🦋51🦋

479 65 0
                                    

Unicode
တိမ်ယံလွှမ်းတဲ့တောင်

                       🦋51🦋

       နောက်တစ်နေ့သော နံနက်ရောက်သော်။ နန်းတော်ထဲတွင် အစေခံများရေးကြီးသုတ်ပြာဖြင့် ပတ်ပြေးနေကြသည်။ သွေးရည်များပါသော ရေဇလုံများကိုလည်း လက်ထဲတွင်ကိုင်ကာ ခပ်သွတ်သွတ် ပြေးနေကြ၏။

       လော့လော်က နန်းဆောင်ရှေ့တွင် ဟိုလျှောက်သည်လျှောက်ဖြင့် ငြိမ်ငြိမ်မနေနိုင် ဖြစ်နေသည်။ ဟွမ်ကျင်းရွှေကတော့ မနက်အစောကြီး ဘုရင်ကြီးဆီ ရောက်နေ၏။ လော့လော်တစ်ယောက်တည်းသာ တတိယအစ်ကို၏ နန်းဆောင်ကို ရောက်နေသည်။

       သူမ၏တတိယအစ်ကိုသည် ချင်းချုံးအနောက်ပိုင်းကို ဦးစီးအုပ်ချုပ်ရသော အိမ်ရှေ့စံမင်းသား လော့ရင်ဖြစ်ကာ ယခုလောလောဆယ်တော့ သူသည် ချင်းချုံးအနောက်ပိုင်းတွင်သာ ရှိနေသည်။ မိဖုရားက မကြာခင် ကလေးမွေးတော့မယ့်သတင်းကို ကြားပြီးပြီးချင်း ပြန်လာနေပြီဖြစ်သော်လည်း ယခုထိ မရောက်သေး။

       နန်းဆောင်ထဲတွင် သမားတော်က မိဖုရားကို ကြည့်ရှုပေးနေသည်။ နာကျင်လွန်းသော မိဖုရားသည် အော်ဟစ်ဆူညံ့မနေဘဲ အဝတ်စတစ်ခုကိုသာ ပါးစပ်ထဲထည့်၍သာ ကြိတ်ခံနေ၏။ မကြာခင်မှာပင် ကလေးငယ်လေး၏ ငိုသံကို ကြားလိုက်ရသည်။

"မွေးပြီ.....  မွေးပြီ..... ရေး......"

       လော့လော်၏ ဝမ်းသာအားရအော်သံသည် အိမ်တော်ဂိတ်တံခါးရှိ လော့ရင်သည် ပြက်ပြက်သားသား ကြားလိုက်ရသော် သူသည်လည်း အမြန်ပြေးလာလေသည်။

"ညီမလေး...."
"အစ်ကိုသုံး.....ဟားဟား.... မမရင် ကလေးမွေးသွားပြီ"

"ဝင်ကြည့်လို့ရပြီလား..."
"မသိ....."

       ထိုစဥ် နန်းဆောင်တံခါး ပွင့်လာသည်။ မောင်နှမနှစ်ယောက် အပြေးအလွှား ဝင်သွားသော် ချွေစများနှင့် မိဖုရားဘေးတွင် ကလေးသေးသေးလေးသည် လှုပ်စိလှုပ်စိဖြင့် ငိုနေဆဲပင်။

       ခဏသာငိုပြီး ပြန်အိပ်ပျော်သွားသည်။ ကလေးလေးသည် မွေးခါစမို့ အသားအရောင်ကရဲနေ၏။ လော့ရင်က မိဖုရား၏နဖူးကို အနမ်းတစ်ပွင့်ပေးပြီး သူ့၏သားငယ်ကို ချီလိုက်သည်။

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now