Part 8

1.6K 149 13
                                    

(Unicode)

" ဟာ Yuri တို့ပါ့လား !"

" ဟုတ်တယ်ဟေ့ နင်ကငါတို့ဆီမလာတော့ ငါတို့က နင့်ဆီလာရတာပေါ့ ပြီးတော့ Jisoo Eonnie လည်းပါတယ် "

" လာပါ လာပါ ငါကြက်ကြော်နဲ့ Cola မှာလိုက်မယ် နေ့ခင်းဆိုတော့ မက်ဂျူက အဆင်မပြေဘူးလေ "

" အလိုက်သိလိုက်တာ တော်တယ် Park Chaeyoung "

" အမယ် "

Yuri , Na Ra နှင့် Jisoo တို့ အပေါ်ထပ်က Chaeng ရဲ့ အပေါ်ထပ်က ဧည့်ခန်းလေးသို့တက်လာခဲ့သည် ။ ဆိုင်လေးက ပြင်တာဆင်တာပြီးသွားသောကြောင့် ဒီဇိုင်နာတွေပင် ခန့်ပြီးနေလေပြီ ။ Chaeng ဒီကိုပြန်ရောက်တာပဲ ၂ လ ကျော်ပြီကိုး ။

" ဘယ်လိုလဲ Chaeng အလုပ်အကိုင် ?"

" အဆင်ပြေပါတယ် အခု အလုပ်ခေါ်ထားတဲ့ထဲက ဒီဇိုင်နာကောင်မလေး ၂ ယောက်ရယ် မန်နေဂျာတစ်ယောက်ရယ် ခန့်ထားတယ် "

" Chaeng ပြောတော့ မမက ပထမဆုံး Customerဖြစ်ခွင့်ပေးမယ်ဆို "

" ရှင် !!"

" ဘာလဲ မေ့ပြီလား ?"

" မမေ့ပါဘူး Eonnie ရယ် ။ Chaeng ခုထိ Design အပ်တာလက်မခံရသေးပါဘူး ။ မန်နေဂျာကိုလည်း နောက်လမှ အလုပ်ဆင်းဖို့ပြောထားတယ် ။ အခုက ကောင်မလေးနှစ်ယောက်ကို အရင်သင်နေတာ "

" ဪ တော်သေးတာပေါ့ ဒါဖြင့် အခုလာမယ့် ဇာတ်လမ်းအတွက် ost song ဆိုရမှာ ဖျော်ဖြေမှုလည်းရှိတယ် အဲဒီအတွက် ဝတ်စုံချုပ်ပေးရင် ရမလား ?"

" ရတယ် Eonnie "

" ပြီးတော့ Chaeng နင့်ကိုအခု အကူညီတောင်းစရာရှိလို့ "

" ပြောပါ Na Ra ရယ် နင်တို့ကလည်း အားနာရမယ့်သူမဟုတ်တာကို "

" ဟို ဒါက Eonnie ကိစ္စပါ Chaeng ။ သဘက်ခါမှာ အသံသွင်းဖို့ရှိတာ အဲတာ အမ မန်နေဂျာက သူ့အမေနေမကောင်းလို့ ခွင့်ယူသွားတယ် ။ အဲဒါအဖော်လိုက်ခဲ့ပေးလို့ရမလားဟင် ?"

" ရတာပေါ့ Eonnie ရယ် ဘာများလဲလို့ အပန်းကြီးတာမှမဟုတ်တာ "

" ကျေးဇူးပါ Chaeng ရယ် အမမှာစိတ်ညစ်နေတာ "

" ဒါဆို Eonnie နေတဲ့နေရာကိုပြော Chaeng လာခေါ်မယ် အတော်ပဲ Chaengက ကားဝယ်တော့မလို့ "

For Chaeyoung 🖤 CompletedWhere stories live. Discover now