Part 11

469 39 0
                                    

" ကိုကို့ ရဲ့ ငယ် - 11 "


Yeol ဒီတစ်ပတ်အိမ်ပြန်ရမယ် အိမ်နဲ့ဝေးနေတာ မှတ်မှတ်ရရ ၁ လနဲ့ ၅ ရက်ရှိပြီ
ငယ် နဲ့လည်းတွေ့ချင်လှရောပေါ့

ညနေကျောင်းဆင်းတည်းက အဆောင်ပြန်ပြီးလည်း အဝတ်အစားမလဲနိုင်တော့ဘူး
Uniformနဲ့ပဲ scooter လေးဆွဲပြီး Kyung Soo ဆီကို လာခဲ့လိုက်တယ်

'ကိုကို ပြန်လာရရင် ငယ့် ဆီအရင်လာခဲ့မယ်

^ပြောပြီးသားစကား တည်ရမယ်မဟုတ်လား
မဟုတ်ရင် ငယ် မျှော်နေမှာပေါ့^

Yeol ကျောင်းရှေ့မှာစောင့်နေတာကြာပြီ
Kyung Soo လည်းမလာသေးတာနဲ့ ကျောင်းဆောင်ဘက်ကို လာခဲ့လိုက်တယ်
အောက်ထပ်ကနေ လှမ်းမြင်နေရတဲ့ Kyung Soo ကပြုံးပြီး ဘာတွေသဘောကျနေတယ် မသိဘူး
လက်ထဲက ပြာပြာလေးကိုကြည့်ရင်း ရယ်နေတာ

^အဝေးကမြင်ရင်တောင် ငယ့် အပြုံးတွေကို အလွတ်မှတ်မိနေပြီ^

တွေးလို့မှမဆုံးသေး ခြေလိမ်ပြီးပြုတ်ကျတော့မှာမို့ Yeol အမြန်တက်သွားပြီး Kyung Soo ကိုယ်လေးကို ထိန်းထားပေးလိုက်တယ်

**************************

"ကိုကို "

အသံလေးကြားမိတာနဲ့ ပြုံးမိလိုက်ပါပြီ
Yeol ရဲ့ပါးလျတဲ့ အပေါ်နှုတ်ခမ်းတစ်လွှာက ပျောက်လုမတတ်ပေါ့

ဆံခြည်တစ်မျှင်မျှသာရှိတဲ့ အကွာအဝေးကြောင့် ဝင်သက်ထွက်သက်က နှုတ်ခမ်းပါးတို့ဆီ လာရောက်ကျီစယ်နေတော့ တိုစိပ်စိပ်မျက်တောင်တွေကြားက ကြည်လဲ့နေတဲ့ မျက်ဝန်းတစ်စုံကို ပို၍နူးညံ့စွာ စိုက်ကြည့်မိလိုက်သည်

Yeol ရပ်နေတာက လှေကားနှစ်ထစ်လောက်နိမ့်တော့ Kyung Soo ကိုယ်လေးက Yeol အပေါ်မှာလိုလိုပဲ
ခုလောက် တစ်ခါမှနီးနိးကပ်ကပ်မရှိခဲ့ဖူးဘူး
Yeol လက်တွေက ခါးထက်မှာရှိနေပြီး Kyung Soo လက်လေးတွေက Yeol နဲ့သူ့ကြားမှာ

"ငယ် "

တိုးတိုးညင်းညင်းလေး ခေါ်လိုက်လို့ထင်ပါရဲ့ ငယ် ကကြားပုံမရဘူး
ခေါင်းကိုခနထိန်းကိုင်ပြီး ငယ့် ကိုယ်လေးကိုပြန်မတ်ပေးလိုက်တဲ့ထိ ကြည့်နေတုန်းပဲ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now