"အယား..... ငါမင်းတို့ကို လွမ်းနေခဲ့တာ..... လော့လော် မင်းကမနက်စောစော သွားယူပေးတယ်ဆိုတော့ ဝီရိယရှိသားပဲ...."
"ဒါပေါ့...."

"လာ.... "

       ဟွမ်ကျင်းရွှေသည် သူ့ဝတ်ရုံလက်ထဲကနေ အခြေတည်အဆင့်စာအုပ်ကို ထုတ်ပေးလိုက်သည်။

"မင်းအတွက်....."
"တကယ်လား....ဟီး ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း "

"အင်း.... ရပါတယ် မင်းငါ့ကို ထမင်းဝယ်ကျွေးနေသရွေ့ ငါလည်းတတ်နိုင်သလောက် ပြန်ပေးမှာပါ...."
"တတ်နိုင်သလောက်ပဲလား"

"ဘာလဲဟ မကျေနပ်ဘူးလား.... မင်းရဲ့ပိတ်ဆို့နေတဲ့ သွေးကြောတွေ ပွင့်သွားရင် အဆင်ပြေပြီပဲဟာ...."
"အဲ့ဒါက ရှစ်ဇွင်း အခုဖွင့်ပေးလည်းရတာပဲလေ...."

       ဟွမ်ကျင်းရွှေက အရင်ဆုံး လက်ကာပြသည်။ နောက်မှ လက်ညှိုးတစ်ချောင်း ထောင်၍

"မင်းငါသဘောကျလာအောင် လုပ်နိုင်ရင် မင်းသွေးကြောတွေကို ဖွင့်ပေးဖို့ငါစဉ်းစားပေးမယ်"
"ဟုတ်...."

       လော့လော်သည် ဟွမ်ကျင်းရွှေပေးသော စာအုပ်ကို သိုလှောင်လက်စွပ်ထဲ အမြန်ထည့်သိမ်းလိုက်ပြီးနောက် ထမင်းချိုင့်ကို ကလေးတစ်ယောက်လိုဖက်ထားဆဲ ဟွမ်ကျင်းရွှေအနားတွင် ဒူးညွတ်ထိုင်လိုက်သည်။

"ရှစ်ဇွင်း.... ဟုန်ကျင်းကျောင်းတော်မှာ ရှစ်ဇွင်းသဘောကျတဲ့သူရှိလား"

       ဟွမ်ကျင်းရွှေ၏ အပြုံးတွေသည် မီးကိုရေနဲ့ငြိမ်းသက်လိုက်သည့်နှယ် သူမဆီက မေးခွန်းကိုကြားတော့ ချက်ချင်း လွင့်ပြယ်သွားသည်။ လော့လော်သည် သူမစကားပြော မှားပြီလားလို့ တွေးနေတုန်းမှာပင်။

"ဘာတွေလာပြောနေတာလဲ!"

       ရုတ်တရက် ထအော်ပစ်တာကြောင့် သေးသွယ်တဲ့ ခန္ဓာကိုယ်လေး တစ်ချက်တုန်သွားသည်။

"ရှစ်ဇွင်း...."

       ဟွမ်ကျင်းရွှေက ထမင်းချိုင့်ကို ပိုက်လျက် မတ်တပ်ရပ်လာ၏။ သူ့မျက်ဝန်းတွေသည် အရင်အတိုင်း ဟန်ဆောင်မှုကင်းဆဲ။

"ငါက ဘယ်သူ့ကို သဘောကျရမှာလဲ"

("ဒါဆို အဲ့မိန်းကလေးက သဘောကျခဲ့တာလား")

တိမ်ယံလွှမ်းတဲ့တောင် / တိမ်ယံလွှမ်းတဲ့တောင် (Complete)Where stories live. Discover now