[04]

676 77 7
                                    

            အပိုင်း{၀၄}

_Zawgyi_

သျှားစစ်ယံ စိတ်ပေါ့ပါးနေသည်။ ဒီနေ့တော့ သူ အလုပ်ထွက်စာတင်ခဲ့လေပြီ။ မနေ့က အောင်အောင်မြင်မြင်ပြီးဆုံးသွားသော ဖက်ရှင်ပြိုင်ပွဲကြီး၌ အရှက်မရှိသော အထက်လူကြီးက သျှားစစ်ယံ၏ဒီဇိုင်းများနဲ့ နာမည်ကောင်းရခဲ့သည်။ အနည်းငယ်ခံပြင်းမိသော်လည်း အသုံးမကျသောလူတစ်ယောက်ကို အလှူပြု၍ကူညီပေးလိုက်သည်ဟု သဘောထားပြီး မေ့ပစ်လိုက်တော့သည်။

ဒီဇိုင်းဆွဲရတာကို ခုံမင်ပေမယ့် ဒီဇိုင်နာဖြစ်ဖို့ ကံမပါသေးလို့ပဲလို့တွေးပြီး အိပ်မက်ကို ခေါက်သိမ်းထားလိုက်တော့သည်။ တစ်ခါတစ်လေကျတော့လည်း လောကကြီးကို အကောင်းမြင်စိတ်လေးနဲ့ကြည့်ပြီး ဖြတ်ကျော်ရတာ အဆင်ပြေသားဟု တွေးမိသည်။

စိတ်ဓာတ်ကျတိုင်းလည်း လောကကြီးကိုအရှုံးပေးပြီး သတ်သေစရာမှမလိုတာပဲ။ ခုတော့ စိတ်ညစ်ခဲ့ရသမျှအားလုံးကို မေ့ပစ်ပြီး လွတ်လပ်ပေါ့ပါးစွာနေတော့မည်ဟု ဆုံးဖြတ်ထားသည်။ သတ်သေဖို့ကြိုးစားခဲ့သောသူတစ်ယောက်အနေနဲ့ အသက်ရှင်ရတာက အရမ်းကောင်းတယ်လို့ တွေးမိသည်။ ပျော်ပျော်ရွှင်ရွှင်လေး အသက်ရှင်သွားတာပေါ့။

••••• ••••• •••••

တရားမျှတမှုမရှိသော ကုမ္ပဏီကြီးအားကျောခိုင်းခဲ့ပြီ။ (၁၃) နှစ်လောက် အလုပ်လုပ်ပြီး ပိုက်ဆံပဲရှာနေခဲ့တာ။ ခုတော့ အလုပ်လက်မဲ့အနေနဲ့ အသက်ရှင်ကြည့်ပြီး လွတ်လပ်မှုရဲ့ အရသာကိုခံစားကြည့်ရင်ကောင်းမလားပဲ။
[A/N: သျှားစစ်ယံက အသက်(၁၅)နှစ်ကတည်းက အလုပ်လုပ်ပြီးကျောင်းတက်ခဲ့တာပါ။ အခုလက်ရှိမှာတော့ (၂၈)နှစ်ရှိပါပြီ]

လုပ်ချင်တာတွေလုပ်ရင်း...သွားချင်တဲ့နေရာတွေသွားရင်း...စားချင်တာတွေစားရင်း...

ပြီးတော့... ချစ်သူလည်းထားရင်း......အယ်...!!

သျှားစစ်ယံ တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ လုံးဝမသိသောသူတစ်ယောက်ကပို့လာသော..သူ့အသက်ကိုကယ်ပေးခဲ့သော..သူ့ဘဝရဲ့ ပထမဦးဆုံးရဖူးတဲ့ ရည်းစားစာတစ်စောင်ကိုပေါ့။

Boyfriend{Completed}Where stories live. Discover now