Unicode
တိမ်ယံလွှမ်းတဲ့တောင်🦋60🦋
'ဖြန်း.....'
'ခွမ်း!'
ခေါက်ဆွဲပန်းကန်တို့ ကျကွဲလို့ လော့လော်သည် ယိမ်းယိုင်သွားသည်။ ဟွမ်ကျင်းရွှေသာ ဖမ်းဆွဲမထားပေးရင် သူမလဲကျသွားလောက်သည်။ ဟွမ်ကျင်းရွှေ ရှမ်မေ့အား စူးစူးရဲရဲ စိုက်ကြည့်ကာ
"မင်း....."
"နင်ငါ့ကို ဘာမှလာမပြောနဲ့.... သူ့ကြောင့်သာ မဟုတ်ရင် ငါ့အဖေမသေဘူး....""မင်းဘာတွေ လျှောက်ပြောနေတာလဲ.... ရှမ်သခင်ကြီးသေတာ လော့လော်နဲ့ ဘာမှမဆိုင်ဘူး မင်းဘာကိစ္စနဲ့ သူ့ကိုရိုက်ရတာလဲ"
"သူ့သတင်းသာမကြာရင် နင်ရှေ့ဆက်တိုးဖို့ တွန်းဆုတ်မိမှာမဟုတ်ဘူး.... နင်သာစိတ်ရှုပ်မသွားရင် ဂိုဏ်းချုပ်ရဲ့ဓားချက်ကို သေချာပေါက်ကာနိုင်မှာ ငါ့အဖေလည်း သေမှာမဟုတ်ဘူး...."'ဝုန်း.....'
ယဲ့ရှားလုံက တံခါးကိုကန်ကြောင့်ကာ ဝင်လာသည်။
"ဟွမ်ကျင်းရွှေကို စာပို့တာငါပဲ.... ရှမ်မိန်းကလေး မင်းအခုအချိန် ပြဿနာရှာနေမယ့်အစား မင်းအဖေရဲ့အလောင်းအတွက် မြေနေရာရှာသင့်တယ်.... "
ယဲ့ရှားလုံက လော့လော်လက်ကိုဆွဲကာ ဟွမ်ကျင်းရွှေကို ကြည့်လိုက်သည်။
"အဲ့ဒီမိန်းကလေးကို နင့်ဘာသာ ဆက်ထိန်းထား... မဟုတ်ရင် သူ့အဖေနောက် လိုက်သွားရအောင် လုပ်ပစ်မယ်... သွားမယ်လော့လော်"
'ဝုန်း....'
ကျန်ရှိနေတဲ့ တံခါးရွက်တစ်ခုကိုပါ ကန်ချပစ်၏။ ဟွမ်ကျင်းရွှေမှာ ရှမ်သခင်ကြီးကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ရှမ်မေ့ကိုလည်း နှစ်သိမ့်ပေးချင်၊ ထွက်သွားလေတဲ့ လော့လော်နောက်လည်း လိုက်သွားချင် ဖြစ်နေတော့သည်။ သူခေါင်းရှုပ်နေတုန်း ရှမ်မေ့က သူ့အဖေနားကို ပြန်သွားလေ၏။
စောင်ကိုဆွဲ၍ ဖခင်ခန္ဓာကိုယ်ပေါ် အုပ်မိုးပေးလိုက်သည်။
"တောင်းပန်ပါတယ်.... "
ဟွမ်ကျင်းရွှေက ဆိုလိုက်၏။
YOU ARE READING
တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)
Historical FictionNormal သိုငျးစာစဥျလေးပါ Normal သိုင်းစာစဉ်လေးပါ