[01]

2.8K 107 6
                                    

                             အပိုင်း{၀၁}

__Zawgyi__

ကြီးမားတဲ့ အဆောက်အဦးကြီးတစ်ခု။ ညဘက်မှန်းမသိရလေပဲ လင်းထိန်နေအောင် မီးတွေထွန်းပြီးအလှဆင်ထားသည်။ ပွဲတက်ဝတ်စုံတွေနဲ့ သူ့ထက်ငါအပြိုင်အဆိုင် လှပအောင်ပြင်ဆင်ထားကြသော အမျိုးသမီးတွေနဲ့ ဇိမ်ခံကားများနှင့် ဂုဏ်သရေရှိအမျိုးသားများ။ ထိုသူတွေက ကြည့်လိုက်တာနဲ့ မြို့ရဲ့ ဒိတ်ဒိတ်ကြဲတွေမှန်း သိသာလှသည်။

ထိုသူတွေအားလုံးက ဤအဆောက်အဦးကြီးထံသို့ လာကြတာဖြစ်သည်။ ဤအဆောက်အဦးကြီးက ကုမ္ပဏီတစ်ခုဖြစ်သည်။ ပိုပြီးတိကျရလျှင် ဤမြို့ရဲ့ ထိပ်တန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယခုအချိန်တွင် ထိုကုမ္ပဏီ၌ ဖက်ရှင်ပြပွဲကျင်းပနေသည်။ ထိပ်တန်းကုမ္ပဏီတစ်ခုအနေနဲ့ ကျင်းပသောဖက်ရှင်ပြပွဲတွင် တက်ရောက်သူအများအပြားနဲ့ စည်ကားလျက်ရှိသည်။

••••••••••

အောက်ဘက်တွင်စည်ကားနေသော်လည်း ထိုကုမ္ပဏီ၏ခေါင်မိုးထပ်တွင်တော့ တိတ်ဆိတ်လျက်ရှိသည်။ တိမ်ထူနေသဖြင့် လမင်း၏အလင်းရောင်မရှိ။ ကြည်တွေသည်လည်း ဘယ်ဆီဘယ်ဝယ်မှန်းမသိရအောင် ပျောက်ကွယ်နေသည်။

မှောင်မည်းတိတ်ဆိတ်နေသော ကောင်းကင်အောက်တွင် အေးစက်သောလေတဖြူးဖြူးကြားမှာ လူတစ်ယောက်ငြိမ်သက်စွာရပ်နေသည်။ အတိအကျပြောရရင်တော့ ခေါင်မိုးထပ်ရဲ့အစွန်းပေါ့။ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ လေဟာပြင်ကိုနင်းမိပြီး အောက်တွင်လှုပ်ရှားသွားလာနေသောလူတွေကြားထဲ အေးစက်သော မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေနိုင်လောက်တယ့် နေရာ။

အန္တရာယ်များလှသော ထိုနေရာတွင်ရပ်နေပြီး အောက်ဘက်ရှိလူများကိုအေးစက်စွာကြည့်နေသော ထိုသူ၏နာမည်ကတော့ သျှားစစ်ယံပင်။

သေချာပါ၏။ သျှားစစ်ယံတစ်ယောက် မိမိကိုယ်ကိုသတ်သေရန် ကြံစည်နေခြင်းပင်။ သူသည် ဤဖက်ရှင်ကုမ္ပဏီကြီးရဲ့ ဝန်ထမ်းတစ်ယောက်။ နာမည်မရှိသောဒီဇိုင်နာတစ်ယောက်လည်းဖြစ်သည်။ ယခုကျင်းပနေသောဖက်ရှင်ပြပွဲသည် သူ၏ဒီဇိုင်းများအား ပထမဦးဆုံးအကြိမ်ချပြခွင့်ရမယ့်ပွဲဖြစ်သည်။ ထို့နောက်တွင် သူသည် ဒီဇိုင်နာလောကထဲတွင် နာမည်တစ်ခုရလာမည်ဖြစ်သည်။ ဤသည်က သူ၏အိပ်မက်ဖြစ်ခဲ့သည်။

Boyfriend{Completed}Opowieści tętniące życiem. Odkryj je teraz