Part 13

458 44 6
                                    

" ကိုကို့ ရဲ့ ငယ် - 13 "


"ငယ် ကိုကို့ ကို ချစ်တယ် "

Kyung Soo ပြောလိုက်ပြီးမှ Yeol ကိုကြောင်ပြီးကြည့်နေမိတယ်

"ကိုကို လည်းချစ်တယ်လေ"

"မဟုတ်ဘူး ကိုကို
ငယ်.. ငယ် ကိုကို့ ကိုချစ်တာက အဲ့လိုမဟုတ်..."

"မဟုတ်ရင်ဘယ်လိုမျိုးလဲ"

"ငယ် က ကိုကို့ ကိုယောကျ်ား(ချစ်သူ) တစ်ယောက်လိုချစ်တာ "

"ကိုကို ငယ့် ကိုညီလေးတစ်ယောက်လိုပဲချစ်ခဲ့တာ"

^ဘာလို့လဲ^

အလိုက်မသိ ဝဲလာတဲ့မျက်ရည်တွေ Yeol မျက်နှာကိုတောင် ကောင်းကောင်းမမြင်ရတော့ဘူး
Kyung Soo မျက်ရည်မကျအောင် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်
ခုနခုန်နေတဲ့ ရင်ခုန်သံတွေကပါ နည်းနည်းငြိမ်သွားတယ် မျှော်လင့်တကြီးစောင့်ခဲ့ရတာက ဒီအဖြေရဖို့တဲ့လား

"အဲ့ထက်ပိုပေးလို့မရဘူးလား ကိုကို"

စပြီးမှတော့ ဆုံးတဲ့ထိရောက်အောင်သွားရမယ်မဟုတ်လား

^တောင်းဆိုကြည့်မယ် မဟုတ်ဘူး အသနားခံကြည့်မယ် ကိုကို ငယ့် ကိုသာ ပြန်ချစ်မယ်ဆို ငယ် အားလုံးလုပ်မှာ ^

"မဖြစ်သင့်ဘူးထင်တယ် ငယ်"

Yeol ရှေ့မှာမျက်ရည်ဝဲနေတဲ့ Kyung Soo ကိုမကြည့်ရက်ဘူး
ခုချိန်ထိ နေမကောင်းတဲ့ချိန်ကလွဲရင် တစ်ခါမှမျက်ရည်မကျဖူးတဲ့ Kyung Soo က ခုမှဘာလို့

"ဘာလို့လဲ ဘာလို့မဖြစ်နိုင်တာလဲ"

"..............."

"ငယ့် ကိုအကြောင်းပြချက်ပေးလို့ရမလား ကိုကို"

"အင်း ကိုကို ငယ့် ကိုဖြူဖြူစင်စင်ပဲချစ်ခဲ့တာ"

"ကိုကို ငယ့် ကိုဂရုစိုက်ပေးခဲ့တာတွေကရော..."

"ညီလေးတစ်ယောက်လိုပဲ"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now