"အခုလို အမှတ်နဲတာ ကောင်းသလား ParkSehun"
"သား နောက်စာမေးပွဲကျရင်တော့ ဒိထက် အမှတ်ပိုများပါမယ်လို့ မားကို ကတိပေး..."
"တိတ်စမ်း...ပေးလိုက်တဲ့ကတိတွေဆိုတာ...ဟိုးငယ်ငယ်ကတည်းကပေးနေတာ...အောင်လိုက်ရင် အဆင့်က အမြဲ အောက်ဆုံးနား သူ့နောက်မှာ ငါးယောက်လောက်ပဲရှိတော့မယ်"
Hun လေးရဲ့ report card ကို byunBaek တယောက် မြင်မိပြီးကတည်းက အခုကဲ့သို့ဖြစ်နေခြင်းသာ
Puppy မ လက်ထဲတွင်လဲ ဘယ်နားထည့်ပြီး သယ်ခဲ့မှန်းမသိခဲ့တဲ့ တုတ်တချောင်း
ထိုတုတ်ချောင်းကို တရမ်းရမ်း ဖြင့် ဒင်းက ဆိုဖာပေါ်ထိုင်ကာ ဒင်းရှေ့ လက်ကလေးပိုက်ကာ မတ်တပ်၇ပ်နေ၇တဲ့ Hunnie လေးကို ပွားနေဆဲဖြစ်သည်
"အော် အဲ့ဒါဆို hun လေး က ညည်းနဲ့ တူတာပဲ
သားလေး အားမငယ်နဲ့ မင်းမေမေ တုန်းကလဲ အဲ့လိုပဲ"
"Oppaaaaa....ဘယ်လိုတွေဖြစ်နေတာလဲ ဒီမှာ သားကိုဆုံးမနေတာလေ
ဘယ့်နှယ့်ကြောင့် ငယ်ကျိုးငယ်နာ လာဖော်နေတာလဲ"
လက်ထဲက ကြိမ်လူံးကြီးတဝင့်ဝင့်လုပ်ပြီး နှုတ်ခမ်းတလန် ပန်းတလန်နှင့် byunBacon မ
"အော်....oppa က ငယ်ငယ်တုန်းက အကြောင်းတွေသတိရသွားလို့ပါ 😁
ဘာလိုအပ်နေလဲမှမသိတာ ကလေးကိုဖြေးဖြေးမေးတာပေါ့"
"အမလေး...oppa ရယ်
အခုထိ အထာမနပ်သေးဘူးလား?"
ကျွန်တော်နှင့် byun baek ရှေ့ ကျုံ့ကျုံ့လေးထိုင်နေရရှာတဲ့ ကလေးရဲ့နားထင်ကို လက်ညှိုးနဲ့တွန်းတွန်းထိုးပြီး
"အားအားရှိ dance cover တွေပဲလိုက်ကြည့်နေတာလေ
စာမှမလုပ်တာ
ကဲ.... ပြောရင်းဒေါသကထွက်လာပြီ"
*ဖြန်း* ခနဲ သော hunလေးပေါင်ပေါ်သို့ ရိုက်သံနှင့်အတူ
အသံမထွက်ပဲ တလိမ့်လိမ့် စီးကျလာသည့် hun လေးပါးပြင်ပေါ်က မျက်ရည်တွေ
"ဟယ်...byunbaek ရယ် ကလေးကို မရိုက်ပါနဲ့ နာတာပေါ့...သနားပါတယ် ငါ့မြေးလေးကို
သူကတိပေးနေတာပဲ နောက်တခေါက်ကျ အမှတ်များစေပါ့မယ်တဲ့လေ"
ဖျောင်းဖြပြောခါမှ byunbaek တယောက်မျက်နှာကိုဝင့်ခနဲချီလိုက်ပြီး
"oppa မသိသေးပါဘုး"
"အေးအေး ညည်းပဲသိ...ညည်းပဲပြောတော့ 😈"
"ဒီမယ် parksehun...
အရည်မထွက်နဲ့
အဲ့ နှာရည်တွေရော မျက်ရည်တွေရော အခုသုတ်"
*ဟင့် 😥*
"ဒီမယ် သားလေး...မား မျက်နှာကိုကြည့်စမ်း
ကလေးလား သားရယ် မျက်တောင်တွေစိုရွှဲလို့
သားကို မားပြောပြထားတယ်လေ
ဒီတနှစ်ကောင်းကောင်းကြိုးစားမှ fanfanလေး နဲ့အတူ ကျောင်းတက်ရမှာ"
"ဟင့်😢...သားသိပါတယ်"
"သားလေးသိရင် ကြိုးစားလေနော်
မား သားလေးကိုနောင်တမရစေချင်လို့ပါကွယ်"
လူမှန်းသိစကတည်းက မွေးမိခင်ကိုသာ.ခင်တွယ်လာရသည်မို့ ထင်သည်
သူ့မားမားစကားပြောရင်း ငိုသံပါလာသည်ကိုကြားသည်နှင့် ပုခုံးငှါးပေးတဲ့ အိုဆယ်လေး
"Aww....ဒီသားအမိနှစ်ယောက်နဲ့တော့ခက်ပါပြီး
တော်ပြီ ဝမ်းနဲမနေကြတော့နဲ့
ညနေ fanfan ပြန်လာတော့မှတိုင်ပင်ကြည့်ပါဦးမယ်"
"Oppa ရယ်....sob*
Baek လေ...hun လေးကို... baek တုန်းကဖြစ်မှာစိုး..."
"တိတ်စမ်း....byunbaekhyun....
ငါတယောက်လုံးရှိနေတာတောင်
ညည်းက မယုံကြည်ဘူးလား"
ထိုင်နေရာမှ ကျနော့်ရှေ့ဒူးထောက်ထိုင်ပြီးတရှုံ့ရှုံ့ငိုနေလေရဲ့
"Oppa ကို...baek....ယုံပါတယ်
ဒါ...ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ byunbaek ရယ်
ကလေးကျနေတာပဲ ငိုနေလိုက်တာ
Oppa ကိုပြောလေ...oppa အနားမှာရှိနေပြီပဲကို"
"Fanfan လေးက yeol oppa နဲ့အရမ်းတူနေတယ် oppa ရယ် 😥
အခုတော့ကြင်နာပေမဲ့ နောက်ပိုင်း baek လိုပစ်ပယ်ခံရမှာစိုး...."
"အော် dongseng လေးရယ်....အတိတ်တွေထဲက လွတ်မြောက်ပါတော့....
Oppa ကတိပေးတယ်နော်... မဖြစ်စေရဘူး
Oppa ကိုယုံပါ..ဟုတ်လား"
#####################
ထိုနေ့က yifan က ကျောင်းက project ကြောင့် အိမ်ပြန်နောက်ကျတာမို့ byunbaek တယောက် yifan နဲ့မတွေ့ပဲ အိမ်ပြန်သွားရတယ်
Yixing ညဘက် ကျနော့်ဆီလာတဲ့အချိန်ထိ yifan ပြန်ရောက်မလာသေး
ညနေက byunbaek ကြောင့် ခေါင်းထဲအုံပြီးနေမကောင်းတာကြောင့် sehunလေးကိုသာစောင့်ဖို့မှာခဲ့ပြီး အိပ်ခန်းထဲဝင်နေတော့တယ်
"Xing...ကျနော့်ကို wine တိုက်ပါ"
"ဟင် ခေါင်းနဲနဲကိုက်လို့အစောအိပ်မယိဆို "
"ဟင့်အင်း အိပ်လို့မပျော်ဘူး" sob*
"ဟင်...su....xing မလာခင် ဘာတွေများစိတ်ညစ်စရာရှိခဲ့လဲ"
ကျနော် wuSuho ဆိုသည်မှာလဲ ကျန်တဲ့အချိန် အကောင်း
Xing ရှေ့ရောက်သွားရင်သာ စိတ်တွေပျော့ညံ့ကုန်ရသည်က ပြင်မရသည့် အကျင့်တခုလို
"Chanyeol ကိုမုန်းတယ်"
"အလိုလေး...ဘုရားရေ....su...မသောက်ရသေးဘဲမူးနေပြီလား"
"ဟုတ်တယ် xing... chanyeol ကိုမုန်းတယ်
အရမ်းမုန်းတာပဲ 😭😭"
တညနေလုံး ပိတ်စို့ထားသမျှသည် xing ရဲ့ရှေ့မှာ ပွင့်ကျကုန်သည်သာ
"Baek.... baek က ဘာတွေပြောခဲ့လို့လဲဟင်.
Su ကို အပြစ်တင်လို့လား"
"Arnyi...အဲ့လိုလုပ်မယ်ဆိုရင်တောင် ခံသာပါသေးတယ်
အတိတ်ကမလွတ်မြောက်နိုင်တဲ့ baek လေးကိုကြည့်ပြီး 😭😭"
"Aww...su လေးရယ်...xing တို့ပြန်ပြင်လို့မှမရတာပဲ"
"ဟုတ်ပါပြီ..အတိတ်...
အတိတ်ဆိုတာ မှီခိုမနေသင့်ပဲ လွတ်မြောက်သင့်တဲ့အရာမျိုး ဆိုရင်
ဘာလို့ အတိတ်က ပုံစံတူတွေပဲလာလာဖြစ်နေရတာလဲ"
"ဟင်😟"
"Sehun လေးက သူ့အမေတိုင်းပဲ xing ရယ်
Yifan လေးကို chanyeol နဲ့တူစေချင်တဲ့စိတ်နဲ့တစ်ထပ်ကျအောင်ပုံသွင်းခဲ့တာ ကျနော်တော့ထပ်မှားပြန်ပြီထင်ပါတယ်
ဒုတိယ ParkChanyeol နဲ့ ByunBaekhyun ကိုပြန်မြင်နိုင်ရလောက်အောင်ထိ ကျနော့်အသဲ က မခံစားနိုင်တော့ဘူး xing ရယ်"
"Suရဲ့ဘေးမှာ....ကိုယ်အမြဲရှိနေတာလေကွာ"
ထိုတနေ့က တယောက်ရင်ခွင်တယောက်မှီရင်း တညသာ ကုန်ဆုံးခဲ့ကြရသည်