Part 4

1.7K 154 14
                                    

(Unicode)

" Hello ဟုတ် မမ ညီမလေးတို့ရောက်တော့မှာ အင်း Chaeyoung ကိုသွားကြိုတာ "

" ..... "

" မမက အပြင်ထွက်လို့ရလို့လား ?"

" ..... "

" ပြီးရော အဲဒါဆို အဲဒီကို အရင်လာခဲ့မယ် "

Na Ra ဖုန်းချလိုက်တော့ Chaeyoung ကမေးသည် ။

" နင့်မှာ အမရှိတယ်ပေါ့ ?"

" အာ ငါ့အမ သူငယ်ချင်းပါ ငါ့ကိုပါ ညီအမလိုခင်နေတာ သူက မောင်နှမ မရှိတော့ "

" ဪ "

" Chaeng နင်အဆိုတော် Jisoo ကိုသိလား ?"

" ဟင့်အင်း "

" ဟာ နင်ကလည်း သူ့အသက် ၂၂ မှာ Debut လုပ်ခဲ့တာလေဟာ ငါတို့ထက် ၅ နှစ်ကြီးတယ် "

" မသိပါဘူးဆို "

" နင်တောင် ခဏခဏဖွင့်တယ်လေ stay ဆိုတဲ့သီချင်း အဲဒါသူဆိုတာပဲ "

" ဪ ... "

Chaeyoung မှတ်မိလိုက်သော Stay သီချင်း၏နောက်တွင် Jennie နှင့်ပက်သက်သော အမှတ်တရများက အရိပ်သဖွယ် ကပ်ပါလာခဲ့သည် ။ Chaeyoung တစ်ဖန်ငြိမ်ကျသွားရပြန်သည် ။

" ကဲ ရောက်ပြီ ဆင်းတော့ "

Na Ra ၏ စကားကိုကြားခါမှ Chaeyoung အသိပြန်ဝင်လာကာ ကားပေါ်မှ ဆင်းလာခဲ့သည် ။ ရာသီဥတုက အနည်းငယ်အေးနေသည်မို့ ဂျာကင်အနက်ကလေးကို ဝတ်လာခဲ့သည် ။

Na Ra ကဆိုင်ထဲသို့ ဝေ့ဝဲကြည့်လိုက်သောအခါ ဆိုင်၏ထောင့်စွန်း လူရှင်းသောနေရာ၌ ထိုင်နေသည့်ကောင်မလေးတစ်ယောက်က လက်လှမ်းပြသည် ။ Na Raတို့က ထိုကောင်မလေးရှိရာ စားပွဲသို့သွား‌လိုက်သည် ။

" အမ ရောက်နေတာ ကြာပြီလား ?"

" မကြာသေးပါဘူး Na Ra ရယ် လာထိုင် "

Na Ra က ထိုကောင်မလေးဘေးတွင် ဝင်ထိုင်လိုက်ပြီး Chaeyoung နှင့် Yuri ကမျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည် ။

" အမ ကို မိတ်ဆက်ပေးရဦးမယ် သူက Park Chaeyoung တဲ့ ။ အမ သီချင်းတွေတော့ သူနားထောင်ဖူးတယ် ။ အမကိုသာမသိတာ "

" တွေ့ရတာ ဝမ်းသာပါတယ် Chaeyoung "

" ဟုတ်ကဲ့ Na Ra တို့ ခေါ်သလို Chaeng လို့ခေါ်လို့ရပါတယ် "

For Chaeyoung 🖤 CompletedWhere stories live. Discover now