Part 3

1.8K 151 12
                                    

(Unicode)

" Jennie ဒီနေ့ကြော်ငြာ ရိုက်ကွင်းရှိသေးတယ်နော် ။ အခုရုပ်ရှင်ရိုက်ပြီးတာနဲ့ တန်းသွားရမှာ "

" ဪ အင်း အင်း "

အရင်ကထက်ပိုပြီး အေးစက်စက်မာကျောကျော ပုံစံဖြစ်လာပေမယ့် Jennie ၏ နာမည်နှင့်ဂုဏ်သတင်းကတော့ နည်းနည်းလေးမျှ ကျဆင်းခြင်းမရှိ ။ ပွဲဦးထွက် ၁၈ နှစ်မှစ၍ ယခု အသက် ၃၁ နှစ်တိုင်အောင် နာမည်ကိုထိန်းထားနိုင်ခဲ့သည် ။ လွန်ခဲ့တဲ့ ၄ နှစ်ကလွဲလို့ပေါ့ ။

အချိန်ကာလ လေးနှစ်ကြာသွားသော်လည်း Jen စိတ်ထဲတွင် သူမကိုသတိရနေဆဲ ။ Jennie ၏ရိုက်ကွင်းတိုင်းကိုလိုက်ကာ Jennie နှင့်မလှမ်းမကမ်းတွင် သူမရှိနေတတ်သည် ။

ဇာတ်ကား Promotion အတွက် fan sign ရှိတော့လည်း သူမကိုတွေ့ရသည် ။ ၂ နှစ်နီးပါးလောက် Jen နားတွင်အရိပ်လိုရှိနေသော သူမလေး ။ နောက်မှ သူမဟာ သတင်းထောက်တစ်ယောက်မှန်း သိလိုက်ရသည် ။ သူမ၏အပြုအမူများက သတင်းထောက်နှင့်မတူ ။ Jen သွားလေရာ ပါတတ်သော အရိပ်တစ်ခုနှင့် တူသည် ။

သူမနှင့် ရင်းနှီးလာတော့ သူမနာမည်ကို သိလိုက်ရသည် ။ Park Chaeyoung တဲ့ ။ နာမည်ကလည်း လူလေးလို ချစ်စရာကောင်မလေး ။ Jen သဘောကျသည်ဟုပြောမိသော စကားကြောင့် ထိုလူသားလေး၏ဆံပင်ရှည်များသည် ဝါဖျော့ဖျော့အရောင်မှ ငွေရောင်သို့ပြောင်းသွားခဲ့သည် ။ ထို‌ငွေရောင်ဆံပင်လေးက သူမလေးနှင့်ပိုလိုက်သည်ဟု Jen ထင်မိသည် ။

မညာတမ်း ဝန်ခံရမည်ဆိုလျှင် ငွေရောင်ဆံပင်ရှည်များကို မြင်တိုင်း " သူများဖြစ်‌နေမလား ?" ဆိုသောအတွေးနှင့် ခဏခဏငေးကြည့်နေခဲ့ဖူးသည် ။ Jen ထိုးနှက်လိုက်သော စကားစစ်အောက်တွင် သူမတစ်ယောက် အလဲလဲအပြိုပြိုဖြစ်ကာ နောက်တွင် သူမနှင့်ပက်သက်သောအရာဟူ၍ မြူမှုန်တစ်မှုန်မျှပင် Jen မတွေ့ရ မသိရတော့ပါ ။

" မင်းသမီး ဒီကိုစိတ်နှစ်ထားစမ်းပါ ကျေးဇူးပြုပြီး "

" ‌Sorry ပြန်ရိုက်မယ် "

ရုပ်ရှင်ရိုက်နေရင်း Chaeng အကြောင်းတွေးမိလို့ ပြန်ရိုက်ရတာလည်း အခါခါ ။ သူမရော Jen ကိုသတိရနေမလား ? Jen သူ့ကို sign ထိုးပေးတိုင်း ရေးပေးတတ်တာလေးကိုရော သူမနားလည်နေမလား ?

For Chaeyoung 🖤 CompletedWhere stories live. Discover now