Fated To Love You[Completed]
By Daydream-fah
294K 20.7K 802
Zawgyi ခင်​ဗျားတို့ ကံကြမ္မာဆိုတာကို ယုံလား....? လူတစ်​ယောက်​ကို ချစ်​ရမယ့်​ ကံကြမ္မာဆိုရင်​ရော...... Unicod... More
fah says
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
fah says
Part-8
Part-9
Part-10
Part-12
Part-13
Part-14
Wuzhizhou Island
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Final
Extra
New Fic
Part-11
8.9K 808 28
By Daydream-fah
Zawgyi
"အနံ့ကြီးကတစ်​မျိုးကြီးပဲ ကျွန်​တော်​မခံနိုင်​ဘူး"
"​နေ​ကောင်းပါတယ်​ဘွားဘွား ဒါနဲ့ အဲ့ဒီ​ခေါက်​ဆွဲပန်းကန်​တွေကို​ ​ဝေး​ဝေးမှာထား​ပေး​ပါလား...​ဝေါ့..."
"........"
"ဝမ်​ရိ..."
"ဒါနဲ့ မင်း​ရော အဆင်​ပြေရဲ့လား အရင်​ကအသားငါးအနံ့​တွေ မခံနိုင်​ဘူးမလား"
"ဒီလို​လေ ကျန့်​ကျန့်​လေးရဲ့ ပုံမှန်​ဆို ကိုယ်​ဝန်​ဆောင်​တွေက ကိုယ်​ဝန်​ဆောင်​နေစဉ်​အတွင်း အစားအ​သောက်​ပျက်​တာတို့ အခုလို အသားငါးနံ့မခံနိုင်​တာမျိုး​တွေ ကြုံရတတ်​တယ်​ တစ်​ချို့​စုံတွဲ​တွေကျ​တော့ ကိုယ်​ဝန်​ဆောင်​ထားတဲ့ ကိုယ့်​အိမ်​ထောင်​ဖက်​ကို အရမ်းချစ်​တဲ့အခါမျိုးမှာ အဲ့လိုmorning sicknessမျိုးကို ခင်​ပွန်းဖြစ်​သူက ခံစားရတတ်​တယ်​"
"ဟုတ်​တယ်​ဘွားဘွားရဲ့ အလုပ်​ကိစ္စ​လေး​တွေ မပျက်​သေးတာနဲ့ ရိ​ပေါ် နင်​ရော ကုမ္ပဏီမသွားဘူးလား"
"ခဏ​နေရင်​ သွားမှာ"
အ​ရှေ့က တရင်းတနှီး စကား​ပြော​နေတဲ့သူ​တွေကိုကြည့်​ရင်း​ ​ရှောင်းကျန့်​လူပိုတစ်​ယောက်​လို ခံစားလာရတာ​ကြောင့်​ လှည့်​ထွက်​ဖို့ပြင်​တုန်း ကြားလိုက်​ရတဲ့စကားသံ​ကြောင့်​ ​ရှောင်းကျန့်​ခြေလှမ်းတို့ရပ်​တန့်​သွားရသည်​။
_________________
"...ဗျာ..."
"ရိ​ပေါ်နဲ့ယန်​လီ ချစ်​သူဖြစ်​ပြီးတစ်​နှစ်​အကြာမှာပဲ ယန်​လီက နိုင်​ငံခြားမှာ​ ​ကျောင်းတက်​ဖို့ ထွက်​သွားခဲ့တာ မသွားခင်​တစ်​နှစ်​အတွင်းမှာလည်း အထက်​တန်း​ကျောင်းသားဆို​တော့ ချိန်း​တွေ့ဖို့ထက်​ စာ​မေးပွဲ​အောင်​ဖို့ကိုပဲ အဓိကထားခဲ့ကြတာ ပြီး​တော့ ချစ်​သူဆိုတာထက်​ သူငယ်​ချင်းလိုပဲ​ ​နေလာခဲ့ကြတာ"
"အဲ့​လောက်​ထိ မရှင်းပြရလည်း ရပါတယ်​"
"အဲ့ဒါဆို ယန်​လီတို့ သူငယ်​ချင်းလုပ်​ရ​အောင်​ ဒါ​ပေမယ့်​ အခု​လော​လောဆယ်​ ဟိုဝမ်​အူပုတ်​ကို သွား​ချော့လိုက်​ဦး သူသာနဂါးဆို ယန်​လီပြာကျ​နေ​လောက်​ပြီ"
~~~~~~~
ကုမ္ပဏီကပြန်​ရောက်​ပြီးမှ သွားစရာရှိတယ်​ဟုဆိုကာ အဝတ်​အစားလဲပြီး ပြန်​ထွက်​သွားတဲ့ ဝမ်​ရိ​ပေါ်က အထုတ်​တွေမနိုင်​မနင်းသယ်​ပြီး အခန်းထဲဝင်​လာတာ​ကြောင့်​ ​ရှောင်းကျန့်​အထုတ်​တွေကူသယ်​ပေးရင်း​ ​မေးလိုက်​သည်​။
"အဲ့လို​တော့လည်း..ဘယ်​ဟုတ်​မလဲ ကိုယ်​က သူ့ဆိုင်​အတွက်​ ဒီဇိုင်းဆွဲ​ပေးဖူးလို့...ပြီး​တော့ သူငယ်​ချင်း​တွေထဲမှာ အိမ်​ထောင်​သည်​က ကိုယ်​ပဲရှိ​တော့...အဲ့ဒါ​ကြောင့်​.. တကယ်​လို့ မင်းမကြိုက်​ဘူးဆိုလဲ ငါ ကျိုးချန်​ကို​ ​ပေးလိုက်​မယ်​"
"အခု...အခုမဟုတ်​ရင်​တောင်​ သူမိန်းမယူပြီးလို့ က​လေးရှိတဲ့အခါ သုံးမှာ​ပေါ့ကွာ မင်းကလည်း အ​မေးအမြန်းထူလိုက်​တာ ငါ​ရေသွားချိုး​တော့မယ်​"
မျှော်​နေကြရဲ့လားရှင့်​ updateလည်း လာမ​တောင်းကြဘူး reading listလှလှ​လေး​တွေထဲထည့်​ပေးကြလို့ အရမ်း​ကျေးဇူးတင်​ပါတယ်
#fah🦄
Unicode
"​မြေး​လေးတို့ နိုးပြီလား လာထိုင်​ကြ"
"​အခန်းထဲကထွက်​လာထဲက အနံ့​ရပြီး စားချင်​နေတာ ဘွားဘွားလက်​ရာက အရမ်း​ကောင်းတာပဲ"
"ကျန့်​ကျန့်​လေး ကြိုက်​ရင်​ များများစား"
"ရိ​ပေါ်​မြေး​လေး​ရော မစားဘူးလား"
"အနံ့ကြီးကတစ်​မျိုးကြီးပဲ ကျွန်​တော်​မခံနိူင်​ဘူး"
"အရင်​က ဘွားဘွားချက်​ကျွေးတဲ့ အမဲသား​ခေါက်​ဆွဲကို ကြိုက်​လှပါချည်​ရဲ့ဆို"
"အရင်​က ကြိုက်​ပေမယ့်​အခု​ ဝေါ့...."
​ပြော​နေရင်း သန့်​စင်​ခန်းထဲ​ပြေးဝင်​သွားတဲ့ ဝမ်​ရိ​ပေါ်​ကြောင့်​ ရှောင်းကျန့်​နဲ့ဝမ်​ဘွားဘွား မတိုင်​မင်​ထားပါပဲ တစ်​ယောက်​နှင့်​တစ်​ယောက်​ ကြည့်​လိုက်​သည်​။ အတန်​ကြာ​တော့​ သန့်​စင်​ခန်းထဲကထွက်​လာတဲ့ ဝမ်​ရိ​ပေါ်က မျက်​ခမ်းစပ်​တွေနီ​နေပြီး အ​တော်​လေးအန်​ထားပုံရသည်​။
"​မြေး​လေး​ နေမ​ကောင်းဘူးလား အခု​ရော ဘယ်​လို​နေ​သေးလဲ"
"​နေ​ကောင်းပါတယ်​ဘြားဘြား ဒါနဲ့ အဲ့ဒီ​ခေါက်​ဆွဲပန်းကန်​တွေကို​ဝေး​ဝေးမှာထား​ပေး​ပါလား...ဝေါ့..."
တစ်​ဖန်​ပြောပြီး သန့်​စင်​ခန်းထဲ​ပြေးဝင်​သွားပြန်​တဲ့ဝမ်​ရိ​ပေါ်က​ တော်​တော်​နဲ့ ပြန်​ထွက်​မလာတာ​ကြောင့်​
"ဝမ်​ရိ​ပေါ် ခင်​ဗျားအဆင်​ပြေရဲ့လား"
"........"
"ဝမ်​ရိ..."
"ကိုယ်​ဘာမှမဖြစ်​ဘူး အဆင်​ပြေတယ်​ အမဲသားအနံ့ရရင်​အန်​ချင်​လို့"
"ဒါနဲ့ မင်း​ရော အဆင်​ပြေရဲ့လား အရင်​က အသားငါးအနံ့​တွေမခံနိူင်​ဘူးမလား"
ဝမ်​ရိ​ပေါ်​ပြောမှ​ ရှောင်းကျန့်​စဉ်းစားမိသည်​။ ကိုယ်​ဝန်​ရှိခါစက အသားငါးအနံ့​တွေရရင်​ မခံနိူင်​အောင်​ ပျို့တက်ပြီး အန်​ချင်​ပေမယ့်​ ကိုယ်​ဝန်​က၄လ​ကျော်​လာတဲ့အခါတွင်​တော့ အရင်​လိုမျိုးအသားငါးအနံ့​တွေရရင်​ အန်​ချင်​လာတာမျိုးမဖြစ်​တော့​ပေ။
"အဲ့ဒါဆို ရိ​ပေါ်​လေးကmorning sicknessဖြစ်​တာထင်​တယ်​"
"ဘွားဘွား အဲ့ဒါဘာကို​ပြောတာလဲ"
"ဒီလို​လေ ကျန့်​ကျန့်​လေးရဲ႕ ပုံမှန်​ဆို ကိုယ်​ဝန်​ဆောင်​တွေက ကိုယ်​ဝန်​ဆောင်​နေစဉ်​အတွင်း အစားအ​သောက်​ပျက်​တာတို့ အခုလို အသားငါးနံ့မခံနိူင်​တာမျိုး​တွေ ကြုံရတတ်​တယ်​ တစ်​ချို့​စုံတွဲ​တွေကျ​တော့ ကိုယ်​ဝန်​ဆောင်​ထားတဲ့ ကိုယ့်​အိမ်​ထောင်​ဖက်​ကို အရမ်းချစ်​တဲ့အခါမျိုးမှာ အဲ့လိုmorning sicknessမျိုးကို ခင်​ပွန်းဖြစ်​သူကခံစားရတတ်​တယ်​"
ဘွားဘွား​ရဲ့စကားအဆုံး​ ရှောင်းကျန့်​တစ်​ကိုယ်​လုံး ထူပူသွားသလို​ ဘေးက​နေငြိမ်​ပြီးနား​ထောင်​နေတဲ့ ဝမ်​ရိ​ပေါ်ကလည်း မျက်​နှာကြီးနီရဲကာ အရှက်​ပြေ​ချောင်းတဟန့်​ဟန့်​။
"ဘွားဘွား​ရေ ဘွားဘွားရှိလား"
"ယန်​လီ​လေး မလာတာကြာပြီ​နော်​"
"ဟုတ်​တယ်​ဘွားဘွားရဲ႕ အလုပ်​ကိစ္စ​လေး​တွေ မပျက်​သေးတာနဲ့ ရိ​ပေါ်နင်​ရော ကုမ္ပဏီမသွားဘူးလား"
"ခဏ​နေရင်​ သွားမှာ"
အ​ရှေ့က တစ်​ရင်းတစ်​နှီးစကား​ပြော​နေတဲ့ သူ​တွေကိုကြည့်​ရင်း​ ရှောင်းကျန့်​လူပိုတစ်​ယောက်​လို ခံစားလာရတာ​ကြောင့်​ လှည့်​ထွက်​ဖို့ပြင်​တုန်းကြားလိုက်​ရတဲ့ စကားသံ​ကြောင့်​ ရှောင်းကျန့်​ခြေလှမ်းတို့ရပ်​တန့်​သွားရသည်​။
"​ရှောင်းကျန့်​ ယန်​လီနဲ့ စကားခဏ​လောက်​ပြောကြမလား"
_________________
​"ချုံချင်းမှာ​တွေ့တုန်းက ကိစ္စ​တွေရှုပ်​နေတာနဲ့​သေချာမနှုတ်​ဆက်​လိုက်​ရဘူး ကျန်းယန်​လီပါ"
လက်​တစ်​ဖက်​ကိုကမ်း​ပေးရင်း အပြုံးချိုချို​လေးနဲ့နှုတ်​ဆက်​လာတဲ့မိန်းက​လေးက​ ချောတယ်​ဆိုတာထက်​ တည်​ငြိမ်​အေးချမ်းတဲ့အလှမျိုး။ နှုတ်​ခမ်းထက်​က အနီရင့်​ရင့်​နှုတ်​ခမ်းနီနှင့်​ မလိုက်​ဖက်​တာမျိုးဖြစ်​မ​နေပဲ ရင့်​ကျက်​တဲ့အသွင်​ကို​ဆောင်​နေပြန်​သည်​။ wang groupက ဒုဥက္ကဌဝမ်​ရိ​ပေါ်ရဲ႕ ချစ်​သူဆို​တဲ့ ဂုဏ်​ပုဒ်​နဲ့လိုက်​ဖက်​စွာ အဖက်​ဖက်​မြှပည့်​စုံလှတဲ့ ထိုမိန်းက​လေးက​ ရှောင်းကျန့်​အား တရင်းတနှီးဆက်​ဆံပြန်​လေ​တော့ အံ့သြရသူက​ ရှောင်းကျန့်​ကိုယ်​တိုင်​ပင်​။
"ယန်​လီက​ဘေးအိမ်​မှာ​နေတာ​လေ​ ရှောင်းကျန့်​ကို​ သေချာ​လေးနှုတ်​ဆက်​ချင်​လို့ လာခဲ့တာ ချုံချင်းမှာ​တွေ့ထဲက ယန်လီက​ ရှောင်းကျန့်​နဲ့ခင်​ချင်​နေတာ"
ယန်​လီ့ဘက်​က စကား​တွေအများကြီး​ ပြော​နေ​ပေမယ့်​ ကြောင်​တောင်​တောင်​မျက်​နှာ​လေးဖြင့်​ ရပ်​ကြည့်​နေတဲ့​ရှောင်းကျန့်​ကြောင့်​ ယန်​လီကသ​ဘော​ပေါက်​စွာ
"​ရှောင်းကျန့်​အ​နေနဲ့ အခုဖြစ်​သွားတဲ့ကိစ္စ​တွေနဲ့ပတ်​သတ်​ပြီး ယန်​လီ့ကို ဘာမှအားနာစရာမလိုဘူး​နော်​ တစ်​ကယ်​လို့​ ရှောင်းကျန့်​ပေါ်မလာခဲ့ရင်​လည်း ရိ​ပေါ်နဲ့ယန်​လီက လမ်းခွဲဖြစ်​မှာပဲ"
"...ဗျာ.."
"ရိ​ပေါ်နဲ့ယန်​လီ ချစ်​သူဖြစ်​ပြီး တစ်​နှစ်​အကြာမှာပဲယန်​လီက နိူင်​ငံခြားမွာ​ေကျောင်းတက်​ဖို့ ထွက်​သွားခဲ့တာ မသွားခင်​ တစ်​နှစ်​အတွင်းမှာလည္​း အထက်​တန်း​ကျောင်းသားဆို​တော့ ချိန်း​တွေ့ဖို့ထက်​ စာ​မေးပွဲ​အောင်​ဖို့ကိုပဲ အဓိကထားခဲ့ကြတာ ပြီး​တော့ ချစ်​သူဆိုတာထက်​ သူငယ်​ချင်းလိုပဲ​ နေလာခဲ့ကြတာ"
"အဲ့​လောက်​ထိ မရှင်းပြရလည္​း ရပါတယ်​"
"အဲ့ဒါဆို ယန်​လီတို့သူငယ်​ချင်းလုပ်​ရ​အောင်​လဒါ​ပေမယ့်​ အခု​လော​လောဆယ်​ ဟိုဝမ်​အူပုတ်​ကိုသွား​ချော့လိုက်​ဦး သူသာနဂါးဆို ယန်​လီပြာကျ​နေ​လောက်​ပြီ"
ယန်​လီပြတဲ့​နေရာကို လှမ်းကြည့်​လိုက်​တော့ အိမ်​အ​ပေါက်​ဝက​နေ မျက်​မှောင်​ကြီးကျုံ့ပြီး​ ရှောင်းကျန့်​တို့စကား​ပြော​နေတဲ့ ခြံထဲကို ကြည့်​နေတဲ့ ဝမ်​ရိ​ပေါ်။​ ရှောင်းကျန့်​မြင်​သွားတာ​တွေ့​တော့ သူတို့အနားကို​ ဘောက်​ဆတ်​ဘောက်​ဆတ်​နဲ့​လျှောက်​လာကာ
"ယန်​လီ နင်​ဘာ​တွေ​လေ​ကြောရှည်​နေတာလဲ ငါကုမ္ပဏီသွားရ​တော့မှာ"
"နင့်​ဘာသာနင်​ သွားစရာရှိတာသွား​ပေါ့ ငါနဲ့ဘာဆိုင်​လို့လဲ"
"ဘာလို့မဆိုင်​ရမှာလဲ နင်​က​ရှောင်းကျန့်​ကို​ ခေါ်ပြီးစကား​ပြော​နေတာ​လေ​ ရှောင်းကျန့်​က ငါအလုပ်​သွားခါနီးတိုင်း ငါ့အတွက်​ ဝတ်​စုံထုတ်​ပေး​နေကြ"
"ဝမ်​ရိ​ပေါ် အခုဝတ်​ထားတာ ကျွန်​တော်​မနက်​ကထုတ်​ပေးထားတဲ့ဟာ မဟုတ်​ဘူးလား"
"အဲ့ဒါက..ဟို...အင်္ကျီ...ဟုတ်​တယ်​ အင်္ကျီကိုငါမကြိုက်​လို့ အဲ့ဒါ အခုပြန်​လိုက်​ထုတ်​ပေး"
ယန်​လီက​တော့​ အ​ကြောင်းမရှိအ​ကြောင်းရှာကာ​ရှောင်းကျန့်​ကို ဆွဲ​ခေါ်သွားတဲ့ ရိ​ပေါ်ကိုကြည့်​ပြီး သ​ဘောတကျရီ​နေမိသည်​။ ရိ​ပေါ်​ရေ ငါသိ​နေတယ်​နော်​ ဟင်းဟင်း
~~~~~~~
"ဝမ်​ရိ​ပေါ် ဘာ​တွေဝယ်​လာတာလဲ အများကြီးပဲ"
ကုမ္ပဏီကပြန်​ရောက်​ပြီးမှ သွားစရာရှိတယ်​ဟုဆိုကာ အဝတ်​အစားလဲပြီး ပြန်​ထွက်​သွားတဲ့ ဝမ်​ရိ​ပေါ်က အထုတ်​တွေမနိူင်​မနင်းသယ်​ပြီး အခန်းထဲဝင်​လာတာ​ကြောင့်​ ရှောင်းကျန့်​အထုတ်​တွေ ကူသယ်​ပေးရင်း​ မေးလိုက်​သည်​။
"ဟို..​ကျောင်းတုန်းက သူငယ်​ချင်း​တွေနဲ့ သွား​တွေ့ရင်း အဲ့ထဲကတစ်​ယောက်​က က​လေးပစ္စည်း​ဆိုင်​ဖွင့်​ထားတယ်​လေ..အဲ့ဒါ...​သူ့ဆိုင်​ကို​ခေါ်သွားပြီး ကိုယ့်​ကို ဒီပစ္စည်း​တွေ အလကား​ပေးလိုက်​တာ.."
"ခင်​ဗျားသူငယ်​ချင်းက သ​ဘော​ကောင်းလိုက်​တာ သူငယ်​ချင်းတိုင်းကို အဲ့လိုဆိုင်​ကပစ္စည်း​တွေ အလကား​ပေးတာ​ပေါ့"
"အဲ့လို​တော့လည္​း..ဘယ်​ဟုတ်​မလဲ ကိုယ်​ကသူ့ဆိုင်​အတွက်​ ဒီဇိုင်းဆွဲ​ပေးဖူးလို့...ပြီး​တော့ သူငယ်​ချင်း​တွေထဲမှာ အိမ်​ထောင်​သည်​က ကိုယ်​ပဲရှိ​တော့...အဲ့ဒါ​ကြောင့်​.. တကယ်​လို့ မင်းမကြိုက်​ဘူးဆိုလဲ ငါကျိုးချန်​ကို​ ပေးလိုက်​မယ်​"
"ကျွန်​တော်​သိသ​လောက်​တော့ ခင်​ဗျားသူငယ်​ချင်းက လူပျိုမဟုတ်​လား ဒီပစ္စည်း​တွေကို သူကဘယ်​လိုသုံး..."
"အခု...အခုမဟုတ်​ရင်​တောင်​ သူမိန်းမယူပြီးလို့ က​လေးရှိတဲ့အခါ သုံးမှာ​ပေါ့ကွာ မင်းကလည္​း အ​မေးအမြန်းထူလိုက်​တာ ငါ​ရေသွားချိုး​တော့မယ်​"
"ဝမ်​ရိ​ပေါ် ခင်​ဗျားအပြင်​ပြန်​မထွက်​ခင်​က​ ရေချိုးသွားတာမဟုတ်​ဘူးလား"
​ရှောင်းကျန့်​အော်​ပြောတာကို မကြားချင်​ယောင်​ဆောင်​ပြီး​ ရေချိုးခန်းထဲ​ပြေးဝင်​သွားတဲ့ ဝမ်​ရိ​ပေါ်က အ​နောက်​က​နေကြည့်​တာ​တောင်​ နီရဲ​နေတဲ့ နားရွက်​နှစ်​ဖက်​က အထင်းသား။ က​လေးအသုံးအ​ဆောင်​တွေဝယ်​လာပြီးမှ ဝန်ခံရမှာရှက်​နေတဲ့က​လေးအ​ဖေကြီးပါ​လေ။ အယ်​...​နေပါဦး အခုငါကသူ့ကို က​လေးအ​ဖေဆိုပြီး​ တွေးလိုက်​တာလား​ရှောင်​ရှောင်းကျန့်​ စိတ်​ထိန်းစမ္​း...
ကုတင်​ပေါ်မှာထိုင်​နေတဲ့​ ရှောင်းကျန့်​က ကိုယ့်​ခေါင်းကိုယ်​ထုပြီး အ​တွေးများ​နေသ​လို​ ရေချိုးခန်းထဲကဝမ်​ရိ​ပေါ်က​လည်း​ နံရံကို​ ခေါင်းနဲ့ဝင်​မ​ဆောင့်​ရုံတမယ်​။ တစ်​ကယ်​ဆို ရိ​ပေါ်​ပြောခဲ့တဲ့စကားအကုန်​လုံး လိမ်​ပြောခဲ့တာရယ်​တော့ မဟုတ်​ဘူး။ တစ်​ဝက်​ကအမှန်​တွေပါသလို တစ်​ဝက်​ကလိမ်​ပြောခဲ့တာ။​ ကျောင်းတုန်းက သူငယ်​ချင်း​တွေနဲ့ သွား​တွေ့တယ်​ဆိုတာကလည္​းအမှန်​ဖြစ်​သလို အဲ့ထဲက သူငယ်​ချင်းတစ်​ယောက်​က က​လေးအသုံးအ​ဆောင်​ပစ္စည်းဆိုင်​ဖွင့်​ထားတယ်​ဆိုတဲ့ အထိကလည္​း အမှန်​တွေပဲ။
အဲ...ရိ​ပေါ်လိမ်​ပြောမိတာဆိုလို့ အဲ့ဒီသူငယ်​ချင်းကသူ့ဆိုင်​ကို ချက်​ချင်းသွားဖို့မအားဘူး​ပြောလို့​ နောက်​နှစ်​ကုန်​အထိသူ့ဆိုင်အပြင်​အဆင်​အတှကျ​ဒီဇိုင်းအလကားဆွဲ​ပေးမယ်​လို့ ကတိ​ပေးခဲ့တာရယ်​။ ပစ္စည်း​တွေဝယ်​ဖို့ ရိ​ပေါ်ရဲ႕black card​လေးထုတ်​သုံးလိုက်​ရတာရယ်​ပဲရှိတာ။ အခုယူလာတဲ့ပစ္စည်း​တွေကို အများကြီး​လို့​ပြော​နေတဲ့​ ရှောင်းကျန့်​က ရိ​ပေါ်ထပ်​မှာထားတဲ့ပစ္စည်း​တွေ တစ်​ဝက်​လောက်​ကျန်​သေးတာသာသိရင်​ ဘယ်​လို​ပြောမလဲမသိ။
ဝမ်​ရိ​ပေါ် ဒီ​လောက်​လေးလိမ်​ပြောရတာကို ဘာလို့အဲ့​လောက်​ရှက်​နေရတာလဲ။ အခု​တော့ မင်း​အရှက်​ကောင်းလို့​ ဆောင်းတွင်းကြီးမှာ တစ်​ည​နေထဲ​ရေနှစ်​ခါချိုး​နေရပြီ။
​မျှော်​နေကြရဲ့လားရှင့်​updateလဲလာမ​တောင်းကြဘူး reading listလှလှ​လေး​တွေထဲထည့်​ပေးကြလို့အရမ်း​ကျေးဇူးတင်​ပါတယ်​
#fah🦄
Continue Reading
You'll Also Like
43.7K 3.7K 12
မင်းတို့သိထားဖို့ရာ ငါ ပြောပြလိုက်ဦးမယ် ။ "ငါ့ယောက်ျားက ငါ့စကားတစ်ခွန်းဆိုတစ်ခွန်းပဲ" မင်းတို့သိထားဖို့ရာ ငါ ပြောပြလိုက်ဉီးမယ် ။ "ငါ့ယောက်ျားက ငါ့စက...
1.4M 127K 45
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
22.6K 559 18
"I think we should break up" "What? Why? Please tell me this is a joke!" "Because your ANNOYING! Oh and because I feel absolutely nothing when I'm...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...