Part 5

612 54 9
                                    

"ကိုကို ရဲ့ ငယ် - 5 "


Lulu. Kyung Soo နဲ့အတူ ဧည့်ခန်းမှာ ကာတွန်းထိုင်ကြည့်နေရတယ်
ဖတဆိုးလေးပေမယ့် လိမ္မာလွန်းတဲ့ Kyung Soo လေးကို သူမ မချစ်ဘဲဘယ်နေပါ့မလဲ
'သား' ဆိုပြီး ပါးစပ်ဖျားကမချလောက်တဲ့ထိ

"Lulu ကာတွန်းကြည့်နေတာလား"

"အယ် မမ ပြန်လာပြီလား"

"အေးပေါ့"

"သားက ပျင်းနေလို့ကာတွန်းအတူတူကြည့်ပါတဲ့လေ "

"သားရယ် တီလေး ကလူကြီးဖြစ်နေပြီလေ "

"သားကတစ်ယောက်တည်းဖြစ်နေလို့ကို "

"ဟုတ်ပါပြီရှင် "

"Kyung Soo yah~ "

"ဘာလာလုပ်တာလဲ "

တံခါးပေါက်ကနေ ခေါင်းလေးဝင်ပြီးခေါ်နေတဲ့ Baek ကို Kyung Soo ဘောက်ဆတ်ဆတ်နဲ့ ပြန်မေးလိုက်တယ်
အိမ်ချင်းတစ်လမ်းကျော်ပဲဝေးတော့ နှစ်ပတ်တစ်ခါလောက် တစ်နေ့လုံးလိုလို လာနေတတ်သေးတယ်

"မင်း ပျင်းနေမှာစိုးလို့လာတာလေ "

"အေးပါ ရောက်နေမှတော့လာခဲ့ "

"အန်တီ😁 "

Baek. Suho ကိုကြည့်ပြီး သွားဖြဲပြနေတော့တယ်

"သား လာတာအတော်ပဲ သားသူငယ်ချင်းက ပျင်းနေလို့တဲ့ "

"မပျင်းပါဘူး မားကလည်း "

"ခုနပဲပြောပြီးတော့ "

"သား မပြောပါဘူး တီလေးပြောတာလေ "

"ဟုတ်ပါပြီ သားရယ် ဒီမှာ မားမုန့်ဝယ်ခဲ့တယ် နှစ်ယောက်အတူတူစားကြနော် "

"ဟုတ် အန်တီ "

Suho ကပြောပြီးတော့ Lulu နဲ့အတူထွက်သွားလေပြီ

"မင်းကိုကျွေးမယ်ပြောလို့လား "

"Kyung Soo လေးကလည်းကွာ "

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now