Part 23

436 35 8
                                    

" ကိုကို့ ရဲ့ ငယ် - 23 "

Yeol ညနေစောင်းလောက် အိမ်ပြန်လာခဲ့တယ် အရင်လိုဆို ညဘက်လောက်မှပြန်ပေမယ့် Kyung Soo ​နေပြန်ကောင်းပြီဆိုတော့ စောစောပြန်လာလိုက်တာ
Tao ကိုခြံထဲမှာတွေ့တာနဲ့

"သားဖေဖေ သားကိုရှာနေတယ် သွားတွေ့လိုက်ဦး"

"ဟုတ် မေမေ"

Tao လည်းမျက်နှာသိပ်မကောင်းဘူး
Yeol စိတ်ထဲနည်းနည်းလေးနေပေမယ့် Kris ဆီကိုပဲတန်းသွားလိုက်တယ်

"ဖေဖေ"

"သားကိုမေးစရာရှိတယ်"

"ဟုတ်"

"Kyung Soo နဲ့ဆက်ဆံရေးက"

"ချစ်သူတွေပါ ဖေဖေ"

Yeol မညာချင်ဘူး အရာရာမှာခြေတစ်လှမ်းသာနေတတ်တဲ့ Kris မသိလို့မေးတာမှမဟုတ်တာ

"ဘာပဲဖြစ်ဖြစ် သား Ji Yun နဲ့လက်ထပ်ရမယ်"

"ဘာဖြစ်လို့ သူနဲ့..."

"ဖေဖေတို့ လူကြီးချင်းသဘောတူထားတယ်"

"အဲ့တစ်ခုတည်းကြောင့်တော့ သား သူနဲ့လက်မထပ်နိုင်ဘူး"

"Lee Saung Tae ကမ်းလှမ်းလာတယ်
တစ်နှစ်အတွင် သူလုပ်ခဲ့တဲ့ မသမာမှုတွေအားလုံးရဲ့ Factsတွေ ဖေဖေ့မှာရှိတယ်
အဲဒီ factsတွေနဲ့ သူ့ပိုင်ဆိုင်မှုရဲ့၈၀% လဲမယ်ပြောတယ် ပြီးရင် သားကို သူ့သမီးနဲ့ လက်ထပ်ပေးရမယ်"

Lee Saung Tae ၂နှစ်အတွင်း ကုမ္ပဏီအသေးလေးကနေ Koreaမှာ Top10 Companies တွေထိ တစ်ရှိန်ထိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့သူ
ပိုင်ဆိုင်မှုရဲ့ 80%ဆိုတာ Kris. Top2 ထိရောက်သွားနိုင်တဲ့ထိ များလွန်းတယ်
မသမာမှုကိုလျစ်လျူရှုပြီး ကိုယ့်အတွက်ပဲ တစ်ကိုယ်ကောင်းဆန်ကြည့်ကြမှာ

"Factsတွေက များတယ်မဟုတ်လား"

"အေး သူလုပ်ခဲ့တာအားလုံးပဲ"

"ဘာလို့ ရဲလက်မအပ်တာလဲ"

"Factsတွေလိုက်စုနေတုန်း သူနဲ့တစ်ခါတွေ့ခဲ့တယ် နောက်ကို ထပ်ပြီးမလုပ်တော့မယ့်အကြောင်းနဲ့ ခုနကမ်းလှမ်းချက်"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now