แ€กแ€™แ€ฏแ€”แ€บแ€ธแ€กแ€ฌแ€ธแ€ฅแ€•แ€ฑแ€€แ€นแ€แ€ฌแ€•แ€ผแ€ฏแ [แ€กแ€™แ€ฏแ€”แ€นแ€ธแ€ก...

By K_Royal_White

117K 6.4K 304

Zhanyi โค๐Ÿ’š Fanfiction ๐Ÿ’› ( Myanmar ๐Ÿ‡ฒ๐Ÿ‡ฒ ) This story is my 1st story.๐Ÿ“Œ So, you can criticize on this writi... More

Characters Introduction
Intro
Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9 ๐Ÿ”ž๐Ÿ’ฅ
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Health
Ep - 19
Ep - 20
Ep - 21
Ep - 23
โš  Attention โš 
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37 Final
โœจ Thanks you all โœจ
Extraโœจ

Ep - 22

1.7K 139 18
By K_Royal_White

Unicode

"Baby နိုးနေပြီလား...?"

ဗန်းတစ်ခုကို ကိုင်ကာ အခန်းထဲဝင်လာသော လူကြီး...။

နိုးလို့ထ,ထိုင်နေတာကို မြင်ရက်သားနဲ့ နိုးနေပြီလား ဆိုတော့....!

လူကြီးရဲ့မျက်နှာကို မကြည့်ချင်တာကြောင့် လက်သီးတင်းတင်းဆုပ်ရင်း မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်၏။

ညက ကိစ္စကိုပြန်တွေးမိတော့ ရှက်လည်း ရှက်သလို ဒေါသကလည်း ထွက်လာပြန်သည်။

ဆေးရှိန်ကြောင့် သာယာမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းသည်။
ဆေးခပ်ပြီး အတင်းသိမ်းပိုက်ခဲ့တဲ့ လူကြီးကိုဆို ပြောမပြတတ်အောင်ကို မုန်းသည်။

ဒီပုံအတိုင်းသာ ရှေ့ဆက်သွားရင် ဒီလူကြီးကို ပိုမုန်းမိလိမ့်မည် ထင်၏။

အကြွေးတင်သွားပြီ...။
အစကလူကြီးကို အတိတ်က ဒဏ်ရာတွေကြောင့် နာကျင်စေချင်တာ...။
ခင်ဗျားက ဒီလိုဆိုတော့လည်း... ဟက်!

"Baby စားဖို့ ကိုယ် ပြင်လာခဲ့တယ်...
စားလိုက်နော်..."

လူကြီးက သူ ကိုင်လာတဲ့ ဗန်းလေးကို ကုတင်ဘေးက စားပွဲပေါ်မှာ လာချပေးရင်း ဆို၏။

"မ စား ဘူး ပြန်ယူသွား!!"

လက်သီး တင်းတင်းဆုပ်ထားရင်း ဒေါသမျက်လုံးတွေနှင့် အံကြိတ်သံတွေပါ ပါနေသည့် Baby ကို ကြည့်ကာ XZ သက်ပြင်းချရုံမှတစ်ပါး...။

ကိုယ် ဘယ်လိုရှင်းပြရပါ့မလဲ ကလေးရယ်...?

"Baby ရယ်... ဒါလေးတော့ စားလိုက်ပါကွာ... နော်...
Baby ဗိုက်ဆာနေမှာပေါ့..."

*ခွမ်း!!*

စိမ်းစိမ်းကားကားကြည့်ကာ စားပွဲပေါ် ချထားသည့် ဗန်းကို ရိုက်ချလိုက်သည့် Baby ရဲ့ လက်...။

အသံနှင့်ထပ်တူ ကျကွဲသွားသော ပန်းကန်များ...။
ပြန့်ကြဲသွားသော စားစရာများ ဖန်ကွဲစများနှင့်အတူ ဖိတ်စင်သွားသည့် ရေတွေ...။

"ခင်ဗျားကို ထွက်သွားလို့ပြောနေတာ လူလို နားမလည်ဘူးလား...?
စားချင်စိတ်လည်း မရှိဘူး...။
ခင်ဗျား မျက်နှာကိုလည်း မမြင်ချင်ဘူး...။
ထွက် သွား!!"

XZ ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေမိ၏။
မျက်လုံးများက ပြန့်ကြဲ ပေပွသွားသော ကြမ်းပြင်ဆီသို့သာ စိုက်ကြည့်နေမိသည်။

ကိုယ်က စားစေချင်လို့ ကြိုးစားပမ်းစား ပြင်ဆင်ထားတာလေးကို အသိအမှတ်မပြုတဲ့အပြင် ဒီလို လုပ်ရက်တယ် Baby ရာ...။

"ကောင်းပြီ...
Baby လိုအပ်ရင် ကိုယ့်ကို ခေါ်လိုက်နော်..."

ပြောကာ အခန်းထဲမှာ ထွက်သွားသော လူကြီး...။
မျက်နှာမှာလည်း ဝမ်းနည်းမှုတွေအပြည့်မြင်လိုက်ရသည်။

မသနားနိုင်သေးပါ...။
ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုသာ YB သနားမိပါသည်။

လူကြီးကို လက်ထပ်ထားတယ်ဆိုတာ အနီးကပ် ဒဏ်ရာတွေပေးချင်လို့လေ...။
အခုတော့... အခုတော့.....
ဒီလို ဆေးခပ်ခံရပြီး အားးးးး

Xiao Zhan ရာ Xiao Zhan အနည်းဆုံးတော့ ခင်ဗျားက ဘယ်လိုလူမျိုးလဲ သိရတာပေါ့... ဟက်!

Baby အခန်းထဲက ထွက်လာပြီးနောက် XZ ကိုယ့်အခန်းထဲကို ကိုယ်ဝင်ကာ ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားရင်း သက်ပြင်းတွေလည်း အခါခါချနေမိ၏။

Rino Ring Ring 📱

အိပ်ရာဘေးက Ph သံကြောင့် contact name တစ်ချက်ကြည့်ပြီး XZ Ph ​ကိုင်လိုက်သည်။

ကုတင်ပေါ်လှဲနေရာမှ ထ,ထိုင်လိုက်ရင်း...

"အေး ဝမ်နင်"

"သခင်လေး ဟိုလေ... ဟို..."

"ပြောစရာရှိတာကိုပြော 'တဟိုဟို' နဲ့ဘာဖြစ်နေတာလဲ...?"

"ကျွန်တော် ဟို... ပြောသင့် မပြောသင့် စဥ်းစားနေတာပါ သခင်လေး...."

XZ စိတ်မရှည်တော့တာကြောင့် "ကျစ်" တစ်ချက် စုပ်သပ်လိုက်ရင်း...

"ကျစ်..! ဝမ်နင်...
မင်း ပြောသင့် မပြောသင့်ဆိုတာ ငါ ဆုံးဖြတ်မယ်... မင်း ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြော..."

"ဟုတ် သခင်လေး..."

"ကဲ ပြော ဘာကိစ္စ..."

"ဟိုလေ သခင်လေးတို့ Wedding party တုန်းက,..............................."

"အင်း ငါ နားလည်ပြီ..."

~~~တီ~~~

Ph ချပြီးသည်နှင့် XZ လေပူတစ်ချက်ကို ခပ်ပြင်းပြင်း မှုတ်ထုက်လိုက်သည်။

ကိုယ် ပြောပြရင်ရော ယုံမှာလား ကလေးရာ...?

_______________

"ဒေါက်တာ... ဒါက ဒီနေ့ သေဆုံးသူ လူနာ စာရင်းပါ..."

စာရင်းလာပို့သော neurs လေးကလည်း မျက်နှာမကောင်းသလို ရှင်းချန် ကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်ရုံမှတစ်ပါး...။

လူနာတွေရော ဒေါက်တာတွေရော အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်...။
အားလုံး အတူတိုက်ပွဲဝင်ခဲ့ကြပါတယ်...။

ဒါပေမယ့်ပေါ့လေ.....
ကံတရားကြီးက ဘက်မလိုက်တတ်ဘူး ဆိုတာ မှန်တာပဲ...။

သေခြင်းတရားကို ဘယ်မျက်ကွယ်ပြုလို့ရပါ့မလဲ...?

အထက်သို့ ရောဂါကြောင့် ပျောက်ကင်းသူလူနာဦးရေတွေ , သေဆုံးသူလူနာဦးရေတွေကို သေသေချာချာ စာရင်းပြုစုပြီး တင်ပြရသောကြောင့် ထိုစာရင်းတွေကိုလည်း သေချာ ပြန်စစ်ပေးရသေးသည်။

ဒီစာရင်းတွေကို စစ်ပေးရတာ ဒေါက်တာ ရှင်းချန် တစ်ယောက်တည်း မဟုတ်...။
အဖွဲ့ခေါင်းဆောင်တိုင်း ဦးဆောင် စစ်ဆေးပေကြရသည်။

စာရင်းစစ်ရတာ မပင်ပန်းသော်လည်း သေဆုံးသူစာရင်းတွေကို စစ်ပေးရသည့်အခါ 10 ဆ ပိုပင်ပန်းရတာ ဒေါက်တာတွေသာ အသိဆုံး...။

"ကောင်းပါပြီ ဆရာမ...
ကျွန်တော် သေချာစစ်လိုက်ပါ့မယ်..."

"ဟုတ်ကဲ့ပါ ဒေါက်တာ..."

Neurs လေး နားနေဆောင်က ထွက်သွားတော့ ရှင်းချန် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းတို့ကိုချမိပြန်သည်။

လူနာတစ်ဦးသေဆုံးတိုင်း တစ်ခါမှတ်တမ်းတင်ထားရသည့်စာရင်းလေးနှင့် neurs လာပို့ပေးသော စာရင်းကို တစ်ချက် တိုက်စစ်ဆေးပေးရင်း မျက်ရည်တွေပင် လည်လာသလို...။

ဒီနေ့ ရောဂါကြောင့် သေဆုံးသူစာရင်းထဲမှာ ရှင်းချန်တို့အဖွဲ့စ,ရောက်လာကတည်းကကြိုးစားပမ်းစားကုပေးနေသည့် အဖွားလည်းပါဝင်သွားခဲ့ပြီ...။

တစ်ခါတစ်ခါ အမောထ,ဖောက်တတ်သော ထိုအဖွားက ရှင်းချန်ကိုဆို ပိုပြီးတော့ တွယ်တာရှာ၏။

(*အားလုံး RIP ပါဗျာ...။
နောင်ဘဝမှာ ဒီလို ကပ်ဆိုးကြီးတွေနဲ့ မကြုံတွေ့ကြပါစေနဲ့...။
ငြိမ်းချမ်းစွာ အနားယူကြပါ...။
အာမင်.....*)

ရှင်းချန်အတွက် ဒီဆုတောင်းစကားလေးက နေ့စဥ်ပြုလုပ်နေကြ အလုပ်တစ်ခုလို ဖြစ်နေခဲ့ပြီ...။

ရက်အကန့်အသတ်ရယ်လို့ မရှိသော ဒီတိုက်ပွဲကြီးမှာ ကျန်ရစ်နေခဲ့သော ဒီလူသားတွေကိုသာ သေမင်းနောက်, ထပ်ပါမသွားအောင် ကြိုးစားရမည်။

အားလုံး အကောင်းဆုံး ကြိုးစားခဲ့ကြသော်လည်း ဒီလိုတွေဖြစ်လာတော့ ဆုတောင်းပေးရုံနဲ့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာများတတ်နိုင်မှာလဲလေ.....။

_______________

~~~ဒီနေ့နဲ့ဆို 3 ရက်ရှိပြီ~~~

အိမ်ကြီးထဲမှာ Baby ရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းနေပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းတောင် မဆိုင်မိဘူးဆိုတာက ဖြစ်သင့်တဲ့ကိစ္စလားဗျာ...?

Baby ကလည်း ကျွန်တော့်ကို ရှိတယ်လို့ကို မထင်တာ...။
တစ်ခါတစ်လေဆို ကျွန်တော်ကိုယ်တိုင်ကလည်း Baby အနှောက်အယှက်ဖြစ်မှာစိုးလို့ ရှောင်ပေးရတဲ့အခါမျိုးတွေရှိသည်။

ပူလောင်လိုက်တာဗျာ...။
အမှန်တရားကို ပြောပြချင်ပေမယ့် Baby ကိုယ်တိုင် သိလာတဲ့နေ့ထိ ကျွန်တော် စောင့်ချင်သေးတာ.....။

ကိုယ်တိုင်ပြောပြရင် ယုံတာ မယုံတာ အသာထား လွှဲချတယ်ဆိုပြီး ထင်သွားမှ ပြဿနာက ပိုကြီးသွားဦးမှာ...။

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ​ကျွန်တော် သင်ခန်းစာ တစ်ခုတော့ ရခဲ့တယ်...။

"မုန်းတယ် မုန်းတယ် လို့ ဘေးနားကနေ တစ်ဖွဖွ ပြောနေတာထက် "ဥပေက္ခာ" ဆိုတဲ့ ပြစ်ဒဏ်က ပိုပြီး နာကျင်ရတယ်...."
ဆိုတာလေး...။

တကယ် နာကျင်ရတယ်ဗျာ...။
ကျွန်တော် ကိုယ်တိုင် ကြိုးစားပမ်းစား ချက်ပြုတ်ထားတဲ့ ထမင်းစားပွဲလေးကို Baby ဥပေက္ခာပြုထားတာ...။

ကျွန်တော် ပြောတဲ့စကားတွေကို Baby မကြားချင်ယောင်ဆောင်တာ...။

ကျွန်တော် Baby ရှေ့တည့်တည့်မှာ ရှိနေရင်လည်း တစ်ချက်တောင်ငဲ့မကြည့်ပဲ ရှောင်ထွက်သွားတာမျိုးတွေ...။

ကျွန်တော့်ကို 'ဖုတ်လေတဲ့ငပိ' ရှိတယ်လို့ကို မထင်တာဗျာ...။
ဒီအိမ်ကြီးထဲမှာ အရင်ကလို သူတစ်ယောက်တည်း နေတဲ့အတိုင်း Baby က နေ,နေတာ...။

နေရ ထိုင်ရတာ အရမ်းခက်တယ်ဗျာ...။

Baby သိလာမှာပါ ဆေးခပ်ခဲ့တဲ့လူကို...။
အဲ့ဒီနေ့ မရောက်သေးခင်ထိတော့ Xiao Zhan ရေ ခံနိုင်ရည်ရှိပေဦးတော့ပေါ့...။

မနက်စာ ၊ နေ့လည်စာ ၊ ညစာ မရိုးရအောင် XZ သူ တတ်နိုင်တဲ့ ဟင်းပွဲတွေ ပြင်ဆင်ပေးထားပေမယ့် Baby က အပြင်မှာပဲ ထွက်စားတယ်လေ...။ ပြောလို့လည်း မရဘူးဗျ...။
ကောင်ဆိုးလေးက ကျွန်တော့်စကားဆို ဘယ်ဘက်နားကမှ ဝင်တာမဟုတ်ဘူးရယ်...။

ပြီးတော့ အတင်းအကျပ် စားခိုင်းတာမျိုးလည်း မဖြစ်စေချင်ဘူးလေ...။

Baby က တစ်ယောက်တည်းနေတာဆိုတော့
အရင်ကလည်း ဒီလိုပဲ အပြင်မှာပဲ စားတာလား...?

အပြင်စာတွေ အများကြီးစားရင် ရောဂါရတယ်ဆိုတာကို ဒီကလေးလေး မသိလေရော့လားဗျာ...?

XZ ဆိုတာ လေးလေးနဲ့ အိမ်မှာနေတုန်းက မီးဖိုချောင်ကို လေးလေး ဝင်ချက်တဲ့ တစ်ခါတစ်လေမှသာ ဟိုနားဆက်ဆက် ဒီနားဆက်ဆက်သာ ဝင်ကူပေးခဲ့တဲ့လူမျိုး...။

အိမ်အကူတွေလည်းရှိတော့ စားချိန်တန်ရင် အဆင်သင့် စားရုံပါပဲ...။
ကိုယ်က စီးပွားရေးကိုပဲ ဂရုတစိုက်လုပ်ရတာပေါ့လေ...။

Baby ဖျားတုန်းက မီးဖိုချောင်ကို ကိုယ်တိုင်ဝင်ပြီး စွပ်ပြုတ်လုပ်ပေးခဲ့ဖူးတာက ကျွန်တော့်ဘဝမှာပထမဆုံးပဲ...။

ဒါပေမယ့် အဲ့ဒီနေ့ကစ,ပြီး လိုင်းပေါ်မှာပဲဖြစ်ဖြစ် တစ်ခါတစ်လေ Hotel က စားဖိုမှုးတွေဆီမှာပဲဖြစ်ဖြစ် ဟင်းချက်နည်းတွေကို XZ လေ့လာခဲ့တယ်...။

ဘာလို့ဆို တစ်ယောက်တည်းနေတဲ့ Baby လေးကို ကိုယ်တိုင်ချက်ကျွေးချင်လို့...

အဲ့ဒီနေ့ကလို Baby လေး တစ်ယောက်တည်း ဖျားနေခဲ့ရင် သူလေးကို အပြင်စာတွေ မစားစေချင်ဘူး...။

ဒါပေမယ့် အခုတော့ XZ ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ထမင်းစားပွဲလေးက ခြောက်ကပ်နေဆဲပါပဲ...။

Baby ကို စိတ်ဆိုးပြေအောင် ချော့ဖို့ XZ နည်းလမ်းတွေလည်း စဥ်းစားထားတယ်...။

ကျွန်တော့်အမှားလည်း မကင်းခဲ့ဘူးလေ...။

ကျွန်တော့်ဘက်က ဒီလောက်တော့ လုပ်ပေးရမှာပေါ့...။

Baby ကျွန်တော့်ကို အမြင်ကြည်လာဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရ လုပ်ပေးနိုင်တယ်...။

တစ်ခုပါပဲ...
Baby ကျွန်တော့်ကို ကွာရှင်းပေးဖို့ တောင်းဆိုလာတာကလွဲလို့...။

ကျွန်တော် အဲ့ဒီကိစ္စကိုစိတ်ထဲကနေကို တွေးကြည့်လို့ မရဘူး...။
လက်ခံနိုင်မှာလည်း မဟုတ်ဘူး...။

ဒါ့ကြောင့် အဲ့ဒီအချက်တစ်ချက်က လွဲရင် ကျန်တာ အားလုံး Baby အတွက် သူ လုပ်ပေးနိုင်တယ်...။

.........................

"ဘာ!!!"

စကားပြောနေရင်း အလန့်တကြားထ,အော်သော YB ကြောင့် ကျင်းရီပါ အလန့်တကြားဖြစ်သွားရ၏။ ထို့နောက် YB အကြောင်းသိသူပီပီ ဖြေရှင်းချက်မြန်မြန်ပေးရတော့သည်။

"ဟ!! လန့်လိုက်တာ ရိပေါ်ရာ... ငါက စေတနာနဲ့ပါကွ မင်းကလည်း..."

"-ီး ကို စေတနာနဲ့ပါလား...?"

"ဆဲတယ်ဟ! ပန်းစည်းရလို့ ကျေးဇူးဆပ်တာလေကွာ...
မင်းနဲ့မင်းလူကြီး ပျော်ရအောင်လို့ ငါက နည်းနည်းလေး..."

"တော်တော့! ဟေ့ကောင်!!"

*ဒုန်း!!*

ကျင်းရီ စကားမဆုံးခင် ရိပေါ် စကားတစ်ခွန်းသာပြောပြီး ရုတ်တရက် ထ,သွားတာကြောင့် ထိုင်ခုံလေးကလည်း "ဒုန်း" ကနဲ အသံမြည်သွားလေသည်။

"ငါက စေတနာနဲ့ကို... ဟွန့်!
ငါ ပန်းစည်းရလို့ 'Thank you so much..!' လို့ ပြောတော့ သူပဲ ဘာပြန်ပေးမလဲဆိုပြီးတော့..."

YB မကြားမှန်းသိသော်လည်း ကျင်းရီ တစ်ယောက် ပြောဖြစ်အောင် ပြောလိုက်သေးသည်။

"တောက်! လန်ကျင်းရီ လဒစုတ်!"

YB ဆိုင်ကယ်ပေါ်တက်ခွရင်း လန်ကျင်းရီကို မေတ္တာလှမ်းပို့ဖို့လည်း မမေ့...။

ဒီရက်ပိုင်း လူကြီးကို အထင်တွေလွဲပြီး ဥပေက္ခာပြုထားခဲ့မိသည်။

လူကြီးကို သူ ​မြင်နေပါရက်နဲ့ မသိချင်ယောင်ဆောင်ခဲ့သည်။

လူကြီးကိုယ်တိုင် ပြင်ဆင်ပေးသော ထမင်းစားပွဲကိုလည်း လျစ်လျူရှုခဲ့သည်။

ထိုအချိန်တိုင်း ဖြစ်သွားတတ်တဲ့ လူကြီးရဲ့ မျက်နှာကို ပြန်မြင်ယောင်လာရင်း ကျင်းရီကိုသာ ဒေါသပိုထွက်သည်။

လူကြီးအပေါ် ပြောခဲ့မိတာတွေ လုပ်ခဲ့မိတဲ့အပြုအမူတွေကို ပြန်တွေးမိရင်း စိတ်ထဲ အားနားလာသလိုလို ခံစားလာရသည်။

ဟာ... ငါက ဘာလို့ အားနာရမှာလဲ...?

လူကြီးရော ကျင်းရီလုပ်တယ်ဆိုတာ သိပြီးပြီလား...?
သိပြီးလောက်ရောပေါ့...။
သိရက်နဲ့ ငါ့ကို ဘာလို့ ဘာမှ မပြောရတာလဲ...?

ကျစ်...! ဒီလူကြီးနဲ့တော့ကွာ.....။

အိမ်ပြန်ရောက်တော့ ဆိုင်ကယ်ကို ဂိုထောင်ထဲ သေချာထည့်ပြီး အိမ်ထဲသို့ တည်တည်ငြိမ်ငြိမ်ပဲ ဝင်လာလိုက်သည်။

အလုပ်သွားတယ်ထင်...
အိမ်ထဲ လူကြီးရဲ့ အရိပ်အယောင်တောင် မတွေ့ရ...။

ဒီလူကြီး အလုပ် သွားသင့်နေတာ ကြာပါပြီ...။
ဒီရက်ပိုင်း လူကြီး အလုပ်မသွားပဲ အိမ်ထဲမှာပဲ နေ,နေတာကိုး...။

YB အခန်းထဲရောက်တော့ စားပွဲပေါ်မှာ အဆင်သင့် နေရာယူနေသော ဗူးလေးတစ်ဗူးကြောင့် ထိုနေရာသို့ သေချာကြည့်လိုက်သည်။

လူကြီး ငါ့အခန်းထဲကို ဝင်သွားတာပဲ...။

သိချင်တာကြောင့် ဗူးလေးကို ကိုင်ကာ လှည့်ပတ်ကြည့်လိုက်ပြီး ဖဲကြိုးလေးကို ဖြည်ကာ ဖွင့်လိုက်၏။

ဗူးလေးထဲမှာ I Phone တစ်လုံးက လှပစွာနေရာယူနေလေ၏။

ဟက်..! ဘဲကြီး.....
Phone လေးတစ်လုံးနဲ့ ကျွန်တော့်ကို ချုပ်လို့ရမယ်ထင်နေတာလား...?

အရင် Ph နေရာထားမှားပြီးကတည်းက YB Phone အသစ်မဝယ်ရသေးဘူး။

Ph ကလည်း ကျွန်တော့်အတွက် ထွေထွေထူးထူး သုံးစရာမရှိတာကြောင့် လိုက်မရှာပဲ ပစ်ထားခဲ့သည်။

ဗူးထဲက Phone လေးကို ကိုင်ကြည့်ရင်း ပထမဆုံးမြင်မိသည့် Contact ထဲဝင်ကြည့်မိတော့ YB မျက်ခုံးတစ်ချက် ပင့်တက်သွားလေသည်။

တစ်ခုတည်းရှိသော Contact list လေးထဲမှာ နေရာယူထားတာတဲ့ Name လေးက...

"💞ကိုကို💞" တဲ့လေ.....။

နှလုံးသားတစ်နေရာမှာ နွေးထွေးသွားတဲ့ ခံစားချက်လေးကို ခေါင်း တစ်ချက် ရမ်းကာ, ခါလိုက်ရင်း ထိန်းလိုက်၏။

ဝန်မခံချင်ပေမယ့် လူကြီး Phone no လေးကို ကျွန်တော် အလွတ်ရနေပါပြီ...။
ခေါင်းထဲက ဘယ်လောက်ထုတ်ထုတ် ထင်ကျန်စေဆဲ Ph no လေးအဖြစ်...။

အခု လူကြီးက ကျွန်တော့်ကို Ph လေးတစ်လုံး လက်ဆောင်ပေးပြီး ပြန်ချော့နေတာလား...?

ဒီလူကြီးကတော့ကွာ.....။
လူကို ပိုပြီးတော့ စိတ်မကောင်းဖြစ်အောင် လုပ်နေတာပဲ...။

လူကြီးကို ငါ စိတ်ဆိုးပြေသွားပြီလား...?

ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်မိသော်လည်း အဖြေကား ချက်ချင်းမထွက်...။

Ph လေးကို ကိုင်ကြည့်ရင်း အထက်အောက် လှည့်ပတ်ကြည့်လိုက်တော့ Ph cover လေးကြောင့် YB မျက်ခုံးတို့ ပင့်တက်သွားပြန်သည်။

Ph cover ပုံစံလေးက မီးခိုးရောင် ကမ္ဘာတစ်ခြမ်းပုံလေး...


(A/N - လိပ်မလေးတွေ အတော် လောင်ခဲ့ရတဲ့ Ph cover ပုံလေးပေါ့ အခု ဒီ fic လေးထဲမှာလည်း အဲ့ဒါလေးနဲ့ တစ်ပုံစံတည်းလို့ မှတ်ယူပေးပါ)

Ph cover လေးကို ကြည့်နေရင်း YB စိတ်ထဲ တွေးမိလိုက်ပါ၏။

ဒီ ပုံက ဘာအဓိပ္ပါယ်လဲလို့...?

Ph လေးထဲက App တွေထဲ ဝင်မွှေကြည့်ရင်း Gallary ထဲရောက်တော့ YB အံ့သြရပြန်သည်။

ဓာတ်ပုံလေးကတော့ 3 ပုံထဲပါပဲ...။

မရည်ရွယ်ပေမယ့် ဓာတ်ပုံ 3 ပုံစလုံးကို တစ်ပုံချင်း ထောက်ပြီး ကြည့်နေမိသည်။

ပထမဆုံးပုံလေးက မင်္ဂလာဆောင်တုန်းက ဓာတ်ပုံလေး...။

စင်ပေါ်မှာ ကျွန်တော့်လက်နှစ်ဖက်ကို လူကြီးရဲ့ လက်နှစ်ဖက်က တစ်ဖက်စီ ဆုပ်ကိုင်ထားရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်နေတဲ့ ပုံလေး...။

ကျွန်တော်က တည်တည်ငြိမ်ငြိမ်ပဲ မရယ်မပြုံးပေမယ့် လူကြီးရဲ့မျက်နှာမှာတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေတဲ့အပြင် ဝမ်းသာမျက်ရည်ကြည်တွေပါမြင်နေရသေးသည်။

ဒုတိယဓာတ်ပုံလေးကတော့ ကျွန်တော် ကျောင်းက ပြန်လာနေတဲ့ ပုံလေး...။

ဒီဓာတ်ပုံလေးကတော့ လူကြီး ကျွန်တော့်ကို ကျောင်းလာကြိုတုန်းက ခိုးရိုက်ထားပုံပါပဲ...။

ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်တည်းမှာပဲ တစောင်း လွယ်ထားပြီး အင်္ကျီအပြာရောင် နဲ့ ဂျင်းဘောင်းဘီကို တွဲဝတ်ထားတဲ့ ကျွန်တော်က တကယ့်ကို ရုပ်တည်ကြီးနဲ့လေ...။

နောက်ဆုံးဓာတ်ပုံလေးကတော့ ပန်းခြံကို လူကြီးရယ် ကျွန်တော်ရယ် နှစ်ယောက်သွားတုန်းက ဓာတ်ပုံလေးပါ...။

ရှားရှာပါးပါး ကျွန်တော်ကလည်း ပြုံးနေပြီး လူကြီးကလည်း ကျွန်တော့်ဘက်ကို ငဲ့ကြည့်နေကာ မျက်နှာထက်မှာလည်း ပြုံးလို့...။

အဲ့ဒီနေ့က ကျွန်တော် ငေးကြည့်နေတဲ့ နေရာက မှတ်မိသလောက်ဆိုရင် လက်ထပ်ခွင့်တောင်းနေတဲ့ အချစ်ငှက်လေးနှစ်ကောင်ဆီကို ကြည့်နေတာ ဖြစ်ပါလိမ့်မည်။

သေချာတာကတော့ လူကြီး ဒီပုံလေးတွေကို ကြိုက်လို့ ကျွန်တော့် Phone ထဲကို ကူးထည့်ပေးထားတာပါပဲ...။

ဓာတ်ပုံတွေကို သေချာ ကြည့်နေရင်း အောက်တက်လာတဲ့ ဒီရင်ဘက်ကြီးက feel ပျက်လိုက်တာဗျာ...။

ကျွန်တော်လိုကောင်က ခင်ဗျားရဲ့ ဂရုစိုက်မှုတွေနဲ့ မတန်ဘူး Xiao Zhan...!

ခင်ဗျား မသိတာလား...?
ကျွန်တော်က ခင်ဗျားကို ထိခိုက်စေနိုင်တယ်ဆိုတာ...။

ဒါကြောင့် ဒီလိုပုံစံမျိုးတွေနဲ့ ကျွန်တော့်ကို မချုပ်ပါနဲ့...။

ကျွန်တော် ခင်ဗျားကို လက်မလွှတ်နိုင်ဖြစ်လာလိမ့်မယ်...။

ခင်ဗျား သိမလားတော့ မသိဘူး...။

Wang Yibo ဆိုတဲ့ ကျွန်တော်က တစ်ခြားကိစ္စတွေမှာတင်မဟုတ်ဘူး ၊ အချစ်ရေးမှာလည်း သိပ်အတ္တကြီးတာဗျ...။

........................

ညက အိပ်မပျော်တာကြောင့် မနက်ရောက်တော့ XZ အိပ်ရာထနောက်ကျလေသည်။

နာရီကို ကြည့်လိုက်တော့ မနက် 8 နာရီထိုးနေပြီ...။

ဟာ... သွားပါပြီ...။
သူ Baby ကို မနက်စာ ပြင်ပေးရဦးမှာ...။

အင်းးး Baby စားမှာမဟုတ်မှန်း သိနေပေမယ့်ပေါ့လေ...။

အတွေးတွေနဲ့ အိပ်ရာက ခပ်သွက်သွက်ထ,ကာ မျက်နှာအမြန်သစ်ပြီး အိမ်အောက်ဆင်းလာခဲ့သည်။

လှေကားကနေ ဆင်းလာရင်း XZ ရဲ့အာရုံစူးစိုက်မှုတွေကို အနံ့လေးတစ်ခုက ဆွဲဆောင်သွားလေသည်။
ဘာအနံ့ပါလိမ့်...။
မီးဖိုချောင်ကလား...?

XZ တွေးရင်း မီးဖိုချောင်ဘက်ကို လျှောက်လာတော့ သူ အမြင်မှားတာလားဟုပင် တွေးမိပါ၏။

အေပရွန်လေးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် Baby လေး...။
XZ အသက်ရှုတွေပင် မှားရသည်။

လှရက်လိုက်တာ Baby ရာ.....။

ဒီလို အေပရွန်လေး ဝတ်ထားတာတောင် ဒီလောက်ထိ ချစ်စရာကောင်းနေရလား...?

XZ ကြည့်ကောင်းတာကြောင့် မီးဖိုချောင်က တံခါးဘောင်ကို ပုခုံးလေးနဲ့ ခပ်ဖွဖွမှီရင်း လက်နှစ်ဖက်ပိုက်ကာ အနောက်မှ မမှိန်မသုန် စိုက်ကြည့်နေလိုက်သည်။

ဒါဆို Baby က အပြင်ဆိုင်တွေချည်းပဲ ထွက်စားတာ မဟုတ်ဘူးပေါ့...။

အနောက်ကနေ Baby ကို ငမ်းလို့ဝ,တော့မှ XZ အရှက်ပြေ ချောင်းတစ်ချက်ဟန့်ရင်း မီးဖိုခန်းထဲသို့ ဝင်လာလိုက်သည်။

"အဟမ်း..! Baby ကိုယ် ဘာကူညီပေးရဦးမလဲ...?"

"ရတယ်"

Baby က ကျွန်တော့်ကို တစ်ချက်မှ လှည့်မကြည့်ပဲဖြေ၏။

"Baby ရယ် တစ်ယောက်တည်းဆိုတော့ ပင်ပန်းမှာပေါ့...
ကိုယ်ရော ဝိုင်းကူမယ်လေ..."

XZ ထပ်မံ အထွန့်တက်လိုက်တော့ Baby က စိတ်ရှုပ်သွားပုံနှင့် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာ​​လေသည်။

Baby မျက်မှောင်ကြုတ်ကာ လှည့်ကြည့်ပုံလေးက တခြားသူတွေလို ရုပ်မဆိုးပဲ ချစ်စရာကောင်းပြီး ရယ်စရာလေး ဖြစ်နေတာကြောင့် XZ မနေနိုင်ပဲ ရယ်ချလိုက်မိသည်။

"ဟားး ဟားးး"

"ဘာရယ်တာလဲ ခင်ဗျား...?"

"မ... မဟုတ်ပါဘူး Baby ရာ... အဟမ်း..!
ကိုယ် မရယ်တော့ဘူးနော်..."

Baby အကြောင်းသိနေသောကြောင့် XZ မျက်နှာပိုးသတ်ရင်း ပြောတော့ Baby က ဘာမှဆက်မပြောတော့ပဲ မျက်မှောင်ကြုတ်လျက်ပင် အရှေ့သို့ ပြန်လှည့်သွားကာ သူလုပ်စရာရှိတာတွေ ဆက်လုပ်နေလေ၏။

XZ ဒီလို နှစ်နှစ်ခြိုက်ခြိုက် မရယ်ရတာကို ကြာပြီ...။

ရယ်ရပြန်တော့လည်း နှစ်ယောက်မရှိတဲ့ ကျွန်တော့်ရဲ့ Baby လေးကြောင့်တဲ့...။

ချစ်လို့မဝတဲ့ အူကြူးလေးကွာ.....။

ဒီလို အချိန်လေးမှာ အနောက်ကနေ Baby ခါးလေးကို Ro ဆန်ဆန် ဖက်ထားချင်ပေမယ့်လည်း XZ ရဲ့ကံကြမ္မာကြီးက မျက်နှာသာမပေးသောကြောင့် ဒီအတိုင်းသာ ရပ်ကြည့်နေရလေသည်။

ဘာပဲဖြစ်ဖြစ် XZ ဒီနေ့ အရမ်း ပျော်သည်။

ဒီနေ့ Baby ဘယ်မှမသွားပဲ အိမ်မှာနေဖို့ များတယ်လေ...။
Baby နဲ့အတူ ဒီလို အချိန်လေးတွေကို ကုန်ဆုံးချင်ခဲ့တာ...။

"Baby..."

ဒီတစ်ခါတော့ အသာတကြည်ပဲ ကျွန်တော့်ဘက်ကို Baby လှည့်ကြည့်လာသည်။

"ကိုယ်ရော ဝိုင်းကူပေးမယ်လေ...။
တကယ်ပြောတာ Baby ရဲ့...။
Baby တစ်ယောက်တည်းဆို ပင်ပန်းနေမှာ...။
ကိုယ် ဘာလုပ်ကူရမလဲ...?"

ကျွန်တာ့်ရဲ့ စကားကြောင့် Baby က မီးဖိုပေါ်တည်ထားတဲ့ အိုးတစ်ခုကို မျက်စ,ပစ်ပြရင်း...

"အဲ့ဒီအိုးကို မွှေပေး...
ပြီးရင် ဟိုခြင်းထဲက အရွက်တွေရော ရေဆးထား..."

"Baby ရဲ့အမိန့်တော် အတိုင်းပါဗျာ..."

XZ ရွှတ်နောက်နောက်ပြောတော့ Baby က ခေါင်းအသာရမ်းရင် အသီးလေးတွေကို ဆက်လှီးနေလေ၏။

XZ သဘောတကျပြုံးလိုက်ရင်း Baby လေးရဲ့အမိန့်တော်အတိုင်း ထမ်းဆောင်ပေးလေသည်။

မကြာခန Baby လေးဘက်ကို လှည့်ကြည့်မိသလို XZ ရဲ့ပါးစပ် ဆိုသည်မှာလည်း နားရွက်တက်မချိတ်တာသာ ကံကောင်းတော့သည်။

နှစ်ယောက်တည်းကမ္ဘာနေပြီး ဒီလို အလုပ်ကိစ္စလေးတွေကိုလည်း တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးချင်သည်။
အရမ်းပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို XZ ဖန်တီးချင်နေပြီ...။
မရေရာလှတဲ့ ဆက်ဆံရေးတစ်ခုကိုလည်း ရေရေရာရာဖြစ်ချင်နေပါပြီ...။

XZ အတွက် ဒီနေ့ကတော့ ထီဆုအကြီးကြီးပေါက်တာထက်ကို အများကြီး ပိုပျော်စရာကောင်းတဲ့ နေ့တစ်နေ့ဖြစ်သည်။

Baby အကြောင်းစုံ သိပြီးလောက်ရောပေါ့...။
ပြီးတော့ ကျွန်တော် ဝယ်ပေးတဲ့ I Phone လေးကိုရောပဲ...။
Phone လေးကို Baby ကြိုက်မှာပါလေ...။

ညတိုင်း ရင်ဖွင့်နေကြ ကျွန်တော့်ရဲ့ဒိုင်ယာရီစာအုပ်လေးထဲမှာ ဒီနေ့လေးက သိပ်ကို​လှပတဲ့ Date လေးတစ်ခုအဖြစ် နေရာယူဦးမှာပဲ...။

Baby ကို ကျွန်တော် အရမ်းချစ်မိနေပြီ...။
ဘယ်နည်းနဲ့မှ ဘာအကြောင်းနဲ့မှ လက်လွှတ်မှာ မဟုတ်တော့ဘူး...။

Baby မရှိရင် ကျွန်တော် နေနိုင်မှာ မဟုတ်ဘူး.....❤

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 3854 words 💞

Royal ပြောထားသလိုပါပဲ Drama လည်း ပါသလို sweet လည်း sweet မယ် Ro လည်း Ro ပါမယ် အစုံသုပ်လေးပါနော် 💓
စိတ်ခံစားချက်တွေ နဲနဲတော့ ရှုပ်ထွေးချင်ရှုပ်ထွေးပါလိမ့်မယ် 💕
နောက် Ep တွေမှာ ရောပေါ့ 😗

အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော် ❤

Thanks you all...💌💞

💞 ချစ်ခင်လေးစားလျှက် 💞

K.Royalwhite💌💞🤍


Jan 26,2021 (Updated Day) 🖤✨

Zawgyi


"Baby နိုးေနၿပီလား...?"

ဗန္းတစ္ခုကို ကိုင္ကာ အခန္းထဲဝင္လာေသာ လူႀကီး...။

နိုးလို႔ထ,ထိုင္ေနတာကို ျမင္ရက္သားနဲ႕ နိုးေနၿပီလား ဆိုေတာ့....!

လူႀကီးရဲ႕မ်က္ႏွာကို မၾကည့္ခ်င္တာေၾကာင့္ လက္သီးတင္းတင္းဆုပ္ရင္း မ်က္ႏွာကို တစ္ဖက္သို႔ လႊဲထားလိုက္၏။

ညက ကိစၥကိုျပန္ေတြးမိေတာ့ ရွက္လည္း ရွက္သလို ေဒါသကလည္း ထြက္လာျပန္သည္။

ေဆးရွိန္ေၾကာင့္ သာယာမိခဲ့တဲ့ ကိုယ့္ကိုယ္ကိုလည္း မုန္းသည္။
ေဆးခပ္ၿပီး အတင္းသိမ္းပိုက္ခဲ့တဲ့ လူႀကီးကိုဆို ေျပာမျပတတ္ေအာင္ကို မုန္းသည္။

ဒီပုံအတိုင္းသာ ေရွ႕ဆက္သြားရင္ ဒီလူႀကီးကို ပိုမုန္းမိလိမ့္မည္ ထင္၏။

အေႂကြးတင္သြားၿပီ...။
အစကလူႀကီးကို အတိတ္က ဒဏ္ရာေတြေၾကာင့္ နာက်င္ေစခ်င္တာ...။
ခင္ဗ်ားက ဒီလိုဆိုေတာ့လည္း... ဟက္!

"Baby စားဖို႔ ကိုယ္ ျပင္လာခဲ့တယ္...
စားလိုက္ေနာ္..."

လူႀကီးက သူ ကိုင္လာတဲ့ ဗန္းေလးကို ကုတင္ေဘးက စားပြဲေပၚမွာ လာခ်ေပးရင္း ဆို၏။

"မ စား ဘူး ျပန္ယူသြား!!"

လက္သီး တင္းတင္းဆုပ္ထားရင္း ေဒါသမ်က္လုံးေတြႏွင့္ အံႀကိတ္သံေတြပါ ပါေနသည့္ Baby ကို ၾကည့္ကာ XZ သက္ျပင္းခ်႐ုံမွတစ္ပါး...။

ကိုယ္ ဘယ္လိုရွင္းျပရပါ့မလဲ ကေလးရယ္...?

"Baby ရယ္... ဒါေလးေတာ့ စားလိုက္ပါကြာ... ေနာ္...
Baby ဗိုက္ဆာေနမွာေပါ့..."

*ခြမ္း!!*

စိမ္းစိမ္းကားကားၾကည့္ကာ စားပြဲေပၚ ခ်ထားသည့္ ဗန္းကို ရိုက္ခ်လိဳက္သည့္ Baby ရဲ႕ လက္...။

အသံႏွင့္ထပ္တူ က်ကြဲသြားေသာ ပန္းကန္မ်ား...။
ျပန့္ႀကဲသြားေသာ စားစရာမ်ား ဖန္ကြဲစမ်ားႏွင့္အတူ ဖိတ္စင္သြားသည့္ ေရေတြ...။

"ခင္ဗ်ားကို ထြက္သြားလို႔ေျပာေနတာ လူလို နားမလည္ဘူးလား...?
စားခ်င္စိတ္လည္း မရွိဘူး...။
ခင္ဗ်ား မ်က္ႏွာကိုလည္း မျမင္ခ်င္ဘူး...။
ထြက္ သြား!!"

XZ ထိုေနရာမွာပင္ မလႈပ္မယွက္ ရပ္ေနမိ၏။
မ်က္လုံးမ်ားက ျပန့္ႀကဲ ေပပြသြားေသာ ၾကမ္းျပင္ဆီသို႔သာ စိုက္ၾကည့္ေနမိသည္။

ကိုယ္က စားေစခ်င္လို႔ ႀကိဳးစားပမ္းစား ျပင္ဆင္ထားတာေလးကို အသိအမွတ္မျပဳတဲ့အျပင္ ဒီလို လုပ္ရက္တယ္ Baby ရာ...။

"ေကာင္းၿပီ...
Baby လိုအပ္ရင္ ကိုယ့္ကို ေခၚလိုက္ေနာ္..."

ေျပာကာ အခန္းထဲမွာ ထြက္သြားေသာ လူႀကီး...။
မ်က္ႏွာမွာလည္း ဝမ္းနည္းမႈေတြအျပည့္ျမင္လိုက္ရသည္။

မသနားနိုင္ေသးပါ...။
ဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကိုသာ YB သနားမိပါသည္။

လူႀကီးကို လက္ထပ္ထားတယ္ဆိုတာ အနီးကပ္ ဒဏ္ရာေတြေပးခ်င္လို႔ေလ...။
အခုေတာ့... အခုေတာ့.....
ဒီလို ေဆးခပ္ခံရၿပီး အားးးးး

Xiao Zhan ရာ Xiao Zhan အနည္းဆုံးေတာ့ ခင္ဗ်ားက ဘယ္လိုလူမ်ိဳးလဲ သိရတာေပါ့... ဟက္!

Baby အခန္းထဲက ထြက္လာၿပီးေနာက္ XZ ကိုယ့္အခန္းထဲကို ကိုယ္ဝင္ကာ ကုတင္ေပၚသို႔ ပစ္လွဲခ်လိဳက္သည္။

မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အုပ္ထားရင္း သက္ျပင္းေတြလည္း အခါခါခ်ေနမိ၏။

Rino Ring Ring 📱

အိပ္ရာေဘးက Ph သံေၾကာင့္ contact name တစ္ခ်က္ၾကည့္ၿပီး XZ Ph ကိုင္လိုက္သည္။

ကုတင္ေပၚလွဲေနရာမွ ထ,ထိုင္လိုက္ရင္း...

"ေအး ဝမ္နင္"

"သခင္ေလး ဟိုေလ... ဟို..."

"ေျပာစရာရွိတာကိုေျပာ 'တဟိုဟို' နဲ႕ဘာျဖစ္ေနတာလဲ...?"

"ကြၽန္ေတာ္ ဟို... ေျပာသင့္ မေျပာသင့္ စဥ္းစားေနတာပါ သခင္ေလး...."

XZ စိတ္မရွည္ေတာ့တာေၾကာင့္ "က်စ္" တစ္ခ်က္ စုပ္သပ္လိုက္ရင္း...

"က်စ္..! ဝမ္နင္...
မင္း ေျပာသင့္ မေျပာသင့္ဆိုတာ ငါ ဆုံးျဖတ္မယ္... မင္း ေျပာစရာရွိတာကို ပြင့္ပြင့္လင္းလင္း ေျပာ..."

"ဟုတ္ သခင္ေလး..."

"ကဲ ေျပာ ဘာကိစၥ..."

"ဟိုေလ သခင္ေလးတို႔ Wedding party တုန္းက,..............................."

"အင္း ငါ နားလည္ၿပီ..."

~~~တီ~~~

Ph ခ်ၿပီးသည္ႏွင့္ XZ ေလပူတစ္ခ်က္ကို ခပ္ျပင္းျပင္း မႈတ္ထုက္လိုက္သည္။

ကိုယ္ ေျပာျပရင္ေရာ ယုံမွာလား ကေလးရာ...?

_______________

"ေဒါက္တာ... ဒါက ဒီေန႕ ေသဆုံးသူ လူနာ စာရင္းပါ..."

စာရင္းလာပို႔ေသာ neurs ေလးကလည္း မ်က္ႏွာမေကာင္းသလို ရွင္းခ်န္ ကိုယ္တိုင္ကလည္း စိတ္မေကာင္းျဖစ္႐ုံမွတစ္ပါး...။

လူနာေတြေရာ ေဒါက္တာေတြေရာ အေကာင္းဆုံး ႀကိဳးစားခဲ့ၾကပါတယ္...။
အားလုံး အတူတိုက္ပြဲဝင္ခဲ့ၾကပါတယ္...။

ဒါေပမယ့္ေပါ့ေလ.....
ကံတရားႀကီးက ဘက္မလိုက္တတ္ဘူး ဆိုတာ မွန္တာပဲ...။

ေသျခင္းတရားကို ဘယ္မ်က္ကြယ္ျပဳလို႔ရပါ့မလဲ...?

အထက္သို႔ ေရာဂါေၾကာင့္ ေပ်ာက္ကင္းသူလူနာဦးေရေတြ , ေသဆုံးသူလူနာဦးေရေတြကို ေသေသခ်ာခ်ာ စာရင္းျပဳစုၿပီး တင္ျပရေသာေၾကာင့္ ထိုစာရင္းေတြကိုလည္း ေသခ်ာ ျပန္စစ္ေပးရေသးသည္။

ဒီစာရင္းေတြကို စစ္ေပးရတာ ေဒါက္တာ ရွင္းခ်န္ တစ္ေယာက္တည္း မဟုတ္...။
အဖြဲ႕ေခါင္းေဆာင္တိုင္း ဦးေဆာင္ စစ္ေဆးေပၾကရသည္။

စာရင္းစစ္ရတာ မပင္ပန္းေသာ္လည္း ေသဆုံးသူစာရင္းေတြကို စစ္ေပးရသည့္အခါ 10 ဆ ပိုပင္ပန္းရတာ ေဒါက္တာေတြသာ အသိဆုံး...။

"ေကာင္းပါၿပီ ဆရာမ...
ကြၽန္ေတာ္ ေသခ်ာစစ္လိုက္ပါ့မယ္..."

"ဟုတ္ကဲ့ပါ ေဒါက္တာ..."

Neurs ေလး နားေနေဆာင္က ထြက္သြားေတာ့ ရွင္းခ်န္ ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိေသာ သက္ျပင္းတို႔ကိုခ်မိျပန္သည္။

လူနာတစ္ဦးေသဆုံးတိုင္း တစ္ခါမွတ္တမ္းတင္ထားရသည့္စာရင္းေလးႏွင့္ neurs လာပို႔ေပးေသာ စာရင္းကို တစ္ခ်က္ တိုက္စစ္ေဆးေပးရင္း မ်က္ရည္ေတြပင္ လည္လာသလို...။

ဒီေန႕ ေရာဂါေၾကာင့္ ေသဆုံးသူစာရင္းထဲမွာ ရွင္းခ်န္တို႔အဖြဲ႕စ,ေရာက္လာကတည္းကႀကိဳးစားပမ္းစားကုေပးေနသည့္ အဖြားလည္းပါဝင္သြားခဲ့ၿပီ...။

တစ္ခါတစ္ခါ အေမာထ,ေဖာက္တတ္ေသာ ထိုအဖြားက ရွင္းခ်န္ကိုဆို ပိုၿပီးေတာ့ တြယ္တာရွာ၏။

(*အားလုံး RIP ပါဗ်ာ...။
ေနာင္ဘဝမွာ ဒီလို ကပ္ဆိုးႀကီးေတြနဲ႕ မႀကဳံေတြ႕ၾကပါေစနဲ႕...။
ၿငိမ္းခ်မ္းစြာ အနားယူၾကပါ...။
အာမင္.....*)

ရွင္းခ်န္အတြက္ ဒီဆုေတာင္းစကားေလးက ေန႕စဥ္ျပဳလုပ္ေနၾက အလုပ္တစ္ခုလို ျဖစ္ေနခဲ့ၿပီ...။

ရက္အကန့္အသတ္ရယ္လို႔ မရွိေသာ ဒီတိုက္ပြဲႀကီးမွာ က်န္ရစ္ေနခဲ့ေသာ ဒီလူသားေတြကိုသာ ေသမင္းေနာက္, ထပ္ပါမသြားေအာင္ ႀကိဳးစားရမည္။

အားလုံး အေကာင္းဆုံး ႀကိဳးစားခဲ့ၾကေသာ္လည္း ဒီလိုေတြျဖစ္လာေတာ့ ဆုေတာင္းေပး႐ုံနဲ႕ စိတ္မေကာင္းျဖစ္႐ုံကလြဲၿပီး ဘာမ်ားတတ္နိုင္မွာလဲေလ.....။

_______________

~~~ဒီေန႕နဲ႕ဆို 3 ရက္ရွိၿပီ~~~

အိမ္ႀကီးထဲမွာ Baby ရယ္ ကြၽန္ေတာ္ရယ္ ႏွစ္ေယာက္တည္းေနၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ မ်က္ႏွာခ်င္းေတာင္ မဆိုင္မိဘူးဆိုတာက ျဖစ္သင့္တဲ့ကိစၥလားဗ်ာ...?

Baby ကလည္း ကြၽန္ေတာ့္ကို ရွိတယ္လို႔ကို မထင္တာ...။
တစ္ခါတစ္ေလဆို ကြၽန္ေတာ္ကိုယ္တိုင္ကလည္း Baby အႏွောက္အယွက္ျဖစ္မွာစိုးလို႔ ေရွာင္ေပးရတဲ့အခါမ်ိဳးေတြရွိသည္။

ပူေလာင္လိုက္တာဗ်ာ...။
အမွန္တရားကို ေျပာျပခ်င္ေပမယ့္ Baby ကိုယ္တိုင္ သိလာတဲ့ေန႕ထိ ကြၽန္ေတာ္ ေစာင့္ခ်င္ေသးတာ.....။

ကိုယ္တိုင္ေျပာျပရင္ ယုံတာ မယုံတာ အသာထား လႊဲခ်တယ္ဆိုၿပီး ထင္သြားမွ ျပႆနာက ပိုႀကီးသြားဦးမွာ...။

ဒီအေျခအေနေတြနဲ႕ ပတ္သတ္ၿပီး ကြၽန္ေတာ္ သင္ခန္းစာ တစ္ခုေတာ့ ရခဲ့တယ္...။

"မုန္းတယ္ မုန္းတယ္ လို႔ ေဘးနားကေန တစ္ဖြဖြ ေျပာေနတာထက္ "ဥေပကၡာ" ဆိုတဲ့ ျပစ္ဒဏ္က ပိုၿပီး နာက်င္ရတယ္...."
ဆိုတာေလး...။

တကယ္ နာက်င္ရတယ္ဗ်ာ...။
ကြၽန္ေတာ္ ကိုယ္တိုင္ ႀကိဳးစားပမ္းစား ခ်က္ျပဳတ္ထားတဲ့ ထမင္းစားပြဲေလးကို Baby ဥေပကၡာျပဳထားတာ...။

ကြၽန္ေတာ္ ေျပာတဲ့စကားေတြကို Baby မၾကားခ်င္ေယာင္ေဆာင္တာ...။

ကြၽန္ေတာ္ Baby ေရွ႕တည့္တည့္မွာ ရွိေနရင္လည္း တစ္ခ်က္ေတာင္ငဲ့မၾကည့္ပဲ ေရွာင္ထြက္သြားတာမ်ိဳးေတြ...။

ကြၽန္ေတာ့္ကို 'ဖုတ္ေလတဲ့ငပိ' ရွိတယ္လို႔ကို မထင္တာဗ်ာ...။
ဒီအိမ္ႀကီးထဲမွာ အရင္ကလို သူတစ္ေယာက္တည္း ေနတဲ့အတိုင္း Baby က ေန,ေနတာ...။

ေနရ ထိုင္ရတာ အရမ္းခက္တယ္ဗ်ာ...။

Baby သိလာမွာပါ ေဆးခပ္ခဲ့တဲ့လူကို...။
အဲ့ဒီေန႕ မေရာက္ေသးခင္ထိေတာ့ Xiao Zhan ေရ ခံနိုင္ရည္ရွိေပဦးေတာ့ေပါ့...။

မနက္စာ ၊ ေန႕လည္စာ ၊ ညစာ မရိုးရေအာင္ XZ သူ တတ္နိုင္တဲ့ ဟင္းပြဲေတြ ျပင္ဆင္ေပးထားေပမယ့္ Baby က အျပင္မွာပဲ ထြက္စားတယ္ေလ...။ ေျပာလို႔လည္း မရဘူးဗ်...။
ေကာင္ဆိုးေလးက ကြၽန္ေတာ့္စကားဆို ဘယ္ဘက္နားကမွ ဝင္တာမဟုတ္ဘူးရယ္...။

ၿပီးေတာ့ အတင္းအက်ပ္ စားခိုင္းတာမ်ိဳးလည္း မျဖစ္ေစခ်င္ဘူးေလ...။

Baby က တစ္ေယာက္တည္းေနတာဆိုေတာ့
အရင္ကလည္း ဒီလိုပဲ အျပင္မွာပဲ စားတာလား...?

အျပင္စာေတြ အမ်ားႀကီးစားရင္ ေရာဂါရတယ္ဆိုတာကို ဒီကေလးေလး မသိေလေရာ့လားဗ်ာ...?

XZ ဆိုတာ ေလးေလးနဲ႕ အိမ္မွာေနတုန္းက မီးဖိုေခ်ာင္ကို ေလးေလး ဝင္ခ်က္တဲ့ တစ္ခါတစ္ေလမွသာ ဟိုနားဆက္ဆက္ ဒီနားဆက္ဆက္သာ ဝင္ကူေပးခဲ့တဲ့လူမ်ိဳး...။

အိမ္အကူေတြလည္းရွိေတာ့ စားခ်ိန္တန္ရင္ အဆင္သင့္ စား႐ုံပါပဲ...။
ကိုယ္က စီးပြားေရးကိုပဲ ဂ႐ုတစိုက္လုပ္ရတာေပါ့ေလ...။

Baby ဖ်ားတုန္းက မီးဖိုေခ်ာင္ကို ကိုယ္တိုင္ဝင္ၿပီး စြပ္ျပဳတ္လုပ္ေပးခဲ့ဖူးတာက ကြၽန္ေတာ့္ဘဝမွာပထမဆုံးပဲ...။

ဒါေပမယ့္ အဲ့ဒီေန႕ကစ,ၿပီး လိုင္းေပၚမွာပဲျဖစ္ျဖစ္ တစ္ခါတစ္ေလ Hotel က စားဖိုမႈးေတြဆီမွာပဲျဖစ္ျဖစ္ ဟင္းခ်က္နည္းေတြကို XZ ေလ့လာခဲ့တယ္...။

ဘာလို႔ဆို တစ္ေယာက္တည္းေနတဲ့ Baby ေလးကို ကိုယ္တိုင္ခ်က္ေကြၽးခ်င္လို႔...။

အဲ့ဒီေန႕ကလို Baby ေလး တစ္ေယာက္တည္း ဖ်ားေနခဲ့ရင္ သူေလးကို အျပင္စာေတြ မစားေစခ်င္ဘူး...။

ဒါေပမယ့္ အခုေတာ့ XZ ကိုယ္တိုင္ ျပင္ဆင္ထားတဲ့ ထမင္းစားပြဲေလးက ေျခာက္ကပ္ေနဆဲပါပဲ...။

Baby ကို စိတ္ဆိုးေျပေအာင္ ေခ်ာ့ဖို႔ XZ နည္းလမ္းေတြလည္း စဥ္းစားထားတယ္...။

ကြၽန္ေတာ့္အမွားလည္း မကင္းခဲ့ဘူးေလ...။

ကြၽန္ေတာ့္ဘက္က ဒီေလာက္ေတာ့ လုပ္ေပးရမွာေပါ့...။

Baby ကြၽန္ေတာ့္ကို အျမင္ၾကည္လာဖို႔ဆိုရင္ ဘာပဲလုပ္ရလုပ္ရ လုပ္ေပးနိုင္တယ္...။

တစ္ခုပါပဲ...
Baby ကြၽန္ေတာ့္ကို ကြာရွင္းေပးဖို႔ ေတာင္းဆိုလာတာကလြဲလို႔...။

ကြၽန္ေတာ္ အဲ့ဒီကိစၥကိုစိတ္ထဲကေနကို ေတြးၾကည့္လို႔ မရဘူး...။
လက္ခံနိုင္မွာလည္း မဟုတ္ဘူး...။

ဒါ့ေၾကာင့္ အဲ့ဒီအခ်က္တစ္ခ်က္က လြဲရင္ က်န္တာ အားလုံး Baby အတြက္ သူ လုပ္ေပးနိုင္တယ္...။

.........................

"ဘာ!!!"

စကားေျပာေနရင္း အလန့္တၾကားထ,ေအာ္ေသာ YB ေၾကာင့္ က်င္းရီပါ အလန့္တၾကားျဖစ္သြားရ၏။ ထို႔ေနာက္ YB အေၾကာင္းသိသူပီပီ ေျဖရွင္းခ်က္ျမန္ျမန္ေပးရေတာ့သည္။

"ဟ!! လန့္လိုက္တာ ရိေပၚရာ... ငါက ေစတနာနဲ႕ပါကြ မင္းကလည္း..."

"-ီး ကို ေစတနာနဲ႕ပါလား...?"

"ဆဲတယ္ဟ! ပန္းစည္းရလို႔ ေက်းဇူးဆပ္တာေလကြာ...
မင္းနဲ႕မင္းလူႀကီး ေပ်ာ္ရေအာင္လို႔ ငါက နည္းနည္းေလး..."

"ေတာ္ေတာ့! ေဟ့ေကာင္!!"

*ဒုန္း!!*

က်င္းရီ စကားမဆုံးခင္ ရိေပၚ စကားတစ္ခြန္းသာေျပာၿပီး ႐ုတ္တရက္ ထ,သြားတာေၾကာင့္ ထိုင္ခုံေလးကလည္း "ဒုန္း" ကနဲ အသံျမည္သြားေလသည္။

"ငါက ေစတနာနဲ႕ကို... ဟြန့္!
ငါ ပန္းစည္းရလို႔ 'Thank you so much..!' လို႔ ေျပာေတာ့ သူပဲ ဘာျပန္ေပးမလဲဆိုၿပီးေတာ့..."

YB မၾကားမွန္းသိေသာ္လည္း က်င္းရီ တစ္ေယာက္ ေျပာျဖစ္ေအာင္ ေျပာလိုက္ေသးသည္။

"ေတာက္! လန္က်င္းရီ လဒစုတ္!"

YB ဆိုင္ကယ္ေပၚတက္ခြရင္း လန္က်င္းရီကို ေမတၱာလွမ္းပို႔ဖို႔လည္း မေမ့...။

ဒီရက္ပိုင္း လူႀကီးကို အထင္ေတြလြဲၿပီး ဥေပကၡာျပဳထားခဲ့မိသည္။

လူႀကီးကို သူ ျမင္ေနပါရက္နဲ႕ မသိခ်င္ေယာင္ေဆာင္ခဲ့သည္။

လူႀကီးကိုယ္တိုင္ ျပင္ဆင္ေပးေသာ ထမင္းစားပြဲကိုလည္း လ်စ္လ်ဴရႈခဲ့သည္။

ထိုအခ်ိန္တိုင္း ျဖစ္သြားတတ္တဲ့ လူႀကီးရဲ႕ မ်က္ႏွာကို ျပန္ျမင္ေယာင္လာရင္း က်င္းရီကိုသာ ေဒါသပိုထြက္သည္။

လူႀကီးအေပၚ ေျပာခဲ့မိတာေတြ လုပ္ခဲ့မိတဲ့အျပဳအမူေတြကို ျပန္ေတြးမိရင္း စိတ္ထဲ အားနားလာသလိုလို ခံစားလာရသည္။

ဟာ... ငါက ဘာလို႔ အားနာရမွာလဲ...?

လူႀကီးေရာ က်င္းရီလုပ္တယ္ဆိုတာ သိၿပီးၿပီလား...?
သိၿပီးေလာက္ေရာေပါ့...။
သိရက္နဲ႕ ငါ့ကို ဘာလို႔ ဘာမွ မေျပာရတာလဲ...?

က်စ္...! ဒီလူႀကီးနဲ႕ေတာ့ကြာ.....။

အိမ္ျပန္ေရာက္ေတာ့ ဆိုင္ကယ္ကို ဂိုေထာင္ထဲ ေသခ်ာထည့္ၿပီး အိမ္ထဲသို႔ တည္တည္ၿငိမ္ၿငိမ္ပဲ ဝင္လာလိုက္သည္။

အလုပ္သြားတယ္ထင္...
အိမ္ထဲ လူႀကီးရဲ႕ အရိပ္အေယာင္ေတာင္ မေတြ႕ရ...။

ဒီလူႀကီး အလုပ္ သြားသင့္ေနတာ ၾကာပါၿပီ...။
ဒီရက္ပိုင္း လူႀကီး အလုပ္မသြားပဲ အိမ္ထဲမွာပဲ ေန,ေနတာကိုး...။

YB အခန္းထဲေရာက္ေတာ့ စားပြဲေပၚမွာ အဆင္သင့္ ေနရာယူေနေသာ ဗူးေလးတစ္ဗူးေၾကာင့္ ထိုေနရာသို႔ ေသခ်ာၾကည့္လိုက္သည္။

လူႀကီး ငါ့အခန္းထဲကို ဝင္သြားတာပဲ...။

သိခ်င္တာေၾကာင့္ ဗူးေလးကို ကိုင္ကာ လွည့္ပတ္ၾကည့္လိုက္ၿပီး ဖဲႀကိဳးေလးကို ျဖည္ကာ ဖြင့္လိုက္၏။

ဗူးေလးထဲမွာ I Phone တစ္လုံးက လွပစြာေနရာယူေနေလ၏။

ဟက္..! ဘဲႀကီး.....
Phone ေလးတစ္လုံးနဲ႕ ကြၽန္ေတာ့္ကို ခ်ဳပ္လို႔ရမယ္ထင္ေနတာလား...?

အရင္ Ph ေနရာထားမွားၿပီးကတည္းက YB Phone အသစ္မဝယ္ရေသးဘူး။

Ph ကလည္း ကြၽန္ေတာ့္အတြက္ ေထြေထြထူးထူး သုံးစရာမရွိတာေၾကာင့္ လိုက္မရွာပဲ ပစ္ထားခဲ့သည္။

ဗူးထဲက Phone ေလးကို ကိုင္ၾကည့္ရင္း ပထမဆုံးျမင္မိသည့္ Contact ထဲဝင္ၾကည့္မိေတာ့ YB မ်က္ခုံးတစ္ခ်က္ ပင့္တက္သြားေလသည္။

တစ္ခုတည္းရွိေသာ Contact list ေလးထဲမွာ ေနရာယူထားတာတဲ့ Name ေလးက...

"💞ကိုကို💞" တဲ့ေလ.....။

ႏွလုံးသားတစ္ေနရာမွာ ႏြေးေထြးသြားတဲ့ ခံစားခ်က္ေလးကို ေခါင္း တစ္ခ်က္ ရမ္းကာ, ခါလိုက္ရင္း ထိန္းလိုက္၏။

ဝန္မခံခ်င္ေပမယ့္ လူႀကီး Phone no ေလးကို ကြၽန္ေတာ္ အလြတ္ရေနပါၿပီ...။
ေခါင္းထဲက ဘယ္ေလာက္ထုတ္ထုတ္ ထင္က်န္ေစဆဲ Ph no ေလးအျဖစ္...။

အခု လူႀကီးက ကြၽန္ေတာ့္ကို Ph ေလးတစ္လုံး လက္ေဆာင္ေပးၿပီး ျပန္ေခ်ာ့ေနတာလား...?

ဒီလူႀကီးကေတာ့ကြာ.....။
လူကို ပိုၿပီးေတာ့ စိတ္မေကာင္းျဖစ္ေအာင္ လုပ္ေနတာပဲ...။

လူႀကီးကို ငါ စိတ္ဆိုးေျပသြားၿပီလား...?

ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္လိုက္မိေသာ္လည္း အေျဖကား ခ်က္ခ်င္းမထြက္...။

Ph ေလးကို ကိုင္ၾကည့္ရင္း အထက္ေအာက္ လွည့္ပတ္ၾကည့္လိုက္ေတာ့ Ph cover ေလးေၾကာင့္ YB မ်က္ခုံးတို႔ ပင့္တက္သြားျပန္သည္။

Ph cover ပုံစံေလးက မီးခိုးေရာင္ ကမၻာတစ္ျခမ္းပုံေလး...

(A/N - လိပ္မေလးေတြ အေတာ္ ေလာင္ခဲ့ရတဲ့ Ph cover ပုံေလးေပါ့ အခု ဒီ fic ေလးထဲမွာလည္း အဲ့ဒါေလးနဲ႕ တစ္ပုံစံတည္းလို႔ မွတ္ယူေပးပါ)

Ph cover ေလးကို ၾကည့္ေနရင္း YB စိတ္ထဲ ေတြးမိလိုက္ပါ၏။

ဒီ ပုံက ဘာအဓိပ္ပါယ်လဲလို့...?

Ph ေလးထဲက App ေတြထဲ ဝင္ေမႊၾကည့္ရင္း Gallary ထဲေရာက္ေတာ့ YB အံ့ၾသရျပန္သည္။

ဓာတ္ပုံေလးကေတာ့ 3 ပုံထဲပါပဲ...။

မရည္႐ြယ္ေပမယ့္ ဓာတ္ပုံ 3 ပုံစလုံးကို တစ္ပုံခ်င္း ေထာက္ၿပီး ၾကည့္ေနမိသည္။

ပထမဆုံးပုံေလးက မဂၤလာေဆာင္တုန္းက ဓာတ္ပုံေလး...။

စင္ေပၚမွာ ကြၽန္ေတာ့္လက္ႏွစ္ဖက္ကို လူႀကီးရဲ႕ လက္ႏွစ္ဖက္က တစ္ဖက္စီ ဆုပ္ကိုင္ထားရင္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနတဲ့ ပုံေလး...။

ကြၽန္ေတာ္က တည္တည္ၿငိမ္ၿငိမ္ပဲ မရယ္မၿပဳံးေပမယ့္ လူႀကီးရဲ႕မ်က္ႏွာမွာေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးေနတဲ့အျပင္ ဝမ္းသာမ်က္ရည္ၾကည္ေတြပါျမင္ေနရေသးသည္။

ဒုတိယဓာတ္ပုံေလးကေတာ့ ကြၽန္ေတာ္ ေက်ာင္းက ျပန္လာေနတဲ့ ပုံေလး...။

ဒီဓာတ္ပုံေလးကေတာ့ လူႀကီး ကြၽန္ေတာ့္ကို ေက်ာင္းလာႀကိဳတုန္းက ခိုးရိုက္ထားပုံပါပဲ...။

ေက်ာပိုးအိတ္ကို ပုခုံးတစ္ဖက္တည္းမွာပဲ တေစာင္း လြယ္ထားၿပီး အကၤ်ီအျပာေရာင္ နဲ႕ ဂ်င္းေဘာင္းဘီကို တြဲဝတ္ထားတဲ့ ကြၽန္ေတာ္က တကယ့္ကို ႐ုပ္တည္ႀကီးနဲ႕ေလ...။

ေနာက္ဆုံးဓာတ္ပုံေလးကေတာ့ ပန္းၿခံကို လူႀကီးရယ္ ကြၽန္ေတာ္ရယ္ ႏွစ္ေယာက္သြားတုန္းက ဓာတ္ပုံေလးပါ...။

ရွားရွာပါးပါး ကြၽန္ေတာ္ကလည္း ၿပဳံးေနၿပီး လူႀကီးကလည္း ကြၽန္ေတာ့္ဘက္ကို ငဲ့ၾကည့္ေနကာ မ်က္ႏွာထက္မွာလည္း ၿပဳံးလို႔...။

အဲ့ဒီေန႕က ကြၽန္ေတာ္ ေငးၾကည့္ေနတဲ့ ေနရာက မွတ္မိသေလာက္ဆိုရင္ လက္ထပ္ခြင့္ေတာင္းေနတဲ့ အခ်စ္ငွက္ေလးႏွစ္ေကာင္ဆီကို ၾကည့္ေနတာ ျဖစ္ပါလိမ့္မည္။

ေသခ်ာတာကေတာ့ လူႀကီး ဒီပုံေလးေတြကို ႀကိဳက္လို႔ ကြၽန္ေတာ့္ Phone ထဲကို ကူးထည့္ေပးထားတာပါပဲ...။

ဓာတ္ပုံေတြကို ေသခ်ာ ၾကည့္ေနရင္း ေအာက္တက္လာတဲ့ ဒီရင္ဘက္ႀကီးက feel ပ်က္လိုက္တာဗ်ာ...။

ကြၽန္ေတာ္လိုေကာင္က ခင္ဗ်ားရဲ႕ ဂ႐ုစိုက္မႈေတြနဲ႕ မတန္ဘူး Xiao Zhan...!

ခင္ဗ်ား မသိတာလား...?
ကြၽန္ေတာ္က ခင္ဗ်ားကို ထိခိုက္ေစနိုင္တယ္ဆိုတာ...။

ဒါေၾကာင့္ ဒီလိုပုံစံမ်ိဳးေတြနဲ႕ ကြၽန္ေတာ့္ကို မခ်ဳပ္ပါနဲ႕...။

ကြၽန္ေတာ္ ခင္ဗ်ားကို လက္မလႊတ္နိုင္ျဖစ္လာလိမ့္မယ္...။

ခင္ဗ်ား သိမလားေတာ့ မသိဘူး...။

Wang Yibo ဆိုတဲ့ ကြၽန္ေတာ္က တစ္ျခားကိစၥေတြမွာတင္မဟုတ္ဘူး ၊ အခ်စ္ေရးမွာလည္း သိပ္အတၱႀကီးတာဗ်...။

........................

ညက အိပ္မေပ်ာ္တာေၾကာင့္ မနက္ေရာက္ေတာ့ XZ အိပ္ရာထေနာက္က်ေလသည္။

နာရီကို ၾကည့္လိုက္ေတာ့ မနက္ 8 နာရီထိုးေနၿပီ...။

ဟာ... သြားပါၿပီ...။
သူ Baby ကို မနက္စာ ျပင္ေပးရဦးမွာ...။

အင္းးး Baby စားမွာမဟုတ္မွန္း သိေနေပမယ့္ေပါ့ေလ...။

အေတြးေတြနဲ႕ အိပ္ရာက ခပ္သြက္သြက္ထ,ကာ မ်က္ႏွာအျမန္သစ္ၿပီး အိမ္ေအာက္ဆင္းလာခဲ့သည္။

ေလွကားကေန ဆင္းလာရင္း XZ ရဲ႕အာ႐ုံစူးစိုက္မႈေတြကို အနံ႕ေလးတစ္ခုက ဆြဲေဆာင္သြားေလသည္။
ဘာအနံ႕ပါလိမ့္...။
မီးဖိုေခ်ာင္ကလား...?

XZ ေတြးရင္း မီးဖိုေခ်ာင္ဘက္ကို ေလွ်ာက္လာေတာ့ သူ အျမင္မွားတာလားဟုပင္ ေတြးမိပါ၏။

ေအပ႐ြန္ေလးကို သပ္သပ္ရပ္ရပ္ ဝတ္ဆင္ထားသည့္ Baby ေလး...။
XZ အသက္ရႈေတြပင္ မွားရသည္။

လွရက္လိုက္တာ Baby ရာ.....။

ဒီလို ေအပ႐ြန္ေလး ဝတ္ထားတာေတာင္ ဒီေလာက္ထိ ခ်စ္စရာေကာင္းေနရလား...?

XZ ၾကည့္ေကာင္းတာေၾကာင့္ မီးဖိုေခ်ာင္က တံခါးေဘာင္ကို ပုခုံးေလးနဲ႕ ခပ္ဖြဖြမွီရင္း လက္ႏွစ္ဖက္ပိုက္ကာ အေနာက္မွ မမွိန္မသုန္ စိုက္ၾကည့္ေနလိုက္သည္။

ဒါဆို Baby က အျပင္ဆိုင္ေတြခ်ည္းပဲ ထြက္စားတာ မဟုတ္ဘူးေပါ့...။

အေနာက္ကေန Baby ကို ငမ္းလို႔ဝ,ေတာ့မွ XZ အရွက္ေျပ ေခ်ာင္းတစ္ခ်က္ဟန့္ရင္း မီးဖိုခန္းထဲသို႔ ဝင္လာလိုက္သည္။

"အဟမ္း..! Baby ကိုယ္ ဘာကူညီေပးရဦးမလဲ...?"

"ရတယ္"

Baby က ကြၽန္ေတာ့္ကို တစ္ခ်က္မွ လွည့္မၾကည့္ပဲေျဖ၏။

"Baby ရယ္ တစ္ေယာက္တည္းဆိုေတာ့ ပင္ပန္းမွာေပါ့...
ကိုယ္ေရာ ဝိုင္းကူမယ္ေလ..."

XZ ထပ္မံ အထြန့္တက္လိုက္ေတာ့ Baby က စိတ္ရႈပ္သြားပုံႏွင့္ မ်က္ေမွာင္ၾကဳတ္ကာ လွည့္ၾကည့္လာေလသည္။

Baby မ်က္ေမွာင္ၾကဳတ္ကာ လွည့္ၾကည့္ပုံေလးက တျခားသူေတြလို ႐ုပ္မဆိုးပဲ ခ်စ္စရာေကာင္းၿပီး ရယ္စရာေလး ျဖစ္ေနတာေၾကာင့္ XZ မေနနိုင္ပဲ ရယ္ခ်လိဳက္မိသည္။

"ဟားး ဟားးး"

"ဘာရယ္တာလဲ ခင္ဗ်ား...?"

"မ... မဟုတ္ပါဘူး Baby ရာ... အဟမ္း..!
ကိုယ္ မရယ္ေတာ့ဘူးေနာ္..."

Baby အေၾကာင္းသိေနေသာေၾကာင့္ XZ မ်က္ႏွာပိုးသတ္ရင္း ေျပာေတာ့ Baby က ဘာမွဆက္မေျပာေတာ့ပဲ မ်က္ေမွာင္ၾကဳတ္လ်က္ပင္ အေရွ႕သို႔ ျပန္လွည့္သြားကာ သူလုပ္စရာရွိတာေတြ ဆက္လုပ္ေနေလ၏။

XZ ဒီလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ မရယ္ရတာကို ၾကာၿပီ...။

ရယ္ရျပန္ေတာ့လည္း ႏွစ္ေယာက္မရွိတဲ့ ကြၽန္ေတာ့္ရဲ႕ Baby ေလးေၾကာင့္တဲ့...။

ခ်စ္လို႔မဝတဲ့ အူၾကဴးေလးကြာ.....။

ဒီလို အခ်ိန္ေလးမွာ အေနာက္ကေန Baby ခါးေလးကို Ro ဆန္ဆန္ ဖက္ထားခ်င္ေပမယ့္လည္း XZ ရဲ႕ကံၾကမၼာႀကီးက မ်က္ႏွာသာမေပးေသာေၾကာင့္ ဒီအတိုင္းသာ ရပ္ၾကည့္ေနရေလသည္။

ဘာပဲျဖစ္ျဖစ္ XZ ဒီေန႕ အရမ္း ေပ်ာ္သည္။

ဒီေန႕ Baby ဘယ္မွမသြားပဲ အိမ္မွာေနဖို႔ မ်ားတယ္ေလ...။
Baby နဲ႕အတူ ဒီလို အခ်ိန္ေလးေတြကို ကုန္ဆုံးခ်င္ခဲ့တာ...။

"Baby..."

ဒီတစ္ခါေတာ့ အသာတၾကည္ပဲ ကြၽန္ေတာ့္ဘက္ကို Baby လွည့္ၾကည့္လာသည္။

"ကိုယ္ေရာ ဝိုင္းကူေပးမယ္ေလ...။
တကယ္ေျပာတာ Baby ရဲ႕...။
Baby တစ္ေယာက္တည္းဆို ပင္ပန္းေနမွာ...။
ကိုယ္ ဘာလုပ္ကူရမလဲ...?"

ကြၽန္တာ့္ရဲ႕ စကားေၾကာင့္ Baby က မီးဖိုေပၚတည္ထားတဲ့ အိုးတစ္ခုကို မ်က္စ,ပစ္ျပရင္း...

"အဲ့ဒီအိုးကို ေမႊေပး...
ၿပီးရင္ ဟိုျခင္းထဲက အ႐ြက္ေတြေရာ ေရဆးထား..."

"Baby ရဲ႕အမိန့္ေတာ္ အတိုင္းပါဗ်ာ..."

XZ ႐ႊတ္ေနာက္ေနာက္ေျပာေတာ့ Baby က ေခါင္းအသာရမ္းရင္ အသီးေလးေတြကို ဆက္လွီးေနေလ၏။

XZ သေဘာတက်ၿပဳံးလိုက္ရင္း Baby ေလးရဲ႕အမိန့္ေတာ္အတိုင္း ထမ္းေဆာင္ေပးေလသည္။

မၾကာခန Baby ေလးဘက္ကို လွည့္ၾကည့္မိသလို XZ ရဲ႕ပါးစပ္ ဆိုသည္မွာလည္း နား႐ြက္တက္မခ်ိတ္တာသာ ကံေကာင္းေတာ့သည္။

ႏွစ္ေယာက္တည္းကမၻာေနၿပီး ဒီလို အလုပ္ကိစၥေလးေတြကိုလည္း တစ္ေယာက္ကိုတစ္ေယာက္ ကူညီေဖးမေပးခ်င္သည္။
အရမ္းေပ်ာ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို XZ ဖန္တီးခ်င္ေနၿပီ...။
မေရရာလွတဲ့ ဆက္ဆံေရးတစ္ခုကိုလည္း ေရေရရာရာျဖစ္ခ်င္ေနပါၿပီ...။

XZ အတြက္ ဒီေန႕ကေတာ့ ထီဆုအႀကီးႀကီးေပါက္တာထက္ကို အမ်ားႀကီး ပိုေပ်ာ္စရာေကာင္းတဲ့ ေန႕တစ္ေန႕ျဖစ္သည္။

Baby အေၾကာင္းစုံ သိၿပီးေလာက္ေရာေပါ့...။
ၿပီးေတာ့ ကြၽန္ေတာ္ ဝယ္ေပးတဲ့ I Phone ေလးကိုေရာပဲ...။
Phone ေလးကို Baby ႀကိဳက္မွာပါေလ...။

ညတိုင္း ရင္ဖြင့္ေနၾက ကြၽန္ေတာ့္ရဲ႕ဒိုင္ယာရီစာအုပ္ေလးထဲမွာ ဒီေန႕ေလးက သိပ္ကိုလွပတဲ့ Date ေလးတစ္ခုအျဖစ္ ေနရာယူဦးမွာပဲ...။

Baby ကို ကြၽန္ေတာ္ အရမ္းခ်စ္မိေနၿပီ...။
ဘယ္နည္းနဲ႕မွ ဘာအေၾကာင္းနဲ႕မွ လက္လႊတ္မွာ မဟုတ္ေတာ့ဘူး...။

Baby မရွိရင္ ကြၽန္ေတာ္ ေနနိုင္မွာ မဟုတ္ဘူး.....❤

💓💓💓💓💓💓💓💓💓💓💓💓💓💓

Updated _ 3854 words 💞

Royal ေျပာထားသလိုပါပဲ Drama လည္း ပါသလို sweet လည္း sweet မယ္ Ro လည္း Ro ပါမယ္ အစုံသုပ္ေလးပါေနာ္ 💓
စိတ္ခံစားခ်က္ေတြ နဲနဲေတာ့ ရႈပ္ေထြးခ်င္ရႈပ္ေထြးပါလိမ့္မယ္ 💕
ေနာက္ Ep ေတြမွာ ေရာေပါ့ 😗

အားလုံး က်န္းမာေရးဂ႐ုစိုက္ၾကပါေနာ္ ❤

Thanks you all...💌💞

💞 ခ်စ္ခင္ေလးစားလွ်က္ 💞

K.Royalwhite💌💞🤍


Jan 26,2021 (Updated Day) 🖤✨

Continue Reading

You'll Also Like

630K 38.6K 103
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
15.8K 1.7K 38
แž‚แŸ’แž˜แžถแž“แžขแŸ’แžœแžธแž”แžถแž“แž˜แž€แžŠแŸ„แž™แž˜แžทแž“แž˜แžถแž“แž€แžถแžšแž›แŸ‡แž”แž„แŸ‹แž“แŸ„แŸ‡แž‘แŸ
7.4K 652 26
แ€กแ€แ€ฏแ€™แ€พแ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€†แ€„แ€บแ€แ€ผแ€ฑแ€แ€ฝแ€ฑแ€•แ€ฑแ€ธแ€”แ€ฑแ€™แ€พแ€ฌแ€œแ€ฒ แ€™แ€„แ€บแ€ธแ€กแ€›แ€„แ€บ แ€„แ€ซแ€ทแ€€แ€ญแ€ฏแ€‘แ€ฌแ€ธแ€แ€ฒแ€ทแ€แ€ฌแ€•แ€ฒแ€œแ€ฑ Malfoy แ€แ€ปแ€…แ€บแ€žแ€ฐแ€”แ€ฒแ€ท แ€™แ€ญแ€˜แ€€แ€ผแ€ฌแ€ธแ€™แ€พแ€ฌ แ€€แ€ญแ€ฏแ€šแ€บแ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€›แ€แ€€แ€บแ€”แ€ฑแ€แ€ฒแ€ทแ€แ€ฌ แ€™แ€„แ€บแ€ธแ€žแ€ญแ€•แ€ซแ€ทแ€™แ€œแ€ฌแ€ธ Pottah แ€กแ€แ€ฏแ€™แ€ฝแ€˜แ€ฌแ€œแ€ญแ€ฏแ‚” แ€†แ€„แ€น...