Part 10

1.8K 160 12
                                    

(Unicode)

Jennie Chaeng ပြောသမျှကို သိပြီးလျှင်ချက်ချင်းပဲကားသော့ဆွဲကာ မောင်းထွက်လာသည် ။ ကားလေးက လမ်းမထက်တွင် ကျည်ဆံလိုအရှိန်ဖြင့်ပြေးနေသည် ။ ညဘက်ထိ အလုပ်လုပ်တတ်သော Hae Min အကျင့်ကိုသိ၍ Company သို့တစ်ခါတည်း မောင်းလာခဲ့သည် ။

Company သို့ရောက်သောအခါ Car Parking တွင်ရပ်၍ အပေါ်ထပ်သို့တက်လာခဲ့သည် ။ ရုံးမဆင်းသေးသော ဝန်ထမ်းတစ်ချို့ကိုလည်းတွေ့ခဲ့သည် ။ သူမ ဘာကိုမျှဂရုမစိုက်နိုင် ။ ယခုအချိန် သူမခေါင်းထဲတွင် ကလေးအကြောင်းသာတွေးနေမိသည် ။

Hae Min ရုံးခန်းသို့ရောက်ရောက်ချင်း တံခါးဖွင့်ကာ ဝင်ပြီးလျှင်

" ဖြောင်း !!!!"

ဘာမပြော ညာမပြောဝင်လာကာ ပါးရိုက်လိုက်သော Jen ကြောင့် Hae Min ကြောင်နေမိသည် ။ Jen ကိုကြည့်ရတာ ဒေါသတကြီးနှင့် ။ မျက်နှာနုနုလေးလည်း ရဲတွတ်နေသည် ။

" Jennie မင်းဒါဘာလုပ် ~ "

" ဖြောင်း !!!!"

Hae Min စကားမဆုံးခင် ခပ်ပြင်းပြင်းရိုက်ချက်တစ်ခုက သူ့ပါးပေါ်သို့ကျရောက်လာပြန်သည် ။

💭ဘာတွေလဲ ? ဘာဖြစ်တာလဲ ? အရင်က Jennie ဆိုတာသူပြောသမျှကို လိုက်နာခဲ့ရတဲ့ သူ့လက်ခုပ်ထဲကရေလေ ။ အခု ~ အခုတော့ ~ 💭

" လူမဆန်တဲ့ကောင် "

Jennie ပါးစပ်ဖျားမှထွက်ကျလာသောစကားသံကို Hae Min ယုံပင်မယုံနိုင် ။

" ဘယ်လို ?"

" နင်သိပ်ယုတ်မာရက်စက်တယ် Jung Hae Min "

" ဘာတွေပြောနေတာလဲ Jennie ?"

" ရှင်မေ့သွားပြီလား ? ကျွန်မချစ်သူကို အန္တရာယ်မပေးဖို့ ကတိပေးခဲ့တာလေ "

" အဲတော့ "

" ရှင် ကလေးကိုအနာတရဖြစ်စေခဲ့တယ် ။ ရှင့်ကြောင့် ကလေးမှာ တစ်နှစ်တိတိ ဆေးရုံမှာနေခဲ့ရတယ် ။ ဆေးထိုးအပ်ကြောက်တဲ့ ကလေးက နေ့တိုင်း ~ "

" တော်တော့ Jennie Kim !!!!!!! မင်းပါးစပ်ကိုခုပိတ်ထားလိုက်စမ်း !!!!"

" မပိတ်နိုင်ဘူး !!"

Jennie ကပြန်အော်တော့သူ့လက်ဝါးတစ်ဖက်က Jen ပါးပေါ်ကျရောက်လာသည် ။ ဖျင်းခနဲနာကျင်မှုနှင့်အတူ စက်ဆုပ်ရွံရှာမုန်းတီးမှုတို့ကပါ အဆစ်ပါလာသည် ။

For Chaeyoung 🖤 CompletedWhere stories live. Discover now