Part 7

515 53 2
                                    

" ကိုကို့ ရဲ့ ငယ် - 7 "


စာမေးပွဲဖြေနေရတဲ့ရက်တွေမှာ Kyung Soo. Yeol နဲ့အချိန်အတော်များများ အတူရှိဖြစ်တယ်
Yeol အိမ်မှာဖြစ်ဖြစ် Kyung Soo အိမ်မှာဖြစ်ဖြစ် နှစ်ယောက်အတူတူစာလုပ်ကြရင် သိပြီးသားစာတွေ ပြန်ပြန်ရှင်းပြခိုင်းပြီး ခိုးခိုးကြည့်နေတတ်တဲ့ Kyung Soo လူလည်လေး

Kyung Soo လည်း စာတော်တယ်ဆိုပေမယ့် စာမေးပွဲခန်းထဲ ဝင်ခါနီးရင် ကြောက်တတ်တာ ငယ်ငယ်တည်းက အကျင့်များ ဖြစ်နေမလား
Yeol သိပြီးသားမို့ အခန်းထဲမဝင်ရခင်ထိ Kyung Soo အနားမှာနေပေးတတ်ပေမယ့် Kyung Soo ကတော့ မူပိုပြီးကပ်ချွဲနေတုန်းပါပဲ

"ကိုကို~ "

သံရှည်ဆွဲခေါ်လိုက်တာကြောင့် Yeol စာပြန်ကြည့်နေရင်းက ထူးလိုက်တယ်

"ဟင်"

"ငယ် ကြောက်လို့ "

"​ဒီတစ်ဘာသာပြီးရင် ပြီးပြီလေ ငယ် ကလည်း မကြောက်နဲ့နော်"

"ဒါပေမယ့်.."

Kyung Soo ချွဲလို့ရလိုက်တဲ့ အကျိုးဆက်ကတော့..

"ကိုကို့ ရဲ့ ငယ်လေး ကတော်ပြီးသားပါ"

ဆံပင်ဝဲဝဲလေးကိုဖွရင်း Yeol ရဲ့နှုတ်ဖျားကပြောတဲ့ စကားတစ်ချို့က Kyung Soo အတွက် မျက်ရည်ကျဖို့အထိ လုံလောက်ပါတယ်

^ကိုကို့ ရဲ့ ငယ်လေး က .....
ဘယ်လိုတောင် ပြောတတ်ရတာလဲ ကိုကိုရယ် ပျော်လွန်းလို့ ထခုန်လိုက်ချင်တော့တာပဲ^

"ခနနေရင် အခန်းဝင်ရတော့မယ်ဆိုတော့ သွားရင်သွားနှင့်လေ အကို"

အလိုက်မသိသူ Baekhyun🤭
ခုလေးမှ အနားရောက်လာပြီး အတင်းနှင်လွှတ်နေတာ

Kyung Soo ဂျိုကြည့်ကြည့်လိုက်တော့ ဘာမသိသလိုနေနေတဲ့ Baek
'တကယ်တော့ ဟိုးတည်းကမြင်နေရတာ ​အမြင်ကပ်လို့'

"ကိုကို သွားမယ် ငယ် ကောင်းကောင်းဖြေခဲ့နော် "

"ဟုတ် ကိုကို ရောပဲ"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now