Part 9

507 45 9
                                    

" ကိုကို့ ရဲ့ ငယ် - 9 "


Yeol အဘွားအိမ်ကပြန်ရောက်တော့ Kyung Soo က U.S. ကိုရောက်နှင့်နေပြီ
Suho. China ကိုသွားတော့ Lulu နဲ့အတူ U.S. ကိုခနပို့ထားရတယ်
ကျောင်းတက်ခါနီးမှပြန်လာတဲ့ လူကြီးသေးသေးလေးက ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လို့
အဘိုး အဘွားတွေနဲ့ဆိုတော့ လူလည်လေးက ညာစားနေတာနေမှာ

"အန်တီ"

"အယ် သားငယ် ပြန်ရောက်ပြီလား"

"ဟုတ် အန်တီ မနေ့ကပြန်ရောက်တာလေ"

"သားငယ် ပင်ပန်းနေမှာပေါ့"

"😁 အန်တီ့အတွက် မား လက်ဆောင်ပေးခိုင်းလိုက်လို့"

အထုပ်ကလေးကိုပေးပြီး ရယ်ပြနေတဲ့ Kyung Soo လေးက ပေါက်စီလုံးလေးလို ပြည့်ဖောင်းနေတာပဲ လက်လေးတွေကစ

"သားငယ် မျက်နှာလေးပြည့်လာတယ်နော်"

"ဟုတ်တယ် အန်တီ"

မျက်လုံးလေးတွေမှိတ်အောင် ရယ်ပြနေတဲ့ Kyung Soo ကတကယ်ချစ်စရာလေး

"အဟမ်း~ "

နောက်ဘက်ကကြားရတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့ Yeol

"အယ်~ ကိုကို"

"သားငယ် ကိုကို့ဆီသွားလိုက်အုန်း သူရှိနေတာကြာလှပြီ သားမမြင်ဘူးထင်လို့နေမယ်"

"သားလည်း ကိုကို့ ကိုမေးတော့မလို့😁"

ပြောပြီး လိမ့်လဲ့လိမ့်လဲ့နဲ့ ပေါက်စီလေးလို ပြေးသွားတာလေးကစ ချစ်ဖို့ကောင်းတာပါ
အနားရောက်တဲ့ထိ TVကိုမမြင်ဖူးသလိုကြည့်နေတဲ့ Yeol မျက်နှာလှည့်မလာသေးဘူး

"ကိုကို"

"အင်း"

"ငယ့် ကိုစိတ်ကောက်နေတာလား"

"ကောက်စရာလား"

"မသိဘူးလေ ကြည့်ပါအုန်း မျက်ခုံးနှစ်ခုကထိတော့မယ်"

"ကိုကို ဒီမှာရှိနေတာ ငယ် မှမမြင်တာ"

"ဟော~ ငယ် ခုနလေးမှလာတာလေ"

"သိသားပဲ"

"သိရင်ဘာ... "

"ဘာမဖြစ်ဘူး စတာ"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now