Fated To Love You[Completed]

Por Daydream-fah

294K 20.7K 802

Zawgyi ခင္​ဗ်ားတို႔ ကံၾကမၼာဆိုတာကို ယံုလား....? လူတစ္​ေယာက္​ကို ခ်စ္​ရမယ့္​ ကံၾကမၼာဆိုရင္​ေရာ...... Unicod... Más

fah says
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
fah says
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Wuzhizhou Island
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Final
Extra
New Fic

Part-8

9.7K 820 33
Por Daydream-fah

Zawgyi
ေရွာင္းက်န႔္​ဝမ္​ရိ​ေပၚဆိုတဲ့လူရဲ႕ လက္​စြပ္​ကိုျပန္​ေပးရန္​ သူ႔ဖုန္းနံပါတ္​ကို​ ​ေဂဟာမွာသြားစံုစမ္းဖို႔ျပင္​ေနတုန္း ဆိုင္​ကိုဆိုက္​ဆိုက္​ၿမိဳက္​ၿမိဳက္​ေရာက္​လာတဲ့ အႏွီလူသား​ေၾကာင့္​ ​ေက်းဇူး​ေတာ့တင္​မိသြားသည္​။

သူနဲ႔ဝမ္​ရိ​ေပၚၾကားကကိစၥ​ေတြကို မားနဲ႔ပါးကို မသိ​ေစခ်င္​တာမို႔ ဆိုင္​မွာမ​ေျပာပဲ အနီးနားက​ ​ေကာ္​ဖီဆိုင္​ကိုသာ​ေခၚလာလိုက္​သည္​။ အိမ္​မွာတုန္းက ျပန္​ေပးမယ္​ဆိုၿပီး အားတင္းခဲ့​ေပမယ့္​ တကယ့္​လက္​ေတြ႕က်​ေတာ့​ ​ေပးဖို႔တြန႔္​ဆုတ္​ေနသည္​။ ငါ့ကိုသူခိုးလို႔​ေတာ့မထင္​ေလာက္​ဘူးမလား။

"​ေရွာင္းက်န႔္​ ကိုယ့္​ကို​ေျပာစရာရိွတယ္​ဆို"

ရိ​ေပၚမနက္​ျဖန္​ ​ေပက်င္းျပန္​ရ​ေတာ့မွာမို႔​ က်ိဳးခ်န္​မသိ​ေအာင္​ ​ေရွာင္းက်န႔္​ကိုသြား​ေတြ႕​ေတာ့ ဆိုင္​ထဲဝင္​ဝင္​ခ်င္း​ ​ေျပာစရာရိွတယ္​ဟုဆိုကာ သူ႔လက္​ကိုဆြဲၿပီး​ ​ေကာ္​ဖီဆိုင္​တစ္​ခုကို ဦး​ေဆာင္​ေခၚသြားတဲ့​ေရွာင္းက်န႔္​က ဆိုင္​ထဲ​ေရာက္​ၿပီး ခဏၾကာတဲ့အထိဘာမွမ​ေျပာပဲ ရိ​ေပၚကိုပဲ စိုက္​ၾကၫ့္​ေနတာ​ေၾကာင့္​သူ႔ဘက္​ကပဲ စၿပီး​ေမးလိုက္​သည္​။

"ဟို.....ဒါ​ေလး..ျပန္​ေပးခ်င္​လို႔"

"ဟမ္​.....ဒီလက္​စြပ္​က ဘယ္​လိုျဖစ္​ၿပီး မင္းဆီ​ေရာက္​ေနတာလဲ"

"ကြၽန္​ေတာ္​တို႔တိုက္​မိတုန္းက မုန႔္​ေတြနဲ႔​ေရာၿပီး အိတ္​ထဲကိုပါလာတာ သိသိခ်င္းျပန္​ေပးဖို႔လုပ္​ေပမယ့္​ခင္​ဗ်ားကို ကြၽန္​ေတာ္​မွမသိတာ ၿပီး​ေတာ့ အဲ့ညတုန္းက​ ​ေပးဖို႔က်​ေတာ့လည္း....."

အ​ေ႐ွ႕မွာမ်က္​လံုးကိုစံုမိွတ္​ၿပီး အသဲအသန္​ရွင္းျပ​ေနရင္း အဆံုးနား​ေရာက္​ေတာ့ တိုးသြားတဲ့​ေလသံ​ေလး​ေၾကာင့္​ ရိ​ေပၚအသံထြက္​ေအာင္​ ရယ္​မိလိုက္​သည္​။ မင္းကဘယ္​လို​ေလးလဲကြာ

​ေရွာင္းက်န႔္​သတၲိ​ေမြးၿပီး ရွင္းျပ​ေန​ေပမယ့္​ အ​ေ​႔႐ွ႕ကလူဆီက ရယ္​သံထြက္​လာတာ​ေၾကာင့္​

"ခင္​ဗ်ားက ဘာရီတာလဲ"

"​ေအာ​ေဟာ....ဝမ္​ရိ​ေပၚကြ ဝမ္​ရိ​ေပၚ ကိုယ့္​နာမည္​ဝမ္​ရိ​ေပၚလို႔​ေျပာထားတယ္​ေလ"

ရိ​ေပၚ​ေျပာလိုက္​ေတာ့ တစ္​ခုခုကို​ေတြး​ေနတဲ့ ပံု​ေပၚတဲ့​ေကာင္​ေလး​ေၾကာင့္​ မ​ေနႏိူင္​ပဲ​ေမးမိ​ေတာ့

"ဝမ္​ရိ​ေပၚဆိုတဲ့နာမည္​ကို ကြၽန္​ေတာ္​ၾကားဖူးသလိုရိွလို႔....မဟုတ္​မွ...ဝမ္​ရိ​ေပၚဆို​ေတာ့ ဝမ္​....ဝမ္​မ်ိဳးရိုး ဒုဥကၠဌဝမ္​ရိ​ေပၚ...."

"အင္း ကိုယ္​ပဲ"

​ေရွာင္းက်န႔္​ပံုစံက စ​ေနတာမ်ိဳးမဟုတ္​ပဲ တကယ္​ႀကီးအခုမွစဥ္​းစားလို႔ရသြားတဲ့ပံု​ေၾကာင့္​ ရိ​ေပၚ​ေခါင္းၿငိမ့္​ျပၿပီး​ ​ေျပာလိုက္​ေတာ့ မ်က္​လံုး​ေလး​ေတြဝိုင္းစက္​ကာ ယုန္​သြား​ေလး​ေပၚတဲ့အထိ အံ့ၾသ​ေနျပန္​သည္​။ မင္း​ေၾကာင့္​ကိုယ္​ခဏခဏၿပံဳး​မိ​ေနၿပီ

​ေရွာင္းက်န႔္​ဝမ္​ရိ​ေပၚနဲ႔ စကား​ေျပာ​ေနရင္း​ ​ေခါင္းကမူးလာျပီး အ​ေ႐ွ႕မွာရိွတဲ့ ဝမ္​ရိ​ေပၚက ႏွစ္​ကိုယ္​သံုးကိုယ္​ခြဲ​ေတြ ျဖစ္​လာတာ​ေၾကာင့္​ ​ေခါင္းကိုအသာယမ္းရင္း မတ္​တပ္​ထရပ္​လိုက္​တဲ့အခ်ိန္​ မ်က္​လံုးထဲျပာ​ေဝလာၿပီး​ ​ေလာကႀကီးနဲ႔ အဆက္​အသြယ္​ျပတ္​သြား​ေတာ့သည္​။

"​ေရွာင္းက်န႔္​....​ေရွာင္းက်န႔္​"

ရိ​ေပၚ​သူနဲ႔စကား​ေျပာ​ေနရင္း လဲက်သြားတဲ့​ ရွာင္းက်န႔္​ကို အသာလႈပ္​ၿပီး​ ​ေခၚၾကၫ့္​ေပမယ့္​ မရတာ​ေၾကာင့္​ ပါးလွပ္​လွပ္​ခႏၶာကိုယ္​ေလးကို​ ​ေပြ႕ခ်ီလို႔ နီးစပ္​ရာ​ေဆးရံုသို႔ အ​ေျပးႏွင္​ရ​ေတာ့သည္​။

_____________________

"ကိုယ္​ မင္းကိုလက္​ထပ္​မယ္"

"ကြၽန္​ေတာ္​ လက္​မခံဘူး"

"​က်စ္​...​ေရွာင္းက်န႔္​ အခုခ်ိန္​က မင္း​ေခါင္းမာ​ေနရမယ့္​ အခ်ိန္​မဟုတ္​ဘူး မင္းဆီမွာက ကိုယ့္​ရဲ႕...."

"ဖ်က္​ခ်လိုက္​လို႔ရတာပဲ"

"​....​ေရွာင္းက်န႔္​"

"ခင္​ဗ်ား ကြၽန္​ေတာ့္​ကို​ ​ေအာ္​စရာမလိုဘူး"

ဖ်က္​ခ်မယ္​ဆိုတဲ့စကားၾကားလိုက္​ရတာမို႔ ရိ​ေပၚစိတ္​လြတ္​ၿပီး​ ​ေအာ္​မိ​ေတာ့​ ဆရာဝန္​အခန္းထဲက ထြက္​လာထဲက သူ႔ကိုမ်က္​ႏွာခ်င္းမဆိုင္​တဲ့​ ​ေကာင္​ေလးက​ ​ေဒါသသံစြက္​လို႔ သူ႔ကိုၾကၫ့္​ၿပီး​ ​ေျပာလာသည္​။

ရိ​ေပၚလည္​း ​ေတာ္​ေတာ္​ေလးကို အက်ပ္​ရိုက္​ေနၿပီျဖစ္​သည္​။ သူ​ေတာင္​ၾကားၾကားခ်င္း အံ့ၾသ​ေနရင္​ သူ႔ရဲ႕က​ေလးကို လြယ္​ေပးထားရတဲ့​ ​ေရွာင္းက်န႔္​ဆို ဘယ္​ေလာက္​ေတာင္​ လန႔္​သြားလိုက္​ရွာ​ေလမလဲ။ဒါ​ေတာင္​ ရိ​ေပၚက ကိုယ့္​အျပစ္​ကိုယ္​မသိပဲ​ ​ေအာ္​လိုက္​မိ​ေသးသည္​။

"​ေတာင္းပန္​ပါတယ္​ ကိုယ္​မ​ေအာ္​ခဲ့သင့္​ဘူး"

"ရိ​ေပၚ​ေရွာင္းက်န႔္​ကို ခဏ​ေလာက္​ လႊတ္​ထား​ေပးလိုက္​"

"က်ိဳးခ်န္​...."

က်ိဳးခ်န္​ေရခ်ိဳးၿပီးထြက္​လာ​ေတာ့ ရိ​ေပၚကိုမ​ေတြ႕တာ​ေၾကာင့္​ ယန္​လီ့အခန္းကို သြားၾကၫ့္​ေတာ့လည္​း မရိွတာမို႔ ဟိုတယ္​ဝန္းထဲမွာ လိုက္​ရွာ​ေနရင္း ရိ​ေပၚဆီက ဖုန္းဝင္​လာၿပီး ၾကားလိုက္​ရတဲ့စကား​ေၾကာင့္​ ပိုက္​ဆံအိတ္​ေတာင္​ မယူႏိူင္​ပဲ ရိ​ေပၚ​ေျပာတဲ့​ ​ေဆးရံုကိုအျမန္​လိုက္​သြားရသည္​။

ဟို​ေရာက္​ေတာ့​ ​ေဆးရံုဝန္းထဲက ပန္းၿခံအ​ေသး​ေလးထဲမွာ မ်က္​ႏွာ​ေတြရဲၿပီး စိတ္​တို​ေနပံုရတဲ့​ ​ေရွာင္းက်န႔္​လက္​ကိုကိုင္​ၿပီး စကား​ေျပာ​ေနတဲ့ရိ​ေပၚ။ အခုခ်ိန္​မွာ​ ​ေသြးဆူ​ေနတဲ့​ေရွာင္းက်န႔္​က ဘယ္​လို​ေျပာ​ေျပာလက္​ခံမွာမဟုတ္​မွန္းသိတာ​ေၾကာင့္​ ရိ​ေပၚကို​ေျပာၿပီး အိမ္​ျပန္​ပို႔​ေပးရသည္​။ ဒါ​ေတာင္​ ​ေရွာင္းက်န႔္​ဆိုတဲ့ဟာ​ေလးက သူ႔ဟာသူျပန္​မယ္​လုပ္​ေနလို႔ မနည္း​ေတာင္းပန္​ၿပီး ျပန္​ပို႔​ေပးလိုက္​ရတာ။

~~~~~~~~~

"တကယ္​ပဲ သူ႔ဆီမွာ မင္းနဲ႔ရတဲ့ က​ေလးရိွ​ေနတာလား​ ​ေယာက်ာၤး​ေလးတစ္​ေယာက္​က​ေလ"

"ဟုတ္​တယ္​ ငါလည္​း အစကအံ့ၾသ​ေန​ေပမယ့္​ ​ေရွာင္းက်န႔္​မွာတကယ္​ပဲ ငါနဲ႔ရတဲ့ကိုယ္​ဝန္​ရိွ​ေနတာ"

"အဲ့​ေတာ့ မင္းဘယ္​လုပ္​မွာလဲ"

"ငါသူ႔ကို လက္​ထပ္​မယ္​"

"အဲ့ဒါဆိုယန္​လီက​ေရာ ယန္​လီ့ကို မင္းဘယ္​လိုလုပ္​မွာလဲ ၿပီး​ေတာ့ မင္းအဘြားကို​ေရာ ဘယ္​လို​ေျပာမွာလဲ"

"ငါတာဝန္​မဲ့တဲ့သူ မျဖစ္​ခ်င္​ဘူးက်ိဳးခ်န္​ မနက္​ျဖန္​ ​ေပက်င္းကိုျပန္​တာနဲ႔ ငါသူ႔ကို တစ္​ခါထဲ​ေခၚသြားမယ္​"

"ဒါ​ေပမယ့္​ မင္း....."

"ရိ​ေပၚ ငါတို႔စကား​ေျပာသင့္​ၿပီထင္​တယ္​"

"ယန္​လီ.."

ရိ​ေပၚနဲ႔စကား​ေျပာ​ေနရင္း အခန္းထဲ​ေရာက္​လာၿပီး ​ေျပာတဲ့ ယန္​လီရဲ႕စကား​ေၾကာင့္​ က်ိဳးခ်န္​အလိုက္သိစြာ အခန္းျပင္​ကို​ ​ေရွာင္​ထြက္​လာလိုက္​သည္​။

"ငါ​ေတာင္းပန္​ပါတယ္​"

"ဘာအတြက္​လဲ"

"နင့္​ကို သစၥာ​ေဖာက္​သလို ျဖစ္​သြားတဲ့အတြက္​"

"ရိ​ေပၚရယ္​ သစၥာ​ေဖာက္​တယ္​လို႔​ေျပာရ​ေအာင္​ နင္​နဲ႔ငါ ရည္းစားအရာ​ေရာ​ ​ေရာက္​ခဲ့လို႔လား"

"ငါ......"

"ဒီခရီးမွာ ငါနင့္​ကို​ေခၚလာတာ​ ​ေဂဟာကကိစၥသက္​သက္​ပဲလို႔ထင္​ေနတာလား တကယ္​ေတာ့ ငါတို႔ႏွစ္​ေယာက္​ရဲ႕ ဆက္​ဆံ​ေရးအ​ေၾကာင္း​ ​ေသခ်ာ​ေဆြး​ေႏြးခ်င္​လို႔ မထင္​မွတ္​ပဲ နင့္​ကိစၥၾကားလိုက္​ရ​ေတာ့ အခုလိုရုတ္​တရက္​ႀကီး​ ​ေျပာလိုက္​ရတာ"

"......."

အစက ယန္​လီ့ကိုလက္​ခံလာ​ေအာင္​ ​ေျပာဖို႔ခက္​ခဲမယ္​ထင္​ေန​ေပမယ့္​ အခုလို ယန္​လီက အစစအရာရာနားလည္​ေပးတဲ့အခါတြင္​ေတာ့ သူမအ​ေပၚ အားနာစိတ္​တို႔ပိုလာရသည္​။​ ​ေသခ်ာျပန္​စဥ္​းစားၾကၫ့္​ရင္​ ရိ​ေပၚအ​ေနျဖင့္​ ယန္​လီ့အ​ေပၚ အားနာမိတာအျပင္​ တစ္​ျခား​ဘာစိတ္​မွရိွမ​ေန။ အခုအခ်ိန္​ရိ​ေပၚစိတ္​ထဲစိုးမိုး​ေနတာ​ ​ေရွာင္းက်န႔္​။ သူ႔​ေၾကာင့္​နဲ႔ အျပစ္​မရိွတဲ့​ေရွာင္းက်န႔္​ကို အခက္​မ​ေတြ႕​ေစခ်င္​ဘူး။

___________________

​ေရွာင္းက်န႔္​မွန္​ေ႐ွ႕မွာရပ္​ၿပီး ျပားခ်ပ္​ေနတဲ့ ဗိုက္​ေလးကို ကိုင္​ၾကၫ့္​ေနမိသည္​။ ဒီအထဲမွာ သူ႔မ်ိဳးဆက္​ပိစိ​ေလးရိွ​ေနတယ္​ဆိုတာ အခုထိမယံုႏိူင္​ေသး။ ဝမ္​ရိ​ေပၚအ​ေ႐ွ႕မွာသာ မခံခ်င္​စိတ္​ေၾကာင့္​ ဖ်က္​ခ်မယ္​ေျပာလိုက္​ေပမယ့္္ လက္​ေတြ႕တြင္​ေတာ့​ ​ေရွာင္းက်န႔္​မွာ အဲ့လိုမ​ေကာင္းတဲ့ စိတ္​ကူးမ်ိဳး တစ္​စက္​က​ေလး​ေတာင္​ရိွမ​ေန။

ဒါ​ေပမယ့္​ ​ေရွာင္းက်န႔္​အခု ဘယ္​လိုဆက္​လုပ္​ရမလဲ။ ဝမ္​ရိ​ေပၚလို လက္​ထပ္​ရမယ့္​ မိန္းက​ေလးရိွၿပီးသား လူတစ္​ေယာက္​က တာဝန္​အရဆိုတဲ့​ ​ေခါင္းစဥ္​တစ္​ခုထဲ​ေၾကာင့္​ ​ေရွာင္းက်န႔္​နဲ႔ လက္​ထပ္​မယ္​ဆိုတာမ်ိဳး​ေတာ့ လက္​မခံခ်င္​ပါ။

​ေရွာင္းက်န႔္​တစ္​ေယာက္​ထဲ ဒီက​ေလးကို​ ​ေမြးဖို႔ကလည္​း မျဖစ္​တန္​ရာ။ ပါးနဲ႔မားကို​ေရာ ဘယ္​လို​ေျပာရမလဲ။ က​ေလး​ေရ ပါးပါးဘယ္​လိုလုပ္​ရမလဲ။

​ေရွာင္းက်န႔္​မွန္​ေ႐ွ႕မွာ အ​ေတြးလြန္​ေနတုန္း အိမ္​ေအာက္​ထပ္​က ဆူဆူညံညံအသံ​ေတြ​ေၾကာင့္​ အခန္းအျပင္​ထြက္​ၾကၫ့္​မိ​ေတာ့ ပါးနဲ႔မား​ေ႐ွ႕မွာ ဒူး​ေထာက္​ကာ စကားတစ္​ခြန္းကိုပဲ ထပ္​တလဲလဲ​ေျပာ​ေနတဲ့ဝမ္​ရိ​ေပၚ။

"ကြၽန္​ေတာ့္​ကို​ ​ေရွာင္းက်န႔္​နဲ႔လက္​ထပ္​ဖို႔ခြင့္​ျပဳပါ"

"ဝမ္​ရိ​ေပၚ ခင္​ဗ်ားရူး​ေနတာလား"

ဒူး​ေထာက္​ေနတဲ့ဝမ္​ရိ​ေပၚကို အျမန္​ဆြဲထူကာ​ ​ေျပာ​ေတာ့​ ​ေဒါသ​ေတြကို အ​ေတာ္​ေလးထိန္းခ်ဳပ္​ထားပံုရတဲ့မားက

"​ေရွာင္းက်န႔္​ ဘာ​ေတြျဖစ္​ေနတာလဲ ငါ့ကို​ေသခ်ာရွင္းျပ"

"မား...."

"ငါ​ေမြးထားတာ သား​ေယာက်ၤား​ေလး​ျဖစ္​ပါရဲ႕နဲ႔​ သားမက္​အိမ္​ေခၚလာတဲ့အျဖစ္​မ်ိဳး​ေတာ့ ငါလံုးဝလက္​ခံမ​ေပးႏိူင္​ဘူး"

"မား....ကြၽန္​ေတာ့္​မွာ ကိုယ္​ဝန္​ရိွ​ေနတယ္​"

"​ေရွာင္​ေရွာင္းက်န႔္​မင္း....."

လဲက်​ေတာ့မလိုျဖစ္​သြားတဲ့မားကို​ ထိန္း​ေပးဖို႔ျပင္​လိုက္​ေပမယ့္​ တစ္​ခ်ိန္​လံုး ဘာမွဝင္​မ​ေျပာပဲ ၿငိမ္​ေနတဲ့ပါးက မားကိုအသာတြဲၿပီး​ ​ေျပာလိုက္​တဲ့စကား​ေၾကာင့္​ ​ေရွာင္းက်န႔္​ကမ႓ာႀကီးတစ္​ခုလံုး ၿပိဳကြဲသြားသလိုခံစားလိုက္​ရသည္​။

fahလာပါၿပီရွင္​...​ေမ်ွာ္​ေနၾကရဲ့လား
#fah🦄

Unicode
ရှောင်းကျန့်​ဝမ်​ရိ​ပေါ်ဆိုတဲ့လူရဲ့လက်​စွပ်​ကိုပြန်​ပေးရန်​ သူ့ဖုန်းနံပါတ်​ကို​ ဂေဟာမှာသွားစုံစမ်းဖို့ပြင်​နေတုန်း ဆိုင်​ကိုဆိုက်​ဆိုက်​မြိုက်​မြိုက်​ရောက်​လာတဲ့ အနှီလူသား​ကြောင့်​ကျေးဇူး​တော့တင်​မိသွားသည်​။

သူနဲ့ဝမ်​ရိ​ပေါ်ကြားက ကိစ္စ​တွေကို မားနဲ့ပါးကိုမသိ​စေချင်​တာမို့ ဆိုင်​မှာမ​ပြောပဲ အနီးနားက​ကော်​ဖီဆိုင်​ကိုသာ​ ခေါ်လာလိုက်​သည်​။ အိမ်​မှာတုန်းကပြန်​ပေးမယ်​ဆိုပြီး အားတင်းခဲ့​ပေမယ့်​ တကယ့်​လက်​တွေ့ကျ​တော့​ ပေးဖို့တွန့်​ဆုတ်​နေသည်​။ ငါ့ကိုသူခိုးလို့​တော့မထင်​လောက်​ဘူးမလား။

"​ရှောင်းကျန့်​ ကိုယ့်​ကို​ပြောစရာရှိတယ်​ဆို"

ရိ​ပေါ်မနက်​ဖြန်​ ပေကျင်းပြန်​ရ​တော့မှာမို့​ ကျိုးချန်​မသိ​အောင်​ ရှောင်းကျန့်​ကိုသွား​တွေ့​တော့ ဆိုင်​ထဲဝင်​ဝင်​ချင်း​ ပြောစရာရှိတယ်​ဟုဆိုကာ သူ့လက်​ကိုဆွဲပြီး​ ကော်​ဖီဆိုင်​တစ်​ခုကို ဦး​ဆောင်​ခေါ်သွားတဲ့​ ရှောင်းကျန့်​က ဆိုင်​ထဲ​ရောက်​ပြီး ခဏကြာတဲ့အထိ ဘာမှမ​ပြောပဲ ရိ​ပေါ်ကိုပဲ စိုက်​ကြည့်​နေတာ​ကြောင့်​ သူ့ဘက်​ကပဲ စပြီး​မေးလိုက်​သည်​။

"ဟို.....ဒါ​လေး..ပြန်​ပေးချင်​လို့"

"ဟမ်​.....ဒီလက်​စွပ်​က ဘယ်​လိုဖြစ်​ပြီးမင်းဆီ​ရောက်​နေတာလဲ"

"ကျွန်​တော်​တို့ တိုက်​မိတုန်းက မုန့်​တွေနဲ့​ရောပြီးအိတ်​ထဲကိုပါလာတာ သိသိချင်းပြန်​ပေးဖို့လုပ်​ပေမယ့်​ ခင်​ဗျားကိုကျွန်​တော်​မှမသိတာ ပြီး​တော့အဲ့ညတုန်းက​ပေးဖို့ကျ​တော့လည်း....."

အ​ရှေ့မှာ မျက်​လုံးကိုစုံမှိတ်​ပြီး အသဲအသန်​ရှင်းပြ​နေရင်း အဆုံးနား​ရောက်​တော့ တိုးသွားတဲ့​လေသံ​လေး​ကြောင့်​ ရိ​ပေါ်အသံထွက်​အောင်​ရယ်​မိလိုက်​သည်​။ မင်းကဘယ်​လို​လေးလဲကွာ

​ရှောင်းကျန့်​သတ္တိ​မွေးပြီး ရှင်းပြ​နေ​ပေမယ့်​ အ​ရှေ့ကလူဆီက ရယ်​သံထွက်​လာတာ​ကြောင့်​

"ခင်​ဗျားက ဘာရီတာလဲ"

"​အော​ဟော....ဝမ်​ရိ​ပေါ်ကြ ဝမ်​ရိ​ပေါ် ကိုယ့်​နာမည်​ ဝမ်​ရိ​ပေါ်လို့​ပြောထားတယ်​လေ"

ရိ​ပေါ်​ပြောလိုက်​တော့ တစ်​ခုခုကို​တွေး​နေတဲ့ ပုံ​ပေါ်တဲ့​ကောင်​လေး​ကြောင့်​ မ​နေနိူင်​ပဲ​မေးမိ​တော့

"ဝမ်​ရိ​ပေါ်ဆိုတဲ့နာမည်​ကို ကျွန်​တော်​ကြားဖူးသလိုရှိလို့....မဟုတ်​မှ...ဝမ်​ရိ​ပေါ်ဆို​တော့ ဝမ်​....ဝမ်​မျိုးရိုး ဒုဥက္ကဌဝမ်​ရိ​ပေါ်...."

"အင်း ကိုယ်​ပဲ"

​ရှောင်းကျန့်​ပုံစံက စ​နေတာမျိုးမဟုတ်​ပဲ တကယ်​ကြီး အခုမှစဉ်းစားလို့ရသွားတဲ့ပုံ​ကြောင့်​ ရိ​ပေါ်​ခေါင်းငြိမ့်​ပြပြီး​ပြောလိုက်​တော့ မျက်​လုံး​လေး​တွေဝိုင်းစက်​ကာ ယုန်​သွား​လေး​ပေါ်တဲ့အထိ အံ့သြ​နေပြန်​သည်​။ မင်း​ကြောင့်​ကိုယ်​ခဏခဏပြုံး​မိ​နေပြီ

​ရှောင်းကျန့်​ဝမ်​ရိ​ပေါ်နဲ့စကား​ပြော​နေရင်း​ ခေါင်းကမူးလာပြီး အ​ရှေ့မှာရှိတဲ့ ဝမ်​ရိ​ပေါ်က နှစ်​ကိုယ်​သုံးကိုယ်​ခွဲ​တြွေဖစ်​လာတာ​ကြောင့်​ ခေါင်းကိုအသာယမ်းရင်း မတ်​တပ်​ထရပ်​လိုက်​တဲ့အချိန်​ မျက်​လုံးထဲပြာ​ဝေလာပြီး​ လောကကြီးနဲ့ အဆက်​အသွယ်​ပြတ်​သွား​တော့သည်​။

"​ရှောင်းကျန့်​.....ရှောင်းကျန့်​"

ရိ​ပေါ်​သူနဲ့စကား​ပြော​နေရင်း လဲကျသွားတဲ့​ ရှောင်းကျန့်​ကို အသာလှုပ်​ပြီး​ ခေါ်ကြည့်​ပေမယ့်​မရတာ​ကြောင့်​ ပါးလှပ်​လှပ်​ခန္ဓာကိုယ်​လေးကို​ ပွေ့ချီလို့ နီးစပ်​ရာ​ဆေးရုံသို့ အ​ပြေးနှင်​ရ​တော့သည်​။

_____________________

"ကိုယ်​မင်းကို လက်​ထပ်​မယ်"

"ကျွန်​တော်​ လက်​မခံနိူင်ဘူး"

"​ကျစ်​...​ရှောင်းကျန့်​အခုချိန်​က မင်း​ခေါင်းမာ​နေရမယ့်​အချိန်​မဟုတ်​ဘူး မင်းဆီမှာက ကိုယ့်​ရဲ့...."

"ဖျက်​ချလိုက်​လို့ရတာပဲ"

"​....​ရှောင်းကျန့်​"

"ခင်​ဗျား ကျွန်​တော့်​ကို​ အော်​စရာမလိုဘူး"

ဖျက်​ချမယ်​ဆိုတဲ့စကားကြားလိုက်​ရတာမို့ ရိ​ပေါ်စိတ်​လွတ်​ပြီး​ အော်​မိ​တော့​ ဆရာဝန်​အခန်းထဲကထွက်​လာထဲက သူ့ကိုမျက်​နှာချင်းမဆိုင်​တဲ့​ကောင်​လေးက​ ဒေါသသံစွက်​လို့ သူ့ကိုကြည့်​ပြီး​ပြောလာသည်​။

ရိ​ပေါ်လည္​း တော်​တော်​လေးကိုအကျပ်​ရိုက်​နေပြီဖြစ်​သည်​။ သူ​တောင်​ကြားကြားချင်း အံ့သြ​နေရင်​သူ့ရဲ့က​လေးကို လွယ်​ပေးထားရတဲ့​ ရှောင်းကျန့်​ဆို ဘယ်​လောက်​တောင်​ လန့်​သွားလိုက်​ရှာ​လေမလဲ။ ဒါ​တောင်​ရိ​ပေါ်က ကိုယ့်​အပြစ်​ကိုယ်​မသိပဲ​အော်​လိုက်​မိသည်​။

"​တောင်းပန်​ပါတယ်​ ကိုယ်​မ​အော်​ခဲ့သင့်​ဘူး"

"ရိ​ပေါ်​ ရှောင်းကျန့်​ကို ခဏ​လောက်​လွှတ်​ထား​ပေးလိုက်​"

"ကျိုးချန်​...."

ကျိုးချန်​ရေချိုးပြီးထွက်​လာ​တော့ ရိ​ပေါ်ကိုမ​တွေ့တာ​ကြောင့်​ ယန်​လီ့အခန်းကိုသွားကြည့်​တော့လည္​း မရှိတာမို့ ဟိုတယ်​ဝန်းထဲမှာ လိုက်​ရှာ​နေရင်း ရိ​ပေါ်ဆီကဖုန်းဝင်​လာပြီး ကြားလိုက်​ရတဲ့စကား​ကြောင့်​ ပိုက်​ဆံအိတ်​တောင်​မယူနိူင်​ပဲ ရိ​ပေါ်​ပြောတဲ့​ ဆေးရုံကို အမြန်​လိုက်​သွားရသည်​။

ဟို​ရောက်​တော့​ ဆေးရုံဝန်းထဲက ပန်းခြံအ​သေး​လေးထဲမှာ မျက်​နှာ​တွေရဲပြီး စိတ်​တို​နေပုံရတဲ့​ရှောင်းကျန့်​လက်​ကိုကိုင်​ပြီး စကား​ပြော​နေတဲ့ ရိ​ပေါ်။ အခုချိန်​မှာ​ သွေးဆူ​နေတဲ့​ရှောင်းကျန့်​က ဘယ်​လို​ပြော​ပြော လက်​ခံမှာမဟုတ်​မှန်းသိတာ​ကြောင့်​ ရိ​ပေါ်ကို​ပြောပြီး အိမ်​ပြန်​ပို့​ပေးရသည်​။ ဒါ​တောင်​ရှောင်းကျန့်​ဆိုတဲ့ ဟာ​လေးက သူ့ဟာသူပြန်​မယ်​လုပ်​နေလို့ မနည်း​တောင်းပန်​ပြီးပြန်​ပို့​ပေးလိုက်​ရတာ။

~~~~~~~~~

"တကယ်​ပဲ သူ့ဆီမှာ မင်းနဲ့ရတဲ့က​လေးရှိ​နေတာလား​ ယောကျာင်း​လေးတစ်​ယောက်​က​လေ"

"ဟုတ်​တယ်​ ငါလည္​း အစကအံ့သြ​နေ​ပေမယ့်​မယ့်​ ရှောင်းကျန့်​မှာ တကယ်​ပဲ ငါနဲ့ရတဲ့ကိုယ်​ဝန်​ရှိ​နေတာ"

"အဲ့​တော့ မင်းဘယ်​လုပ်​မှာလဲ"

"ငါသူ့ကို လက်​ထပ်​မယ်​"

"အဲ့ဒါဆိုယန်​လီက​ရော ယန်​လီ့ကို မင်းဘယ်​လိုလုပ်​မှာလဲ ပြီး​တော့ မင်းအဘွားကို​ရောဘယ်​လို​ပြောမှာလဲ"

"ငါတာဝန်​မဲ့တဲ့သူ မဖြစ်​ချင်​ဘူးကျိုးချန်​ မနက်​ဖြန်​ ပေကျင်းကိုပြန်​တာနဲ့ ငါသူ့ကိုတစ်​ခါထဲ​ ခေါ်သွားမယ်​"

"ဒါ​ပေမယ့်​ မင်း....."

"ရိ​ပေါ် ငါတို့စကား​ပြောသင့်​ပြီထင်​တယ်​"

"ယန်​လီ.."

ရိ​ပေါ်နဲ့စကား​ပြော​နေရင်း အခန်းထဲ​ရောက်​လာပြီး​ပြောတဲ့ ယန်​လီရဲ့စကား​ကြောင့်​ ကျိုးချန်​အလိုက်သိစွာ အခန်းပြင်​ကို​ ရှောင်​ထွက်​လာလိုက်​သည်​။

"ငါ​တောင်းပန်​ပါတယ်​"

"ဘာအတွက်​လဲ"

"နင့်​ကို သစ္စာ​ဖောက်​သလိုဖြစ်​သွားတဲ့အတွက်​"

"ရိ​ပေါ်ရယ်​ သစ္စာ​ဖောက်​တယ်​လို့​ပြောရ​အောင်​ နင်​နဲ့ငါ ရည်းစားအရာ​ရော​ရောက်​ခဲ့လို့လား"

"ငါ......"

"ဒီခရီးမှာ ငါနင့်​ကို​ခေါ်လာတာ​ ဂေဟာကကိစ္စသက်​သက်​ပဲလို့ ထင်​နေတာလား တကယ်​တော့ ငါတို့နှစ်​ယောက်​ရဲ့ ဆက်​ဆံ​ရေးအ​ကြောင်း​ သေချာ​ဆွေး​နွေးချင်​လို့ မထင်​မှတ်​ပဲ နင့်​ကိစ္စကြားလိုက်​ရ​တော့ အခုလို ရုတ်​တရက်​ကြီး​ပြောလိုက်​ရတာ"

"......."

အစက ယန်​လီ့ကိုလက်​ခံလာ​အောင ြောဖို့ခက်​ခဲမယ်​ထင်​နေ​ပေမယ့်​ အခုလိုယန်​လီကအစစအရာရာနားလည်​ပေးတဲ့အခါတွင်​တော့ သူမအ​ပေါ် အားနာစိတ်​တို့ပိုလာရသည်​။​ သေချာပြန်​စဉ်းစားကြည့်​ရင်​ ရိ​ပေါ်အ​နေဖြင့်​ ယန်​လီ့အ​ပေါ်အားနာမိတာအပြင်​ တစ်​ခြား​ဘာစိတ်​မှရှိမ​နေ။ အခုအချိန်​ ရိ​ပေါ်စိတ်​ထဲ စိုးမိုး​နေတာ​ရှောင်းကျန့်​။သူ့​ကြောင့်​နဲ့ အပြစ်​မရှိတဲ့​ ရှောင်းကျန့်​ကိုအခက်​မ​တွေ့​စေချင်​ဘူး။

___________________

​ရှောင်းကျန့်​မှန်​ရှေ့မှာ ရပ်​ပြီး ပြားချပ်​နေတဲ့ဗိုက်​လေးကို ကိုင်​ကြည့်​နေမိသည်​။ ဒီအထဲမှာ သူ့မျိုးဆက်​ပိစိ​လေးရှိ​နေတယ်​ဆိုတာ အခုထိမယုံနိူင်​သေး။ ဝမ်​ရိ​ပေါ်အ​ရှေ့မှာသာ မခံချင်​စိတ်​ကြောင့်​ ဖျက်​ချမယ်​ပြောလိုက်​ပေမယ့် လက်​တွေ့တွင်​တော့​ ရှောင်းကျန့်​မှာ အဲ့လိုမ​ကောင်းတဲ့စိတ်​ကူးမျိုး တစ်​စက်​က​လေး​တောင်​ရှိမ​နေ။

ဒါ​ပေမယ့်​ ရှောင်းကျန့်​အခု ဘယ်​လိုဆက်​လုပ်​ရမလဲ။ ဝမ်​ရိ​ပေါ်လို လက်​ထပ်​ရမယ့်​ မိန်းက​လေးရှိပြီးသား လူတစ်​ယောက်​က တာဝန်​အရဆိုတဲ့​ခေါင်းစဉ်​တစ်​ခုထဲ​ကြောင့်​ ရှောင်းကျန့်​နဲ့လက်​ထပ်​မယ်​ဆိုတာမျိုး​တော့ လက်​မခံချင်​ပါ။

​ရှောင်းကျန့်​တစ်​ယောက်​ထဲ ဒီက​လေးကို​မွေးဖို့ကလည္​း မဖြစ်​တန်​ရာ။ ပါးနဲ့မားကို​ရော ဘယ်​လို​ပြောရမလဲ။ က​လေး​ရေပါးပါးဘယ်​လိုလုပ်​ရမလဲ။

​ရှောင်းကျန့်​မှန်​ရှေ့မှာ အ​တွေးလွန်​နေတုန်း အိမ်​အောက်​ထပ်​ကဆူဆူညံညံအသံ​တွေ​ကြောင့်​ အခန်းအပြင်​ထွက်​ကြည့်​မိ​တော့ ပါးနဲ့မား​ရှေ့မှာ ဒူး​ထောက်​ကာ စကားတစ်​ခွန်းကိုပဲ ထပ်​တလဲလဲ​ပြော​နေတဲ့ဝမ်​ရိ​ပေါ်။

"ကျွန်​တော့်​ကို​ ရှောင်းကျန့်​နဲ့ လက်​ထပ်​ဖို့ခွင့်​ပြုပါ"

"ဝမ်​ရိ​ပေါ် ခင်​ဗျားရူး​နေတာလား"

ဒူး​ထောက်​နေတဲ့ဝမ်​ရိ​ပေါ်ကို အမြန်​ဆွဲထူကာ​ ပြော​တော့​ ဒေါသ​တွေကို အ​တော်​လေးထိန်းချုပ်​ထားပုံရတဲ့မားက

"​ရှောင်းကျန့်​ ဘာတွေဖြစ်​နေတာလဲ ငါ့ကို​သေချာရှင်းပြ"

"မား...."

"ငါ​မွေးထားတာ သား​ယောင်္ကျား​လေး​ဖြစ်​ပါရဲ့နဲ့​ သားမက်​အိမ်​ခေါ်လာတဲ့ အဖြစ်​မျိုး​တော့ ငါလုံးဝလက်​ခံမ​ပေးနိူင်​ဘူး"

"မား....ကျွန်​တော့်​မှာ ကိုယ်​ဝန်​ရှိ​နေတယ်​"

"​ရှောင်​ရှောင်းကျန့်​မင်း....."

လဲကျ​တော့မလိုဖြစ်​သွားတဲ့မားကို​ ထိန်း​ပေးဖို့ပြင်​လိုက်​ပေမယ့်​ တစ်​ချိန်​လုံး ဘာမှဝင်​မ​ပြောပဲ ငြိမ်​နေတဲ့ပါးက မားကိုအသာတွဲပြီး​ ပြောလိုက်​တဲ့စကား​ကြောင့်​ ရှောင်းကျန့်​ကမ္ဘာကြီးတစ်​ခုလုံး ပြိုကွဲသွားသလို ခံစားလိုက်​ရသည်​။

fahလာပါပြီရှင်​...​မျှော်​နေကြရဲ့လား
#fah🦄

Seguir leyendo

También te gustarán

2.7M 154K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.2M 65.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
25.5K 268 38
Jon wants to embrace his Targaryen heritage . Will Sansa agree ?
1.4M 126K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...