Part 7

1.7K 159 9
                                    

(Unicode)

" Jen "

" ပြောပါ အမ Nora "

" မနက်ဖြန် ဇာတ်ညွှန်းဖတ်ရမှာနော် ။ သတင်းထောက်တွေပါလာလိမ့်မယ် "

" ဘယ်အချိန်လဲ ?"

" မနက် ၉ နာရီ "

" အိုကေ အသင့်ပြင်ထားလိုက်ပါ့မယ် "

ညအိပ်ရာမဝင်ခင် မျက်နှာသစ် သွားတိုက် ခြေလက်ဆေးကာ နားထောင်နေကြဖြစ်သည့် All Of Me သီချင်းကိုမတိုးမကျယ်ဖွင့်ထားလိုက်သည် ။

သူမ၏အတွေးများထဲတွင် လွန်ခဲ့သောနှစ်ရက်ကတွေ့ခဲ့သည့် Chaeyoungနှင့်တူသော ကိုယ်ဟန်လေးက နေရာယူလျက် ။ သူမချစ်ခဲ့ရ‌သော Chaeyoungနှင့်မတူသည့်အချက်က ဆံပင်ပုံစံနှင့် ဝတ်ပုံစားပုံဒီဇိုင်းပင် ။

အတိအကျဖော်ပြနိုင်တာမျိုးမရှိတော့ စိတ်ထင်တာနေမှာပါလေ ဟုပြောကာ အတွေး‌များကို အဆုံးသတ်ရမြဲ ။ Jen သည် Chaeyoung ကိုချစ်မိသည့်အကြောင်းအား အမNora သိတော့ Jenကို တားရှာသည် ။ Jen ဘာမှပြန်မပြောလိုက်ပေမယ့် Jen Diary လေး‌ထဲမှာတော့ ‌စကားလုံးလေးတွေချရေးထားလိုက်သည် ။

" အချစ်ဆို တမင်ချစ်ယူလို့လည်း မရသလို ၊ ချစ်မိသွားပြီဆိုရင်လည်း မုန်းချင်သလို မုန်းပစ်လိုက်လို့ မရဘူး လေ ။ သူများကခိုင်းတိုင်း ချစ်ပစ် ၊ မုန်းပစ်ဖို့ဆိုတာ နှလုံးသားရှိသူတိုင်းအတွက် တကယ်ကို မလွယ်တဲ့ကိစ္စပါ ... "

အိပ်ပျော်ရန်ကြိုးစားသော်လည်း အမှတ်တရများက အိပ်မပျော်ရန် နှောင့်ယှက်လေသည် ။ အိပ်မရတော့သည့်အဆုံး Diary ရေးရန် ထလာခဲ့သည် ။ Jen Diary မရေးဖြစ်သည်မှာ အနည်းငယ်ကြာမြင့်နေပြီ ။

" For Chaeyoung ...

ဒီစာဟာ တကယ်တော့ ကလေးအတွက် ရည်ရွယ်တာပါ ။ ဒါပေမယ့် ကလေးကအစအနရှာမရအောင် ရှောင်ပြေးသွားခဲ့တော့ ဘယ်လိပ်စာကို ပို့ရမှန်းမသိတာနဲ့ တို့ Diary ထဲမှာပဲ ချရေးထားလိုက်တော့တယ် ။ တကယ်လို့ ကလေးကို ပြန်တွေ့ဖြစ်လို့ ပေးမယ်ဆိုရင်လည်း ကလေးက လက်ခံမှာမဟုတ်ပါဘူး ။ တို့ကို အရမ်းနာကျည်းမုန်းတီးနေလောက်ပါပြီ ။ ကျန်တဲ့အဖြစ်အပျက်တွေအတွက် တို့ ဖြေရှင်းချက်မပေးချင်တော့ဘူး ကလေး ။ တို့ ပြောချင်တာတစ်ခုက အချိန်တွေကိုနောက်ပြန်လှည့်လို့ရခဲ့ရင်တောင် ကလေးကိုချစ်ခဲ့တဲ့တို့အချစ်က မပြောင်းလဲဘူးဆိုတာ သေချာပါတယ် ။

For Chaeyoung 🖤 CompletedTahanan ng mga kuwento. Tumuklas ngayon