( အပေါ်ကပုံသည် ယန်ပုံဖြစ်ပါတယ်)
တစ်ပတ်ဆိုတဲ့အချိန်ဟာလည်း လျင်မြန်စွာကုန်ဆုံးခဲ့တယ်...ထိုတစ်ပတ်အတော်အတွင်း လန်ကျန့်နဲ့ရှောက်ဂျန်တုံ တို့ဟာ ရှောင်ကျန့်ပေါ်မှာထားရှိတဲ့ အချစ်တွေပိုပြီးတိုးလာခဲ့တယ်...ရှောင်ကျန့်ရဲ့အလိုတော်တိုင်း အရာအားလုံးဖြည့်ဆည်းပေးကြတယ်...
ရှောင်ကျန့်ကတော့ ဒီတစ်ပတ်အတော်အတွင်း စားလိုက်၊ အိပ်လိုက်၊ ဂိမ်းဆော့လိုက်၊ ကလိုက်နဲ့သာ အချိန်ကုန်ဆုံးခဲ့တယ်..တကယ်တော့ ရှောင်ကျန့်အရွယ်ဟာကျောင်းသွားတက်ရမှာဆိုပေမဲ့လည်း ရှောက်ဂျန်တုံနဲ့လန်ကျန့်တို့ဟာ ခြေထောက်ဒဏ်ရာပိုပြီး သက်သာလာမှသွားတက်ခိုင်းတာကြောင့် တစ်ပတ်နားခဲ့တယ်...
ဒီတစ်ပတ်အတော်အတွင်းလည်း ဘယ်သူ့မှမသိအောင် ရှောင်ကျန့်နဲ့ရိပေါ် အမြဲတမ်းဖုန်းခေါ်ဖြစ်ခဲ့ကြတယ်..ဒီကမ်ဘာမှာ လိင်တူချစ်ကြိုက်တာကို မုန်းတာကြောင့် ရှောင်ကျန့်ရယ် ရိပေါ်ရယ်ဟာ ဖုံးကွယ်ထားတာဖြစ်တယ်...ရိပေါ်ကတော့ပေါ်တင်တွဲပြီး ရှောင်ကျန့်ကသူ့အပိုင်ဆိုတာ ကြေညာချင်ပေမဲ့လည်း ရှောင်ကျန့်ကငြင်းခဲ့တာကြောင့် ငြိမ်နေရတော့တယ်...
ရှောင်ကျန့်အိမ်ထဲကနေအိမ်ပြင်မထွက်ရပေမဲ့လည်း သူမပျင်းအောင် လန်ကျန့်လာလိုက်၊ ရှောက်ဂျန်တုံလာလိုက်နဲ့ သူ့ကိုအဖော်ပြုပေးတယ်...အခုလည်းရှောင်ကျန့်သူ့အခန်းလေးထဲမှာ အကကရင်းအချိန်ကုန်ဆုံးနေတော့တယ်...
1 2 3 , 1 2 3 , 1 2 3, 1 2 3,...........
' တော်တော်...ရပ်လိုက်တော့ host ခေါင်းမူးတယ်...'
' မူးရင်မကြည့်နဲ့ကွာ......'
' ကျွန်တော်လည်းကြည့်ချင်တယ်လို့ထင်နေတာလား...host ရပ်လိုက်တော့ mission အကြောင်းတွေးလေ...'
' ဘယ်ကနေဘယ်လိုတွေးရမှာလည်း...'
' ပုကျိတောက်...'
'..................'
ရှောင်ကျန့်လည်းအကကတာ မော်လာတာကြောင့် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်ကိုလှဲချကာ...
' ဘာလိုလိုနဲ့ တစ်ပတ်တောင်ရှိပြီပဲ...ဒါနဲ့ဖားလေး ဦးလုံကျိုးက မပြန်လာသေးဘူးလား...ငါ့ဆီကိုလည်းဖုန်းမဆက်ဘူး...'
' ပြန်မလာသေးဘူး host နောက်တစ်လမှ ပြန်လာမှာ hostဆီကိုပဲ ဖုန်းမဆက်တာ ဟိုနှစ်ယောက်ကိုတော့ဆက်တယ်...host အကြောင်းတွေသူမေးပါတယ်...'
' အော်....ဟုတ်လား...ဦးလုံကျိုးနဲ့ဒီကိုယ်က စကားသိပ်မပြောပါလား....ပြီးတော့ ငါဒီကိုယ်သေရတဲ့အစနလေးနည်းနည်းတောင်မသိဘူး...ရူးချင်လာပြီနော်...'
' ရူးသွားလည်းကောင်းတာပေါ့..'
' သောက်ဖား...ဒါနဲ့ အခုလိုမျိုးသာယာနေတာတော့ နည်းနည်းသဘာဝမကျသလိုပဲ.... '
' သူ့ကိုယ်သူအတက်ကြီးများထင်နေလာမသိဘူး.....'
' ဘာ!!!! ဖားလေးမင်းငါ့ကို နှိမ်ဖို့ကြီးပဲ....'
' ဘာဖြစ်လည်း..ဟွန့်....'
' မင်း ....ထားပါ...ဒါနဲ့ယန်အဆင်ပြေရဲ့လား...'
' ကျွန်တော်လည်းမသိဘူး..အဆင်ပြေပါစေလို့ ဆုတောင်းပေးရတာပေါ့ ....'
' အင်း...ဒါနဲ့လင်းအန်ဘာလုပ်နေလည်း...'
' သိချင်ရင် pointပေး....'
' မင်းကလည်း အလကားပေး.....'
' ဆုတောင်း....'
'....................'
ဒေါက်...ဒေါက်...
" ဘယ်သူလည်း..."
ရှောင်ကျန့်အသံပေးရင် တံခါးကိုဆွဲဖွင့်လိုက်တာနဲ့ ချောမော်လှပတဲ့ မျက်နှာလေးကိုလည်းမြင်ရော ငေးနေတော့တယ်...
ဖားလေးကတော့ ငေးနေတဲ့သူ့hostရဲ့ ခြေထောက်ကိုစောင့်ကန်လိုက်တယ်...ထိုအခါမှ ရှောင်ကျန့်သတိပြန်ဝင်လာပြီး ...အရှေ့ကကို..
" ကိုကြီး ဘာကိစ္စလည်း...."
" မင်းအားလား...."
" ဟုတ်....အားတယ်.."
" ငါ့ကိုအထဲမဝင်ခိုင်းတော့ဘူးလား..."
" မေ့သွားလို့ ဟီးဟီး..ဝင်ဝင်..."
' နှာဘူး...'
' မင်းသောက်ပါးစပ်ပိတ်.....'
လန်ကျန့်လည်းရှောင်ကျန့်အခန်းလေးထဲက ဆိုဖာပေါ်မှာထိုင်ကာ သူ့အရှေ့မှာ အလုပ်ရှုပ်နေတဲ့ ရှောင်ကျန့်ကိုကြည့်ရင်း...သူရှောင်ကျန့်ကိုသဘောကျမိသွားတဲ့ ကိစ္စကိုပြန်လည်စဥ်းစားနေတော့တယ်...
အရင်ကဆိုရင် ရှောင်ကျန့်သူ့ကိုစကားလာပြောတိုင်း စိတ်ညစ်တက်တဲ့သူက အခုဆိုရင် ရှောင်ကျန့်ရဲ့အသံကိုမကြားရရင် မနေနိုင်ဖြစ်နေခဲ့ပြီ၊ သူ့အရှေ့မှာအမြဲတမ်း ပေါ်ပေါ်လာတက်တဲ့ သူကိုအရင်ကဆိုရင် ကြည့်မရခဲ့၊ ဒါပေမဲ့အခုတော့ မမြင်ရတိုင်းအကြောင်းအမျိုးမျိုးပြပြီး မြင်အောင်လုပ်နေမိတယ်...
* ဘာပဲဖြစ်ဖြစ်အခုကစပြီး ရှောင်ကျန့်ကို ငါ့အပိုင်ဖြစ်အောင် ဘယ်လိုနည်းနဲ့ပဲ သုံးရပါစေ ငါ့အပိုင်အဖြစ်လုပ်ပြမယ်..ငါ့ဆီကနေလုယူဖို့ကြိုးစားတဲ့သူတိုင်းကိုလည်း သတ်ဖို့ဝန်လေးမှာမဟုတ်ဘူး....*
" ကိုကြီး....ကိုကြီး...ဝေ့...ကိုကြီး..."
" အင်...ဘာဖြစ်လို့လည်း..."
" ဘာမှမဖြစ်ပါဘူး...ခုနကထဲက ကိုကြီးကိုခေါ်နေတာ တစ်ခုခုများဖြစ်နေလားလို့...နေမကောင်းလို့လား...."
" မဟုတ်ပါဘူး....."
" အော်....."
ဒီလိုနဲ့ပဲ နှစ်ယောက်သားနောက်ထက်စကား မပြောဖြစ်ကြတော့ပဲ တိတ်သွားကြတော့တယ်...ရှောင်ကျန့်ကတော့ တောင်ကြည့်မြောက်ကြည့်လိုက်နဲ့ မျက်လုံးဂနာမငြိမ်ဖြစ်နေလေတယ်..ဘာကြောင့်လည်းဆိုတော့ သူ့ကိုစိုက်ကြည့်နေတဲ့ လန်ကျန့်ကြောင့် နေရထိုင်ရခက်နေသည်။
' ဖားလေး....ဘာပြောသင့်လည်း...ငါနေရတာတစ်မျိုးကြီးပဲ...'
' လန်ကျန့်ကို တက်လုပ်လိုက်....'
' ဘာ!!!!!!!!...'
' host ရယ် ကျွန်တော်ကစတာကို ဖြေးဖြေးအော်ပါ...အခုစမ်းသပ်လိုက်လေ....ရိပေါ်လိုမျိုးပေါ်တင်မေးလိုက်ပါလား...'
' အဆင်ပြေပါ့မလား.....'
' ပြေမှာပါ hostရာ မပြေရင် host သေတဲ့ အခါအပြစ်ပေးကမ်ဘာကို ကြိုတင်ပြင်ဆင်ပေး....'
' တော်တော့..ပါးစပ်ပုတ်ကြီးနဲ့.......ကဲကဲ ပေါ်တင်ပဲမေးလိုက်တော့မယ်...'
" ကို......"
" ကိုမင်းကိုချစ်တယ်..."
"...................."
' မိုက်တယ်ကွာ...မထင်ထားဘူး.....လန်ကျန့်ကလည်း host ရဲ့လင်ပဲသိလား...ဒီကမ်ဘာကသောက်လန်းကြီး hostလင်နှစ်ယောက်တောင် ရှိမယ်မထင်ထားဘူး...ကျွန်တော်သိမ်းလိုက်ပြီ သူ့ရဲ့အပိုင်းအစနောက်တစ်ခုကို.....'
' ငါဘာမှမလုပ်ပဲနဲ့တောင် ရိပေါ်ကငါ့ကိုကြိုက်နေပြီ...အယ်...ကိုယ်ကိုယ်ကိုတောင်ဘဝမြင့်ချင်တဲ့ စိတ်တွေပေါက်လာပြီ...'
' ဘဝင်ရူး....'
'...................'
ရှောင်ကျန့်ဖားလေးနဲ့စကားပြောနေတာကြောင့် အပြင်ဘက်မှာဖြစ်ပျက်နေတာကို ရှောင်ကျန့်သတိမထားမိ၊ လန်ကျန့်ကတော့ သူချစ်တယ်လို့ ပြောပြီးပြီးချင်း ခေါင်းငိုက်စိုက်သွားတဲ့ ရှောင်ကျန့်ကြောင့်သူ့ကိုများ မကြိုက်ဘူးလို့ ထင်မှတ်သွားကာ ထိုင်နေရာနေထလိုက်ပြီး ရှောင်ကျန့်ဆီကိုလျောက်သွားလေတယ်....
ရှောင်ကျန့်နားကိုလည်းရောက်ရော သူ့လက်နဲ့ရှောင်ကျန့်မေးလေးကို ကိုင်ပြီးအပေါ်မော့ခိုင်းစေခဲ့တယ်...ရှောင်ကျန့်ကတော့ ရုတ်တရပ်ဆန်လွန်းလှတဲ့ လန်ကျန့်ရဲ့အပြုအမူကြောင့် သူ့ရဲ့မေးကိုလာကိုင်တဲ့ လက်ကိုရိုက်ချလိုက်မိတယ်...
နောက်မှသူသိလိုက်ရတာဟာ ရိုက်လိုက်တဲ့ လက်ကလန်ကျန့်လက်ဆိုတာကိုပဲ။
ရှောင်ကျန့် -...............
" အဟမ့်...ဟို...ဟိုဟာလေ.... ကိုကြီး...ခု..ခုနကမတော်တဆ..ဟီးဟီး..."
" ကို့ကိုဘယ်လိုသဘောထားလည်း...."
" ဟို...အဲ့ဒါကလေ....ဟို...ကိုကြီးကိုအမှန်တိုင်းပြောစရာရှိတယ်..."
" ပြော...."
" အရင်ဦးဆုံးထိုင်လိုက်ပါလား....ညောင်းနေမှာဆိုးလို့..."
" အင်း....ပြောတော့....."
" တကယ်တော့လေ..ကျွန်တော်မှာရည်းစားရှိတယ်....အဲ့တစ်ယောက်နာမည်က ဝမ်ရိပေါ်.."
" ..................."
" ကျွန်တော်လေရိပေါ်ကိုအရမ်းချစ်တယ် ကျွန်တော်ကလောဘကြီးတဲ့လူသားတစ်ယောက် အဲ့ဒါကြောင့်ကိုကြီးကိုလည်း ကျွန်တော်ချစ်တယ်...."
လန်ကျန့် -.................
ဖားလေး -..................
what what...ဘယ်...ဘယ်လို...ပေါ်တင်ကြီးကိုပြောလိုက်တယ်...ဝါး.....host ကမလွယ်ပါလား...ဟိုတစ်ယောက်ကထမသတ်ရင်ကျေးဇူးတင်...တင်.....အား..ဘာ...
တွေလည်း...လန်ကျန့်ဆိုတဲ့တစ်ယောက်ရူးသွားတာလား....
ဖားလေးမြင်လိုက်ရတာဟာ လန်ကျန့်ကစပြီးရှောင်ကျန့်ကိုနမ်းလိုက်တာဖြစ်တယ်...ရှောင်ကျန့်ကတော့ ကြောင်နေပေမဲ့လည်း လန်ကျန့်ကတော့ အနမ်းတွေကိုကျွမ်းကျင်စွာနမ်းနေတော့တယ်....လန်ကျန့်နမ်းလို့လည်းဝရော..ပြန်ခွာလိုက်ကာ..
" ရတယ်...ကို့အနားမှာရှိရင် ကျေနပ်ပြီ..."
"..................."
လန်ကျန့်ဟာကြောင်နေသေးတဲ့ ရှောင်ကျန့်ရဲ့ကိုယ်လေးကို သူ့ရဲ့ရင်ခွင်လေးထဲထည့်ကာပွေ့ဖက်နေတော့တယ်...
' host...အသက်ရှိသေးလား.....'
' ဘာ...ဘာတွေဖြစ်သွားတာလည်း...ဒီလောက်ထိမြန်မြန် သဘောတူမယ်လို့မထင်ထားဘူး....'
' ကျွန်တော်ရောပဲ....'
ရှောင်ကျန့်နဲ့ဖားလေးအမြင်မှာတော့ လန်ကျန့်ဟာ စိတ်သဘောထားကြီးမြတ်တဲ့ သူတစ်ယောက်လို့သာမြင်နေကြတော့တယ်..တကယ့်တကယ်မှာတော့ လန်ကျန့်ဟာ....
* ရှောင်ကျန့်မသိအောင်ဝမ်ရိပေါ်ဆိုတဲ့ တစ်ယောက်ကိုငါသတ်ရမယ်...ငါပိုင်တဲ့လူသားကိုငါကလွဲပြီး ဘယ်သူမှမပိုင်ဆိုင်ရဘူး...ပိုင်ဆိုင်ဖို့ကြိုးစားရင်ငါကိုယ်တိုင်သတ်ပြစ်မယ်....ရှောင်ကျန့်ကငါ့အပိုင်ပဲ ဝမ်ရိပေါ်ပြီးရင် ရှောက်ဂျန်တုံအလှည့်ပဲ*
လန်ကျန့်ရဲ့အတွေးတွေကိုမသိတဲ့ ရှောင်ကျန့်လေးကတော့ လန်ကျန့်လေးကိုသာဖက်နေပြီး အပျော်တွေလွန်နေတော့တယ်...နှစ်ယောက်သားချစ်သူဖြစ်သွားတာကို ဘယ်သူ့ကိုမှမပြောဖြစ်ကြ။ ညရောက်တော့လည်း ရိပေါ်နဲ့ဖုန်းပြောဖြစ်ခဲ့ကြတယ်....
" ကျန့်ကျန့် ကိုမင်းကိုတွေ့ချင်တယ်...ကိုတို့မတွေ့တာတော်တော်ကြာပြီနော်..."
" ကျွန်တော်လည်းတွေ့ချင်ပါတယ် ပေါ်ပေါ်ရဲ့ ဒီလိုလုပ်လေမနက်ဖြန်ကျရင် ကျွန်တော်ကိုလာကြိုပါလား...."
" တကယ်....တကယ်လား...ကျန့်ကျန့်...အဲ့ဒါဆိုကိုမနက်ဖြန်ကျရင်လာကြိုမယ်..."
" ဟုတ်...ဒါနဲ့ပေါ်ပေါ်ကိုမေးအုန်းမယ်....ပေါ်ပေါ် လင်းအန်ဆိုတဲ့တစ်ယောက်နဲ့ စကားပြောဖြစ်သေးလား...."
" ဘာများလည်းလို့ ..စိတ်သာချလိုက်ပါ ကိုအဲ့တစ်ယောက်နဲ့ စကားတောင်မပြောဘူး.."
" သေချာလား...."
" လုံးဝကိုသေချာတယ်...."
ထိုနေ့ညမှာလည်း ရှောင်ကျန့်တို့ဟာ ည၁၂နာရီထိ ဖုန်းပြောဖြစ်ခဲ့ကြတယ်...
.
.
.
.
' fuck ပဲ ထင်တော့ထင်သားပဲ ငါ့ရဲ့ဘဝက အေးဆေးသာယာမှာမဟုတ်ဘူးဆိုတာကို....'
' host ရယ်စိတ်ထိန်း....'
' ချီးကိုစိတ်ထိန်း ငါအဖမ်းခံနေရတာကို စိတ်ထိန်းနိုင်မယ်ထင်လား...'
အခုဆိုရင်ရှောင်ကျန့်ဟာဟောင်းနွှဲလှတဲ့ ဂိုထောင်ကြီးတစ်ခုမှာ အဖမ်းခံနေရချင်းဖြစ်တယ်...ဖြစ်စဥ်က ဒီနေ့မနက်ကျောင်းကိုသွားတဲ့လမ်းမှာ လူတစ်စုရဲ့ဖမ်းဆီးချင်းကိုခံခဲ့ရတယ်..ဘယ်သူဖမ်းခိုင်းတာလည်း ရှောင်ကျန့်မသိသေးချေ။
အခုတော့မျက်လုံးကို ပါဝါအမဲနဲ့စည်းခံထားရပြီး လက်တွေခြေထောက်တွေရော ကြိုးနဲ့ပါတုတ်ခံထားရတယ်...ဖားလေးကတော့ဘေးနားက သူ့ရဲ့hostကို နှစ်သိပ်ပေးနေရှာပါတယ်...
' host အတွက်အပြစ်ဒဏ် ကမ်ဘာကိုကြိုတင်ပြင်ဆင်ထားပေးပါမယ်....'
' fuckပဲသိလား ဖားလေး...ဟုတ်သား လန်ကျန့်နဲ့ရိပေါ်ဆီကိုပို့ပေးလိုက်အုန်း ငါရောက်နေတဲ့နေရာကို ...'
' pointပေး မပေးရင်မပို့ပေးဘူး....point-30 ...'
' ဘာ...30 ကြီးတောင်...ဒါ..နှုတ်လိုက်တော့....'
' ok နှုတ်လိုက်ပြီ...အခုhostရဲ့ တည်နေရာကို လန်ကျန့်နဲ့ရိပေါ်တို့ဆီပို့လိုက်ပြီ....'
' အင်း...ဒါနဲ့ငါ့ကိုဘယ်သူဖမ်းတာလည်း....'
' သိချင်ရင် point ပေး....'
' မပေးဘူး...ခနနေရင် ငါ့ကိုဖမ်းတဲ့သူတွေလာမှကြည့်လိုက်မယ်...'
' ဟွန့်...မပေးနဲ့ပေါ့..'
ခနအကြာမှာတော့ ရှောင်ကျန့်ကိုဖမ်းခေါ်ထားတဲ့ ဂိုထောင်ကြီးထဲကိုလူတစ်စုဝင်ရောက်လာခဲ့တယ်..ရှောင်ကျန့်ဟာမျက်လုံးအစည်းခံထားရတာကြောင့် သူ့ဆီလာသူတွေကိုမမြင်ရပေ။ဒါပေမဲ့ဖားလေးကတော့ ဝင်လာတဲ့သူတွေကိုမြင်ပြီး....
ဟယ်...ထင်တော့ထင်ထားပဲ အဲ့တစ်ယောက်ပြုံးနေထဲက တစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိထားပြီးသား host လည်းကံဇာတာတွေအရမ်းရမ်းကို တက်နေတာပဲ ၊
ပထမကမ်ဘာမှာလည်းအဖမ်းခံရ၊ အခုလည်းဒီကမ်ဘာမှာ အဖမ်းခံရနဲ့ သနားလိုက်တာ......
" မျက်လုံးစီးထားတာကို ဖြုတ်လိုက်...."
" ဟုတ်ကဲ့.... "
ရှောင်ကျန့်သူ့ရဲ့မျက်လုံးစည်းထားတာကို ချွတ်ခံလိုက်ရပြီးတာနဲ့ သူ့ကိုဖမ်းထားတဲ့သူတွေကို ဝေ့ပတ်ကြည့်လိုက်တယ်...
ရှောင်ကျန့်သူရင်းနှီးတဲ့မျက်နှာကိုလည်း မြင်ရော....
' ဖားလေးမင်းထင်တာမှန်သွားပြီပဲ...လင်းအန်ဒီလောက်ထိငြိမ်ချက်သားကောင်းနေတာက ကောင်းသောအရာမဟုတ်ဘူးပဲ....'
' ကျွန်တော်ပြောပါတယ် hostရယ်.. လင်းအန်ဘေးနားက လူကြီးကရိပေါ်ရဲ့ အဖေပဲ....'
' အော်....'
' မအံ့သြဘူးလား....'
' အံ့သြစရာလား လင်းအန်တစ်ယောက်ထဲငါ့ကိုဖမ်းနိုင်မယ်ထင်လို့လား...တခြားတစ်ယောက်ကို ခေါ်မှာပဲလေ...ရိပေါ်အဖေဖြစ်မယ်ဆိုတာ ငါကြိုတင်ပြီတွေးပြီထား.....'
' host ဘယ်လိုဆက်လုပ်မလဲ....'
' ဟိုနှစ်ယောက်ဘယ်တော့ရောက်မှာလည်း....'
' နောက်တစ်နာရီ...'
' ဘာ....တစ်နာရီ ...သွားပါပြီကွာ...ကိုယ့်အားကိုယ်ကိုးရတော့မယ်...တစ်နာရီလောက်အချိန်ဆွဲရတော့မှာပဲ....'
' စိတ်မပူပါနဲ့host အပြစ်ပေးကမ်ဘာကို ကြိုတင်စီစဉ်ထားပေးပါမယ်....'
'..................'
အော်...အားတက်စရာကြီးပါလား...အရင်ကလည်းငါအဖမ်းခံရတုန်းက ဒီလိုပဲအပြောခံထားရတာ အခုလည်း....သောက်ဖားစုတ်....
ရိပေါ်အဖေ- မင်းငါ့သားနားကနေ ထွက်သွားမလား ဒါမှမဟုတ် ငါမင်းကိုသတ်ရမှာလား...
ရှောင်ကျန့် - ခင်ဗျားမသတ်နိုင်ပါဘူး...
ရိပေါ်အဖေ- ငါမင်းကိုမသတ်ရဲဘူးထင်နေတာလား...
ရှောင်ကျန့် - ထင်တာပေါ့ တကယ်လို့သာခင်ဗျား ကျွန်တော်ကိုတကယ်သတ်ချင်ရင် ခင်ဗျားရဲ့လူတွေကို ဖမ်းခိုင်းထဲသတ်ခိုင်းလို့ရတယ်..ဒါပေမဲ့ခင်ဗျားမသတ်ခိုင်းပဲ ခေါ်လာခိုင်းတယ်..အဲ့ဒါအပြင် ကျွန်တော်ကခင်ဗျားထိလို့ရတဲ့ သာမန်လူမဟုတ်ဘူးဆိုတာ ခင်ဗျားသိလိုပဲ မဟုတ်ဘူးလား...ပါးပါး..
ရိပေါ်အဖေ- ဘယ်သူကမင်းပါးပါးလည်း..
ရှောင်ကျန့် - ခင်ဗျားကရိပေါ်ရဲ့အဖေမှတ်လား...အဲ့တော့ပါးပါးပေါ့...
ရိပေါ်အဖေ- မင်းငါ့ကိုပါးပါးလို့ ခေါ်စရာမလိုဘူး..မင်းလိုအခြောက်ကပါးပါးလို့အခေါ်ခံရတာ ရွံတယ်....
လင်းအန် - ရှောင်ကျန့်မင်းရိပေါ်ရဲ့ အဖေကိုပါးပါးလို့ခေါ်ဖို့ ထိုက်တန်လို့လား..အိမ်မက်မက်မနေနဲ့..ဟုတ်တယ်မှတ်လားပါးပါး...
ရိပေါ်အဖေ- သားလင်းအန်ပြောတာမှန်တယ်...မင်းခေါ်စရာအကြောင်းမရှိဘူး...မင်းတို့အခြောက်တွေခေါ်တာခံရတာ နားခါးတယ်...
ရှောင်ကျန့် - အော်...အခြောက်တွေကပါးပါးလို့အခေါ်ခံရတာ နားခါးတယ်ဆိုတော့...ခင်ဗျားကြီးက တကယ်ငတုံးပဲ ကျွန်တော်ကခင်ဗျားကိုညဏ်ကောင်းလှမယ်ထင်ထားတာ..ဒါပေမဲ့အခုတော့...
ရိပေါ်အဖေ- ဘာ...မင်း...
လင်းအန် - မင်းအကြီးကိုပြောစရာလား...ယဥ်ကျေးမူ့လေးမရှိဘူးလား...
ရှောင်ကျန့် - ဟာသပဲ...လင်းအန်လင်းအန် မင်းကလေသူများကိုတော့ မကောင်းကြံတယ်..ကိုယ်ကိုယ်တိုင်ကျတော့ နတ်သားလေးတစ်ပါးလို ဟန်ဆောင်ထားတဲ့ ဘီလူးကြီးပါလား...
လင်းအန် - ဘာ....
ရှောင်ကျန့် - ကဲကဲ ကျွန်တော်စကားအရစ်မရှည်တော့ဘူး ဒဲ့ပဲပြောတော့မယ်..ဒီမှာပါး...မှားလို့ ဒီမှာဦးလေး ဦးလေးခုနကပြောတယ်နော်..အခြောက်တွေကဦးလေးကိုပါးပါးလို့ခေါ်ရင် ရွံတယ်လို့ပြောတယ်နော်...
ရိပေါ်အဖေ- ဟုတ်တယ်ရွံတယ် အသေကိုရွံတာ...
ရှောင်ကျန့် - အဲ့ဒါဆိုရင် ဘာကြောင့် လင်းအန်ကဦးလေးကို ပါးပါးလို့ခေါ်တာ မရွံရတာလည်း...ဟုတ်သားကျွန်တော်မေ့နေတာပဲ သူကသူ့ကိုယ်သူအခြောက်ဆိုတာ မပြောထားတော့ ဦးလေးဘယ်သိမလဲ....
ရိပေါ်အဖေ- ဘာ....လင်းအန်မင်းက..
လင်းအန် - ပါးပါး အထင်လွဲနေတာ သူပြောတာမယုံနဲ့...
ရှောင်ကျန့် - ကျွန်တော်ပြောတာမယုံနဲ့ဆိုရင် ရိပေါ်ပြောရင်ယုံလို့ပြောတာလား...လင်းအန်ကဂေးဆိုတာ ကျွန်တော်တစ်ယောက်ထဲသိတာမဟုတ်ဘူးနော်...ရိပေါ်ပါသိတယ်..အဲ့ဒါအပြင် လင်းအန်ကရိပေါ်ဆီကနေတောင် မဖြေတောင်းပြီးပြီ ရိပေါ်ကသူ့ကိုမရွေးပဲ ကျွန်တော်ကိုရွေးတာကြောင့် ဦးလေးဆီကို ပြောပြတာနေမှာပေါ့..ဦးလေးသူပြောမှသိတာမှတ်လား ကျွန်တော်နဲ့ရိပေါ်က ရည်းစားတွေဆိုတာကိုလေ...
ရိပေါ်အဖေ-...............
ရှောင်ကျန့် - သူအပိုင်ရတဲ့အရာကို တခြားတစ်ယောက်ပိုင်သွားတော့ အဲ့ပိုင်သွားတဲ့တစ်ယောက်ကို အရင်အကောင့်ကြံမယ်..ပြီးရင် သူပိုင်ဆိုင်ချင်တဲ့သူကိုကြားထဲက ဖြတ်ခုတ်ယူမယ်...ဟုတ်တယ်မှတ်လား လင်းအန်~~~~~
လင်းအန်- မင်း...မင်း...မဟုတ်တာမပြောနဲ့....
ရှောင်ကျန့် - အော်...ခင်ဗျားကမဟုတ်တာမပြောနဲ့ဆိုတော့...ခင်ဗျား ရိပေါ်ကိုတကယ်မချစ်ဖူးပေါ့...
လင်းအန် - မင်း..ဘာပြောတာလည်း...ငါကရိပေါ်ကိုမင်းထက်ကြားအောင်ပိုချစ်လာတာကွ...တဣသိုလ်မှာ မြင်မြင်ချင်းချစ်.....
ရှောင်ကျန့် - ဟားဟား..ကဲကဲ မြင်ပြီလားဦးလေး ဦးလေးသားတော်ထားတဲ့တစ်ယောက်က ကျွန်တော်လိုပဲ အခြောက်တစ်ယောက်ဆိုတာမသိဘူးမှတ်လား ... အခြောက်တစ်ယောက်ကလိမ်လည်လှည့်ဖြားနေတာကိုလည်း ဦးလေးမသိဘူးပဲ သနားလိုက်တာ ကျွတ်ကျွတ်...
လင်းအန် - ပါး..ပါးပါး ဒါ..ဒါက
ရိပေါ်အဖေ- ပါးစပ်ပိတ်ထားစမ်း..မင်းငါ့ကိုပါးပါးလို့ မခေါ်စမ်းနဲ့...မင်းနဲ့ငါနဲ့အရင်စာရင်းရှင်းမယ်..ငါနောက်လိုက်ခဲ့...
လင်းအန်- ဟုတ်....
ရိပေါ်အဖေ- မင်းတို့ကတော့အပြင်ကနေ ရှောင်ကျန့်ကိုစောင့်ကြည့်ထား...
" ဟုတ်ကဲ့..."
လင်းအန်ကတော့ ဒေါသထွက်နေတဲ့ရိပေါ်အဖေနောက်ကိုသာ လိုက်သွားရတော့တယ်...မသွားခင်လေးတောင် ရှောင်ကျန့်ကိုကြည့်ပြီး...
" မင်းကိုငါဒီတိုင်းမထားဘူး....ငါကိုယ်တိုင်သတ်ပြစ်မယ်မင်းကို..."
" အော်အော်..ကြောက်လိုက်တာဗျာ အရမ်းရမ်းကိုကြောက်တယ်..ဟန့်...ခင်ဗျားကျွန်တော်ကိုမသတ်ခင် အရင်ဦးဆုံး ရိပေါ်ပါးပါးနဲ့ အဆင်ပြေအောင်လုပ်လိုက်ပါအုန်း......"
" ဟမ့်...."
ဒီလိုနဲ့ပဲ ရှောင်ကျန့်အဖမ်းခံထားရတဲ့ ဂိုထောင်လေးဟာတော့ ပြန်လည်တိတ်ဆိတ်သွားတော့တယ်....
' host ကတော်လိုက်တာ.... '
' ဒီလိုပဲလေ ငါကတော်ပြီးသား..... '
' မြှောက်ပင့်မီတာငါ့အမှားပါ....'
' မင်းအမှားမဟုတ်ပါဘူးကွာ...တော်နေတဲ့ငါ့ရဲ့အမှားပါ...'
' ဘဝင်ရူး....'
' မနာလိုဖြစ်နေပြီးတော့...ဒါနဲ့ဖားလေး ဟိုအဖွဲ့တွေမလာသေးဘူးလား....'
' ရောက်ဖို့လိုသေးတယ်hostရဲ့..တော်တော်လေးလိုသေးတယ်....'
' ဟုတ်လား...ငါအခုထိ ဒီကိုယ်ရဲ့ ဆန္ဒတွေမဖြည့်ပေးရသေးဘူး...အခုထိသူသေရတဲ့အကြောင်းအရင်းသေးသေးလေးလည်း မသိ၊ ရိပေါ်အန်လင်းကိုအသေမုန်းအောင်လည်း ငါမလုပ်...လုပ်...အား..ဖားလေးဘာဖြစ်နေတာလည်း...ငလျင်လှုပ်နေတာလား.....'
ရှောင်ကျန့်စကားပြောရင်း မြေပြင်လှုပ်ခတ်လာတာကြောင့် သူထိုင်နေတဲ့ခုံလေးတောင်လဲကျသွားခဲ့တယ်..
' ဖားလေး..ငလျင်လှုပ်နေတာလား....'
' မကောင်းတော့ဘူး host ဒီကမ်ဘာကနေထွက်ရအောင် ....'
' ဘာလို့ထွက်ရမှာလည်း...ငါအခုထိ....'
' စိတ်ချပါhost ရယ် mission ကိစ္စဆိုရင် ရတယ်သိလား...အပြစ်ပေးလည်းမခံရဘူး...'
' ငါဆိုးရိမ်တာအဲ့ဒါမဟုတ်ဘူး...ငါ့ရိပေါ်နှစ်ယောက်နဲ့ papaမလုပ်ရသေးဘူး....'
' သောက်host သူတောင်းစားhost ခွေးသူတောင်းစားhost ဖာ့စ်ခရုပဲ ခွေးသား ဘောပဲ ဖုန်ရူလိုက်သိလား...သူများကတော့ mission ကြောင့်စိတ်မကောင်းဖြစ်နေတယ်ထင်သား...ဒီသောက်host ကသူ့လင်နှစ်ယောက်နဲ့ papaမလုပ်ရလို့ ဖြစ်နေတယ်ပေါ့...
အဲ့လောက်ဖြစ်နေရင်လည်း နောက်အခါကျရင် host လင်၁၀ယောက်ရှိတဲ့ နေရာကိုပို့ပေးမယ်သိလား...တစ်ခါထဲ ပြဲသွားအောင်လို့..သူတောင်းစားhost ရေ host ရဲ့ ဝိညာဥ်ပြိုကွဲလိမ့်မယ်သိလား..host အစုတ်ပလုတ်ရဲ့ အခုချက်ချင်းစိတ်ကိုလျော့စမ်း....'
' ဟုတ်..ဟုတ်...'
ထိုအခါမှ ဖားလေးဟာတော့ဒီကမ်ဘာကနေ ထွက်လို့ရအောင်အမှတ်စဥ်တွေကိုလျင်မြန်စွာ ရေတွက်နေတော့တယ်...ရှောင်ကျန့်မကူးပြောင်းအောင် ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်လည်း ဖားလေးမရှိရှိတဲ့ သွေးတောင်စောင့်တက်သွားတော့သည်။
" သုံးယောက်ဆိုရင်ဘယ်လိုခံစားရလည်း သိချင်ပါတယ်ဆိုမှ...ကံဆိုးလိုက်တဲ့ဘဝ..."
"..................."
.................................................................
စာရေးဆရာ - ငါလေ ရှောင်ကျန့်အဖြစ်ကိုကြည့်ပြီး ငိုပေးရမလား ဝမ်းနည်းပေးရမလား ရယ်ရမလားတောင်မသိတော့ဘူး..
ဖားလေး - ငါဆိုရင်လေ မရှိရှိသွေးတောင်တက်စောင့်ချင်တယ်သိလား..အဲ့လောက်ထိကိုဒေါသထွက်နေတာ..သူ့ရဲ့ဝိညာဥ်ပျက်စီးသွားမှာကြောက်လို့ လုပ်ပေးနေတာကို သူက....ပြောရင်းနဲ့ဒေါသထွက်လာပြီ...
စားရေးဆရာ - စိတ်ထိန်းပါဖားလေးရယ်..အမှန်အတိုင်းပြောရရင်လေ ငါလည်းဒေါသထွက်တယ်သိလား..သူတို့သုံးယောက်ရဲ့ papaကို မကြည့်လိုက်ရတာကိုတော်တော်ဒေါသထွက်တယ်...
ဖားလေး - ငါရောပဲ ငါလည်းHDရိုက်ဖို့ ကြံထားတာ..တကယ်ပါပဲ စိတ်ပျက်တယ်...
......................
အားလုံးပဲအရင်ကအပိုင်းမှာသတိထားမိလား ဇာတ်လိုက်လင်းအန်ဆိုတဲ့ နာမည်ကအမှန်ပါ ဒါပေမဲ့ ကျွန်တော်ရေးတာသတိမထားမိလိုက်တဲ့အချိန် လင်းအန်ကနေ အန်လင်းဖြစ်သွားခဲ့တယ်..😅😅😅
ဆိုးတာကပြန်ပြင်လို့အဆင်မပြေတာကြောင့် သည်းခံပေးပါနော်🙇🙇🙇🙇♀️🙇♀️
တကယ်နာမည်က လင်းအန်ပါ၊ လာသတိပေးတဲ့ သူလေးကိုကျေးဇူးတင်ပါတယ်🙇♀️🙇♀️🙇🙇
နှစ်သစ်မှာဒေါသမထွက်သင့်ပါ😊😊😊
(Zg)
1 2 3 , 1 2 3 , 1 2 3, 1 2 3,...........
' မူးရင်မကြည့်နဲ့ကွာ......'
' ပုကျိတောက်...'
'..................'
' ဘာဖြစ်လည်း..ဟွန့်....'
' သိချင်ရင် pointပေး....'
' မင်းကလည်း အလကားပေး.....'
' ဆုတောင်း....'
'....................'
ဒေါက်...ဒေါက်...
" ဘယ်သူလည်း..."
" ကိုကြီး ဘာကိစ္စလည်း...."
" မင်းအားလား...."
" ဟုတ်....အားတယ်.."
' နှာဘူး...'
' မင်းသောက်ပါးစပ်ပိတ်.....'
" အင်...ဘာဖြစ်လို့လည်း..."
" မဟုတ်ပါဘူး....."
" အော်....."
' ဘာ!!!!!!!!...'
' အဆင်ပြေပါ့မလား.....'
" ကို......"
" ကိုမင်းကိုချစ်တယ်..."
"...................."
' ဘဝင်ရူး....'
'...................'
ရှောင်ကျန့် -...............
" ပြော...."
" အင်း....ပြောတော့....."
" ..................."
လန်ကျန့် -.................
ဖားလေး -..................
"..................."
' host...အသက်ရှိသေးလား.....'
' ကျွန်တော်ရောပဲ....'
" သေချာလား...."
" လုံးဝကိုသေချာတယ်...."
.
.
.
.
' host ရယ်စိတ်ထိန်း....'
' သိချင်ရင် point ပေး....'
' ဟွန့်...မပေးနဲ့ပေါ့..'
" ဟုတ်ကဲ့.... "
' အော်....'
' မအံ့သြဘူးလား....'
' နောက်တစ်နာရီ...'
'..................'
ရိပေါ်အဖေ- ဘာ...မင်း...
လင်းအန် - ဘာ....
ရိပေါ်အဖေ-...............
လင်းအန်- ဟုတ်....
" ဟုတ်ကဲ့..."
" ဟမ့်...."
' host ကတော်လိုက်တာ.... '
' ဘဝင်ရူး....'
' ဟုတ်..ဟုတ်...'
"..................."
.................................................................
......................