Part 9

1.8K 158 6
                                    

(Unicode)

Chaeng နှင့်မျက်နှာချင်းဆိုင်တွင် အသံလုံခန်းထဲတွင် သီချင်းဆိုနေသော Jisoo နှင့် Jisoo Eonnie အသံကိုနားထောင်ကာ သီချင်းစာသားများကို လိုက်ကြည့်နေသော ကျောပြင်တစ်ခု ။

တစ်ချိန်က ထိုကျောပြင်လေးသည် Chaeng မှီတွယ်ရာ ၊ အားကိုးရာလေးဖြစ်ခဲ့သည် ။ ထို့အပြင် Chaeng ကိုအပြီးတိုင် ကျောခိုင်းသွားသည့်အရာလည်း ဖြစ်ခဲ့သည် ။

" Chaeng !!"

" ဟင် မမ ပြီးပြီလား ?"

" အင်း ဟုတ်တယ် ။ အစမ်းလေ့ကျင့်ပြီးသားဆိုတော့ ထင်တာထက်မြန်မြန်ပြီးသွားတယ် "

" ဟုတ် "

" ဒါဆို Jennie ကျွန်မကိုခွင့်ပြုပါဦး "

" ဟုတ်ကဲ့ ဟို ဒါနဲ့ "

" ဟုတ်ကဲ့ ပြောပါ "

" သူက ဘယ်သူလဲဟင် ?"

" ဪ သူက Soo အသိ Designer Rosé ပါ "

" တွေ့ရတာဝမ်းသာပါတယ် Kim Jennie Shi "

ကမ်းလာသောလက်တစ်စုံအား Jennie ထွေးပွေ့ထားလိုက်ချင်ပေမယ့် မဖြစ်နိုင်သောအခြေအနေတစ်ခုတွင် သူမပြန်လည်၍ လက်ဆွဲနှုတ်ဆက်လိုက်ရသည် ။ ဘေးမှပါလာသော Nora Eonnie ကတော့ စိုးရိမ်သည့်မျက်ဝန်းများဖြင့် ။

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် Rosé "

" မမ သွားရအောင်လေ "

ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီးနောက် Jisoo ဟူသောအမျိုးသမီးဘက်သို့ ချိုသာစွာပြုံးကာ သွားရန်‌ဟန်ပြင်နေသော Jen ချစ်ရသည့် မိန်းကလေး ။

" မင်းတော်တော် ပြောင်းလဲသွားခဲ့ပြီပဲ ကလေး "

Jisoo နှင့် Chaeng ကားပေါ်သို့ရောက်သောအခါမှ Jisoo က

" Chaeng "

" ရှင် "

" ခုနက Jennie Kim ကိုကြည့်ရတာ Chaeng ကိုမြင်လိုက်လို့ အံ့ဩသွားတဲ့ပုံပဲ သူနဲ့သိတာလား ?"

" ဟင့်အင်း မသိပါဘူး ။ ညစာကျွေးမယ်ဆိုလေ နောက်နေ့ညမှ လိုက်ကျွေးနော် Eonnie ။ Chaeng သွားစရာရှိလို့  "

" အင်း အင်း ရတယ် Chaeng ဒါဆို မမကို ×××မှာချပေးခဲ့နော် အလုပ်ရှိသေးလို့ "

For Chaeyoung 🖤 CompletedWhere stories live. Discover now