန်းတော့မယ်"ဟုရိုင်ဒါပြောလိုက်သည်။
                 " မင်း နောက်ကျလှချည်လား ကားလမ်းကတော်တော်ကျပ်နေမှာပဲ" ဒေမွန်ပြောလိုက်သည်။
                ဂျွန်နီသည် ရိုင်ဒါ ပုခုံးကိုလက်ဖြင့်ကိုင်လိုက်၍ပြုံးလိုက်သည်။
                     "မင်းကွာ  ဂျပန်ကနေဘာလက်ဆောင်မှမယူလာဘူးလား....."ဟု ဂျွန်နီပြုံးကာပြောလိုက်သည်။
                   "နေစမ်းပါ အလုပ်ကိစ္စနဲ့သွားတာ အားအားယားယားသွားတာမဟုတ်ဘူး" ရိုင်ဒါပြန်ဖြေ၍ဂျွန်နီလက်ကိုဖြုတ်ချလိုက်သည်။ထို့နောက် ရိုင်ဒါ မျက်လုံးများသည် အက်စ်မာရေးအားကြည့်လိုက်မိသည်။
                    "အက်စ်မာရေးလည်းရောက်နေတာလား"ဟုရိုင်ဒါမေးလိုက်သည်။
                   "အင်း"ဟု အက်စ်မာရေးပြုံးကာပြောလိုက်သည်။
                     ဂရေ့စ်သည်မိမိရှေ့တွင်စကားပြောဆို၍ရယ်နေသောအုပ်စုကိုကြည့်၍ပြုံးနေသည်။သူမ ဒေမွန်မျက်မှာကိုလည်းကြည့်လိုက်သည်။ ဒေမွန်သည် သူတို့နှင့်စကားပြောနေစဉ်သူ့ရဲ့မျက်လုံးလေးများသည်အသက်ဝင်နေသည်ကိုတွေ့လိုက်ရသည်။ ဂရေ့စ်ထိုအချိန်တွင်သိလိုက်ရတာက သူမမျက်စိရှေ့တွင်စကားပြောနေကြသောလူတစ်သိုက်မှာ ဒေမွန့်အတွက်အရေးပါတဲ့လူတွေဆိုတာ သိလိုက်ရသည်။သူမ သည် ဒေမွန် အတွက်အရေးပါသောလူများကိုတွေ့ရသဖြင့်ပျော်ရွှင်မိသည်။
                       "ကဲ ဂရေ့စ် ဒါကတော့ Ryder Bkackwell(ရိုင်ဒါ ဘလက်ဝယ်စ်) သူကလည်း....ကိုယ့်ရဲ့ဝန်ထမ်း"ဟု ဒေမွန်မိတ်ဆက်ပေးလိုက်သည်။
                        "ဝန်ထမ်း....?"ရိုင်ဒါအသံကြောင့် ဂျွန်နီချက်ချင်းပဲ ရိုင်ဒါခြေထောက်ကိုတက်နင်းလိုက်သည်။
                       "ဟုတ်ပါတယ် ကျွန်တော်က ရိုင်ဒါပါ"
                     "ရိုင်ဒါ ဘလက်ဝယ်စ်ဆိုတော့ ဂျွန်နီနဲ့ဆွေမျိုးတွေလား"ဟုဂရေ့စ်မေးလိုက်သည်။
                  "ဟုတ်ပါတယ် သူကကျွန်တော့်အကိုပါ"
                 "အော် ဟုတ်ကဲ့"ဟု သူမပြန်ဖြေလိုက်သည်။
                "ကဲ မင်းတို့အားလုံးကို  ငါ မိတ်ဆက်ပေးရမဲ့သူ တစ်ဦးရှိတယ်။ဒါကတော့ ဂရေ့စ် ဂျွန်ဆင် သူက အခုကစပြီးငါ့ဆီမှာအလုပ်လုပ်မှာ"ဒေမွန်ပြတ်သားစွာပြောလိုက်သည်။
             "အားလုံး တွေ့ရတာဝမ်းသာပါတယ်.....ကျွန်မကိုဂရေ့စ်လို့ခေါ်နိုင်ပါတယ်"
            အကုန်လုံးဂရေ့စ်အားပြုံးပြ၍ကြိုဆိုကြသည်။
           "ကဲ အိန်ဂျယ်......."
          ဒေမွန်ရဲ့ ရုတ်တရတ် ဂရေ့စ်အားခေါ်သံကြောင့်ဂရေ့စ်မှလွဲ၍အကုန်လုံးမျက်လုံးပြူးအံ့ဩသွားကြသည်။
         "အင်း ဒေမွန်"ဂရေ့စ်ပြန်ဖြေလိုက်သည်။
       "ကိုယ် အရီယာနဲ့အက်စ်မာရေးကို ခေါ်ထားတယ်ဆိုတာက ဂရေ့စ်လိုအပ်တာလေးတွေကိုအတူတူဝယ်ဖို့အတွက်ပါ အဖော်ပါတော့ဂရေ့စ်လည်းပျော်ရတာပေါ့ ရော့ ဒီကတ်လေးယူသွား အိန်ဂျယ်လေးကြိုက်တာလိုချင်တာ ဝယ်ခဲ့"ပြောရင်း ကတ်လေးကို သူမလက်ထဲထည့်ပေးလိုက်သည်။
(ဒေမွန်ပေးလိုက်သောကတ်သည်ပိုက်ဆံကတ်လေးဖြစ်သည်။ထိုကတ်လေးဖြင့်ဒေမွန်ဘဏ်ထဲတွင်အပ်ထားသောပိုက်ဆံများကိုသုံးလို့ရသည်။နိုင်ငံခြားသားများသည် ထိုကတ်လေးကိုအသုံးပြုကြလေ့ရှိပါသည်။)
                   ဂရေ့စ်အားဒေမွန်ပြောဆိုနေပုံကိုကြည့်၍လူတိုင်း ပါးစပ်အဟောင်းသားဖြစ်ကာစိုက်ကြည့်နေသည်။
                "ဒေမွန် မယူနိုင်ဘူး ဒီလောက်ကူညီပေးတာ ကျွန်မလက်မခံနိုင်ဘူး"
               "အိန်ဂျယ်လေးရယ် ယူလိုက်ပါ ကိုယ့်စေတနာကိုလက်ခံရင် ယူသွားလိုက်ပါ"
              "ဒေမွန်ရယ်"
            "ယူသွားလိုက်ပါနော်"
           "ကျွန်မဒီကျေးဇူးတွေကို ကို့ကိုပြန်ဆပ်မှာ သိလား "
         "ကိုယ်သိပါတယ် ယူသွားလိုက်နော်"
        ဂရေ့စ်ခေါင်းငြိတ်ကာကတ်လေးကိုဆုပ်ကိုင်လိုက်သည်။
      ဒေမွန်ရဲ့ပြောပုံဆိုပုံများကိုမခံစားနိုင်တော့တဲ့အရီယာသည် ချက်ချင်းပဲ ဂရေ့စ်လက်မောင်းကိုသူမလက်ဖြင့်ချိတ်လိုက်၍ဒေမွန်အားပြုံးပြလိုက်သည်။
         "ကဲ ဒေမွန် ငါတို့ဂရေ့စ်ကိုဈေးဝယ်ဖို့ခေါ်သွားတော့မယ် ဟုတ်ပြီလား ပြီးရင် ငါသူမကိုသေသေချာချာအိမ်ပြန်ပို့ပေးမယ်နော်"ဟု ပြော၍အရီယာ ဂရေ့စ်အားဆွဲ၍မီးဖိုချောင်ခန်းမှပြေးထွက်သွားသည်။
       "ငါလိုက်ပို့ပေးမယ်လေ....."ဟု ဒေမွန်အော်ပြောလိုက်သည်။
       "ငါ့မှာကားပါတယ် နင့်မှာလည်းအလုပ်ရှိတယ် ဒေမွန် ရတယ် ငါ့ကိုစိတ်ချ ပြီးတော့ အက်စ်မာရေးမီးဖိုချောင်ခန်းထဲမှာပဲရပ်မနေနဲ့ လာ ငါတို့နင်မပါပဲထွက်သွားမှာနော်"အရီယာ ပြန်အော်ပြောသည်။ဒေမွန်သည် အရီယာအားမထိန်းနိုင်မှန်းသိသောကြောင့်စိတ်လေကာသက်ပြင်းချလိုက်သည်။
       အက်စ်မာရေးသည် ဒေမွန်နှင့်ဂျွန်နီအားကြည့်၍ ပြုံးပြလိုက်သည်။ထို့နောက် ရိုင်ဒါအားကြည့်ကာ
         "ငါသွားပြီနော် ရိုင်ဒါ နင်ပြန်လာတဲ့အတွက်ငါပျော်ပါတယ်"ဟုပြောလိုက်သည်။ရိုင်ဒါသည်လည်းသူမအားပြုံးပြလိုက်သည်။
         "အက်စ်မာရေးရေ လာဟာ!!!!!!!!!နင် ဂျွန်နီ ကိုငါ့အစားစောက်ပေါလို့ပြောခဲ့ပေးစမ်းပ့အုံး"ဟု အရီယာလှမ်းအော်ပြောသည်။
        "ငါလာပါပြီဟာ နင်ကလည်း !!!ပြီးတော့နင်ပြောချင်ရင်ဂျွန်နီကိုကိုယ်တိုင်လာပြော"ပြောရင်း သုံးယောက်လုံး ကွန်ဒိုမှထွက်သွားကြသည်။
               မီးဖိုချောင်ခန်းထဲတွင် သုံးယောက်သားငြိမ်သက်တိတ်ဆတ်နေသည်။ဂျွန်နီကစ၍စကားစပြောလိုက်သည်။
               "အိန်ဂျယ် ဟုတ်လား ဟားဟားဟားဟား" ရယ်မောဟားတိုက်နေသည်။
                ဂျွန်နီရယ်သံကြောင့်ရိုင်ဒါကပါ ရယ်မောနောက်ပြောင်သည်။
               "ငါဂျပန်သွားတုန်း ဘယ်လိုဖြစ်ပြီး ဒေမွန် ပြောင်းလဲသွားတာလဲ ဟားဟားဟား သူ့ရုပ်ကြီးနဲ့ ခေါ်တော့အိန်ဂျယ်တဲ့ ဟားဟားဟားဟား"ဟုလောင်ရယ်ကာနောက်ပြောင်သည်။
              "အဲ့ဒါဂရေ့စ်ရဲ့အစွမ်း"ဟုဂျွန်နီပြောလိုက်သည်။
              "ဟာ ဂရေ့စ်ကတော်တော် တော်တာပဲ" ရိုင်ဒါရယ်မော ကာပြောသည်။
              "မင်းတို့နှစ်ကောင်ကို ငါချက်ချင်းသတ်ပြစ်လိုက်ရမလား"ဟု ဒေမွန်စိတ်တိုကာပြောလိုက်သည်။ညီအကိုနှစ်ယောက် ရယ်မောနောက်ပြောင်တာ ရပ်သွား၍ငိုင်ကြသွားသည်။
               "အောင်မလေး မစတော့ပါဘူးကွာ စလို့တောင် မရဘူးလား ဒေမွန်ရာ အခုမှရိုင်ဒါပြန်ရောက်တာလေ အခုမှငါတို့အချစ်ဆုံးသူငယ်ချင်းသု့းယောက်ပြန်ဆုံလို့ရယ်မောနောက်ပြောင်တာကို မင်းကလဲကွာ"ဂျွန်နီရိသဲ့သဲ့ပြောသည်။
                 "အေးလေကွာ ခုမှခရီးကပြန်ရောက်တဲ့ငါ့ကိုသတ်မလို့လားကွာ သူငယ်ချင်းရာ စိတ်မကောင်းဘူး"
                "မင်းတို့နှစ်ယောက်တော့ကွာ ငါသတ်မိတော့မယ်"
                  "အေးပါ အေးပါ မစတော့ပါဘူး ကွာ"ဟုဂျွန်နီကပြန်ဖြေလိုက်သည်။ရိုင်ဒါကလည်းမစတော့ဘဲပြုံးနေလိုက်သည်။
                "ကဲ ငါမင်းတို့နှစ်ယောက်နဲ့ဆွေးနွေးစရာရှိတယ် လာခဲ့"ဟုပြော၍ သူ့ရဲ့ရုံးခန်းထဲသို့ဝင်သွားသည်။
Zawgyi
          "ဟယ်လို!ပြော!!"
        "ဘော့စ်!!!"
         "ဘာလဲကွာ!!!!!!!"
         "အေးပါ!!ငါသိပါတယ်"
       "ဂျွန်နီ!!!!!!!!"
       "ဟုတ်ပါပြီ ဘော့စ်"
     "ပြီးတော့.."
    "ကျန်သေးတာလား ဘော့စ်...!"
      "ဘာလဲ ဘော့စ်?"
    "ဒီလို........"
            "ဒါတွေ အကုန်လုံးကို....."
         "အွန်း....အရသာရှိလိုက်တာ"
      "ဒါဆို သူဌေးပေါ့"
"၂၆နှစ် ကိုယ်က"
"အင်း"
      "ခန..ခနလေး..."
     "ခနလေး......."
      "ဒေမွန်!!!!!"
       "ဒေမွန်ရယ်...."
               "ဒေမွန်......"
              "က..ကိုယ်က............."
               "ဟေ့ရောင် ဒေမွန်!!!!!!!!!!!!!!!!!"
              "ဟေ့ရောင် ဒေမွန်!!!!!!!!!!!!!"
           "အော် အေး...ငါလာပြီ!!!!"