🦋7🦋

742 104 2
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                      🦋7🦋

       သစ်သီးခြင်းတစ်ခြင်းကို လက်ကဆွဲလျက် သူတို့နှစ်ယောက် တိမ်လွှမ်းတောင်ထွတ်မှ ထွက်လာခဲ့သည်။ ဓားပျံစီးရအောင်လည်း လော့လော်က ဓားပျံကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတာမို့ နှစ်ယောက်အတူ ခြေလျင်ခရီးဖြင့် တောင်အောက်က ကျင့်ကြံသူတို့စျေးကွက်သို့ ဆင်းလာ၏။

       ငါးနှစ်လုံးလုံး တောင်တွင်းအောင်းနေသူက ရုတ်တရက် အပြင်ထွက်လာတာကို မြင်ကြသောအခါ နှာခေါင်းရှုံ့ကာ လိုက်ကြည့်သူများ၊ သူတို့သွားမည့်လမ်းပေါ်ကနေ ဝေးဝေးသို့ ရှောင်ဖယ်ကြသူများ စသည်ဖြင့် တောင်အောက်ဆင်းရာလမ်းတွင် လူထူးဆန်းကြီးလို ဖြစ်နေတော့သည်။

       တောင်ဆင်း လှေခါးများအတိုင်း ဖြည်းဖြည်းချင်းသာ ဆင်းလာခဲ့၏။ ဟွမ်ကျင်းရွှေက လက်နှစ်ဖက်နောက်ပစ်လျက် သူမဘေးမှ လိုက်လာပေးသည်။

"ဒီမှာ မင်းဘဝအမှန်ကို ဘယ်သူတွေသိလဲ"
"ရှစ်ဇွင်းကလွဲရင် ဘယ်သူမှ မသိလောက်သေးဘူး"

"မင်းငါ့ကို ရှစ်ဇွင်းလို့ မခေါ်လည်းရတယ်... "
"ဒါဆို ဟွမ်ရှန်းကျွင်းလို့ ခေါ်ရမလား... ဒါမှမဟုတ် အစ်ကိုဟွမ်.... ဒါမှမဟုတ်ရင် ကျင်းကိုကို.... ဘယ်လိုလဲ"

"သဘော.... မင်းအဆင်ပြေသလို ခေါ်လို့ရတယ်.."
"ကောင်းပါပြီ ကျင်းကိုကို...."

       တစ်နာရီကြာ လမ်းလျှောက်လာပြီးနောက် သူတို့သည် တောင်အောက်က ကျင့်ကြံသူတို့စျေးကွက်သို့ ရောက်လာခဲ့၏။ ကျင့်ကြံသူတို့စျေးကွက်သည် သာမန်မြို့ရွာများက စျေးကွက်လိုမဟုတ်ဘဲ အထက်ပိုင်းကျင့်ကြံသူတို့ အသုံးလိုသော ပစ္စည်းများကိုသာ ခင်းကျင်းရောင်းချကြတာဖြစ်သည်။

       အစားအသောက်နဲ့ နေအိမ်များကအစ ချီစွမ်းအင်တို့ ကြွယ်ဝစွာ ပါဝင်တတ်သည်။ တည်းခိုခန်းများဆိုရင် ကျင့်ကြံသူတို့အတွက် အထူးသင့်တော်သော် ချီစွမ်းအင်ကျောက်များကို အခန်းတိုင်းတွင် ထားရှိပေး၏။

       ဆိုင်ပိုင်ရှင်တိုင်းကလည်း ကျင့်ကြံသူတွေ ဖြစ်တာကြောင့်ကော၊ စျေးဝယ်စျေးရောင်းများသည်လည်း ကျင့်ကြံသူများသာ များတာမို့ ထိုမြို့ကို ကျင့်ကြံသူတို့စျေးကွက် သို့မဟုတ် ကျင့်ကြံခြင်းမြို့လို့ ခေါ်တွင်ခဲ့ကြသည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now