{Zawgyi}
"Adam!! ေက်းဇူးျပဳၿပီး ငါ့ကိုအလုပ္လုပ္ခြင့္ေပးပါလား....မင္းမွာလုပ္စရာမရွိရင္လည္းရုံးတက္မေနပါနဲ႔လား....."
မနက္ရုံးေရာက္ထဲက သူလုပ္သမ်ွကို Adamကေမးေထာက္ၿပီးၾကည့္ေနတာေၾကာင့္Cell Remသည္းမခံႏိုင္သည့္အဆုံးေျပာလိုက္ျခင္း။
ရုံးခန္းတစ္ခုထဲမွာ သူ႔စားပြဲခုံထပ္ထည့္ေပးထားတဲ့ Cell Remအမွားပါေလ။
ဒီသေကာင့္သားကစိတ္ရႈပ္စရာေကာင္းလြန္းတယ္။
"ဘယ္မွာေနွာင့္ယွက္ေနလို႔လဲ...ကိုယ့္အလုပ္စားပြဲမွာကိုယ္ၿငိမ္ၿငိမ္ေလးထိုင္ေနတာကို...."
"ငါ့ကိုအဲ့လိုစိုက္ၾကည့္မေနနဲ႔....အလုပ္လုပ္ရတာ ကသိကေအာက္ျဖစ္တယ္...."
"ကိုယ့္ကိုမၾကည့္ေစခ်င္ရင္ Cellကအရမ္းေခ်ာျပမေနနဲ႔ေလ....Cellကေသေလာက္ေအာင္ေခ်ာေနေတာ့ ၾကည့္မိတာကိုယ့္အမွားလား...မစြပ္စြဲနဲ႔ေနာ္လူကို"
ေအာ္ေအးေအး....မွတ္ထားေပးမယ္။
Cell Remဘာမွမေျပာခ်င္ေတာ့..
ေျပာတဲ့လူသာေမာၿပီးေသသြားမယ္ Adamကေတာ့ ဟိုဖက္နားကဝင္ၿပီးဒီဖက္နားကျပန္ထြက္သြားမွာေသခ်ာတယ္ေလ။
အခန္းထဲမွာ ကလူေနၾကတဲ့နွစ္ေယာက္သားကအျပင္ေလာကကိုေမ့လို႔ေနသည္။
>>>>>>>>>>>>>>>>>
"ေဟ့လူ.....ကြၽန္ေတာ့္ေရခဲမုန္႔ျပန္ေလ်ာ္...."
Cell Remတို႔Company၏ေအာက္ဆုံးထပ္က ေရခဲမုန္႔ဆိုင္ေရွ႕တြင္ျဖစ္သည္။
"ေရာ႕ Card"
Thorisကစိတ္မရွည္သလိုသြားဖို႔ေျခလွမ္းေတာ့ အေရွ႕မွာလာပိတ္ရပ္တဲ့ ေကာင္ေလး..။
လက္ထဲကလည္း ေစာနကက်သြားတဲ့ေရခဲမုန္႔ကေတာ့ကိုကိုင္ထားေသးသည္။
"အဲ့Cardကိုကြၽန္ေတာ္ကဝါးစားရမွာလား...ခင္ဗ်ားကိုယ္တိုင္သြားျပန္ဝယ္ေပး.....Mint Chocolate သုံးထပ္ဆင့္ထားတဲ့ေရခဲမုန္႔ ၂ခု..."
"ဒီမွာ...ငါအခ်ိန္မရဘူး...."
"ကြၽန္ေတာ္ကေရာအခ်ိန္ေပါေနတယ္ထင္လို႔လား...ဒီေလာက္လူတန္းစီရတဲ့ေရခဲမုန္႔ကိုအေပၚဆုံးထပ္ကေနလာဆင္းဝယ္ရတာ..."
သူေျပာတာလည္းဟုတ္ပါသည္ ဆိုင္ေရွ႕တြင္တန္းစီေနတဲ့လူကမနည္းေပ..။
ေနပါဦး..ဒီေကာင္ေလးကိုျမင္ဖူးသလိုပဲ..။
Jade သူ႔မ်က္မွန္ကိုသူပင့္တင္ကာအေရွ႕ကလူကိုေသခ်ာၾကည့္လိုက္သည္။
ငါဒီဘဲႀကီးကိုျမင္ဖူးသလိုပဲ....။
Tsk!ရႈပ္လိုက္တာ....Bossနဲ႔Cell Remရဲ႕ကလူေနတဲ့အသံကိုမၾကားခ်င္လို႔ေရခဲမုန္႔လာဝယ္ပါတယ္ဆို...အာရုံပဲ..။
"မင္း.....ေအာ္.....ငါမွတ္မိၿပီ...ဟိုတစ္ေခါက္Hotelမွာငါ့အခန္းထဲမွားဝင္လာတဲ့တစ္ေယာက္မလား....ၿပီးေတာ့ငါ့ကိုလည္းသူခိုးလို႔စြတ္စြဲေသးတယ္ေလ...."
Thorisရဲ႕စကားကိုၾကားေတာ့ Jadeရဲ႕ဆံပင္ေတြပါေထာင္လာရသည္။
ေသၿပီငါေတာ့...။
"အဟမ္း....ဘာ..ဘာေတြေျပာေနမွန္းမသိေပမဲ့ ခင္ဗ်ားေရခဲမုန္႔ဖိုးျပန္မေပးခ်င္လို႔ဉာဏ္ဆင္ေနတယ္လို႔ပဲမွတ္လိုက္မယ္....ေရာ႕...မစားေတာ့ဘူး..."
အထစ္အထစ္ျဖင့္ ေစာနက ကေတာ့ႀကီးကိုThorisလက္ထဲထိုးထည့္ခဲ့ၿပီးJadeကေတာ့သုတ္ေျခတင္ေျပးသြားေလၿပီ။
ထိုေနရာတြင္ေရခဲမုန္႔ကေတာ့နွစ္ခုျဖင့္က်န္ခဲ့သည့္Thorisကေတာ့ ခပ္ေၾကာင္ေၾကာင္္ရယ္...။
ေသာက္ကေလး....ငါ့ကိုလွည့္သြားျပန္ၿပီ။
>>>>>>>>>>>>>>>>>>>>>>>
"မင္း.!"
"ခင္ဗ်ား..!"
Cell Remရဲ႕ရုံးခန္းကိုလာတဲ့ Thorisကအခုရုံးခန္းေရွ႕မွာ ရပ္ေနတဲ့Jadeနဲ႔ထပ္ေတြ႕ၿပီးေတာ့ေခါင္းစားရဦးမယ္...။
"ခင္ဗ်ားကြၽန္ေတာ့္အေနာက္ကိုဘာလိုက္လုပ္တာလဲ....ေရခဲမုန္႔ဖိုးျပန္မယူေတာ့ဘူးလို႔ေျပာထားတယ္ေလ...."
"မင္းဆီလာတာမဟုတ္လို႔ လမ္းဖယ္ေပးလို႔ရမလား..."
"ကြၽန္ေတာ့္ေနာက္လိုက္လာတာမဟုတ္ဘူးလား...ဒါဆိုဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲ...အာ..မဟုတ္ဘူး..ခင္ဗ်ားေတြ႕မဲ့သူကMas groupရဲ႕ဒုဥကၠဌဆိုရင္ေတာ့မအားေသးဘူးျပန္ေတာ့..."
what?
သူ႔အားဘယ္သူမွန္းေတာင္မသိဘဲေလသံမာမာျဖင့္စြတ္ေဟာက္ေနေသာ ဒီကေလးသာသာေကာင္ေလးကိုThorisအဖက္မလုပ္ခ်င္ပါ..။
ထိုေကာင္ေလးကိုေက်ာ္ကာသာရုံးခန္းထဲဝင္ဖို႔လုပ္ေတာ့ အကန္ခံလိုက္ရတဲ့ေျခေထာက္နဲ႔ၫြတ္က်သြားတဲ့ဒူးက ၾကမ္းျပင္ထက္ဒူးေထာက္လ်က္သားက်သည္။
ထို႔ျပင္လက္ကိုလည္းေနာက္ျပန္လွန္ခ်ိဳးခံထားရေသးသည္။
"ေဟ့ေကာင္...!"
"ခင္ဗ်ားကိုဝင္ခြင့္မေပးဘူးေျပာေနတယ္ေလ....အထဲမွာ ကြၽန္ေတာ့္Bossနဲ႔Cell Rem အလုပ္လုပ္ေနၾကတယ္မအားဘူး...."
ဒီလူေကာင္ေသးေသးေလးကဒီေလာက္အားေတြဘ
ယ္ကထြက္လာတာတုန္း...။
Thorisလက္ကတစ္စထက္တစ္စပိုနာလာသည္မို႔သည္းမခံနိုင္ေတာ့သည့္အဆုံး ေဟာ္မုန္းအနည္းငယ္ကိုထုတ္လႊတ္လိုက္ေတာ့ ထိုေကာင္ေလးကသူ႔ကိုလႊတ္ေပးလိုက္သည္။
"ခင္ဗ်ား!"
"Omegaမွန္ေနတာပဲ..အဟက္..."
Jadeကအေသအခ်ာေလ့က်င့္ေပးထားတဲ့သူမို႔သာမန္Alphaေဟာ္မုန္းေလာက္ကိုခံနိုင္ရည္ရွိသည္။
အနည္းငယ္ပ်က္ယြင္းၿပီးမတည္မၿငိမ္ျဖစ္သြားတဲ့ သူ႔ေဟာ္မုန္းကိုJadeျပန္ထိန္းလိုက္ၿပီးသူ႔ေရွ႕က သူ႔အားေလွာင္ျပဳံးျဖင့္ၾကည့္ေနသည့္Thorisကိုမႈန္ေတေတျဖင့္ၾကည့္သည္။
Thorisရယ္ခ်င္စိတ္ကိုထိန္းထားေပမဲ့ ေကာ့တက္ေနတဲ့သူနႈတ္ခမ္းကိုေတာ့သူထိန္းမရ..။
တခဏအတြင္းမွာပဲ အလင္းလိုအျမန္နႈန္းျဖင့္ သူ႔ေရွ႕ေရာက္လာတဲ့JadeကThorisရဲ႕ေအာက္ပိုင္းကိုဒူးျဖင့္အားကုန္တိုက္ခ်သည္။
ဒီတစ္ခါေတာ့Thorisလဲက်သြားတာကျပန္ထနိုင္ဖို႔မေသခ်ာေတာ့...။
"မင္း..!"
အံႀကိတ္သံျဖင့္ ေျပာေနရတဲ့Thorisကနာက်င္မႈေၾကာင့္နဖူးကေခြၽးေတြပင္ထြက္ေနသည္။
"Tsk Tsk Tsk!! ေတာ္ေတာ္နာသြားမွာပဲ....ဘယ္လိုလုပ္ရပါ့.."
JadeကThorisေရွ႕ မ်က္နွာခ်င္းဆိုင္တြင္ေဆာင့္ေၾကာင့္ထိုင္ခ်ကာ မ်က္နွာကိုမ်ိဳးစုံလုပ္ျပေနသည္။
ေနာက္ဆုံးအဆုံးသတ္အေနျဖင့္ လ်ွာထုတ္ကာေျပာင္ျပၿပီး Thorisရဲ႕ဇက္ပိုးကိုအားျဖင့္ရိုက္ခ်လိုက္ေတာ့ ထိုေနရာတြင္ပင္မ့လဲသြားေလၿပီ။
"အသက္ႀကီးၿပီး အခ်ိန္မစီးတဲ့အဖိုးႀကီး...ေနာက္တစ္ခါ လာေလွာင္ရင္ ကန္ရုံနဲ႔မၿပီးဘူးမွတ္..."
ထို႔ေနာက္Jadeရဲ႕လက္ေခ်ာင္းေတြကဖုန္းscreenေပၚေျပးလႊားသြားၿပီး ေဆးရုံကားကိုလွမ္းေခၚေပးလိုက္သည္။
ေဆးရုံမွာေကာင္းေကာင္းေလးဆက္အိပ္လိုက္ေတာ့..။
>>>>>>>>>>>>>>>>>>>>>>>
[Host....စုံစမ္းခိုင္းထားတာသိရၿပီ....လက္စြပ္က Mas groupအိမ္ေတာ္ရဲ႕ ၿခံေနာက္ကစတိုခန္းထဲမွာ....]
Kiကဝမ္းသာအားရျဖင့္လာေျပာေပမဲ့လက္မွိုင္ခ်သြားရသူကMine..။
အဲ့လိုဆိုဘယ္လိုယူရပါ့မလဲ...။
"Mineေရ..."
အသံအရ Cell Remရုံးမွျပန္ေရာက္ၿပီျဖစ္ေသာေၾကာင့္Mineမီးဖိုခန္းထဲကထြက္လာလိုက္သည္။
အရင္လိုWheel Chairနွင့္မဟုတ္ေတာ့သည့္တိုင္ ဂ်ိဳင္းေထာက္ျဖင့္သြားေနရေသာသူ႔ကိုCell Remကလာကူတြဲသည္။
"ကြၽန္ေတာ္ ဦးအတြက္ အသီးေဖ်ာ္ရည္လုပ္ေပးထားတယ္...."
"သပ္သပ္မဲ့ပင္ပန္းေအာင္လို႔....."
Cell Remကေျပာေျပာဆိုဆိုျဖင့္္ မီးဖိုခန္းထဲက အေအးခြက္ကိုသြားယူလာသည္။
"မပင္ပန္းပါဘူး....မဟုတ္ရင္ေတာင္အိမ္မွာေနရတာပ်င္းေနတာ...."
Mineရဲ႕စကားကိုၾကားရေတာာအေအးေမာ့ေသာက္ေနတဲ့Cell Remလက္ေတြကရပ္တန္႔သြားရျပန္သည္။
ဟုတ္သား..ဒီကေလး တစ္ေန႔တစ္ေန႔အိမ္မွာတစ္ေယာက္ထဲေနရတာပ်င္းေနရွာမွာပဲ...။
"ဒါဆို..ဦးနဲ႔ခရီးသြားမလား...အခုCompanyကလုပ္လက္စprojectၿပီးရင္...projectက ေနာက္လေလာက္ဆို ၿပီးေလာက္ပါၿပီ..."
"တကယ္လား..."
Mineရဲ႕အသံတြင္ အေပ်ာ္ေတြကဖုံးဖိလို႔မရေအာင္ကိုေပၚေနေလသည္။
"တကယ္ေပါ့....ဒီအစား...Mineကဦးကိုတစ္ခုေလာက္ျပန္လုပ္ေပးမလား...."
Mineကေခါင္းကိုတသြင္သြင္ၿငိမ့္ျပသည္။
"ဦးကိုတစ္ေခါက္ေလာက္....Daddyလို႔ေခၚၾကည့္ပါလား...."
ထိုအခိုက္...Mineရဲ႕ကမၻာႀကီးကရုတ္တရက္ရပ္တန္႔သြားသလိုပင္။
Daddyကအခုသူ႔ကိုDaddyလို႔ေခၚခိုင္းေနတယ္တဲ့...။
ျပန္မွတ္မိလာၿပီလား...။
"Mineအတြက္ထူးဆန္းေနတယ္ဆိုတာေတာ့သိပါတယ္...ဒါေပမဲ့ ဒီတိုင္းၾကားခ်င္လို႔ပါ....ဦးအခုတေလာအိပ္မက္ေတြမက္တယ္ အိပ္မက္ဆိုေပမဲ့ အရင္ကတကယ္ျဖစ္ခဲ့သလိုေတြပဲ.....အဲ့အိပ္မက္ထဲကကေလးကMineနဲ႔အရမ္းတူတယ္....အိပ္မက္ကလန္႔နိုးလာရင္ အဲ့ကေလးရဲ႕မ်က္နွာကိုမမွတ္မိေတာ့ေပမဲ့ ဘာလို႔မွန္းမသိဘူးMineနဲ႔တူတယ္လို႔ပဲစိတ္ထဲကထင္ေနတယ္...."
ေဆြးေဆြးေျမ့ေျမ့ေျပာလာတဲ့Cell Remကေခါင္းကိုငုံ႔ထားေလသည္။
သူအဲ့အိပ္မက္ေတြေၾကာင့္ အိပ္ရမွာကိုေၾကာက္ေနေလသည္။
အိပ္ေပ်ာ္သြားတိုင္းေတြ႕ရတဲ့ ကေလးက သူ႔ကုိDaddyလို႔ေခၚၿပီးျပဳံးေပ်ာ္ေနလင့္ကစား သူကေတာ့ရင္ဘတ္ေတြေအာင့္လြန္းလို႔ အၿမဲလန္႔ႏုိးလာရစၿမဲပင္...။
သူ႔အတိတ္က အေဖနဲ႔Samေျပာသလိုမဟုတ္ဘဲ တစ္ခုခုမ်ားရွိေနခဲ့မလားေတာင္သူမသိေတာ့ဘူး...။
"Daddy~~"
ရုတ္တရက္ Cell Remရဲ႕နားစည္ဝကိုရိုက္ခတ္လာတဲ့ အသံေၾကာင့္ေမာ့ၾကည့္လိုက္ေတာ့သူ႔ကဲ့သို႔ပင္မ်က္ရည္ေတြဝိုင္းေနသည့္Mineနွင့္အၾကည့္ခ်င္းဆုံသည္။
ဖိတ္မေခၚဘဲေရာက္လာတဲ့မ်က္ရည္ေတြက Cell Remမ်က္နွာထက္ေနရာယူသည္။
ရင္ဘတ္ထဲကမခံနိုင္ေအာင္ေအာင့္ေနလင့္ကစားထိုအသံကိုထပ္ၾကားခ်င္ေနေသးသည္။
ေခါင္းကုိက္ေနၾကလူက ဒီတစ္ခါေတာ့ေခါင္းမကိုက္ေတာ့ဘဲ ရင္ဘတ္ထဲကနာသည္တဲ့...။
နာလြန္းလို႔ေပါက္ထြက္မတတ္ပင္။
'လွတယ္.....မင္းရဲ႕ေခါင္းအစေျခအဆုံးDaddyပိုင္တဲ့အရာမွန္သမ်ွအကုန္လွတယ္.....Daddyကအခုအမွတ္အသားလုပ္လိုက္ၿပီမို႔ ဘယ္ကိုမွထြက္သြားလို႔မရေတာ့ဘူး...ဘယ္သူနဲ႔မွလည္းပက္သက္လို႔မရေတာ့ဘူး...မင္းကိုDaddyပိုင္တယ္Mine....'
ခပ္ဝါးဝါးျပန္မွတ္မိလာတဲ့ ပုံရိပ္တစ္ခ်ိဳ႕ကCell Remကိုေၾကာင္အသြားေစသည္။
မ်က္လုံးထဲျမင္ရတဲ့ အနက္ေရာင္ ကႏုတ္လိုပိုင္ဆိုင္ျခင္းအမွတ္အသားက အသက္ခပ္ငယ္ငယ္ေကာင္ေလးရဲ႕ဂုတ္အစပ္နားေလးမွာ...။
နာမည္ကအစေသခ်ာျပန္မွတ္မိလာသည္မို႔Cell Remေျခဖ်ားေတြေအးစက္လာရသည္။
သူ..သူတကယ္ပဲ...အတိတ္မွာတစ္စုံတစ္ေယာက္နဲ႔ပက္သက္မႈရွိေနခဲ့တာကိုး...။
"အဆင္ေျပရဲ႕လား...ဦး..."
"ရတယ္...ရတယ္.."
Cell Remယိုင္တိုင္တိုင္ျဖင့္ သူ႔အခန္းထဲဝင္သြားေလသည္။
သူစိတ္ၿငိမ္ေအာင္ထားဖို႔လိုေနၿပီ..။
ေသခ်ာျပန္စဥ္းစားဖို႔လည္းလိုေနၿပီ။
က်န္ေနခဲ့တဲ့Mineကေတာ့ ေပ်ာ္႐ႊင္မႈေၾကာင့္ အစြယ္ေလးေတြလွစ္ဟေနသည္။
သူလုပ္သမ်ွအကုန္ အက်ိဳးမဲ့မျဖစ္ဘူးပဲ...။
>>>>>>>>>>>>>>>>>>>>>>>>>
"Mineဆိုတဲ့ကေလးကဘယ္သူလဲအေဖ.....ကြၽန္ေတာ္ေမးတာကိုေျဖပါ...."
ရုတ္တရက္ႀကီး အိမ္ကိုေရာက္ခ်လာၿပီးMineဘယ္သူလဲလာေမးေနတဲ့Cell RemကိုThomasဘယ္လိုေျဖရမည္နည္း..။
တိုက္တိုက္ဆိုင္ဆိုင္ Cell Remေရာက္လာသည့္အခ်ိန္က Thorisေရာ Family Doctorပါေရာက္ေနခ်ိန္....။
"Rem..ဘာျဖစ္လာတာလဲ...."
"ကြၽန္ေတာ္ေမးေနတယ္....Mineဆိုတာဘယ္သူလဲလို႔....ဘာလို႔ Mineဆိုတဲ့နာမည္နဲ႔ကေလးက ကြၽန္ေတာ့္မွတ္ဉာဏ္ေတြထဲရွိေနရတာလဲ....."
"ဘာေတြေျပာေနတာလဲRemရဲ႕ Mineဆိုတာကမင္းအိမ္ေခၚတင္ထားတဲ့ တစ္ေယာက္မလား..."
"မဟုတ္ဘူး...ငါ့မွတ္ဉာဏ္ထဲကMineကိုေမးေနတာ..."
Cell Remစိတ္လႈပ္ရွားမႈေၾကာင့္ နဖူးထက္ေခြၽးေတြကတဒီးဒီးျဖင့္..။
"Sam...ငါတို႔ကတကယ္ပဲ ခ်စ္သူေတြလား...ငါအတိတ္မေမ့ခင္တုန္းကေလ..တကယ္ပဲ..မင္းကငါ့ခ်စ္သူလား...."
တစ္လွမ္းစီတိုးၿပီးေမးလာတဲ့ Cell Remေၾကာင့္Thorisရဲ႕လက္တို႔ေအးစက္လာရသည္။
"စိတ္ေအးေအးထားပါCell Rem....အခုမင္းမွတ္ဉာဏ္ေတြကမတည္ၿငိမ္ေသးလို႔ဘာကိုမွအတည္ယူလို႔မရေသးဘူး...."
Family Doctorကဝင္ေျပာေလေတာ့Cell Remရဲ႕အာရုံက ထိုဖက္ေျပာင္းသြားရသည္။
"ကြၽန္ေတာ္မမွားဘူးDoctor....ကြၽန္ေတာ္ေတြ႕ခဲ့တယ္.....အဲ့ကေလးကိုယ္ေပၚက ကြၽန္ေတာ္ေပးခဲ့တဲ့ ပိုင္ဆိုင္ျခင္းအမွတ္အသားကို...."
Cell Remရဲ႕ပိုင္ဆိုင္ျခင္းအမွတ္အသားဆိုတဲ့စကားေအာက္မွာThorisကမၻာပ်က္ရသည္။
အဲ့ကေလးနဲ႔Remက အဲ့အဆင့္ထိပက္သက္မႈရွိခဲ့တာလား...။
မျဖစ္ႏိုင္တာ..။
မျဖစ္ရဘူးေလ...။
"Rem....မင္းဘာေတြေျပာေနတာလဲ...ဘာကိစၥအဲ့ကေလးဆီမွာ မင္းကအဲ့လိုလုပ္ရမွာလဲ..."
Thorisကစိတ္ေတြမၿငိမ္ေတာ့သည့္အတြက္ စကားေတြကေတာင္ေရာက္ေျမာက္ေရာက္..။
"မင္းတို႔အားလုံး...ငါ့ကိုတစ္ခုခုဖုံးကြယ္ထားတယ္မလား Sam....ဘာကိစၥမို႔....တကယ္ပဲဘာအေၾကာင္းအရာမို႔ငါသိသြားမွာဒီေလာက္ေၾကာက္ေနရတာလဲ...."
"သား....အေဖတို႔က..."
"ေတာ္ၿပီ....Enough!အေဖတို႔က ေျပာျပဖို႔စိတ္ကူးမရွိမွေတာ့ ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ဘဲေတြ႕ေအာင္ရွာမယ္...အေဖတို႔ဖုံးထားတဲ့အရာက..ကြၽန္ေတာ့္ဘဝနဲ႔ဘယ္ေလာက္ပက္သက္လဲဆိုတာ......."
Cell Rem အခန္းထဲကရွိသမ်ွလူေတြကိုစိတ္ပ်က္သလိုေဝ့ၾကည့္လိုက္ၿပီး ျပန္လာလိုက္သည္။
ဒီအေျခအေနႀကီးက တစ္ကယ္မြန္းၾကပ္လြန္းတယ္....။
>>>>>>>>>>>>>>>>>>>>>>>>>>>
ပ်င္းေနၾကမွာပဲ....🤣
ေနာက္တစ္ပိုင္းကWarningမဆိုသာတဲ့warningပါ🤭
Daddyႀကီးျပန္မွတ္မိဖို႔ နည္းနည္းေတာ့လိုပါေသးတယ္ေနာ္.။
သတိထားမိၾကလားေတာ့မသိဘူး....။
MineကDaddyေမ့ေနတဲ့အရင္ကMineကိုျပန္မွတ္မိေအာင္လို႔လုပ္ေပးတယ္..။
Adamကေတာ့ Daddyရဲ႕အရင္ကပုံစံကိုျပန္မွတ္မိေအာင္လုပ္ေပးတာ🙄။
နွစ္ေယာက္လုံးကေတာ့Cell Remသတိျပန္ရလာေအာင္ကူညီေနတာပဲ..😌
ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ😗❣️
_______________________________
{Unicode}
"Adam!! ကျေးဇူးပြုပြီး ငါ့ကိုအလုပ်လုပ်ခွင့်ပေးပါလား....မင်းမှာလုပ်စရာမရှိရင်လည်းရုံးတက်မနေပါနဲ့လား....."
မနက်ရုံးရောက်ထဲက သူလုပ်သမျှကို Adamကမေးထောက်ပြီးကြည့်နေတာကြောင့်Cell Remသည်းမခံနိုင်သည့်အဆုံးပြောလိုက်ခြင်း။
ရုံးခန်းတစ်ခုထဲမှာ သူ့စားပွဲခုံထပ်ထည့်ပေးထားတဲ့ Cell Remအမှားပါလေ။
ဒီသကောင့်သားကစိတ်ရှုပ်စရာကောင်းလွန်းတယ်။
"ဘယ်မှာနှောင့်ယှက်နေလို့လဲ...ကိုယ့်အလုပ်စားပွဲမှာကိုယ်ငြိမ်ငြိမ်လေးထိုင်နေတာကို...."
"ငါ့ကိုအဲ့လိုစိုက်ကြည့်မနေနဲ့....အလုပ်လုပ်ရတာ ကသိကအောက်ဖြစ်တယ်...."
"ကိုယ့်ကိုမကြည့်စေချင်ရင် Cellကအရမ်းချောပြမနေနဲ့လေ....Cellကသေလောက်အောင်ချောနေတော့ ကြည့်မိတာကိုယ့်အမှားလား...မစွပ်စွဲနဲ့နော်လူကို"
အော်အေးအေး....မှတ်ထားပေးမယ်။
Cell Remဘာမှမပြောချင်တော့..
ပြောတဲ့လူသာမောပြီးသေသွားမယ် Adamကတော့ ဟိုဖက်နားကဝင်ပြီးဒီဖက်နားကပြန်ထွက်သွားမှာသေချာတယ်လေ။
အခန်းထဲမှာ ကလူနေကြတဲ့နှစ်ယောက်သားကအပြင်လောကကိုမေ့လို့နေသည်။
>>>>>>>>>>>>>>>>>
"ဟေ့လူ.....ကျွန်တော့်ရေခဲမုန့်ပြန်လျော်...."
Cell Remတို့Company၏အောက်ဆုံးထပ်က ရေခဲမုန့်ဆိုင်ရှေ့တွင်ဖြစ်သည်။
"ရော့ Card"
Thorisကစိတ်မရှည်သလိုသွားဖို့ခြေလှမ်းတော့ အရှေ့မှာလာပိတ်ရပ်တဲ့ ကောင်လေး..။
လက်ထဲကလည်း စောနကကျသွားတဲ့ရေခဲမုန့်ကတော့ကိုကိုင်ထားသေးသည်။
"အဲ့Cardကိုကျွန်တော်ကဝါးစားရမှာလား...ခင်ဗျားကိုယ်တိုင်သွားပြန်ဝယ်ပေး.....Mint Chocolate သုံးထပ်ဆင့်ထားတဲ့ရေခဲမုန့် ၂ခု..."
"ဒီမှာ...ငါအချိန်မရဘူး...."
"ကျွန်တော်ကရောအချိန်ပေါနေတယ်ထင်လို့လား...ဒီလောက်လူတန်းစီရတဲ့ရေခဲမုန့်ကိုအပေါ်ဆုံးထပ်ကနေလာဆင်းဝယ်ရတာ..."
သူပြောတာလည်းဟုတ်ပါသည် ဆိုင်ရှေ့တွင်တန်းစီနေတဲ့လူကမနည်းပေ..။
နေပါဦး..ဒီကောင်လေးကိုမြင်ဖူးသလိုပဲ..။
Jade သူ့မျက်မှန်ကိုသူပင့်တင်ကာအရှေ့ကလူကိုသေချာကြည့်လိုက်သည်။
ငါဒီဘဲကြီးကိုမြင်ဖူးသလိုပဲ....။
Tsk!ရှုပ်လိုက်တာ....Bossနဲ့Cell Remရဲ့ကလူနေတဲ့အသံကိုမကြားချင်လို့ရေခဲမုန့်လာဝယ်ပါတယ်ဆို...အာရုံပဲ..။
"မင်း.....အော်.....ငါမှတ်မိပြီ...ဟိုတစ်ခေါက်Hotelမှာငါ့အခန်းထဲမှားဝင်လာတဲ့တစ်ယောက်မလား....ပြီးတော့ငါ့ကိုလည်းသူခိုးလို့စွတ်စွဲသေးတယ်လေ...."
Thorisရဲ့စကားကိုကြားတော့ Jadeရဲ့ဆံပင်တွေပါထောင်လာရသည်။
သေပြီငါတော့...။
"အဟမ်း....ဘာ..ဘာတွေပြောနေမှန်းမသိပေမဲ့ ခင်ဗျားရေခဲမုန့်ဖိုးပြန်မပေးချင်လို့ဉာဏ်ဆင်နေတယ်လို့ပဲမှတ်လိုက်မယ်....ရော့...မစားတော့ဘူး..."
အထစ်အထစ်ဖြင့် စောနက ကတော့ကြီးကိုThorisလက်ထဲထိုးထည့်ခဲ့ပြီးJadeကတော့သုတ်ခြေတင်ပြေးသွားလေပြီ။
ထိုနေရာတွင်ရေခဲမုန့်ကတော့နှစ်ခုဖြင့်ကျန်ခဲ့သည့်Thorisကတော့ ခပ်ကြောင်ကြောင်ရယ်...။
သောက်ကလေး....ငါ့ကိုလှည့်သွားပြန်ပြီ။
>>>>>>>>>>>>>>>>>>>>>>>
"မင်း.!"
"ခင်ဗျား..!"
Cell Remရဲ့ရုံးခန်းကိုလာတဲ့ Thorisကအခုရုံးခန်းရှေ့မှာ ရပ်နေတဲ့Jadeနဲ့ထပ်တွေ့ပြီးတော့ခေါင်းစားရဦးမယ်...။
"ခင်ဗျားကျွန်တော့်အနောက်ကိုဘာလိုက်လုပ်တာလဲ....ရေခဲမုန့်ဖိုးပြန်မယူတော့ဘူးလို့ပြောထားတယ်လေ...."
"မင်းဆီလာတာမဟုတ်လို့ လမ်းဖယ်ပေးလို့ရမလား..."
"ကျွန်တော့်နောက်လိုက်လာတာမဟုတ်ဘူးလား...ဒါဆိုဘယ်သူနဲ့တွေ့ချင်လို့လဲ...အာ..မဟုတ်ဘူး..ခင်ဗျားတွေ့မဲ့သူကMas groupရဲ့ဒုဥက္ကဌဆိုရင်တော့မအားသေးဘူးပြန်တော့..."
what?
သူ့အားဘယ်သူမှန်းတောင်မသိဘဲလေသံမာမာဖြင့်စွတ်ဟောက်နေသော ဒီကလေးသာသာကောင်လေးကိုThorisအဖက်မလုပ်ချင်ပါ..။
ထိုကောင်လေးကိုကျော်ကာသာရုံးခန်းထဲဝင်ဖို့လုပ်တော့ အကန်ခံလိုက်ရတဲ့ခြေထောက်နဲ့ညွတ်ကျသွားတဲ့ဒူးက ကြမ်းပြင်ထက်ဒူးထောက်လျက်သားကျသည်။
ထို့ပြင်လက်ကိုလည်းနောက်ပြန်လှန်ချိုးခံထားရသေးသည်။
"ဟေ့ကောင်...!"
"ခင်ဗျားကိုဝင်ခွင့်မပေးဘူးပြောနေတယ်လေ....အထဲမှာ ကျွန်တော့်Bossနဲ့Cell Rem အလုပ်လုပ်နေကြတယ်မအားဘူး...."
ဒီလူကောင်သေးသေးလေးကဒီလောက်အားတွေဘ
ယ်ကထွက်လာတာတုန်း...။
Thorisလက်ကတစ်စထက်တစ်စပိုနာလာသည်မို့သည်းမခံနိုင်တော့သည့်အဆုံး ဟော်မုန်းအနည်းငယ်ကိုထုတ်လွှတ်လိုက်တော့ ထိုကောင်လေးကသူ့ကိုလွှတ်ပေးလိုက်သည်။
"ခင်ဗျား!"
"Omegaမှန်နေတာပဲ..အဟက်..."
Jadeကအသေအချာလေ့ကျင့်ပေးထားတဲ့သူမို့သာမန်Alphaဟော်မုန်းလောက်ကိုခံနိုင်ရည်ရှိသည်။
အနည်းငယ်ပျက်ယွင်းပြီးမတည်မငြိမ်ဖြစ်သွားတဲ့ သူ့ဟော်မုန်းကိုJadeပြန်ထိန်းလိုက်ပြီးသူ့ရှေ့က သူ့အားလှောင်ပြုံးဖြင့်ကြည့်နေသည့်Thorisကိုမှုန်တေတေဖြင့်ကြည့်သည်။
Thorisရယ်ချင်စိတ်ကိုထိန်းထားပေမဲ့ ကော့တက်နေတဲ့သူနှုတ်ခမ်းကိုတော့သူထိန်းမရ..။
တခဏအတွင်းမှာပဲ အလင်းလိုအမြန်နှုန်းဖြင့် သူ့ရှေ့ရောက်လာတဲ့JadeကThorisရဲ့အောက်ပိုင်းကိုဒူးဖြင့်အားကုန်တိုက်ချသည်။
ဒီတစ်ခါတော့Thorisလဲကျသွားတာကပြန်ထနိုင်ဖို့မသေချာတော့...။
"မင်း..!"
အံကြိတ်သံဖြင့် ပြောနေရတဲ့Thorisကနာကျင်မှုကြောင့်နဖူးကချွေးတွေပင်ထွက်နေသည်။
"Tsk Tsk Tsk!! တော်တော်နာသွားမှာပဲ....ဘယ်လိုလုပ်ရပါ့.."
JadeကThorisရှေ့ မျက်နှာချင်းဆိုင်တွင်ဆောင့်ကြောင့်ထိုင်ချကာ မျက်နှာကိုမျိုးစုံလုပ်ပြနေသည်။
နောက်ဆုံးအဆုံးသတ်အနေဖြင့် လျှာထုတ်ကာပြောင်ပြပြီး Thorisရဲ့ဇက်ပိုးကိုအားဖြင့်ရိုက်ချလိုက်တော့ ထိုနေရာတွင်ပင်မ့လဲသွားလေပြီ။
"အသက်ကြီးပြီး အချိန်မစီးတဲ့အဖိုးကြီး...နောက်တစ်ခါ လာလှောင်ရင် ကန်ရုံနဲ့မပြီးဘူးမှတ်..."
ထို့နောက်Jadeရဲ့လက်ချောင်းတွေကဖုန်းscreenပေါ်ပြေးလွှားသွားပြီး ဆေးရုံကားကိုလှမ်းခေါ်ပေးလိုက်သည်။
ဆေးရုံမှာကောင်းကောင်းလေးဆက်အိပ်လိုက်တော့..။
>>>>>>>>>>>>>>>>>>>>>>>
[Host....စုံစမ်းခိုင်းထားတာသိရပြီ....လက်စွပ်က Mas groupအိမ်တော်ရဲ့ ခြံနောက်ကစတိုခန်းထဲမှာ....]
Kiကဝမ်းသာအားရဖြင့်လာပြောပေမဲ့လက်မှိုင်ချသွားရသူကMine..။
အဲ့လိုဆိုဘယ်လိုယူရပါ့မလဲ...။
"Mineရေ..."
အသံအရ Cell Remရုံးမှပြန်ရောက်ပြီဖြစ်သောကြောင့်Mineမီးဖိုခန်းထဲကထွက်လာလိုက်သည်။
အရင်လိုWheel Chairနှင့်မဟုတ်တော့သည့်တိုင် ဂျိုင်းထောက်ဖြင့်သွားနေရသောသူ့ကိုCell Remကလာကူတွဲသည်။
"ကျွန်တော် ဦးအတွက် အသီးဖျော်ရည်လုပ်ပေးထားတယ်...."
"သပ်သပ်မဲ့ပင်ပန်းအောင်လို့....."
Cell Remကပြောပြောဆိုဆိုဖြင့်် မီးဖိုခန်းထဲက အအေးခွက်ကိုသွားယူလာသည်။
"မပင်ပန်းပါဘူး....မဟုတ်ရင်တောင်အိမ်မှာနေရတာပျင်းနေတာ...."
Mineရဲ့စကားကိုကြားရတောာအအေးမော့သောက်နေတဲ့Cell Remလက်တွေကရပ်တန့်သွားရပြန်သည်။
ဟုတ်သား..ဒီကလေး တစ်နေ့တစ်နေ့အိမ်မှာတစ်ယောက်ထဲနေရတာပျင်းနေရှာမှာပဲ...။
"ဒါဆို..ဦးနဲ့ခရီးသွားမလား...အခုCompanyကလုပ်လက်စprojectပြီးရင်...projectက နောက်လလောက်ဆို ပြီးလောက်ပါပြီ..."
"တကယ်လား..."
Mineရဲ့အသံတွင် အပျော်တွေကဖုံးဖိလို့မရအောင်ကိုပေါ်နေလေသည်။
"တကယ်ပေါ့....ဒီအစား...Mineကဦးကိုတစ်ခုလောက်ပြန်လုပ်ပေးမလား...."
Mineကခေါင်းကိုတသွင်သွင်ငြိမ့်ပြသည်။
"ဦးကိုတစ်ခေါက်လောက်....Daddyလို့ခေါ်ကြည့်ပါလား...."
ထိုအခိုက်...Mineရဲ့ကမ္ဘာကြီးကရုတ်တရက်ရပ်တန့်သွားသလိုပင်။
Daddyကအခုသူ့ကိုDaddyလို့ခေါ်ခိုင်းနေတယ်တဲ့...။
ပြန်မှတ်မိလာပြီလား...။
"Mineအတွက်ထူးဆန်းနေတယ်ဆိုတာတော့သိပါတယ်...ဒါပေမဲ့ ဒီတိုင်းကြားချင်လို့ပါ....ဦးအခုတလောအိပ်မက်တွေမက်တယ် အိပ်မက်ဆိုပေမဲ့ အရင်ကတကယ်ဖြစ်ခဲ့သလိုတွေပဲ.....အဲ့အိပ်မက်ထဲကကလေးကMineနဲ့အရမ်းတူတယ်....အိပ်မက်ကလန့်နိုးလာရင် အဲ့ကလေးရဲ့မျက်နှာကိုမမှတ်မိတော့ပေမဲ့ ဘာလို့မှန်းမသိဘူးMineနဲ့တူတယ်လို့ပဲစိတ်ထဲကထင်နေတယ်...."
ဆွေးဆွေးမြေ့မြေ့ပြောလာတဲ့Cell Remကခေါင်းကိုငုံ့ထားလေသည်။
သူအဲ့အိပ်မက်တွေကြောင့် အိပ်ရမှာကိုကြောက်နေလေသည်။
အိပ်ပျော်သွားတိုင်းတွေ့ရတဲ့ ကလေးက သူ့ကိုDaddyလို့ခေါ်ပြီးပြုံးပျော်နေလင့်ကစား သူကတော့ရင်ဘတ်တွေအောင့်လွန်းလို့ အမြဲလန့်နိုးလာရစမြဲပင်...။
သူ့အတိတ်က အဖေနဲ့Samပြောသလိုမဟုတ်ဘဲ တစ်ခုခုများရှိနေခဲ့မလားတောင်သူမသိတော့ဘူး...။
"Daddy~~"
ရုတ်တရက် Cell Remရဲ့နားစည်ဝကိုရိုက်ခတ်လာတဲ့ အသံကြောင့်မော့ကြည့်လိုက်တော့သူ့ကဲ့သို့ပင်မျက်ရည်တွေဝိုင်းနေသည့်Mineနှင့်အကြည့်ချင်းဆုံသည်။
ဖိတ်မခေါ်ဘဲရောက်လာတဲ့မျက်ရည်တွေက Cell Remမျက်နှာထက်နေရာယူသည်။
ရင်ဘတ်ထဲကမခံနိုင်အောင်အောင့်နေလင့်ကစားထိုအသံကိုထပ်ကြားချင်နေသေးသည်။
ခေါင်းကိုက်နေကြလူက ဒီတစ်ခါတော့ခေါင်းမကိုက်တော့ဘဲ ရင်ဘတ်ထဲကနာသည်တဲ့...။
နာလွန်းလို့ပေါက်ထွက်မတတ်ပင်။
'လှတယ်.....မင်းရဲ့ခေါင်းအစခြေအဆုံးDaddyပိုင်တဲ့အရာမှန်သမျှအကုန်လှတယ်.....Daddyကအခုအမှတ်အသားလုပ်လိုက်ပြီမို့ ဘယ်ကိုမှထွက်သွားလို့မရတော့ဘူး...ဘယ်သူနဲ့မှလည်းပက်သက်လို့မရတော့ဘူး...မင်းကိုDaddyပိုင်တယ်Mine....'
ခပ်ဝါးဝါးပြန်မှတ်မိလာတဲ့ ပုံရိပ်တစ်ချို့ကCell Remကိုကြောင်အသွားစေသည်။
မျက်လုံးထဲမြင်ရတဲ့ အနက်ရောင် ကနုတ်လိုပိုင်ဆိုင်ခြင်းအမှတ်အသားက အသက်ခပ်ငယ်ငယ်ကောင်လေးရဲ့ဂုတ်အစပ်နားလေးမှာ...။
နာမည်ကအစသေချာပြန်မှတ်မိလာသည်မို့Cell Remခြေဖျားတွေအေးစက်လာရသည်။
သူ..သူတကယ်ပဲ...အတိတ်မှာတစ်စုံတစ်ယောက်နဲ့ပက်သက်မှုရှိနေခဲ့တာကိုး...။
"အဆင်ပြေရဲ့လား...ဦး..."
"ရတယ်...ရတယ်.."
Cell Remယိုင်တိုင်တိုင်ဖြင့် သူ့အခန်းထဲဝင်သွားလေသည်။
သူစိတ်ငြိမ်အောင်ထားဖို့လိုနေပြီ..။
သေချာပြန်စဉ်းစားဖို့လည်းလိုနေပြီ။
ကျန်နေခဲ့တဲ့Mineကတော့ ပျော်ရွှင်မှုကြောင့် အစွယ်လေးတွေလှစ်ဟနေသည်။
သူလုပ်သမျှအကုန် အကျိုးမဲ့မဖြစ်ဘူးပဲ...။
>>>>>>>>>>>>>>>>>>>>>>>>>
"Mineဆိုတဲ့ကလေးကဘယ်သူလဲအဖေ.....ကျွန်တော်မေးတာကိုဖြေပါ...."
ရုတ်တရက်ကြီး အိမ်ကိုရောက်ချလာပြီးMineဘယ်သူလဲလာမေးနေတဲ့Cell RemကိုThomasဘယ်လိုဖြေရမည်နည်း..။
တိုက်တိုက်ဆိုင်ဆိုင် Cell Remရောက်လာသည့်အချိန်က Thorisရော Family Doctorပါရောက်နေချိန်....။
"Rem..ဘာဖြစ်လာတာလဲ...."
"ကျွန်တော်မေးနေတယ်....Mineဆိုတာဘယ်သူလဲလို့....ဘာလို့ Mineဆိုတဲ့နာမည်နဲ့ကလေးက ကျွန်တော့်မှတ်ဉာဏ်တွေထဲရှိနေရတာလဲ....."
"ဘာတွေပြောနေတာလဲRemရဲ့ Mineဆိုတာကမင်းအိမ်ခေါ်တင်ထားတဲ့ တစ်ယောက်မလား..."
"မဟုတ်ဘူး...ငါ့မှတ်ဉာဏ်ထဲကMineကိုမေးနေတာ..."
Cell Remစိတ်လှုပ်ရှားမှုကြောင့် နဖူးထက်ချွေးတွေကတဒီးဒီးဖြင့်..။
"Sam...ငါတို့ကတကယ်ပဲ ချစ်သူတွေလား...ငါအတိတ်မမေ့ခင်တုန်းကလေ..တကယ်ပဲ..မင်းကငါ့ချစ်သူလား...."
တစ်လှမ်းစီတိုးပြီးမေးလာတဲ့ Cell Remကြောင့်Thorisရဲ့လက်တို့အေးစက်လာရသည်။
"စိတ်အေးအေးထားပါCell Rem....အခုမင်းမှတ်ဉာဏ်တွေကမတည်ငြိမ်သေးလို့ဘာကိုမှအတည်ယူလို့မရသေးဘူး...."
Family Doctorကဝင်ပြောလေတော့Cell Remရဲ့အာရုံက ထိုဖက်ပြောင်းသွားရသည်။
"ကျွန်တော်မမှားဘူးDoctor....ကျွန်တော်တွေ့ခဲ့တယ်.....အဲ့ကလေးကိုယ်ပေါ်က ကျွန်တော်ပေးခဲ့တဲ့ ပိုင်ဆိုင်ခြင်းအမှတ်အသားကို...."
Cell Remရဲ့ပိုင်ဆိုင်ခြင်းအမှတ်အသားဆိုတဲ့စကားအောက်မှာThorisကမ္ဘာပျက်ရသည်။
အဲ့ကလေးနဲ့Remက အဲ့အဆင့်ထိပက်သက်မှုရှိခဲ့တာလား...။
မဖြစ်နိုင်တာ..။
မဖြစ်ရဘူးလေ...။
"Rem....မင်းဘာတွေပြောနေတာလဲ...ဘာကိစ္စအဲ့ကလေးဆီမှာ မင်းကအဲ့လိုလုပ်ရမှာလဲ..."
Thorisကစိတ်တွေမငြိမ်တော့သည့်အတွက် စကားတွေကတောင်ရောက်မြောက်ရောက်..။
"မင်းတို့အားလုံး...ငါ့ကိုတစ်ခုခုဖုံးကွယ်ထားတယ်မလား Sam....ဘာကိစ္စမို့....တကယ်ပဲဘာအကြောင်းအရာမို့ငါသိသွားမှာဒီလောက်ကြောက်နေရတာလဲ...."
"သား....အဖေတို့က..."
"တော်ပြီ....Enough!အဖေတို့က ပြောပြဖို့စိတ်ကူးမရှိမှတော့ ကျွန်တော့်ဘာသာကျွန်တော်ဘဲတွေ့အောင်ရှာမယ်...အဖေတို့ဖုံးထားတဲ့အရာက..ကျွန်တော့်ဘဝနဲ့ဘယ်လောက်ပက်သက်လဲဆိုတာ......."
Cell Rem အခန်းထဲကရှိသမျှလူတွေကိုစိတ်ပျက်သလိုဝေ့ကြည့်လိုက်ပြီး ပြန်လာလိုက်သည်။
ဒီအခြေအနေကြီးက တစ်ကယ်မွန်းကြပ်လွန်းတယ်....။
>>>>>>>>>>>>>>>>>>>>>>>>>>>
ပျင်းနေကြမှာပဲ....🤣
နောက်တစ်ပိုင်းကWarningမဆိုသာတဲ့warningပါ🤭
Daddyကြီးပြန်မှတ်မိဖို့ နည်းနည်းတော့လိုပါသေးတယ်နော်.။
သတိထားမိကြလားတော့မသိဘူး....။
MineကDaddyမေ့နေတဲ့အရင်ကMineကိုပြန်မှတ်မိအောင်လို့လုပ်ပေးတယ်..။
Adamကတော့ Daddyရဲ့အရင်ကပုံစံကိုပြန်မှတ်မိအောင်လုပ်ပေးတာ🙄။
နှစ်ယောက်လုံးကတော့Cell Remသတိပြန်ရလာအောင်ကူညီနေတာပဲ..😌
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ😗❣️
_______________________________